ကြက်သောက်ဆမ်းလေးက ချဉ်ချဉ်ငန်ငန်စပ်စပ်ကြိုက်သူတွေအတွက်အတော်အဆင်ပြေတဲ့ နည်းလေးပါ။ ကျွန်မတို့လိုပေါ့။ ကျွန်မက ချဉ်ငန်စပ် ကြိုက်တက်သူလေ။ နောက်အာပူရွက်မွှေးလည်း မွှေးတယ် ပူပူလေးနဲ့ အရည်ကျဲချက်ရင် ဆမ်းစားလို့ရတာပေါ့။
ပါဝင်ပစ္စည်းများ
ဗမာကြက် - ၁ ကောင် (၆၀ ကျပ်သား)
ဆင်ခရမ်းချဉ်သီး - ၅ လုံး
မရမ်းပြားခြောက် - ၁၀ ပြားခန့်
ငရုတ်သီးစိမ်း - ၇ တောင့်
အာပူရွက် - ၆ ရွက်ခန့်
ငါးပိ - ထမင်းစားဇွန်း ၁ ဇွန်း
စပါးလင် - ၂ ချောင်း
ဆား - အချိုဇွန်း ၁ ဇွန်း
အသားမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း
နနွင်း - အချိုဇွန်း ၁ ဇွန်း
ငရုတ်ကောင်းမှုန့် - အချိုဇွန်း တစ်ဝက်
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၂ မြွှာ
ပြုလုပ်နည်း
-ငရုတ်သီးနဲ့ ကြက်သွန်နီ/ ဖြူကို ရောထောင်းထားပါ။ ကြက်သားကိုအနေတော်တုံးပြီး ဆား၊ နနွင်းနယ်ကာ ထားပါ။ စပါးလင်ကို ထုပြီး ထုံးထားပါ။
-ကြက်သား၊ စပါးလင်၊ ကြက်သွန်ထောင်းထားတာတွေကို ဆီပါလေကာထည့်ပြီး လုံးပါ။ ကြက်အရောင်ပြောင်းကာမှ မျှင်ငါးပိလေးကို ရေဖျော်ထည့်ပါ။ အနည်းငယ်ထပ်ပြီး လုံးပေးနေပါ။ ပွက်လာပါစေ။ ပွက်ပွက်မြည်လာမှ ရေအနည်းငယ်ထည့်ပြီး ရေဆူသည်အထိတည်ပါ။
-ကြက်သားနူးကာနီးမှ ဆင်ခရမ်းသီးအစိတ်လေးတွေထည့်ပါ။ မရမ်းပြားလေးများထည့်ပါ။ ကြက်သားရော၊ ဆင်ခရမ်းသီးရော နူးလာပြီဆိုရင် အာပူရွက်ခတ်ကာ သုံးဆောင်နိုင်ပါပြီ။
ပြည်ကြီးငါးနဲ့သခွားသီးသုပ်
ပါဝင်ပစ္စည်းများ
ပြည်ကြီးငါး - ၂၀၀ ဂရမ်
သခွားသီး - အလုံးကြီး တစ်လုံး
ကြက်သွန်နီ - ၁ လုံး
ခရမ်းချဉ်သီး - ၁ လုံး
သံပရာသီး - ၁ လုံး
ပူစီနံ - အနည်းငယ်
ငရုတ်သီးစိမ်း - ၅ တောင့်ခန့်
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးဆုံး ပြည်ကြီးငါးကို ရေနွေးဆူဆူထဲမှာ ၃ မိနစ်ခန့်ပြုတ်ပေးပါ။ ပြီးရင် ရေအေးထဲစိမ်ထားပြီး အအေးခံပေးပါ။ သခွားသီးကို အခွံခွာ အစေ့ထုတ်ပြီး အမျှင်များခြစ်ထားပါ။ ခရမ်းချဉ်သီး၊ ပြည်ကြီးငါး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပူစီနံ တို့ကိုပါးပါးလှီးပါ။ ပြီးရင် ဇလုံတစ်ခုထဲမှာ ပါဝင်ပစ္စည်းများအားလုံးရောထည့်ပြီး သံပရာရည်နှင့် အရသာကိုလိုအပ်သလိုထည့်ပြီး သုပ်ပေးပါ။ အရသာမှာ ချို၊ ချဉ်၊ စပ် အရသာရပြီး ပူစီနံနှင့် သခွားသီးနံ့လေးသင်းနေပြီဆိုရင်တော့ ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
အာလူးကတ်တလိတ်
အာလူး - ၅၀ ကျပ်သား
ကြက်သား - ၁၀ ကျပ်သား
ကြက်သွန်နီ - ၁၅ ကျပ်သား
ကြက်သွန်ဖြူ (ရှမ်းဥ) - ၁ ဥ
မဆလာ - အနည်းငယ်
ဆား - အနည်းငယ်
ခနော - အနည်းငယ်
ဆီ - ၂၅ ကျပ်သား
ကြက်ဥ - ၁ လုံး (အကာသုံးရန်)
စာကြွင်း ။ ။ ဟင်းအတွဲအစပ်သဘော မဟုတ်ပေမယ့် စားချင်စရာ ချက်ပြုတ်ပုံလေးတွေကို ကူးယူဝေမျှခြင်းပြုမိပါတယ် ထမင်းမြိန်ကြပါစေ။
No comments:
Post a Comment