Thursday, April 5, 2018

Windows 10 ရဲ့ ပြဿ နာ 7 ခုနဲ့ ဖြေရှင်းနည်းများ


Windows 10 ဟာ Microsoft ရဲ့ အကောင်းဆုံး Operating System အသစ်တစ်ခုပါပဲ။ ဒါပေမယ့် လိုအပ်ချက်လေးတွေတော့ ရှိနေပါသေးတယ်။ ဒါပေမယ့် Windows 10 ဟာ ကျွမ်းကျင်သူများရဲ့ ဝေဖန်သုံးသပ်ချက်များစွာမှာ အမှတ်များစွာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် Microsoft ရဲ့ Windows 10 ဟာ စင်းလုံးချောတော့ မဟုတ်ပါဘူး။ သတင်းကောင်းက အဲဒီအဆင်မပြေမှုတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းများရှိပါတယ်။ ဒီနည်းလမ်းတွေကို အသုံးပြုရင် Windows 10 မှာ စိတ်အနှောင့်အယှက်ဖြစ်စရာများ နည်းပါးသွားပြီး သူ့ရဲ့ စွမ်းဆောင်ချက်အားလုံးကို ခံစားနိုင်မှာပါ။

Automatic Updates များကို ရပ်တန့်နည်း

Automatic Updates များဟာ Widnows Users များအတွက် နှစ်ပေါင်းများစွာကတည်းက ပြဿနာဖြစ်စေခဲ့တာပါ။ အရေးကြီးတဲ့ Updates များကို အင်စတောလုပ်ဖို့အတွက် အသိပေးခြင်းမရှိဘဲ အလိုအလျှောက် Restart များပြုလုပ်ခြင်းတို့ဟာ အသုံးပြုသူများကို အံ့အားသင့်စေခဲ့ပြီး အချိန်ကုန်စေခဲ့ပါတယ်။ အဲဒီအရာများဟာ Windows 10 မှာလည်း ပြဿနာဖြစ်စေတုန်းပါပဲ။ ပထမအသုတ် Updates များမှာ Errors များပါလာတဲ့အပြင် Users များက Updates များကို တစ်ဝက်တစ်ပျက်သာ အင်စတောလုပ်တယ်ဆိုပြီး တုန့်ပြန်ကြပါတယ်။ Updates များကို နောက်ပိုင်းမှာ Uninstall လုပ်ပြီး System ကို Reboot လုပ်လိုက်ပါတယ်။ ပြီးရင်တော့ Update လုပ်တဲ့ဖြစ်စဉ်ကို အစအဆုံးပြန်လုပ်ပါတယ်။

အသုံးပြုသူအချို့က Updates များကို ကိုယ်တိုင် ရွေးချယ်ပြီး သီးခြားစီ အင်စတောပြုလုပ်ရင် အဆင်ပြေတယ်လို့ ပြောပြီး အခြားလူများက အောက်ပါနည်းလမ်းက အောင်မြင်တယ်လို့ ပြောပါတယ်။ catalog.update.microsoft.com ကိုသွားပါ။ ( ဒီနည်းလမ်းဟာ Internet Explorer မှာသာ အလုပ်လုပ်ပြီး Edge မှာ အလုပ်မလုပ်ပါ။ ) Search Box မှာ Windows 10 လို့ ရိုက်ထည့်ရင် Compatible Updates စာရင်းကို တွေ့ရမှာပါ။

Start Screen မှ Settings ကို ရွေးပါ။ Update & Security ထဲသွားပြီး Advanced Options ထဲဝင်ပါ။ “ Notify to schedule restart” ကို ရွေးပေးပါ။ ဒီနည်းလမ်းက Updates များကို အလိုအလျှောက် ဒေါင်းလုပ်ပြုလုပ်ခြင်းကို တားဆီးပေးမှာ မဟုတ်ပေမယ့် အလိုအလျှောက် Restart ပြုလုပ်ခြင်းကို ကာကွယ်ပေးမှာပါ။ Defer Upgrades မှာတော့ အချိန်ကာလတစ်ခုကြာပြီးမှ Update လုပ်နိုင်မယ့် Option ကို ရွေးချယ်နိုင်ပါတယ်။ ဒီနည်းလမ်းဟာ လုံခြုံရေး Updates များကို အလိုအလျှောက် ဒေါင်းလုပ်လုပ်ခြင်းနဲ့ အင်စတောလုပ်ခြင်းတို့ကို တားဆီးနိုင်ခြင်းမရှိပေမယ့် အခြား Updates များကို တားဆီးပေးနိုင်ပါတယ်။

Microsoft က သင့်ရဲ့ Personal သတင်းအချက်အလက်များကို ရယူခြင်းကို ရပ်တန့်နည်း။

Windows 10 ဟာ အရင်ဝင်းဒိုးများထက် အသုံးပြုသူရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို များစွာ ရယူပါတယ်။ ဒတ်စတော့ ပီစီ၊ လက်တော့နဲ့ Surface Device များကြားမှာ Browser History များကို Sync လုပ်ပေးတဲ့ စွမ်းရည်က အသုံးဝင်ပါတယ်။ Cortana ရဲ့ တိကျလှတဲ့ Speech Recognition ကလည်း ဆန်းသစ်တဲ့ အတွေ့အကြုံတစ်ခုပါ။ Dropbox ကို ယှဉ်ပြိုင်မယ့် Microsoft OneDrive Cloud Storage နဲ့ Document ၀န်ဆောင်မှုကိုလည်း Windows 10 မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

ဆိုးတာက အဲဒီဝန်ဆောင်မှုအားလုံးဟာ သင့်ရဲ့ ဒေတာများကို Microsoft ထံပေးပို့ကြတာပါ။ သင့်ရဲ့ Devices အားလုံးမှာ Browser ဒေတာများကို Sync လုပ်ရင် Microsoft ထံ History, Bookmarks , Favourites, Saved Website Passwords , Wireless Network’s Names နဲ့ Passwords များကို ပေးပို့ကြပါတယ်။ Cortana က သင့်ရဲ့ အီးမေးနဲ့ ကလင်ဒါမှ ဒေတာများကို ရယူတဲ့အပြင် သင့်ရဲ့ Bing Search History ကိုလည်း အသုံးချပါတယ်။

Microsoft ရဲ့ User Agreement ကို သေချာအချိန်ယူဖတ်ကြည့်ရင် ပိုမိုလေးနက်တဲ့ ပြဿနာတွေကို တွေ့မြင်ရမှာပါ။ု” ကျွန်တော်တို့ရဲ့ Customers များကို ကာကွယ်ဖို့အတွက် Personal Data များကို ရယူဖို့ အခွင့်အရေးရှိတယ်။ “ လို့ ရေးသားထားပါတယ်။ Users Data , Search Queries , Interests, Favourites, Usage Data, Location Data “ များကို အသုံးပြုရင်း Microsoft က လေ့လာထားတဲ့ သင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များကို အခြေခံပြီး Windows 10 ရဲ့ Advertising Engine ကို တည်ဆောက်ထားတာပါ။

အဲဒါတွေကို စိုးရိမ်ပူပန်ရင်တော့ Settings> Privacy ထဲသွားပြီး သင်နှစ်သက်ရာကို Uncheck လုပ်နိုင်ပါတယ်။ Cortana ကို ပိတ်ချင်ရင်တော့ Taskbar မှ Search Box ထဲမှာ ကလစ်နှိပ်ပါ။ Settings Icon ကို နှိပ်ပြီး Off လုပ်ပေးပါ။ Settings ထဲရှိ Accounts ကဏ္ဍမှာ Sync Settings ကိုတွေ့နိုင်ပါတယ်။ လုံးဝပိတ်ထားနိုင်သလို သီးခြားစီပိတ်နိုင်ပါတယ်။

Antivirus Software လိုအပ်သလား။

Windows 8 မှာလိုပဲ Windows 10 မှာ Windows Defender အမည်နဲ့ Antivirus Software ပါရှိပါတယ်။ Operating System နဲ့ တင်းကျပ်စွာ ချည်နှောင်ထားတဲ့အတွက် သူဟာ ပုံမှန် Update လုပ်နေပြီး သင့်ပီစီကို အချိန်နဲ့တစ်ပြေးညီ ကာကွယ်ပေးထားသလို သံသယဖြစ်စရာဖိုင်များကိုလည်း သင်ကိုယ်တိုင် Scan လုပ်နိုင်ပါတယ်။ သူဟာ လွယ်ကူစွာ အသုံးပြုနိုင်ပြီး Virus တော်တော်များများကို ကာကွယ်ပေးနိုင်ပေမယ့် စမ်းသပ်ချက်အရ Virus များရဲ့ ၃၂ ရာခိုင်နှုန်းကို မကာကွယ်နိုင်ပါဘူး။ သူ့ကို လုံးဝ စိတ်ချယုံကြည်လို့တော့ မရပါဘူး။

ကံကောင်းတာက အခြားကုမ္ပဏီများက ထုတ်လုပ်ထားတဲ့ Antivirus Software များစွာ ရှိနေတာပါ။ အဲဒီထဲမှာတော့ Avast Free Antivirus ကို သဘောကျပါတယ်။ သူဟာ စမ်းသပ်ချက်များမှာ ကောင်းစွာ စွမ်းဆောင်နိုင်ပါတယ်။ ဂိမ်းကစားသူများကလည်း Pop-Ups များကို တားဆီးပေးတဲ့ သူ့ရဲ့ Silent Mode ကို သဘောကျပါတယ်။ သူဟာ Apps အသစ်များကို အင်စတောလုပ်ရာမှာလည်း နှောင့်ယှက်မှုမရှိပါဘူး။ အခမဲ့ဗားရှင်းမှ ကြော်ညာများကို မမြင်ချင်ရင် ကြော်ညာများမပြသတဲ့ Avast Internet Security ကို တစ်နှစ်လျှင် ၄၉ ဒေါ်လာနဲ့ ၀ယ်ယူနိုင်ပါတယ်။ အခပေးဗားရှင်းမှာ Phishing Sites များမှ ကာကွယ်ပေးဖို့ ဒီဇိုင်းထုတ်ထားတဲ့ Anti-Hijack Protection နဲ့ Firewall တို့လို စွမ်းဆောင်ချက်များ ပါရှိပါတယ်။

ဒေတာကုန်ကျမှုကို ရပ်တန့်နည်း

Windows 10 ရဲ့ အဓိက ပြဿနာများထဲမှ တစ်ခုက မမြင်ရတဲ့ အင်တာနက် အသုံးပြုမှုဖြစ်ပါတယ်။ Windows 10 မတိုင်မီ Windows 7/8 PC များမှာလည်း Windows 10 Update များကို နောက်ကွယ်ကနေ အလိုအလျှောက် ဒေါင်းလုပ်ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါဟာ အင်တာနက်ကို အကန့်အသတ်အသုံးပြုနေရသူများအတွက် စိတ်ညစ်စရာပါ။ ဒီပြဿနာဟာ Windows 10 ကို အင်စတောလုပ်ပြီးချိန်မှာလည်း ရှိနေပါသေးတယ်။ နောက်ကွယ်မှာ Update ပြုလုပ်နေခြင်းဟာ Megabytes များစွာကို ကုန်ဆုံးစေပါတယ်။ Mobile Internet အသုံးပြုသူများအတွက် အဆိုးဆုံးပါပဲ။ ဒါကို ရပ်တန့်ဖို့အတွက် Settings> Network & Internet > WiFi > Advanced Optons ထဲသွားပြီး “ Set as metered connection “ မှာ On ပေးပါ။ ဒါဆိုရင် ၀င်းဒိုးက App Updates များ၊ Start Screen Tiles များ အပါအ၀င် အရေးမကြီးတဲ့ Updates များကို ဒေါင်းလုပ်ပြုလုပ်တော့မှာ မဟုတ်ပါဘူး။

ဒီနည်းလမ်းဟာ Ethernet Port နဲ့ အင်တာနက် အသုံးပြုသူများအတွက်တော့ အဆင်မပြေပါဘူး။ Internet Router မှာ ကြိုးသွယ်ပြီး အသုံးပြုသူများအတွက် သတိထားစရာပါ။

အလိုအလျှောက် Log In ပြုလုပ်ခြင်း။

Hotmail, Live, Outlook.com, Xbox စတဲ့ Microsoft အကောင့်များမှာ သင့်ရဲ့ ဒေတာများစွာ သိမ်းဆည်းထားတဲ့အတွက် လုံခြုံရေးဟာ အလွန်အရေးကြီးလာပါတယ်။ Windows 10 ကို အင်စတောလုပ်စဉ်မှာ သင့်ရဲ့ Microsoft အကောင့်ကို ပေးထားမယ်ဆိုရင် သင့် ပီစီမှာ သင့်ရဲ့ ဒေတာများစွာကိုသိမ်းဆည်းထားပါတယ်။ အဲဒီအတွက် Log In ၀င်တိုင်း သင့်ရဲ့ Password ကို တောင်းဆိုတာပါ။

လက်တွေ့မှာတော့ ဒါဟာ စိတ်ပျက်စရာပါ။ သင့်ပီစီကို ဖွင့်တိုင်း Password ထည့်ပေးရလို့ဖြစ်ပါတယ်။ Password အစား PIN ရိုက်ထည့်ရရင်တော့ အနည်းငယ်သက်သာမှာပါ။ Settings> Accounts> Sign In Options ထဲသွားပြီး PIN Number ထည့်ပေးပါ။ ဂဏန်းလေးလုံးပါရမှာဖြစ်ပါတယ်။ Password , PIN များ လုံးဝ မရိုက်ထည့်ရတဲ့ နည်းလမ်းကို Microsoft က ဖွက်ထားပါတယ်။ ဒီနည်းလမ်းကို အောက်မှာဖတ်ပါ။

Search Bar ကို တစ်ချက်နှိပ်ပြီး CMD လို့ရိုက်ပါ။ CMD မှာ “ control userpasswords2” လို့ ရိုက်ထည့်ပြီး အန်းတားနှိပ်ပါ။ “ Users must enter a username and password to use this computer” မှာ အမှန်ခြစ်ဖြုတ်ပြီး Apply နှိပ်ပါ။ နောက်အဆင့်မှာ သင့်ရဲ့ Password ကို နှစ်ခါ ရိုက်ထည့်ပေးပြီး အိုကေ နှိပ်ပါ။ ဒါဆိုရင် သင့်ကွန်ပြူတာကို ဖွင့်တိုင်း အလိုအလျှောက် Log In လုပ်ပေးမှာပါ။

Windows.old ကို ဖျက်နည်း

အရင် ၀င်းဒိုးဗားရှင်းများကနေ Windows 10 ကို အဆင့်မြှင့်ထားတာဆိုရင် Windows.old ဆိုတဲ့ ဖိုင်ကို သင့်စက်မှာ သိမ်းဆည်းပေးထားပါတယ်။ Windows 10 ကို မနှစ်သက်လို့ပဲဖြစ်ဖြစ်၊ သင့်ရဲ့ Hardware က မထောက်ပံ့လို့ပဲဖြစ်ဖြစ်၊ Windows.old ကို အသုံးပြုပြီး အရင်ဝင်းဒိုးကို ပြန်လည်အသုံးပြုနိုင်ပါတယ်။ မကောင်းတဲ့အချက်က အဲဒီဖိုင်ဟာ အရွယ်အစားကြီးမားပြီး 15GB ကျော်တောင် ရှိနိုင်ပါတယ်။

ဒီထက်ဆိုးတာက Windows.old ကို System Folder အဖြစ် သတ်မှတ်ထားတဲ့အတွက် လွယ်လွယ်နဲ့ဖျက်ဆီးလို့မရတာပါ။ ဒါကို ဖျက်ဖို့အတွက် Search Bar ကနေ Clean Up လို့ရိုက်ပြီး Disk Clean Up ကို ဖွင့်ပါ။ System Drive ကို ရွေးပေးပြီး အိုကေ နှိပ်ပါ။ အချိန်ခဏစောင့်ပြီး ၀င်းဒိုးတစ်ခုပေါ်လာရင် “ Previous Windows Installation “ ကို ရွေးပေးပြီး အိုကေ နှိပ်ပါ။

Cortana ဘာလို့ အလုပ်မလုပ်တာလဲ?

Microsoft ရဲ့ Siri ကို ယှဉ်ပြိုင်မယ့် Cortana ဟာ ထူးဆန်းတဲ့ Localisation Bug ကြောင့် အလုပ်မလုပ်တာ ဖြစ်တတ်ပါတယ်။ Search Box ကို တစ်ချက်နှိပ်ပြီး Settings Icon ကို နှိပ်ပါ။ “ Cortana isn’t available in your language or region “ လို့ တွေ့ရရင် ဖြေရှင်းရမယ့်နည်းလမ်းကို အောက်မှာ ဆက်ဖတ်ပါ။

Settings> Time & Language > Region & Language ထဲသွားပါ။ Country or region မှာ United States ကို ရွေးပေးပါ။ Languages အောက်မှ English ( United States ) မှာ Options ကို နှိပ်ပါ။ Language Pack နဲ့ Speech အောက်မှ ဒေါင်းလုပ်ခလုတ်များကို နှိပ်ပြီး ဒေါင်းလုပ်လုပ်ပါ။ ပြီးရင် Reboot လုပ်ပါ။ Search Bar ကို တစ်ချက်နှိပ်ပြီး Settings Icon ကို နှိပ်ပါ။ ဒါဆိုရင် Cortana ကို Activate လုပ်နိုင်ပါပြီ။

Ref : pcworld

No comments: