Tuesday, October 13, 2020

ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ

 ❒ ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲ




ကျေးဇူးတော်ရှင် အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိရဲ့ တရားသင်တန်းတစ်ခုမှာ 'ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမ လဲ'ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး မေးခွန်းမေးတာကိုတွေ့ရတော့ 'သားအဖနှစ်ယောက်နဲ့ မြည်းတစ်ကောင်'ဆိုတဲ့ ပုံပြင်လေးကို အရင်ဆုံးပြေး ပြီး သတိရမိပါတယ်။


ပုံပြင်လေးက ဒီလိုပါ။ သားအဖနှစ်ယောက်ဟာ မြည်းတစ်ကောင်နဲ့အတူ ခရီးတစ်ခုကို ထွက်လာကြပါတယ်။ သားကလေးက မြည်းပေါ်မှာတက်စီးလို့၊ ဖခင်ဖြစ်သူက လမ်းလျှောက်လို့ပေါ့။ အဲဒီမှာ လမ်းမှာတွေ့တဲ့ ခရီးသွားဖော် တွေက ငယ်ရွယ်သန်စွမ်းသူ သားက အဖေ့ကိုမှ မထောက်မညှာ မြည်းကို စီးရသလားဆိုပြီး ဝေဖန်ပြစ်တင်ကြတယ်။ 


ဒါနဲ့ပဲ သားဖြစ်သူက မြည်းပေါ်ကဆင်း၊ ခြေလျင်လျှောက်လို့ အဖေ ဖြစ်သူကို မြည်းပေါ်တက်စီးစေပြီး ခရီးဆက်ခဲ့ကြပြန်ပါတယ်။ အဲဒီလိုလုပ်ပြန် တော့လည်း မြင်ရသူတွေရဲ့ ဝေဖန်အပြစ်တင်ခံရခြင်းက မလွတ်ပြန်ပါဘူး။  အဖေဖြစ်လျက်သားနဲ့ သားဖြစ်သူဦးစားမပေး၊ တစ်ကိုယ်ကောင်းဆန်ပါဘိလို့ ဆိုကြပြန်ပါတယ်။


အဲဒီလိုဆို နှစ်ယောက်လုံး မြည်းပေါ်တက် ခရီးဆက်ကြစို့ရဲ့ဆိုပြီး မြည်း ကိုနှစ်ယောက်အတူစီးရင်း ခရီးဆက်ခဲ့ပြန်ပါတယ်။ မြည်းကိုနှစ်ယောက်စီးပြန် တော့လည်း မြည်းကလေးခပ်ငယ်ငယ်ကို မညှာမတာနဲ့ နှစ်ယောက်ကြီးစီး လို့ဆိုတဲ့ ဝေဖန်သံတွေကို ကြားရပြန်ပါတယ်။


ဒါနဲ့ပဲ သားအဖနှစ်ယောက်လုံး မြည်းပေါ်မှဆင်းကာ မြည်းကလေးကို ကြိုးနဲ့ဆွဲလို့ ခြေကျင်လျှောက် ခရီးဆက်ရပြန်ပါတယ်။ အပြစ်တင်သံ၊ ဝေဖန်သံ တွေ ကင်းလုပါပြီဆိုတဲ့ အတွေးကိုယ်စီနဲ့ပေါ့။ အဲဒီအချိန်မှာပဲ 'မိုက်လိုက်တဲ့ လူတွေ၊ မြည်းတစ်ကောင်လုံးပါလာတာတောင် တစ်ယောက်မှ တက်မစီးဘဲ  နေတာဟ။ ပင်ပန်းအောင်ကွာ၊ တကယ်ဆို တစ်ယောက်မဟုတ်တစ်ယောက် မြည်းကို တက်စီးပြီး ခရီးဆက်ပါတော့လား' ...ဆိုတဲ့ ဝေဖန်သံကိုကြားရ ပြန်ပါသတဲ့။


ပုံပြင်ကလေးကတော့ အဲဒီမှာပဲ အဆုံးသတ်သွားပါတယ်။  မဆုံးဘဲကျန်ရစ်ခဲ့တဲ့မေးခွန်းပါတော့ 'မြည်းကို ဘယ်လိုများထားပြီး ခရီးဆက်ရင် ဝေဖန်သံတွေ တိတ်ဆိတ်သွား မယ်ထင်ပါသလဲ' ... ဆိုတဲ့မေးခွန်းပါပဲ။ တစ်ပါးသူကို လွယ်လွယ်အပြစ်တင်တတ်တဲ့ လောကကြီး၊ ဝေဖန်သူတွေများလှတဲ့လောကကြီး .. အဲဒီလိုလောကကြီးထဲမှာ ရုန်းကန်ရှင်သန်နေထိုင်ကြရတဲ့ ကျွန်တော်တို့အတွက်တော့ အဲဒီမေးခွန်းရဲ့အဖြေကို ရှာရခက်တာ အမှန်ပါပဲ။


(၂)

၂ဝ၁၉ ခုနှစ် နိုဝင်ဘာလက နေပြည်တော်မှာရှိတဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်းတစ်ခုမှာပြုလုပ်တဲ့ အောက်စဖို့ဒ်ဆရာတော်ရဲ့ တရားသင်တန်းတစ်ခုမှာ ကျောင်းသူတစ်ဦးက ဆရာတော့်ကိုမေးခွန်းတစ်ခုမေးခဲ့ပါတယ်။

'အရှင်ဘုရား၊ တပည့်တော်မတို့ ကျောင်းသူကျောင်းသားတွေမှာ ရင်ဆိုင် ရဆုံးပြဿနာက ဝေဖန်အပြစ်တင်ပြောဆိုခံရခြင်း၊ လူမုန်းများခံရခြင်းပါဘုရား။ တပည့်တော်မသည်လည်း ထိုပြဿနာကို ရင်ဆိုင်နေရပါတယ်။ နည်းနည်းမျှ စာပင်ဖြစ်စေ တိုးတက်လာပြီဆိုရင် ဝေဖန်ပြောဆိုကြပါတယ်။ ဒီလိုမျိုး အပြောခံ၊ အဝေဖန်ခံရတာတွေကို ရင်ဆိုင်နိုင်အောင် ဘယ်လိုလေ့ကျင့် ရမယ်ဆိုတာ မိန့်တော်မူပေးပါဘုရား။ လူတွေစိတ်ကို နားလည်အောင်ဘယ် လိုလုပ်ရပါ မလဲဘုရား' ... ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။


၂ဝ၂ဝ ခုနှစ်၊ ဇန်နဝါရီလက ရန်ကုန်မြို့ ဇဗ္မူသီရိဗိမာန်မှာ ကျင်းပပြုလုပ် ခဲ့တဲ့ 'တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက် စိတ်ဖိစီးမှုကိုင်တွယ်ရေး' ဆိုတဲ့ တရားပွဲမှာလည်းပဲ အလားတူမေးခွန်းတစ်ခုကိုတွေ့ရပြန်ပါတယ်။

'အခြားသူတွေရဲ့ ဝေဖန်ထောက်ပြမှု၊ criticize(အပြစ်ရှာဝေဖန်)ခံရရင် စိတ်မညစ်ဘဲ မည်သို့စိတ်ထားရမှာပါပဲဘုရား' ဆိုပြီး ဖြစ်ပါတယ်။ 


အဲဒီမေးခွန်းနှစ်ခုကို ဆရာတော်အဖြေပေးထားတဲ့ အချက်တွေကို ထုတ်နုတ် ပြီး ဒီစာစုမှာတင်ပြချင်ပါတယ်။ အဲဒီလိုရေးသားတင်ပြရာမှာ ဆရာတော်ရဲ့ အာဘော်နဲ့လွဲချော်သွားတာရှိရင် သို့တည်းမဟုတ် အမှားအယွင်းတစ်စုံတစ်ရာ ပါခဲ့ရင်တော့ ကျွန်တော့်ရဲ့တာဝန်သာ ဖြစ်ကြောင်းကိုလည်းပဲ ပြောကြားထားပါ ရစေ။


(၃)

အဝေဖန်ခံရတာတွေကို ရင်ဆိုင်နိုင်အောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတဲ့ ပထမမေးခွန်းကို အောက်စဖို့ဒ်ဆရာတော်က အချက်(၄)ချက်နဲ့ ရှင်းလင်းအဖြေ ပေးတော်မူပါတယ်။


အောက်စဖို့ဒ်ဆရာတော်က ပထမဆုံး မိုင်းဖုန်းဆရာတော်ရဲ့ အဆုံးအမ သြဝါဒတစ်ခုဖြစ်တဲ့ 'ကိုယ့်ကို ရန်ပြုမယ့်ဆင်ရဲက အစွယ်ကြားမှာ သွားနေလိုက် ပါ။ အဲဒီလိုဆိုရင် အဲဒီဆင်က ကိုယ့်ကို ရန်ပြုလို့မရတော့ဘူး' ဆိုတဲ့ အဆုံးအမကို ပြန်လည်မိန့်ကြားရင်းက အဝေဖန်ခံရရင် ဘယ်လိုစိတ်မျိုးထား ရမယ်ဆိုတာကို ရှင်းပြပါတယ်။ 


(က) ကြိုတင်မျှော်လင့်ထားပါ။

ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို စိတ်ပညာအရပြောမယ် ဆိုရင်တော့  လောကမှာ တစ်ပါးသူကို မစာမနာ ဝေဖန်တဲ့သူတွေရှိတယ်ဆိုတာ ကို ကြိုတင်မျှော်လင့်ထားဖို့ပါပဲ။  

အင်္ဂလန်ဝန်ကြီးချုပ် Benjamin Disraeli  ပြောခဲ့တဲ့  Hope for the best and prepare for the worst.'အကောင်းဆုံးအတွက် မျှော်လင့်ထားပါ။ အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါ'ဆိုတဲ့စကားလို အဆိုးအတွက်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ဆရာတော်က ဆိုပါတယ်။

လူအများစုကတော့ အဆိုးအတွက်ပြင်ဆင်ထားလေ့မရှိဘူးလို့လည်း ဆရာ တော်က မိန့်ကြားပါတယ်။


မြတ်စွာဘုရားကလည်း လောကကြီးထဲမှာ ပြဿနာရှိတယ်၊ လောကကြီး ထဲမှာ ဒုက္ခရှိတယ်ဆိုတာကို သင်ကြားပေးခဲ့တယ်။ အဲဒီအကြောင်းအရာကို လည်း သေသေချာချာ နားလည်သဘောပေါက်အောင် တွေးတောဆင်ခြင် ရှုမြင်ခိုင်းတယ်။ လောကကြီးထဲမှာ ပြဿနာရှိတယ်၊ လောကကြီးထဲမှာ ဒုက္ခရှိတယ်ဆိုတာကိုနားလည်ရင် သူများကို ဒုက္ခပေးတဲ့ပုဂ္ဂိုလ်မဖြစ်တော့ဘဲ သူများပြဿနာကို ဝိုင်းပြီးဖြေရှင်းတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်လို့ ရှင်းပြပါတယ်။

 

(ခ) ကိုယ့်ကိုဝေဖန်တဲ့သူတွေကို သနားပါ

နောက်တစ်ခုကတော့ ကိုယ့်ကိုယ်လာပြီး ဝေဖန်တဲ့သူ၊ မညှာမတာ ပြောတဲ့ သူရှိလာပြီဆိုရင် အဲဒီလူကို သနားပါ။ နောက်ပြီး ကရုဏာပွားပါ။ တစ်ပါး သူကို ဝေဖန်တဲ့သူ၊ အပြစ်တင်တဲ့သူ၊ မညှာမတာပြောတဲ့သူတွေဟာ သူတို့ စိတ်ထဲမှာ ပျော်ရွှင်နေလို့မဟုတ်ဘူး။ သူတို့စိတ်ထဲမှာ ပူလောင်နေလို့သာလျှင် အဲဒီလိုစကားလုံးတွေ၊ ဝေဖန်အပြစ်တင်မှုတွေကို ပြောလို့ထွက်တာဖြစ်တာကြောင့်  ကိုယ့်ကိုဝေဖန်တဲ့လူကို သနားပါလို့ ဆရာတော်က မိန့်ဆိုပါတယ်။


(ဂ) ကိုယ့်ကိုယ်ကိုယ်လည်း သနားပါ

ကိုယ့်ကိုယ်ဝေဖန်ပြစ်တင်တဲ့လူနဲ့ ကြုံဆုံရပြီဆိုလာရင် ကိုယ့်ကိုယ်ကိုယ် လည်းသနားဖို့လိုပါတယ်။ ဝေဖန်တတ်၊ အပြစ်ပြောတတ်တဲ့လူနဲ့မှ ကြုံရလေခြင်း ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သနားဖို့ လိုပါတယ်။

သနားကရုဏာစိတ်ထားနိုင်ရင် ကိုယ့်ရဲ့ဦးနှောက်ထဲက ရှေ့ကဦးနှောက်ဖြစ် တဲ့ ဟေပိုကမ်းပတ်စ်က အလုပ်လုပ်ပြီး စိတ်ညစ်တယ်ဆိုရင်တော့ အနောက်က ဦးနှောက် အမစ်ဒလာက အလုပ်လုပ်ပါတယ်။

(ဟစ်ပိုကမ်းပတ်စ်(Hippocampus)ဆိုတဲ့ အရှေ့ကဦးနှောက်ကတော့ လေ့ လာမှုနဲ့ မှတ်သားမှုပိုင်းကို အဓိကတာဝန်ယူလုပ်ဆောင်တယ်။ မှတ်Óဏ် အသစ်တွေကိုဖွဲ့စည်းပြီး ခြိမ်းခြောက်မှုအသစ်တွေကို ရှာဖွေတဲ့အလုပ်တွေကို လုပ်တယ်။

အမိတ်ဒလာ (Amygdala)လို့ခေါ်တဲ့ အနောက်ကဦးနှောက်က (က) ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း .. စတဲ့စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို အဓိက ပြုလုပ်တယ်။ (ခ) မကောင်းတော့ဘူးဆိုတဲ့ စိတ်ခံစားချက်ရဲ့ အချက်ပေး ခေါင်းလောင်းသံ လည်းဖြစ်တယ်။ (ဂ) စိုးရိမ်သောကတွေကို လုပ်မခံဘဲ Fight and Flight လုပ်ဖို့ပဲ ဖိအားပေးတယ်။)


(ဃ) ဝေဖန်ခံရတာဟာ ပုံမှန်ပဲ ဆိုတာနားလည်ပါ

ဝေဖန်တဲ့လူတွေနဲ့တွေ့တဲ့အခါ (ဝါ) ကိုယ့်ကို တစ်ပါးသူတွေက ဝေဖန် လာတဲ့အခါ 'နိတ္ထိလောကေ အနိန္ဒိတော' လောကကြီးထဲမှာ အဝေဖန်မခံရ တဲ့သူ မရှိဘူး။ ဗုဒ္ဓမြတ်စွာဘုရားသော်မှပဲ အဝေဖန်ခံရတယ်။ ဘုရားရဟန္တာ တွေတောင်မှပဲ မလွန်ဆန်နိုင်ဘူးလို့ ဆင်ခြင်နှလုံးသွင်းတတ်ရမယ်။

ဝေဖန်ခံရတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စပဲ၊ ကိုယ်က ပုံမှန်ဖြစ်နေလို့ ဝေဖန်ခံရတာပဲလို့ သဘောထားလိုက်ပါလို့ ဆရာတော်က ဆုံးမသင်ကြား ပေးတော်မူပါတယ်။ 


(၄)

ဒုတိယမေးခွန်းဖြစ်တဲ့ 'အဝေဖန်ခံရရင် စိတ်မညစ်အောင် ဘယ်လိုလုပ်ရ မလဲ'ဆိုတာကိုလည်း ဆရာတော်က အချက်(၃)နဲ့ ဖြေကြားပေးတော်မူတာကို တွေ့ရပါတယ်။

(က) ဝေဖန်သူတွေကို ကျေးဇူးတင်ပါ

ဘုရားရှင် ရွှေလက်ထက်တော်အခါက ဗုဒ္ဓမြတ်စွာဘုရားပြီးရင် ပညာအရာ မှာ အသာဆုံး၊ အမြတ်ဆုံး၊ အကြီးဆုံး ဖြစ်တဲ့ ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ကို ကိုရင်လေးတစ်ပါးက 'ဆရာတော့် သင်္ကန်းဝတ်ပုံ မညီပါဘုရား'လို့ ထောက်ပြဝေဖန်ပြောဆိုဖူးပါတယ်။ ရှင်သာရိပုတ္တရာမထေရ်ကြီးဟာ အဲဒီလို ပြောတဲ့ကိုရင်လေးကို သိပ်ကို ကျေးဇူးတင်သတဲ့။ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း တိုးတက်အောင်လုပ်နေတဲ့သူတွေဟာ ကိုယ့်ကိုယ်ဝေဖန်ဆုံးမပြောဆိုလာသူ တိုင်းကို ကျေးဇူးတင်တတ်ကြပါတယ်။


ကိုယ့်ကိုယ် ဝေဖန်ထောက်ပြပြောဆိုမယ့်သူတွေ ပင်လယ်ကြမ်းပြင်က သဲတွေ လောက်ရှိရင်ကောင်းမှာပဲ ဆိုတဲ့စိတ်ထားကိုလည်း မွေမြူထားသင့်တယ်လို့ ဆရာတော်က ဆုံးမပါတယ်။ အဲဒီလိုစိတ်ထားမျိုး မွေးမြူထားနိုင်ရင် ကိုယ့်ကို ဝေဖန်ထောက်ပြတဲ့ကိစ္စတွေက ဟုတ်တယ်ဆိုရင် ကျေးဇူးတင်ပြီး ကိုယ့်ကို ဝေဖန်ထောက်ပြတဲ့ကိစ္စတွေက မဟုတ်ခဲ့ရင်လည်းပဲ ကိုယ့်ကိုယ်နားမလည်လို့ ပြောတာပဲဆိုပြီး ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။


တစ်ယောက်ယောက်က ဝေဖန်ထောက်ပြတဲ့အခါ စိတ်ထဲမှာ ဘာကြောင့် သိပ်တုန်လှုပ်သွားတာလဲဆိုတာကိုလည်း အောက်စဖို့ဒ်ဆရာတော်က ဆက်ပြီး ရှင်းပြပါတယ်။ ဝေဖန်မှုနဲ့ကြုံတိုင်း ဘာကြောင့်တုန်လှုပ်သွားသလဲဆိုရင် ငါဟာပြည့်စုံတယ်၊ အပြစ်ကင်းတယ်၊ စံထားလောက်တယ်လို့ ကိုယ့်ကိုယ် ကိုယ် မြင်ထားလို့ဖြစ်ပြီး အဲဒီသဘောထားအမြင်ကြောင့် သူများပြောတာကို မခံနိုင်တာလို့ ဆိုပါတယ်။

 

တစ်ယောက်ယောက်က ကိုယ့်ကိုဝေဖန်အပြစ်တင်ပြောဆိုတဲ့နေရာမှာ မကောင်းတဲ့စိတ်ထားနဲ့ပြောနေရင် ဒါမှမဟုတ် နှိမ့်ချချင်တဲ့စိတ်ထားနဲ့ ပြောရင် အဲဒီလိုပြောနေတဲ့သူရဲ့ မလုံမခြုံဖြစ်နေတဲ့ စိတ်ခံစားချက်နားလည် သဘော ပေါက်ပြီး သနားကရုဏာထားပါ။ အဲဒီလို ကရုဏာထားနိုင်ရင် အပြစ်တင် ဝေဖန်လေသူရဲ့ ဝေဖန်မှုတွေ ကိုယ့်ဆီကိုမရောက်နိုင်တော့ဘူးလို့လည်း ဆရာ တော်က ဆုံးမလမ်းညွှန်တော်မူပါတယ်။


(ခ) လောကမှာ အဝေဖန်မခံရတဲ့သူမရှိ

ဒုတိယအချက်အနေနဲ့ကတော့ 'နိတ္ထိလောကေ အနိန္ဒိတော' လောကကြီး ထဲမှာ အဝေဖန်မခံရတဲ့သူ မရှိဘူး။ ဘုရားရဟန္တာတွေတောင်မှပဲ မလွန်ဆန်နိုင် ဘူးလို့ ဆင်ခြင်နှလုံးသွင်း တတ်ရမယ်လို့ဆရာတော်က ဆုံးမပါတယ်။

 

(ဂ) ဝေဖန်မှုတွေကို စိတ်ဝင်စားပါ

တတိယမြောက်အချက်အနေနဲ့ကတော့ ဝေဖန်မှုတွေကို စိတ်ဝင်စားဖို့ပါပဲ။ လောကကြီးထဲမှာနေရင် ဝေဖန်သူတွေအမြဲတမ်းရှိနေမှာမို့  ဝေဖန်မှုတွေကို စိတ်ဝင်စားရမှာပဲဖြစ်ပါတယ်။ ကိုယ့်ရှေ့မှာ ဝေဖန်သူနဲ့ ကိုယ့်နောက်ကွယ်မှာ ဝေဖန်သူ ဒီလိုပဲ ကွာလိမ့်မယ်၊ ဝေဖန်သူတွေကတော့ ရှိနေမှာပဲဖြစ်ပါတယ်။ အဲဒီအတွက် ဝေဖန်မှုတွေကြုံရတိုင်း ဝေဖန်ချက်တွေကို ဘာကြောင့် ဘယ်လို ဆိုတာကို စိတ်ဝင်တစားနဲ့ မေးကြည့်ရမှာပဲဖြစ်ပါတယ်။ ကိုယ့်အပေါ်ဝေဖန် မှုကို စိတ်ဝင်တစားနဲ့ ပြန်ပြီးမေးခွန်းထုတ်ရဲတဲ့သတ္တိရှိလာတာနဲ့အမျှ စိတ်ဓာတ် လည်း ခိုင်မာလာစေနိုင်တယ်လို့ ဆိုပါတယ်။

 

ဝေဖန်မှုတွေကို အလေးဂရုမပြုဘဲ ဆင်ခြင်ဆင်လက်တွေချည်းပေးဖို့ကြိုးစား နေတယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပကတိပြည့်စုံကောင်းမွန်တယ်လို့ ထင်တဲ့ မလုံမလဲစိတ်ကြောင့်ပဲလို့လည်း ဆရာတော်က ဆုံးမပါတယ်။

 

တစ်ယောက်ယောက်က ကိုယ့်ကိုယ်အပြစ်တင်ဝေဖန်မှုလုပ်တဲ့အခါ အဲဒီ အပြစ်တင်ဝေဖန်မှုကြောင့် နှိမ့်ကျသွားနိုင်တယ်၊ အောက်ကျသွားနိုင်တယ်လို့ ယူဆတဲ့အခါမျိုးမှာ စိတ်ညစ်တတ်ပြီး အဲဒီလိုအယူအဆမရှိရင် စိတ်မညစ်နိုင် ဘူးလို့ ဆရာတော်က ရှင်းလင်းအဖြေပေးတော်မူပါတယ်။


(၅)

ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အောက်စဖို့ဒ်ဆရာတော်က ရှင်းလင်းအဖြေပေးခဲ့တာတွေကို ပြန်ပြီးအနှစ်ချုပ် ဖော်ပြရရင် အခုလိုမျိုး တွေ့ရပါတယ်။

 

အဝေဖန်ခံရတာတွေကို ရင်ဆိုင်နိုင်အောင် ဘယ်လိုလေ့ကျင့် ရမလဲဆိုရင်

(က) ဝေဖန်မှုတွေရှိနိုင်ကြောင်းကြိုတင်မျှော်လင့်ထားရပါ့မယ်။ (ခ) ကိုယ့်ကို ဝေဖန်တဲ့သူတွေကို သနားပြီး ကရုဏာထားရမယ်။ (ဂ) အဝေဖန်ခံရတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ပြီးသနားရမယ် (ဃ) ဝေဖန်ခံရတာဟာ ပုံမှန်ပဲ ဆိုတာကို နားလည်ရမယ် ဆိုတဲ့အချက်တွေကို တွေ့ရပါတယ်။


အဝေဖန်ခံရရင် စိတ်မညစ်အောင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့ (က) ဝေဖန်သူတွေကို ကျေးဇူးတင်ရမယ် (ခ) လောကမှာ အဝေဖန်မခံရတဲ့သူမရှိဆို တာကို သိရှိနားလည်ရမယ် (ဂ) ဝေဖန်မှုတွေကို စိတ်ဝင်တစားနဲ့ ကိုယ့်ဘက်က လိုအပ်နေတာတွေရှိခဲ့ရင် ဖြည့်ဆည်းဖြေရှင်းနိုင်အောင် ကြိုးစားရမယ် ဆိုတဲ့ အချက်တွေကို တွေ့ကြရမှာဖြစ်ပါတယ်။

 

ဒီအချက်တွေကိုသိပြီဆိုရင်တော့ မြည်းတစ်ကောင်နဲ့သားအဖနှစ်ယောက် ပုံပြင်ကပေးတဲ့ 'မြည်းကို ဘယ်လိုများထားပြီး ခရီးဆက်ရင် ဝေဖန်သံတွေ တိတ်ဆိတ်သွား မယ်ထင်ပါသလဲ'ဆိုတဲ့မေးခွန်းအတွက် တစ်စုံတစ်ခုသော အဖြေကို ရနိုင်လိမ့်မယ်ထင်ပါတယ်။


အောက်စဖို့ဒ်ဆရာတော် ရှင်လင်းသင်ကြားပေးတဲ့ အချက်တွေကို ဆင်ခြင် နှလုံးသွင်းနေထိုင်ရင်း ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ ဝေဖန်မှုတွေကို ကျော်လွှား လွန်မြောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။


#ငြိမ်းချမ်းသာ #သုဝဏ္ဏသျှမ် #အောက်စဖို့ဒ်ဆရာတော်

#ဝေဖန်_မှုတွေကို_ဘယ်လို_ကျော်ဖြတ်မလဲ

စာပြီးရက်စွဲ/- ၆-၁ဝ-၂ဝ၂ဝ


ရည်ညွှန်းကိုးကား/-

အောက်စဖို့ဒ်ဆရာတော်ဟောကြားတော်မူသည့်

၁။ အများအတွက်ပါတဲ့ပညာရေးတရားတော် (၂၉-၁၁-၂ဝ၁၉)

၂။ တက္ကသိုလ်ကျောင်းသားကျောင်းသူများအတွက်

စိတ်ဖိစီးမှုကိုင်တွယ်ရေးတရားတော် (၂၂-၁-၂ဝ၂ဝ)


(Zawgyi) 

❒ ေဝဖန္မွုေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္ရမလဲ


ေက်းဇူးေတာ္ရွင္ ေအာက္စဖို့ဒ္ဆရာေတာ္ ပါေမာကၡ ေဒါက္တာဓမၼသာမိရဲ့ တရားသင္တန္းတစ္ခုမွာ 'ေဝဖန္မွုေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္ရမ လဲ'ဆိုတဲ့ အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး ေမးခြန္းေမးတာကိုေတြ႕ရေတာ့ 'သားအဖႏွစ္ေယာက္နဲ႔ ျမည္းတစ္ေကာင္'ဆိုတဲ့ ပုံျပင္ေလးကို အရင္ဆုံးေျပး ၿပီး သတိရမိပါတယ္။


ပုံျပင္ေလးက ဒီလိုပါ။ သားအဖႏွစ္ေယာက္ဟာ ျမည္းတစ္ေကာင္နဲ႔အတူ ခရီးတစ္ခုကို ထြက္လာၾကပါတယ္။ သားကေလးက ျမည္းေပၚမွာတက္စီးလို့၊ ဖခင္ျဖစ္သူက လမ္းေလၽွာက္လို့ေပါ့။ အဲဒီမွာ လမ္းမွာေတြ႕တဲ့ ခရီးသြားေဖာ္ ေတြက ငယ္ရြယ္သန္စြမ္းသူ သားက အေဖ့ကိုမွ မေထာက္မညႇာ ျမည္းကို စီးရသလားဆိုၿပီး ေဝဖန္ျပစ္တင္ၾကတယ္။ 


ဒါနဲ႔ပဲ သားျဖစ္သူက ျမည္းေပၚကဆင္း၊ ေျခလ်င္ေလၽွာက္လို့ အေဖ ျဖစ္သူကို ျမည္းေပၚတက္စီးေစၿပီး ခရီးဆက္ခဲ့ၾကျပန္ပါတယ္။ အဲဒီလိုလုပ္ျပန္ ေတာ့လည္း ျမင္ရသူေတြရဲ့ ေဝဖန္အျပစ္တင္ခံရျခင္းက မလြတ္ျပန္ပါဘူး။  အေဖျဖစ္လ်က္သားနဲ႔ သားျဖစ္သူဦးစားမေပး၊ တစ္ကိုယ္ေကာင္းဆန္ပါဘိလို့ ဆိုၾကျပန္ပါတယ္။


အဲဒီလိုဆို ႏွစ္ေယာက္လုံး ျမည္းေပၚတက္ ခရီးဆက္ၾကစို့ရဲ့ဆိုၿပီး ျမည္း ကိုႏွစ္ေယာက္အတူစီးရင္း ခရီးဆက္ခဲ့ျပန္ပါတယ္။ ျမည္းကိုႏွစ္ေယာက္စီးျပန္ ေတာ့လည္း ျမည္းကေလးခပ္ငယ္ငယ္ကို မညႇာမတာနဲ႔ ႏွစ္ေယာက္ႀကီးစီး လို့ဆိုတဲ့ ေဝဖန္သံေတြကို ၾကားရျပန္ပါတယ္။


ဒါနဲ႔ပဲ သားအဖႏွစ္ေယာက္လုံး ျမည္းေပၚမွဆင္းကာ ျမည္းကေလးကို ႀကိဳးနဲ႔ဆြဲလို့ ေျခက်င္ေလၽွာက္ ခရီးဆက္ရျပန္ပါတယ္။ အျပစ္တင္သံ၊ ေဝဖန္သံ ေတြ ကင္းလုပါၿပီဆိုတဲ့ အေတြးကိုယ္စီနဲ႔ေပါ့။ အဲဒီအခ်ိန္မွာပဲ 'မိုက္လိုက္တဲ့ လူေတြ၊ ျမည္းတစ္ေကာင္လုံးပါလာတာေတာင္ တစ္ေယာက္မွ တက္မစီးဘဲ  ေနတာဟ။ ပင္ပန္းေအာင္ကြာ၊ တကယ္ဆို တစ္ေယာက္မဟုတ္တစ္ေယာက္ ျမည္းကို တက္စီးၿပီး ခရီးဆက္ပါေတာ့လား' ...ဆိုတဲ့ ေဝဖန္သံကိုၾကားရ ျပန္ပါသတဲ့။


ပုံျပင္ကေလးကေတာ့ အဲဒီမွာပဲ အဆုံးသတ္သြားပါတယ္။  မဆုံးဘဲက်န္ရစ္ခဲ့တဲ့ေမးခြန္းပါေတာ့ 'ျမည္းကို ဘယ္လိုမ်ားထားၿပီး ခရီးဆက္ရင္ ေဝဖန္သံေတြ တိတ္ဆိတ္သြား မယ္ထင္ပါသလဲ' ... ဆိုတဲ့ေမးခြန္းပါပဲ။ တစ္ပါးသူကို လြယ္လြယ္အျပစ္တင္တတ္တဲ့ ေလာကႀကီး၊ ေဝဖန္သူေတြမ်ားလွတဲ့ေလာကႀကီး .. အဲဒီလိုေလာကႀကီးထဲမွာ ႐ုန္းကန္ရွင္သန္ေနထိုင္ၾကရတဲ့ ကၽြန္ေတာ္တို့အတြက္ေတာ့ အဲဒီေမးခြန္းရဲ့အေျဖကို ရွာရခက္တာ အမွန္ပါပဲ။


(၂)

၂ဝ၁၉ ခုႏွစ္ နိုဝင္ဘာလက ေနျပည္ေတာ္မွာရွိတဲ့ ကိုယ္ပိုင္အထက္တန္း ေက်ာင္းတစ္ခုမွာျပဳလုပ္တဲ့ ေအာက္စဖို့ဒ္ဆရာေတာ္ရဲ့ တရားသင္တန္းတစ္ခုမွာ ေက်ာင္းသူတစ္ဦးက ဆရာေတာ့္ကိုေမးခြန္းတစ္ခုေမးခဲ့ပါတယ္။

'အရွင္ဘုရား၊ တပည့္ေတာ္မတို့ ေက်ာင္းသူေက်ာင္းသားေတြမွာ ရင္ဆိုင္ ရဆုံးျပႆနာက ေဝဖန္အျပစ္တင္ေျပာဆိုခံရျခင္း၊ လူမုန္းမ်ားခံရျခင္းပါဘုရား။ တပည့္ေတာ္မသည္လည္း ထိုျပႆနာကို ရင္ဆိုင္ေနရပါတယ္။ နည္းနည္းမၽွ စာပင္ျဖစ္ေစ တိုးတက္လာၿပီဆိုရင္ ေဝဖန္ေျပာဆိုၾကပါတယ္။ ဒီလိုမ်ိဳး အေျပာခံ၊ အေဝဖန္ခံရတာေတြကို ရင္ဆိုင္နိုင္ေအာင္ ဘယ္လိုေလ့က်င့္ ရမယ္ဆိုတာ မိန႔္ေတာ္မူေပးပါဘုရား။ လူေတြစိတ္ကို နားလည္ေအာင္ဘယ္ လိုလုပ္ရပါ မလဲဘုရား' ... ဆိုတဲ့ေမးခြန္းျဖစ္ပါတယ္။


၂ဝ၂ဝ ခုႏွစ္၊ ဇန္နဝါရီလက ရန္ကုန္ၿမိဳ့ ဇဗၼဴသီရိဗိမာန္မွာ က်င္းပျပဳလုပ္ ခဲ့တဲ့ 'တကၠသိုလ္ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ စိတ္ဖိစီးမွုကိုင္တြယ္ေရး' ဆိုတဲ့ တရားပြဲမွာလည္းပဲ အလားတူေမးခြန္းတစ္ခုကိုေတြ႕ရျပန္ပါတယ္။

'အျခားသူေတြရဲ့ ေဝဖန္ေထာက္ျပမွု၊ criticize(အျပစ္ရွာေဝဖန္)ခံရရင္ စိတ္မညစ္ဘဲ မည္သို့စိတ္ထားရမွာပါပဲဘုရား' ဆိုၿပီး ျဖစ္ပါတယ္။ 


အဲဒီေမးခြန္းႏွစ္ခုကို ဆရာေတာ္အေျဖေပးထားတဲ့ အခ်က္ေတြကို ထုတ္ႏုတ္ ၿပီး ဒီစာစုမွာတင္ျပခ်င္ပါတယ္။ အဲဒီလိုေရးသားတင္ျပရာမွာ ဆရာေတာ္ရဲ့ အာေဘာ္နဲ႔လြဲေခ်ာ္သြားတာရွိရင္ သို့တည္းမဟုတ္ အမွားအယြင္းတစ္စုံတစ္ရာ ပါခဲ့ရင္ေတာ့ ကၽြန္ေတာ့္ရဲ့တာဝန္သာ ျဖစ္ေၾကာင္းကိုလည္းပဲ ေျပာၾကားထားပါ ရေစ။


(၃)

အေဝဖန္ခံရတာေတြကို ရင္ဆိုင္နိုင္ေအာင္ ဘယ္လိုေလ့က်င့္ရမလဲဆိုတဲ့ ပထမေမးခြန္းကို ေအာက္စဖို့ဒ္ဆရာေတာ္က အခ်က္(၄)ခ်က္နဲ႔ ရွင္းလင္းအေျဖ ေပးေတာ္မူပါတယ္။


ေအာက္စဖို့ဒ္ဆရာေတာ္က ပထမဆုံး မိုင္းဖုန္းဆရာေတာ္ရဲ့ အဆုံးအမ ၾသဝါဒတစ္ခုျဖစ္တဲ့ 'ကိုယ့္ကို ရန္ျပဳမယ့္ဆင္ရဲက အစြယ္ၾကားမွာ သြားေနလိုက္ ပါ။ အဲဒီလိုဆိုရင္ အဲဒီဆင္က ကိုယ့္ကို ရန္ျပဳလို့မရေတာ့ဘူး' ဆိုတဲ့ အဆုံးအမကို ျပန္လည္မိန႔္ၾကားရင္းက အေဝဖန္ခံရရင္ ဘယ္လိုစိတ္မ်ိဳးထား ရမယ္ဆိုတာကို ရွင္းျပပါတယ္။ 


(က) ႀကိဳတင္ေမၽွာ္လင့္ထားပါ။

ေဝဖန္မွုေတြကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတာကို စိတ္ပညာအရေျပာမယ္ ဆိုရင္ေတာ့  ေလာကမွာ တစ္ပါးသူကို မစာမနာ ေဝဖန္တဲ့သူေတြရွိတယ္ဆိုတာ ကို ႀကိဳတင္ေမၽွာ္လင့္ထားဖို့ပါပဲ။  

အဂၤလန္ဝန္ႀကီးခ်ဳပ္ Benjamin Disraeli  ေျပာခဲ့တဲ့  Hope for the best and prepare for the worst.'အေကာင္းဆုံးအတြက္ ေမၽွာ္လင့္ထားပါ။ အဆိုးဆုံးအတြက္လည္း ျပင္ဆင္ထားပါ'ဆိုတဲ့စကားလို အဆိုးအတြက္ျပင္ဆင္ထားဖို့ လိုအပ္တယ္လို့ ဆရာေတာ္က ဆိုပါတယ္။

လူအမ်ားစုကေတာ့ အဆိုးအတြက္ျပင္ဆင္ထားေလ့မရွိဘူးလို့လည္း ဆရာ ေတာ္က မိန႔္ၾကားပါတယ္။


ျမတ္စြာဘုရားကလည္း ေလာကႀကီးထဲမွာ ျပႆနာရွိတယ္၊ ေလာကႀကီး ထဲမွာ ဒုကၡရွိတယ္ဆိုတာကို သင္ၾကားေပးခဲ့တယ္။ အဲဒီအေၾကာင္းအရာကို လည္း ေသေသခ်ာခ်ာ နားလည္သေဘာေပါက္ေအာင္ ေတြးေတာဆင္ျခင္ ရွုျမင္ခိုင္းတယ္။ ေလာကႀကီးထဲမွာ ျပႆနာရွိတယ္၊ ေလာကႀကီးထဲမွာ ဒုကၡရွိတယ္ဆိုတာကိုနားလည္ရင္ သူမ်ားကို ဒုကၡေပးတဲ့ပုဂၢိဳလ္မျဖစ္ေတာ့ဘဲ သူမ်ားျပႆနာကို ဝိုင္းၿပီးေျဖရွင္းတဲ့ပုဂၢိဳလ္ျဖစ္သြားတယ္လို့ ရွင္းျပပါတယ္။

 

(ခ) ကိုယ့္ကိုေဝဖန္တဲ့သူေတြကို သနားပါ

ေနာက္တစ္ခုကေတာ့ ကိုယ့္ကိုယ္လာၿပီး ေဝဖန္တဲ့သူ၊ မညႇာမတာ ေျပာတဲ့ သူရွိလာၿပီဆိုရင္ အဲဒီလူကို သနားပါ။ ေနာက္ၿပီး က႐ုဏာပြားပါ။ တစ္ပါး သူကို ေဝဖန္တဲ့သူ၊ အျပစ္တင္တဲ့သူ၊ မညႇာမတာေျပာတဲ့သူေတြဟာ သူတို့ စိတ္ထဲမွာ ေပ်ာ္ရႊင္ေနလို့မဟုတ္ဘူး။ သူတို့စိတ္ထဲမွာ ပူေလာင္ေနလို့သာလၽွင္ အဲဒီလိုစကားလုံးေတြ၊ ေဝဖန္အျပစ္တင္မွုေတြကို ေျပာလို့ထြက္တာျဖစ္တာေၾကာင့္  ကိုယ့္ကိုေဝဖန္တဲ့လူကို သနားပါလို့ ဆရာေတာ္က မိန႔္ဆိုပါတယ္။


(ဂ) ကိုယ့္ကိုယ္ကိုယ္လည္း သနားပါ

ကိုယ့္ကိုယ္ေဝဖန္ျပစ္တင္တဲ့လူနဲ႔ ၾကဳံဆုံရၿပီဆိုလာရင္ ကိုယ့္ကိုယ္ကိုယ္ လည္းသနားဖို့လိုပါတယ္။ ေဝဖန္တတ္၊ အျပစ္ေျပာတတ္တဲ့လူနဲ႔မွ ၾကဳံရေလျခင္း ဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ျပန္ၿပီး သနားဖို့ လိုပါတယ္။

သနားက႐ုဏာစိတ္ထားနိုင္ရင္ ကိုယ့္ရဲ့ဦးေႏွာက္ထဲက ေရွ႕ကဦးေႏွာက္ျဖစ္ တဲ့ ေဟပိုကမ္းပတ္စ္က အလုပ္လုပ္ၿပီး စိတ္ညစ္တယ္ဆိုရင္ေတာ့ အေနာက္က ဦးေႏွာက္ အမစ္ဒလာက အလုပ္လုပ္ပါတယ္။

(ဟစ္ပိုကမ္းပတ္စ္(Hippocampus)ဆိုတဲ့ အေရွ႕ကဦးေႏွာက္ကေတာ့ ေလ့ လာမွုနဲ႔ မွတ္သားမွုပိုင္းကို အဓိကတာဝန္ယူလုပ္ေဆာင္တယ္။ မွတ္Óဏ္ အသစ္ေတြကိုဖြဲ႕စည္းၿပီး ၿခိမ္းေျခာက္မွုအသစ္ေတြကို ရွာေဖြတဲ့အလုပ္ေတြကို လုပ္တယ္။

အမိတ္ဒလာ (Amygdala)လို့ေခၚတဲ့ အေနာက္ကဦးေႏွာက္က (က) ေၾကာက္ရြံ့ျခင္း၊ စိုးရိမ္ျခင္း .. စတဲ့စိတ္ပိုင္းဆိုင္ရာ တုံ႔ျပန္မွုေတြကို အဓိက ျပဳလုပ္တယ္။ (ခ) မေကာင္းေတာ့ဘူးဆိုတဲ့ စိတ္ခံစားခ်က္ရဲ့ အခ်က္ေပး ေခါင္းေလာင္းသံ လည္းျဖစ္တယ္။ (ဂ) စိုးရိမ္ေသာကေတြကို လုပ္မခံဘဲ Fight and Flight လုပ္ဖို့ပဲ ဖိအားေပးတယ္။)


(ဃ) ေဝဖန္ခံရတာဟာ ပုံမွန္ပဲ ဆိုတာနားလည္ပါ

ေဝဖန္တဲ့လူေတြနဲ႔ေတြ႕တဲ့အခါ (ဝါ) ကိုယ့္ကို တစ္ပါးသူေတြက ေဝဖန္ လာတဲ့အခါ 'နိတၳိေလာေက အနိႏၵိေတာ' ေလာကႀကီးထဲမွာ အေဝဖန္မခံရ တဲ့သူ မရွိဘူး။ ဗုဒၶျမတ္စြာဘုရားေသာ္မွပဲ အေဝဖန္ခံရတယ္။ ဘုရားရဟႏၲာ ေတြေတာင္မွပဲ မလြန္ဆန္နိုင္ဘူးလို့ ဆင္ျခင္ႏွလုံးသြင္းတတ္ရမယ္။

ေဝဖန္ခံရတာဟာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ကိစၥပဲ၊ ကိုယ္က ပုံမွန္ျဖစ္ေနလို့ ေဝဖန္ခံရတာပဲလို့ သေဘာထားလိုက္ပါလို့ ဆရာေတာ္က ဆုံးမသင္ၾကား ေပးေတာ္မူပါတယ္။ 


(၄)

ဒုတိယေမးခြန္းျဖစ္တဲ့ 'အေဝဖန္ခံရရင္ စိတ္မညစ္ေအာင္ ဘယ္လိုလုပ္ရ မလဲ'ဆိုတာကိုလည္း ဆရာေတာ္က အခ်က္(၃)နဲ႔ ေျဖၾကားေပးေတာ္မူတာကို ေတြ႕ရပါတယ္။

(က) ေဝဖန္သူေတြကို ေက်းဇူးတင္ပါ

ဘုရားရွင္ ေရႊလက္ထက္ေတာ္အခါက ဗုဒၶျမတ္စြာဘုရားၿပီးရင္ ပညာအရာ မွာ အသာဆုံး၊ အျမတ္ဆုံး၊ အႀကီးဆုံး ျဖစ္တဲ့ ရွင္သာရိပုတၱရာမေထရ္ျမတ္ႀကီး ကို ကိုရင္ေလးတစ္ပါးက 'ဆရာေတာ့္ သကၤန္းဝတ္ပုံ မညီပါဘုရား'လို့ ေထာက္ျပေဝဖန္ေျပာဆိုဖူးပါတယ္။ ရွင္သာရိပုတၱရာမေထရ္ႀကီးဟာ အဲဒီလို ေျပာတဲ့ကိုရင္ေလးကို သိပ္ကို ေက်းဇူးတင္သတဲ့။ ကိုယ့္ကိုယ္ကိုယ္ အျမဲတမ္း တိုးတက္ေအာင္လုပ္ေနတဲ့သူေတြဟာ ကိုယ့္ကိုယ္ေဝဖန္ဆုံးမေျပာဆိုလာသူ တိုင္းကို ေက်းဇူးတင္တတ္ၾကပါတယ္။


ကိုယ့္ကိုယ္ ေဝဖန္ေထာက္ျပေျပာဆိုမယ့္သူေတြ ပင္လယ္ၾကမ္းျပင္က သဲေတြ ေလာက္ရွိရင္ေကာင္းမွာပဲ ဆိုတဲ့စိတ္ထားကိုလည္း ေမြျမဴထားသင့္တယ္လို့ ဆရာေတာ္က ဆုံးမပါတယ္။ အဲဒီလိုစိတ္ထားမ်ိဳး ေမြးျမဴထားနိုင္ရင္ ကိုယ့္ကို ေဝဖန္ေထာက္ျပတဲ့ကိစၥေတြက ဟုတ္တယ္ဆိုရင္ ေက်းဇူးတင္ၿပီး ကိုယ့္ကို ေဝဖန္ေထာက္ျပတဲ့ကိစၥေတြက မဟုတ္ခဲ့ရင္လည္းပဲ ကိုယ့္ကိုယ္နားမလည္လို့ ေျပာတာပဲဆိုၿပီး ခြင့္လႊတ္နိုင္လိမ့္မယ္လို့ ဆိုပါတယ္။


တစ္ေယာက္ေယာက္က ေဝဖန္ေထာက္ျပတဲ့အခါ စိတ္ထဲမွာ ဘာေၾကာင့္ သိပ္တုန္လွုပ္သြားတာလဲဆိုတာကိုလည္း ေအာက္စဖို့ဒ္ဆရာေတာ္က ဆက္ၿပီး ရွင္းျပပါတယ္။ ေဝဖန္မွုနဲ႔ၾကဳံတိုင္း ဘာေၾကာင့္တုန္လွုပ္သြားသလဲဆိုရင္ ငါဟာျပည့္စုံတယ္၊ အျပစ္ကင္းတယ္၊ စံထားေလာက္တယ္လို့ ကိုယ့္ကိုယ္ ကိုယ္ ျမင္ထားလို့ျဖစ္ၿပီး အဲဒီသေဘာထားအျမင္ေၾကာင့္ သူမ်ားေျပာတာကို မခံနိုင္တာလို့ ဆိုပါတယ္။

 

တစ္ေယာက္ေယာက္က ကိုယ့္ကိုေဝဖန္အျပစ္တင္ေျပာဆိုတဲ့ေနရာမွာ မေကာင္းတဲ့စိတ္ထားနဲ႔ေျပာေနရင္ ဒါမွမဟုတ္ ႏွိမ့္ခ်ခ်င္တဲ့စိတ္ထားနဲ႔ ေျပာရင္ အဲဒီလိုေျပာေနတဲ့သူရဲ့ မလုံမျခဳံျဖစ္ေနတဲ့ စိတ္ခံစားခ်က္နားလည္ သေဘာ ေပါက္ၿပီး သနားက႐ုဏာထားပါ။ အဲဒီလို က႐ုဏာထားနိုင္ရင္ အျပစ္တင္ ေဝဖန္ေလသူရဲ့ ေဝဖန္မွုေတြ ကိုယ့္ဆီကိုမေရာက္နိုင္ေတာ့ဘူးလို့လည္း ဆရာ ေတာ္က ဆုံးမလမ္းညႊန္ေတာ္မူပါတယ္။


(ခ) ေလာကမွာ အေဝဖန္မခံရတဲ့သူမရွိ

ဒုတိယအခ်က္အေနနဲ႔ကေတာ့ 'နိတၳိေလာေက အနိႏၵိေတာ' ေလာကႀကီး ထဲမွာ အေဝဖန္မခံရတဲ့သူ မရွိဘူး။ ဘုရားရဟႏၲာေတြေတာင္မွပဲ မလြန္ဆန္နိုင္ ဘူးလို့ ဆင္ျခင္ႏွလုံးသြင္း တတ္ရမယ္လို့ဆရာေတာ္က ဆုံးမပါတယ္။

 

(ဂ) ေဝဖန္မွုေတြကို စိတ္ဝင္စားပါ

တတိယေျမာက္အခ်က္အေနနဲ႔ကေတာ့ ေဝဖန္မွုေတြကို စိတ္ဝင္စားဖို့ပါပဲ။ ေလာကႀကီးထဲမွာေနရင္ ေဝဖန္သူေတြအျမဲတမ္းရွိေနမွာမို့  ေဝဖန္မွုေတြကို စိတ္ဝင္စားရမွာပဲျဖစ္ပါတယ္။ ကိုယ့္ေရွ႕မွာ ေဝဖန္သူနဲ႔ ကိုယ့္ေနာက္ကြယ္မွာ ေဝဖန္သူ ဒီလိုပဲ ကြာလိမ့္မယ္၊ ေဝဖန္သူေတြကေတာ့ ရွိေနမွာပဲျဖစ္ပါတယ္။ အဲဒီအတြက္ ေဝဖန္မွုေတြၾကဳံရတိုင္း ေဝဖန္ခ်က္ေတြကို ဘာေၾကာင့္ ဘယ္လို ဆိုတာကို စိတ္ဝင္တစားနဲ႔ ေမးၾကည့္ရမွာပဲျဖစ္ပါတယ္။ ကိုယ့္အေပၚေဝဖန္ မွုကို စိတ္ဝင္တစားနဲ႔ ျပန္ၿပီးေမးခြန္းထုတ္ရဲတဲ့သတၱိရွိလာတာနဲ႔အမၽွ စိတ္ဓာတ္ လည္း ခိုင္မာလာေစနိုင္တယ္လို့ ဆိုပါတယ္။

 

ေဝဖန္မွုေတြကို အေလးဂ႐ုမျပဳဘဲ ဆင္ျခင္ဆင္လက္ေတြခ်ည္းေပးဖို့ႀကိဳးစား ေနတယ္ဆိုရင္ေတာ့ ဒါဟာ ကိုယ့္ကိုယ္ကိုယ္ ပကတိျပည့္စုံေကာင္းမြန္တယ္လို့ ထင္တဲ့ မလုံမလဲစိတ္ေၾကာင့္ပဲလို့လည္း ဆရာေတာ္က ဆုံးမပါတယ္။

 

တစ္ေယာက္ေယာက္က ကိုယ့္ကိုယ္အျပစ္တင္ေဝဖန္မွုလုပ္တဲ့အခါ အဲဒီ အျပစ္တင္ေဝဖန္မွုေၾကာင့္ ႏွိမ့္က်သြားနိုင္တယ္၊ ေအာက္က်သြားနိုင္တယ္လို့ ယူဆတဲ့အခါမ်ိဳးမွာ စိတ္ညစ္တတ္ၿပီး အဲဒီလိုအယူအဆမရွိရင္ စိတ္မညစ္နိုင္ ဘူးလို့ ဆရာေတာ္က ရွင္းလင္းအေျဖေပးေတာ္မူပါတယ္။


(၅)

ေဝဖန္မွုေတြကို ဘယ္လိုရင္ဆိုင္ေက်ာ္ျဖတ္ရမလဲဆိုတာနဲ႔ပတ္သက္ၿပီး ေအာက္စဖို့ဒ္ဆရာေတာ္က ရွင္းလင္းအေျဖေပးခဲ့တာေတြကို ျပန္ၿပီးအႏွစ္ခ်ဳပ္ ေဖာ္ျပရရင္ အခုလိုမ်ိဳး ေတြ႕ရပါတယ္။

 

အေဝဖန္ခံရတာေတြကို ရင္ဆိုင္နိုင္ေအာင္ ဘယ္လိုေလ့က်င့္ ရမလဲဆိုရင္

(က) ေဝဖန္မွုေတြရွိနိုင္ေၾကာင္းႀကိဳတင္ေမၽွာ္လင့္ထားရပါ့မယ္။ (ခ) ကိုယ့္ကို ေဝဖန္တဲ့သူေတြကို သနားၿပီး က႐ုဏာထားရမယ္။ (ဂ) အေဝဖန္ခံရတဲ့ ကိုယ့္ကိုယ္ကိုယ္လည္း ျပန္ၿပီးသနားရမယ္ (ဃ) ေဝဖန္ခံရတာဟာ ပုံမွန္ပဲ ဆိုတာကို နားလည္ရမယ္ ဆိုတဲ့အခ်က္ေတြကို ေတြ႕ရပါတယ္။


အေဝဖန္ခံရရင္ စိတ္မညစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုရင္ေတာ့ (က) ေဝဖန္သူေတြကို ေက်းဇူးတင္ရမယ္ (ခ) ေလာကမွာ အေဝဖန္မခံရတဲ့သူမရွိဆို တာကို သိရွိနားလည္ရမယ္ (ဂ) ေဝဖန္မွုေတြကို စိတ္ဝင္တစားနဲ႔ ကိုယ့္ဘက္က လိုအပ္ေနတာေတြရွိခဲ့ရင္ ျဖည့္ဆည္းေျဖရွင္းနိုင္ေအာင္ ႀကိဳးစားရမယ္ ဆိုတဲ့ အခ်က္ေတြကို ေတြ႕ၾကရမွာျဖစ္ပါတယ္။

 

ဒီအခ်က္ေတြကိုသိၿပီဆိုရင္ေတာ့ ျမည္းတစ္ေကာင္နဲ႔သားအဖႏွစ္ေယာက္ ပုံျပင္ကေပးတဲ့ 'ျမည္းကို ဘယ္လိုမ်ားထားၿပီး ခရီးဆက္ရင္ ေဝဖန္သံေတြ တိတ္ဆိတ္သြား မယ္ထင္ပါသလဲ'ဆိုတဲ့ေမးခြန္းအတြက္ တစ္စုံတစ္ခုေသာ အေျဖကို ရနိုင္လိမ့္မယ္ထင္ပါတယ္။


ေအာက္စဖို့ဒ္ဆရာေတာ္ ရွင္လင္းသင္ၾကားေပးတဲ့ အခ်က္ေတြကို ဆင္ျခင္ ႏွလုံးသြင္းေနထိုင္ရင္း ဘဝမွာ ရင္ဆိုင္ၾကဳံေတြ႕ရတဲ့ ေဝဖန္မွုေတြကို ေက်ာ္လႊား လြန္ေျမာက္နိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းအပ္ပါတယ္။


#ၿငိမ္းခ်မ္းသာ #သုဝဏၰသၽွမ္ #ေအာက္စဖို့ဒ္ဆရာေတာ္

#ေဝဖန္_မွုေတြကို_ဘယ္လို_ေက်ာ္ျဖတ္မလဲ

စာၿပီးရက္စြဲ/- ၆-၁ဝ-၂ဝ၂ဝ


ရည္ညႊန္းကိုးကား/-

ေအာက္စဖို့ဒ္ဆရာေတာ္ေဟာၾကားေတာ္မူသည့္

၁။ အမ်ားအတြက္ပါတဲ့ပညာေရးတရားေတာ္ (၂၉-၁၁-၂ဝ၁၉)

၂။ တကၠသိုလ္ေက်ာင္းသားေက်ာင္းသူမ်ားအတြက္

စိတ္ဖိစီးမွုကိုင္တြယ္ေရးတရားေတာ္ (၂၂-၁-၂ဝ၂ဝ)

No comments: