Saturday, October 10, 2020

Facing Your Mid-career Crisis

 လမ်းခုလတ်မှာ အကျပ်အတည်းကို ရင်ဆိုင်ခြင်း မေးကြည့်ပါမယ် - ဆက်ထိန်းသင့်သလား၊ လက်လျှော့လိုက်ရမလား။ (စက်တင်ဘာလ 2020)




          တစ်ခါတစ်ရံ ကျနော်တို့တွေဟာ ကိုယ်ရွေးချယ်ခဲ့တဲ့အလုပ်၊ လမ်းကြောင်းမှားနေပြီလား၊ ဘယ်ဘက်ကို ပြန်ပြောင်းရင်ကောင်းမလဲစသဖြင့် စဉ်းစားတွေးတောမိတတ်ကြသလို၊ တစ်ခါတစ်ရံမှာ နောင်တရမိသလို ခံစားရတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စာရေးသူပါမောက္ခ Kieran Setiya က သူ့ရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး မိမိကိုယ်ကိုယ်စီမံခန့်ခွဲခြင်းကဏ္ဍမှာ ဒီဆောင်းပါးနဲ့ အကြံပြု၊ လႈံ႔ဆော်မှုပြုထားတာကို ဆီလျော်သလို ပြန်ဆို တင်ပြလိုက်ရပါတယ်။   


လွန်ခဲ့တဲ့ (၈)နှစ်လောက်တုန်းက 


          သူဟာ ဘာအပြောင်းအလဲမှ သိပ်မရှိလှတဲ့ ဝန်းကျင်မှာ နေခဲ့ပါလားဆိုတာကို သတိပြုမိခဲ့ပါတယ်။ သူဟာဘယ်သူလဲ။ အထင်ကရတက္ကသိုလ်တစ်ခုရဲ့ အမြဲတမ်းရာထူးတစ်နေရာမှာ ခန့်အပ်ခြင်းခံထားရတဲ့ Philosophy ပါမောက္ခတစ်ဦးဖြစ်ပါတယ်။ သူ့မှာ အရင်အိပ်မက် မက်ထားတဲ့အလုပ်တွေ လည်းရှိခဲ့မှာပါ။ အခက်အခဲကြားထဲက စာအုပ်တွေထုတ်ဝေနိုင်မှု (သို့)လွဲခဲ့မှုတွေ၊ လုပ်သက်လေးရအောင်၊ ရာထူးတိုးခံရအောင်ကြိုးစားရင်း စိတ်ဖိစီးမှုတွေနဲ့ ဒီလိုဘွဲ့တွေပေးတဲ့တက္ကသိုလ်ကနေပဲ တစ်ဆင့်တစ်ဆင့်တက်လှမ်းဖြတ်သန်းခဲ့ရပါတယ်။ သူ့မှာ ဇနီး၊ ကလေးတစ်ယောက်နဲ့ အငှားစနစ်နဲ့ ဝယ်ယူထားတဲ့ အိမ်တစ်လုံးရှိပါတယ်။ တကယ်တော့ သူ့ရဲ့အလုပ်ကို သူမြတ်နိုးပါတယ်။ ဒီလိုနဲ့ပဲ အနာဂတ်မျှော်လင့်ချက်တွေနဲ့ တစ်ပတ်ကနေ တစ်ပတ်၊ တစ်လကနေ တစ်လ၊ တစ်နှစ်ပြီး တစ်နှစ်နဲ့ ကြိုးစားလာလိုက်တာ၊ အသက်ကလေးရဲ့ရလာ ငယ်ရွယ်သူလို သွက်လက်ဖြတ်လတ်မှုတွေ နည်းလာကာ၊ လေးလံထိုင်းမှိုင်းလာတဲ့အထိဖြစ်ပါတယ်။ သူရေးလက်စ စာတမ်းလည်း ပြီးလို့ မကြာမီမှာ ထုတ်ဝေနိုင်တော့မှာဖြစ်ပါတယ်။ အဲဒီတစ်အုပ်ပြီးရင် နောက်ထပ်တစ်အုပ်ဆက်ရေးဦးမှာပါ။ ဒီတစ်သုတ် တက်နေတဲ့ကျောင်းသားတွေကိုလည်း စာသင်ရဦးမယ်။ သူတို့လေးတွေလည်း တဖြည်းဖြည်းနဲ့ ပညာတွေတတ်၊ ဘွဲ့တွေရနဲ့ အမိတက္ကသိုလ်ကနေ ထွက်ခွာသွားကြတော့မှာ။ နောက်ထပ်ကျောင်းသားအသစ်တွေလည်း ထပ်ရောက်ကြ၊ ပညာရပ်တွေ လေ့လာဆည်းပူးကြဦးမှာပါ။ ဒါကြောင့် သူ့ရဲ့အသက်မွေးဝမ်းကျောင်းတဲ့ အလုပ်က သူ့ကို ဥမင်တစ်ခုထဲမှာ ဆွဲဆန့်ထားသလိုဖြစ်နေပါတယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ လုပ်သက် သက်တမ်းထက်ဝက်ဖြစ်တဲ့ လမ်းခုလတ်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်လာရခြင်းပဲဖြစ်ပါတော့တယ်။ 


          ဒီလိုဖြစ်တာဟာ သူတစ်ယောက်တည်းလားလို့ မေးပြန်တော့လည်း၊ သူတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုလည်း များမကြာမီမှာ သိလာရပါတယ်။ သူ့ရဲ့ အတိဒုက္ခကို သူငယ်ချင်းအပေါင်းအသင်းတွေကို ပြောပြတော့ ဝိုင်းဟားတာ ခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ ဒါဟာ မီးခိုးကဲ့သို့ လွင့်ပယ်ပပျောက်သွားပြီး၊ အောင်မြင်တယ်လို့ ထင်ရတဲ့ ဘဝထဲမှာနောင်တတရား တွေနဲ့ ကျန်နေခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်ပုံပြင်တွေကို လက်ထပ်သင်ကြားပေးခဲ့တဲ့ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ ကြားရတတ်ပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလိုနေရသလို ဖြစ်နေပါလိမ့်မယ်။ များမ ကြာမီကာလက သုတေသနအများအပြားပြုလုပ်ချက်တွေက သက်လတ်ပိုင်း (ပျမ်းမျှအားဖြင့်) တွေဟာ လူ့ဘဝသက်တမ်းမှာ အခက်အခဲဆုံးသော ကာလဖြစ်တယ်လို့ အခိုင်အမာပြဆိုနေကြပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက စီးပွားရေးပညာရှင် David Blanchflower နဲ့ Andrew Oswald တို့က ဘဝမှာကျေနပ်စရာတွေနဲ့ပါလို့ မိမိသဘောဆန္ဒနဲ့ ဖွင့်ဟဝန်ခံမှုမှာ အညွှန်း ကိန်းတွေဟာ တဖြည်းဖြည်းနဲ့ “U” ပုံသဏ္ဍာန်ကွေးသွားတာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဆန်းစစ်ချက်ရဲ့ ဆိုလိုရင်းက လူငယ်ဘဝမှာကျေနပ်မှု မြင့်မားတာနဲ့ စတင်ခဲ့ကြတာများပါတယ်။ အသက် (၄၀)လောက်မှာ မကျေနပ်ချင်တော့လို့ အညွှန်းကိန်းက အောက်ဖက်ကို ထိုင်ဆင်းလာခြင်းဖြစ်ပြီး၊ အဲဒီအသက်ထက်ပိုကြီးလာတဲ့အခါ ကျေနပ်မှုအညွှန်းကိန်းကပြန်တက်လာတဲ့ သဘောတရားကို ရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒီပုံသဏ္ဍာန်က ကမ္ဘာနဲ့အဝှမ်း အမျိုးသမီးရော၊ အမျိုးသားအပေါ်မှာပါ သက်ရောက်မှု၊ အတော်ကြီးပါတယ်။ ဒီ “U” ပုံသဏ္ဍာန်အကွေးလေးဟာ အခြားသောအ ကြောင်းအရာတွေကြောင့် အပြောင်းအလဲ အနည်းငယ်ဖြစ်စေနိုင်ပေမယ့် (ဥပမာ - သားသမီးရလို့ မိဘအဖြစ်ရောက်ရှိလာလို့ ကျေနပ်နေခြင်း)၊ ဒီ သဘောတရား ပုံသဏ္ဍာန်အတိုင်း ဆက်ရှိနေဦးမှာပါ။ အကွေးလေးကတော့ ညင်ညင်သာသာလေးသာ ကွေးသွားပေမယ့် ထင်ထင်ရှားရှားပြနေဦးမှာဖြစ်ပါတယ်။ ပျမ်းမျှအား အသက် (၂၀) နဲ့ အသက် (၄၅)လောက်အကြား၊ ကျေနပ်မှုကွာဟချက်တွေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလုပ်ဖြုတ်ခံရလို့ (သို့) အိမ်ထောက်ကွဲခြင်းတို့ကြောင့် ကျေနပ်မှုတွေ ကျဆင်းသွားတာနဲ့ ဆက်စပ်မှုရှိနေပါတယ်။ 


          အစောပိုင်းတုန်းက အလုပ်နဲ့ပတ်သက်တဲ့ သုတေသနပြုချက်တွေအရ ဘဝမှာကျေနပ်မှုရှိတယ်ဆိုတဲ့ အချက်အလက်တွေဟာ အပြောင်းအလဲမရှိဘဲ တစ်သမတ်တည်းဖြစ်နေပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက ဗြိတိသျှ အလုပ်သမား (၅၀၀၀) ဦးကို ဆန်းစစ်မှုတွေ့ရှိချက်စာတမ်းအပေါ် အခြေခံချက်အရ အလုပ်အပေါ် ကျေနပ်မှု “U” ပုံသဏ္ဍာန်ဟာ ညင်ညင်သာသာလေး ကွေးသွားတယ်ဆိုပေမယ့် အသက် (၃၉)နှစ်လောက်မှာ အနိမ့်ဆုံးဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ စိတ်ကိုခွဲခြမ်းစိတ်ဖြာလေ့လာသူ Elliot Jaques က ၁၉၆၅ခုနှစ်လောက်မှာ “Midlife crisis” လို့ဆိုပြီး စကား လုံးအသစ်ထွင်ပြောခဲ့ပါတယ်။ ၎င်းက လူလတ်ပိုင်းမှာ အိမ်ထောင်တစ်ခုထက်ပိုတဲ့ အရှုပ်အထွေးနဲ့ ရင်ဆိုင်နေရတဲ့ ဝ္လေနာသည်တွေကိုပဲ ရည်ညွှန်းတာမဟုတ်တဲ့အပြင် Michelangelo ကနေ Gauguin တို့လို ပန်းချီ၊ ပန်းပုပညာရှင်တွေရဲ့ အနုပညာဖန်တီးတဲ့ဘဝတွေမှာတောင် သိသိသာသာကြီး အပြောင်းအလဲတွေဖြစ်ခဲ့ကြပါတယ်လို့ ထောက်ပြညွှန်းဆိုထား ပါတယ်။ ၎င်းတို့ဟာ ယခင်တွေးထားခဲ့တဲ့ အလုပ်တွေ၊ လုပ်ချင်ခဲ့တဲ့အလုပ်တွေကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ခံစားခဲ့ရလို့ပဲဖြစ်ပါတယ်။


          “Mid-career crisis” ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ သေသေချာချာနားမလည်နိုင်ဖြစ်နေပါတယ်။ ဘာကြောင့်များ လုပ်သက်လမ်းခုလတ်မှာ အလုပ်အပေါ်ကျေနပ်မှုတွေကို ထိခိုက်လာရပါသလဲ။ သူ့ရဲ့ အတွေ့ အကြုံ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စကားပြောဆိုကြည့်ခြင်းအားဖြင့်၊ အချက်အလက်ပေါင်းစုံရလာခဲ့ပါတယ်၊ အချက်အလက်တူရာစုပြီး ချုံ့လိုက်ခြင်း၊ ရှောင်လွှဲလို့မရတဲ့ နောက်တတရား၊ နောက်ပိုင်းမှာ အစားထိုးမှုတွေ ပြုလုပ်ခဲ့ရပြီးနောက်မှာ ပြီးမြောက်အောင်မြင်သွားတဲ့ ခက်ခဲတဲ့ စီမံကိန်းတွေ စတာတွေကို ချိန်ဆခဲ့ခြင်းဖြစ်ပါတယ်။ 


          တစ်ဖန် အကူအညီအထောက်အပံ့ရဖို့အတွက် အတွေးအခေါ်ပိုင်းဆိုင်ရာပညာရပ်ရှုထောင့်က ကြည့်ရပါမယ်။ ကျွန်ုပ်တို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စိတ်ဓာတ်ကို ဘယ်လိုပုံဖော်သလဲဆိုတာကို ခေတ်ဟောင်းရော ခေတ်သစ်မှာရှိကြတဲ့ တွေးခေါ်ပညာရှင်တွေက ပေးတဲ့ စဉ်းစားစရာတွေ၊ ရှုထောင့်အမျိုးမျိုးရှိနေတော့ အတိအကျပြောဖို့ ခက်နေပါတယ်။ ဒီအချက် တွေက ကုထုံးတွေဖြစ်တဲ့အပြင် ရောဂါရှာဖွေရာမှာလည်း အထာက်အကူ ဖြစ်စေမှာပါ။ ဒါတွေရပြီဆိုရင် သင့်ကို လုပ်သက်လမ်းခုလတ်မှာ စိတ်ပျက်စရာတွေဖြစ်နေလား၊ သင်လုပ်နေတဲ့အလုပ်ကနေ အပြောင်းအလဲလုပ်ဖို့ လိုမလား၊ ဘယ်လိုပြောင်းလဲရမလဲဆိုတာတွေကို သိရှိနိုင်ဖို့ အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်လိုက်ပြီး အပြောင်းအလဲလုပ်လိုက်ခြင်းက ကောင်းတာတွေဖြစ်လာနိုင်ပေမယ့် အမြဲတမ်းအလုပ်ဖြစ်မှာ မဟုတ်ပါ။ သင်ရောက်သင့်တဲ့နေရာမှာနေနေရသည့်တိုင်အောင် စိတ်ပျက်စရာကောင်းတာနဲ့ နောင်တရနေတာကို ကုသရာမှာ အထောက်အကူပြုနိုင် ပါတယ်။


ပြီးခဲ့တဲ့ အတိတ်အတွက် နောင်တများ


          အတွေးအခေါ်အယူအဆပညာရပ်ဘက်က ထိုးထွင်းသိမြင်လာရတာက ပြောင်းလဲလို့မရတော့တာကို လက်ခံရတာဟာ စိန်ခေါ်မှုပဲဖြစ်ပါတယ်။ ဘဝက တဖြည်းဖြည်းနဲ့ မှိန်လာတယ်၊ ကျဆင်းလာတဲ့ သဘောတော့ရှိပေမယ့် ဆက်သွားနေရတာပဲလေ၊  ရွေးချယ်စရာတွေကလည်း အကန့်အသတ်နဲ့ဖြစ်လာပြီ၊ အတိတ်က ဆုံးဖြတ်ချက်တွေကလည်း အရည်ပျော်ကျလာပြီ။ ကျနော်တို့ ဘယ်လောက်အထိ ဆက်လုပ်နိုင်ဦးမှာလဲဆိုပြီး လျော့တွက်ခဲ့တဲ့တိုင်အောင် ကိုယ်ရွေးချယ်ခဲ့တာတွေနဲ့ ပတ်သက်တဲ့ ရလဒ္ တွေကိုလည်း ရှောင်လွှဲလို့ မရနိုင်တော့ဘူးပေါ့။ လုပ်သက် သက်တမ်းဝက် ရောက်တဲ့အခါ မကြာခဏဆိုသလိုပဲ ကိုယ်မနေဖူးတဲ့ ဘဝတွေနဲ့ပတ်သက်တာကို အထင်ကြီးပြီး၊ လွတ်သွားရကောင်းလားဆိုပြီး၊ နာကျဉ်မှုတွေကို ခံစားရတတ်ပါတယ်။ 


          စာရေးသူပါမောက္ခ Kieran Setiya ရဲ့အကြောင်းကို ပြန်ကြည့်မယ်ဆိုရင် သူဟာ သူ့အဖေလိုပဲ ဆရာဝန်ဖြစ်ချင်ခဲ့တာပါ။ ကဗျာဆရာတစ်ယောက်ဖြစ်ဖို့လည်း စိတ်ကူးယဉ်ခဲ့တာပဲ။ ကောလိပ်ရောက်တော့ philosophy ဘာသာရပ်ကို သူရွေးချယ်ခဲ့တယ်။ နောင် (၁၅)နှစ်၊ အနှစ် (၂၀)ကြာသည့်တိုင်အောင် အပြောင်းအလဲတွေနဲ့ ပတ်သက်တာ မစဉ်းစား မိခဲ့ဘူး။ သင်တို့တွေအတွက် ခက်ကောင်း၊ ခက်နိုင်သော်လည်း သူအဖို့ရာ အလွယ်တကူပဲ သူရွေးချယ်ခဲ့တဲ့ ပညာရပ်နဲ့ ဘွဲ့ရခဲ့ပါတယ်။ အသက် (၃၅)နှစ်လောက်ရောက်တော့ ပညာရေးဆိုင်ရာပြေးလမ်းမှာ အတားအဆီးတွေကို ခုန်ပျံကျော်လွှားရင်း၊ ခဏအပန်းဖြေ၊ အသက်ပြင်းပြင်းလေးရှူနေစဉ် သူလုပ်ချင်ခဲ့တာတွေကို ဘာတစ်ခုမှ မလုပ်ခဲ့မိပါလားလို့ သတိပြုမိခဲ့ပါတယ်။ ပညာရေးမှာ လုပ်ကိုင်နေခြင်းဟာ မထူးဆန်းတဲ့ အစီအစဉ်အတိုင်း လုပ်ကိုင်နေရပေမယ့် စွန့်လွှတ်ဖို့ခက်ခဲပါတယ်။ ဘယ်သူများ အလွယ်တကူ လုပ်သက်ကို စွန့်လွှတ်နိုင်မှာလဲ။ တကယ်ဆိုတော့ ဆေးကျောင်းလျှောက်မယ်၊ ကဗျာဆရာလုပ်မယ်ဆိုပြီး ဂီယာပြောင်းထိုးတော့မယ်ဆိုတာလည်း မဖြစ်နိုင်တော့ပါ။ သူက University of Pittsburgh ကနေ MIT ကို ပြောင်းကောင်းပြောင်းနိုင်သော်လည်း၊ ပညာရေးလောကကနေထွက်ဖြစ်မှာ မဟုတ်တော့ဘူးပေါ့။


          သင့်ရဲ့အတိတ်က အသက်မွေးဝမ်းကျောင်းမှုပုံသဏ္ဍာန်က ရှုပ်ထွေးမှုကြောင့် ဖြစ်နိုင်ခြေရှိပါတယ်။ ကံကြမ္မာပဲပေါ့။ ပျမ်းမျှခြင်းအားဖြင့် အသက် (၄၀)နှစ်အရွယ်မှာ အလုပ်ပမာဏဟာ ကျယ်ပြန့်နေလောက်ပါပြီ။ အတွေ့အကြုံတွေများနေပြီ၊ ကျွမ်းကျင်တာတွေလည်း များနေပြီပေါ့။ သို့သော် အခြေခံအချက်တွေကတော့ ကျန်နေပါသေးတယ်။ ကျနော်တို့ ကိုယ့်ဘဝနောက်ကြောင်းပြန်ခေါ်ကြည့်လိုက်တဲ့အခါ တစ်ခါတရံ သက်သောင့်သက်သာရှိပေမယ့် အချို့အချိန်တွေမှာ နောင်တရနေတတ်ပါတယ်။ ကိုယ်မလျှောက်ခဲ့ရတဲ့လမ်းတွေအတွက် လိုချင်တောင်းတနေလို့ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ philosophy က ကျနော်တို့ကို ကူညီနိုင်မလား။


          ဖြစ်နိုင်တယ်လို့ သူထင်ပါတယ်။ ဒီနောင်တဆိုတဲ့ ပြဿနာကို အခြားနည်းနဲ့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ကျနော်တို့ မလုပ်ကိုင်ခဲ့တဲ့ အလုပ်တွေ၊ မဖြတ်သန်းခဲ့တဲ့ ဘဝတွေနဲ့ပတ်သက်လို့ ဆုံးရှုံးတယ်လို့ ဘာကြောင့်များ ခံစားနေကြရတာလဲ။ အခြေအနေကောင်းနေသည့်တိုင်အောင် ဒီလိုပဲဖြစ်နေကြတာပဲ၊ ဘာလို့လဲဆိုတော့ မတူတဲ့ရွေးချယ်မှုတွေမှာ မတူတဲ့တန်ဖိုးတွေရှိနေတာကို သိကြလို့ပဲဖြစ်ပါတယ်။ ထိုက်တန်တဲ့လုပ်ဆောင်မှုတွေဟာ သူ့နည်းနဲ့သူတော့ ကျေနပ်စရာတွေဖြစ်နေမှာပါ။ ရိုးရိုးလေးဥပမာပေးကြည့်မယ်ဆိုရင် - ယနေ့ညမှာ ပြဇာတ်ပွဲသွားကြည့်မလား၊ ဒါမှမဟုတ် ကမ္ဘာအဆင့်ပထမဦးဆုံး အားကစားပွဲစဉ်တွေကို သွားကြည့်မှာလား။ baseball နဲ့ပတ်သက်လို့ သင်ကောင်းကောင်းသိထားတယ်ဆိုရင် နည်းနည်းလေးလွတ်သွားတာဟာ သင့်အတွက် ဘာမှမဖြစ်လောက်ဘူးလို့ ဆိုရမှာပါ၊ ဒါဆိုသင့်ရဲ့ ဆုံးဖြတ်ချက်မှန်တယ်လို့ ပြောရမှာပေါ့။ အကယ်၍ ပြဇာတ်ဆိုတာ တစ်ညတည်းပြတာဆိုရင် အဲဒီညသွားမကြည့်ဖြစ်ခဲ့ရင် ဇာတ်ပွဲက ပြကွက်တွေ အကုန်လွတ်သွားမှာဖြစ်ပါတယ်။ အသက်မွေးမှု အလုပ်လုပ်တာဟာလည်း ဒီလိုဖြစ်စဉ်သဘောတရားတွေပဲဖြစ်ပါတယ်။ ကုမ္ပဏီနှစ်ခုက ရာထူးအဆင့်တူတဲ့အလုပ်ကို တစ်ပြိုင်နက်တည်း ခေါ်ခဲ့မယ်ဆိုရင် သင်က လစာပေးများတဲ့ ကုမ္ပဏီကို ရွေးချယ်ခဲ့မှာပဲ။ ဒါဆို သင်ဝမ်းနည်းစရာမလိုဘူးပေါ့။ သို့သော် သင့်ရွေးချယ်မှုက မှန်ကန်နေ သည့်တိုင်အောင် ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ အလုပ်ကနေ ဖက်ရှင်ဘက်ကို ပြောင်းရွေးချယ်မယ်ဆိုရင် အတွေ့အကြုံတွေဆုံးရှုံးမှုဖြစ်မှာကတော့ အသေအချာပါ။ 


          အဲဒီနောင်တတရားက အရာရာတိုင်းမှားယွင်းတာလို့ ညွှန်းဆိုတာတော့ မဟုတ်ပါ။ ရလာတဲ့ ရလဒ္က အဖူးအပွင့်တွေနဲ့ ဝေဝေဆာဆာဖြစ်နေသည့်တိုင်အောင် နောင်တဆိုတာကရှိနေဦးမှာပါ။ သင်တန်ဖိုးထားတဲ့ လှုပ်ရှားမှုတိုင်းမှာ နောင်တဆိုတာက ဆက်ပြနေဦးမှာပါ။ ဘဏ္ဍာရေးလုပ်ငန်းနယ်ထဲသွားမယ့်အစား ဖက်ရှင်ဘက်ကို လိုက်မယ်ဆိုရင် အာရုံစိုက်ရမှာတွေက မတူပေမယ့် အတွေ့အကြုံဆိုတာတွေက သူနယ်ပယ်နဲ့ သူရနေမှာဖြစ်ပါတယ်။ ဒီနောင်တဆိုတာကို ဘယ်လိုဖယ်ရှားရမလဲ။ လုံးလုံးလျားလျားဖယ်ရှားနိုင်မယ့် တစ်ခုတည်းသောနည်းက - တစ်ခုခုရွေးထုတ် ပြီး အဲဒီတစ်ခု၊ နည်းတစ်နည်းအပေါ်မှာပဲ အာရုံစိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ အဲဒီတစ်ခုဟာ သင့်ဘဝကို ဆင်းရဲမှုဖြစ်ကောင်း ဖြစ်စေနိုင်ပါမယ်။ ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့က ကောင်းဖို့ဖြစ်လာတာ၊ ထိုက်တန်တာ ဖြစ်လာတာလို႔သာ မှတ်ရမှာဖြစ်ပါတယ်။


အမှားတွေ၊ ကံဆိုးတာ၊ ရှုံးနိမ့်တာတွေ


          အားလုံးတော့ ကောင်းနေတာပဲလို့ သင်ပြောကောင်း ပြောပါလိမ့်မယ်။ ဒါပေမဲ့ တချို့ဟာတွေက အဆင်မပြေဘူး။ ဒါဆို ဘာမှားနေလဲ၊ ကံဆိုးတာလား၊ တကယ်ပဲ ကျရှုံးတာလား။ အလုပ်လုပ်ကြသူတိုင်း၊ အလုပ်တိုင်းမှာ အမြဲမှန်နေတာမှမရှိဘဲ မှားတဲ့အခါတွေလည်းရှိပါရဲ့။ တချို့ကျတော့ ပိုမှားတာ၊ အမှားများတာတွေတော့ရှိကြမှာပေါ့။ လုပ်သက်သက်တမ်းဝက်မှာ ကိုယ့်ကိုယ်ကိုယ်သိလာရတာက ဖြစ်သင့်တာတွေအတွက် ဝမ်းနည်းစရာ တွေပါပဲလားဆိုတာပါ။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကဆို အလားအလာရှိနေတဲ့ ဂီတနဲ့ အသက်မွေးဝမ်းကျောင်းမှုကို စွန့်လွှတ်ပြီး corporate lawyer အလုပ်ကို ပြောင်းလုပ်ခဲ့ပါတယ်။ (၁၀)နှစ်ကြာတဲ့အခါ မကျေမချမ်း ဖြစ်ပြီး သူမရဲ့ အလုပ်ဟာ ပျင်းစရာကောင်းတယ်ဆိုတာ သိလာရပါတယ်။ ဒီအချိန်ကျမှတော့ ဒီလမ်းကြောင်းပေါ်ကနေ ပြန်ပြောင်းဖို့ စူးစမ်းမှုနဲ့ အရင်တုန်းကသာ ပြောင်းခဲ့ရင်ကောင်းသားဆိုတဲ့ ခြောက်လှန့်မှုတွေရှိနေမှာတော့ အမှန်ပဲဖြစ်ပါတယ်။ ဘာကြောင့်များ ဂီတကို စွန့်လွှတ်တဲ့ အမှားတွေလုပ်ခဲ့တာလဲ။ အဲဒါနဲ့ ဘယ်လောက်များ ငြိမ်းချမ်းနေလိုက်မလဲ။


          အတွေးအခေါ်ဘက်က ထပ်ကြည့်ပါမယ်။ ဘာလုပ်သင့်ခဲ့သလဲဆိုတာ (သို့) အဲဒီအချိန်တုန်းက လိုလိုလားလားရှိနေခဲ့တဲ့အရာကို အခုအချိန်မှာ ဘယ်လိုမြင်သလဲဆိုတာ ကွဲကွဲပြားပြားသိအောင်ကြည့်ပါ။ အဖြစ်အပျက်တွေဟာ မှန်းထားသလိုဆက်မဖြစ်တဲ့အခါ ဒီနှစ်ခုဟာ သိသိသာသာကြီး ကွဲပြားလာလိမ့်မယ်။ အကယ်၍ ရူးသွပ်တဲ့ မြှုပ်နှံမှုတွေလုပ်ခဲ့ပေမယ့် အကျိုးအမြတ်တွေရခဲ့မယ်ဆိုရင် ဒီအပေါ်မှာ နောင်တဆိုတာ မထားသင့်ဘူးပေါ့။ သို့သော် အခြေအနေပြောင်းသွားလို့ စိတ်ခံစားချက်ပြောင်းတာကတော့ အံ့ဩစရာမဟုတ်ပါ။ Moral philosopher ဖြစ်တဲ့ Derek Parfit က ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဟာ သူမရဲ့ ဘဝမတည်ငြိမ်ဖြစ်စေနိုင်စေကာမူ၊ ကိုယ်ဝန်ဆောင်မယ်၊ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့ စိတ်ကူးနဲ့ တွေးတောပုံဖော်ကြည့်လိုက်ပါတယ်။ ဒီလိုဆုံးဖြတ်ခြင်းဟာ သူမရဲ့ ပညာရေးကို တိုတောင်းပြတ်တောက်နိုင်ပါတယ်၊ ကလေးကို မွေးမြူဖို့ အများကြီးရုန်းကန်ရမှာဖြစ်လို့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ထင်မြင်ယူဆပါတယ်။ သို့သော်လည်း နှစ်တွေများစွာကြာလာပြီးတဲ့နောက်မှာ သူမရဲ့ ဆယ်ကျော်သက်အရွယ်သားလေးကို ပွေ့ဖက်ထားချိန်မှာ ကလေးအတွက် ဂုဏ်ယူနေမယ်၊ သူမလုပ်ခဲ့တဲ့ အမှားဆိုတဲ့အရာအတွက် ဓမ္မဓိဌာန်ကျစွာပဲ ဝမ်းမြောက်ဝမ်းသာဖြစ်နေမှာပါ။ သင်ချစ်ခင်မြတ်နိုးသူနဲ့သာ နေနေရမယ်ဆိုရင် အတိတ်မှာဖြစ်ခဲ့တာတွေအပေါ်မှာ အခိုင်အမာရပ်တည်ပြီး နောင်တဆိုတာမရှိနိုင်ဘူးပေါ့။   


          ဂီတနဲ့ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းမှုကို လက်လွတ်လိုက်ရတဲ့အပေါ် ဝမ်းနည်းနောင်တရနေတဲ့ သူငယ်ချင်းကို - သူမသာ ဥပဒေ ကျောင်းကို မရောက်ခဲ့ရင် လက်ရှိချစ်ရတဲ့ ခင်ပွန်းနဲ့လည်း ဆုံရမှာမဟုတ်ဘူး၊ သမီးဆိုတာလည်း ရှိလာမှာမဟုတ်ကြောင်း၊ ပြန်ပြောင်းအမှတ်ရစေခဲ့ပါတယ်။ ချစ်ခင်မှု၊ မြတ်နိုးမှုတွေဟာ နောင်တတရားကို တန်ပြန်ပြီး၊ ကျား ကန်ပေးနိုင်မယ့် အလေးတုံး၊ တန်ဖိုးပဲဖြစ်ပါတယ်။ ဒါကြောင့် သူဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရာကနေ စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာကနေ ကောက်သင်းကောက်သလို အချက်အလက်တွေစုဆောင်းကာ၊ ပြီးပြည့်စုံအောင် လေ့လာဆန်းစစ်မှုတွေကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ အတွေးအခေါ်ပညာရှင် Robert Adams က “အကယ်၍သာ ကျွန်ုပ်တို့ရဲ့ဘဝဟာ ကောင်းမွန်နေပြီဆိုရင် ပိုကောင်းအောင်နေမယ်ဆိုတာထက် ဝမ်းမြောက်ပျော်ရွှင်နေတတ်ကြပါတယ်။ ဒါပေမဲ့ မတူဘူးပေါ့။” လို့ ရေးသားခဲ့ပါတယ်။ 


          မပြတ်မသား မပီဝိုးတဝါးအချက်အလက်တွေ၊ စိတ်ကူးတွေနဲ့မဟုတ်ဘဲ အတိအကျပြောရရင် သင်က အလုပ်အကိုင်မှာ တော်တော်ကြီးအောင် မြင်နေမယ်ဆိုပါစို့။ သင်လျှောက်လှမ်းခဲ့တဲ့လမ်းကြောင်းဟာ ခိုင်မာတယ်၊  သင့်ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ဟာ အမှန်တကယ်ကောင်းမွန်တယ်လို့ ဆိုရမှာပါ။ လူတွေနဲ့ တွဲဖက်ပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ဒီလူတစ်ယောက်နဲ့ အပြန်အလှန်ပေါင်းသင်းဆက်ဆံမှု၊ အပေးအယူမျှတမှု၊ အခြား သူတွေနဲ့ မရနိုင်တာ၊ ဒီလူနဲ့ပဲရတယ်၊ သူနဲ့လုပ်လို့ပဲ အောင်မြင်တယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ စာရေးသူက philosopher မဖြစ်ဘဲ သမားတော်ဖြစ်ခဲ့သင့်တယ်လို့ သူ့ကိုယ်သူစဉ်းစားမိတိုင်း၊ သူရွေးချယ်ခဲ့မှုအပေါ် နောင်တတွေရနေခဲ့ပါတယ်။ ဒါဆို ကျောင်းသားတွေ အောင်မြင်တိုးတက်သွားတာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အောင်မြင်တဲ့ပြောဆိုဆွေးနွေးမှုတွေ၊ အောင်မြင်တဲ့တင်ပြမှုတွေဟာ လျှောက်လှမ်းခဲ့တဲ့လမ်းတွေမှာ ရေတွက်လို့ မရနိုင်တဲ့ထင်ရှားတဲ့လုပ်ဆောင်ချက်တွေ၊ တန်ဖိုးတွေပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေကို နောင်တရပါတယ်ဆိုရင် သူ့အလုပ်ရဲ့ ညက်ညောမှု၊ အဖိုးတန်တဲ့ရလဒ္တွေကို လျစ်လျှူရှုသလိုဖြစ်သွားပါလိမ့်မယ်။ ဒါဟာအမှန်ပါပဲ။ ကိုယ်မရခဲ့တဲ့ ကြီးကျယ်ပါတယ်ဆိုတဲ့ ကာတွန်းဆန်တဲ့ဘဝကို ဆန့်ကျင် လိုက်ရမှာဖြစ်ပါတယ်။


          ဒါဟာ အလုပ်မှာ ကန့်သတ်မှုတွေရှိနေတဲ့အခါ ပြန်လည်စဉ်းစားတဲ့ နည်းလမ်းဖြစ်ပါတယ်။ အမှားတိုင်းကို နောက်ပြန်ဆွဲဖို့ (သို့) နောင်တဆိုတာ မရှိရအောင် အာမခံလို့တော့ မရဘူးပေါ့။ သင်ရွေးချယ်လိုက်တဲ့အလုပ်ပေါ် မူတည်ပြီး လုပ်ဆောင်ရတဲ့ လုပ်ဆောင်ချက်တွေ၊ ဆက်ဆံရတဲ့လူတွေ၊ ဒါတွေအပေါ်စွဲညှိနှစ်မြှုပ်ထားရမှာဖြစ်ပြီး အဲဒီကနေထွက်လိုက်ရင်တော့ လုပ်စရာမလိုတော့ဘူး၊ ဒါပေမဲ့ နောင်တဆိုတာကို ခလုတ်ဖွင့်လိုက်သလို ဖြစ်လာနိုင်ပါတယ်။ 


လက်ရှိဘဝကို ငြီးငွေ့နေပြီ


          ခွက်ကို ချထားသကဲ့သို့ “U” ပုံသဏ္ဍာန်အကွေးလေးဖြစ်နေတာနဲ့  ထိပ်တိုက်ရင်ဆိုင်အငြင်းပွားမနေတော့ဘဲ ပြောင်းလဲလို့ မရတာကို လက်ခံဖို့ပဲရှိပါတယ်။ စာရေးသူအတွက် လုပ်သက်လမ်းခုလတ်မှာ စိတ်ပျက်စရာကိုဖြစ်စေတဲ့ အနက်နဲဆုံးသော အရင်းအမြစ်က ဘာဖြစ်မလဲ။ အတိတ်နဲ့ ပတ်သက်တဲ့ နောင်တတရားမဟုတ်ဘဲ ပစ္စုပ္ပန်မှာ အချည်းအနှီးဖြစ်တယ်လို့ ခံစားရမှာကိုပဲဖြစ်ပါတယ်။ သူ့အလုပ်ကတော့ ထိုက်တန်နေသေးတယ်လို့ ထင်ရပါတယ် - သင်ကြားမှုတွေ၊ သုတေသနပြုချက်တွေ၊ စာအုပ်ရေးသားမှုတွေမှာ ရလဒ္တွေကို မြင်နေရလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့မှာပြို ကျပျက်စီးသွားမယ့် ဟောင်းလောင်းဖြစ်နေတဲ့ စီမံကိန်းအစီအစဉ်တွေ လိုဖြစ်နေပါတယ်။ တစ်ခုပြီး တစ်ခုလုပ်မယ်လို့ မျှော်လင့်ရပေမယ့် နောက် ဆုံးမှာ အငြိမ်းစားယူသည့်တိုင် တစ်နည်းနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်တယ်လို့ ခံစားရပါတယ်။


          ကြည့်ရတာတော့ ဘာမှမရှိဘူးဆိုပေမယ့် ထိုက်တန်အောင် ဘယ်လိုလုပ်နိုင်မလဲ။ လိုအပ်တာတော့ မဟုတ်သေးဘူး၊ ဒါပေမဲ့ အဖြေသိထားပြီး ဖြစ်အောင် လုပ်ထားမယ် (သို့) ပြဿနာဖြေရှင်းလိုက်လို့ ရလဒ္ကောင်းလာတယ် စသဖြင့်ကောင်းအောင်ပြုပြင်ပြီး တန်ဖိုးတက်အောင်လုပ်ပါလို့ ပထမရှင်းလင်းချက်က ညွှန်းဆိုပါတယ်။ အလုပ်တွေက ဒီလိုတွေပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေအကြား ပရိပက္ခဖြစ်နေစဉ်မှာ ကြားကဖြန်ဖြေပေးရတဲ့အခါမျိုးတွေမှာ ထုတ်ကုန်ကနေ မမျှော်လင့်ဘဲ ချို့ယွင်းမှုတွေဖြစ်လာတာကို ဖြေရှင်းပေးရတဲ့အချိန်မျိုးတွေမှာ စည်းကမ်းသတ်မှတ်ချက်နဲ့ ညီပါတယ်ဆိုပြီး မိမိကိုယ်ကိုသေချာနေပါစေ။ ဒါတွေလိုအပ်ပါသော်လည်း၊ ကောင်းအောင်တော့ လုပ်ပေးလိုက်တာပဲ၊ ကျေနပ်မှု၊ မကျေနပ်မှုဆိုတာ ကန့်သတ်ချက်တွေရှိတော့ ပြောမရဘူးပေါ့။ အကောင်းဆုံးလုပ်နိုင်တာက အမှားကို ပြုပြင်၊ ပစ်မှတ်ကို ထိအောင်လုပ် (သို့) မမှားအောင် ကာကွယ်တားဆီး၊ အကောင်းမြင်ကြီးပဲ မလုပ်ဖို့ စတာတွေပဲဖြစ်ပါတယ်။ ဘာလို့အပင်ပန်းခံနေ မလဲ။ 


          Mid-career crisis အတွက် အကြောင်းပြချက်တစ်ခုက အလုပ်ပြုတ်မှာကြောက်လို့၊ ရလဒ္မကောင်းမှာ စိုးလို့ အလုပ်ထဲမှာအချိန်တွေအများကြီးသုံးနေခဲ့ကြခြင်းပဲဖြစ်ပါတယ်။ တကယ်ဆိုတော့ ရပ်တည်နိုင်လောက်မယ့် အခြေအနေရှိတဲ့ အလုပ်စီမံကိန်းတွေ၊ ကိုယ်နဲ့ ထိုက်တန်တဲ့အလုပ်တွေကိုသာ လုပ်ကိုင်သင့်ကြပါတယ်။ ဖြေရှင်းနည်းကတော့ ရုံး ခန်းထဲမှာဖြစ်နေပါစေ၊ ကိုယ့်အတွက် စိတ်ခံစားချက်ကောင်းတဲ့ လုပ်ဆောင်မှုတွေနဲ့ အချိန်ကုန်နေရမယ်ဆိုရင် ဥပမာအားဖြင့် နှစ်အကြာကြီး ရပ်ထားတဲ့ အိမ်မွေးတိရိစ္ဆာန်မွေးတာပြန်စမယ်၊ ကိုယ်နှစ်သက်တဲ့ ဝါသနာကို ပြန်လည်သက်ဝင်နိုးကြားလာအောင် (သို့) နောက်ထပ်ဝါသနာအသစ်ကို အကောင်အထည်ဖော်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒီအကြံဟာ သာမန်လို့ ထင်ရပေမယ့် တော်တော်နက်နဲမှုရှိပါတယ်။ Salsa dancing ဆိုခေါ်တဲ့ လက်တင်အက ကတာ၊ တံဆိပ်ခေါင်းစုတာတွေဟာ သင့်အလုပ်ထက်ပိုပြီး အရေးမကြီးဘူးဆိုတာဖြစ်ရပါမယ်၊ ဒါပေမဲ့ ရပ်တည်ဖို့အတွက် လုပ်ရမယ့်အရာတွေကိုတော့ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့က အနှစ်သာရဖြစ်ပါတယ်။ ဒါဆိုရင် သင့်ဘဝမှာ ထိုထိုသော သာယာမှုတွေအတွက် အခန်းတွေ လုပ်ထားရမှာဖြစ်ပါတယ်။  


          Mid-career လိုကာလမှာ “ဘာမှမရှိပါလား” ဆိုတဲ့ စိတ်ခံစားချက်နဲ့ ပတ်သက်လို့ ဒုတိယရှင်းလင်းချက်မှာ - ကိုယ်ရပ်တည်ဖို့ လိုအပ်တာထက် ပိုလိုချင်တဲ့ စိတ်ကြောင့် ဒီလိုစိတ်ခံစားရတာပါလို့ ရှင်းလင်းတင်ပြထားပါတယ်။ ဒါကို အတွေးအခေါ်ပညာရပ်ဆန်စွာနဲ့ ကြည့်လိုက်မယ်ဆိုရင် အလုပ်တွေရဲ့ သဘောသဘာဝနဲ့ အဲဒီအပေါ် ဘယ်လောက်အထိမြှုပ်နှံထား တာလဲ စတဲ့အဆင့်ဆင့်သောဖြစ်စဉ်တွေကို - စာရွက်အဆင့်ကနေ အကောင်အထည်ဖော်တဲ့အဆင့်တက်လာမယ်၊ ပွဲစား၊ ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းရတဲ့အဆင့် (သို့) ထုတ်ကုန်ကနေ ပုံစံရုပ်လုံးပေါ်လာတဲ့အဆင့် စတာတွေကို ထင်ထင်ရှားရှားတွေ့မြင်ရမှာဖြစ်ပါတယ်။ အလုပ်ဆိုတာ သူ့သက်ဆိုင်ရာအလိုက် ပြီးမြောက်ဖို့ ပန်းတိုင်တွေ၊ ရည်ရွယ်ချက်တွေ သတ်မှတ်ထားကြရပါတယ်။ ဥပမာ - စာစီစာကုံးရေးမယ်လို့ ရည်ရွယ်ချက်ထား အာရုံပြုထားတယ်ဆိုရင် ရေးလို့တော့ မပြီးသေးပေမယ့် ပြီးမယ့်အချိန်လေးကို စဉ်းစားကြည့်လိုက်မိတတ်ပါတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် ပြီးမယ့်အချိန်၊ အောင်မြင်မယ့်အချိန်ကို မှန်းကြည့်တတ်ကြတာ လူ့သဘာဝပါ။ ကျေနပ်မှုဆိုတာ အတိတ်မှာရော အနာဂတ်မှာပါရှိနေတတ်ပြီး၊ လက်ရှိကာလမှာ ဘာမှမရှိဘူးဆိုတာ အံ့ဩစရာတော့မဟုတ်ဘူးပေါ့။ သင့်အတွက် အဓိပ္ပာယ်အနှစ်သာရ အကျိုးရှိမယ့် အလုပ်တစ်ခုကို ပြီးစီးဖို့ ကြန့်ကြာနေမယ်၊ နောက်ပြီး ဒီအလုပ်နဲ့ပါ အဆက်ဖြတ်ခံရမယ်ဆိုရင်တော့ ဒါဟာ အဆိုးဆုံးပဲပေါ့။ အလုပ်တစ်ခု၊ စီမံကိန်းတစ်ခုရဖို့အတွက် လိုက်နေချိန်မှာ အောင်မြင်သွားတာလည်းရှိသလို လက်လွှတ်လိုက်တာလည်းရှိရာ အဲဒါတွေက သင့်ရဲ့ဘဝကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။


          Mid-career crisis ရဲ့နောက်ပုံစံတစ်မျိုးကတော့ စီမံကိန်းတွေအပေါ် အလွန်အကျွံမြှုပ်နှံပြီး၊ နောက်ထပ်ပြီး၊ နောက်ထပ်အောင်မြင်မှုတွေအတွက် မှန်းထားတတ်ကြခြင်းပဲဖြစ်ပါတယ်။ ဒါဟာ နောက်ထပ်လမ်းကြောင်း လည်းဖြစ်နိုင်ပါတယ်။ သတိရှိနေရမယ်ဆိုတာ ယနေ့ခေတ်လိုအခါမျိုးမှာ ဖက်ရှင်လိုဖြစ်နေပါပြီ။ ပစ္စုပ္ပန်မှာ နေနေတယ်ဆိုတာကို မမေ့အောင် ဂါထာမန်းမှုတ်နေရမှာဖြစ်ပါတယ်။ သူဟာ စာနာတတ်သူ မဟုတ်ပါ။ တစ်ဦးတည်း ရပ်တည်လို့မရဘူးဆိုတော့ ထင်ရှားတာ ဘာကျန်ဦးမှာလဲ။ ပစ္စုပ္ပန်မှာ နေတယ်၊ ဘာမှထူးဆန်းတာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိနေရမှာ ဖြစ်ပါတယ်။


          အဓိကသော့ချက်က ကျွန်ုပ်တို့နဲ့ပတ်သက်နေတဲ့ လှုပ်ရှားမှုနှစ်မျိုးကို ခွဲခြားသိမြင်အောင်လုပ်ခြင်းဖြစ်ပါတယ်။ စီမံချက်တွေ၊ စီမံကိန်းတွေဆိုတာဟာ ဦးတည်ချက်၊ ရည်ရွယ်ချက်ပန်းတိုင်တွေနဲ့ လှုပ်ရှားလုပ်ကိုင်ဆောင် ရွက်ကြရတာဖြစ်ပါတယ်။ လမ်းခုလတ်မှာ မအောင်မြင်သေးဘူးနော်၊ ဒါပေမဲ့ ခရီးလမ်းဆုံး၊ ပန်းတိုင်ကို ဖော်ပြထားရပါတယ်။ အောင်မြင်မှုတွေရပြီ၊ ကျေနပ်ပြီဆိုရင် စီမံချက်ကို အဆုံးသတ်၊ နောက်ထပ်စီမံချက်အသစ်ကို ရွှေ့ကြရမှာ ဖြစ်ပါတယ်။   


          နောက်လှုပ်ရှားမှုတစ်မျိုးမှာတော့ လမ်းဆုံးပန်းတိုင်က တွဲ၍ပါမလာပါ။  “အိမ်ပြန်နေတယ်” နဲ့ “အညောင်းအညာပြေလမ်း လျှောက်နေတယ်”၊    “ကလေးသိပ်နေတယ်” နဲ့ “ကလေးကို အုပ်ထိန်းတယ်” စတဲ့ မတူကွဲပြား တာကို စဉ်းစားကြည့်ပါ။ သင်ဟာ ပစ်မှတ်သတ်မှတ်ထားခြင်းမရှိတဲ့အလုပ်ကို လုပ်နေရတယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှုဖြစ်မှာ မဟုတ်သလို၊ ဘာမှမရှိပါလားဆိုတဲ့ စိတ်ခံစားချက်လည်း ပေါ်လာမှာ မဟုတ်ပါ။ ပစ်မှတ်မပါတဲ့အလုပ်တွေက လက်ရှိပစ္စုပ္ပန်ကို တည့်တည့်ရှုရတဲ့သဘောရှိပါတယ်။ 


          လုပ်ငန်းခွင်မှာ ဦးတည်ချက်နဲ့ ပစ်မှတ်ထားလုပ်ရတဲ့အလုပ်တွေရှိသလို၊ ပစ်မှတ်မထားဘဲ အလုပ်တွေလည်း လုပ်နေရတာလည်းရှိပါတယ်။  ဥပမာ - HR report ပြင်ဆင်မယ်ဆိုရင် ရည်ရွယ်ချက်၊ ဦးတည်ချက်ရှိရမှာဖြစ်ပြီး၊ လုပ်ဖော်ကိုင်ဖက်တွေဆီကနေ တုန့်ပြန်မှု၊ ထင်မြင်ချက်တောင်းတယ်ဆိုရင် ရည်ရွယ်ချက်ကြီးကြီးမားမားတွေချမှတ်နေစရာမလိုဘူးပေါ့။ ဦးတည်ချက်တွေချ၊ ပန်းတိုင်တွေချပြီးလုပ်တော့မယ်ဆိုရင် အဓိပ္ပာယ်ရှိ အနှစ်သာရပြည့်ဝနေဖို့ လိုပါတယ်။ ညှိနှိုင်းနေရတဲ့အလုပ်တွေမှာဆို ကုမ္ပဏီကြီးထွားဖွံ့ဖြိုးတိုးတက်ဖို့၊ ညီလာခံတစ်ခုကို လက်ခံကျင်းပနေတယ်ဆိုရင် အကျိုးဆိုင်သူတွေနဲ့ ရင်းနှီးမှု၊ အဆက်အသွယ်အချိတ်အဆက်မိဖို့ စတဲ့ ဦးတည်ချက်၊ ပန်းတိုင်တွေရှိနေရမှာဖြစ်ပါတယ်။ ဒါဆို သင့်မှာ ရွေးချယ်စရာရှိနေပြီပဲ။ သတ်မှတ်ချက်တွေနဲ့ စီစဉ်ထားတဲ့ စီမံကိန်းပဲဖြစ်ဖြစ်၊ လုပ်လက်စ လုပ်ရိုးလုပ်စဉ်လုပ်ငန်းစဉ်ပဲဖြစ်ဖြစ်၊ တစ်ခုမဟုတ်တစ်ခုကိုတော့ အာရုံစိုက်လုပ်နေရမှာဖြစ်ပါတယ်။ သင့်ရဲ့ ဦးတည်ရာဟာ စီမံကိန်းနဲ့ လုပ်ရတဲ့အလုပ်တွေနည်းအောင် ရည်ရွယ်ထားတယ်ဆိုရင် အပြောင်းအလဲလုပ်ဖို့ မလိုဘဲ (သို့) သင်ဘယ်လောက်အထိ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နိုင်သလဲ အပေါ်မူတည်ပြီး ချိန်ညှိမှုတွေလုပ်ခြင်းအားဖြင့် လက်ရှိအချိန်မှာ ဘာမှမရှိပါလားဆိုတဲ့ စိတ်ခံစားချက်ကို အနိုင်ယူနိုင်မှာဖြစ်ပါတယ်။ 


          စစ်ဆေးတဲ့မေးခွန်းဆီပြန်သွားကြရအောင်။ Mid-career နဲ့ပတ်သက်တဲ့ စိတ်ပျက်စရာတွေက ဘယ်အချိန်မှာ ပြောင်းလဲဖို့ အချက်ပြပါသလဲ၊ အပြောင်းအလဲကို ဆန့်ကျင်မယ်ဆိုရင် ဘယ်လိုထင်မလဲ၊ ဘယ်လိုခံစားရမလဲ။ သင့်ရဲ့ အရည်အချင်းက အလုပ်နဲ့ကိုက်ညီမှုမရှိလို့ (သို့) သင့်ရဲ့   စိတ်ဝင်စားတဲ့အရာပြောင်းလဲသွားလို့ (သို့) နောင်မှာ ရာထူးတိုးနိုင်မယ့် အလားအလာနည်းလို့ စတာတွေကြောင့် သင့်ကို မကျေနပ်မှုတွေဖြစ်လာစေနိုင်ပါတယ်။ သင့်ရဲ့ ကျေနပ်မှုမရှိခြင်းဟာ နောင်တဆိုတဲ့ ခလုတ်ကို ဖွင့်လိုက်သလို၊ စီမံကိန်းတွေကို ကိုယ့်သဘောနဲ့ ကိုယ်ရပ်ဆိုင်းလိုက်တာတွေ၊ ဦးတည်ရာမဲ့ နောက်ထပ်အလုပ်သစ်ရှာတာတွေ ဖြစ်လာနိုင်ပါတယ်။ စာရေးသူက သူရှာဖွေထားတဲ့အကြောင်းအရာတစ်ခုကို သတ်မှတ်နိုင်ဖို့ အ ဆင့်ကို ဗျူဟာချဆောင်ရွက်ခဲ့ပါတယ်။ ဒီဗျူဟာတွေက အကန့်အသတ်ဖြစ်နေတဲ့ သင့်ရဲ့အသက်မွေးဝမ်းကျောင်းမှုကို ပြန်လည်သင့်မြတ်အောင် လုပ်ပေးနိုင်လောက်ပါ့မလား။ အကယ်၍ မလုပ်ပေးနိုင်ဘူးဆိုရင် လမ်းကြောင်းပြောင်းဖို့ပဲ ဆွေးနွေးရတော့မှာပေါ့။ လုပ်သက် သက်တမ်းဝက်က သိပ်အနောက်ကျကြီးတော့ မဟုတ်ပါ။ Mid-career crisis ကို အခြေခံ ကျကျလှုံ့ဆော်မှုတွေ လုပ်နိုင်ပြီး၊ ပြောင်းလဲမှုတွေကို မျက်မြင္ဒိ႒ဖြစ်အောင် လုပ်နိုင်ပါတယ်။


          သင် ရုတ်တရက်ပြောင်းပစ်ရတော့မယ်ဆိုရင် ဗျူဟာလိုပါမယ်၊ မမေ့သင့်ပါ။ စာရေးသူလည်း သူ့ရဲ့ စိတ်ပျက်စရာလုပ်ငန်းခွင်ဘဝကနေ ပြန်လည်နိုးထပြီး၊ အလုပ်မှာပျော်ရွှင်စွာ ဆက်လက်လုပ်ကိုင်နိုင်ဖို့ ဒီလိုပဲဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ သတိလက်လွတ်ဖြစ်တတ်တာက ရှောင်လွှဲဖို့ ကြိုးစားချင်တယ်၊ ဒါပေမဲ့ မရဘူးဆိုတာကို သိထားရပါမယ်။ ချိတ်ဆက်၊ တွဲဆက်လိုက်ခြင်းက နောင်တကို ပြန်လည်၍ချိန်ခွင်လျှာချိန်ညှိလိုက်သလိုဖြစ်မယ်ဆိုတာကို နားလည်ထားရမှာဖြစ်ပါတယ်။ စီမံကိန်းတွေ (သို့) ထုတ်ကုန်တွေကို တန်ဖိုးတက်လာဖို့ချည်းမဟုတ်ဘဲ လုပ်နည်းကိုပါ တန်ဖိုးတက်လာအောင် ထိုက်တန်တဲ့လှုပ်ရှားမှုတွေ လုပ်နိုင်ဖို့ ချန်ထားပါဦးလို့ အားပေးရင်း၊ ဆီလျော်သလိုပြန်ဆိုမျှဝေအပ်ပါတယ်။


Reference:  


Kieran Setiya, a professor in the Department of Linguistics and Philosophy at MIT (2017). Facing Your Mid-career Crisis. Princeton University Press, Harvard Business Review.


(Zawgyi)

လမ္းခုလတ္မွာ အက်ပ္အတည္းကို ရင္ဆိုင္ျခင္း ေမးၾကည့္ပါမယ္ - ဆက္ထိန္းသင့္သလား၊ လက္ေလွ်ာ့လိုက္ရမလား။ (စက္တင္ဘာလ 2020)




          တစ္ခါတစ္ရံ က်ေနာ္တို႔ေတြဟာ ကိုယ္ေ႐ြးခ်ယ္ခဲ့တဲ့အလုပ္၊ လမ္းေၾကာင္းမွားေနၿပီလား၊ ဘယ္ဘက္ကို ျပန္ေျပာင္းရင္ေကာင္းမလဲစသျဖင့္ စဥ္းစားေတြးေတာမိတတ္ၾကသလို၊ တစ္ခါတစ္ရံမွာ ေနာင္တရမိသလို ခံစားရတတ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ စာေရးသူပါေမာကၡ Kieran Setiya က သူ႔ရဲ႕ အေတြ႕အႀကဳံအေပၚ အေျခခံၿပီး မိမိကိုယ္ကိုယ္စီမံခန႔္ခြဲျခင္းက႑မွာ ဒီေဆာင္းပါးနဲ႔ အႀကံျပဳ၊ လႈံ႔ေဆာ္မႈျပဳထားတာကို ဆီေလ်ာ္သလို ျပန္ဆို တင္ျပလိုက္ရပါတယ္။   


လြန္ခဲ့တဲ့ (၈)ႏွစ္ေလာက္တုန္းက 


          သူဟာ ဘာအေျပာင္းအလဲမွ သိပ္မရွိလွတဲ့ ဝန္းက်င္မွာ ေနခဲ့ပါလားဆိုတာကို သတိျပဳမိခဲ့ပါတယ္။ သူဟာဘယ္သူလဲ။ အထင္ကရတကၠသိုလ္တစ္ခုရဲ႕ အၿမဲတမ္းရာထူးတစ္ေနရာမွာ ခန႔္အပ္ျခင္းခံထားရတဲ့ Philosophy ပါေမာကၡတစ္ဦးျဖစ္ပါတယ္။ သူ႔မွာ အရင္အိပ္မက္ မက္ထားတဲ့အလုပ္ေတြ လည္းရွိခဲ့မွာပါ။ အခက္အခဲၾကားထဲက စာအုပ္ေတြထုတ္ေဝႏိုင္မႈ (သို႔)လြဲခဲ့မႈေတြ၊ လုပ္သက္ေလးရေအာင္၊ ရာထူးတိုးခံရေအာင္ႀကိဳးစားရင္း စိတ္ဖိစီးမႈေတြနဲ႔ ဒီလိုဘြဲ႕ေတြေပးတဲ့တကၠသိုလ္ကေနပဲ တစ္ဆင့္တစ္ဆင့္တက္လွမ္းျဖတ္သန္းခဲ့ရပါတယ္။ သူ႔မွာ ဇနီး၊ ကေလးတစ္ေယာက္နဲ႔ အငွားစနစ္နဲ႔ ဝယ္ယူထားတဲ့ အိမ္တစ္လုံးရွိပါတယ္။ တကယ္ေတာ့ သူ႔ရဲ႕အလုပ္ကို သူျမတ္ႏိုးပါတယ္။ ဒီလိုနဲ႔ပဲ အနာဂတ္ေမွ်ာ္လင့္ခ်က္ေတြနဲ႔ တစ္ပတ္ကေန တစ္ပတ္၊ တစ္လကေန တစ္လ၊ တစ္ႏွစ္ၿပီး တစ္ႏွစ္နဲ႔ ႀကိဳးစားလာလိုက္တာ၊ အသက္ကေလးရဲ႕ရလာ ငယ္႐ြယ္သူလို သြက္လက္ျဖတ္လတ္မႈေတြ နည္းလာကာ၊ ေလးလံထိုင္းမႈိင္းလာတဲ့အထိျဖစ္ပါတယ္။ သူေရးလက္စ စာတမ္းလည္း ၿပီးလို႔ မၾကာမီမွာ ထုတ္ေဝႏိုင္ေတာ့မွာျဖစ္ပါတယ္။ အဲဒီတစ္အုပ္ၿပီးရင္ ေနာက္ထပ္တစ္အုပ္ဆက္ေရးဦးမွာပါ။ ဒီတစ္သုတ္ တက္ေနတဲ့ေက်ာင္းသားေတြကိုလည္း စာသင္ရဦးမယ္။ သူတို႔ေလးေတြလည္း တျဖည္းျဖည္းနဲ႔ ပညာေတြတတ္၊ ဘြဲ႕ေတြရနဲ႔ အမိတကၠသိုလ္ကေန ထြက္ခြာသြားၾကေတာ့မွာ။ ေနာက္ထပ္ေက်ာင္းသားအသစ္ေတြလည္း ထပ္ေရာက္ၾက၊ ပညာရပ္ေတြ ေလ့လာဆည္းပူးၾကဦးမွာပါ။ ဒါေၾကာင့္ သူ႔ရဲ႕အသက္ေမြးဝမ္းေက်ာင္းတဲ့ အလုပ္က သူ႔ကို ဥမင္တစ္ခုထဲမွာ ဆြဲဆန႔္ထားသလိုျဖစ္ေနပါတယ္။ ဒီလိုနဲ႔ပဲ သူ႔ရဲ႕ လုပ္သက္ သက္တမ္းထက္ဝက္ျဖစ္တဲ့ လမ္းခုလတ္မွာ အက်ပ္အတည္းနဲ႔ ရင္ဆိုင္လာရျခင္းပဲျဖစ္ပါေတာ့တယ္။ 


          ဒီလိုျဖစ္တာဟာ သူတစ္ေယာက္တည္းလားလို႔ ေမးျပန္ေတာ့လည္း၊ သူတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကိုလည္း မ်ားမၾကာမီမွာ သိလာရပါတယ္။ သူ႔ရဲ႕ အတိဒုကၡကို သူငယ္ခ်င္းအေပါင္းအသင္းေတြကို ေျပာျပေတာ့ ဝိုင္းဟားတာ ခံခဲ့ရပါေသးတယ္။ ဒါေပမဲ့ ဒါဟာ မီးခိုးကဲ့သို႔ လြင့္ပယ္ပေပ်ာက္သြားၿပီး၊ ေအာင္ျမင္တယ္လို႔ ထင္ရတဲ့ ဘဝထဲမွာေနာင္တတရား ေတြနဲ႔ က်န္ေနခဲ့ရပါတယ္။ ဒီလိုအျဖစ္အပ်က္ပုံျပင္ေတြကို လက္ထပ္သင္ၾကားေပးခဲ့တဲ့ ဆရာသမားေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန ၾကားရတတ္ပါတယ္။ သင္ကိုယ္တိုင္လည္း ဒီလိုေနရသလို ျဖစ္ေနပါလိမ့္မယ္။ မ်ားမ ၾကာမီကာလက သုေတသနအမ်ားအျပားျပဳလုပ္ခ်က္ေတြက သက္လတ္ပိုင္း (ပ်မ္းမွ်အားျဖင့္) ေတြဟာ လူ႔ဘဝသက္တမ္းမွာ အခက္အခဲဆုံးေသာ ကာလျဖစ္တယ္လို႔ အခိုင္အမာျပဆိုေနၾကပါတယ္။ ၂၀၀၈ ခုႏွစ္တုန္းက စီးပြားေရးပညာရွင္ David Blanchflower နဲ႔ Andrew Oswald တို႔က ဘဝမွာေက်နပ္စရာေတြနဲ႔ပါလို႔ မိမိသေဘာဆႏၵနဲ႔ ဖြင့္ဟဝန္ခံမႈမွာ အၫႊန္း ကိန္းေတြဟာ တျဖည္းျဖည္းနဲ႔ “U” ပုံသ႑ာန္ေကြးသြားတာကို ရွာေဖြေတြ႕ရွိခဲ့ၾကပါတယ္။ ဆန္းစစ္ခ်က္ရဲ႕ ဆိုလိုရင္းက လူငယ္ဘဝမွာေက်နပ္မႈ ျမင့္မားတာနဲ႔ စတင္ခဲ့ၾကတာမ်ားပါတယ္။ အသက္ (၄၀)ေလာက္မွာ မေက်နပ္ခ်င္ေတာ့လို႔ အၫႊန္းကိန္းက ေအာက္ဖက္ကို ထိုင္ဆင္းလာျခင္းျဖစ္ၿပီး၊ အဲဒီအသက္ထက္ပိုႀကီးလာတဲ့အခါ ေက်နပ္မႈအၫႊန္းကိန္းကျပန္တက္လာတဲ့ သေဘာတရားကို ရွာေဖြေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္။ ဒီပုံသ႑ာန္က ကမာၻနဲ႔အဝွမ္း အမ်ိဳးသမီးေရာ၊ အမ်ိဳးသားအေပၚမွာပါ သက္ေရာက္မႈ၊ အေတာ္ႀကီးပါတယ္။ ဒီ “U” ပုံသ႑ာန္အေကြးေလးဟာ အျခားေသာအ ေၾကာင္းအရာေတြေၾကာင့္ အေျပာင္းအလဲ အနည္းငယ္ျဖစ္ေစႏိုင္ေပမယ့္ (ဥပမာ - သားသမီးရလို႔ မိဘအျဖစ္ေရာက္ရွိလာလို႔ ေက်နပ္ေနျခင္း)၊ ဒီ သေဘာတရား ပုံသ႑ာန္အတိုင္း ဆက္ရွိေနဦးမွာပါ။ အေကြးေလးကေတာ့ ညင္ညင္သာသာေလးသာ ေကြးသြားေပမယ့္ ထင္ထင္ရွားရွားျပေနဦးမွာျဖစ္ပါတယ္။ ပ်မ္းမွ်အား အသက္ (၂၀) နဲ႔ အသက္ (၄၅)ေလာက္အၾကား၊ ေက်နပ္မႈကြာဟခ်က္ေတြကို ႏႈိင္းယွဥ္ၾကည့္မယ္ဆိုရင္ အလုပ္ျဖဳတ္ခံရလို႔ (သို႔) အိမ္ေထာက္ကြဲျခင္းတို႔ေၾကာင့္ ေက်နပ္မႈေတြ က်ဆင္းသြားတာနဲ႔ ဆက္စပ္မႈရွိေနပါတယ္။ 


          အေစာပိုင္းတုန္းက အလုပ္နဲ႔ပတ္သက္တဲ့ သုေတသနျပဳခ်က္ေတြအရ ဘဝမွာေက်နပ္မႈရွိတယ္ဆိုတဲ့ အခ်က္အလက္ေတြဟာ အေျပာင္းအလဲမရွိဘဲ တစ္သမတ္တည္းျဖစ္ေနပါတယ္။ ၁၉၉၆ ခုႏွစ္တုန္းက ၿဗိတိသွ် အလုပ္သမား (၅၀၀၀) ဦးကို ဆန္းစစ္မႈေတြ႕ရွိခ်က္စာတမ္းအေပၚ အေျခခံခ်က္အရ အလုပ္အေပၚ ေက်နပ္မႈ “U” ပုံသ႑ာန္ဟာ ညင္ညင္သာသာေလး ေကြးသြားတယ္ဆိုေပမယ့္ အသက္ (၃၉)ႏွစ္ေလာက္မွာ အနိမ့္ဆုံးျဖစ္ေနတာကို ေတြ႕ရတတ္ပါတယ္။ စိတ္ကိုခြဲျခမ္းစိတ္ျဖာေလ့လာသူ Elliot Jaques က ၁၉၆၅ခုႏွစ္ေလာက္မွာ “Midlife crisis” လို႔ဆိုၿပီး စကား လုံးအသစ္ထြင္ေျပာခဲ့ပါတယ္။ ၎က လူလတ္ပိုင္းမွာ အိမ္ေထာင္တစ္ခုထက္ပိုတဲ့ အရႈပ္အေထြးနဲ႔ ရင္ဆိုင္ေနရတဲ့ ေဝႅနာသည္ေတြကိုပဲ ရည္ၫႊန္းတာမဟုတ္တဲ့အျပင္ Michelangelo ကေန Gauguin တို႔လို ပန္းခ်ီ၊ ပန္းပုပညာရွင္ေတြရဲ႕ အႏုပညာဖန္တီးတဲ့ဘဝေတြမွာေတာင္ သိသိသာသာႀကီး အေျပာင္းအလဲေတြျဖစ္ခဲ့ၾကပါတယ္လို႔ ေထာက္ျပၫႊန္းဆိုထား ပါတယ္။ ၎တို႔ဟာ ယခင္ေတြးထားခဲ့တဲ့ အလုပ္ေတြ၊ လုပ္ခ်င္ခဲ့တဲ့အလုပ္ေတြကို အေကာင္အထည္မေဖာ္ႏိုင္ခဲ့ဘူးလို႔ ခံစားခဲ့ရလို႔ပဲျဖစ္ပါတယ္။


          “Mid-career crisis” ျဖစ္ရတဲ့ အေၾကာင္းအရင္းကိုေတာ့ ေသေသခ်ာခ်ာနားမလည္ႏိုင္ျဖစ္ေနပါတယ္။ ဘာေၾကာင့္မ်ား လုပ္သက္လမ္းခုလတ္မွာ အလုပ္အေပၚေက်နပ္မႈေတြကို ထိခိုက္လာရပါသလဲ။ သူ႔ရဲ႕ အေတြ႕ အႀကဳံ၊ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ စကားေျပာဆိုၾကည့္ျခင္းအားျဖင့္၊ အခ်က္အလက္ေပါင္းစုံရလာခဲ့ပါတယ္၊ အခ်က္အလက္တူရာစုၿပီး ခ်ဳံ႕လိုက္ျခင္း၊ ေရွာင္လႊဲလို႔မရတဲ့ ေနာက္တတရား၊ ေနာက္ပိုင္းမွာ အစားထိုးမႈေတြ ျပဳလုပ္ခဲ့ရၿပီးေနာက္မွာ ၿပီးေျမာက္ေအာင္ျမင္သြားတဲ့ ခက္ခဲတဲ့ စီမံကိန္းေတြ စတာေတြကို ခ်ိန္ဆခဲ့ျခင္းျဖစ္ပါတယ္။ 


          တစ္ဖန္ အကူအညီအေထာက္အပံ့ရဖို႔အတြက္ အေတြးအေခၚပိုင္းဆိုင္ရာပညာရပ္ရႈေထာင့္က ၾကည့္ရပါမယ္။ ကြၽႏ္ုပ္တို႔ရဲ႕ အသက္ေမြးဝမ္းေက်ာင္းမႈနဲ႔ စိတ္ဓာတ္ကို ဘယ္လိုပုံေဖာ္သလဲဆိုတာကို ေခတ္ေဟာင္းေရာ ေခတ္သစ္မွာရွိၾကတဲ့ ေတြးေခၚပညာရွင္ေတြက ေပးတဲ့ စဥ္းစားစရာေတြ၊ ရႈေထာင့္အမ်ိဳးမ်ိဳးရွိေနေတာ့ အတိအက်ေျပာဖို႔ ခက္ေနပါတယ္။ ဒီအခ်က္ ေတြက ကုထုံးေတြျဖစ္တဲ့အျပင္ ေရာဂါရွာေဖြရာမွာလည္း အထာက္အကူ ျဖစ္ေစမွာပါ။ ဒါေတြရၿပီဆိုရင္ သင့္ကို လုပ္သက္လမ္းခုလတ္မွာ စိတ္ပ်က္စရာေတြျဖစ္ေနလား၊ သင္လုပ္ေနတဲ့အလုပ္ကေန အေျပာင္းအလဲလုပ္ဖို႔ လိုမလား၊ ဘယ္လိုေျပာင္းလဲရမလဲဆိုတာေတြကို သိရွိႏိုင္ဖို႔ အကူအညီေပးႏိုင္မွာျဖစ္ပါတယ္။ လုပ္ေနတဲ့အလုပ္ကို ရပ္လိုက္ၿပီး အေျပာင္းအလဲလုပ္လိုက္ျခင္းက ေကာင္းတာေတြျဖစ္လာႏိုင္ေပမယ့္ အၿမဲတမ္းအလုပ္ျဖစ္မွာ မဟုတ္ပါ။ သင္ေရာက္သင့္တဲ့ေနရာမွာေနေနရသည့္တိုင္ေအာင္ စိတ္ပ်က္စရာေကာင္းတာနဲ႔ ေနာင္တရေနတာကို ကုသရာမွာ အေထာက္အကူျပဳႏိုင္ ပါတယ္။


ၿပီးခဲ့တဲ့ အတိတ္အတြက္ ေနာင္တမ်ား


          အေတြးအေခၚအယူအဆပညာရပ္ဘက္က ထိုးထြင္းသိျမင္လာရတာက ေျပာင္းလဲလို႔မရေတာ့တာကို လက္ခံရတာဟာ စိန္ေခၚမႈပဲျဖစ္ပါတယ္။ ဘဝက တျဖည္းျဖည္းနဲ႔ မွိန္လာတယ္၊ က်ဆင္းလာတဲ့ သေဘာေတာ့ရွိေပမယ့္ ဆက္သြားေနရတာပဲေလ၊  ေ႐ြးခ်ယ္စရာေတြကလည္း အကန႔္အသတ္နဲ႔ျဖစ္လာၿပီ၊ အတိတ္က ဆုံးျဖတ္ခ်က္ေတြကလည္း အရည္ေပ်ာ္က်လာၿပီ။ က်ေနာ္တို႔ ဘယ္ေလာက္အထိ ဆက္လုပ္ႏိုင္ဦးမွာလဲဆိုၿပီး ေလ်ာ့တြက္ခဲ့တဲ့တိုင္ေအာင္ ကိုယ္ေ႐ြးခ်ယ္ခဲ့တာေတြနဲ႔ ပတ္သက္တဲ့ ရလဒ္ ေတြကိုလည္း ေရွာင္လႊဲလို႔ မရႏိုင္ေတာ့ဘူးေပါ့။ လုပ္သက္ သက္တမ္းဝက္ ေရာက္တဲ့အခါ မၾကာခဏဆိုသလိုပဲ ကိုယ္မေနဖူးတဲ့ ဘဝေတြနဲ႔ပတ္သက္တာကို အထင္ႀကီးၿပီး၊ လြတ္သြားရေကာင္းလားဆိုၿပီး၊ နာက်ဥ္မႈေတြကို ခံစားရတတ္ပါတယ္။ 


          စာေရးသူပါေမာကၡ Kieran Setiya ရဲ႕အေၾကာင္းကို ျပန္ၾကည့္မယ္ဆိုရင္ သူဟာ သူ႔အေဖလိုပဲ ဆရာဝန္ျဖစ္ခ်င္ခဲ့တာပါ။ ကဗ်ာဆရာတစ္ေယာက္ျဖစ္ဖို႔လည္း စိတ္ကူးယဥ္ခဲ့တာပဲ။ ေကာလိပ္ေရာက္ေတာ့ philosophy ဘာသာရပ္ကို သူေ႐ြးခ်ယ္ခဲ့တယ္။ ေနာင္ (၁၅)ႏွစ္၊ အႏွစ္ (၂၀)ၾကာသည့္တိုင္ေအာင္ အေျပာင္းအလဲေတြနဲ႔ ပတ္သက္တာ မစဥ္းစား မိခဲ့ဘူး။ သင္တို႔ေတြအတြက္ ခက္ေကာင္း၊ ခက္ႏိုင္ေသာ္လည္း သူအဖို႔ရာ အလြယ္တကူပဲ သူေ႐ြးခ်ယ္ခဲ့တဲ့ ပညာရပ္နဲ႔ ဘြဲ႕ရခဲ့ပါတယ္။ အသက္ (၃၅)ႏွစ္ေလာက္ေရာက္ေတာ့ ပညာေရးဆိုင္ရာေျပးလမ္းမွာ အတားအဆီးေတြကို ခုန္ပ်ံေက်ာ္လႊားရင္း၊ ခဏအပန္းေျဖ၊ အသက္ျပင္းျပင္းေလးရႉေနစဥ္ သူလုပ္ခ်င္ခဲ့တာေတြကို ဘာတစ္ခုမွ မလုပ္ခဲ့မိပါလားလို႔ သတိျပဳမိခဲ့ပါတယ္။ ပညာေရးမွာ လုပ္ကိုင္ေနျခင္းဟာ မထူးဆန္းတဲ့ အစီအစဥ္အတိုင္း လုပ္ကိုင္ေနရေပမယ့္ စြန႔္လႊတ္ဖို႔ခက္ခဲပါတယ္။ ဘယ္သူမ်ား အလြယ္တကူ လုပ္သက္ကို စြန႔္လႊတ္ႏိုင္မွာလဲ။ တကယ္ဆိုေတာ့ ေဆးေက်ာင္းေလွ်ာက္မယ္၊ ကဗ်ာဆရာလုပ္မယ္ဆိုၿပီး ဂီယာေျပာင္းထိုးေတာ့မယ္ဆိုတာလည္း မျဖစ္ႏိုင္ေတာ့ပါ။ သူက University of Pittsburgh ကေန MIT ကို ေျပာင္းေကာင္းေျပာင္းႏိုင္ေသာ္လည္း၊ ပညာေရးေလာကကေနထြက္ျဖစ္မွာ မဟုတ္ေတာ့ဘူးေပါ့။


          သင့္ရဲ႕အတိတ္က အသက္ေမြးဝမ္းေက်ာင္းမႈပုံသ႑ာန္က ရႈပ္ေထြးမႈေၾကာင့္ ျဖစ္ႏိုင္ေျခရွိပါတယ္။ ကံၾကမၼာပဲေပါ့။ ပ်မ္းမွ်ျခင္းအားျဖင့္ အသက္ (၄၀)ႏွစ္အ႐ြယ္မွာ အလုပ္ပမာဏဟာ က်ယ္ျပန႔္ေနေလာက္ပါၿပီ။ အေတြ႕အႀကဳံေတြမ်ားေနၿပီ၊ ကြၽမ္းက်င္တာေတြလည္း မ်ားေနၿပီေပါ့။ သို႔ေသာ္ အေျခခံအခ်က္ေတြကေတာ့ က်န္ေနပါေသးတယ္။ က်ေနာ္တို႔ ကိုယ့္ဘဝေနာက္ေၾကာင္းျပန္ေခၚၾကည့္လိုက္တဲ့အခါ တစ္ခါတရံ သက္ေသာင့္သက္သာရွိေပမယ့္ အခ်ိဳ႕အခ်ိန္ေတြမွာ ေနာင္တရေနတတ္ပါတယ္။ ကိုယ္မေလွ်ာက္ခဲ့ရတဲ့လမ္းေတြအတြက္ လိုခ်င္ေတာင္းတေနလို႔ျဖစ္ပါတယ္။ ဒါေတြနဲ႔ပတ္သက္လို႔ philosophy က က်ေနာ္တို႔ကို ကူညီႏိုင္မလား။


          ျဖစ္ႏိုင္တယ္လို႔ သူထင္ပါတယ္။ ဒီေနာင္တဆိုတဲ့ ျပႆနာကို အျခားနည္းနဲ႔ ျပဳျပင္ေျပာင္းလဲမႈ ျပဳလုပ္ေပးျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔ မလုပ္ကိုင္ခဲ့တဲ့ အလုပ္ေတြ၊ မျဖတ္သန္းခဲ့တဲ့ ဘဝေတြနဲ႔ပတ္သက္လို႔ ဆုံးရႈံးတယ္လို႔ ဘာေၾကာင့္မ်ား ခံစားေနၾကရတာလဲ။ အေျခအေနေကာင္းေနသည့္တိုင္ေအာင္ ဒီလိုပဲျဖစ္ေနၾကတာပဲ၊ ဘာလို႔လဲဆိုေတာ့ မတူတဲ့ေ႐ြးခ်ယ္မႈေတြမွာ မတူတဲ့တန္ဖိုးေတြရွိေနတာကို သိၾကလို႔ပဲျဖစ္ပါတယ္။ ထိုက္တန္တဲ့လုပ္ေဆာင္မႈေတြဟာ သူ႔နည္းနဲ႔သူေတာ့ ေက်နပ္စရာေတြျဖစ္ေနမွာပါ။ ႐ိုး႐ိုးေလးဥပမာေပးၾကည့္မယ္ဆိုရင္ - ယေန႔ညမွာ ျပဇာတ္ပြဲသြားၾကည့္မလား၊ ဒါမွမဟုတ္ ကမာၻအဆင့္ပထမဦးဆုံး အားကစားပြဲစဥ္ေတြကို သြားၾကည့္မွာလား။ baseball နဲ႔ပတ္သက္လို႔ သင္ေကာင္းေကာင္းသိထားတယ္ဆိုရင္ နည္းနည္းေလးလြတ္သြားတာဟာ သင့္အတြက္ ဘာမွမျဖစ္ေလာက္ဘူးလို႔ ဆိုရမွာပါ၊ ဒါဆိုသင့္ရဲ႕ ဆုံးျဖတ္ခ်က္မွန္တယ္လို႔ ေျပာရမွာေပါ့။ အကယ္၍ ျပဇာတ္ဆိုတာ တစ္ညတည္းျပတာဆိုရင္ အဲဒီညသြားမၾကည့္ျဖစ္ခဲ့ရင္ ဇာတ္ပြဲက ျပကြက္ေတြ အကုန္လြတ္သြားမွာျဖစ္ပါတယ္။ အသက္ေမြးမႈ အလုပ္လုပ္တာဟာလည္း ဒီလိုျဖစ္စဥ္သေဘာတရားေတြပဲျဖစ္ပါတယ္။ ကုမၸဏီႏွစ္ခုက ရာထူးအဆင့္တူတဲ့အလုပ္ကို တစ္ၿပိဳင္နက္တည္း ေခၚခဲ့မယ္ဆိုရင္ သင္က လစာေပးမ်ားတဲ့ ကုမၸဏီကို ေ႐ြးခ်ယ္ခဲ့မွာပဲ။ ဒါဆို သင္ဝမ္းနည္းစရာမလိုဘူးေပါ့။ သို႔ေသာ္ သင့္ေ႐ြးခ်ယ္မႈက မွန္ကန္ေန သည့္တိုင္ေအာင္ ဘ႑ာေရးနဲ႔ဆိုင္တဲ့ အလုပ္ကေန ဖက္ရွင္ဘက္ကို ေျပာင္းေ႐ြးခ်ယ္မယ္ဆိုရင္ အေတြ႕အႀကဳံေတြဆုံးရႈံးမႈျဖစ္မွာကေတာ့ အေသအခ်ာပါ။ 


          အဲဒီေနာင္တတရားက အရာရာတိုင္းမွားယြင္းတာလို႔ ၫႊန္းဆိုတာေတာ့ မဟုတ္ပါ။ ရလာတဲ့ ရလဒၠ အဖူးအပြင့္ေတြနဲ႔ ေဝေဝဆာဆာျဖစ္ေနသည့္တိုင္ေအာင္ ေနာင္တဆိုတာကရွိေနဦးမွာပါ။ သင္တန္ဖိုးထားတဲ့ လႈပ္ရွားမႈတိုင္းမွာ ေနာင္တဆိုတာက ဆက္ျပေနဦးမွာပါ။ ဘ႑ာေရးလုပ္ငန္းနယ္ထဲသြားမယ့္အစား ဖက္ရွင္ဘက္ကို လိုက္မယ္ဆိုရင္ အာ႐ုံစိုက္ရမွာေတြက မတူေပမယ့္ အေတြ႕အႀကဳံဆိုတာေတြက သူနယ္ပယ္နဲ႔ သူရေနမွာျဖစ္ပါတယ္။ ဒီေနာင္တဆိုတာကို ဘယ္လိုဖယ္ရွားရမလဲ။ လုံးလုံးလ်ားလ်ားဖယ္ရွားႏိုင္မယ့္ တစ္ခုတည္းေသာနည္းက - တစ္ခုခုေ႐ြးထုတ္ ၿပီး အဲဒီတစ္ခု၊ နည္းတစ္နည္းအေပၚမွာပဲ အာ႐ုံစိုက္လိုက္ျခင္းပဲျဖစ္ပါတယ္။ အဲဒီတစ္ခုဟာ သင့္ဘဝကို ဆင္းရဲမႈျဖစ္ေကာင္း ျဖစ္ေစႏိုင္ပါမယ္။ ကိုယ့္ကိုယ္ကိုယ္ သတိေပးဖို႔က ေကာင္းဖို႔ျဖစ္လာတာ၊ ထိုက္တန္တာ ျဖစ္လာတာလို႔သာ မွတ္ရမွာျဖစ္ပါတယ္။


အမွားေတြ၊ ကံဆိုးတာ၊ ရႈံးနိမ့္တာေတြ


          အားလုံးေတာ့ ေကာင္းေနတာပဲလို႔ သင္ေျပာေကာင္း ေျပာပါလိမ့္မယ္။ ဒါေပမဲ့ တခ်ိဳ႕ဟာေတြက အဆင္မေျပဘူး။ ဒါဆို ဘာမွားေနလဲ၊ ကံဆိုးတာလား၊ တကယ္ပဲ က်ရႈံးတာလား။ အလုပ္လုပ္ၾကသူတိုင္း၊ အလုပ္တိုင္းမွာ အၿမဲမွန္ေနတာမွမရွိဘဲ မွားတဲ့အခါေတြလည္းရွိပါရဲ႕။ တခ်ိဳ႕က်ေတာ့ ပိုမွားတာ၊ အမွားမ်ားတာေတြေတာ့ရွိၾကမွာေပါ့။ လုပ္သက္သက္တမ္းဝက္မွာ ကိုယ့္ကိုယ္ကိုယ္သိလာရတာက ျဖစ္သင့္တာေတြအတြက္ ဝမ္းနည္းစရာ ေတြပါပဲလားဆိုတာပါ။ သူ႔ရဲ႕သူငယ္ခ်င္းတစ္ေယာက္ကဆို အလားအလာရွိေနတဲ့ ဂီတနဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈကို စြန႔္လႊတ္ၿပီး corporate lawyer အလုပ္ကို ေျပာင္းလုပ္ခဲ့ပါတယ္။ (၁၀)ႏွစ္ၾကာတဲ့အခါ မေက်မခ်မ္း ျဖစ္ၿပီး သူမရဲ႕ အလုပ္ဟာ ပ်င္းစရာေကာင္းတယ္ဆိုတာ သိလာရပါတယ္။ ဒီအခ်ိန္က်မွေတာ့ ဒီလမ္းေၾကာင္းေပၚကေန ျပန္ေျပာင္းဖို႔ စူးစမ္းမႈနဲ႔ အရင္တုန္းကသာ ေျပာင္းခဲ့ရင္ေကာင္းသားဆိုတဲ့ ေျခာက္လွန႔္မႈေတြရွိေနမွာေတာ့ အမွန္ပဲျဖစ္ပါတယ္။ ဘာေၾကာင့္မ်ား ဂီတကို စြန႔္လႊတ္တဲ့ အမွားေတြလုပ္ခဲ့တာလဲ။ အဲဒါနဲ႔ ဘယ္ေလာက္မ်ား ၿငိမ္းခ်မ္းေနလိုက္မလဲ။


          အေတြးအေခၚဘက္က ထပ္ၾကည့္ပါမယ္။ ဘာလုပ္သင့္ခဲ့သလဲဆိုတာ (သို႔) အဲဒီအခ်ိန္တုန္းက လိုလိုလားလားရွိေနခဲ့တဲ့အရာကို အခုအခ်ိန္မွာ ဘယ္လိုျမင္သလဲဆိုတာ ကြဲကြဲျပားျပားသိေအာင္ၾကည့္ပါ။ အျဖစ္အပ်က္ေတြဟာ မွန္းထားသလိုဆက္မျဖစ္တဲ့အခါ ဒီႏွစ္ခုဟာ သိသိသာသာႀကီး ကြဲျပားလာလိမ့္မယ္။ အကယ္၍ ႐ူးသြပ္တဲ့ ျမႇဳပ္ႏွံမႈေတြလုပ္ခဲ့ေပမယ့္ အက်ိဳးအျမတ္ေတြရခဲ့မယ္ဆိုရင္ ဒီအေပၚမွာ ေနာင္တဆိုတာ မထားသင့္ဘူးေပါ့။ သို႔ေသာ္ အေျခအေနေျပာင္းသြားလို႔ စိတ္ခံစားခ်က္ေျပာင္းတာကေတာ့ အံ့ဩစရာမဟုတ္ပါ။ Moral philosopher ျဖစ္တဲ့ Derek Parfit က ဆယ္ေက်ာ္သက္မိန္းကေလးတစ္ေယာက္ဟာ သူမရဲ႕ ဘဝမတည္ၿငိမ္ျဖစ္ေစႏိုင္ေစကာမူ၊ ကိုယ္ဝန္ေဆာင္မယ္၊ ကေလးယူမယ္လို႔ ဆုံးျဖတ္လိုက္တယ္လို႔ စိတ္ကူးနဲ႔ ေတြးေတာပုံေဖာ္ၾကည့္လိုက္ပါတယ္။ ဒီလိုဆုံးျဖတ္ျခင္းဟာ သူမရဲ႕ ပညာေရးကို တိုေတာင္းျပတ္ေတာက္ႏိုင္ပါတယ္၊ ကေလးကို ေမြးျမဴဖို႔ အမ်ားႀကီး႐ုန္းကန္ရမွာျဖစ္လို႔ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္လို႔ ထင္ျမင္ယူဆပါတယ္။ သို႔ေသာ္လည္း ႏွစ္ေတြမ်ားစြာၾကာလာၿပီးတဲ့ေနာက္မွာ သူမရဲ႕ ဆယ္ေက်ာ္သက္အ႐ြယ္သားေလးကို ေပြ႕ဖက္ထားခ်ိန္မွာ ကေလးအတြက္ ဂုဏ္ယူေနမယ္၊ သူမလုပ္ခဲ့တဲ့ အမွားဆိုတဲ့အရာအတြက္ ဓမၼဓိဌာန္က်စြာပဲ ဝမ္းေျမာက္ဝမ္းသာျဖစ္ေနမွာပါ။ သင္ခ်စ္ခင္ျမတ္ႏိုးသူနဲ႔သာ ေနေနရမယ္ဆိုရင္ အတိတ္မွာျဖစ္ခဲ့တာေတြအေပၚမွာ အခိုင္အမာရပ္တည္ၿပီး ေနာင္တဆိုတာမရွိႏိုင္ဘူးေပါ့။   


          ဂီတနဲ႔ပတ္သက္တဲ့ အသက္ေမြးဝမ္းေက်ာင္းမႈကို လက္လြတ္လိုက္ရတဲ့အေပၚ ဝမ္းနည္းေနာင္တရေနတဲ့ သူငယ္ခ်င္းကို - သူမသာ ဥပေဒ ေက်ာင္းကို မေရာက္ခဲ့ရင္ လက္ရွိခ်စ္ရတဲ့ ခင္ပြန္းနဲ႔လည္း ဆုံရမွာမဟုတ္ဘူး၊ သမီးဆိုတာလည္း ရွိလာမွာမဟုတ္ေၾကာင္း၊ ျပန္ေျပာင္းအမွတ္ရေစခဲ့ပါတယ္။ ခ်စ္ခင္မႈ၊ ျမတ္ႏိုးမႈေတြဟာ ေနာင္တတရားကို တန္ျပန္ၿပီး၊ က်ား ကန္ေပးႏိုင္မယ့္ အေလးတုံး၊ တန္ဖိုးပဲျဖစ္ပါတယ္။ ဒါေၾကာင့္ သူဟာ မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ ေပါင္းသင္းဆက္ဆံရာကေန စီမံကိန္းေတြကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရာကေန ေကာက္သင္းေကာက္သလို အခ်က္အလက္ေတြစုေဆာင္းကာ၊ ၿပီးျပည့္စုံေအာင္ ေလ့လာဆန္းစစ္မႈေတြကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ပါတယ္။ အေတြးအေခၚပညာရွင္ Robert Adams က “အကယ္၍သာ ကြၽႏ္ုပ္တို႔ရဲ႕ဘဝဟာ ေကာင္းမြန္ေနၿပီဆိုရင္ ပိုေကာင္းေအာင္ေနမယ္ဆိုတာထက္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနတတ္ၾကပါတယ္။ ဒါေပမဲ့ မတူဘူးေပါ့။” လို႔ ေရးသားခဲ့ပါတယ္။ 


          မျပတ္မသား မပီဝိုးတဝါးအခ်က္အလက္ေတြ၊ စိတ္ကူးေတြနဲ႔မဟုတ္ဘဲ အတိအက်ေျပာရရင္ သင္က အလုပ္အကိုင္မွာ ေတာ္ေတာ္ႀကီးေအာင္ ျမင္ေနမယ္ဆိုပါစို႔။ သင္ေလွ်ာက္လွမ္းခဲ့တဲ့လမ္းေၾကာင္းဟာ ခိုင္မာတယ္၊  သင့္ရဲ႕ အသက္ေမြးဝမ္းေက်ာင္းအလုပ္ဟာ အမွန္တကယ္ေကာင္းမြန္တယ္လို႔ ဆိုရမွာပါ။ လူေတြနဲ႔ တြဲဖက္ေပါင္းသင္းဆက္ဆံတဲ့ေနရာမွာ ဒီလူတစ္ေယာက္နဲ႔ အျပန္အလွန္ေပါင္းသင္းဆက္ဆံမႈ၊ အေပးအယူမွ်တမႈ၊ အျခား သူေတြနဲ႔ မရႏိုင္တာ၊ ဒီလူနဲ႔ပဲရတယ္၊ သူနဲ႔လုပ္လို႔ပဲ ေအာင္ျမင္တယ္ဆိုတဲ့သေဘာမ်ိဳးျဖစ္ပါတယ္။ စာေရးသူက philosopher မျဖစ္ဘဲ သမားေတာ္ျဖစ္ခဲ့သင့္တယ္လို႔ သူ႔ကိုယ္သူစဥ္းစားမိတိုင္း၊ သူေ႐ြးခ်ယ္ခဲ့မႈအေပၚ ေနာင္တေတြရေနခဲ့ပါတယ္။ ဒါဆို ေက်ာင္းသားေတြ ေအာင္ျမင္တိုးတက္သြားတာ၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေအာင္ျမင္တဲ့ေျပာဆိုေဆြးေႏြးမႈေတြ၊ ေအာင္ျမင္တဲ့တင္ျပမႈေတြဟာ ေလွ်ာက္လွမ္းခဲ့တဲ့လမ္းေတြမွာ ေရတြက္လို႔ မရႏိုင္တဲ့ထင္ရွားတဲ့လုပ္ေဆာင္ခ်က္ေတြ၊ တန္ဖိုးေတြပဲျဖစ္ပါတယ္။ ဒီလိုအေျခအေနကို ေနာင္တရပါတယ္ဆိုရင္ သူ႔အလုပ္ရဲ႕ ညက္ေညာမႈ၊ အဖိုးတန္တဲ့ရလဒေ႖ကို လ်စ္လွ်ဴရႈသလိုျဖစ္သြားပါလိမ့္မယ္။ ဒါဟာအမွန္ပါပဲ။ ကိုယ္မရခဲ့တဲ့ ႀကီးက်ယ္ပါတယ္ဆိုတဲ့ ကာတြန္းဆန္တဲ့ဘဝကို ဆန႔္က်င္ လိုက္ရမွာျဖစ္ပါတယ္။


          ဒါဟာ အလုပ္မွာ ကန႔္သတ္မႈေတြရွိေနတဲ့အခါ ျပန္လည္စဥ္းစားတဲ့ နည္းလမ္းျဖစ္ပါတယ္။ အမွားတိုင္းကို ေနာက္ျပန္ဆြဲဖို႔ (သို႔) ေနာင္တဆိုတာ မရွိရေအာင္ အာမခံလို႔ေတာ့ မရဘူးေပါ့။ သင္ေ႐ြးခ်ယ္လိုက္တဲ့အလုပ္ေပၚ မူတည္ၿပီး လုပ္ေဆာင္ရတဲ့ လုပ္ေဆာင္ခ်က္ေတြ၊ ဆက္ဆံရတဲ့လူေတြ၊ ဒါေတြအေပၚစြဲညႇိႏွစ္ျမႇဳပ္ထားရမွာျဖစ္ၿပီး အဲဒီကေနထြက္လိုက္ရင္ေတာ့ လုပ္စရာမလိုေတာ့ဘူး၊ ဒါေပမဲ့ ေနာင္တဆိုတာကို ခလုတ္ဖြင့္လိုက္သလို ျဖစ္လာႏိုင္ပါတယ္။ 


လက္ရွိဘဝကို ၿငီးေငြ႕ေနၿပီ


          ခြက္ကို ခ်ထားသကဲ့သို႔ “U” ပုံသ႑ာန္အေကြးေလးျဖစ္ေနတာနဲ႔  ထိပ္တိုက္ရင္ဆိုင္အျငင္းပြားမေနေတာ့ဘဲ ေျပာင္းလဲလို႔ မရတာကို လက္ခံဖို႔ပဲရွိပါတယ္။ စာေရးသူအတြက္ လုပ္သက္လမ္းခုလတ္မွာ စိတ္ပ်က္စရာကိုျဖစ္ေစတဲ့ အနက္နဲဆုံးေသာ အရင္းအျမစ္က ဘာျဖစ္မလဲ။ အတိတ္နဲ႔ ပတ္သက္တဲ့ ေနာင္တတရားမဟုတ္ဘဲ ပစၥဳပၸန္မွာ အခ်ည္းအႏွီးျဖစ္တယ္လို႔ ခံစားရမွာကိုပဲျဖစ္ပါတယ္။ သူ႔အလုပ္ကေတာ့ ထိုက္တန္ေနေသးတယ္လို႔ ထင္ရပါတယ္ - သင္ၾကားမႈေတြ၊ သုေတသနျပဳခ်က္ေတြ၊ စာအုပ္ေရးသားမႈေတြမွာ ရလဒေ႖ကို ျမင္ေနရလို႔ပဲ ျဖစ္ပါတယ္။ ဒါေပမဲ့ ေရွ႕မွာၿပိဳ က်ပ်က္စီးသြားမယ့္ ေဟာင္းေလာင္းျဖစ္ေနတဲ့ စီမံကိန္းအစီအစဥ္ေတြ လိုျဖစ္ေနပါတယ္။ တစ္ခုၿပီး တစ္ခုလုပ္မယ္လို႔ ေမွ်ာ္လင့္ရေပမယ့္ ေနာက္ ဆုံးမွာ အၿငိမ္းစားယူသည့္တိုင္ တစ္နည္းနည္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ ျပန္ထိခိုက္တယ္လို႔ ခံစားရပါတယ္။


          ၾကည့္ရတာေတာ့ ဘာမွမရွိဘူးဆိုေပမယ့္ ထိုက္တန္ေအာင္ ဘယ္လိုလုပ္ႏိုင္မလဲ။ လိုအပ္တာေတာ့ မဟုတ္ေသးဘူး၊ ဒါေပမဲ့ အေျဖသိထားၿပီး ျဖစ္ေအာင္ လုပ္ထားမယ္ (သို႔) ျပႆနာေျဖရွင္းလိုက္လို႔ ရလေဒၠာင္းလာတယ္ စသျဖင့္ေကာင္းေအာင္ျပဳျပင္ၿပီး တန္ဖိုးတက္ေအာင္လုပ္ပါလို႔ ပထမရွင္းလင္းခ်က္က ၫႊန္းဆိုပါတယ္။ အလုပ္ေတြက ဒီလိုေတြပါပဲ။ လုပ္ေဖာ္ကိုင္ဖက္ေတြအၾကား ပရိပကၡျဖစ္ေနစဥ္မွာ ၾကားကျဖန္ေျဖေပးရတဲ့အခါမ်ိဳးေတြမွာ ထုတ္ကုန္ကေန မေမွ်ာ္လင့္ဘဲ ခ်ိဳ႕ယြင္းမႈေတြျဖစ္လာတာကို ေျဖရွင္းေပးရတဲ့အခ်ိန္မ်ိဳးေတြမွာ စည္းကမ္းသတ္မွတ္ခ်က္နဲ႔ ညီပါတယ္ဆိုၿပီး မိမိကိုယ္ကိုေသခ်ာေနပါေစ။ ဒါေတြလိုအပ္ပါေသာ္လည္း၊ ေကာင္းေအာင္ေတာ့ လုပ္ေပးလိုက္တာပဲ၊ ေက်နပ္မႈ၊ မေက်နပ္မႈဆိုတာ ကန႔္သတ္ခ်က္ေတြရွိေတာ့ ေျပာမရဘူးေပါ့။ အေကာင္းဆုံးလုပ္ႏိုင္တာက အမွားကို ျပဳျပင္၊ ပစ္မွတ္ကို ထိေအာင္လုပ္ (သို႔) မမွားေအာင္ ကာကြယ္တားဆီး၊ အေကာင္းျမင္ႀကီးပဲ မလုပ္ဖို႔ စတာေတြပဲျဖစ္ပါတယ္။ ဘာလို႔အပင္ပန္းခံေန မလဲ။ 


          Mid-career crisis အတြက္ အေၾကာင္းျပခ်က္တစ္ခုက အလုပ္ျပဳတ္မွာေၾကာက္လို႔၊ ရလဒၼေကာင္းမွာ စိုးလို႔ အလုပ္ထဲမွာအခ်ိန္ေတြအမ်ားႀကီးသုံးေနခဲ့ၾကျခင္းပဲျဖစ္ပါတယ္။ တကယ္ဆိုေတာ့ ရပ္တည္ႏိုင္ေလာက္မယ့္ အေျခအေနရွိတဲ့ အလုပ္စီမံကိန္းေတြ၊ ကိုယ္နဲ႔ ထိုက္တန္တဲ့အလုပ္ေတြကိုသာ လုပ္ကိုင္သင့္ၾကပါတယ္။ ေျဖရွင္းနည္းကေတာ့ ႐ုံး ခန္းထဲမွာျဖစ္ေနပါေစ၊ ကိုယ့္အတြက္ စိတ္ခံစားခ်က္ေကာင္းတဲ့ လုပ္ေဆာင္မႈေတြနဲ႔ အခ်ိန္ကုန္ေနရမယ္ဆိုရင္ ဥပမာအားျဖင့္ ႏွစ္အၾကာႀကီး ရပ္ထားတဲ့ အိမ္ေမြးတိရိစာၦန္ေမြးတာျပန္စမယ္၊ ကိုယ္ႏွစ္သက္တဲ့ ဝါသနာကို ျပန္လည္သက္ဝင္ႏိုးၾကားလာေအာင္ (သို႔) ေနာက္ထပ္ဝါသနာအသစ္ကို အေကာင္အထည္ေဖာ္ျခင္းတို႔ပဲျဖစ္ပါတယ္။ ဒီအႀကံဟာ သာမန္လို႔ ထင္ရေပမယ့္ ေတာ္ေတာ္နက္နဲမႈရွိပါတယ္။ Salsa dancing ဆိုေခၚတဲ့ လက္တင္အက ကတာ၊ တံဆိပ္ေခါင္းစုတာေတြဟာ သင့္အလုပ္ထက္ပိုၿပီး အေရးမႀကီးဘူးဆိုတာျဖစ္ရပါမယ္၊ ဒါေပမဲ့ ရပ္တည္ဖို႔အတြက္ လုပ္ရမယ့္အရာေတြကိုေတာ့ တိုးတက္ေကာင္းမြန္ေအာင္လုပ္ဖို႔က အႏွစ္သာရျဖစ္ပါတယ္။ ဒါဆိုရင္ သင့္ဘဝမွာ ထိုထိုေသာ သာယာမႈေတြအတြက္ အခန္းေတြ လုပ္ထားရမွာျဖစ္ပါတယ္။  


          Mid-career လိုကာလမွာ “ဘာမွမရွိပါလား” ဆိုတဲ့ စိတ္ခံစားခ်က္နဲ႔ ပတ္သက္လို႔ ဒုတိယရွင္းလင္းခ်က္မွာ - ကိုယ္ရပ္တည္ဖို႔ လိုအပ္တာထက္ ပိုလိုခ်င္တဲ့ စိတ္ေၾကာင့္ ဒီလိုစိတ္ခံစားရတာပါလို႔ ရွင္းလင္းတင္ျပထားပါတယ္။ ဒါကို အေတြးအေခၚပညာရပ္ဆန္စြာနဲ႔ ၾကည့္လိုက္မယ္ဆိုရင္ အလုပ္ေတြရဲ႕ သေဘာသဘာဝနဲ႔ အဲဒီအေပၚ ဘယ္ေလာက္အထိျမႇဳပ္ႏွံထား တာလဲ စတဲ့အဆင့္ဆင့္ေသာျဖစ္စဥ္ေတြကို - စာ႐ြက္အဆင့္ကေန အေကာင္အထည္ေဖာ္တဲ့အဆင့္တက္လာမယ္၊ ပြဲစား၊ ကိုယ္စားလွယ္ေတြနဲ႔ ညႇိႏႈိင္းရတဲ့အဆင့္ (သို႔) ထုတ္ကုန္ကေန ပုံစံ႐ုပ္လုံးေပၚလာတဲ့အဆင့္ စတာေတြကို ထင္ထင္ရွားရွားေတြ႕ျမင္ရမွာျဖစ္ပါတယ္။ အလုပ္ဆိုတာ သူ႔သက္ဆိုင္ရာအလိုက္ ၿပီးေျမာက္ဖို႔ ပန္းတိုင္ေတြ၊ ရည္႐ြယ္ခ်က္ေတြ သတ္မွတ္ထားၾကရပါတယ္။ ဥပမာ - စာစီစာကုံးေရးမယ္လို႔ ရည္႐ြယ္ခ်က္ထား အာ႐ုံျပဳထားတယ္ဆိုရင္ ေရးလို႔ေတာ့ မၿပီးေသးေပမယ့္ ၿပီးမယ့္အခ်ိန္ေလးကို စဥ္းစားၾကည့္လိုက္မိတတ္ပါတယ္။ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္ ၿပီးမယ့္အခ်ိန္၊ ေအာင္ျမင္မယ့္အခ်ိန္ကို မွန္းၾကည့္တတ္ၾကတာ လူ႔သဘာဝပါ။ ေက်နပ္မႈဆိုတာ အတိတ္မွာေရာ အနာဂတ္မွာပါရွိေနတတ္ၿပီး၊ လက္ရွိကာလမွာ ဘာမွမရွိဘူးဆိုတာ အံ့ဩစရာေတာ့မဟုတ္ဘူးေပါ့။ သင့္အတြက္ အဓိပၸာယ္အႏွစ္သာရ အက်ိဳးရွိမယ့္ အလုပ္တစ္ခုကို ၿပီးစီးဖို႔ ၾကန႔္ၾကာေနမယ္၊ ေနာက္ၿပီး ဒီအလုပ္နဲ႔ပါ အဆက္ျဖတ္ခံရမယ္ဆိုရင္ေတာ့ ဒါဟာ အဆိုးဆုံးပဲေပါ့။ အလုပ္တစ္ခု၊ စီမံကိန္းတစ္ခုရဖို႔အတြက္ လိုက္ေနခ်ိန္မွာ ေအာင္ျမင္သြားတာလည္းရွိသလို လက္လႊတ္လိုက္တာလည္းရွိရာ အဲဒါေတြက သင့္ရဲ႕ဘဝကို အေျပာင္းအလဲျဖစ္ေစႏိုင္ပါတယ္။


          Mid-career crisis ရဲ႕ေနာက္ပုံစံတစ္မ်ိဳးကေတာ့ စီမံကိန္းေတြအေပၚ အလြန္အကြၽံျမႇဳပ္ႏွံၿပီး၊ ေနာက္ထပ္ၿပီး၊ ေနာက္ထပ္ေအာင္ျမင္မႈေတြအတြက္ မွန္းထားတတ္ၾကျခင္းပဲျဖစ္ပါတယ္။ ဒါဟာ ေနာက္ထပ္လမ္းေၾကာင္း လည္းျဖစ္ႏိုင္ပါတယ္။ သတိရွိေနရမယ္ဆိုတာ ယေန႔ေခတ္လိုအခါမ်ိဳးမွာ ဖက္ရွင္လိုျဖစ္ေနပါၿပီ။ ပစၥဳပၸန္မွာ ေနေနတယ္ဆိုတာကို မေမ့ေအာင္ ဂါထာမန္းမႈတ္ေနရမွာျဖစ္ပါတယ္။ သူဟာ စာနာတတ္သူ မဟုတ္ပါ။ တစ္ဦးတည္း ရပ္တည္လို႔မရဘူးဆိုေတာ့ ထင္ရွားတာ ဘာက်န္ဦးမွာလဲ။ ပစၥဳပၸန္မွာ ေနတယ္၊ ဘာမွထူးဆန္းတာ မဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္းသိေနရမွာ ျဖစ္ပါတယ္။


          အဓိကေသာ့ခ်က္က ကြၽႏ္ုပ္တို႔နဲ႔ပတ္သက္ေနတဲ့ လႈပ္ရွားမႈႏွစ္မ်ိဳးကို ခြဲျခားသိျမင္ေအာင္လုပ္ျခင္းျဖစ္ပါတယ္။ စီမံခ်က္ေတြ၊ စီမံကိန္းေတြဆိုတာဟာ ဦးတည္ခ်က္၊ ရည္႐ြယ္ခ်က္ပန္းတိုင္ေတြနဲ႔ လႈပ္ရွားလုပ္ကိုင္ေဆာင္ ႐ြက္ၾကရတာျဖစ္ပါတယ္။ လမ္းခုလတ္မွာ မေအာင္ျမင္ေသးဘူးေနာ္၊ ဒါေပမဲ့ ခရီးလမ္းဆုံး၊ ပန္းတိုင္ကို ေဖာ္ျပထားရပါတယ္။ ေအာင္ျမင္မႈေတြရၿပီ၊ ေက်နပ္ၿပီဆိုရင္ စီမံခ်က္ကို အဆုံးသတ္၊ ေနာက္ထပ္စီမံခ်က္အသစ္ကို ေ႐ႊ႕ၾကရမွာ ျဖစ္ပါတယ္။   


          ေနာက္လႈပ္ရွားမႈတစ္မ်ိဳးမွာေတာ့ လမ္းဆုံးပန္းတိုင္က တြဲ၍ပါမလာပါ။  “အိမ္ျပန္ေနတယ္” နဲ႔ “အေညာင္းအညာေျပလမ္း ေလွ်ာက္ေနတယ္”၊    “ကေလးသိပ္ေနတယ္” နဲ႔ “ကေလးကို အုပ္ထိန္းတယ္” စတဲ့ မတူကြဲျပား တာကို စဥ္းစားၾကည့္ပါ။ သင္ဟာ ပစ္မွတ္သတ္မွတ္ထားျခင္းမရွိတဲ့အလုပ္ကို လုပ္ေနရတယ္ဆိုရင္ ပင္ပန္းႏြမ္းနယ္မႈျဖစ္မွာ မဟုတ္သလို၊ ဘာမွမရွိပါလားဆိုတဲ့ စိတ္ခံစားခ်က္လည္း ေပၚလာမွာ မဟုတ္ပါ။ ပစ္မွတ္မပါတဲ့အလုပ္ေတြက လက္ရွိပစၥဳပၸန္ကို တည့္တည့္ရႈရတဲ့သေဘာရွိပါတယ္။ 


          လုပ္ငန္းခြင္မွာ ဦးတည္ခ်က္နဲ႔ ပစ္မွတ္ထားလုပ္ရတဲ့အလုပ္ေတြရွိသလို၊ ပစ္မွတ္မထားဘဲ အလုပ္ေတြလည္း လုပ္ေနရတာလည္းရွိပါတယ္။  ဥပမာ - HR report ျပင္ဆင္မယ္ဆိုရင္ ရည္႐ြယ္ခ်က္၊ ဦးတည္ခ်က္ရွိရမွာျဖစ္ၿပီး၊ လုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန တုန႔္ျပန္မႈ၊ ထင္ျမင္ခ်က္ေတာင္းတယ္ဆိုရင္ ရည္႐ြယ္ခ်က္ႀကီးႀကီးမားမားေတြခ်မွတ္ေနစရာမလိုဘူးေပါ့။ ဦးတည္ခ်က္ေတြခ်၊ ပန္းတိုင္ေတြခ်ၿပီးလုပ္ေတာ့မယ္ဆိုရင္ အဓိပၸာယ္ရွိ အႏွစ္သာရျပည့္ဝေနဖို႔ လိုပါတယ္။ ညႇိႏႈိင္းေနရတဲ့အလုပ္ေတြမွာဆို ကုမၸဏီႀကီးထြားဖြံ႕ၿဖိဳးတိုးတက္ဖို႔၊ ညီလာခံတစ္ခုကို လက္ခံက်င္းပေနတယ္ဆိုရင္ အက်ိဳးဆိုင္သူေတြနဲ႔ ရင္းႏွီးမႈ၊ အဆက္အသြယ္အခ်ိတ္အဆက္မိဖို႔ စတဲ့ ဦးတည္ခ်က္၊ ပန္းတိုင္ေတြရွိေနရမွာျဖစ္ပါတယ္။ ဒါဆို သင့္မွာ ေ႐ြးခ်ယ္စရာရွိေနၿပီပဲ။ သတ္မွတ္ခ်က္ေတြနဲ႔ စီစဥ္ထားတဲ့ စီမံကိန္းပဲျဖစ္ျဖစ္၊ လုပ္လက္စ လုပ္႐ိုးလုပ္စဥ္လုပ္ငန္းစဥ္ပဲျဖစ္ျဖစ္၊ တစ္ခုမဟုတ္တစ္ခုကိုေတာ့ အာ႐ုံစိုက္လုပ္ေနရမွာျဖစ္ပါတယ္။ သင့္ရဲ႕ ဦးတည္ရာဟာ စီမံကိန္းနဲ႔ လုပ္ရတဲ့အလုပ္ေတြနည္းေအာင္ ရည္႐ြယ္ထားတယ္ဆိုရင္ အေျပာင္းအလဲလုပ္ဖို႔ မလိုဘဲ (သို႔) သင္ဘယ္ေလာက္အထိ ကြၽမ္းက်င္ပိုင္ႏိုင္စြာ လုပ္ႏိုင္သလဲ အေပၚမူတည္ၿပီး ခ်ိန္ညႇိမႈေတြလုပ္ျခင္းအားျဖင့္ လက္ရွိအခ်ိန္မွာ ဘာမွမရွိပါလားဆိုတဲ့ စိတ္ခံစားခ်က္ကို အႏိုင္ယူႏိုင္မွာျဖစ္ပါတယ္။ 


          စစ္ေဆးတဲ့ေမးခြန္းဆီျပန္သြားၾကရေအာင္။ Mid-career နဲ႔ပတ္သက္တဲ့ စိတ္ပ်က္စရာေတြက ဘယ္အခ်ိန္မွာ ေျပာင္းလဲဖို႔ အခ်က္ျပပါသလဲ၊ အေျပာင္းအလဲကို ဆန႔္က်င္မယ္ဆိုရင္ ဘယ္လိုထင္မလဲ၊ ဘယ္လိုခံစားရမလဲ။ သင့္ရဲ႕ အရည္အခ်င္းက အလုပ္နဲ႔ကိုက္ညီမႈမရွိလို႔ (သို႔) သင့္ရဲ႕   စိတ္ဝင္စားတဲ့အရာေျပာင္းလဲသြားလို႔ (သို႔) ေနာင္မွာ ရာထူးတိုးႏိုင္မယ့္ အလားအလာနည္းလို႔ စတာေတြေၾကာင့္ သင့္ကို မေက်နပ္မႈေတြျဖစ္လာေစႏိုင္ပါတယ္။ သင့္ရဲ႕ ေက်နပ္မႈမရွိျခင္းဟာ ေနာင္တဆိုတဲ့ ခလုတ္ကို ဖြင့္လိုက္သလို၊ စီမံကိန္းေတြကို ကိုယ့္သေဘာနဲ႔ ကိုယ္ရပ္ဆိုင္းလိုက္တာေတြ၊ ဦးတည္ရာမဲ့ ေနာက္ထပ္အလုပ္သစ္ရွာတာေတြ ျဖစ္လာႏိုင္ပါတယ္။ စာေရးသူက သူရွာေဖြထားတဲ့အေၾကာင္းအရာတစ္ခုကို သတ္မွတ္ႏိုင္ဖို႔ အ ဆင့္ကို ဗ်ဴဟာခ်ေဆာင္႐ြက္ခဲ့ပါတယ္။ ဒီဗ်ဴဟာေတြက အကန႔္အသတ္ျဖစ္ေနတဲ့ သင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းမႈကို ျပန္လည္သင့္ျမတ္ေအာင္ လုပ္ေပးႏိုင္ေလာက္ပါ့မလား။ အကယ္၍ မလုပ္ေပးႏိုင္ဘူးဆိုရင္ လမ္းေၾကာင္းေျပာင္းဖို႔ပဲ ေဆြးေႏြးရေတာ့မွာေပါ့။ လုပ္သက္ သက္တမ္းဝက္က သိပ္အေနာက္က်ႀကီးေတာ့ မဟုတ္ပါ။ Mid-career crisis ကို အေျခခံ က်က်လႈံ႕ေဆာ္မႈေတြ လုပ္ႏိုင္ၿပီး၊ ေျပာင္းလဲမႈေတြကို မ်က္ျမငၵိ႒ျဖစ္ေအာင္ လုပ္ႏိုင္ပါတယ္။


          သင္ ႐ုတ္တရက္ေျပာင္းပစ္ရေတာ့မယ္ဆိုရင္ ဗ်ဴဟာလိုပါမယ္၊ မေမ့သင့္ပါ။ စာေရးသူလည္း သူ႔ရဲ႕ စိတ္ပ်က္စရာလုပ္ငန္းခြင္ဘဝကေန ျပန္လည္ႏိုးထၿပီး၊ အလုပ္မွာေပ်ာ္႐ႊင္စြာ ဆက္လက္လုပ္ကိုင္ႏိုင္ဖို႔ ဒီလိုပဲျဖတ္သန္းခဲ့ရတာ ျဖစ္ပါတယ္။ သတိလက္လြတ္ျဖစ္တတ္တာက ေရွာင္လႊဲဖို႔ ႀကိဳးစားခ်င္တယ္၊ ဒါေပမဲ့ မရဘူးဆိုတာကို သိထားရပါမယ္။ ခ်ိတ္ဆက္၊ တြဲဆက္လိုက္ျခင္းက ေနာင္တကို ျပန္လည္၍ခ်ိန္ခြင္လွ်ာခ်ိန္ညႇိလိုက္သလိုျဖစ္မယ္ဆိုတာကို နားလည္ထားရမွာျဖစ္ပါတယ္။ စီမံကိန္းေတြ (သို႔) ထုတ္ကုန္ေတြကို တန္ဖိုးတက္လာဖို႔ခ်ည္းမဟုတ္ဘဲ လုပ္နည္းကိုပါ တန္ဖိုးတက္လာေအာင္ ထိုက္တန္တဲ့လႈပ္ရွားမႈေတြ လုပ္ႏိုင္ဖို႔ ခ်န္ထားပါဦးလို႔ အားေပးရင္း၊ ဆီေလ်ာ္သလိုျပန္ဆိုမွ်ေဝအပ္ပါတယ္။


Reference:  


Kieran Setiya, a professor in the Department of Linguistics and Philosophy at MIT (2017). Facing Your Mid-career Crisis. Princeton University Press, Harvard Business Review.


No comments: