Thursday, October 15, 2020

iPhone 12 ကို Apple မိတ်ဆက်ပြီ 📱

iPhone 12 ကို Apple မိတ်ဆက်ပြီ 📱




ဒီနေ့မှာတော့ Apple ဟာ iPhone 12 စီးရီးစမတ်ဖုန်းမျိုးဆက်သစ်တွေကိုမိတ်ဆက်လိုက်ပါပြီ။ ယခု iPhone 12 စီးရီးမှာတော့ iPhone 12 Mini , iPhone 12 , iPhone 12 Pro , iPhone 12 Pro Max စတဲ့ ဖုန်းမော်ဒယ်သစ် ၄ မျိုးပါဝင်ပါတယ်။ ဖုန်း ၄ မျိုးလုံးဟာ 5G ဖုန်းတွေဖြစ်ပါတယ်။ ဒီဇိုင်းအပြောင်းအလဲအနေနဲ့ ဖုန်းမော်ဒယ်သစ် ၄ မျိုးလုံးမှာ iPhone 5 စတိုင်လ်ဘေး Frame ဒီဇိုင်းကိုပြန်လည်အသုံးပြုလာတာကိုလည်းတွေ့ရပါတယ်။ ဒီနှစ်ကုန်ဆိုရင် အမေရိကန်ပြည်ထောင်စုတစ်ခုလုံးနီးပါးမှာ 5G ကွန်ရက် အသုံးပြုနိုင်တော့မှာဖြစ်လို့ ဒီနှစ်ရဲ့ iPhone 12 မော်ဒယ်တွေအတွက်အထူးစပယ်ရှယ် Selling Point အဖြစ် 5G connectivity feature ကိုပဲ Apple ကအဓိက highlight လုပ်သွားတာလည်းတွေ့ရပါတယ်။


📌 ဒီပို့စ်မှာပဲအချက်အလက်တွေထပ်ဖြည့်ပေးနေဆဲမို့ ပို့စ်ကို Copy မကူးပဲ Share ပဲလုပ်ပေးသွားကြစေချင်ပါတယ်။ ဒါမှ ပို့စ်က up to date ဖြစ်နေမှာပါ။ 📌


ထူးခြားချက်အနေနဲ့ ယခု iPhone 12 စီးရီးမော်ဒယ်သစ် ၄ မျိုးလုံးမှာ Apple ရဲ့ Custom made OLED Panel တွေကိုပဲအသုံးပြုလိုက်တာ ၊ မော်ဒယ် ၄ မျိုးလုံး 5G Network support လုပ်တဲ့ဖုန်းတွေဖြစ်တာ ၊ Mobile Device တွေမှာပထမဆုံးအဖြစ် iPad Pro 2020 မှာစတင်တပ်ဆင်အသုံးပြုခဲ့တဲ့ LiDAR Sensor ကို ယခု iPhone 12 Pro မော်ဒယ် ဖုန်း ၂ မျိုးမှာထည့်ပေးလိုက်တာ စတဲ့အပြောင်းအလဲတွေလုပ်လာတာတွေ့ရပါတယ်။ iPhone 12 Pro နဲ့ 12 Pro Max တွေဆိုရင်လည်း ယခင် 11 Pro , 11 Pro Max တွေထက် Screen size တွေသိသာစွာပိုကြီးလာပါတယ်။ ဒါ့အပြင် ဖုန်း ၄ မျိုးလုံးရဲ့နောက်ကျောဘက်အတွင်းထဲမှာ Magnet တွေထည့်ပေးထားတဲ့အတွက် ဖုန်းရဲ့နောက်ကျောမှာ သံလိုက်လိုကပ်သုံးနိုင်မယ့် Wireless Charging အားသွင်းကြိုးတွေ ၊ Magnetic Car Charger Accessories တွေ ၊ အခြားသော သံလိုက်ပါ Accessories တွေနဲ့တွဲဖက်အသုံးပြုနိုင်မှာပါ။ iPhone 12 စီးရီးမော်ဒယ်တွေရဲ့နောက်ကျောက ဒီ Magnetic နည်းပညာကိုတော့ Magsafe လို့အမည်ပေးထားပါတယ်။ iPhone 12 နောက်ကျောမှာသံလိုက်လိုကပ်သုံးလို့ရတဲ့ Fashionable accessories (Magsafe Accessories) တွေအများကြီးထွက်ရှိလာဦးမှာပါ။ 


 ဒါ့အပြင် ဖုန်းမော်ဒယ် ၄ မျိုးစလုံးကို ဗူးထဲမှာ အားသွင်းကြိုးနဲ့ဖုန်းပဲထည့်ပေးပြီး Charger ခေါင်းနဲ့ နားကြပ်မပါတော့တာလည်း ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုပါပဲ 😆 Apple ကတော့ သဘာဝပတ်ဝန်းကျင်ပိုကောင်းလာဖို့အတွက်ပါလို့အကြောင်းပြပါတယ် 😌 အားသွင်းခေါင်းနဲ့ နားကြပ်မပါတော့တဲ့အတွက် ဖုန်းဂျပ်ဗူး size တွေကလည်းသိသိသာသာကိုပိုပါးသွားပါတယ်။ ** iPhone 12 မော်ဒယ်တွေအတွက် အားသွင်းခေါင်းဝယ်တဲ့အခါ 18W Charger ခေါင်းဝယ်ရပါမယ် **


iPhone နဲ့ဂိမ်းဆော့သူတွေက iPhone 12 Pro ရဲ့ Display မှာ Screen Refresh Rate 120Hz ပါဖို့မျှော်လင့်ထားကြပေမယ့် 12 စီးရီးရဲ့ Pro Models တွေမှာတောင် ပါမလာခဲ့တာလည်းတွေ့ရပါတယ် ။ 5G Connectivity, Chipset , Battery ဒီ ၃ မျိုးနဲ့ Balance ဖြစ်အောင်လုပ်လိုက်ရလို့ 120Hz refresh rate ထည့်ပေးလိုက်ရင် အပူလွန်ကဲမှုနဲ့ဘက်ထရီအသုံးခံမှုပိုင်းမှာမသေချာတဲ့အတွက် ဒီနှစ် iPhone တွေရဲ့ Display မှာ 120Hz မထည့်ပေးသေးတာလို့ယူဆပါတယ်။ နောက်နှစ် iPhone တွေမှာတော့ သေချာပေါက်ပါလာမှာပါ။ 


Pro Model တွေမှာဆိုရင် Photography/Videography ပိုင်းတွေသိသိသာသာပိုကောင်းလာတဲ့အပြင် Video recording ပိုင်းမှာ Dolby Vision/10-bit HDR recording ပါလုပ်လို့ရလာတာလည်းမိုက်ပါတယ်။ ဒါ့အပြင် 12 Pro မော်ဒယ်ချင်းအတူတူတောင်မှ 12 Pro ထက် 12 Pro Max ရဲ့ Main Camera Sensor ကပိုကောင်းတာလည်းတွေ့ရတယ် ။ iPhone 12 စီးရီး ဖုန်း ၄ မျိုးထဲမှာ 12 Pro Max ကကင်မရာအကောင်းဆုံးလို့ဆိုရမယ်။ ညဘက်ရိုက်ကူးမှု Low-light photography ပိုင်းမှာလည်း 12 Pro ထက် 12 Pro Max ကပိုသာပါတယ်။


ရှေ့မျက်နှာပြင်ဒီဇိုင်းပိုင်းအနေနဲ့ ယခင် 11 စီးရီးကဲ့သို့အတူတူပင်ဖြစ်သော်လည်း ဘေး Frame ကယခင် 11 စီးရီးမှာကဲ့သို့လုံးဝန်းဖောင်းထွက်နေတဲ့/ ဘေး Frame ထူထဲနေသလိုခံစားရစေတဲ့ Frame design မျိုးမဟုတ်တော့ဘဲ iPhone 4/5 ကဲ့သို့ လေးထောင့်ဆန်ဆန် Frame ဒီဇိုင်းဖြစ်သွားတဲ့အတွက် ရှေ့ Display ရဲ့ဘေးသား/ဘေးဘောင်တွေအတော်ပါးသွားတဲ့ ၊ All-screen display ဖြစ်သွားတဲ့ခံစားမှုမျိုးရရှိသွားပါတယ်။ Display ထိပ်က Notch ကတော့ပြောင်းလဲမှုမရှိ အရင်အတိုင်းပါပဲ။ 


ဖုန်း ၄ မျိုးလုံးက Wireless Charging ရပါတယ်။ ဖုန်း ၄ မျိုးလုံးက ရေစိုခံဖုန်းတွေဖြစ်ပါတယ်။ ဖုန်းရှေ့မျက်နှာပြင် Glass တွေကလည်း ယခင် iPhone တွေထက်ပိုအကြမ်းခံပါတယ်။ iPhone 12 တွေရဲ့ Glass ကို Ceramic Shield လို့တောင်အမည်ပေးထားပါသေးတယ်။


iPhone 12 Mini 

--------------

iPhone SE/7/8 ထက်တောင်ပိုသေးတဲ့ iPhone 12 Mini ကို Screen size 5.4 လက်မအရွယ် OLED Super Retina XDR Display (1080p) တပ်ဆင်ပေးထားပါတယ်။ ဘေး Frame က Aluminum ၊ နောက်ဘက်ခြမ်း Glass နဲ့ပါ။ A14 Bionic Chipset ကိုအသုံးပြုထားပြီး 5G ဖုန်းဖြစ်ပါတယ်။ Face ID ပါဝင်ပါတယ်။ ရှေ့ဘက်ခြမ်း Selfie Camera/TrueDepth Camera အနေနဲ့ 12MP(f2.2) တပ်ဆင်ထားပါတယ်။ နောက်ဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး 12 MP (f2.4, 5 elements Lens) Ultra Wide Lens နဲ့ 12 MP (f1.6, 7 elements Lens) Wide Lens တို့ကိုတပ်ဆင်ပေးထားပါတယ် ။ 4K video ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရိုက်ရာမှာပိုမိုကောင်းမွန်စေမယ့် Smart HDR 3 Feature ပါဝင်ပါတယ်။အရောင်အနေနဲ့  Black , Blue , Green , Red , white တို့နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Storage အနေနဲ့  64GB , 128GB , 256GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone SE နေရာကိုအစားထိုးမယ့် ဖုန်းမော်ဒယ်လို့မြင်မိပါတယ်။ iPhone 12 Mini ကို နိုဝင်ဘာ ၁၃ ရက်နေ့မှစရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့  64GB - ၁၁ သိန်းခွဲ ဝန်းကျင် ၊ 128GB - ၁၂ သိန်းခွဲဝန်းကျင် ၊ 256GB - ၁၄ သိန်းဝန်းကျင်ကျပါမယ်။


iPhone 12

----------




iPhone 12 ကိုတော့ 6.1 လက်မအရွယ် OLED Super Retina XDR Display (2532x1170) တပ်ဆင်ပေးထားပြီး Display pixel ကလည်း iPhone 11 display ရဲ့ ၂ ဆဖြစ်ပါတယ်။ iPhone 11 မှာတုန်းက LCD display သုံးထားပြီး အခု iPhone 12 မှာ OLED Panel ပြောင်းသုံးလိုက်တဲ့အတွက် Display ပိုင်းမှာ iPhone 12 က 11 ထက်အများကြီးပိုကောင်းပါတယ်။ HDR 10 support လုပ်တဲ့ Display ဖြစ်ပါတယ်။ ဘေး Frame က Aluminum ၊ နောက်ဘက်ခြမ်း Glass နဲ့ပါ။ iPhone 12 ဟာ iPhone 11 ထက် ၁၁% ပိုပါးပြီး ၊ ၁၅% ပိုသေးကာ ၁၆% ပိုပေါ့ပါးပါတယ်။ A14 Bionic Chipset ကိုအသုံးပြုထားပြီး 5G ဖုန်းဖြစ်ပါတယ်။ Face ID ပါဝင်ပါတယ်။ ရှေ့ဘက်ခြမ်း Selfie Camera/TrueDepth Camera အနေနဲ့ 12MP(f2.2) တပ်ဆင်ထားပါတယ်။ နောက်ဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး 12 MP (f2.4, 5 elements Lens) Ultra Wide Lens နဲ့ 12 MP (f1.6, 7 elements Lens) Wide Lens တို့ကိုတပ်ဆင်ပေးထားပါတယ်။ Low light Photography ရိုက်ကူးရာမှာ iPhone 11 ထက်ပိုကောင်းလာတာတွေ့ရပါတယ်။ 4K video ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရိုက်ရာမှာပိုမိုကောင်းမွန်စေမယ့် Smart HDR 3 Feature ပါဝင်ပါတယ်။ အရောင်အနေနဲ့  Black , Blue , Green , Red , white တို့နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Storage အနေနဲ့  64GB , 128GB , 256GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone 12 ကိုအောက်တိုဘာ ၂၃ ရက်နေ့စရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့  64GB - ၁၂ သိန်းခွဲ ဝန်းကျင် ၊ 128GB - ၁၃ သိန်းခွဲဝန်းကျင် ၊ 256GB - ၁၄ သိန်းခွဲဝန်းကျင်ဖြစ်ပါမယ်။


iPhone 12 Pro

--------------




iPhone 12 Pro ကိုတော့ ယခင်နှစ် iPhone XS , 11 Pro တွေထက် size ကြီးလိုက်ပြီး iPhone 12 နဲ့အရွယ်အစားအတူတူဖြစ်ပါတယ်။ Screen size အနေနဲ့ 6.1 လက်မအရွယ် Super Retina XDR Display ကိုအသုံးပြုထားပါတယ်။ iPhone 11 Pro ထက် Screen size ပိုကြီးလာပါတယ်။ ဘေး Frame က Stainless steel ၊ နောက်ဘက်ခြမ်းက Matt glass နဲ့ပါ။ A14 Bionic Chipset သုံးထားပြီး RAM 6GB ပါဝင်ပါတယ်။ 5G ဖုန်းပါ။ ရှေ့ selfie camera အနေနဲ့ 12 MP, f/2.2, 23mm (wide) ကိုတပ်ဆင်ပေးထားပါတယ်။ နောက်ဘက်ခြမ်းမှာ Triple Camera ပါဝင်ပြီး 12 MP, f/1.6, 26mm (wide), 1.4µm, dual pixel PDAF, OIS + 12 MP, f/2.0, 65mm (telephoto), 1/3.4", 1.0µm, PDAF, OIS, 2.5x optical zoom + 12 MP, f/2.4, 13mm (ultrawide) lens တွေကိုတပ်ဆင်ပေးထားပါတယ် ။ iPhone 12 Pro မှာ 52mm Telephoto Camera ပါဝင်ပြီး 4x Optical Zoom ဆွဲလို့ရပါတယ်။ Video ရိုက်ကူးမှုအနေနဲ့ Dolby Vision/10 bit HDR /4k Video တွေလည်းရိုက်ကူးနိုင်ပါတယ်။  AR feature နဲ့အခြား measurements ပိုင်းတွေအတွက် သီးသန့်အလုပ်လုပ်ပေးမယ့် LiDAR Sensor ကိုလည်းတပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် iPhone 12 Pro မှာတော့ LiDAR Sensor က Lowlight photography/videography ရိုက်ကူးမှုပိုင်းမှာ Autofocus ပိုင်းအတွက်လည်းအလုပ်လုပ်ပေးပါတယ်။ အရောင်အနေနဲ့  Blue, Gold, Graphite, Silver တို့နဲ့ဝယ်ယူရရှိနိုငိမှာဖြစ်ပြီး Storage အနေနဲ့  128GB , 256GB , 512GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone 12 Pro ကိုအောက်တိုဘာ ၂၃ ရက်နေ့စရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့  128GB - ၁၆ သိန်းဝန်းကျင် ၊ 256GB - ၁၇ သိန်းခွဲဝန်းကျင် ၊ 512GB - သိန်း ၂၀ ဝန်းကျင်ဖြစ်ပါမယ်။


iPhone 12 Pro Max

-------------------

iPhone 12 Pro Max ကိုတော့ Screen size 6.7 လက်မအရွယ် Super Retina XDR Display ကိုအသုံးပြုထားပါတယ်။ iPhone 11 Pro Max က 6.5 လက်မအရွယ် screen size ဆိုတော့ iPhone 12 Pro Max ဟာ Apple ကထုတ်ခဲ့သမျှ iPhone တွေထဲမှာ Screen size အကြီးဆုံးလည်းဖြစ်လာပါတယ်။ ဘေး Frame က Stainless steel ၊ နောက်ဘက်ခြမ်းက Matt glass နဲ့ပါ။ A14 Bionic Chipset သုံးထားပြီး RAM 6GB ပါဝင်ပါတယ်။ 5G ဖုန်းပါ။ ရှေ့ selfie camera အနေနဲ့ 12 MP, f/2.2, 23mm (wide) ကိုတပ်ဆင်ပေးထားပါတယ်။ နောက်ဘက်ခြမ်းမှာ Triple Camera ပါဝင်ပြီး 12 MP, f/1.6, 26mm (wide), 1.7µm, dual pixel PDAF, OIS + 12 MP, f/2.0, 65mm (telephoto), 1/3.4", 1.0µm, PDAF, OIS, 2.5x optical zoom + 12 MP, f/2.4, 13mm (ultrawide) lens တွေကိုတပ်ဆင်ပေးထားပါတယ် ။ iPhone 12 Pro Max မှာ 65mm Telephoto Camera ပါဝင်ပြီး 5x Optical Zoom ဆွဲလို့ရပါတယ်။ နောက်ဘက်ခြမ်း ကင်မရာအနေနဲ့ 12 Pro Max ကသိသာစွာပိုကောင်းတာလည်းတွေ့ရပါတယ်။ Video ရိုက်ကူးမှုအနေနဲ့ Dolby Vision /10 bit HDR Video/4K တွေလည်းရိုက်ကူးနိုင်ပါတယ်။ Optical Image Stabilization နည်းပညာမှာလည်း 12 Pro Max ကပိုကောင်းပါတယ်။ AR feature နဲ့အခြား measurements ပိုင်းတွေအတွက် သီးသန့်အလုပ်လုပ်ပေးမယ့် LiDAR Sensor ကိုလည်းတပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် iPhone 12 Pro မှာတော့ LiDAR Sensor က Lowlight photography/videography ရိုက်ကူးမှုပိုင်းမှာ Autofocus ပိုင်းအတွက်လည်းအလုပ်လုပ်ပေးပါတယ်။ အရောင်အနေနဲ့  Blue, Gold, Graphite, Silver တို့နဲ့ဝယ်ယူရရှိနိုငိမှာဖြစ်ပြီး Storage အနေနဲ့  128GB , 256GB , 512GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone 12 Pro Max ကိုနိုဝင်ဘာ ၁၃ ရက်နေ့မှစရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့  128GB - ၁၈ သိန်းဝန်းကျင် ၊ 256GB -  ၁၉ သိန်းခွဲဝန်းကျင် ၊ 512GB - ၂၂ သိန်းဝန်းကျင်ဖြစ်ပါမယ်။


**ဆင်းကဒ် ၂ ကဒ်ထည့်သုံးချင်သူတွေအတွက် iPhone 12/Pro/Pro Max ၃ မျိုးလုံးကို e-SIM (သို့) Physical Dual Sim ဟန်းဆက်အနေနဲ့ဝယ်လို့ရပါမယ်။ iPhone 12 Mini ကတော့ e-SIM ဟန်းဆက်အနေနဲ့ပဲဝယ်ယူရရှိနိုင်ပါမယ်။ **


📌 ဒီပို့စ်မှာပဲအချက်အလက်တွေထပ်ဖြည့်ပေးနေဆဲမို့ ပို့စ်ကို Copy မကူးပဲ Share ပဲလုပ်ပေးသွားကြစေချင်ပါတယ်။ ဒါမှ ပို့စ်က up to date ဖြစ်နေမှာပါ။ 📌


 Thet Naing Soe


(Zawgyi) 


 iPhone 12 ကို Apple မိတ္ဆက္ၿပီ 📱




ဒီေန႔မွာေတာ့ Apple ဟာ iPhone 12 စီးရီးစမတ္ဖုန္းမ်ိဳးဆက္သစ္ေတြကိုမိတ္ဆက္လိုက္ပါၿပီ။ ယခု iPhone 12 စီးရီးမွာေတာ့ iPhone 12 Mini , iPhone 12 , iPhone 12 Pro , iPhone 12 Pro Max စတဲ့ ဖုန္းေမာ္ဒယ္သစ္ ၄ မ်ိဳးပါဝင္ပါတယ္။ ဖုန္း ၄ မ်ိဳးလုံးဟာ 5G ဖုန္းေတြျဖစ္ပါတယ္။ ဒီဇိုင္းအေျပာင္းအလဲအေနနဲ႔ ဖုန္းေမာ္ဒယ္သစ္ ၄ မ်ိဳးလုံးမွာ iPhone 5 စတိုင္လ္ေဘး Frame ဒီဇိုင္းကိုျပန္လည္အသုံးျပဳလာတာကိုလည္းေတြ႕ရပါတယ္။ ဒီႏွစ္ကုန္ဆိုရင္ အေမရိကန္ျပည္ေထာင္စုတစ္ခုလုံးနီးပါးမွာ 5G ကြန္ရက္ အသုံးျပဳနိုင္ေတာ့မွာျဖစ္လို့ ဒီႏွစ္ရဲ့ iPhone 12 ေမာ္ဒယ္ေတြအတြက္အထူးစပယ္ရွယ္ Selling Point အျဖစ္ 5G connectivity feature ကိုပဲ Apple ကအဓိက highlight လုပ္သြားတာလည္းေတြ႕ရပါတယ္။


📌 ဒီပို့စ္မွာပဲအခ်က္အလက္ေတြထပ္ျဖည့္ေပးေနဆဲမို့ ပို့စ္ကို Copy မကူးပဲ Share ပဲလုပ္ေပးသြားၾကေစခ်င္ပါတယ္။ ဒါမွ ပို့စ္က up to date ျဖစ္ေနမွာပါ။ 📌


ထူးျခားခ်က္အေနနဲ႔ ယခု iPhone 12 စီးရီးေမာ္ဒယ္သစ္ ၄ မ်ိဳးလုံးမွာ Apple ရဲ့ Custom made OLED Panel ေတြကိုပဲအသုံးျပဳလိုက္တာ ၊ ေမာ္ဒယ္ ၄ မ်ိဳးလုံး 5G Network support လုပ္တဲ့ဖုန္းေတြျဖစ္တာ ၊ Mobile Device ေတြမွာပထမဆုံးအျဖစ္ iPad Pro 2020 မွာစတင္တပ္ဆင္အသုံးျပဳခဲ့တဲ့ LiDAR Sensor ကို ယခု iPhone 12 Pro ေမာ္ဒယ္ ဖုန္း ၂ မ်ိဳးမွာထည့္ေပးလိုက္တာ စတဲ့အေျပာင္းအလဲေတြလုပ္လာတာေတြ႕ရပါတယ္။ iPhone 12 Pro နဲ႔ 12 Pro Max ေတြဆိုရင္လည္း ယခင္ 11 Pro , 11 Pro Max ေတြထက္ Screen size ေတြသိသာစြာပိုႀကီးလာပါတယ္။ ဒါ့အျပင္ ဖုန္း ၄ မ်ိဳးလုံးရဲ့ေနာက္ေက်ာဘက္အတြင္းထဲမွာ Magnet ေတြထည့္ေပးထားတဲ့အတြက္ ဖုန္းရဲ့ေနာက္ေက်ာမွာ သံလိုက္လိုကပ္သုံးနိုင္မယ့္ Wireless Charging အားသြင္းႀကိဳးေတြ ၊ Magnetic Car Charger Accessories ေတြ ၊ အျခားေသာ သံလိုက္ပါ Accessories ေတြနဲ႔တြဲဖက္အသုံးျပဳနိုင္မွာပါ။ iPhone 12 စီးရီးေမာ္ဒယ္ေတြရဲ့ေနာက္ေက်ာက ဒီ Magnetic နည္းပညာကိုေတာ့ Magsafe လို့အမည္ေပးထားပါတယ္။ iPhone 12 ေနာက္ေက်ာမွာသံလိုက္လိုကပ္သုံးလို့ရတဲ့ Fashionable accessories (Magsafe Accessories) ေတြအမ်ားႀကီးထြက္ရွိလာဦးမွာပါ။ 


 ဒါ့အျပင္ ဖုန္းေမာ္ဒယ္ ၄ မ်ိဳးစလုံးကို ဗူးထဲမွာ အားသြင္းႀကိဳးနဲ႔ဖုန္းပဲထည့္ေပးၿပီး Charger ေခါင္းနဲ႔ နားၾကပ္မပါေတာ့တာလည္း ထူးျခားတဲ့ေျပာင္းလဲမွုတစ္ခုပါပဲ 😆 Apple ကေတာ့ သဘာဝပတ္ဝန္းက်င္ပိုေကာင္းလာဖို့အတြက္ပါလို့အေၾကာင္းျပပါတယ္ 😌 အားသြင္းေခါင္းနဲ႔ နားၾကပ္မပါေတာ့တဲ့အတြက္ ဖုန္းဂ်ပ္ဗူး size ေတြကလည္းသိသိသာသာကိုပိုပါးသြားပါတယ္။ ** iPhone 12 ေမာ္ဒယ္ေတြအတြက္ အားသြင္းေခါင္းဝယ္တဲ့အခါ 18W Charger ေခါင္းဝယ္ရပါမယ္ **


iPhone နဲ႔ဂိမ္းေဆာ့သူေတြက iPhone 12 Pro ရဲ့ Display မွာ Screen Refresh Rate 120Hz ပါဖို့ေမၽွာ္လင့္ထားၾကေပမယ့္ 12 စီးရီးရဲ့ Pro Models ေတြမွာေတာင္ ပါမလာခဲ့တာလည္းေတြ႕ရပါတယ္ ။ 5G Connectivity, Chipset , Battery ဒီ ၃ မ်ိဳးနဲ႔ Balance ျဖစ္ေအာင္လုပ္လိုက္ရလို့ 120Hz refresh rate ထည့္ေပးလိုက္ရင္ အပူလြန္ကဲမွုနဲ႔ဘက္ထရီအသုံးခံမွုပိုင္းမွာမေသခ်ာတဲ့အတြက္ ဒီႏွစ္ iPhone ေတြရဲ့ Display မွာ 120Hz မထည့္ေပးေသးတာလို့ယူဆပါတယ္။ ေနာက္ႏွစ္ iPhone ေတြမွာေတာ့ ေသခ်ာေပါက္ပါလာမွာပါ။ 


Pro Model ေတြမွာဆိုရင္ Photography/Videography ပိုင္းေတြသိသိသာသာပိုေကာင္းလာတဲ့အျပင္ Video recording ပိုင္းမွာ Dolby Vision/10-bit HDR recording ပါလုပ္လို့ရလာတာလည္းမိုက္ပါတယ္။ ဒါ့အျပင္ 12 Pro ေမာ္ဒယ္ခ်င္းအတူတူေတာင္မွ 12 Pro ထက္ 12 Pro Max ရဲ့ Main Camera Sensor ကပိုေကာင္းတာလည္းေတြ႕ရတယ္ ။ iPhone 12 စီးရီး ဖုန္း ၄ မ်ိဳးထဲမွာ 12 Pro Max ကကင္မရာအေကာင္းဆုံးလို့ဆိုရမယ္။ ညဘက္ရိုက္ကူးမွု Low-light photography ပိုင္းမွာလည္း 12 Pro ထက္ 12 Pro Max ကပိုသာပါတယ္။


ေရွ႕မ်က္ႏွာျပင္ဒီဇိုင္းပိုင္းအေနနဲ႔ ယခင္ 11 စီးရီးကဲ့သို့အတူတူပင္ျဖစ္ေသာ္လည္း ေဘး Frame ကယခင္ 11 စီးရီးမွာကဲ့သို့လုံးဝန္းေဖာင္းထြက္ေနတဲ့/ ေဘး Frame ထူထဲေနသလိုခံစားရေစတဲ့ Frame design မ်ိဳးမဟုတ္ေတာ့ဘဲ iPhone 4/5 ကဲ့သို့ ေလးေထာင့္ဆန္ဆန္ Frame ဒီဇိုင္းျဖစ္သြားတဲ့အတြက္ ေရွ႕ Display ရဲ့ေဘးသား/ေဘးေဘာင္ေတြအေတာ္ပါးသြားတဲ့ ၊ All-screen display ျဖစ္သြားတဲ့ခံစားမွုမ်ိဳးရရွိသြားပါတယ္။ Display ထိပ္က Notch ကေတာ့ေျပာင္းလဲမွုမရွိ အရင္အတိုင္းပါပဲ။ 


ဖုန္း ၄ မ်ိဳးလုံးက Wireless Charging ရပါတယ္။ ဖုန္း ၄ မ်ိဳးလုံးက ေရစိုခံဖုန္းေတြျဖစ္ပါတယ္။ ဖုန္းေရွ႕မ်က္ႏွာျပင္ Glass ေတြကလည္း ယခင္ iPhone ေတြထက္ပိုအၾကမ္းခံပါတယ္။ iPhone 12 ေတြရဲ့ Glass ကို Ceramic Shield လို့ေတာင္အမည္ေပးထားပါေသးတယ္။


iPhone 12 Mini 

--------------

iPhone SE/7/8 ထက္ေတာင္ပိုေသးတဲ့ iPhone 12 Mini ကို Screen size 5.4 လက္မအရြယ္ OLED Super Retina XDR Display (1080p) တပ္ဆင္ေပးထားပါတယ္။ ေဘး Frame က Aluminum ၊ ေနာက္ဘက္ျခမ္း Glass နဲ႔ပါ။ A14 Bionic Chipset ကိုအသုံးျပဳထားၿပီး 5G ဖုန္းျဖစ္ပါတယ္။ Face ID ပါဝင္ပါတယ္။ ေရွ႕ဘက္ျခမ္း Selfie Camera/TrueDepth Camera အေနနဲ႔ 12MP(f2.2) တပ္ဆင္ထားပါတယ္။ ေနာက္ဘက္ျခမ္းမွာ Dual Camera ပါဝင္ၿပီး 12 MP (f2.4, 5 elements Lens) Ultra Wide Lens နဲ႔ 12 MP (f1.6, 7 elements Lens) Wide Lens တို့ကိုတပ္ဆင္ေပးထားပါတယ္ ။ 4K video ရိုက္ကူးနိုင္ပါတယ္။ ဓာတ္ပုံရိုက္ရာမွာပိုမိုေကာင္းမြန္ေစမယ့္ Smart HDR 3 Feature ပါဝင္ပါတယ္။အေရာင္အေနနဲ႔  Black , Blue , Green , Red , white တို့နဲ႔ဝယ္ယူရရွိနိုင္မွာျဖစ္ၿပီး Storage အေနနဲ႔  64GB , 128GB , 256GB ေတြနဲ႔ဝယ္ယူရရွိနိုင္ပါမယ္။ iPhone SE ေနရာကိုအစားထိုးမယ့္ ဖုန္းေမာ္ဒယ္လို့ျမင္မိပါတယ္။ iPhone 12 Mini ကို နိုဝင္ဘာ ၁၃ ရက္ေန႔မွစေရာင္းမွာပါ။ ျမန္မာျပည္ေဈးႏွုန္းအေနနဲ႔  64GB - ၁၁ သိန္းခြဲ ဝန္းက်င္ ၊ 128GB - ၁၂ သိန္းခြဲဝန္းက်င္ ၊ 256GB - ၁၄ သိန္းဝန္းက်င္က်ပါမယ္။


iPhone 12

----------

iPhone 12 ကိုေတာ့ 6.1 လက္မအရြယ္ OLED Super Retina XDR Display (2532x1170) တပ္ဆင္ေပးထားၿပီး Display pixel ကလည္း iPhone 11 display ရဲ့ ၂ ဆျဖစ္ပါတယ္။ iPhone 11 မွာတုန္းက LCD display သုံးထားၿပီး အခု iPhone 12 မွာ OLED Panel ေျပာင္းသုံးလိုက္တဲ့အတြက္ Display ပိုင္းမွာ iPhone 12 က 11 ထက္အမ်ားႀကီးပိုေကာင္းပါတယ္။ HDR 10 support လုပ္တဲ့ Display ျဖစ္ပါတယ္။ ေဘး Frame က Aluminum ၊ ေနာက္ဘက္ျခမ္း Glass နဲ႔ပါ။ iPhone 12 ဟာ iPhone 11 ထက္ ၁၁% ပိုပါးၿပီး ၊ ၁၅% ပိုေသးကာ ၁၆% ပိုေပါ့ပါးပါတယ္။ A14 Bionic Chipset ကိုအသုံးျပဳထားၿပီး 5G ဖုန္းျဖစ္ပါတယ္။ Face ID ပါဝင္ပါတယ္။ ေရွ႕ဘက္ျခမ္း Selfie Camera/TrueDepth Camera အေနနဲ႔ 12MP(f2.2) တပ္ဆင္ထားပါတယ္။ ေနာက္ဘက္ျခမ္းမွာ Dual Camera ပါဝင္ၿပီး 12 MP (f2.4, 5 elements Lens) Ultra Wide Lens နဲ႔ 12 MP (f1.6, 7 elements Lens) Wide Lens တို့ကိုတပ္ဆင္ေပးထားပါတယ္။ Low light Photography ရိုက္ကူးရာမွာ iPhone 11 ထက္ပိုေကာင္းလာတာေတြ႕ရပါတယ္။ 4K video ရိုက္ကူးနိုင္ပါတယ္။ ဓာတ္ပုံရိုက္ရာမွာပိုမိုေကာင္းမြန္ေစမယ့္ Smart HDR 3 Feature ပါဝင္ပါတယ္။ အေရာင္အေနနဲ႔  Black , Blue , Green , Red , white တို့နဲ႔ဝယ္ယူရရွိနိုင္မွာျဖစ္ၿပီး Storage အေနနဲ႔  64GB , 128GB , 256GB ေတြနဲ႔ဝယ္ယူရရွိနိုင္ပါမယ္။ iPhone 12 ကိုေအာက္တိုဘာ ၂၃ ရက္ေန႔စေရာင္းမွာပါ။ ျမန္မာျပည္ေဈးႏွုန္းအေနနဲ႔  64GB - ၁၂ သိန္းခြဲ ဝန္းက်င္ ၊ 128GB - ၁၃ သိန္းခြဲဝန္းက်င္ ၊ 256GB - ၁၄ သိန္းခြဲဝန္းက်င္ျဖစ္ပါမယ္။


iPhone 12 Pro

--------------

iPhone 12 Pro ကိုေတာ့ ယခင္ႏွစ္ iPhone XS , 11 Pro ေတြထက္ size ႀကီးလိုက္ၿပီး iPhone 12 နဲ႔အရြယ္အစားအတူတူျဖစ္ပါတယ္။ Screen size အေနနဲ႔ 6.1 လက္မအရြယ္ Super Retina XDR Display ကိုအသုံးျပဳထားပါတယ္။ iPhone 11 Pro ထက္ Screen size ပိုႀကီးလာပါတယ္။ ေဘး Frame က Stainless steel ၊ ေနာက္ဘက္ျခမ္းက Matt glass နဲ႔ပါ။ A14 Bionic Chipset သုံးထားၿပီး RAM 6GB ပါဝင္ပါတယ္။ 5G ဖုန္းပါ။ ေရွ႕ selfie camera အေနနဲ႔ 12 MP, f/2.2, 23mm (wide) ကိုတပ္ဆင္ေပးထားပါတယ္။ ေနာက္ဘက္ျခမ္းမွာ Triple Camera ပါဝင္ၿပီး 12 MP, f/1.6, 26mm (wide), 1.4µm, dual pixel PDAF, OIS + 12 MP, f/2.0, 65mm (telephoto), 1/3.4", 1.0µm, PDAF, OIS, 2.5x optical zoom + 12 MP, f/2.4, 13mm (ultrawide) lens ေတြကိုတပ္ဆင္ေပးထားပါတယ္ ။ iPhone 12 Pro မွာ 52mm Telephoto Camera ပါဝင္ၿပီး 4x Optical Zoom ဆြဲလို့ရပါတယ္။ Video ရိုက္ကူးမွုအေနနဲ႔ Dolby Vision/10 bit HDR /4k Video ေတြလည္းရိုက္ကူးနိုင္ပါတယ္။  AR feature နဲ႔အျခား measurements ပိုင္းေတြအတြက္ သီးသန႔္အလုပ္လုပ္ေပးမယ့္ LiDAR Sensor ကိုလည္းတပ္ဆင္ေပးထားပါတယ္။ ဒါေပမယ့္ iPhone 12 Pro မွာေတာ့ LiDAR Sensor က Lowlight photography/videography ရိုက္ကူးမွုပိုင္းမွာ Autofocus ပိုင္းအတြက္လည္းအလုပ္လုပ္ေပးပါတယ္။ အေရာင္အေနနဲ႔  Blue, Gold, Graphite, Silver တို့နဲ႔ဝယ္ယူရရွိနိုငိမွာျဖစ္ၿပီး Storage အေနနဲ႔  128GB , 256GB , 512GB ေတြနဲ႔ဝယ္ယူရရွိနိုင္ပါမယ္။ iPhone 12 Pro ကိုေအာက္တိုဘာ ၂၃ ရက္ေန႔စေရာင္းမွာပါ။ ျမန္မာျပည္ေဈးႏွုန္းအေနနဲ႔  128GB - ၁၆ သိန္းဝန္းက်င္ ၊ 256GB - ၁၇ သိန္းခြဲဝန္းက်င္ ၊ 512GB - သိန္း ၂၀ ဝန္းက်င္ျဖစ္ပါမယ္။


iPhone 12 Pro Max

-------------------

iPhone 12 Pro Max ကိုေတာ့ Screen size 6.7 လက္မအရြယ္ Super Retina XDR Display ကိုအသုံးျပဳထားပါတယ္။ iPhone 11 Pro Max က 6.5 လက္မအရြယ္ screen size ဆိုေတာ့ iPhone 12 Pro Max ဟာ Apple ကထုတ္ခဲ့သမၽွ iPhone ေတြထဲမွာ Screen size အႀကီးဆုံးလည္းျဖစ္လာပါတယ္။ ေဘး Frame က Stainless steel ၊ ေနာက္ဘက္ျခမ္းက Matt glass နဲ႔ပါ။ A14 Bionic Chipset သုံးထားၿပီး RAM 6GB ပါဝင္ပါတယ္။ 5G ဖုန္းပါ။ ေရွ႕ selfie camera အေနနဲ႔ 12 MP, f/2.2, 23mm (wide) ကိုတပ္ဆင္ေပးထားပါတယ္။ ေနာက္ဘက္ျခမ္းမွာ Triple Camera ပါဝင္ၿပီး 12 MP, f/1.6, 26mm (wide), 1.7µm, dual pixel PDAF, OIS + 12 MP, f/2.0, 65mm (telephoto), 1/3.4", 1.0µm, PDAF, OIS, 2.5x optical zoom + 12 MP, f/2.4, 13mm (ultrawide) lens ေတြကိုတပ္ဆင္ေပးထားပါတယ္ ။ iPhone 12 Pro Max မွာ 65mm Telephoto Camera ပါဝင္ၿပီး 5x Optical Zoom ဆြဲလို့ရပါတယ္။ ေနာက္ဘက္ျခမ္း ကင္မရာအေနနဲ႔ 12 Pro Max ကသိသာစြာပိုေကာင္းတာလည္းေတြ႕ရပါတယ္။ Video ရိုက္ကူးမွုအေနနဲ႔ Dolby Vision /10 bit HDR Video/4K ေတြလည္းရိုက္ကူးနိုင္ပါတယ္။ Optical Image Stabilization နည္းပညာမွာလည္း 12 Pro Max ကပိုေကာင္းပါတယ္။ AR feature နဲ႔အျခား measurements ပိုင္းေတြအတြက္ သီးသန႔္အလုပ္လုပ္ေပးမယ့္ LiDAR Sensor ကိုလည္းတပ္ဆင္ေပးထားပါတယ္။ ဒါေပမယ့္ iPhone 12 Pro မွာေတာ့ LiDAR Sensor က Lowlight photography/videography ရိုက္ကူးမွုပိုင္းမွာ Autofocus ပိုင္းအတြက္လည္းအလုပ္လုပ္ေပးပါတယ္။ အေရာင္အေနနဲ႔  Blue, Gold, Graphite, Silver တို့နဲ႔ဝယ္ယူရရွိနိုငိမွာျဖစ္ၿပီး Storage အေနနဲ႔  128GB , 256GB , 512GB ေတြနဲ႔ဝယ္ယူရရွိနိုင္ပါမယ္။ iPhone 12 Pro Max ကိုနိုဝင္ဘာ ၁၃ ရက္ေန႔မွစေရာင္းမွာပါ။ ျမန္မာျပည္ေဈးႏွုန္းအေနနဲ႔  128GB - ၁၈ သိန္းဝန္းက်င္ ၊ 256GB -  ၁၉ သိန္းခြဲဝန္းက်င္ ၊ 512GB - ၂၂ သိန္းဝန္းက်င္ျဖစ္ပါမယ္။


**ဆင္းကဒ္ ၂ ကဒ္ထည့္သုံးခ်င္သူေတြအတြက္ iPhone 12/Pro/Pro Max ၃ မ်ိဳးလုံးကို e-SIM (သို့) Physical Dual Sim ဟန္းဆက္အေနနဲ႔ဝယ္လို့ရပါမယ္။ iPhone 12 Mini ကေတာ့ e-SIM ဟန္းဆက္အေနနဲ႔ပဲဝယ္ယူရရွိနိုင္ပါမယ္။ **


📌 ဒီပို့စ္မွာပဲအခ်က္အလက္ေတြထပ္ျဖည့္ေပးေနဆဲမို့ ပို့စ္ကို Copy မကူးပဲ Share ပဲလုပ္ေပးသြားၾကေစခ်င္ပါတယ္။ ဒါမွ ပို့စ္က up to date ျဖစ္ေနမွာပါ။ 📌


 Thet Naing Soe

No comments: