Monday, October 26, 2020

Fitness ၊အအိပ်နှင့် ကျားစွမ်းရည်

 Fitness ၊အအိပ်နှင့် ကျားစွမ်းရည်




လူတစ်ယောက် ကျန်းမာသန်စွမ်းလိုလျင် အပျော်အပါးရှောင်၊ လေ့ကျင့်ခန်းလုပ်၊ အအိပ်အစား ဂရုစိုက် စသည့် အကြံပြုချက် တွေကိုလူတိုင်း ကြားသိ၊လိုက်နာ နေကြသော်လည်း၊ ထိုလူတိုင်း တကယ် ကျန်းမာ သန်စွမ်းကြပါရဲ့လား။ လွန်ခဲ့သော နှစ်ငါးဆယ်က အားကစားခန်းမ ဂျင်မ်ဆိုတာ မရှိသလောက် ရှားလှသော်လည်းထိုခေတ်ကလူများ ဒေါင်ဒေါင်မြည် ကျန်းမာသန်စွမ်း ခဲ့ကြသလောက် ယခုခေတ် ရပ်ကွက်တိုင်း လိုလိုမှာအားကစား လေ့ကျင့်ရေးခန်းမ တွေပေါများနေ သော်လည်း ယနေ့ခေတ် မျိုးဆက်များ ဖြစ်သည့် ကျွန်တော်တို့ခင်ဗျားတို့ တကယ်ကို ကျန်းမာသန်စွမ်း ကြပါသလား။လွန်ခဲ့သော နှစ်ငါးဆယ်က အာဟာရ စနစ်တကျရွေးချယ်စားသောက် ရမည့်အသိပညာ ဗဟုသုတ အားနည်းသော်လည်း ထိုခေတ်က အဝလွန်သူဆို ၍ရှားမှရှားပင် မဟုတ်ပါလား။ရောဂါဆိုးများ ဆိုတာ ဝေလာဝေး ပင်ဖြစ်ခဲ့သော်လည်း ယနေ့ခေတ် အဖက်ဖက်ကတိုးတက်လှပါပြီဆိုသော ကျွန်တော်တို့ခေတ်တွင်မှ ကမ္ဘာ့လူဦးရေ၏ သုံးချိုးတစ်ချိုးလောက်က ဆီးချို သွေးချိုနှလုံးရောဂါ ကင်ဆာ ပန်းသေ၊ပန်းညှိုးနှင့် အဝလွန်ခြင်းတွေက အလူးအလဲဖိစီး နှိပ်စက်နေ ခြင်းမှာ အဘယ်ကြောင့်နည်း။ကျယ်ပြန့်လွန်းသော အကြောင်းအရာများကို ဤဆောင်းပါးတစ်ပုဒ် နှင့်ဆွေးနွေး၍ မရနိုင်သော်လည်းကျွန်တော်တို့အကျွမ်းဝင်နေသောfitness နှင့်ပါတ်သက်တာလေး တွေကိုတော့ ဆွေးနွေး

ကြည့်ကြပါစို့။


ကျွန်တော်တို့လို fitness crazy တွေကတော့ သန်ပြီးရင်းသန် စွမ်းပြီးရင်းစွမ်း ချင်ကြတာ သဘာဝပါ။ဒါပေမဲ့လူတစ်ယောက် ကျန်းမာသန်စွမ်း မှုကိုဘယ်ပေတံနဲ့ တိုင်းတာနိုင်ပါသလဲ။တိုးတက် ဖွံ့ဖြိုးပြီးနိုင်ငံများ တွင်တော့ heart rate variability(HRV)monitoring နှင့်လစဉ် သွေးဖေါက်စစ်ဆေးခြင်းများဖြင့် တိုင်းထွာ နိုင်သော်လည်း ကျွန်တေ်ာတို့နိုင်ငံ၊ကျွန်တော်တို့အနေအထားနှင့် ကုန်ကျစရိတ်လုံးဝမရှိသည့် တိုင်းတာနည်း တစ်ခုကို ဆွေးနွေးတင်ပြ ပေးပါမည်။


ကျွန်တော်တို့ယောက်ကျားတွေရဲ့ သန်စွမ်းမှုကို စစ်ဆေးဖို့ကိရိယာတွေ သိပ်များများစားစား မလိုအပ်ပါဘူး။လိင်မှုကိစ္စ၊ မျိုးဆက်ပြန့်ပွားရေးသာမက ကျန်းမာသန်စွမ်းမှုကို မှတ်ကျောက် တင်ပေးနိုင်သော

ဘုရားပေးသော သာမိုမီတာ ရှိနေခြင်းပါပဲ။ လိင်စိတ်ကြွလာပြီဆိုရင် ဦးနှောက်အရှေ့ပိုင်းရှိ nucleus accumbens က၊ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၊ ဇီဝဓါတုဖြစ်စဉ်တွေဟာ ပုံမှန်ရှိနေမယ် ဆိုရင် သာမိုမီတာကိုကောင်းကောင်းကြီး အကြိမ်ကြိမ် ထကြွ သန်မာစေဖို့အလုပ်ပေးနိုင်ပါတယ်။


(၁)။

နောက်တစ်ချက်က ညအိပ်ရေး၀၀ အိပ်စက်ပြီးနောက် မနက်အိပ်ရာထချိန် သာမိုမီတာ ထောင်မတ်နိုင်

စွမ်းနှင့်လည်း ကျန်းမာသန်စွမ်း မှုကိုတိုင်းတာ နိုင်ပါတယ်။အဲဒါကိုတော့ sleep-related erection (SRE)

လို့ခေါ်ပါတယ်။


(၂) 

SRE ဟာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှု ကိုတိုင်းတာတဲ့ rapid eye movement (REM) နှင့်လည်း

သက်ဆိုင်ပါတယ်။


(၃)

ဒါကြောင့် အရွယ်ရောက်ပြီး အမျိုးသားများမှာ မနက်စောစော သာမိုမီတာ ထောင်မတ်နိုင်စွမ်းက သူ့ရဲ့ကျန်းမာရေးနဲ့ဟိုမုန်းပမာဏ ကိုတိုင်းတာနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းပါပဲ။

ဒါကြောင့် အိပ်ရေး၀၀ အိပ်စက်ခြင်းက အမျိုးသားတွေအတွက် တက်စတိုစတီရုန်း ထုတ်လွှတ်မှု အတွက်

အကောင်းဆုံးပါပဲ။


(၄)

ကိုယ်တွင်းမှာ တက်စတိုစတီရုန်း ထုတ်လွှတ်မှု နည်းပါးလာပြီဆိုရင် မနက်စောစောသာမိုမီတာ ထောင်မတ်နိုင်မှုတွေ နည်းပါးလာတာတွေ့ရပါလိမ့်မယ်။


(၅၊၆)

အကယ်၍ သင်ဟာ လေ့ကျင့်ခန်းပုံမှန် ပြုလုပ်သော်လည်း မနက်စောစော သာမိုမီတာ ထောင်မတ်မှု

မကြာခဏ မရှိဘူးဆိုရင် သင့်ရဲ့လေ့ကျင့်ခန်း ပြုလုပ်သည့်ပမာဏနှင့် အနားယူပြန်လည် အားပြည့်သော

အတိုင်းအတာကို  ပြန်လည် ချိန်ညှိဖို့လိုအပ်နေ ပါပြီဆိုတာ သတိပြုပါ။မိမိကိုယ်ခန္ဓာ အချိုးအစားကို ပြုပြင်

ပြောင်းလဲဖို့အတွက် လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်ရမှာ မှန်သော်လည်း hardcore ဆိုတဲ့ ပေါ်ပြူလာစကားလေး တစ်ခွန်းအတွက် သင့်ရဲ့နာလံထ အားပြည့်သည့်စနစ် recovering system ကို မဖျက်ဆီး

စေချင်ပါဘူး။ တခါတရံ ကျွန်တော်တို့လေ့ကျင့်နေတဲ့ပြင်းအားကို ကျွန်တော်တို့ဘာမှမထူးဆန်းသလို ခံစားရခြင်းက စိတ်ဆောင်နေလို့အောင်နေခြင်းပါ။ ခန္ဓာကိုယ်တွင်း ကတော့ မလိုက်နိုင်တော့တာ သင်ဂရုမပြုမိခြင်းပါ။


တကယ်တော့ လေ့ကျင့်မှုလွန်ကဲခြင်းဟာ ခန္ဓာကိုယ်အချိုးအစား ပြုပြင်ပြောင်းလဲ ရေးတွင်သာမက၊ အအိပ်အစား၊အလုပ်စသည့် နေ့စဉ်လူမှုဘဝများ အပေါ်ပါဆိုးကျိုးများ သက်ရောက်နိုင်စွမ်း ရှိနေပါတယ်။


(၇)

ကလေးတစ်ယောက် နှစ်ယောက်လောက်ရှိတဲ့ အလုပ်ဖိအားများတဲ့ အသက်သုံးဆယ်ကျော် ယောက်ကျား တစ်ယောက် အတွက်၊ လေ့ကျင့်မှု လွန်ကဲခြင်းဟာ သုတ်ပိုးနည်းပါးခြင်းနဲ့မြုံခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။


(၈)

ကိုယ်တွင်းမှ တခြားသော ကြွက်သား အစိတ်အပိုင်းများလိုပဲ သင့်သာမိုမီတာဟာလည်း

သွေးလည်ပါတ်စီးဆင်းမှုကောင်းဖို့လိုအပ်ပါတယ်။သင့်သာမိုမီတာ အကြိမ်ကြိမ် ကောင်းမွန်စွာ ထောင်မတ်နိုင်စွမ်းဟာ သင့်နှလုံးသွေးလည်ပါတ်မှု စနစ်တွေ ကောင်းမွန်နေသေးတယ် ဆိုတာပြသတာပါပဲ။အကယ်၍

သာမိုမီတာ အားနည်းနေပြီဆိုရင် မကြာခင်မှာပဲ သင်နှလုံးနှင့်ပါတ်သက်သော ပြသနာများကို ခံစားရနိုင်ဖွယ်ရှိနေပါပြီ။


(၃၊၉၊၁၀)

ထို့အတူပဲ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အမျိုးသားတွေ အနေနဲ့လည်း သင့်တင့်မျှတတဲ့လေ့ကျင့်ခန်း အမျိုးအစားကို ပြုလုပ်ခြင်းဖြင့်လည်း လိင်ပိုင်းဆိုင်ရာ လုပ်ငန်းဆောင်တာများ ကောင်းမွန်စေရန်ဆောင်ရွက်နိုင်ပါတယ်။


(၁၄)

လေ့ကျင့်ခန်း စတင်ပြုလုပ်မည်ဆိုလျင် ခပ်ရွရွလေးပြေးခြင်း၊ လမ်းလျောက်ခြင်း

စသော အနေအထားမျိုးမှ တဆင့်တဖြည်းဖြည်းခြင်းသာ လေ့ကျင့်ခန်း၏ ဝန်ကိုတိုးသွားသင့်ပါသည်။သို့မှသာ

လေ့ကျင့်ခန်း၏ အကျိုးကျေးဇူးဖြစ်သော ဆီးချိုရောဂါ၊ နှလုံးရောဂါ နှင့်အဝလွန်ရောဂါများမှ လွတ်ကင်းနိုင်ပါမည်။


(၁၂)

ယေဘုယျအားဖြင့် အသက်အရွယ် ရလာသည်နှင့်အမျှ မနက်စောစော သာမိုမီတာထောင်မတ်နိုင်စွမ်းများ ကျဆင်းသွားနိုင် သော်လည်း သင့်လေ့ကျင့်ခန်း ပမာဏ အာဟာရနှင့် အနားယူမှုမျှတနေမည်ဆိုလျင် နောင်နှစ်ပေါင်းများစွာ သာမိုမီတာ ထောင်မတ်နိုင်စွမ်းကို သင်ပြည့်ပြည့်၀၀ ရရှိခံစားနိုင်မည်ဖြစ်သည်။လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကျန်းမာရေး အတွက်ကောင်းသော်လည်း ***မွှေးလွန်းက အီတတ်၏

***ဟူသော ဆိုရိုးအတိုင်း ခန္ဓာကိုယ်က လက်ခံနိုင်စွမ်းရှိသည့် ပမာဏထက် လေ့ကျင့်ခန်း ပြုလုပ်မိလျင်တော့

ရလာဒ်ကောင်းများ မှ လွဲချော်သွားနိုင်သည်ကို မမေ့သင့်ပါ။


(၁၅)


လိုတိုရှင်း ပြောရလျင် ဤဆောင်းပါးမှ ကျွန်တော်ပေးချင်သော မက်ဆေ့မှာ-


-ဘဝတွင် အရေးအကြီးဆုံး အချက်မှာ ကျန်းမာခြင်း health ပင်ဖြစ်သည်။


-ထို့နောက် တွင်မှသာ fitness &strength အရေးပါလေသည်။


-Health အတွက် fitness အရေးပါသော်လည်း၊Fitness အတွက်တော့ Health ကိုမစတေးသင့်ပါ။


-ကာယဗလ မဂ္ဂဇင်းများတွင် ဖော်ပြနေကြသည့် Hardcore ဆိုတာကို ခဏမေ့ဖြစ်အောင်မေ့ထားပါ။


-လူတစ်ယောက်နှင့် တယောက်ခံနိုင်ရည်ခြင်း လုံးဝမတူညီသည့် အတွက် လူတစ်ယောက်အတွက်

သွေးပူလောက်သာ ရှိသော ကစားသည့် ပမာဏသည် အခြားသော သူတစ်ယောက် အတွက်မူ

ထိချက်ပြင်းသည့် stress တခုဖြစ်သွားနိုင်သည်ကို ဂရုပြုပါ။


-လူအတော်များများ ဂျင်မ်ကစားသည့် ရည်ရွယ်ချက် ကိုအတိအကျ သတ်မှတ်သင့်ပါသည်။ကျန်းမာ

ရေးအတွက် ကစားသူသည် မောင်ပြိုင်ပွဲဝင်မည့်သူ ကဲ့သို့မည်သည့် အခါမျှ မလေ့ကျင့်သင့်ပါ။


-ယနေ့ခေတ် ဖိအားများ သက်ရောက်မှုများသည့် လူနေမှုဘဝပုံစံ ကိုရင်ဆိုင်နေရသည့် အမျိုးသားများ

အများဆုံး တွေ့ကြုံရသည့် ပြသနာမှာ လိင်မှုဝေဒနာများ ပင်ဖြစ်သည်။ထို့ကြောင့် မိမိတို့ကျားမာန်

အစဉ်အမြဲ ထက်သန်ပြည့်၀ နေစေဖို့လေ့ကျင့်ခန်း ပြုလုပ်ရာတွင် နားလည်တတ်ကျွမ်းသူများ၏ အကူအညီ

လိုအပ်သလို မိမိကိုယ်တိုင်လည်း အသိပညာများ ဆည်းပူးလေ့လာထားသင့်ပါသည်။


ကျွန်တော် တင်ပြလို သည့် အချက်များကို Research အဖြစ်တွေ့ရသည့်အတွက် မလိုအပ်သည်များကို

ချန်လှပ်ရင်း မူရင်းလည်းမပျက်စေရန် ဆောင်းပါးအဖြစ် ကြိုးစား တင်ဆက်ပေး လိုက်ခြင်းဖြစ်ပါသည်။


အကယ်၍ ဖတ်ရသည့် အရသာ တမျိုးဖြစ်နေပါက ကျွန်တော်၏ တင်ပြပုံလိုအပ်ချက်သာ ဖြစ်ပါကြောင်း-


လေးစားလျက်-


နိုင်ဦး-၁၁၉


References:

1. Blum et al. Sex, drugs, and rock 'n' roll: hypothesizing common mesolimbic activation as a function of reward gene polymorphisms. J Psychoactive Drugs. 2012 Jan-Mar;44(1):38-55.

2. van Driel. "Sleep-related erections throughout the ages." J Sex Med. 2014 Jul;11(7):1867-75.

3. Hirshkowitz and Schmidt. "Sleep-related erections: clinical perspectives and neural

mechanisms." Sleep Med Rev. 2005 Aug;9(4):311-29.

4. Evans et al. "Concentrations of plasma testosterone in normal men during sleep." Nature.

1971 Jan 22;229(5282):261-2.

5. Granata et al. "Relationship between sleep-related erections and testosterone levels in men."

J Androl. 1997 Sep-Oct;18(5):522-7.

6. Koyanagi et al. "REM sleep determined using in utero penile tumescence in the human fetus

at term." Biol Neonate. 1991;60 Suppl 1:30-5.

7. Brooks and Carter. "Overtraining, Exercise, and Adrenal Insufficiency." J Nov Physiother.

2013 Feb 16;3(125).

8. du Plessis et al. "Is There a Link between Exercise and Male Factor Infertility?" Open Repro

Sci J 2011, 3, 105-113 105.

9. Karacan et al. "Erectile dysfunction in hypertensive men: sleep-related erections, penile blood

flow and musculovascular events." J Urol. 1989 Jul;142(1):56-61.

10. Rastrelli et al. "Impaired masturbation-induced erections: a new cardiovascular risk factor

for male subjects with sexual dysfunction." J Sex Med. 2013 Apr;10(4):1100-13.

11. Simon et al. "The Association of Exercise with Both Erectile and Sexual Function in Black

and White Men." J Sex Med. 2015 Mar 20.

12. Tommy Wood, The Great Upside-Down Movement Pyramid, Breaking Muscle UK

13. Veldhuis et al. "Amplitude suppression of the pulsatile mode of immunoradiometric

luteinizing hormone release in fasting-induced hypoandrogenemia in normal men." J Clin

Endocrinol Metab. 1993 Mar;76(3):587-93.

14. Leproult and Van Cauter. "Effect of 1 week of sleep restriction on testosterone levels in

young healthy men." JAMA. 2011 Jun 1;305(21):2173-4.

15. Spiegel et al. Impact of sleep debt on metabolic and endocrine function. Lancet. 1999 Oct

23;354(9188):1435-9.


(Zawgyi) 

Fitness ၊အအိပ္ႏွင့္ က်ားစြမ္းရည္




လူတစ္ေယာက္ က်န္းမာသန္စြမ္းလိုလ်င္ အေပ်ာ္အပါးေရွာင္၊ ေလ့က်င့္ခန္းလုပ္၊ အအိပ္အစား ဂ႐ုစိုက္ စသည့္ အႀကံျပဳခ်က္ ေတြကိုလူတိုင္း ၾကားသိ၊လိုက္နာ ေနၾကေသာ္လည္း၊ ထိုလူတိုင္း တကယ္ က်န္းမာ သန္စြမ္းၾကပါရဲ့လား။ လြန္ခဲ့ေသာ ႏွစ္ငါးဆယ္က အားကစားခန္းမ ဂ်င္မ္ဆိုတာ မရွိသေလာက္ ရွားလွေသာ္လည္းထိုေခတ္ကလူမ်ား ေဒါင္ေဒါင္ျမည္ က်န္းမာသန္စြမ္း ခဲ့ၾကသေလာက္ ယခုေခတ္ ရပ္ကြက္တိုင္း လိုလိုမွာအားကစား ေလ့က်င့္ေရးခန္းမ ေတြေပါမ်ားေန ေသာ္လည္း ယေန႔ေခတ္ မ်ိဳးဆက္မ်ား ျဖစ္သည့္ ကၽြန္ေတာ္တို့ခင္ဗ်ားတို့ တကယ္ကို က်န္းမာသန္စြမ္း ၾကပါသလား။လြန္ခဲ့ေသာ ႏွစ္ငါးဆယ္က အာဟာရ စနစ္တက်ေရြးခ်ယ္စားေသာက္ ရမည့္အသိပညာ ဗဟုသုတ အားနည္းေသာ္လည္း ထိုေခတ္က အ၀လြန္သူဆို ၍ရွားမွရွားပင္ မဟုတ္ပါလား။ေရာဂါဆိုးမ်ား ဆိုတာ ေဝလာေဝး ပင္ျဖစ္ခဲ့ေသာ္လည္း ယေန႔ေခတ္ အဖက္ဖက္ကတိုးတက္လွပါၿပီဆိုေသာ ကၽြန္ေတာ္တို့ေခတ္တြင္မွ ကမၻာ့လူဦးေရ၏ သုံးခ်ိဳးတစ္ခ်ိဳးေလာက္က ဆီးခ်ိဳ ေသြးခ်ိဳႏွလုံးေရာဂါ ကင္ဆာ ပန္းေသ၊ပန္းညႇိုးႏွင့္ အ၀လြန္ျခင္းေတြက အလူးအလဲဖိစီး ႏွိပ္စက္ေန ျခင္းမွာ အဘယ္ေၾကာင့္နည္း။က်ယ္ျပန္႔လြန္းေသာ အေၾကာင္းအရာမ်ားကို ဤေဆာင္းပါးတစ္ပုဒ္ ႏွင့္ေဆြးေႏြး၍ မရနိုင္ေသာ္လည္းကၽြန္ေတာ္တို့အကၽြမ္း၀င္ေနေသာfitness ႏွင့္ပါတ္သက္တာေလး ေတြကိုေတာ့ ေဆြးေႏြး

ၾကည့္ၾကပါစို့။


ကၽြန္ေတာ္တို့လို fitness crazy ေတြကေတာ့ သန္ၿပီးရင္းသန္ စြမ္းၿပီးရင္းစြမ္း ခ်င္ၾကတာ သဘာ၀ပါ။ဒါေပမဲ့လူတစ္ေယာက္ က်န္းမာသန္စြမ္း မွုကိုဘယ္ေပတံနဲ႔ တိုင္းတာနိုင္ပါသလဲ။တိုးတက္ ဖြံ့ၿဖိဳးၿပီးနိုင္ငံမ်ား တြင္ေတာ့ heart rate variability(HRV)monitoring ႏွင့္လစဥ္ ေသြးေဖါက္စစ္ေဆးျခင္းမ်ားျဖင့္ တိုင္းထြာ နိုင္ေသာ္လည္း ကၽြန္ေတ္ာတို့နိုင္ငံ၊ကၽြန္ေတာ္တို့အေနအထားႏွင့္ ကုန္က်စရိတ္လုံး၀မရွိသည့္ တိုင္းတာနည္း တစ္ခုကို ေဆြးေႏြးတင္ျပ ေပးပါမည္။


ကၽြန္ေတာ္တို့ေယာက္က်ားေတြရဲ့ သန္စြမ္းမွုကို စစ္ေဆးဖို့ကိရိယာေတြ သိပ္မ်ားမ်ားစားစား မလိုအပ္ပါဘူး။လိင္မွုကိစၥ၊ မ်ိဳးဆက္ျပန္႔ပြားေရးသာမက က်န္းမာသန္စြမ္းမွုကို မွတ္ေက်ာက္ တင္ေပးနိုင္ေသာ

ဘုရားေပးေသာ သာမိုမီတာ ရွိေနျခင္းပါပဲ။ လိင္စိတ္ႂကြလာၿပီဆိုရင္ ဦးေႏွာက္အေရွ႕ပိုင္းရွိ nucleus accumbens က၊ကိုယ္တြင္း ဇီ၀ကမၼျဖစ္စဥ္၊ ဇီ၀ဓါတုျဖစ္စဥ္ေတြဟာ ပုံမွန္ရွိေနမယ္ ဆိုရင္ သာမိုမီတာကိုေကာင္းေကာင္းႀကီး အႀကိမ္ႀကိမ္ ထႂကြ သန္မာေစဖို့အလုပ္ေပးနိုင္ပါတယ္။


(၁)။

ေနာက္တစ္ခ်က္က ညအိပ္ေရး၀၀ အိပ္စက္ၿပီးေနာက္ မနက္အိပ္ရာထခ်ိန္ သာမိုမီတာ ေထာင္မတ္နိုင္

စြမ္းႏွင့္လည္း က်န္းမာသန္စြမ္း မွုကိုတိုင္းတာ နိုင္ပါတယ္။အဲဒါကိုေတာ့ sleep-related erection (SRE)

လို့ေခၚပါတယ္။


(၂) 

SRE ဟာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္နိုင္မွု ကိုတိုင္းတာတဲ့ rapid eye movement (REM) ႏွင့္လည္း

သက္ဆိုင္ပါတယ္။


(၃)

ဒါေၾကာင့္ အရြယ္ေရာက္ၿပီး အမ်ိဳးသားမ်ားမွာ မနက္ေစာေစာ သာမိုမီတာ ေထာင္မတ္နိုင္စြမ္းက သူ႔ရဲ့က်န္းမာေရးနဲ႔ဟိုမုန္းပမာဏ ကိုတိုင္းတာနိုင္တဲ့ အေကာင္းဆုံးေသာ နည္းလမ္းပါပဲ။

ဒါေၾကာင့္ အိပ္ေရး၀၀ အိပ္စက္ျခင္းက အမ်ိဳးသားေတြအတြက္ တက္စတိုစတီ႐ုန္း ထုတ္လႊတ္မွု အတြက္

အေကာင္းဆုံးပါပဲ။


(၄)

ကိုယ္တြင္းမွာ တက္စတိုစတီ႐ုန္း ထုတ္လႊတ္မွု နည္းပါးလာၿပီဆိုရင္ မနက္ေစာေစာသာမိုမီတာ ေထာင္မတ္နိုင္မွုေတြ နည္းပါးလာတာေတြ႕ရပါလိမ့္မယ္။


(၅၊၆)

အကယ္၍ သင္ဟာ ေလ့က်င့္ခန္းပုံမွန္ ျပဳလုပ္ေသာ္လည္း မနက္ေစာေစာ သာမိုမီတာ ေထာင္မတ္မွု

မၾကာခဏ မရွိဘူးဆိုရင္ သင့္ရဲ့ေလ့က်င့္ခန္း ျပဳလုပ္သည့္ပမာဏႏွင့္ အနားယူျပန္လည္ အားျပည့္ေသာ

အတိုင္းအတာကို  ျပန္လည္ ခ်ိန္ညႇိဖို့လိုအပ္ေန ပါၿပီဆိုတာ သတိျပဳပါ။မိမိကိုယ္ခႏၶာ အခ်ိဳးအစားကို ျပဳျပင္

ေျပာင္းလဲဖို့အတြက္ ေလ့က်င့္ခန္းကို ျပင္းျပင္းထန္ထန္ လုပ္ရမွာ မွန္ေသာ္လည္း hardcore ဆိုတဲ့ ေပၚျပဴလာစကားေလး တစ္ခြန္းအတြက္ သင့္ရဲ့နာလံထ အားျပည့္သည့္စနစ္ recovering system ကို မဖ်က္ဆီး

ေစခ်င္ပါဘူး။ တခါတရံ ကၽြန္ေတာ္တို့ေလ့က်င့္ေနတဲ့ျပင္းအားကို ကၽြန္ေတာ္တို့ဘာမွမထူးဆန္းသလို ခံစားရျခင္းက စိတ္ေဆာင္ေနလို့ေအာင္ေနျခင္းပါ။ ခႏၶာကိုယ္တြင္း ကေတာ့ မလိုက္နိုင္ေတာ့တာ သင္ဂ႐ုမျပဳမိျခင္းပါ။


တကယ္ေတာ့ ေလ့က်င့္မွုလြန္ကဲျခင္းဟာ ခႏၶာကိုယ္အခ်ိဳးအစား ျပဳျပင္ေျပာင္းလဲ ေရးတြင္သာမက၊ အအိပ္အစား၊အလုပ္စသည့္ ေန႔စဥ္လူမွုဘ၀မ်ား အေပၚပါဆိုးက်ိဳးမ်ား သက္ေရာက္နိုင္စြမ္း ရွိေနပါတယ္။


(၇)

ကေလးတစ္ေယာက္ ႏွစ္ေယာက္ေလာက္ရွိတဲ့ အလုပ္ဖိအားမ်ားတဲ့ အသက္သုံးဆယ္ေက်ာ္ ေယာက္က်ား တစ္ေယာက္ အတြက္၊ ေလ့က်င့္မွု လြန္ကဲျခင္းဟာ သုတ္ပိုးနည္းပါးျခင္းနဲ႔ျမဳံျခင္းတို့ကိုပါျဖစ္ေစနိုင္ပါတယ္။


(၈)

ကိုယ္တြင္းမွ တျခားေသာ ႂကြက္သား အစိတ္အပိုင္းမ်ားလိုပဲ သင့္သာမိုမီတာဟာလည္း

ေသြးလည္ပါတ္စီးဆင္းမွုေကာင္းဖို့လိုအပ္ပါတယ္။သင့္သာမိုမီတာ အႀကိမ္ႀကိမ္ ေကာင္းမြန္စြာ ေထာင္မတ္နိုင္စြမ္းဟာ သင့္ႏွလုံးေသြးလည္ပါတ္မွု စနစ္ေတြ ေကာင္းမြန္ေနေသးတယ္ ဆိုတာျပသတာပါပဲ။အကယ္၍

သာမိုမီတာ အားနည္းေနၿပီဆို၇င္ မၾကာခင္မွာပဲ သင္ႏွလုံးႏွင့္ပါတ္သက္ေသာ ျပသနာမ်ားကို ခံစားရနိုင္ဖြယ္ရွိေနပါၿပီ။


(၃၊၉၊၁၀)

ထို့အတူပဲ ကိုယ္လက္လွုပ္ရွားမွုနည္းတဲ့ အမ်ိဳးသားေတြ အေနနဲ႔လည္း သင့္တင့္မၽွတတဲ့ေလ့က်င့္ခန္း အမ်ိဳးအစားကို ျပဳလုပ္ျခင္းျဖင့္လည္း လိင္ပိုင္းဆိုင္ရာ လုပ္ငန္းေဆာင္တာမ်ား ေကာင္းမြန္ေစရန္ေဆာင္ရြက္နိုင္ပါတယ္။


(၁၄)

ေလ့က်င့္ခန္း စတင္ျပဳလုပ္မည္ဆိုလ်င္ ခပ္ရြရြေလးေျပးျခင္း၊ လမ္းေလ်ာက္ျခင္း

စေသာ အေနအထားမ်ိဳးမွ တဆင့္တျဖည္းျဖည္းျခင္းသာ ေလ့က်င့္ခန္း၏ ၀န္ကိုတိုးသြားသင့္ပါသည္။သို့မွသာ

ေလ့က်င့္ခန္း၏ အက်ိဳးေက်းဇူးျဖစ္ေသာ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါ ႏွင့္အ၀လြန္ေရာဂါမ်ားမွ လြတ္ကင္းနိုင္ပါမည္။


(၁၂)

ေယဘုယ်အားျဖင့္ အသက္အရြယ္ ရလာသည္ႏွင့္အမၽွ မနက္ေစာေစာ သာမိုမီတာေထာင္မတ္နိုင္စြမ္းမ်ား က်ဆင္းသြားနိုင္ ေသာ္လည္း သင့္ေလ့က်င့္ခန္း ပမာဏ အာဟာရႏွင့္ အနားယူမွုမၽွတေနမည္ဆိုလ်င္ ေနာင္ႏွစ္ေပါင္းမ်ားစြာ သာမိုမီတာ ေထာင္မတ္နိုင္စြမ္းကို သင္ျပည့္ျပည့္၀၀ ရရွိခံစားနိုင္မည္ျဖစ္သည္။ေလ့က်င့္ခန္း ျပဳလုပ္ျခင္းသည္ က်န္းမာေရး အတြက္ေကာင္းေသာ္လည္း ***ေမႊးလြန္းက အီတတ္၏

***ဟူေသာ ဆိုရိုးအတိုင္း ခႏၶာကိုယ္က လက္ခံနိုင္စြမ္းရွိသည့္ ပမာဏထက္ ေလ့က်င့္ခန္း ျပဳလုပ္မိလ်င္ေတာ့

ရလာဒ္ေကာင္းမ်ား မွ လြဲေခ်ာ္သြားနိုင္သည္ကို မေမ့သင့္ပါ။


(၁၅)


လိုတိုရွင္း ေျပာရလ်င္ ဤေဆာင္းပါးမွ ကၽြန္ေတာ္ေပးခ်င္ေသာ မက္ေဆ့မွာ-


-ဘ၀တြင္ အေရးအႀကီးဆုံး အခ်က္မွာ က်န္းမာျခင္း health ပင္ျဖစ္သည္။


-ထို့ေနာက္ တြင္မွသာ fitness &strength အေရးပါေလသည္။


-Health အတြက္ fitness အေရးပါေသာ္လည္း၊Fitness အတြက္ေတာ့ Health ကိုမစေတးသင့္ပါ။


-ကာယဗလ မဂၢဇင္းမ်ားတြင္ ေဖာ္ျပေနၾကသည့္ Hardcore ဆိုတာကို ခဏေမ့ျဖစ္ေအာင္ေမ့ထားပါ။


-လူတစ္ေယာက္ႏွင့္ တေယာက္ခံနိုင္ရည္ျခင္း လုံး၀မတူညီသည့္ အတြက္ လူတစ္ေယာက္အတြက္

ေသြးပူေလာက္သာ ရွိေသာ ကစားသည့္ ပမာဏသည္ အျခားေသာ သူတစ္ေယာက္ အတြက္မူ

ထိခ်က္ျပင္းသည့္ stress တခုျဖစ္သြားနိုင္သည္ကို ဂ႐ုျပဳပါ။


-လူအေတာ္မ်ားမ်ား ဂ်င္မ္ကစားသည့္ ရည္ရြယ္ခ်က္ ကိုအတိအက် သတ္မွတ္သင့္ပါသည္။က်န္းမာ

ေရးအတြက္ ကစားသူသည္ ေမာင္ၿပိဳင္ပြဲ၀င္မည့္သူ ကဲ့သို့မည္သည့္ အခါမၽွ မေလ့က်င့္သင့္ပါ။


-ယေန႔ေခတ္ ဖိအားမ်ား သက္ေရာက္မွုမ်ားသည့္ လူေနမွုဘ၀ပုံစံ ကိုရင္ဆိုင္ေနရသည့္ အမ်ိဳးသားမ်ား

အမ်ားဆုံး ေတြ႕ၾကဳံရသည့္ ျပသနာမွာ လိင္မွုေဝဒနာမ်ား ပင္ျဖစ္သည္။ထို့ေၾကာင့္ မိမိတို့က်ားမာန္

အစဥ္အျမဲ ထက္သန္ျပည့္၀ ေနေစဖို့ေလ့က်င့္ခန္း ျပဳလုပ္ရာတြင္ နားလည္တတ္ကၽြမ္းသူမ်ား၏ အကူအညီ

လိုအပ္သလို မိမိကိုယ္တိုင္လည္း အသိပညာမ်ား ဆည္းပူးေလ့လာထားသင့္ပါသည္။


ကၽြန္ေတာ္ တင္ျပလို သည့္ အခ်က္မ်ားကို Research အျဖစ္ေတြ႕ရသည့္အတြက္ မလိုအပ္သည္မ်ားကို

ခ်န္လွပ္ရင္း မူရင္းလည္းမပ်က္ေစ၇န္ ေဆာင္းပါးအျဖစ္ ႀကိဳးစား တင္ဆက္ေပး လိုက္ျခင္းျဖစ္ပါသည္။


အကယ္၍ ဖတ္ရသည့္ အရသာ တမ်ိဳးျဖစ္ေနပါက ကၽြန္ေတာ္၏ တင္ျပပုံလိုအပ္ခ်က္သာ ျဖစ္ပါေၾကာင္း-


ေလးစားလ်က္-


နိုင္ဦး-၁၁၉


References:

1. Blum et al. Sex, drugs, and rock 'n' roll: hypothesizing common mesolimbic activation as a

function of reward gene polymorphisms. J Psychoactive Drugs. 2012 Jan-Mar;44(1):38-55.

2. van Driel. "Sleep-related erections throughout the ages." J Sex Med. 2014 Jul;11(7):1867-75.

3. Hirshkowitz and Schmidt. "Sleep-related erections: clinical perspectives and neural

mechanisms." Sleep Med Rev. 2005 Aug;9(4):311-29.

4. Evans et al. "Concentrations of plasma testosterone in normal men during sleep." Nature.

1971 Jan 22;229(5282):261-2.

5. Granata et al. "Relationship between sleep-related erections and testosterone levels in men."

J Androl. 1997 Sep-Oct;18(5):522-7.

6. Koyanagi et al. "REM sleep determined using in utero penile tumescence in the human fetus

at term." Biol Neonate. 1991;60 Suppl 1:30-5.

7. Brooks and Carter. "Overtraining, Exercise, and Adrenal Insufficiency." J Nov Physiother.

2013 Feb 16;3(125).

8. du Plessis et al. "Is There a Link between Exercise and Male Factor Infertility?" Open Repro

Sci J 2011, 3, 105-113 105.

9. Karacan et al. "Erectile dysfunction in hypertensive men: sleep-related erections, penile blood

flow and musculovascular events." J Urol. 1989 Jul;142(1):56-61.

10. Rastrelli et al. "Impaired masturbation-induced erections: a new cardiovascular risk factor

for male subjects with sexual dysfunction." J Sex Med. 2013 Apr;10(4):1100-13.

11. Simon et al. "The Association of Exercise with Both Erectile and Sexual Function in Black

and White Men." J Sex Med. 2015 Mar 20.

12. Tommy Wood, The Great Upside-Down Movement Pyramid, Breaking Muscle UK

13. Veldhuis et al. "Amplitude suppression of the pulsatile mode of immunoradiometric

luteinizing hormone release in fasting-induced hypoandrogenemia in normal men." J Clin

Endocrinol Metab. 1993 Mar;76(3):587-93.

14. Leproult and Van Cauter. "Effect of 1 week of sleep restriction on testosterone levels in

young healthy men." JAMA. 2011 Jun 1;305(21):2173-4.

15. Spiegel et al. Impact of sleep debt on metabolic and endocrine function. Lancet. 1999 Oct

23;354(9188):1435-9.


No comments: