Friday, October 23, 2020

ထိုင်းစတိုင် ပြည်ကြီငါးသုတ် - ရေဘဝဲချိုစပ်မွှေ

 ရေဘဝဲချိုစပ်မွှေး


°°°°°°°°°°°°°°°




ဒီချက်နည်းက ထိုင်းချိုစပ်မွှေးချက်နည်းကို


အခြေခံထားပါတယ်။


ရေဘဝဲဟင်းလေးမချက်ခင်ရေဘဝဲကိုင်နည်းလေးဝေမျှချင်ပါတယ်။ သူများတွေဘယ်လိုဆေးကြောသန့်စင်သလဲသေချာမသိပေမယ့်


လွယ်ကူရိုးရှင်းတဲ့ကျွန်တော့်နည်းလေးပါ။


ရေဘဝဲအကောင်ဦးခေါင်းပိုင်းလေးရဲ့အောက်ဖက်ကိုဓားထက်ထက်လေးနဲ့အသာလေးထိုးခွဲပြီး


အထဲကအဖြူရောင်အလုံးလေးနှင့်အတူရှိတဲ့အကျိအချွဲအားလုံးကိုဖယ်ထုတ်လိုက်ပါ။




ရေဘဝဲဦးခေါင်းနဲ့လက်တံတွေရဲ့အစပ်မှာမျက်လုံးနှစ်လုံးကိုဖယ်ရှားဖောက်ထုတ်လိုက်ပါ။


ရေဘဝဲကိုင်တာကဒီလောက်ပါပဲ။ အညှီနံ့နဲ့အကျိအချွဲကင်းစင်ဖို့အတွက်အထက်ကသန့်စင်နည်းပြီးတဲ့အခါ ရေများများနှင့်တစ်ထပ်ဆေးချပါ။




ရေဘဲထဲသို့ ဂျုံမှုန့်စိမ်း(သို့)ပဲမှုန့်စိမ်းလက်တစ်ဆုပ်လောက်ဖြူးထည့်ပြီးတဇွိဇွိနေအောင်(၃)မိနစ်ခန့်နယ်ပေးပါ။ရေများများဖြင့်ဆေးချပါ။ နောက်တစ်ကြိမ်မှာတော့ ဗီနီဂါရည်အနည်းငယ်ထည့်နယ်ပြီးရေများများဖြင့်ဆေးချပါ။ဒါဆိုရင် လုံးဝသန့်စင်သွားပါပြီ။




အိုးတစ်လုံးမှာရေခပ်များများကိုအပူပေးပါ။


ချင်းသေးသေးတစ်တက်ကိုဓားပြားရိုက်ထည့်ပါ။


သံပုရာသီးတစ်လုံးကိုလှီးစိတ်ပြီးအခွံပါထည့်ပါ။ရေဆူလာလျှင် ရေဘဝဲတွေကိုထည့်ပြုတ်ပါ။


မိမိကနူးနူးညံ့ညံ့ အိပျော့ပျော့လေးစားချင်ရင်ရေနွေးထဲထည့်ပြီး (၃)မိနစ်ခန့်(ရေဘဝဲစတင်ကျက်)မှာဆယ်ထုတ်အအေးခံပါ။ ခပ်ထုတ်ထုတ်လေးစားချင်ရင်တော့(၇)မိနစ်ခန့်လောက်ပြုတ်ပေးပါ။




ချက်နည်းလေးစကြရအောင်။




ရေဘဝဲပြုတ်ပြီး............၂၀ သား


ကြက်သွန်နီကြီးကြီး.......၁လုံး


ကြက်သွန်ဖြူ..................၃တက်


ချင်းသေးသေး................၁တက်


စပါးလင်.........................၁ ချောင်း


ပဒဲကောသေးသေး..........၁တက်


ငရုတ်သီးစိမ်း..................၅တောင့်


ငါးပိ.................................ကွမ်းသီးလုံးခန့်


တောရှောက်ခါးရွက်(ခ)ရှောက်ဘီးလူးရွက် ၃ရွက်။


သံပုရာသီး..........၁လုံး




ကြက်သွန်နီ၊ ဖြူ ၊ ချင်း၊ စပါးလင်၊ ပဒဲကော


ငရုတ်သီးစိမ်းတို့ကိုညှက်နေအောင်ထောင်းပါ။




တောရှောက်ခါးရွက် ၂ ရွက်ကို ရွက်ဆုတ်ခြွေထားပါ။ ၁ရွက်ကို မျှင်မျှင်လေးလှီးပါ။




ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး


ထောင်းထားသောအရောကိုနနွင်းမှုန့်၊အရောင်တင်မှုန့်အနည်းငယ်နှင့်အတူဆီသပ်ပါ။




အနည်းငယ်နွမ်းလာလျှင် ငါးပိထည့်ပြီးချေပေးပါ။




မွှေးလာလျှင်ပြုတ်ထားတဲ့ရေဘဝဲတွေထည့်ပါ။


ရေမဖြည့်စွက်ရ။ ရေဘဝဲပြုတ်က ရေအနည်းငယ်စိမ့်ထွက်လာပါမယ်။




ငါးငံပြာရည်၊ဆား၊ သကြားဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်စွက်ပါ။




ရွက်ဆုတ်ခြွေထားတဲ့တောရှောက်ခါးရွက်တွေထည့်ချက်ပါ။




ရေခမ်း၊ဆီပြန်လာလျှင်သံပုရာသီးကြီးကြီး၁စိတ်ကိုညှစ်ချပါ။ အနံ့လေးမွှေးတက်လာပါလိမ့်မယ်။




ရေခမ်းဆီပြန်လာလျှင်အမျှင်လှီးထားတဲ့တောရှောက်ခါးရွက်လေးဖြူးထည့်ပြီး သံပုရာခြမ်းစိတ်လေးဖြင့်အလှဆင်ပေးပါ။




ရေဘဝဲရခိုင်ဆီပြန်ချက်


°°°°°°°°°°°°°°°°°°°°





ကျွန်တော်ကရေဘဝဲစားချင်တဲ့အခါ ဘေဘီရေဘဝဲလေးတွေကိုရွေးပါတယ်။ ဘေဘီရေဘဝဲလေးတွေကကိုင်ရလွယ်ကူသသလို(လက်တော့ဝင်တာပေါ့)စားတဲ့အခါလဲရှိန်နေတာမျိုးမဖြစ်တော့ပါဘူး။




ရေဘဝဲဟင်းလေးမချက်ခင်ရေဘဝဲကိုင်နည်းလေးဝေမျှချင်ပါတယ်။ သူများတွေဘယ်လိုဆေးကြောသန့်စင်သလဲသေချာမသိပေမယ့်


လွယ်ကူရိုးရှင်းတဲ့ကျွန်တော့်နည်းလေးပါ။


ရေဘဝဲအကောင်ဦးခေါင်းပိုင်းလေးရဲ့အောက်ဖက်ကိုဓားထက်ထက်လေးနဲ့အသာလေးထိုးခွဲပြီး


အထဲကအဖြူရောင်အလုံးလေးနှင့်အတူရှိတဲ့အကျိအချွဲအားလုံးကိုဖယ်ထုတ်လိုက်ပါ။




ရေဘဝဲဦးခေါင်းနဲ့လက်တံတွေရဲ့အစပ်မှာမျက်လုံးနှစ်လုံးကိုဖယ်ရှားဖောက်ထုတ်လိုက်ပါ။


ရေဘဝဲကိုင်တာကဒီလောက်ပါပဲ။ အညှီနံ့နဲ့အကျိအချွဲကင်းစင်ဖို့အတွက်အထက်ကသန့်စင်နည်းပြီးတဲ့အခါ ရေများများနှင့်တစ်ထပ်ဆေးချပါ။




ရေဘဝဲထဲသို့ ဂျုံမှုန့်စိမ်း(သို့)ပဲမှုန့်စိမ်းလက်တစ်ဆုပ်လောက်ဖြူးထည့်ပြီးတဇွိဇွိနေအောင်(၃)မိနစ်ခန့်နယ်ပေးပါ။ရေများများဖြင့်ဆေးချပါ။ နောက်တစ်ကြိမ်မှာတော့ ဗီနီဂါရည်အနည်းငယ်ထည့်နယ်ပြီးရေများများဖြင့်ဆေးချပါ။ဒါဆိုရင် လုံးဝသန့်စင်သွားပါပြီ။




အိုးတစ်လုံးမှာရေခပ်များများကိုအပူပေးပါ။


ချင်းသေးသေးတစ်တက်ကိုဓားပြားရိုက်ထည့်ပါ။


သံပုရာသီးတစ်လုံးကိုလှီးစိတ်ပြီးအခွံပါထည့်ပါ။ရေဆူလာလျှင် ရေဘဝဲတွေကိုထည့်ပြုတ်ပါ။


မိမိကနူးနူးညံ့ညံ့ အိပျော့ပျော့လေးစားချင်ရင်ရေနွေးထဲထည့်ပြီး (၃)မိနစ်ခန့်(ရေဘဝဲစတင်ကျက်)မှာဆယ်ထုတ်အအေးခံပါ။ ခပ်ထုတ်ထုတ်လေးစားချင်ရင်တော့(၇)မိနစ်ခန့်လောက်ပြုတ်ပေးပါ။




ချက်နည်းလေးစကြရအောင်။




ရေဘဝဲပြုတ်ပြီး............၂၀ သား


ကြက်သွန်နီကြီးကြီး.......၁လုံး


ကြက်သွန်ဖြူ..................၃တက်


ချင်းသေးသေး................၁တက်


စပါးလင်.........................၁ ချောင်း


ငရုတ်သီးစိမ်း..................၅တောင့်


ငါးပိ.................................ကွမ်းသီးလုံးခန့်


နံနံပင်၊ အာပူရွက်.............အနည်းငယ်စီ




ကြက်သွန်နီ၊ ဖြူ ၊ ချင်း၊ စပါးလင်၊ ငရုတ်သီးစိမ်းတို့ကိုညှက်နေအောင်ထောင်းပါ။




နံနံပင်၊ အာပူရွက်တို့ကိုရေဆေးသန့်စင်ထားပါ။


(အာပူရွက်မရှိပါကနံနံပင်တစ်မျိုးတည်းခပ်လဲအဆင်ပြေပါတယ်)




ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး


ထောင်းထားသောအရောကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသပ်ပါ။




အနည်းငယ်နွမ်းလာလျှင် ငါးပိထည့်ပြီးချေပေးပါ။




မွှေးလာလျှင်ပြုတ်ထားတဲ့ရေဘဝဲတွေထည့်ပါ။


ရေမဖြည့်စွက်ရ။ ရေဘဝဲပြုတ်က ရေအနည်းငယ်စိမ့်ထွက်လာပါမယ်။




ငါးငံပြာရည်၊ဆား၊ ဟင်းခတ်မှုန့်ဖြင့်အရသာဖြည့်စွက်ပါ။




ရေခမ်း၊ဆီပြန်လာလျှင်အာပူရွက်နဲ့နံနံပင်လေးအုပ်ကာရောမွှေပြီးမီးဖိုပေါ်မှချပါ။


ထိုင်းစတိုင် ပြည်ကြီငါးသုတ်


------------------------------------




ဒါကတော့ ထိုင်းစတိုင် သုတ်ထားတဲ့ ပြည်ကြီးငါးသုတ် လေးပါ။ လုပ်ရလည်း လွယ်ပြီ အရသာလည်း ကောင်းမွန်ပါတယ်။ ပြည်ကြီးငါး ညှိနံ့ကင်းအောင် ရှာလကာရည်၊ ဂျင်းတို့ကို အသုံးပြုထားပါသေးတယ်။ အရသာကလည်း ချဉ်ချဉ် စပ်စပ်လေးမို့ အားလုံး ကြိုက်နှစ်သက်ကြမှာပါ။ ချက်နည်းကို ကြည့်ရအောင်…


------------------------------------


ပါဝင်ပစ္စည်းများ


၁။ ပြည်ကြီးငါး – ၂၀ ကျပ်သား


၂။ ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးထားပါ)


၃။ ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် ပါးပါးအရှည်လှီးပါ)


၄။ ငရုတ်သီးစိမ်း – ၂တောင့် (ပါးပါးလှီးပါ)


၅။ သံပရာသီး – နှစ်စိပ်


၆။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)


၇။ ရှောက်ရွက် – ၂ရွက် (ပါးပါးလှီးပါ)


၈။ နံနံပင် – အနည်းငယ် (ပါးပါးလှီးထားပါ)


၉။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း


၁၀။ ဂျင်း – လက်တဆစ် (ပါးပါးလှီးပါ)


၁၁။ ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း


------------------------------------




ပြင်ဆင်နည်း


၁။ အရင်ဆုံး ပြည်ကြီးငါးကို အညှိအချွဲများ သန့်စင်ပေးပါ။ ပြီမှ ပြည်ကြီးငါးကို ဓားဖြင့် ကြက်ခြေခတ်ပုံလေးများ မွှန်းပေးပါ။


၂။ ထို့နောက် ရေပွက်ပွက်ဆူနေသော ဒယ်အိုးထဲသို့ ဂျင်း၊ ရှာလကာရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပြီမှ ကြက်ခြေခတ်ပုံ မွှန်းထားသော ပြည်ကြီးငါးများကို အနံ့ပျောက်အောင် ထိုအိုးထဲသို့ ထည့်လိုက်ပါ။


၃။ ပြီလျှင် ဇကာဖြင့် ပြည်ကြီးငါးများကို ပြန်ဆယ်ထားပါ။


၄။ ပြီနောက် ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း)ခန့် ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ဆီသပ်ပေးပါ။


၅။ ပြီမှ ငရုတ်သီးမှုန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ)၊ ဆနွင်းမုှန့်(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်ပြီ မီးပြန်ပိတ်လိုက်ပါ။ ကြက်သွန်ဖြူ ဆီချက်များကို ခွက်တစ်ခုထဲ ပြန်ဖယ်ထားပေးပါ။


------------------------------------


သုတ်နည်း


၁။ ခုပြည်ကြီးငါး သုတ်ပါတော့မည်။ ဇလုံတစ်ခုထဲသို့ (ပြည့်ကြီးငါး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဆီချက်၊ ရှောက်ရွက်၊ ငရုတ်သီး၊ ငါးငံပြာရည်၊ သံပရာရည်၊ နံနံပင်)တို့ကို ရောနုယ်လိုက်ပါ။


၂။ ပြီမှ အရသာအပေါ့အငံ့မြည်းပြီ ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပါ။



၃။ ချဉ်စပ် ပြည်ကြီးငါးသုတ်လေးကို ထမင်းနှင့် မြိန်လျက်စွာသုံးဆောင်နိုင်ပါပြီ…

(Zawgyi) 

 ေရဘဝဲခ်ိဳစပ္ေမႊး

°°°°°°°°°°°°°°°




ဒီခ်က္နည္းက ထိုင္းခ်ိဳစပ္ေမႊးခ်က္နည္းကို

အေျခခံထားပါတယ္။


ေရဘဝဲဟင္းေလးမခ်က္ခင္ေရဘဝဲကိုင္နည္းေလးေဝမၽွခ်င္ပါတယ္။ သူမ်ားေတြဘယ္လိုေဆးေၾကာသန္႔စင္သလဲေသခ်ာမသိေပမယ့္

လြယ္ကူရိုးရွင္းတဲ့ကၽြန္ေတာ့္နည္းေလးပါ။

ေရဘဝဲအေကာင္ဦးေခါင္းပိုင္းေလးရဲ့ေအာက္ဖက္ကိုဓားထက္ထက္ေလးနဲ႔အသာေလးထိုးခြဲၿပီး

အထဲကအျဖဴေရာင္အလုံးေလးႏွင့္အတူရွိတဲ့အက်ိအခၽြဲအားလုံးကိုဖယ္ထုတ္လိုက္ပါ။


ေရဘဝဲဦးေခါင္းနဲ႔လက္တံေတြရဲ့အစပ္မွာမ်က္လုံးႏွစ္လုံးကိုဖယ္ရွားေဖာက္ထုတ္လိုက္ပါ။

ေရဘဝဲကိုင္တာကဒီေလာက္ပါပဲ။ အညႇီနံ့နဲ႔အက်ိအခၽြဲကင္းစင္ဖို့အတြက္အထက္ကသန္႔စင္နည္းၿပီးတဲ့အခါ ေရမ်ားမ်ားႏွင့္တစ္ထပ္ေဆးခ်ပါ။


ေရဘဲထဲသို့ ဂ်ဳံမွုန္႔စိမ္း(သို့)ပဲမွုန္႔စိမ္းလက္တစ္ဆုပ္ေလာက္ျဖဴးထည့္ၿပီးတဇြိဇြိေနေအာင္(၃)မိနစ္ခန္႔နယ္ေပးပါ။ေရမ်ားမ်ားျဖင့္ေဆးခ်ပါ။ ေနာက္တစ္ႀကိမ္မွာေတာ့ ဗီနီဂါရည္အနည္းငယ္ထည့္နယ္ၿပီးေရမ်ားမ်ားျဖင့္ေဆးခ်ပါ။ဒါဆိုရင္ လုံးဝသန္႔စင္သြားပါၿပီ။


အိုးတစ္လုံးမွာေရခပ္မ်ားမ်ားကိုအပူေပးပါ။

ခ်င္းေသးေသးတစ္တက္ကိုဓားျပားရိုက္ထည့္ပါ။

သံပုရာသီးတစ္လုံးကိုလွီးစိတ္ၿပီးအခြံပါထည့္ပါ။ေရဆူလာလၽွင္ ေရဘဝဲေတြကိုထည့္ျပဳတ္ပါ။

မိမိကႏူးႏူးညံ့ညံ့ အိေပ်ာ့ေပ်ာ့ေလးစားခ်င္ရင္ေရေႏြးထဲထည့္ၿပီး (၃)မိနစ္ခန္႔(ေရဘဝဲစတင္က်က္)မွာဆယ္ထုတ္အေအးခံပါ။ ခပ္ထုတ္ထုတ္ေလးစားခ်င္ရင္ေတာ့(၇)မိနစ္ခန္႔ေလာက္ျပဳတ္ေပးပါ။


ခ်က္နည္းေလးစၾကရေအာင္။


ေရဘဝဲျပဳတ္ၿပီး............၂၀ သား

ၾကက္သြန္နီႀကီးႀကီး.......၁လုံး

ၾကက္သြန္ျဖဴ..................၃တက္

ခ်င္းေသးေသး................၁တက္

စပါးလင္.........................၁ ေခ်ာင္း

ပဒဲေကာေသးေသး..........၁တက္

င႐ုတ္သီးစိမ္း..................၅ေတာင့္

ငါးပိ.................................ကြမ္းသီးလုံးခန္႔

ေတာေရွာက္ခါးရြက္(ခ)ေရွာက္ဘီးလူးရြက္ ၃ရြက္။

သံပုရာသီး..........၁လုံး


ၾကက္သြန္နီ၊ ျဖဴ ၊ ခ်င္း၊ စပါးလင္၊ ပဒဲေကာ

င႐ုတ္သီးစိမ္းတို့ကိုညႇက္ေနေအာင္ေထာင္းပါ။


ေတာေရွာက္ခါးရြက္ ၂ ရြက္ကို ရြက္ဆုတ္ေႁခြထားပါ။ ၁ရြက္ကို မၽွင္မၽွင္ေလးလွီးပါ။


ဒယ္အိုးတစ္လုံးမွာဆီအနည္းငယ္ကိုအပူေပးၿပီး

ေထာင္းထားေသာအေရာကိုနႏြင္းမွုန္႔၊အေရာင္တင္မွုန္႔အနည္းငယ္ႏွင့္အတူဆီသပ္ပါ။


အနည္းငယ္ႏြမ္းလာလၽွင္ ငါးပိထည့္ၿပီးေခ်ေပးပါ။


ေမႊးလာလၽွင္ျပဳတ္ထားတဲ့ေရဘဝဲေတြထည့္ပါ။

ေရမျဖည့္စြက္ရ။ ေရဘဝဲျပဳတ္က ေရအနည္းငယ္စိမ့္ထြက္လာပါမယ္။


ငါးငံျပာရည္၊ဆား၊ သၾကားဟင္းခတ္မွုန္႔ျဖင့္အရသာျဖည့္စြက္ပါ။


ရြက္ဆုတ္ေႁခြထားတဲ့ေတာေရွာက္ခါးရြက္ေတြထည့္ခ်က္ပါ။


ေရခမ္း၊ဆီျပန္လာလၽွင္သံပုရာသီးႀကီးႀကီး၁စိတ္ကိုညႇစ္ခ်ပါ။ အနံ့ေလးေမႊးတက္လာပါလိမ့္မယ္။


ေရခမ္းဆီျပန္လာလၽွင္အမၽွင္လွီးထားတဲ့ေတာေရွာက္ခါးရြက္ေလးျဖဴးထည့္ၿပီး သံပုရာျခမ္းစိတ္ေလးျဖင့္အလွဆင္ေပးပါ။


ေရဘဝဲရခိုင္ဆီျပန္ခ်က္

°°°°°°°°°°°°°°°°°°°°





ကၽြန္ေတာ္ကေရဘဝဲစားခ်င္တဲ့အခါ ေဘဘီေရဘဝဲေလးေတြကိုေရြးပါတယ္။ ေဘဘီေရဘဝဲေလးေတြကကိုင္ရလြယ္ကူသသလို(လက္ေတာ့ဝင္တာေပါ့)စားတဲ့အခါလဲရွိန္ေနတာမ်ိဳးမျဖစ္ေတာ့ပါဘူး။


ေရဘဝဲဟင္းေလးမခ်က္ခင္ေရဘဝဲကိုင္နည္းေလးေဝမၽွခ်င္ပါတယ္။ သူမ်ားေတြဘယ္လိုေဆးေၾကာသန္႔စင္သလဲေသခ်ာမသိေပမယ့္

လြယ္ကူရိုးရွင္းတဲ့ကၽြန္ေတာ့္နည္းေလးပါ။

ေရဘဝဲအေကာင္ဦးေခါင္းပိုင္းေလးရဲ့ေအာက္ဖက္ကိုဓားထက္ထက္ေလးနဲ႔အသာေလးထိုးခြဲၿပီး

အထဲကအျဖဴေရာင္အလုံးေလးႏွင့္အတူရွိတဲ့အက်ိအခၽြဲအားလုံးကိုဖယ္ထုတ္လိုက္ပါ။


ေရဘဝဲဦးေခါင္းနဲ႔လက္တံေတြရဲ့အစပ္မွာမ်က္လုံးႏွစ္လုံးကိုဖယ္ရွားေဖာက္ထုတ္လိုက္ပါ။

ေရဘဝဲကိုင္တာကဒီေလာက္ပါပဲ။ အညႇီနံ့နဲ႔အက်ိအခၽြဲကင္းစင္ဖို့အတြက္အထက္ကသန္႔စင္နည္းၿပီးတဲ့အခါ ေရမ်ားမ်ားႏွင့္တစ္ထပ္ေဆးခ်ပါ။


ေရဘဝဲထဲသို့ ဂ်ဳံမွုန္႔စိမ္း(သို့)ပဲမွုန္႔စိမ္းလက္တစ္ဆုပ္ေလာက္ျဖဴးထည့္ၿပီးတဇြိဇြိေနေအာင္(၃)မိနစ္ခန္႔နယ္ေပးပါ။ေရမ်ားမ်ားျဖင့္ေဆးခ်ပါ။ ေနာက္တစ္ႀကိမ္မွာေတာ့ ဗီနီဂါရည္အနည္းငယ္ထည့္နယ္ၿပီးေရမ်ားမ်ားျဖင့္ေဆးခ်ပါ။ဒါဆိုရင္ လုံးဝသန္႔စင္သြားပါၿပီ။


အိုးတစ္လုံးမွာေရခပ္မ်ားမ်ားကိုအပူေပးပါ။

ခ်င္းေသးေသးတစ္တက္ကိုဓားျပားရိုက္ထည့္ပါ။

သံပုရာသီးတစ္လုံးကိုလွီးစိတ္ၿပီးအခြံပါထည့္ပါ။ေရဆူလာလၽွင္ ေရဘဝဲေတြကိုထည့္ျပဳတ္ပါ။

မိမိကႏူးႏူးညံ့ညံ့ အိေပ်ာ့ေပ်ာ့ေလးစားခ်င္ရင္ေရေႏြးထဲထည့္ၿပီး (၃)မိနစ္ခန္႔(ေရဘဝဲစတင္က်က္)မွာဆယ္ထုတ္အေအးခံပါ။ ခပ္ထုတ္ထုတ္ေလးစားခ်င္ရင္ေတာ့(၇)မိနစ္ခန္႔ေလာက္ျပဳတ္ေပးပါ။


ခ်က္နည္းေလးစၾကရေအာင္။


ေရဘဝဲျပဳတ္ၿပီး............၂၀ သား

ၾကက္သြန္နီႀကီးႀကီး.......၁လုံး

ၾကက္သြန္ျဖဴ..................၃တက္

ခ်င္းေသးေသး................၁တက္

စပါးလင္.........................၁ ေခ်ာင္း

င႐ုတ္သီးစိမ္း..................၅ေတာင့္

ငါးပိ.................................ကြမ္းသီးလုံးခန္႔

နံနံပင္၊ အာပူရြက္.............အနည္းငယ္စီ


ၾကက္သြန္နီ၊ ျဖဴ ၊ ခ်င္း၊ စပါးလင္၊ င႐ုတ္သီးစိမ္းတို့ကိုညႇက္ေနေအာင္ေထာင္းပါ။


နံနံပင္၊ အာပူရြက္တို့ကိုေရေဆးသန္႔စင္ထားပါ။

(အာပူရြက္မရွိပါကနံနံပင္တစ္မ်ိဳးတည္းခပ္လဲအဆင္ေျပပါတယ္)


ဒယ္အိုးတစ္လုံးမွာဆီအနည္းငယ္ကိုအပူေပးၿပီး

ေထာင္းထားေသာအေရာကိုနႏြင္းမွုန္႔အနည္းငယ္ႏွင့္အတူဆီသပ္ပါ။


အနည္းငယ္ႏြမ္းလာလၽွင္ ငါးပိထည့္ၿပီးေခ်ေပးပါ။


ေမႊးလာလၽွင္ျပဳတ္ထားတဲ့ေရဘဝဲေတြထည့္ပါ။

ေရမျဖည့္စြက္ရ။ ေရဘဝဲျပဳတ္က ေရအနည္းငယ္စိမ့္ထြက္လာပါမယ္။


ငါးငံျပာရည္၊ဆား၊ ဟင္းခတ္မွုန္႔ျဖင့္အရသာျဖည့္စြက္ပါ။


ေရခမ္း၊ဆီျပန္လာလၽွင္အာပူရြက္နဲ႔နံနံပင္ေလးအုပ္ကာေရာေမႊၿပီးမီးဖိုေပၚမွခ်ပါ။

ထိုင္းစတိုင္ ျပည္ႀကီငါးသုတ္

------------------------------------




ဒါကေတာ့ ထိုင္းစတိုင္ သုတ္ထားတဲ့ ျပည္ႀကီးငါးသုတ္ ေလးပါ။ လုပ္ရလည္း လြယ္ၿပီ အရသာလည္း ေကာင္းမြန္ပါတယ္။ ျပည္ႀကီးငါး ညႇိနံ့ကင္းေအာင္ ရွာလကာရည္၊ ဂ်င္းတို့ကို အသုံးျပဳထားပါေသးတယ္။ အရသာကလည္း ခ်ဥ္ခ်ဥ္ စပ္စပ္ေလးမို့ အားလုံး ႀကိဳက္ႏွစ္သက္ၾကမွာပါ။ ခ်က္နည္းကို ၾကည့္ရေအာင္…

------------------------------------

ပါဝင္ပစၥည္းမ်ား


၁။ ျပည္ႀကီးငါး – ၂၀ က်ပ္သား


၂။ ၾကက္သြန္နီ – ၂လုံး (ပါးပါးလွီးထားပါ)


၃။ ခရမ္းခ်ဥ္သီး – ၂လုံး (အေစ့ထုတ္ ပါးပါးအရွည္လွီးပါ)


၄။ င႐ုတ္သီးစိမ္း – ၂ေတာင့္ (ပါးပါးလွီးပါ)


၅။ သံပရာသီး – ႏွစ္စိပ္


၆။ ၾကက္သြန္ျဖဴ – ၂မႊာ (ႏွုတ္ႏွုတ္စဥ္းထားပါ)


ရ။ ေရွာက္ရြက္ – ၂ရြက္ (ပါးပါးလွီးပါ)


၈။ နံနံပင္ – အနည္းငယ္ (ပါးပါးလွီးထားပါ)


၉။ ငါးငံျပာရည္ – စားပြဲတင္ဇြန္း ၁ဇြန္း


၁၀။ ဂ်င္း – လက္တဆစ္ (ပါးပါးလွီးပါ)


၁၁။ ရွာလကာရည္ – စားပြဲတင္ဇြန္း ၁ဇြန္း

------------------------------------

ျပင္ဆင္နည္း


၁။ အရင္ဆုံး ျပည္ႀကီးငါးကို အညႇိအခၽြဲမ်ား သန႔္စင္ေပးပါ။ ၿပီမွ ျပည္ႀကီးငါးကို ဓားျဖင့္ ၾကက္ေျခခတ္ပုံေလးမ်ား မႊန္းေပးပါ။


၂။ ထို့ေနာက္ ေရပြက္ပြက္ဆူေနေသာ ဒယ္အိုးထဲသို့ ဂ်င္း၊ ရွာလကာရည္(စားပြဲတင္ဇြန္း ၁ဇြန္း) တို့ကို ထည့္ၿပီမွ ၾကက္ေျခခတ္ပုံ မႊန္းထားေသာ ျပည္ႀကီးငါးမ်ားကို အနံ့ေပ်ာက္ေအာင္ ထိုအိုးထဲသို့ ထည့္လိုက္ပါ။


၃။ ၿပီလၽွင္ ဇကာျဖင့္ ျပည္ႀကီးငါးမ်ားကို ျပန္ဆယ္ထားပါ။


၄။ ၿပီေနာက္ ဒယ္ထဲသို့ ဆီ(စားပြဲတင္ဇြန္း ၂ဇြန္း)ခန႔္ ထည့္ၿပီ ဆီပူလာလၽွင္ ၾကက္သြန္ျဖဴ ထည့္ဆီသပ္ေပးပါ။


၅။ ၿပီမွ င႐ုတ္သီးမွုန႔္(စားပြဲတင္ဇြန္း ၃ပုံ၁ပုံ)၊ ဆႏြင္းမုွန႔္(စားပြဲတင္ဇြန္း ၃ပုံ၁ပုံ) ထည့္ၿပီ မီးျပန္ပိတ္လိုက္ပါ။ ၾကက္သြန္ျဖဴ ဆီခ်က္မ်ားကို ခြက္တစ္ခုထဲ ျပန္ဖယ္ထားေပးပါ။

------------------------------------

သုတ္နည္း


၁။ ခုျပည္ႀကီးငါး သုတ္ပါေတာ့မည္။ ဇလုံတစ္ခုထဲသို့ (ျပည့္ႀကီးငါး၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ဆီခ်က္၊ ေရွာက္ရြက္၊ င႐ုတ္သီး၊ ငါးငံျပာရည္၊ သံပရာရည္၊ နံနံပင္)တို့ကို ေရာႏုယ္လိုက္ပါ။


၂။ ၿပီမွ အရသာအေပါ့အငံ့ျမည္းၿပီ ဆား၊ ၾကက္သားမွုန႔္တို့ကို ထည့္ေပးပါ။


၃။ ခ်ဥ္စပ္ ျပည္ႀကီးငါးသုတ္ေလးကို ထမင္းႏွင့္ ၿမိန္လ်က္စြာသုံးေဆာင္နိုင္ပါၿပီ…

No comments: