Saturday, October 3, 2020

မြန်မာနိုင်ငံမှ ဘိန်းရာဇာ စစ်ဘုရင်မ သို့မဟုတ် Olive Yang

မြန်မာနိုင်ငံမှ ဘိန်းရာဇာ စစ်ဘုရင်မ သို့မဟုတ် Olive Yang





အာရှတိုက်ရဲ့ အကြီးဆုံးဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသ( ၂) ခုထဲက ဒုတိယတစ်ခုဖြစ်တဲ့ နာမည်ကျော် ရွှေတြိဂံနယ်မြေကိုတော့ လူတိုင်းသိကြမှာပါ။ 

အာရှတိုက်မှာသာမက ကမ္ဘာ့အကြီးဆုံးဘိန်းဖြူထုတ်လုပ်ရာဒေသက အာဖဂန်နစ္စတန်နိုင်ငံက ရွှေလခြမ်းဒေသ (Golden Crescent) ဖြစ်ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုတို့ နယ်နမိတ်ချင်းထိစပ်နေတဲ့ ရွှေတြိဂံဒေသကတော့ ဒုတိယနေရာလိုက်ပါတယ်။

အခုဖော်ပြပေးသွားမှာကတော့ ရွှေတြိဂံဒေသတစ်လျှောက် လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တဲ့ ဘိန်းဘုရင်မ အိုလစ်ဖ်ယန်း (Olive Yang) အကြောင်းဖြစ်ပြီး အိုလစ်ဖ်ယန်းဟာ CIA (Central Intelligence Agency) ရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ ထူထောင်ကာ ရွှေတြိဂံဒေသကိုစိုးမိုးနိုင်ခဲ့သူ အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

အိုလစ်ဖ်ယန်းဟာ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသအုပ်ချုပ်သူ တရုတ်မျိုးနွယ်စော်ဘွား Sao Yang Wen Pin ရဲ့ သားသမီး (၁၁) ဦး ထဲက တစ်ဦးဖြစ်ပါတယ်။ 

အိုလစ်ဖ်ယန်းကို ၁၉၂၇ ဇွန်လ (၂၄) ရက်နေ့မှာမွေးဖွားခဲ့ပြီး အသက် (၁၉) နှစ်မှာ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို စုစည်း တည်ထောင်ခဲ့ပါတယ်။

ဆွေမျိုးသားချင်းများရဲ့ ပြောဆိုချက်တွေအရ အိုလစ်ဖ်ယန်းဟာ လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူဖြစ်ကာ ငယ်စဉ်ကတည်းက ယောင်္ကျားလေးဝတ်စုံ တွေကိုပဲဝတ်လေ့ရှိပြီး သူ့အစ်ကိုရဲ့ ရည်းစားတွေနဲ့လည်း တွဲခုတ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။

သမာရိုးကျမဟုတ်တဲ့သမီးဖြစ်သူကို စိတ်ပူလာကြတဲ့ ကိုးကန့်စော်ဘွားနဲ့ ဇနီးဖြစ်သူဟာ အိုလစ်ဖ်ယန်းကို သူ့ရဲ့ မောင်ဝမ်းကွဲဖြစ်သူနဲ့ လက်ထပ် ပေးခဲ့ပါတယ်။ 

၁၉၅ဝ ခုနှစ်မှာ အိုလစ်ဖ်ယန်းဟာ Duan Jipu လို့ခေါ်တဲ့ သားတစ်ဦးကို မွေးဖွားခဲ့ပါတယ်။ 

ကလေးမွေးပြီးမကြာခင်မှာပဲ အိမ်ထောင်ရှင်မ အလုပ်ကိုမပျော်ပိုက်တဲ့ အိုလစ်ဖ်ယန်းဟာ ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူကိုစွန့်ပစ်ခဲ့ပြီး ဘိန်းကုန်ကူးတဲ့အလုပ်ကို စတင်လုပ်ကိုင်ပါတော့တယ်။ 

သားဖြစ်သူကို ဆွေမျိုးများကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့ရပြီး လက်ရှိတော့ Duan Jipu က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျောင်းဆရာအဖြစ် လုပ်ကိုင်နေပါတယ်။

တိုင်းရင်းသားရိုးရာ လိင်ပိုင်းဆိုင်ရာကန့်သတ်ချက်တွေကိုတွန်းလှန်ခဲ့တဲ့ အိုလစ်ဖ်ယန်းဟာ ဘိန်းကုန်ကူးရင်းကနေ ထင်ရှားတဲ့စစ်ဘုရင်မတစ်ဦး ဖြစ်လာခဲ့ တဲ့အပြင် အိုလစ်ဖ်ယန်းဟာ အသက် (၂၅) နှစ်အရွယ်နဲ့ မှောင်ခိုဘိန်းလမ်းကြောင်းကိုကာကွယ်ပေးတဲ့စစ်သားရာကျော်ရဲ့ ခေါင်းဆောင် ဖြစ်လာပါတယ်။ 

ဘိန်းတွေကို ထိုင်းနိုင်ငံကနေတစ်ဆင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကိုတင်ပို့ခဲ့ပြီး မြန်မာနိုင်ငံကို အာဖဂန်နစ္စတန်ကိုကျော်တက်စေကာ ဘိန်းကုန်ကူးမှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာစေပါတော့တယ်။

ဒါ့အပြင် အိုလစ်ဖ်ယန်းဟာဟာ ချန်ကေရှိတ် (Chiang Kai-shek) ရဲ့ တရုတ်အမျိုးသားတပ်ဖွဲ့ ကူမင်တန်အကြွင်းအကျန်တွေနဲ့ ရင်းနှီးဆက်နွှယ်မှုရှိပြီး ဒီလို ကူမင်တန်တရုတ်ဖြူတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတဲ့အတွက် မြန်မာအစိုးရက အိုလစ်ဖ်ယန်းကို အန္တရာယ်ရှိတဲ့ရာဇဝတ်ကောင်အဖြစ် ရှုမြင်လာခဲ့ပါတော့တယ်။ 

အချိန်ကာလကလည်း စစ်အေးတိုက်ပွဲကာလဖြစ်တဲ့အတွက် မော်စီတုန်းရဲ့ ကွန်မြူနစ်တပ်ဖွဲ့တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တရုတ်ဖြူကူမင်တန်တွေကို CIA က လက်နက်အင်အား လူသူအင်အားထောက်ပံ့ပေးခဲ့ပါတယ်။

Operation Paper လို့ခေါ်တဲ့ လျှို့ဝှက်စစ်ဆင်ရေးအရ CIA က တရုတ်ဖြူတပ်ဖွဲ့တွေကို လက်နက်အင်အားထောက်ပံ့ခဲ့ပြီး အိုလစ်ဖ်ယန်းနဲ့ တရုတ်ဖြူ တပ်ဖွဲ့တွေဟာ ဘိန်းရောင်းချရာကရတဲ့ငွေတွေကို ရန်ပုံငွေထားပြီး နိုင်ငံရေးပါလုပ်လာကြတဲ့အတွက် “The Politics of Heroin” လို့ပါ အမည်တွင်ခဲ့ပါတယ်။

တရုတ်ဖြူတွေ မြန်မာပိုင်နက်ထဲဝင်ရောက်ကျူးကျော်နေမှုနဲ့ ဘိန်းရာဇာအိုလစ်ဖ်ယန်းကို CIA က ၁၉၅၂ မှာ လက်နက်ထောက်ပံ့နေတာကို မြန်မာအစိုးရက အထောက်အထားနဲ့တကွ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တိုင်ကြားခဲ့ပါသေးတယ်။ 

အိုလစ်ဖ်ယန်းဟာ ၁၉၅၃ မှာ ထိုင်းနိုင်ငံက လေယာဉ်ကွင်း တစ်ကွင်းကိုသွားပြီး ထိုင်ဝမ်ကလာတဲ့ C-47 လေယာဉ်နဲ့ပို့လိုက်တဲ့လက်နက်တွေကိုလည်း သွားယူခဲ့ပါသေးတယ်။ 

ထိုင်းနိုင်ငံက အပြန်မှာတော့ သူ့ကိုမျက်စိစပါးမွှေးစူးနေပြီဖြစ်တဲ့ မြန်မာအစိုးရဟာ အိုလစ်ဖ်ယန်းနဲ့ သူ့ရဲ့လက်ထောက် လော်စစ်ဟန် (Lo Hsing Han) တို့ကို ဖမ်းဆီးခဲ့ပါတယ်။ (လော်စစ်ဟန်ဟာ အနာဂတ်မှာ ဘိန်းဘုရင်ဖြစ်လာမဲ့သူဖြစ်ပြီး စီးပွားရေးသမားတစ်ဦးလည်းဖြစ်ပါတယ်)

မြန်မာအစိုးရက အိုလစ်ဖ်ယန်း နဲ့ လော်စစ်ဟန်တို့ကို တရုတ်ဖြူတွေ မြန်မာနယ်စပ်ဖြတ်ကျော်ရေးမှာ ကူညီခဲ့တဲ့အမှုနဲ့ မန္တလေးထောင်မှာ ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ပြီး အဲဒီအကြိမ်ဟာ အိုလစ်ဖ်ယန်းနဲ့ လော်စစ်ဟန်တို့ ရဲ့ပထမဆုံးထောင်ကျခြင်းလည်းဖြစ်ပါတယ်။

ဒါပေမဲ့ လော်စစ်ဟန်ဟာ မြန်မာအစိုးရနဲ့ သဘောတူညီထားမှုတစ်ခုအရ အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ကျော်ဘိန်းရာဇာတစ်ဦးဖြစ်လာခဲ့ပြီး မြန်မာအစိုးရက သူ့ကို ဘိန်းရောင်းဝယ်ခွင့်ပြုပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ လော်စစ်ဟန်က သူပုန်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့အစိုးရတပ်တွေကို ကူညီပေးရပါတယ်။

၁၉၅၉ ခုနှစ်မှာ အိုလစ်ဖ်ယန်း ရဲ့အစ်ကို ကိုးကန့်စော်ဘွား Edward Yang Kyein Sai နန်းစွန့်သွားချိန်မှာတော့ အိုလစ်ဖ်ယန်းဟာ ကိုးကန့်ဒေသ တစ်လျှောက် အာဏာပိုင်စိုးသူဖြစ်လာပါတော့တယ်။

လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားသူတစ်ယောက်ဖြစ်တဲ့ အိုလစ်ဖ်ယန်းဟာ မြန်မာသရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သူ ဝါဝါဝင်းရွှေနဲ့လည်း ဆက်ဆံရေးတစ်ရပ်ရှိခဲ့တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်သတင်းထွက်ခဲ့ဖူးပြီး ရန်ကုန်မှာရှိတဲ့ အိုလစ်ဖ်ယန်းရဲ့တိုက်ကို ဝါဝါဝင်းရွှေရဲ့ အမည်နဲ့ လွှဲပေးခဲ့ပါသေးတယ်။ 

ဒါပေမဲ့ ၂၀၁၅ ခုနှစ်ကအင်တာဗျူးတစ်ခုမှာတော့ ဝါဝါဝင်းရွှေက အိုလစ်ဖ်ယန်းနဲ့ ဘာဆက်နွှယ်မှုမှမရှိခဲ့ဖူးကြောင်းငြင်းဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၆၃ ခုနှစ်မှာ အိုလစ်ဖ်ယန်းကို မြန်မာအစိုးရက ထပ်မံဖမ်းဆီးခဲ့ပြီး ရန်ကုန်အင်းစိန်ထောင်မှာ ထောင်ဒဏ် (၆) နှစ်ချခဲ့ပါတယ်။ 

ထောင်ထဲမှာလည်း အာဏာပိုင်တွေက အိုလစ်ဖ်ယန်းကို ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့ပါတယ်။ 

၁၉၈၉ ခုနှစ်၊ အိုလစ်ဖ်ယန်းအသက် (၆၀) ပြည့်တဲ့အချိန်မှာ သူ့ရဲ့ဘဝအပြောင်းအလဲဖြစ်ခဲ့ပြီး အိုလစ်ဖ်ယန်းဟာ ရှမ်းပြည်နယ်မှာ လေးစားခြင်းခံရတဲ့ စစ်ဘုရင်ဖြစ်တာကြောင့် မြန်မာအစိုးရရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲဖြစ်သူ ဦးခင်ညွန့်က အစိုးရနဲ့ သူပုန်တပ်ဖွဲ့တွေအကြား စေ့စပ်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ 

ဒီလုပ်ဆောင်ချက်ဟာ အရာရောက်ခဲ့ပြီး ကိုးကန့်သူပုန်တပ်ဖွဲ့ဖြစ်တဲ့ Myanmar National Democratic Alliance Army နဲ့သာမက အိုလစ်ဖ်ယန်းရဲ့ ဆွေမျိုးတစ်ဦးဖြစ်သူ ဖုန်းကြားရှင် (Peng Jiasheng ) နဲ့ အစိုးရကြား ၂၀၀၉ ခုနှစ် တိုက်ပွဲမဖြစ်ခင်အထိ ငြိမ်းချမ်းရေး ခိုင်မြဲခဲ့တယ်လို့ ဆိုရမှာပါ။

မြန်မာနိုင်ငံက ရှမ်းပြည်နယ်တစ်ခွင်ကိုကိုင်လှုပ်နိုင်ခဲ့တဲ့ စစ်ဘုရင်မတစ်ဦးဖြစ်သူ အိုလစ်ဖ်ယန်းဟာ သူ့ဘဝနေဝင်ချိန်တွေကို ရှမ်းပြည်နယ် မြောက်ဘက်ပိုင်း၊ မူဆယ်မြို့ကအိမ်တစ်အိမ်မှာ သူ့ရဲ့လင်ပါသားတစ်ယောက်၊ သစ္စာခံတပ်သားတွေနဲ့ပဲ မထင်မရှားနေထိုင်ဖြတ်သန်းသွားခဲ့ပါတယ်။ 

အိုလစ်ဖ်ယန်းဟာ ၂၀၁၅ ခုနှစ်မှာ လေဖြတ်သွားခဲ့ပြီး တပ်သားတွေနဲ့နေရတာ ပျော်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ 

ဝါဝါဝင်းရွှေ သူလွှဲပေးထားတဲ့အိမ်မှာ နေထိုင်နေတဲ့ဓာတ်ပုံကို အိုလစ်ဖ်ယန်းရှေ့ပြကြည့်တဲ့အခါမှာ အိုလစ်ဖ်ယန်းက ဟက်ဟက်ပက်ပက်ရယ်မောပြီး “That whole property was mine” (အကုန်လုံး ငါ့ဟာတွေချည်းပဲ) လို့ တရုတ်စီးကရက်တစ်လိပ်လက်ကြားညှပ်ရင်းပြောခဲ့ပါတယ်။

အိုလစ်ဖ်ယန်းဟာ ဇူလိုင်လ (၁၃) ရက်နေ့ ၂၀၁၇ ခုနှစ် အသက် (၉ဝ)အရွယ်မှာ မူဆယ်မှာပဲကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ ညီမ (၂) ဦးနဲ့ သားဖြစ်သူတို့ကျန်ခဲ့ပါတယ်။ 

အိုလစ်ဖ်ယန်းရဲ့ အုတ်ဂူက ကိုးကန့်အပြင်ဘက် မူဆယ်မြို့အနီးမှာရှိနေပါတယ်။ 

သူရဲ့ ကိုးကန့်တပ်ဖွဲ့တပ်သားတွေကတော့ အိုလစ်ဖ်ယန်းသေဆုံးမှုဟာ ကိုးကန့်နယ်သားတွေအတွက်ဝမ်းနည်းစရာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။

Ref: Washington Post “Olive Yang, cross-dressing warlord and Burmese opium trafficker by Alice Dawkins”

Team (ရိုးရာလေး)


(Zawgyi) 

ျမန္မာနိုင္ငံမွ ဘိန္းရာဇာ စစ္ဘုရင္မ သို့မဟုတ္ Olive Yang





အာရွတိုက္ရဲ့ အႀကီးဆုံးဘိန္းစိုက္ပ်ိဳးထုတ္လုပ္ရာေဒသ( ၂) ခုထဲက ဒုတိယတစ္ခုျဖစ္တဲ့ နာမည္ေက်ာ္ ေရႊႀတိဂံနယ္ေျမကိုေတာ့ လူတိုင္းသိၾကမွာပါ။ 

အာရွတိုက္မွာသာမက ကမၻာ့အႀကီးဆုံးဘိန္းျဖဴထုတ္လုပ္ရာေဒသက အာဖဂန္နစၥတန္နိုင္ငံက ေရႊလျခမ္းေဒသ (Golden Crescent) ျဖစ္ၿပီး ျမန္မာ၊ ထိုင္းနဲ႔ လာအိုတို့ နယ္နမိတ္ခ်င္းထိစပ္ေနတဲ့ ေရႊႀတိဂံေဒသကေတာ့ ဒုတိယေနရာလိုက္ပါတယ္။

အခုေဖာ္ျပေပးသြားမွာကေတာ့ ေရႊႀတိဂံေဒသတစ္ေလၽွာက္ လႊမ္းမိုးခ်ဳပ္ကိုင္နိုင္ခဲ့တဲ့ ဘိန္းဘုရင္မ အိုလစ္ဖ္ယန္း (Olive Yang) အေၾကာင္းျဖစ္ၿပီး အိုလစ္ဖ္ယန္းဟာ CIA (Central Intelligence Agency) ရဲ့ ကူညီေထာက္ပံ့မွုေတြနဲ႔ လက္နက္ကိုင္တပ္ဖြဲ႕ ထူေထာင္ကာ ေရႊႀတိဂံေဒသကိုစိုးမိုးနိုင္ခဲ့သူ အမ်ိဳးသမီးတစ္ဦးလည္းျဖစ္ပါတယ္။

အိုလစ္ဖ္ယန္းဟာ ျမန္မာနိုင္ငံ၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းက ကိုးကန႔္ေဒသအုပ္ခ်ဳပ္သူ တ႐ုတ္မ်ိဳးႏြယ္ေစာ္ဘြား Sao Yang Wen Pin ရဲ့ သားသမီး (၁၁) ဦး ထဲက တစ္ဦးျဖစ္ပါတယ္။ 

အိုလစ္ဖ္ယန္းကို ၁၉၂၇ ဇြန္လ (၂၄) ရက္ေန႔မွာေမြးဖြားခဲ့ၿပီး အသက္ (၁၉) ႏွစ္မွာ ကိုးကန႔္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ကို စုစည္း တည္ေထာင္ခဲ့ပါတယ္။

ေဆြမ်ိဳးသားခ်င္းမ်ားရဲ့ ေျပာဆိုခ်က္ေတြအရ အိုလစ္ဖ္ယန္းဟာ လိင္တူလိင္ကြဲႏွစ္မ်ိဳးလုံးစိတ္ဝင္စားသူျဖစ္ကာ ငယ္စဥ္ကတည္းက ေယာကၤ်ားေလးဝတ္စုံ ေတြကိုပဲဝတ္ေလ့ရွိၿပီး သူ႔အစ္ကိုရဲ့ ရည္းစားေတြနဲ႔လည္း တြဲခုတ္တတ္သူတစ္ေယာက္ျဖစ္ပါတယ္။

သမာရိုးက်မဟုတ္တဲ့သမီးျဖစ္သူကို စိတ္ပူလာၾကတဲ့ ကိုးကန႔္ေစာ္ဘြားနဲ႔ ဇနီးျဖစ္သူဟာ အိုလစ္ဖ္ယန္းကို သူ႔ရဲ့ ေမာင္ဝမ္းကြဲျဖစ္သူနဲ႔ လက္ထပ္ ေပးခဲ့ပါတယ္။ 

၁၉၅ဝ ခုႏွစ္မွာ အိုလစ္ဖ္ယန္းဟာ Duan Jipu လို့ေခၚတဲ့ သားတစ္ဦးကို ေမြးဖြားခဲ့ပါတယ္။ 

ကေလးေမြးၿပီးမၾကာခင္မွာပဲ အိမ္ေထာင္ရွင္မ အလုပ္ကိုမေပ်ာ္ပိုက္တဲ့ အိုလစ္ဖ္ယန္းဟာ ခင္ပြန္းျဖစ္သူနဲ႔ သားျဖစ္သူကိုစြန႔္ပစ္ခဲ့ၿပီး ဘိန္းကုန္ကူးတဲ့အလုပ္ကို စတင္လုပ္ကိုင္ပါေတာ့တယ္။ 

သားျဖစ္သူကို ေဆြမ်ိဳးမ်ားကပဲ ေကၽြးေမြးေစာင့္ေရွာက္ခဲ့ရၿပီး လက္ရွိေတာ့ Duan Jipu က ထိုင္းနိုင္ငံ၊ ခ်င္းမိုင္မွာ ေက်ာင္းဆရာအျဖစ္ လုပ္ကိုင္ေနပါတယ္။

တိုင္းရင္းသားရိုးရာ လိင္ပိုင္းဆိုင္ရာကန႔္သတ္ခ်က္ေတြကိုတြန္းလွန္ခဲ့တဲ့ အိုလစ္ဖ္ယန္းဟာ ဘိန္းကုန္ကူးရင္းကေန ထင္ရွားတဲ့စစ္ဘုရင္မတစ္ဦး ျဖစ္လာခဲ့ တဲ့အျပင္ အိုလစ္ဖ္ယန္းဟာ အသက္ (၂၅) ႏွစ္အရြယ္နဲ႔ ေမွာင္ခိုဘိန္းလမ္းေၾကာင္းကိုကာကြယ္ေပးတဲ့စစ္သားရာေက်ာ္ရဲ့ ေခါင္းေဆာင္ ျဖစ္လာပါတယ္။ 

ဘိန္းေတြကို ထိုင္းနိုင္ငံကေနတစ္ဆင့္ အေမရိကန္နဲ႔ ဥေရာပနိုင္ငံေတြကိုတင္ပို့ခဲ့ၿပီး ျမန္မာနိုင္ငံကို အာဖဂန္နစၥတန္ကိုေက်ာ္တက္ေစကာ ဘိန္းကုန္ကူးမွု အမ်ားဆုံးနိုင္ငံအျဖစ္ ရပ္တည္လာေစပါေတာ့တယ္။

ဒါ့အျပင္ အိုလစ္ဖ္ယန္းဟာဟာ ခ်န္ေကရွိတ္ (Chiang Kai-shek) ရဲ့ တ႐ုတ္အမ်ိဳးသားတပ္ဖြဲ႕ ကူမင္တန္အႂကြင္းအက်န္ေတြနဲ႔ ရင္းႏွီးဆက္ႏႊယ္မွုရွိၿပီး ဒီလို ကူမင္တန္တ႐ုတ္ျဖဴတပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းတဲ့အတြက္ ျမန္မာအစိုးရက အိုလစ္ဖ္ယန္းကို အႏၲရာယ္ရွိတဲ့ရာဇဝတ္ေကာင္အျဖစ္ ရွုျမင္လာခဲ့ပါေတာ့တယ္။ 

အခ်ိန္ကာလကလည္း စစ္ေအးတိုက္ပြဲကာလျဖစ္တဲ့အတြက္ ေမာ္စီတုန္းရဲ့ ကြန္ျမဴနစ္တပ္ဖြဲ႕ေတြကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ တ႐ုတ္ျဖဴကူမင္တန္ေတြကို CIA က လက္နက္အင္အား လူသူအင္အားေထာက္ပံ့ေပးခဲ့ပါတယ္။

Operation Paper လို့ေခၚတဲ့ လၽွို့ဝွက္စစ္ဆင္ေရးအရ CIA က တ႐ုတ္ျဖဴတပ္ဖြဲ႕ေတြကို လက္နက္အင္အားေထာက္ပံ့ခဲ့ၿပီး အိုလစ္ဖ္ယန္းနဲ႔ တ႐ုတ္ျဖဴ တပ္ဖြဲ႕ေတြဟာ ဘိန္းေရာင္းခ်ရာကရတဲ့ေငြေတြကို ရန္ပုံေငြထားၿပီး နိုင္ငံေရးပါလုပ္လာၾကတဲ့အတြက္ “The Politics of Heroin” လို့ပါ အမည္တြင္ခဲ့ပါတယ္။

တ႐ုတ္ျဖဴေတြ ျမန္မာပိုင္နက္ထဲဝင္ေရာက္က်ဴးေက်ာ္ေနမွုနဲ႔ ဘိန္းရာဇာအိုလစ္ဖ္ယန္းကို CIA က ၁၉၅၂ မွာ လက္နက္ေထာက္ပံ့ေနတာကို ျမန္မာအစိုးရက အေထာက္အထားနဲ႔တကြ ကုလသမဂၢအေထြေထြညီလာခံမွာ တိုင္ၾကားခဲ့ပါေသးတယ္။ 

အိုလစ္ဖ္ယန္းဟာ ၁၉၅၃ မွာ ထိုင္းနိုင္ငံက ေလယာဥ္ကြင္း တစ္ကြင္းကိုသြားၿပီး ထိုင္ဝမ္ကလာတဲ့ C-47 ေလယာဥ္နဲ႔ပို့လိုက္တဲ့လက္နက္ေတြကိုလည္း သြားယူခဲ့ပါေသးတယ္။ 

ထိုင္းနိုင္ငံက အျပန္မွာေတာ့ သူ႔ကိုမ်က္စိစပါးေမႊးစူးေနၿပီျဖစ္တဲ့ ျမန္မာအစိုးရဟာ အိုလစ္ဖ္ယန္းနဲ႔ သူ႔ရဲ့လက္ေထာက္ ေလာ္စစ္ဟန္ (Lo Hsing Han) တို့ကို ဖမ္းဆီးခဲ့ပါတယ္။ (ေလာ္စစ္ဟန္ဟာ အနာဂတ္မွာ ဘိန္းဘုရင္ျဖစ္လာမဲ့သူျဖစ္ၿပီး စီးပြားေရးသမားတစ္ဦးလည္းျဖစ္ပါတယ္)

ျမန္မာအစိုးရက အိုလစ္ဖ္ယန္း နဲ႔ ေလာ္စစ္ဟန္တို့ကို တ႐ုတ္ျဖဴေတြ ျမန္မာနယ္စပ္ျဖတ္ေက်ာ္ေရးမွာ ကူညီခဲ့တဲ့အမွုနဲ႔ မႏၲေလးေထာင္မွာ ေထာင္ဒဏ္ (၅) ႏွစ္စီခ်မွတ္ခဲ့ၿပီး အဲဒီအႀကိမ္ဟာ အိုလစ္ဖ္ယန္းနဲ႔ ေလာ္စစ္ဟန္တို့ ရဲ့ပထမဆုံးေထာင္က်ျခင္းလည္းျဖစ္ပါတယ္။

ဒါေပမဲ့ ေလာ္စစ္ဟန္ဟာ ျမန္မာအစိုးရနဲ႔ သေဘာတူညီထားမွုတစ္ခုအရ အေရွ႕ေတာင္အာရွတစ္ခြင္မွာ နာမည္ေက်ာ္ဘိန္းရာဇာတစ္ဦးျဖစ္လာခဲ့ၿပီး ျမန္မာအစိုးရက သူ႔ကို ဘိန္းေရာင္းဝယ္ခြင့္ျပဳေပးခဲ့ၿပီး အျပန္အလွန္အေနနဲ႔ ေလာ္စစ္ဟန္က သူပုန္တပ္ဖြဲ႕ေတြနဲ႔ တိုက္ခိုက္ေနတဲ့အစိုးရတပ္ေတြကို ကူညီေပးရပါတယ္။

၁၉၅၉ ခုႏွစ္မွာ အိုလစ္ဖ္ယန္း ရဲ့အစ္ကို ကိုးကန႔္ေစာ္ဘြား Edward Yang Kyein Sai နန္းစြန႔္သြားခ်ိန္မွာေတာ့ အိုလစ္ဖ္ယန္းဟာ ကိုးကန႔္ေဒသ တစ္ေလၽွာက္ အာဏာပိုင္စိုးသူျဖစ္လာပါေတာ့တယ္။

လိင္တူလိင္ကြဲႏွစ္မ်ိဳးလုံးစိတ္ဝင္စားသူတစ္ေယာက္ျဖစ္တဲ့ အိုလစ္ဖ္ယန္းဟာ ျမန္မာသ႐ုပ္ေဆာင္မင္းသမီးတစ္ဦးျဖစ္သူ ဝါဝါဝင္းေရႊနဲ႔လည္း ဆက္ဆံေရးတစ္ရပ္ရွိခဲ့တယ္လို့ က်ယ္က်ယ္ျပန႔္ျပန႔္သတင္းထြက္ခဲ့ဖူးၿပီး ရန္ကုန္မွာရွိတဲ့ အိုလစ္ဖ္ယန္းရဲ့တိုက္ကို ဝါဝါဝင္းေရႊရဲ့ အမည္နဲ႔ လႊဲေပးခဲ့ပါေသးတယ္။ 

ဒါေပမဲ့ ၂၀၁၅ ခုႏွစ္ကအင္တာဗ်ဴးတစ္ခုမွာေတာ့ ဝါဝါဝင္းေရႊက အိုလစ္ဖ္ယန္းနဲ႔ ဘာဆက္ႏႊယ္မွုမွမရွိခဲ့ဖူးေၾကာင္းျငင္းဆိုခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေနဝင္းအာဏာသိမ္းၿပီး ေနာက္တစ္ႏွစ္ျဖစ္တဲ့ ၁၉၆၃ ခုႏွစ္မွာ အိုလစ္ဖ္ယန္းကို ျမန္မာအစိုးရက ထပ္မံဖမ္းဆီးခဲ့ၿပီး ရန္ကုန္အင္းစိန္ေထာင္မွာ ေထာင္ဒဏ္ (၆) ႏွစ္ခ်ခဲ့ပါတယ္။ 

ေထာင္ထဲမွာလည္း အာဏာပိုင္ေတြက အိုလစ္ဖ္ယန္းကို ညႇင္းပန္းႏွိပ္စက္ခဲ့ေၾကာင္း သတင္းထြက္ေပၚခဲ့ပါတယ္။ 

၁၉၈၉ ခုႏွစ္၊ အိုလစ္ဖ္ယန္းအသက္ (၆၀) ျပည့္တဲ့အခ်ိန္မွာ သူ႔ရဲ့ဘဝအေျပာင္းအလဲျဖစ္ခဲ့ၿပီး အိုလစ္ဖ္ယန္းဟာ ရွမ္းျပည္နယ္မွာ ေလးစားျခင္းခံရတဲ့ စစ္ဘုရင္ျဖစ္တာေၾကာင့္ ျမန္မာအစိုးရရဲ့ ေထာက္လွမ္းေရးတပ္ဖြဲ႕ အႀကီးအကဲျဖစ္သူ ဦးခင္ညြန႔္က အစိုးရနဲ႔ သူပုန္တပ္ဖြဲ႕ေတြအၾကား ေစ့စပ္ေပးဖို့ ကမ္းလွမ္းခဲ့ပါတယ္။ 

ဒီလုပ္ေဆာင္ခ်က္ဟာ အရာေရာက္ခဲ့ၿပီး ကိုးကန႔္သူပုန္တပ္ဖြဲ႕ျဖစ္တဲ့ Myanmar National Democratic Alliance Army နဲ႔သာမက အိုလစ္ဖ္ယန္းရဲ့ ေဆြမ်ိဳးတစ္ဦးျဖစ္သူ ဖုန္းၾကားရွင္ (Peng Jiasheng ) နဲ႔ အစိုးရၾကား ၂၀၀၉ ခုႏွစ္ တိုက္ပြဲမျဖစ္ခင္အထိ ၿငိမ္းခ်မ္းေရး ခိုင္ျမဲခဲ့တယ္လို့ ဆိုရမွာပါ။

ျမန္မာနိုင္ငံက ရွမ္းျပည္နယ္တစ္ခြင္ကိုကိုင္လွုပ္နိုင္ခဲ့တဲ့ စစ္ဘုရင္မတစ္ဦးျဖစ္သူ အိုလစ္ဖ္ယန္းဟာ သူ႔ဘဝေနဝင္ခ်ိန္ေတြကို ရွမ္းျပည္နယ္ ေျမာက္ဘက္ပိုင္း၊ မူဆယ္ၿမိဳ့ကအိမ္တစ္အိမ္မွာ သူ႔ရဲ့လင္ပါသားတစ္ေယာက္၊ သစၥာခံတပ္သားေတြနဲ႔ပဲ မထင္မရွားေနထိုင္ျဖတ္သန္းသြားခဲ့ပါတယ္။ 

အိုလစ္ဖ္ယန္းဟာ ၂၀၁၅ ခုႏွစ္မွာ ေလျဖတ္သြားခဲ့ၿပီး တပ္သားေတြနဲ႔ေနရတာ ေပ်ာ္တယ္လို့ ေျပာဆိုခဲ့ဖူးပါတယ္။ 

ဝါဝါဝင္းေရႊ သူလႊဲေပးထားတဲ့အိမ္မွာ ေနထိုင္ေနတဲ့ဓာတ္ပုံကို အိုလစ္ဖ္ယန္းေရွ႕ျပၾကည့္တဲ့အခါမွာ အိုလစ္ဖ္ယန္းက ဟက္ဟက္ပက္ပက္ရယ္ေမာၿပီး “That whole property was mine” (အကုန္လုံး ငါ့ဟာေတြခ်ည္းပဲ) လို့ တ႐ုတ္စီးကရက္တစ္လိပ္လက္ၾကားညႇပ္ရင္းေျပာခဲ့ပါတယ္။

အိုလစ္ဖ္ယန္းဟာ ဇူလိုင္လ (၁၃) ရက္ေန႔ ၂၀၁၇ ခုႏွစ္ အသက္ (၉ဝ)အရြယ္မွာ မူဆယ္မွာပဲကြယ္လြန္သြားခဲ့ၿပီး ကြယ္လြန္ခ်ိန္မွာေတာ့ ညီမ (၂) ဦးနဲ႔ သားျဖစ္သူတို့က်န္ခဲ့ပါတယ္။ 

အိုလစ္ဖ္ယန္းရဲ့ အုတ္ဂူက ကိုးကန႔္အျပင္ဘက္ မူဆယ္ၿမိဳ့အနီးမွာရွိေနပါတယ္။ 

သူရဲ့ ကိုးကန႔္တပ္ဖြဲ႕တပ္သားေတြကေတာ့ အိုလစ္ဖ္ယန္းေသဆုံးမွုဟာ ကိုးကန႔္နယ္သားေတြအတြက္ဝမ္းနည္းစရာျဖစ္တယ္လို့ ေျပာဆိုခဲ့ၾကပါတယ္။




Ref: Washington Post “Olive Yang, cross-dressing warlord and Burmese opium trafficker by Alice Dawkins”

Team (ရိုးရာေလး)

No comments: