Sunday, October 4, 2020
✨နေ့စဉ်သုံးသင့်တဲ့ Skincares အကြောင်း✨
အားလုံးပဲ မင်္ဂလာပါ။ 👋🏻
ဒီအပတ်မှာတော့ ကျနော် ပေါ့ပေါ့ပါးပါး Topic လေး တခု ပြောပြပေးသွားချင်ပါတယ်။အဲ့ဒါကတော့ ✨နေ့စဉ်သုံးသင့်တဲ့ Skincares အကြောင်း✨ဖြစ်ပါတယ်။
အရင်ဆုံး ဘာ Skincare သုံးရမလဲဆိုတာ မပြောခင် ကိုယ့်ရဲ့ Skin Types အကြောင်း ကို သိရပါမယ်။
Normal, Dry, Oily, Combination, Sensitive ဆိုပြီး Skin Types အမျိုးအစား ၅ မျိုးရှိပါတယ်။
- ပုံမှန် အဆီလဲမပြန်၊ အသားလဲမခြောက်၊ မတည့်တာမရှိတဲ့ အသားအရေကို Normal Skin လို့ခေါ်ပါတယ်။
- အသားအရေ မစိုပြေနေဘဲ ခြောက်သွေ့ပြီး ကြမ်းနေတာဆိုရင် Dry Skin လို့ သတ်မှတ်လို့ရပါတယ်။
- အဆီတွေပြန်ပြီး မျက်နှာကိုင်ရတာ ချောကျိကျိ ဖြစ်နေရင် Oily Skin လို့ သတ်မှတ်ပါတယ်။
- တချို့တွေ T Zone (နဖူး၊ နှာခေါင်း၊ မေးစေ့) မှာသာ အဆီပြန်ပြီး ကျန်တဲ့နေရာက အသားခြောက်နေတာမျိုးကို Combination Skin ဆိုပြီး သတ်မှတ်နိုင်ပါတယ်။
- အသစ်အဆန်းမလိမ်းလိုက်နဲ့ တန်းပြီး Allergy ဖြစ်တာဆို Sensitive Skin လို့ သတ်မှတ်နိုင်ပါတယ်။
💡Tips💡
ကိုယ့်ရဲ့ အသားအရေက ဘယ် Skin Types ထဲပါနေလဲဆိုတာ မသိတဲ့သူတွေ အတွက် အလွယ်ကူဆုံး စမ်းသပ်လို့ရတဲ့ နည်းလမ်းလေး မျှဝေပေးလိုက်ပါတယ်။ အရင်ဆုံး မျက်နှာကို သေချာလေးသစ်ပြီး ရေကို ခြောက်နေအောင်သုတ်ပြီး တနာရီလောက် မျက်နှာကို ဘာမှမလိမ်းဘဲ မထိမကိုင်ဘဲထားပါ။ 
တနာရီလောက်ပြည့်ပြီဆိုရင် အဆီစုပ် စက္ကူ (Blotting Paper) သို့ Tissue စက္ကူကို မျက်နှာရဲ့ နဖူး၊ ပါးနှစ်ဖက်၊ နှာခေါင်း၊ မေးစေ့ စတဲ့နေရာတွေမှာ ကပ်ကြည့်ပါ။ စက္ကူမှာ အဆီများတဲ့နေရာ အဆီလုံးဝမရှိတဲ့နေရာကို ကြည့်ပြီး ကိုယ့်အသားအရေ အမျိုးအစားကို ခွဲခြားလို့ရပါတယ်။
ကဲ…အဓိကပြောချင်တဲ့ ကျနော်တို့တွေ နေ့တိုင်း ဘာ Skincare တွေ လိုအပ်လဲ/သုံးသင့်လဲ ဆိုတာ ဆက်ကြည့်ရအောင်။
👉🏻Micellar Water👈🏻
Make-up Remover လို့ အများသိထားတဲ့ Micellar Water ကို နေ့တိုင်း သုံးပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ Micellar Water က သန့်စင်ထားသော ရေ၊ micelles လို့ခေါ်တဲ့ သေးငယ်တဲ့ Cleansing oil molecules၊  Glycerin ကဲ့သို့သော moisturizer တို့ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ Soft Gentle Water ဖြစ်လို့ပါ။ 
Make-Up လိမ်းသူမှ သုံးရမှာမဟုတ်ပါဘူး၊ ဘာမှမလိမ်းထားတဲ့သူတောင် သုံးပေးသင့်ပါတယ်။ တချို့သောအညစ်အကြေးတွေက မျက်နှာသစ်ဆေးနဲ့ သစ်လို့ မပြောင်တာရှိတတ်ပါတယ်။ Miceller Water လေးကို Cotton Pad နဲ့ သုံးပေးပြီးမှ Cleanser ထပ်သုံးလိုက်မယ်ဆိုရင်မျက်နှာလေးပိုပြီး သန့်စင်သွားပြီး Double Cleansing effect ကိုရစေပါတယ်။ Moistures Effect ကိုလဲ ရရှိစေတယ်။
Dry Skin & Sensitive Skin Types တွေရင် ပိုသုံးပေးသင့်ပါတယ်။
- Micellar Water ကို ညဖက် Doubling Cleansing မျက်နှာမသစ်မှီ အချိန်
- Exercises/ Workout လုပ်ပြီး မျက်နှာမသစ်ဖြစ်တဲ့အချိန်
- Waterproof ဖြစ်တဲ့ Makeup, Mascara ဖျက်တဲ့အချိန် တွေမှာ သုံးပေးလို့ရပါတယ်။
ဒီ တံဆိပ် ၅ မျိုးက တော့ All Skin Types အတွက် Top 5 ဖြစ်နေတဲ့ Miceller Water တွေပါ။
• Bioderma Sensibio H2O (Sensitive/ Acne-Prone Skin)
• La Roche- Posay (Sensitive Skin)
• Garnier SkinActive (pink) (All)
• Simple Kind to Skin (Oily Skin)
• Bioderma Hydrabio H2O Hydrating (Dry Skin)
👉🏻Cleanser👈🏻
Cleanser (မျက်နှာသစ်ဆေး) ဘာလို့ လိုအပ်လဲဆိုရင် ကျနော်တို့ နေ့စဉ်သွားလားနေတဲ့အခါ မျက်နှာမှာ မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်တွေ၊ ဖုန်၊ အညစ်အကြေးနှင့် ပျက်စီးနေတဲ့ Old Dead Skin Cells လေးတွေ ရှိနေတတ်ပါတယ်။ မျက်နှာကိုမသန့်စင်ဘဲနေမယ်ဆိုရင် အသားအရေညစ်ထပ်ထပ်ဖြစ်လာမယ်၊ ချွေးပေါက်တွေပိတ်မယ၊် အဆီထွက်နှုန်းများမယ်၊ နောက်ဆုံး မလိုလားအပ်တဲ့ ဝက်ခြံတွေ ထွက်လာမယ်။ နေ့စဉ် မျက်နှာသစ်ပေးခြင်းဖြင့် ခုနကပြောတဲ့အချက်တွေကို ဖယ်ရှားရှင်းလင်းပေးတဲ့အပြင်
- အသားအရေကို လန်းဆန်းစေတယ်၊ ကြည်လင်စေတယ်၊ ကျန်းမာစေတယ်။
- Skin ရဲ့ pH level ကိုလည်း ထိန်းပေးထားလို့ အသားအရေကို ရေဓာတ်ပြည့်ဝစေတယ်။
- တခြားလိမ်းရတဲ့ Skin Cares တွေရဲ့ အာနိသင်ကို ကောင်းကောင်းရစေတယ်။
မျက်နှာသစ်တဲ့နေရာမှာ ဘယ် Skin Types ဖြစ်ဖြစ် တနေ့ကို နှစ်ကြိမ်ထပ် ပိုမသစ်သင့်ပါဘူး။ Face မှာ Moistures ဓာတ်လေး ရှိနေဖို့ သဘာဝအရ ပုံမှန်အဆီထုတ်ပေးရပါတယ်။ လိုတာထက်ပိုသစ်မိသွားရင် အသားကို ယားယံစေပြီး အစိုဓာတ် ကုန်ဆုံးစေနိုင်ပါတယ်။ Dry Skin နဲ့ Sensitive Skin ရှိတဲ့သူတွေအနေနဲ့ကတော့ ညဖက် တနေ့ တကြိမ် သစ်ပေးရင် လုံလောက်ပါတယ်။
ဒါဆို ဘယ်လို Label လေးတွေပါတာ ကြည့်ဝယ်ရမလဲ
Oily Skin - “Oil Control, Oil-Free, Non-comedogenic” 
Dry Skin - “Gentle, Milk Cleanser, Soap- Free, Alcohol-free” 
Sensitive Skin - “gentle, calming, hypoallergenic”
Combination Skin - “water soluble, gel based”
👉🏻Toner👈🏻
Toner က လိုအပ်လားဆိုရင် necessary တော့မဟုတ်ပေမယ့် need ပေါ့နော်။ ဒီတော့ Toner က ဘာတွေကောင်းစေလဲဆိုတာ နည်းနည်းပြောပြပေးမယ်။ Toner ဆိုတာ ကျနော်တို့ face skin ရဲ့ pH level ကို ထိန်းညှိပေးတဲ့အတွက် အဆီပြန်ခြင်းကို လျော့နည်းစေတယ်။ မျက်နှာ Cleansing လုပ်ပြီးရင် Gaps ဖြစ်သွားတဲ့ ချွေးပေါက်လေးတွေကို ကျဉ်းစေတယ်။ ပတ်ဝန်းကျင်က မသန့်စင်တဲ့ အမှုန်မွှားတွေ ဝင်ရောက်ခြင်းကို barrier အဖြစ်ကာထားပေးတယ်။ အသားအရေကို ညီညာစေတယ်။
Toner ကို cotton pad နဲ့ သုံးတာ တချို့ကျတော့လဲ ချွေးပေါက်ကျယ်တယ်။ အရေးကြောင်းဖြစ်လွယ်တယ် ပြောကြတယ်။ Toner က တနေ့ နှစ်ကြိမ် သုံးပေးလို့ရတယ်။ ကျနော်က တော့ မနက်ပိုင်းကို လက်နဲ့ပဲ ဖိလိမ်းပေးတယ်။ ညဖက်ကိုတော့ Cotton Pad နဲ့သုံးပေးတယ်။ ဘာလို့လဲဆိုတော့ မျက်နှာသစ်ဆေးသုံးပြီး ကျန်နေတဲ့ အညစ်အကြေးကို ထပ်ပြီး သန့်စင်ပေးလို့ပါ။ 
Toner ကို Skin Types နဲ့ ဘယ်လို Label ရွေးဝယ်ရမလဲကြည့်ရအောင်။
Oily Acne Skin - AHA, Glycolic, citric, lactic acid, Tea Tree, Green Tea
Sensitive Skin - Glycerin, Aloe Vera, chamomile, HA, alcohol or fragrances free
Dry Skin - peptides, glycolipids, rose hips seed oil or jojoba oil, dimethicone
👉🏻Moisturizer👈🏻
Moisturizer ဘာလို့ လိုအပ်လဲဆိုရင် ကျနော်တို့ Skin က ပုံမှန်ရှိရမယ့် pH level မှာ ရှိနေမယ်ဆိုရင် အသားခြောက်တာ၊ အဆီပြန်လွန်းတာ၊ ချွေးပေါက်ကျယ်လွန်းတာ၊ အသားအရေမညီညာတာ၊ ဝက်ခြံထွက်တာ၊ တင်းတိတ်ထွက်တာ စတဲ့ ပြဿနာတွေဖြစ်နှုန်းကို လျော့နည်းစေတယ်။ မျက်နှာအတွက်လိုအပ်တဲ့ Moisturizer မလိမ်းဘဲ အသားအရေလှချင်လိုက်တာဆိုပြီး ပြောနေလို့တော့မရပါဘူး။
ကဲဒါဆို Moisturizer ဘယ်လိုရွေးမလဲကြည့်ရအောင်။ Moisturizer ရွေးတဲ့အခါ ကိုယ့်ရဲ့ လိုအပ်ချက်ကိုကြည့်ပြီး သုံးသင့်ပါတယ်။ lotion, cream, ointment and gel ဆိုပြီး Texture မျိုးစုံရှိပါတယ်။
- Dry Skin - Hyaluronic acid and dimethicone, glycerin, propylene ပါတဲ့ cream 
- Oily Skin - water-based, non-comedogenic, non-acnegenic or oil-free, lactic, glycolic and salicylic acid ပါတဲ့ Gel or Light lotions
- Sensitive Skin - hypoallergenic, dermatologically tested, frangrance-free ပါတဲ့ cream/ lotion
ရွေးချယ်ပြီးပြီဆိုရင်တော့ ကျနော်တို့ Toner သုံးပြီးတဲ့အဆင့်မှာ လိမ်းပေးရပါမယ်။ တချို့ Moisturizer တွေက Day & Night သုံးလို့ရပါတယ်။ တချို့ ကိုတော့ Day ပဲ သုံးလို့ရတာမျိုးရှိပါတယ်။ Night မှာ မဖြစ်မနေ Moisturizer လိမ်းပေးဖို့လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ညဖက်မှာကျနော်တို့ရဲ့ စိတ်ကော Skin ကော renew ပြန်ဖြစ်ဖို့ အကောင်းဆုံးအချိန်မို့ပါ။ ညဖက်မှာ Skin Care လိမ်းပေးခြင်းက အသားအရေကို ပိုပြီးတော့သိသာကောင်းမွန်စေပါတယ်။
👉🏻Sunscreen👈🏻
Sunscreen (နေရောင်ကာလိမ်း) ဒါကတော့ မဖြစ်မနေ သုံးရမယ့် Skin Care ပါ။ ဘာလို့လိုအပ်လဲဆိုရင် နေက UV (ultraviolet) rays တွေ ထုတ်လွှင့်နေပါတယ်။ UV မှာ UVA နဲ့ UVB ဆိုပြီးရှိပါတယ်။ ဒီ UV rays တွေက ကျနော်တို့ နေ့စဉ် ထိတွေ့နေရပါတယ်။ အထူးသဖြင့် မနက် ၁၀နာရီမှ ညနေ ၃နာရီအတွင်းနေရောင်က အပြင်းဆုံးဖြစ်ပါတယ်။ UV ထိတွေ့တာများရင် ကျနော်တို့ Skin Cancer ဖြစ်နှုန်းများမယ်၊ အသားအရေလောင်မယ်၊ မလိုလားအပ်တဲ့ နေလောင်တင်းတိတ်အမဲကွက်တွေဖြစ်လာမယ်၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်လာမယ်။ ဒီတော့ ကျနော်တို့ ဘယ် Skin Types မဆို Sunscreen ကို မဖြစ်မနေသုံးပေးဖို့ လိုအပ်ပါတယ်။ ဘယ်လိုသုံးရမလဲနဲ့ ဘယ်လိုကြည့်ဝယ်ရမလဲဆိုတာ ဆက်ပြောပြမယ်နော်။
- SPF (sun protection factor) 15 above - ဒါက UVB ကို ကာကွယ်ပေးတာပါ
- PA (Protection Grade of UVA)+++ - ဒါကတော့ UVA ကို ကာကွယ်ပေးတာပါ။
- Broad spectrum protection  - ဒါကတော့ က both UVA & UVB ပါ
- Water resistant ဆိုတာ waterproof မဟုတ်ပါဘူး။ 
ပြောချင်တာက နေရောင်ထဲမှာ ရေကူးတာတို့ အပြေးလေ့ကျင့်ခန်းလုပ်တာတို့ အတွက်ဆို မိနစ် ၄၀ မှ မိနစ် ၈၀ အထိ ခံတာပါ။ အဲ့လိုမျိုးဆို 2 နာရီခြား တခါ ပြန်လိမ်းပေးရပါတယ်။
- Sunscreen က lotion, cream, gel စသဖြင့် texture မျိုးစုံလာပါတယ် အဲ့ထဲက ကိုယ်လိမ်းချင်တဲ့ပုံစံသုံးလို့ရပါတယ်။
- Skin care နောက်ဆုံးအဆင့်မှာ သုံးပေးရပါတယ်။ toner, moisturizer/serum ပြီးမှ Sunscreen လိမ်းပေးပါ။ Sunscreen အပေါ်ကနေမှ ကြိုက်နှစ်သက်ရာ မိတ်ကပ်၊ သနပ်ခါး လိမ်းပေးလို့ရပါတယ်။
- အပြင်မသွားခင် ၁၅ မိနစ် နာရီဝက် ကြိုလိမ်းပြီးမှ အပြင်သွားပါ။
- နွေရာသီ မှမဟုတ် မိုးရာသီ ဆောင်းရာသီ၊ မိုးရွာရွာ၊ နေပူပူ၊ နှင်းကျကျ သုံးပေးရပါမယ်။
- ညဖက်သုံးစရာမလိုပါ။ (တချို့ Texture ကြောင့် ချွေးပေါက်ပိတ်ပြီး မလိုလားအပ်တဲ့ ဝက်ခြံထွက်နိုင်ပါတယ်။)
💡Tips💡
Skin Care တွေဝယ်တဲ့အခါမှာ တစ်ဦးချင်းစီရဲ့ Skin ပေါ်မူတည်ပြီး တည့်မတည့်အရင် patch test စမ်းသပ်ပြီးမှ ဝယ်သုံးပါလို့ အကြံပေးပါရစေ။ patch test ဘယ်လိုလုပ်ရမလဲဆိုရင် ကိုယ်သုံးမယ့် Skin Care ကို အရေပြားအပါးဆုံးနေရာတွေဖြစ်တဲ့ လည်ပင်း/နှားအနောက်ဖက်/ လက်ကောက်ဝတ်မှာ ပါးပါးလိမ်းပြီး 24 နာရီ စောင့်ကြည့်ပေးပါ။ ယားတာ၊ နီတာ၊ အဖုထွက်တမျိုးမရှိမှ မျက်နှာကို လိမ်းပေးပါ။
🥰🥰🥰
အားလုံးကို ကျေးဇူးတင်ပါတယ်။
🙏🏻🙏🏻🙏🏻
𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!
🥰With Loves🥰
Dʀ.Yᴇʟʟ
 (Zawgyi) 
အားလုံးပဲ မဂၤလာပါ။ 👋🏻
💡Tips💡
👉🏻Micellar Water👈🏻
👉🏻Cleanser👈🏻
👉🏻Toner👈🏻
👉🏻Moisturizer👈🏻
👉🏻Sunscreen👈🏻
💡Tips💡
🥰🥰🥰
🙏🏻🙏🏻🙏🏻
𝙻𝚎𝚝 𝚖𝚎 𝚝𝚊𝚔𝚎 𝚌𝚊𝚛𝚎 𝚘𝚏 𝚢𝚘𝚞𝚛 𝙱𝚎𝚊𝚞𝚝𝚢 & 𝙻𝚒𝚏𝚎!
🥰With Loves🥰
Dʀ.Yᴇʟʟ
No comments: