Thursday, October 22, 2020

“ဆီးချိုသမားတွေအနေနဲ့ ကိုဗစ်ကာလမှာ ဘာတွေ သတိထားသင့်သလဲ”

 “ဆီးချိုသမားတွေအနေနဲ့ ကိုဗစ်ကာလမှာ ဘာတွေ သတိထားသင့်သလဲ”




အခုလက်ရှိ ဖြစ်ပွားနေတဲ့ ကိုဗစ်ဟာ နဂိုရောဂါအခံ ရှိတဲ့သူတွေမှာ ပိုပြီးတော့ ပြင်းထန်တတ်တယ် ဆိုတာကို အားလုံးလည်း သိနေကြပြီ ထင်ပါတယ်။ အမေရိကန် Centers for Disease Control and Prevention ရဲ့ အချက်အလက်တွေအရ ကိုဗစ်ကြောင့် သေဆုံးသွားတဲ့ လူတွေရဲ့ ၇၅ % ကျော်ဟာ အဲ့လိုရောဂါအခံ အနည်းဆုံးတစ်ခုတော့ ရှိကြတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ဆီးချိုကလည်း လူနာ ၁၀ ယောက်မှာ ၄ ယောက်လောက်ထိ တွေ့နေရတဲ့ အဖြစ်များရောဂါတစ်ခု ဖြစ်ပါတယ်။ အသက် ၆၅ နှစ်အောက် သေဆုံးသူတွေရဲ့ တစ်ဝက်နီးနီးလောက်မှာလည်း ဆီးချို ရှိနေတာကို တွေ့ရပါတယ်။


ဒါကြောင့် သတိထားဖို့ လိုသလို၊ တစ်ဖက်မှာလည်း ဆီးချိုရှိသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ အတော်လေး ထိခိုက်လာပါတယ်။ မတော်တဆ ကူးစက်ခံခဲ့ရရင် အသက်သေဆုံးနိုင်တယ် ဆိုပြီး တွေးကြောက်နေကြတာကိုး။ ဆိုရှယ်မီဒီယာမှာဆိုလည်း ဒါတွေပဲ မြင်နေ၊ တွေ့နေရတယ်။ 


ဒီအတွက် ဆီးချိုရှိသူတွေအနေနဲ့ ဘာတွေ လုပ်သင့်တယ် ဆိုတာကို ဝေမျှပေးချင်ပါတယ်။


၁။ ကာကွယ်ရေးနည်းလမ်းတွေကို အတိအကျ လိုက်နာပါ။


ဆီးချိုရှိလို့ ပိုကူးစက်နိုင်တာ မဟုတ်ပါဘူး။ ကူးစက်ရင်သာ နောက်ဆက်တွဲ အခြေအနေ ပိုဆိုးတာပါ။ ဒါကြောင့် ဆီးချိုရှိလို့ ဆိုပြီး ထူးပြီး လုပ်ရမဲ့ နည်းလမ်းတွေ မရှိပါဘူး။ အကုန်လုံး အတူတူပါပဲ။ 


တတ်နိုင်သမျှ အိမ်မှာနေပါ။ အပြင်သွားတဲ့အခါတိုင်း Mask တပ်ပါ။ ဖြစ်နိုင်ရင် Face shield ပါ တပ်စေချင်တယ်။ လက်ဆေးပါ။ Hand gel အမြဲဆောင်ထားပါ။ မဆေးထားတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်ပါနဲ့။ ကိုယ်ခံအားကောင်းအောင် နေပါ။


ကိုယ်က ဆီးချိုရှိတဲ့အတွက် ပိုပြီး ဂရုစိုက်ဖို့ လိုပါလိမ့်မယ်။ ကိုဗစ်ဟာ ထိတွေ့တဲ့လူ အရေအတွက် နည်းလေလေ၊ ထိတွေ့ချိန် တိုလေလေ၊ နီးနီးကပ်ကပ် ထိတွေ့မှု မရှိလေလေ၊ ကာကွယ်ရာ ရောက်လေပါပဲ။ ဒါကြောင့် တင်းတင်းကြပ်ကြပ် လိုက်နာစေချင်တယ်။ ဥပမာ အိမ်ကို တစ်ယောက်ယောက်က ပစ္စည်း၊ အစားအသောက် လာပို့တယ်ဆိုရင် သူ့ကို အခန်းရှေ့မှာ ချသွားခိုင်း၊ ပိုက်ဆံကိုလည်း ကိုယ်က ကြိုပြီး ချထားပေး၊ အဲ့လို လုံးဝကို လူချင်း မတွေ့လိုက်ဘဲနဲ့ လက်ခံပါ။ ပစ္စည်းတွေကိုလည်း ပိုးသတ်ပါ။ အိမ်ကိုလည်း သန့်ရှင်းအောင် ထားပါ။


၂။ စိတ်ဖိစီးမှုကို လျှော့ချပါ။


ဒါကလည်း အရေးကြီးပါတယ်။ စိတ်ဖိစီးမှု များရင် စားသောက်နေထိုင်မှု ပုံစံတွေပါ မှားလာတတ်တယ်။ ဒါက ဆီးချိုထိန်းနိုင်ဖို့ ခက်ခဲသွားစေတယ်။ နောက်ပြီး စိတ်ဖိစီးမှုက ကိုယ်ခံအားကိုလည်း ကျစေပါတယ်။ ဆီးချိုသမားဟာ နဂိုကတည်းက ကိုယ်ခံအား နည်းပြီးသားမို့ ပိုသတိထားရပါမယ်။


ဆိုရှယ်မီဒီယာက သတင်းတွေ သိပ်မဖတ်ပါနဲ့။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ စာဖတ်ပါ။ တရားထိုင်ပါ။ ဝါသနာ ပါတာလေးတွေ လုပ်ပါ။ အဲ့လိုနည်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချစေချင်ပါတယ်။


၃။ ဆီးချိုထိန်းပါ။


ဆီးချိုအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အစားအသောက်ပုံစံအတိုင်း ဆက်လုပ်ပါ။ အကြောက်လွန်ပြီး ဘာမှ မစားတော့ရင်လည်း သွေးတွင်းအချိုဓါတ် ကျသွားတာမျိုး ဖြစ်တတ်သလို၊ ကိုယ်ခံအားလည်း ကျစေနိုင်တယ်။ ဆီးချိုကိုလည်း ပုံမှန်စစ်ပါ။ ဆေးပုံမှန်သောက်ပါ။ ဆီးချိုတိုင်းဖို့ ပစ္စည်း (Test strip) တွေနဲ့ ဆေးတွေကို ရက် ၃၀ စာလောက် ဆောင်ထားပါ။ ဆရာဝန်က မပြောဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးရပ်လိုက်တာ၊ အတိုးအလျှော့လုပ်တာ၊ ပြောင်းသောက်တာတွေ မလုပ်ပါနဲ့။ ဆရာဝန်နဲ့လည်း သွားပြရ ခက်နေပေမဲ့ အွန်လိုင်းကနေတစ်ဆင့် ဆွေးနွေးလို့ ရနေပါပြီ။ ဒါတွေကိုလည်း ပုံမှန်လေး လုပ်ပေးပါ။


၄။ အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားပါ။


သားသမီးတွေနဲ့ အတူနေတဲ့သူ မဟုတ်ရင် (ဥပမာ အိမ်အကူနဲ့ပဲ နေရတာမျိုး) ဆရာဝန်ရဲ့ ဖုန်းနံပါတ်၊ အနီးဆုံး ဆေးရုံ၊ ဆေးခန်းရဲ့ ဖုန်းနံပါတ်၊ အိမ်နီးနားချင်းတွေရဲ့ ဖုန်းနံပါတ် စသဖြင့် သိနေဖို့ လိုပါတယ်။ ရုတ်တရက် ဆီးချိုကျသွားတာမျိုးဆိုလည်း ဘယ်လိုလုပ်ရမယ် ဆိုတာကို အိမ်အကူကိုပဲ ပြောပြထားပါ။


၅။ မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍ


တကယ်လို့များ မိသားစုနဲ့ အတူနေတာဆိုရင်တော့ မိသားစုဝင်တွေရဲ့ အခန်းကဏ္ဍကလည်း သိပ်အရေးကြီးပါတယ်။ ဒီဆောင်းပါးကိုလည်း အသက် ၇၀ ဝန်းကျင် အဘိုးအဘွားတွေ ဖတ်နိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါကြောင့် မိသားစုဝင်တွေ အရေးကြီးပါတယ်။


👉 ပထမဆုံး လုပ်သင့်တာကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပါပဲ။ ဒီဗိုင်းရပ်စ်က ကိုယ့်ကို ကူးရင် အေးအေးဆေးဆေး ပြီးသွားနိုင်ပေမဲ့ ဆီးချိုရှိတဲ့ ကိုယ့်မိဘ၊ ကိုယ့်အဘိုးအဘွားကို ကူးရင်တော့ နောက်ဆက်တွဲ ပြဿနာများနိုင်တယ် ဆိုတာကို အမြဲသတိရပါ။


👉 သူတို့ကို အစိုးရိမ်မလွန်ဖို့ ပြောပြပါ။ သူတို့ရှေ့မှာ ဆိုရှယ်မီဒီယာက သတင်းတွေ၊ ဘယ်နှယောက် သေသွားပြီ၊ ကူးစက်သူ ဘယ်နှယောက် ရှိနေပြီ စတဲ့ စကားတွေကို မပြောမိဖို့ သတိထားပါ။ လိုအပ်မယ် ထင်သလောက်ပဲ အသိပေးပါ။


👉 အိမ်က ကျယ်တယ်ဆို တတ်နိုင်သမျှ ခပ်ခွာခွာနေပါ။ သီးသန့်အခန်းမှာ အိပ်ခိုင်းပါ။ ပစ္စည်းပစ္စယတွေ ခွဲသုံးလို့ ရသမျှ သုံးပေးပါ။ ဖျားရင်၊ ချောင်းဆိုးရင်၊ နေထိုင်မကောင်း ဖြစ်ရင် Mask တပ်ထားပါ။ သူတို့နဲ့ မထိတွေ့မိအောင် ဂရုစိုက်ပါ။


👉 ကိုဗစ်နဲ့ ပတ်သက်လို့ မေးမြန်းဆွေးနွေးနိုင်မဲ့ ဖုန်းနံပါတ်နဲ့ အရေးပေါ် ဆက်သွယ်ရမဲ့ ဖုန်းနံပါတ်တွေ ရှာထားပေးပါ။ သူတို့ကိုလည်း ပြောပြထားပါ။ မတော်တဆ ကိုယ်တိုင်သော်လည်းကောင်း၊ ဆီးချိုရှိတဲ့ မိသားစုဝင်သော်လည်းကောင်း ကိုဗစ်သံသယလက္ခဏာတွေ ဖြစ်ခဲ့ရင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း ပြသပါ။


👉 အစားအသောက် ပြည့်ပြည့်၀၀ စားနိုင်ဖို့ ပြင်ဆင်ထားပေးပါ။ လိုအပ်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ ဝယ်ပေးပါ။ အွန်လိုင်းကနေ ဆရာဝန်နဲ့ ဆွေးနွေးဖို့ဆို သူတို့အတွက် အခက်အခဲ ဖြစ်နိုင်လို့ နည်းပညာပိုင်းမှာ ကူညီပေးပါ။


👉 အိမ်ကို ဧည့်သည် အလာမခံပါနဲ့။ ပစ္စည်းနဲ့ အစားအသောက် လာပို့တာတွေ ရှိခဲ့ရင်လည်း အပေါ်မှာ ပြောခဲ့သလို တင်းတင်းကြပ်ကြပ် ကာကွယ်ပေးပါ။


ဒီအချက်တွေကတော့ ခုလို ကိုဗစ်ကာလမှာ ဆီးချိုရှိသူတွေနဲ့ သူ့ရဲ့ မိသားစုဝင်တွေ လိုက်နာသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ကူးစက်ခံခဲ့ရရင် နောက်ဆက်တွဲ ပြဿနာ များတယ်ဆိုပေမဲ့ မကူးစက်အောင် ကာကွယ်လို့ ရပါတယ်။ ဒီအတွက် အကြောက်မလွန်ပါနဲ့။ လိုက်နာသင့်တာကိုလည်း တိတိကျကျ လိုက်နာရင်း ကာကွယ်မယ်ဆိုရင် ဒီရောဂါကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါလိမ့်မယ်။


ဒေါက်တာ ဖြိုးသီဟ

၁၁.၁၀.၂၀၂၀


Ref: https://www.cdc.gov/coronavirus/2019-ncov/need-extra-precautions/people-with-medical-conditions.html

(Zawgyi) 

“ဆီးခ်ိဳသမားေတြအေနနဲ႔ ကိုဗစ္ကာလမွာ ဘာေတြ သတိထားသင့္သလဲ”




အခုလက္ရွိ ျဖစ္ပြားေနတဲ့ ကိုဗစ္ဟာ နဂိုေရာဂါအခံ ရွိတဲ့သူေတြမွာ ပိုၿပီးေတာ့ ျပင္းထန္တတ္တယ္ ဆိုတာကို အားလုံးလည္း သိေနၾကၿပီ ထင္ပါတယ္။ အေမရိကန္ Centers for Disease Control and Prevention ရဲ့ အခ်က္အလက္ေတြအရ ကိုဗစ္ေၾကာင့္ ေသဆုံးသြားတဲ့ လူေတြရဲ့ ၇၅ % ေက်ာ္ဟာ အဲ့လိုေရာဂါအခံ အနည္းဆုံးတစ္ခုေတာ့ ရွိၾကတယ္လို့ သိရပါတယ္။ အဲဒီထဲမွာ ဆီးခ်ိဳကလည္း လူနာ ၁၀ ေယာက္မွာ ၄ ေယာက္ေလာက္ထိ ေတြ႕ေနရတဲ့ အျဖစ္မ်ားေရာဂါတစ္ခု ျဖစ္ပါတယ္။ အသက္ ၆၅ ႏွစ္ေအာက္ ေသဆုံးသူေတြရဲ့ တစ္ဝက္နီးနီးေလာက္မွာလည္း ဆီးခ်ိဳ ရွိေနတာကို ေတြ႕ရပါတယ္။


ဒါေၾကာင့္ သတိထားဖို့ လိုသလို၊ တစ္ဖက္မွာလည္း ဆီးခ်ိဳရွိသူေတြအေနနဲ႔ စိတ္ပိုင္းဆိုင္ရာအရ အေတာ္ေလး ထိခိုက္လာပါတယ္။ မေတာ္တဆ ကူးစက္ခံခဲ့ရရင္ အသက္ေသဆုံးနိုင္တယ္ ဆိုၿပီး ေတြးေၾကာက္ေနၾကတာကိုး။ ဆိုရွယ္မီဒီယာမွာဆိုလည္း ဒါေတြပဲ ျမင္ေန၊ ေတြ႕ေနရတယ္။ 


ဒီအတြက္ ဆီးခ်ိဳရွိသူေတြအေနနဲ႔ ဘာေတြ လုပ္သင့္တယ္ ဆိုတာကို ေဝမၽွေပးခ်င္ပါတယ္။


၁။ ကာကြယ္ေရးနည္းလမ္းေတြကို အတိအက် လိုက္နာပါ။


ဆီးခ်ိဳရွိလို့ ပိုကူးစက္နိုင္တာ မဟုတ္ပါဘူး။ ကူးစက္ရင္သာ ေနာက္ဆက္တြဲ အေျခအေန ပိုဆိုးတာပါ။ ဒါေၾကာင့္ ဆီးခ်ိဳရွိလို့ ဆိုၿပီး ထူးၿပီး လုပ္ရမဲ့ နည္းလမ္းေတြ မရွိပါဘူး။ အကုန္လုံး အတူတူပါပဲ။ 


တတ္နိုင္သမၽွ အိမ္မွာေနပါ။ အျပင္သြားတဲ့အခါတိုင္း Mask တပ္ပါ။ ျဖစ္နိုင္ရင္ Face shield ပါ တပ္ေစခ်င္တယ္။ လက္ေဆးပါ။ Hand gel အျမဲေဆာင္ထားပါ။ မေဆးထားတဲ့ လက္နဲ႔ မ်က္စိ၊ ႏွာေခါင္း၊ ပါးစပ္တို့ကို မကိုင္ပါနဲ႔။ ကိုယ္ခံအားေကာင္းေအာင္ ေနပါ။


ကိုယ္က ဆီးခ်ိဳရွိတဲ့အတြက္ ပိုၿပီး ဂ႐ုစိုက္ဖို့ လိုပါလိမ့္မယ္။ ကိုဗစ္ဟာ ထိေတြ႕တဲ့လူ အေရအတြက္ နည္းေလေလ၊ ထိေတြ႕ခ်ိန္ တိုေလေလ၊ နီးနီးကပ္ကပ္ ထိေတြ႕မွု မရွိေလေလ၊ ကာကြယ္ရာ ေရာက္ေလပါပဲ။ ဒါေၾကာင့္ တင္းတင္းၾကပ္ၾကပ္ လိုက္နာေစခ်င္တယ္။ ဥပမာ အိမ္ကို တစ္ေယာက္ေယာက္က ပစၥည္း၊ အစားအေသာက္ လာပို့တယ္ဆိုရင္ သူ႔ကို အခန္းေရွ႕မွာ ခ်သြားခိုင္း၊ ပိုက္ဆံကိုလည္း ကိုယ္က ႀကိဳၿပီး ခ်ထားေပး၊ အဲ့လို လုံးဝကို လူခ်င္း မေတြ႕လိုက္ဘဲနဲ႔ လက္ခံပါ။ ပစၥည္းေတြကိုလည္း ပိုးသတ္ပါ။ အိမ္ကိုလည္း သန႔္ရွင္းေအာင္ ထားပါ။


၂။ စိတ္ဖိစီးမွုကို ေလၽွာ့ခ်ပါ။


ဒါကလည္း အေရးႀကီးပါတယ္။ စိတ္ဖိစီးမွု မ်ားရင္ စားေသာက္ေနထိုင္မွု ပုံစံေတြပါ မွားလာတတ္တယ္။ ဒါက ဆီးခ်ိဳထိန္းနိုင္ဖို့ ခက္ခဲသြားေစတယ္။ ေနာက္ၿပီး စိတ္ဖိစီးမွုက ကိုယ္ခံအားကိုလည္း က်ေစပါတယ္။ ဆီးခ်ိဳသမားဟာ နဂိုကတည္းက ကိုယ္ခံအား နည္းၿပီးသားမို့ ပိုသတိထားရပါမယ္။


ဆိုရွယ္မီဒီယာက သတင္းေတြ သိပ္မဖတ္ပါနဲ႔။ ကိုယ္လက္ေလ့က်င့္ခန္း လုပ္ပါ။ စာဖတ္ပါ။ တရားထိုင္ပါ။ ဝါသနာ ပါတာေလးေတြ လုပ္ပါ။ အဲ့လိုနည္းေတြနဲ႔ စိတ္ဖိစီးမွုကို ေလၽွာ့ခ်ေစခ်င္ပါတယ္။


၃။ ဆီးခ်ိဳထိန္းပါ။


ဆီးခ်ိဳအတြက္ လုပ္သင့္လုပ္ထိုက္တဲ့ အစားအေသာက္ပုံစံအတိုင္း ဆက္လုပ္ပါ။ အေၾကာက္လြန္ၿပီး ဘာမွ မစားေတာ့ရင္လည္း ေသြးတြင္းအခ်ိဳဓါတ္ က်သြားတာမ်ိဳး ျဖစ္တတ္သလို၊ ကိုယ္ခံအားလည္း က်ေစနိုင္တယ္။ ဆီးခ်ိဳကိုလည္း ပုံမွန္စစ္ပါ။ ေဆးပုံမွန္ေသာက္ပါ။ ဆီးခ်ိဳတိုင္းဖို့ ပစၥည္း (Test strip) ေတြနဲ႔ ေဆးေတြကို ရက္ ၃၀ စာေလာက္ ေဆာင္ထားပါ။ ဆရာဝန္က မေျပာဘဲ ကိုယ့္သေဘာနဲ႔ကိုယ္ ေဆးရပ္လိုက္တာ၊ အတိုးအေလၽွာ့လုပ္တာ၊ ေျပာင္းေသာက္တာေတြ မလုပ္ပါနဲ႔။ ဆရာဝန္နဲ႔လည္း သြားျပရ ခက္ေနေပမဲ့ အြန္လိုင္းကေနတစ္ဆင့္ ေဆြးေႏြးလို့ ရေနပါၿပီ။ ဒါေတြကိုလည္း ပုံမွန္ေလး လုပ္ေပးပါ။


၄။ အေရးေပၚ အေျခအေနအတြက္ ျပင္ဆင္ထားပါ။


သားသမီးေတြနဲ႔ အတူေနတဲ့သူ မဟုတ္ရင္ (ဥပမာ အိမ္အကူနဲ႔ပဲ ေနရတာမ်ိဳး) ဆရာဝန္ရဲ့ ဖုန္းနံပါတ္၊ အနီးဆုံး ေဆး႐ုံ၊ ေဆးခန္းရဲ့ ဖုန္းနံပါတ္၊ အိမ္နီးနားခ်င္းေတြရဲ့ ဖုန္းနံပါတ္ စသျဖင့္ သိေနဖို့ လိုပါတယ္။ ႐ုတ္တရက္ ဆီးခ်ိဳက်သြားတာမ်ိဳးဆိုလည္း ဘယ္လိုလုပ္ရမယ္ ဆိုတာကို အိမ္အကူကိုပဲ ေျပာျပထားပါ။


၅။ မိသားစုဝင္ေတြရဲ့ အခန္းက႑


တကယ္လို့မ်ား မိသားစုနဲ႔ အတူေနတာဆိုရင္ေတာ့ မိသားစုဝင္ေတြရဲ့ အခန္းက႑ကလည္း သိပ္အေရးႀကီးပါတယ္။ ဒီေဆာင္းပါးကိုလည္း အသက္ ၇၀ ဝန္းက်င္ အဘိုးအဘြားေတြ ဖတ္နိုင္ဖို့ဆိုတာ သိပ္မလြယ္ပါဘူး။ ဒါေၾကာင့္ မိသားစုဝင္ေတြ အေရးႀကီးပါတယ္။


👉 ပထမဆုံး လုပ္သင့္တာကေတာ့ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ဖို့ပါပဲ။ ဒီဗိုင္းရပ္စ္က ကိုယ့္ကို ကူးရင္ ေအးေအးေဆးေဆး ၿပီးသြားနိုင္ေပမဲ့ ဆီးခ်ိဳရွိတဲ့ ကိုယ့္မိဘ၊ ကိုယ့္အဘိုးအဘြားကို ကူးရင္ေတာ့ ေနာက္ဆက္တြဲ ျပႆနာမ်ားနိုင္တယ္ ဆိုတာကို အျမဲသတိရပါ။


👉 သူတို့ကို အစိုးရိမ္မလြန္ဖို့ ေျပာျပပါ။ သူတို့ေရွ႕မွာ ဆိုရွယ္မီဒီယာက သတင္းေတြ၊ ဘယ္ႏွေယာက္ ေသသြားၿပီ၊ ကူးစက္သူ ဘယ္ႏွေယာက္ ရွိေနၿပီ စတဲ့ စကားေတြကို မေျပာမိဖို့ သတိထားပါ။ လိုအပ္မယ္ ထင္သေလာက္ပဲ အသိေပးပါ။


👉 အိမ္က က်ယ္တယ္ဆို တတ္နိုင္သမၽွ ခပ္ခြာခြာေနပါ။ သီးသန႔္အခန္းမွာ အိပ္ခိုင္းပါ။ ပစၥည္းပစၥယေတြ ခြဲသုံးလို့ ရသမၽွ သုံးေပးပါ။ ဖ်ားရင္၊ ေခ်ာင္းဆိုးရင္၊ ေနထိုင္မေကာင္း ျဖစ္ရင္ Mask တပ္ထားပါ။ သူတို့နဲ႔ မထိေတြ႕မိေအာင္ ဂ႐ုစိုက္ပါ။


👉 ကိုဗစ္နဲ႔ ပတ္သက္လို့ ေမးျမန္းေဆြးေႏြးနိုင္မဲ့ ဖုန္းနံပါတ္နဲ႔ အေရးေပၚ ဆက္သြယ္ရမဲ့ ဖုန္းနံပါတ္ေတြ ရွာထားေပးပါ။ သူတို့ကိုလည္း ေျပာျပထားပါ။ မေတာ္တဆ ကိုယ္တိုင္ေသာ္လည္းေကာင္း၊ ဆီးခ်ိဳရွိတဲ့ မိသားစုဝင္ေသာ္လည္းေကာင္း ကိုဗစ္သံသယလကၡဏာေတြ ျဖစ္ခဲ့ရင္ အျမန္ဆုံး ေဆး႐ုံ၊ ေဆးခန္း ျပသပါ။


👉 အစားအေသာက္ ျပည့္ျပည့္၀၀ စားနိုင္ဖို့ ျပင္ဆင္ထားေပးပါ။ လိုအပ္တဲ့ ေဆးနဲ႔ ေဆးပစၥည္းေတြ ဝယ္ေပးပါ။ အြန္လိုင္းကေန ဆရာဝန္နဲ႔ ေဆြးေႏြးဖို့ဆို သူတို့အတြက္ အခက္အခဲ ျဖစ္နိုင္လို့ နည္းပညာပိုင္းမွာ ကူညီေပးပါ။


👉 အိမ္ကို ဧည့္သည္ အလာမခံပါနဲ႔။ ပစၥည္းနဲ႔ အစားအေသာက္ လာပို့တာေတြ ရွိခဲ့ရင္လည္း အေပၚမွာ ေျပာခဲ့သလို တင္းတင္းၾကပ္ၾကပ္ ကာကြယ္ေပးပါ။


ဒီအခ်က္ေတြကေတာ့ ခုလို ကိုဗစ္ကာလမွာ ဆီးခ်ိဳရွိသူေတြနဲ႔ သူ႔ရဲ့ မိသားစုဝင္ေတြ လိုက္နာသင့္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ ကူးစက္ခံခဲ့ရရင္ ေနာက္ဆက္တြဲ ျပႆနာ မ်ားတယ္ဆိုေပမဲ့ မကူးစက္ေအာင္ ကာကြယ္လို့ ရပါတယ္။ ဒီအတြက္ အေၾကာက္မလြန္ပါနဲ႔။ လိုက္နာသင့္တာကိုလည္း တိတိက်က် လိုက္နာရင္း ကာကြယ္မယ္ဆိုရင္ ဒီေရာဂါကို အေကာင္းဆုံး ေက်ာ္ျဖတ္နိုင္ပါလိမ့္မယ္။


ေဒါက္တာ ၿဖိဳးသီဟ

၁၁.၁၀.၂၀၂၀


Ref: https://www.cdc.gov/coronavirus/2019-ncov/need-extra-precautions/people-with-medical-conditions.html

No comments: