Saturday, October 31, 2020

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ


#ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

#ရေးသားသူ Dr. Thiha Phyo Myint




လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျား၊မ သဘာဝဆိုတာ မွေးကတည်းက ပါလာပြီးသား၊သတ်မှတ်ပြီးသားပါ


(လိင်နှစ်မျိုးပါလာတာတို့ ဘာတို့ စသဖြင့် ချွင်းချက်လေးတွေတော့ ရှိသပေါ့လေ)။ ဒါပေမယ့် ကျွန်တော်တို့ ဆေးပညာအရ အထီး၊အမ သဘာဝ သတ်မှတ်တယ်၊ခွဲခြားတယ်ဆိုတာကလည်း အပြင်ပန်းမြင်ရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်ပြီး သတ်မှတ်ရတာမျိုး မဟုတ်လား။


ယေဘုယျအားဖြင့် အပြင်ပန်းအင်္ဂါအစိတ်အပိုင်းတွေ နဲ့ အတွင်းပိုင်းစိတ်သဏ္ဍာန်ကဖြစ်ပေါ်လာတဲ့ လိင်စိတ်သဘာဝတို့ဟာ (အနောက်တိုင်း ဆေးပညာ အလိုအရတော့ ကျား၊မလိင်ဟော်မုန်းတွေက လွှမ်းမိုးချုပ်ကိုင်နေတဲ့ လိင်စိတ်တွေပေါ့) သဟဇာတဖြစ်ပါတယ်။ ပုံစံတူညီပါတယ်။ ဆိုလိုတာက အပြင်ပန်းမှာ ကျားသဘာဝပုံစံရှိတယ်ဆိုရင် အတွင်းလိင်စိတ်ကလည်း ကျားသဘာဝပဲဖြစ်တာမို့ ဆန့်ကျင်ဖက်လိင်ဖြစ်တဲ့ မ သတ္တဝါကို လိုချင်တပ်မက်ပါတယ်။ ဒါဟာ လူအများစုမှာ ဖြစ်နေတဲ့ သဘာဝအရှိတရားဖြစ်တဲ့အတွက် ‘ပုံမှန်’လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါကိုပဲ လိင်စိတ်တိမ်းညွှတ်မှုလို့လည်း သမုတ်နိုင်မှာပါ။


လူတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ချစ်ခြင်းမေတ္တာ ဒါမှမဟုတ် သွေးသားဆန္ဒအရ တစုံတဦးကို တိမ်းညွှတ်တွယ်တာ လိုချင်တပ်မက်တာကို လိင်စိတ်တိမ်းညွှတ်မှုလို့ အကြမ်းဖြင်း သတ်မှတ်နိုင်ပါတယ်။


လိင်စိတ်တိမ်းညွှတ်မှုကို (အများအားဖြင့်) အမျိုးအစား သုံးမျိုး ခွဲလေ့ရှိပါသတဲ့။


Heterosexual : Hetero ဆိုတာ မိမိနှင့် အမျိုးအစားမတူညီသောလို့ အဓိပ္ပါယ်သက်ရောက်တာမို့ ဆန့်ကျင်ဖက်လိင်ကို တပ်မက်စွဲလမ်းတာဟာ Heterosexual ဖြစ်ပါတယ်။ ဒါကတော့ များရာစုပေါ့လေ။


Bisexual : Bi ဆိုတာ နှစ်ခု၊နှစ်မျိုးလို့ ဆိုလိုတာမို့ ကျားမ မဟူနှစ်မျိုးလုံးကို စွဲလမ်းသဘောကျသူတွေကိုတော့ Bisexual လို့ ဆိုပြန်သပေါ့။


Homosexual : Homo ဆိုတာ တူညီသည် လို့ ပြောချင်တာမို့ ကိုယ်နဲ့ လိင်သဘာဝတူသူတွေကိုမှ စွဲလမ်းချစ်ခင်မြတ်နိုးတတ်ကြသူ (ဝါ) လိင်တူချစ်သူများပေါ့။

အတွင်းစိတ်သဏ္ဍာန်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို အပြင်ပန်းမှာ ပေါ်ပေါ်လွင်လွင် ဖော်ပြသူတွေရှိသလို ဖုံးအုပ်ထားသူတွေလည်း ဒုနဲ့ဒေးပါ။


#တချို့လူတွေဟာ Bisexual ဒါမှမဟုတ် Homosexual ဘာလို့ ဖြစ်လာကြတာလဲ။


ဒီနှစ်မျိုးအပါအဝင် လိင်စိတ်တိမ်းညွှတ်မှုအားလုံးဟာ ပတ်ဝန်းကျင်လွှမ်းမိုးမှု၊စိတ်ပိုင်းဆိုင်ရာခံစားချက်၊ဟော်မုန်းနဲ့ အခြားသော ဇီဝဖြစ်စဉ်လွှမ်းမိုးမှုတွေ ပေါင်းစည်းခြင်းပေါ် မူတည်ပြီး ကွဲပြားဖြစ်ပေါ်လေ့ရှိတယ်လို့ သိပ္ပံပညာရှင်အများစုက လက်ခံထားကြပါတယ်။ ဆိုလိုချင်တာကတော့ အချက်တချက်တည်းကြောင့် လိင်တူလိင်ကွဲ စွဲလမ်းတာမျိုး ဖြစ်ရတာမဟုတ်ဘဲ နောက်ခံအကြောင်းပေါင်းစုံသင့်မှသာ ဖြစ်ပေါ်လာရတာမျိုးလို့ ပြောချင်တာပါ။ ဒီနောက်ခံအကြောင်းပေါင်းစုံဆိုတာဟာလည်း လူတဦးနဲ့တဦးမှာ မတူညီနိုင်ပါဘူး။


ဒီနေရာမှာ သိထားရမယ့် အချက်က လိင်တူစိတ်ဝင်စားခြင်း၊လိင်နှစ်မျိုးလုံးကို စိတ်ဝင်စားခြင်း စတာတွေဟာ စိတ်ရောဂါမဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ။ ဒါပေမယ့်လည်း ဘာသာရေးအရပဲဖြစ်ဖြစ်၊နဂိုသတ်မှတ်ပြီးသား အထင်အမြင်တွေကြောင့်ပဲဖြစ်ဖြစ် အဆိုပါ ပုဂ္ဂိုလ်တွေဟာ အနည်းနဲ့အများဆိုသလို ခွဲခြားဆက်ဆံခြင်း ခံရတတ်ပါတယ်။


#ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ဘယ်လိုသိနိုင်မလဲ။


ပုံမှန်အားဖြင့်တော့ မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်မှာ မိမိရဲ့ လိင်စိတ်တိမ်းညွှတ်မှုက ပေါ်လွင်ပီပြင်လာလေ့ရှိပါတယ်။ ဒီလို ပေါ်လွင်လာဖို့အတွက် လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုတစုံတရာ ရှိဖို့လည်း မလိုအပ်ပါဘူး။ လိင်တူစိတ်ဝင်စားသူတွေဟာဆိုရင်လည်း သစ်ရွက်လှုပ်ရင် စိတ်ကူးယဉ်ချင်တယ်ဆိုတဲ့ လူပျိုဖော်၊အပျိုဖော် ဝင်ခါစ ကာလမှာ မိမိနဲ့ ကျား၊မ လိင်သဘာဝတူညီတဲ့သူတွေအပေါ်မှာ စွဲလမ်းတပ်မက်စိတ်တွေ စတင်ပေါ်ပေါက်လာတတ်ပါတယ်။


#လူတယောက်ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကို ပြောင်းလဲပစ်နိုင်သလား။


လိင်စိတ်တိမ်းညွှတ်မှုဆိုတဲ့ အမှုကိစ္စဟာ ရွေးချယ်မှုမဟုတ်တဲ့အတွက် ပြောင်းလဲပစ်ဖို့ရာ မဖြစ်နိုင်ဘူးလို့ ပညာရှင်အများစုက လက်ခံယူဆထားကြပါတယ်။ လိင်တူ/လိင်စုံ စိတ်ဝင်စားသူအချို့ဟာ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုကို ကြောက်ရွံ့တဲ့အတွက် လူအများစုနည်းတူ လိင်ကွဲကိုသာ စိတ်ဝင်စားသယောင် ဟန်ဆောင်နေကြရတာမျိုးတွေလည်း ရှိနေပါတယ်။ ဘာသာရေး၊လူမှုရေးဆိုင်ရာ ကွပ်ညှပ်မှုတွေဟာလည်း လိင်တူ/လိင်စုံ စိတ်ဝင်စားမှုတွေကို တထောင့်တနေရာကနေ ဖိနှိပ်တာမျိုး၊မရည်ရွယ်ဘဲ ခွဲခြားလိုက်တာမျိုးတွေ ရှိနေဆဲပါ။


လိင်စိတ်တိမ်းညွှတ်မှုဟာ လူသားဖြစ်တည်မှုရဲ့ နောက်ခံအကြောင်းရင်းများစွာ ပေါင်းစပ်ပါဝင်နေပြီး အတိတ်ကံတွေ၊အကုသိုလ်တွေကြောင့်လည်း မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ သိပ္ပံပညာရပ်ကတော့ သည်လိုပဲ ဆိုပါတယ်။ ဒူးရင်းသီးကို အသေရရ အရှင်ရရ ကြိုက်နှစ်သက်သူတွေရှိသလို အနံ့တောင်မခံနိုင်သူတွေလည်း ရှိနေပါတယ်။ ဒီလိုပါပဲ .. လိင်စိတ်တိမ်းညွှတ်မှုဟာလည်း လူတကိုယ်အကြိုက်တမျိုးဆိုတဲ့ သဘောသာဖြစ်တာမို့ ဘယ်လိုလူမျိုးကိုပဲမဆို မေတ္တာရှေ့ထားပြီး ချစ်ချစ်ခင်ခင်နဲ့ သူ့အကျိုးကိုယ့်အကျိုး နှစ်ဦးနှစ်ဝ အဆင်ပြေအောင် ဖေးမကူညီလက်တွဲဆက်ဆံကြမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးက အခုထက်ပိုပြီး နေပျော်တဲ့ အသိုက်အဝန်းကြီးတခု ဖြစ်လာမှာ အသေအချာပါပဲ။


#Helloဆရာဝန်

 (Zawgyi) 

လိင္စိတ္တိမ္းၫႊတ္ျခင္းဆိုတာဘာလဲ


#ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

#ေရးသားသူ Dr. Thiha Phyo Myint





လူရယ္လို႔ ျဖစ္လာၿပီဆိုရင္ က်ား၊မ သဘာဝဆိုတာ ေမြးကတည္းက ပါလာၿပီးသား၊သတ္မွတ္ၿပီးသားပါ


(လိင္ႏွစ္မ်ိဳးပါလာတာတို႔ ဘာတို႔ စသျဖင့္ ခြၽင္းခ်က္ေလးေတြေတာ့ ရွိသေပါ့ေလ)။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေဆးပညာအရ အထီး၊အမ သဘာဝ သတ္မွတ္တယ္၊ခြဲျခားတယ္ဆိုတာကလည္း အျပင္ပန္းျမင္ရတဲ့ အဂၤါအစိတ္အပိုင္းေတြကို ၾကည့္ၿပီး သတ္မွတ္ရတာမ်ိဳး မဟုတ္လား။


ေယဘုယ်အားျဖင့္ အျပင္ပန္းအဂၤါအစိတ္အပိုင္းေတြ နဲ႔ အတြင္းပိုင္းစိတ္သ႑ာန္ကျဖစ္ေပၚလာတဲ့ လိင္စိတ္သဘာဝတို႔ဟာ (အေနာက္တိုင္း ေဆးပညာ အလိုအရေတာ့ က်ား၊မလိင္ေဟာ္မုန္းေတြက လႊမ္းမိုးခ်ဳပ္ကိုင္ေနတဲ့ လိင္စိတ္ေတြေပါ့) သဟဇာတျဖစ္ပါတယ္။ ပုံစံတူညီပါတယ္။ ဆိုလိုတာက အျပင္ပန္းမွာ က်ားသဘာဝပုံစံရွိတယ္ဆိုရင္ အတြင္းလိင္စိတ္ကလည္း က်ားသဘာဝပဲျဖစ္တာမို႔ ဆန႔္က်င္ဖက္လိင္ျဖစ္တဲ့ မ သတၱဝါကို လိုခ်င္တပ္မက္ပါတယ္။ ဒါဟာ လူအမ်ားစုမွာ ျဖစ္ေနတဲ့ သဘာဝအရွိတရားျဖစ္တဲ့အတြက္ ‘ပုံမွန္’လို႔ လူ႔အဖြဲ႕အစည္းက သတ္မွတ္ထားေလ့ရွိပါတယ္။ ဒါကိုပဲ လိင္စိတ္တိမ္းၫႊတ္မႈလို႔လည္း သမုတ္ႏိုင္မွာပါ။


လူတေယာက္ရဲ႕ စိတ္ပိုင္းဆိုင္ရာ၊ခ်စ္ျခင္းေမတၱာ ဒါမွမဟုတ္ ေသြးသားဆႏၵအရ တစုံတဦးကို တိမ္းၫႊတ္တြယ္တာ လိုခ်င္တပ္မက္တာကို လိင္စိတ္တိမ္းၫႊတ္မႈလို႔ အၾကမ္းျဖင္း သတ္မွတ္ႏိုင္ပါတယ္။


လိင္စိတ္တိမ္းၫႊတ္မႈကို (အမ်ားအားျဖင့္) အမ်ိဳးအစား သုံးမ်ိဳး ခြဲေလ့ရွိပါသတဲ့။


Heterosexual : Hetero ဆိုတာ မိမိႏွင့္ အမ်ိဳးအစားမတူညီေသာလို႔ အဓိပၸါယ္သက္ေရာက္တာမို႔ ဆန႔္က်င္ဖက္လိင္ကို တပ္မက္စြဲလမ္းတာဟာ Heterosexual ျဖစ္ပါတယ္။ ဒါကေတာ့ မ်ားရာစုေပါ့ေလ။


Bisexual : Bi ဆိုတာ ႏွစ္ခု၊ႏွစ္မ်ိဳးလို႔ ဆိုလိုတာမို႔ က်ားမ မဟူႏွစ္မ်ိဳးလုံးကို စြဲလမ္းသေဘာက်သူေတြကိုေတာ့ Bisexual လို႔ ဆိုျပန္သေပါ့။


Homosexual : Homo ဆိုတာ တူညီသည္ လို႔ ေျပာခ်င္တာမို႔ ကိုယ္နဲ႔ လိင္သဘာဝတူသူေတြကိုမွ စြဲလမ္းခ်စ္ခင္ျမတ္ႏိုးတတ္ၾကသူ (ဝါ) လိင္တူခ်စ္သူမ်ားေပါ့။

အတြင္းစိတ္သ႑ာန္ရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈကို အျပင္ပန္းမွာ ေပၚေပၚလြင္လြင္ ေဖာ္ျပသူေတြရွိသလို ဖုံးအုပ္ထားသူေတြလည္း ဒုနဲ႔ေဒးပါ။


#တခ်ိဳ႕လူေတြဟာ Bisexual ဒါမွမဟုတ္ Homosexual ဘာလို႔ ျဖစ္လာၾကတာလဲ။


ဒီႏွစ္မ်ိဳးအပါအဝင္ လိင္စိတ္တိမ္းၫႊတ္မႈအားလုံးဟာ ပတ္ဝန္းက်င္လႊမ္းမိုးမႈ၊စိတ္ပိုင္းဆိုင္ရာခံစားခ်က္၊ေဟာ္မုန္းနဲ႔ အျခားေသာ ဇီဝျဖစ္စဥ္လႊမ္းမိုးမႈေတြ ေပါင္းစည္းျခင္းေပၚ မူတည္ၿပီး ကြဲျပားျဖစ္ေပၚေလ့ရွိတယ္လို႔ သိပၸံပညာရွင္အမ်ားစုက လက္ခံထားၾကပါတယ္။ ဆိုလိုခ်င္တာကေတာ့ အခ်က္တခ်က္တည္းေၾကာင့္ လိင္တူလိင္ကြဲ စြဲလမ္းတာမ်ိဳး ျဖစ္ရတာမဟုတ္ဘဲ ေနာက္ခံအေၾကာင္းေပါင္းစုံသင့္မွသာ ျဖစ္ေပၚလာရတာမ်ိဳးလို႔ ေျပာခ်င္တာပါ။ ဒီေနာက္ခံအေၾကာင္းေပါင္းစုံဆိုတာဟာလည္း လူတဦးနဲ႔တဦးမွာ မတူညီႏိုင္ပါဘူး။


ဒီေနရာမွာ သိထားရမယ့္ အခ်က္က လိင္တူစိတ္ဝင္စားျခင္း၊လိင္ႏွစ္မ်ိဳးလုံးကို စိတ္ဝင္စားျခင္း စတာေတြဟာ စိတ္ေရာဂါမဟုတ္ဘူး ဆိုတဲ့ အခ်က္ပါပဲ။ ဒါေပမယ့္လည္း ဘာသာေရးအရပဲျဖစ္ျဖစ္၊နဂိုသတ္မွတ္ၿပီးသား အထင္အျမင္ေတြေၾကာင့္ပဲျဖစ္ျဖစ္ အဆိုပါ ပုဂၢိဳလ္ေတြဟာ အနည္းနဲ႔အမ်ားဆိုသလို ခြဲျခားဆက္ဆံျခင္း ခံရတတ္ပါတယ္။


#ကိုယ့္ရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈကို ဘယ္လိုသိႏိုင္မလဲ။


ပုံမွန္အားျဖင့္ေတာ့ ၿမီးေကာင္ေပါက္ဆယ္ေက်ာ္သက္အ႐ြယ္မွာ မိမိရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈက ေပၚလြင္ပီျပင္လာေလ့ရွိပါတယ္။ ဒီလို ေပၚလြင္လာဖို႔အတြက္ လိင္ပိုင္းဆိုင္ရာ ထိေတြ႕ဆက္ဆံမႈတစုံတရာ ရွိဖို႔လည္း မလိုအပ္ပါဘူး။ လိင္တူစိတ္ဝင္စားသူေတြဟာဆိုရင္လည္း သစ္႐ြက္လႈပ္ရင္ စိတ္ကူးယဥ္ခ်င္တယ္ဆိုတဲ့ လူပ်ိဳေဖာ္၊အပ်ိဳေဖာ္ ဝင္ခါစ ကာလမွာ မိမိနဲ႔ က်ား၊မ လိင္သဘာဝတူညီတဲ့သူေတြအေပၚမွာ စြဲလမ္းတပ္မက္စိတ္ေတြ စတင္ေပၚေပါက္လာတတ္ပါတယ္။


#လူတေယာက္ရဲ႕ လိင္စိတ္တိမ္းၫႊတ္မႈကို ေျပာင္းလဲပစ္ႏိုင္သလား။


လိင္စိတ္တိမ္းၫႊတ္မႈဆိုတဲ့ အမႈကိစၥဟာ ေ႐ြးခ်ယ္မႈမဟုတ္တဲ့အတြက္ ေျပာင္းလဲပစ္ဖို႔ရာ မျဖစ္ႏိုင္ဘူးလို႔ ပညာရွင္အမ်ားစုက လက္ခံယူဆထားၾကပါတယ္။ လိင္တူ/လိင္စုံ စိတ္ဝင္စားသူအခ်ိဳ႕ဟာ ပတ္ဝန္းက်င္ရဲ႕ ခြဲျခားဆက္ဆံမႈကို ေၾကာက္႐ြံ႕တဲ့အတြက္ လူအမ်ားစုနည္းတူ လိင္ကြဲကိုသာ စိတ္ဝင္စားသေယာင္ ဟန္ေဆာင္ေနၾကရတာမ်ိဳးေတြလည္း ရွိေနပါတယ္။ ဘာသာေရး၊လူမႈေရးဆိုင္ရာ ကြပ္ညႇပ္မႈေတြဟာလည္း လိင္တူ/လိင္စုံ စိတ္ဝင္စားမႈေတြကို တေထာင့္တေနရာကေန ဖိႏွိပ္တာမ်ိဳး၊မရည္႐ြယ္ဘဲ ခြဲျခားလိုက္တာမ်ိဳးေတြ ရွိေနဆဲပါ။


လိင္စိတ္တိမ္းၫႊတ္မႈဟာ လူသားျဖစ္တည္မႈရဲ႕ ေနာက္ခံအေၾကာင္းရင္းမ်ားစြာ ေပါင္းစပ္ပါဝင္ေနၿပီး အတိတ္ကံေတြ၊အကုသိုလ္ေတြေၾကာင့္လည္း မဟုတ္ပါဘူး။ လက္ေတြ႕က်တဲ့ သိပၸံပညာရပ္ကေတာ့ သည္လိုပဲ ဆိုပါတယ္။ ဒူးရင္းသီးကို အေသရရ အရွင္ရရ ႀကိဳက္ႏွစ္သက္သူေတြရွိသလို အနံ႔ေတာင္မခံႏိုင္သူေတြလည္း ရွိေနပါတယ္။ ဒီလိုပါပဲ .. လိင္စိတ္တိမ္းၫႊတ္မႈဟာလည္း လူတကိုယ္အႀကိဳက္တမ်ိဳးဆိုတဲ့ သေဘာသာျဖစ္တာမို႔ ဘယ္လိုလူမ်ိဳးကိုပဲမဆို ေမတၱာေရွ႕ထားၿပီး ခ်စ္ခ်စ္ခင္ခင္နဲ႔ သူ႔အက်ိဳးကိုယ့္အက်ိဳး ႏွစ္ဦးႏွစ္ဝ အဆင္ေျပေအာင္ ေဖးမကူညီလက္တြဲဆက္ဆံၾကမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ေနထိုင္ရာ ကမာၻႀကီးက အခုထက္ပိုၿပီး ေနေပ်ာ္တဲ့ အသိုက္အဝန္းႀကီးတခု ျဖစ္လာမွာ အေသအခ်ာပါပဲ။


#Helloဆရာဝန္

No comments: