Tuesday, August 21, 2012

iPad အသုံးပြုသူများအတွက်


Tablet တစ်လုံးပိုင်ဆိုင်ရတာ တကယ်ကို အလုပ်ဖြစ်လှပါတယ်။ Apple ရဲ့ iPad ပိုင်ရှင်တွေအတွက် သိထားသင့်တဲ့ Tip ကလေးတွေကို ဖော်ပြလိုက်ပါတယ်။

Keyboard ကို နှစ်ခြမ်းခွဲမယ်
iPad ကို လက်မှာကိုင်ထားရင်း Keyboard ရိုက်ချင်တယ်ဆိုရင် Screen ပေါ်မှာပေါ်နေတဲ့ Keyboard ပေါ်မှာ လက်မနှစ်ချောင်းစလုံး တင်ပြီး Screen မျက်နှာပြင်တစ်ဖက်တစ်ချက်စီ ခွဲခြားဆွဲပစ်လိုက်ပါ။ iPad ကိုထောင်လိုက်ပဲထားထား၊ အလျားလိုက်ပဲထားထား လက် ထဲမှာကိုင်ထားရင်း လက်မတွေသာသုံးပြီး Keyboard ရိုက်လို့ရသွားပါလိမ့်မယ်။

စကားပြောမယ်
New iPad မှာ iPhone 4S လိုစကားပြောပြီးခိုင်းလို့ရတဲ့ Siri မပါရှိပေမဲ့ Built-in Voice Dictation ပါရှိပါတယ်။ Setting ထဲဝင်ပြီး Enable လုပ်ပြီးသွားရင် Keyboard ရဲ့ဘယ်ဘက်အောက်ခြေမှာ Microphone ပုံစံ icon လေးတစ်ခုတွေ့ပါလိမ့်မယ်။ E-mail တွေ ဘာ တွေရိုက်ရင်းနဲ့ အဲဒီ icon လေးကိုခေါက်ပြီး စကားပြောလို့ရပါပြီ။ iPad နဲ့ iPad 2 ပိုက်ရှင်တွေကတော့ Nuance ကနေ Dragon Dictation App ကို Free Download လုပ်လို့ရပါတယ်။ ဒါပေမဲ့ ဒီ App ကိုအသုံးပြုမယ်ဆိုရင် Internet Connection ကောင်းဖို့တော့ လိုပါလိမ့်မယ်။

Screen ပေါ်မှာ ပေါ်နေတဲ့ပုံစံတွေကို ဓာတ်ပုံရိုက်မယ်
iPad Screen ပေါ်မှာပေါ်နေတဲ့ (ဥပမာ - Game အမှတ်စာရင်းပဲဖြစ်ဖြစ်၊ Website တစ်ခုခုကိုပဲဖြစ်ဖြစ်) ဓာတ်ပုံရိုက်ယူချင်တယ်ဆိုရင် Home Button ကိုဖိနှိပ်ထားပြီး iPad ထိပ်မှာရှိတဲ့ Power Button ကိုခပ်သွက်သွက်လေးတစ်ချက် ခေါက်ပေးလိုက်ရပါမယ်။ အဖြူရောင် Flash အလင်းတန်းပေါ်လာပြီး Camera ရိုက်သံကြားရလိမ့်မယ်။ ဒီပုံက Camera Roll ထဲမှာ သိမ်းပြီးသားဖြစ်သွားပါလိမ့်မယ်။

Roam လုပ်ချင်တယ်ဆိုရင်
3G ၊ ဒါမှမဟုတ် 4G ၊ LTE ပိုင်ရှင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့ပြင်ပမှာ အင်တာနက်သုံးချင်တယ်ဆိုရင် Setting Menu ထဲဝင်ပြီး Data Roaming ကို On လုပ်ပေးလိုက်ရုံပါပဲ။ ဒါပေမဲ့ စရိတ်အရမ်းကြီးနိုင်တဲ့အတွက် Setting>> General>> Usage ထဲဝင်ပြီး အဲဒီနိုင်ငံရဲ့ Roaming ကုန်ကျစရိတ်ကို စစ်ဆေးကြည့်ဖို့လိုပါတယ်။

လက်ချောင်းတွေနဲ့ လိုအပ်သလိုခိုင်းစေဖို့
Mac မှာ အသုံးပြုသလို iPad ကိုလည်း လက်ချောင်းသင်္ကေတ(Multi-Fingered Gestures) သုံးပြီး လိုအပ်သလိုစေခိုင်းလို့ရပါတယ်။ ဥပမာ - App တွေကိုဖွင့်ချင်၊ ပိတ်ချင်တယ်ဆိုရင် လက်မနဲ့လက်ချောင်းတွေကို Screen ပေါ်မှာတင်ပြီး ညာဘက်၊ ဒါမှမဟုတ် ဘယ် ဘက်ကို သွားပေးလို့ရပါတယ်။ ဒါ့ပြင်ကိုယ်ပိုင်သင်္ကေတတွေတီထွင် သုံးပေးလို့လည်းရပါသေးတယ်။ Setting>> General>> Accessibility ထဲဝင်ပြီး ကိုယ်ပိုင်သင်္ကေတတွေကို Record လုပ်ပြီးစမ်းကြည့်လိုက်ပါ။

ကလေးတွေရန်က ကာကွယ်ဖို့
ကလေးတွေက ကိုယ့်ရဲ့ iPad ကိုသုံးပြီး Game တွေ၊ တခြား App တွေ၊ လျှောက်ဝယ်ပစ်လိုက်မှာစိုးရိမ်နေရင် Setting>> General>> Restrictions ထဲဝင်ပြီး Apps၊ Music၊ Movies၊ TV Shows တွေဝယ်တာကို ပိတ်ပစ်လိုက်ရုံပါပဲ။

Battery အသုံးခံအောင်
iPad တချို့ App တွေဟာ Battery အရမ်းစားပါတယ်။ Battery အားသွင်းရသက်သာအောင် သိပ်မလိုအပ်တဲ့ဟာတွေ ဥပမာ - Screen ရဲ့ အလင်းရောင်လျှော့ချထာ၊ သိပ်အသုံးမပြုတဲ့ GPS, Bluetooth, ဒါမှမဟုတ် Wireless Radio တွေကို Turn-off လုပ်ထားပေးရပါ မယ်။

Screen Orientation ကို Lock လုပ်ဖို့
iPad ရဲ့ ညာဘက်က ခလုတ်လေးဟာ Audio ကိုဖွင့်ပိတ်လုပ်လို့ရသလို Screen Orientation ကိုလည်း Lock လုပ်လို့ရပါတယ်။ Setting >> General ထဲဝင်ပြီး "Use Side Switch to" လို့ရေးထားတာကိုရှာပြီးရင် 'Mute' ကနေ 'Lock Orientation' ဆိုတာကို ပြောင်းပေးလိုက်ရုံပဲ။

ဖျက်ထားတဲ့ App တွေပြန်လိုချင်ရင်
iPad ကနေ Delete လုပ်လိုက်တဲ့ App တွေ၊ အထူးသဖြင့် ပိုက်ဆံပေးပြီးဝယ်ရတဲ့ App တွေကိုပြန်လိုချင်ရင် App Store ကိုဖွင့်ပြီး နောက်တစ်ခေါက် Download ထပ်လုပ်ရပါမယ်။ အရင်က ဈေးနှုန်းရေးထားတဲ့နေရာမှာ Install ဆိုတာကိုသာတွေ့ရမှာပါ။ နောက် တစ်နည်းကတော့ App Store App မှာ Purchased ဆိုတဲ့ icon ကိုခေါက်ပြီး ထိပ်ဆုံးမှာရှိတဲ့ 'Not On This iPad' ဆိုတာကိုရွေးချယ် ပေးရပါမယ်။ ဒါဆိုရင် သင့်ရဲ့ iTune account ထဲမှာရှိတဲ့ App အားလုံးကိုတွေ့ရမှာပါ။

Digital Photo Frame အဖြစ်လည်း အသုံးပြုလို့ရပါသေးတယ်
iPad ရဲ့ Home Button ကိုနှိပ်ပြီး ပန်းပုံပါတဲ့ icon လေးကို ခေါက်လိုက်ပါ။ ပြီးရင် Setting>> Photo ထဲဝင်ပြီး Slideshow အတွက် ဓာတ်ပုံတွေရဲ့ကြာချိန်ကို သတ်မှတ်ထားပါ။ Photo App ထဲဝင်ပြီး Slideshow Tab ထဲမှာ ကိုယ်ကြိုက်တဲ့ Slideshow ပုံစံကိုရွေးလို့ လည်းရပါသေးတယ်။

ချိတ်ဆက်ဖို့အတွက်
Apple ရဲ့ ၂၉ဒေါ်လာတန် Camera Connection Kit ကဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကွန်ပျူတာမလိုဘဲ iPad ထဲသွင်းလို့ရအောင် လုပ်ပေးပါတယ်။ အဲဒီ Connection Kit မှာ USB Port ရယ်၊ SD Card Slot ရယ်ပါဝင်ပါတယ်။ ဒီဟာလေးတွေကို အသုံးပြုပြီး အခြား Desktop Keyboard တွေ၊ Microphone နဲ့ MIDI Instruments တွေနဲ့ချိတ်ဆက်လို့ရပါတယ်။

iPad Tip တွေကို ဒီထက်ပိုပြီး သိချင်သေးတယ်ဆိုရင်
iBookstore မှာ စာမျက်နှာ ၁၄၅မျက်နှာရှိတဲ့ iPad User Guide ကို Free Download လုပ်လို့ရပါတယ်။ ဒီစာအုပ်က iBookstore မှာနံပါတ်တစ် Download အလုပ်ခံရဆုံးစာအုပ်လည်းဖြစ်ပါတယ်။

ဖောဖော
Ref: Internet
Credit: Lifestyle Magazine – Vol.15, No.9, August 2012

No comments: