စင်ကာပူနိုင်ငံ အလုပ်စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခုက ဒါရိုက်တာ
ပေါလ်အန်ဒါကော့တ်ရဲ့ ပြောကြားချက်အရ အလုပ်လျှောက်လွှာ Cover Letter တစ်စောင်ရေးရာမှာ
သတိပြုရမယ့်အချက်လေးချက်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။
(၁) ခင်ဗျားရဲ့ CV မှာ ထပ်တလဲလဲ ရေးထားတာမျိုး၊ ဒါမှမဟုတ်
အရမ်းအကျဉ်းချုပ်ရေးထားတာမျိုးကိုရှောင်ပါ။ ကိုယ်လျှောက်ထား ချင်တဲ့ရာထူးကို စာမျက်နှာတစ်ဖက်တည်းမှာ
ဖော်ပြပါ။ ပြီးတော့ ဒီအလုပ်ကို စိတ်ဝင်စားရခြင်းနဲ့ ကုမ္ပဏီအပေါ်မှာ လုပ်ချင်ရတဲ့ အကြောင်းရင်းကို
သေချာဖော်ပြသင့်ပါတယ်။
(၂) ကိုယ်လျှောက်မယ့်ရာထူးအတွက် လိုအပ်တဲ့အရည်အသွေး၊ တန်ဖိုးတွေကို
မြင့်တက်အောင် လုပ်ပေးနိုင်မယ့် အရင်လုပ်ငန်းအတွေ့ အကြုံနဲ့ ပတ်သက်ပြီးလည်း အလေးပေးဖော်ပြသင့်ပါတယ်။
ဒီနေရာမှာ သတိထားရမှာက "ကျွန်တော့်မှာအရည်အသွေးကောင်းတွေရှိ ပါတယ်"ဆိုတဲ့
အသုံးအနှုန်းလောက်နဲ့တော့ ဘာမှအလုပ်မဖြစ်ဘူးလို့ ပေါလ်က ဆိုပါတယ်။ ဥပမာ - "ကျွန်တော့်
အရင်လုပ်ငန်းမှာ အရောင်းဝန်ထမ်းသုံးယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ကောင်းကောင်းစီမံခန့်ခွဲခဲ့ပြီး
သတ်မှတ်ထားတဲ့ အရောင်းစံချိန်တွေကိုရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်" ဆိုတာမျိုး
ဖော်ပြသင့်ပါတယ်။
(၃) CV ပေါ်က အချက်အလက်တွေဟာ စစ်မှန်တဲ့အကြောင်းအရာတွေပဲဖြစ်ပါစေ။
ဒါ့ပြင် ကိုယ့်နာမည်အပြည့်အစုံနဲ့ ကိုယ်အလုပ် လျှောက်လွှာပို့မယ့်ဌာနက ၀န်ထမ်းရဲ့ ရာထူးကိုလည်း
ဖော်ပြသင့်ပါတယ်။ ပြီးတော့ အင်တာဗျူးကို ဘယ်လိုကောင်းကောင်းဖြေမယ် ဆိုတာကအစ အသေးစိတ်အချက်အလက်တွေကိုပါ
အလေးထားသင့်တယ်လို့ ပေါလ်က ပြောထားပါတယ်။
(၄) အလုပ်လျှောက်လွှာကို အပြုသဘောမျိုးနဲ့သာ အဆုံးသတ်သင့်ပါတယ်။
ပေါလ်ရဲ့ပြောကြားချက်အရ အလုပ်လျှောက်လွှာမှာ "စိတ် ရှည်ရှည်နဲ့ အချိန်ပေးဖတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်" ဆိုတဲ့ဝါကျမျိုးနဲ့ အဆုံးသတ်တာမျိုးက အကျိုးမဲ့ အချည်းအနှီးဖြစ်စေမှာ
ပါ။ တတ်နိုင်သလောက် အလုပ်လျှောက်လွှာကို အင်အားရှိတဲ့ ဖော်ပြချက်မျိုးနဲ့သာ အဆုံးသတ်နိုင်ဖို့
ကြိုးစားသင့်ပါတယ်။ ခင်ဗျား ဒီ အလုပ်အပေါ်မှာထားတဲ့ စိတ်အားထက်သန်မှုနဲ့ ဒီအင်တာဗျူးကနေပြီး
ဘာတွေမျှော်လင့်သလဲ ဆိုတာမျိုးကိုပဲ အလေးပေးဖော်ပြပြီး အဆုံးသတ်သင့်ပါတယ်။
Ref: Women's Weekly
No comments:
Post a Comment