Monday, August 27, 2012

ဆီးချိုသွေးချိုရောဂါရှင် အမျိုးသားများ လိင်စွမ်းဆောင်မှု ကျဆင်းလာသောအခါ


အမျိုးအစား(၁) ဆီးချိုသွေးချိုရောဂါကို ကြာရှည်စွာ ခံစားနေရသူ အမျိုးသားများမှာ လိင်စွမ်းဆောင်မှုကျဆင်းလာခြင်း ဟာ နှလုံးသွေး ကြော ရောဂါများရဲ့ အမှတ်အသားတစ်ခု ဖြစ်နိုင်ပါတယ်။ ဒီတွေ့ရှိချက်ကို အမေရိကန်ဆီးချိုသွေးချိုရောဂါအဖွဲ့အစည်းရဲ့ ၇၂ ကြိမ် မြောက် အစည်းအဝေးမှာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။

သုတေသီများဟာ အမျိုးအစား(၁) ဆီးချိုသွေးချိုရောဂါကို ကြာရှည်စွာ ခံစားခဲ့ရတဲ့ အမျိုးသား ၃၀၁ဦးမှာ နှလုံးသွေးကြောရောဂါများနှင့် လိင်မစွမ်းဆောင်နိုင်ခြင်းအကြား ဆက်စပ်မှုတွေကို လေ့လာခဲ့ပါတယ်။ ပထမဦးစွာ အမျိုးအစား(၁) ဆီးချိုသွေးချိုရောဂါ ခံစားနေရတဲ့ အမျိုးသားတွေရဲ့ ထက်ဝက်ခန့်ဟာ Diabetic Nephropathy (ဆီးချိုကြောင့် ကျောက်ကပ်ရောဂါ ဖြစ်ပွားခြင်း)၊ မျက်စိအမြင်ထိခိုက်ခြင်း (Retinopathy)၊ အာရုံကြော ထိခိုက်ခြင်း (Neuropathy)တို့ ခံစားရကြောင်း တွေ့ရှိရပါတယ်။ ၄င်းတို့ဟာ သက်တူရွယ်တူ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါရှင်များမှာလည်း အတူတူ လောက်ပဲဖြစ်ပါတယ်။

သုတေသီတွေ သတိပြုခဲ့မိတာ တစ်ခုကတော့ သွေးတွင်းသကြားဓာတ် (ဆီးချိုသွေးချိုပမာဏ)ကို ရေရှည်ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့ တဲ့ အဆိုပါ အစမ်းသပ်ခံ ပုဂ္ဂိုလ်တွေရဲ့ ၆၉.၈ ရာခိုင်နှုန်း(၂၁၀ဦး)ဟာ ၄င်းတို့မှာ လိင်စွမ်းဆောင်နိုင်မှုမရှိတဲ့ ပြဿနာကြုံတွေ့နေရ ကြောင်း တင်ပြလာပါတယ်။ အဆိုပါ လိင်စွမ်းဆောင်မှု မရှိတဲ့ အမျိုးအစား(၁)ဆီးချိုသွေးချိုရောဂါရှင်အမျိုးသားများနဲ့ ကျန်တဲ့ လိင်စွမ်း ဆောင်မှု ကောင်းမွန်တဲ့အမျိုးအစား(၁) ဆီးချိုသွေးချို ရောဂါရှင်အမျိုးသားများကို နှိုင်းယှဉ်ကြည့်တဲ့အခါမှာ - 

လိင်စွမ်းဆောင်မှု ကျဆင်းသူ                                                    လိင်စွမ်းဆောင်မှု ကောင်းမွန်သူ
Hb A1C – 7.1± 0.9%                                                                  6.8 ± 0.8%
BMI - 26.1 ± 3.8 kg/m2                                                               25.8 ± 3.6 kg/m2
Total
Cholesterol – 159.3 ± 32.1                                                          150.1 ± 30.6
HDL – 55.1 ± 16.2                                                                     58.1 ± 17.8

လေ့လာမှုမှာ CRP, Interleukin (IL-6), PAI-1 စတာတွေကိုလည်း ထည့်သွင်းတွက်ချက်ပါတယ်။ လေ့လာမှုက ကောက်ချက်ချတာက တော့ Sexual Dysfunction ဟာ အကြီးစား သွေးကြောနောက်ဆက်တွဲပြဿနာများ Macro Vascular Complications နဲ့တွဲပြီးဖြစ် ပေါ်ပါတယ်။

ပေးချင်တဲ့ သတင်းစကားကတော့ သွေးတိုးရောဂါ၊ ကိုလက်စထရောလ်မြင့်မားနေခြင်း၊ သွေးကြောမာကျစ်ပြီးကျဉ်းခြင်း Atherosclerosis စတဲ့ အချက်ပြ ဝေဒနာလက္ခဏာများထက် လိင်စွမ်းဆောင်မှုကျဆင်းခြင်း ခံစားနေရခြင်းဟာ အဲဒီလူနာမှာ နှလုံးသွေးကြောရောဂါများ ဖြစ်ပွားခံစားနေရခြင်း သို့မဟုတ် အနာဂတ်မှာ နှလုံးသွေးကြောရောဂါများ ခံစားရတော့မည်ဖြစ်ခြင်းတို့ရဲ့ ပိုမိုထင်ရှားတဲ့ အမှတ်အသား ပြ လက္ခဏာရပ်ဖြစ်ပါတယ်။ ဒါကြောင့် ပန်းသေပန်းညှိုးရောဂါဆိုတာ သက်ကြီးရွယ်အို အမျိုးသားတွေ အဖြစ်များတဲ့ရောဂါဆိုသော်ငြား လည်း ပန်းသေပန်းညှိုးပြဿနာရှိနေတဲ့ ဆီးချိုသွေးချိုရောဂါရှင် အမျိုးသားတွေကို နှလုံးသွေးကြောဆိုင်ရာ ရောဂါများရှိ၊မရှိ စောစီးစွာ စစ်ဆေးသင့်ပါတယ်။

ပန်းသေပန်းညှိုးရောဂါ ရှိ၊ မရှိဆိုတဲ့ တစ်ခုတည်းသော မေးခွန်းဟာ ဒီလေ့လာမှုကို အကန့်အသတ် တစ်ခုဖြစ်စေပါတယ်။ဒါကြောင့် ဒီ့ထက်ပိုအချိန်ပေးပြီး ဒီ့ထက်ပိုများတဲ့ မေးခွန်းတွေနဲ့ ဒီလေ့လာမှုကို ပိုမို တိကျအောင် ဆက်လက်လုပ်ဆောင် သွားဖို့လိုအပ်နေ သေးကြောင်း သုတေသီများက ပြောကြားခဲ့ပါတယ်။

Credit: Health Digest Journal Vol. (9), No. (39) 15-8-2012

No comments: