Tuesday, June 29, 2021

စာအုပ်ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်ရန်နည်းလမ်းကောင်းလေးများ♥

 [Unicode]စာအုပ်ကလေးတွေကိုထိန်းသိမ်းစောင့်ရှောက်ရန်နည်းလမ်းကောင်းလေးများ♥





#စာအုပ်စာပေလူ့မိတ်ဆွေ

#စာအုပ်စာတမ်းထိန်းသိမ်းခြင်း

#အထွေထွေဗဟုသုတ


(Digital ခေတ်လို့ပဲပြောပြော၊ ကွန်ပျူတာ ဒါမှမဟုတ် Electronic Device တစ်ခုခုကိုသုံးပြီး မိမိဖတ်လိုသော စာအမျိုးအစားအစုံကို ဖတ်လို့ရနေတဲ့ခေတ်လို့ပဲဆိုဆို ကျွန်တော်ကတော့ စာရွက်တွေကို တစ်ရွက်ချင်းလှန်၊ စာအုပ်ကိုကိုင်ဖတ်ရတဲ့ အရသာကိုပိုသဘောကျ တတ်သူပါ။ စာအုပ်စာတမ်းတွေ ၀ယ်ယူဖတ်ရှုတာကတော့ဟုတ်ပါပြီ ၀ယ်တာများလို့ စာအုပ်တွေပုံလာတဲ့အခါ ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ အရေးပါလာပါပြီ။ အထိန်းအသိမ်းမတတ်လို့ မြေကြီးတုံးတွေလို ခဲသွားတဲ့အဖြစ် ခံစားရတာ အတွေ့အကြုံရှိသူမို့ စာအုပ်စာတမ်း ထိန်းသိမ်းတတ်သူကပြောတဲ့စကားဆို လိုက်နာချင်တာပေါ့။ ကျွန်တော့်လို စာဖတ်ဝါသနာပါသူတွေ သိထားသင့်တဲ့ မျှဝေမှုတစ်ခုကို ထပ်ဆင့်ကူးယူကာ ပြန်လည်မျှဝေလိုက်ပါတယ် အဆင်ပြေကြပါစေ။)


မိတ်ဆွေစာသမားအချို့ ခဏခဏကြုံတွေ့ရတတ်တဲ့ ပြဿနာက စာအုပ်ကလေးတွေကို ခြစားခံရတတ်တဲ့ ပြဿနာပဲ။ သူတို့ အဲ့ဒီလိုမျိုး ခဏခဏ ကြုံတွေ့နေကြရတော့ သူတို့ကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်ကြရသလို ၊မြင်တွေ့နေရတဲ့ ကျနော်လည်း ဘေးကနေကြည့် ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ စာသမားတွေမှာရှိတတ်တဲ့ အတ္တလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ စာအုပ်တွေကို ချစ်တတ်တဲ့ အပြစ်မဲ့ တဲ့အတ္တလေးလို့ပဲ ဆိုရမှာပေါ့။ စာသမားတွေဟာ စာအုပ်တွေနဲ့ပတ်သက်လာရင် တော်တော်များများဟာ အထိအဆတ်မခံနိုင်ကြတာ များပါတယ်။ စာသမားတွေဟာ သူတို့ဆီက ပိုက်ဆံချေးသွားလို့ပြန်မဆပ်နိုင်သေးရင် နားလည်ခွင့်လွှတ်ပေးတတ်ကြသော်လည်း ၊စာအုပ် ငှါးသွားပြီးပြန်မပေးရင်တော့ ထိုသူကို ကမ္ဘာမကြေဘူးပဲဆိုတဲ့ အမျိုးဗျို့ ။ (ကျနော်ပြောတာ ပိုတယ်လို့ထင်ရင် စာသမားစစ်စစ်တွေကို  သာ ကြုံတဲ့အခါ မေးကြည့်ကြပါလို့ အကြံပြုပါရစေခင်ဗျာ။)


ထားပါတော့ ။ ကျနော်လျှာရှည်နေတာနဲ့ ပြောလိုရင်းကို မရောက်ဘဲ ဖြစ်နေတော့မယ်။ အဲ့ဒီလိုမျိုး စာအုပ်ကလေးတွေအပေါ်မှာ တန်ဖိုးထားတတ်ကြတဲ့ စာကြမ်းပိုးမိတ်ဆွေတွေအတွက် အကျိုးရှိမယ်လို့ ထင်တဲ့ စာအုပ်ထိမ်းသိမ်းနည်းလေးအချို့ကို ကျနော်မျှဝေ ပေးချင်ပါတယ်။ ကျနော်ကိုယ်တိုင်လည်း ထိုနည်းလမ်းကလေးတွေအတိုင်း စာအုပ်ကလေးတွေကိုထိန်းသိမ်းလာခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပါပြီ။ ထိုနည်းလမ်းကလေးတွေကို စပြီး အသုံးပြုခဲ့တဲ့ အချိန်ကစလို့ ယနေ့အချိန်အထိ ကျနော့်စာအုပ်ကလေးတွေဟာ တစ်အုပ်မှကိုပျက်စီးဆုံးရှုံးခဲ့ရတာမျိုးနဲ့ ကြုံတွေ့ခဲ့ရခြင်းမျိုး အလျင်းမရှိခဲ့ပါ။ ထိုနည်းလမ်းကလေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါသည်။


၁/စာအုပ်ကလေးတွေကို ဗီရို (သို့မဟုတ်) အဖုံးပါသော  သေတ္တာ ၊ အဖုံးပါသော ကော်ပုံး ထဲသို့ ထည့်၍သိမ်းဆည်းပါ။

 (ကျနော်ကတော့ ဗီရိုနဲ့ အဆင်ပြေပါတယ်)


၂/ အေး၍ ခြောက်သွေ့သော အခန်း(သို့မဟုတ်) အလင်းရောင် အသင့်အတင့်ရှိသော နေရာတွင် စာအုပ်ဗီရို(ဝါ)စာအုပ်သေတ္တာကို

 ထားပါ။


၃/ စာအုပ်ကလေးတွေကို အဖုံးချုပ်လိုပါက ဖလင်အဖုံးနဲ့ သပ်သပ်ရပ်ရပ်ချုပ်ပါ။ (အဖုံးချုပ်တာကို မကြိုက်သူများက မချုပ်ချင်လျှင်လည်း ပြဿနာမရှိပါ)


၄/ စာအုပ်ကလေးတွေကို ထိန်းသိမ်းထားသော ဗီရိုထဲမှ(ဝါ)သေတ္တာထဲမှ ခြောက်လတစ်ကြိမ် သန့်ရှင်းရေး လုပ်ပေးပါ။ 

(အချိန်ရရင် သုံးလတစ်ကြိမ်လောက် လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်)


၅/စာအုပ်ကလေးတွေ ထည့်ထားသော ဗီရို(ဝါ)သေတ္တာပုံးများထဲသို့ ပရုပ်လုံးကလေးတွေ အသင့်အတင့် ထည့်ထားပေးပါ။

(အဲ့ဒီလို ထည့်ပေးထားပါက ကြွက်၊ပိုးဟပ်၊ ပုရွက်ဆိတ်၊ခြ အစရှိတဲ့  အင်းဆက် ပိုးမွှားများရန်မှ ကာကွယ်နိုင်ပါတယ်)


၆/ ဒီအချက်ကတော့ အထွေအထူး မဟုတ်ပါဘူး။ စာသမားတိုင်း လုပ်နေကျ အချက်လေးပါ။ စာအုပ်အနှောင့်ကလေးတွေ မကျိုး

 အောင် စာအုပ်ကလေးတွေကို ဖတ်တဲ့အခါ Book Mark ကလေးတွေ ကြားညှပ်ပြီး ဖတ်ပါ။ (မိတ်ဆွေတွေကို ငှါးလိုက်ရင်လည်း စာအုပ်ကြားထဲမှာ Book Mark ကလေးတွေ ထည့်၍ပေးလိုက်ပါ)


၇/ စာသမားတော်တော်များများ လုပ်တတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။  အဲ့ဒီအကျင့်ကတော့ စာအုပ်ကလေးတွေကို အိပ်ရာထဲအထိယူပြီး 

 ဖတ်တတ်တဲ့အကျင့်ပါ။ ဖတ်ပြီး အိပ်ပျော်သွားတဲ့အခါ ဟိုဖိ ဒီဖိနဲ့  စာအုပ်ကလေးတွေ ကျိုးကြေသွားတတ်ပါတယ်။ ဆိုတော့ကာ 

 စာတွေဖတ်ရင်း မျက်စိညောင်းလို့ အိပ်ချင်လာပြီဆိုတာနဲ့ ဖတ်လက်စ  စာအုပ်ကလေးကို ခေါင်းအုံးအောက်ထဲကို သေသေချာချာ ထည့်၍  စာအုပ်ကို ခေါင်းအုံးပြီးအိပ်ပါ။ (ထိုကဲ့သို့ အိပ်ခြင်းအားဖြင့် စာအုပ်ကျိုးကြေမှုဒဏ်မှ ကာကွယ်နိုင်ပါတယ်)


၈/ စာသမားတွေဟာ စာအုပ်ကလေးတွေကို သွားလေရာသို့ ယူသွားတတ် ကြပါသည်။ ယခုလို မိုးရာသီလိုမျိုးမှာ ယူသွားမယ်ဆိုရင်တော့ စာအုပ်ထည့် ဖို့ မိုးလုံလေလုံ အိတ်တစ်လုံးလောက်ဆောင်သွားသင့်ပါတယ် ။ (ဒါမှသာလျှင် မိုးရွာတဲ့အချိန် ကားပေါ်ကဆင်းတဲ့အခါ စာအုပ်မိုးစိုမဲ့အဖြစ်မှ  ကင်းလွတ်ပါလိမ့်မယ်၊ ဒါကတော့ သတိထားရမယ့် အချက်ကလေးပေါ့)


၉/ စာအုပ်တွေကို ဂုန်နီအိတ်တွေနဲ့ လုံးဝမထားပါနဲ့။ထိုကဲ့သို့ ထားခြင်းအားဖြင့် စာအုပ်တွေမှာမကောင်းတဲ့အနံ့တွေစွဲတတ်ပါတယ်။ ကြက်သွန်နံ့၊ ဆီကြော်မုန့်နံ့၊ သကြားအောက်သိုးသိုးအနံ့ အစရှိတဲ့ အနံ့တွေ စွဲတတ်ပါတယ်။ ထိုအနံ့တွေကြောင့်ပင် ကြွက်များ၊ ပိုးဟပ်များ၊ ပုရွက်ဆိတ်များ ၊ခြများ ရဲ့ ကိုက်ဖြတ်ဖျက်ဆီး ခြင်းကို ခံရတတ်ပါတယ်။


၁၀/ စာအုပ်ဗီရို(ဝါ) စာအုပ်သေတ္တာကို နံရံနှင့် အနည်းဆုံး ၃လက်မ အကွာတွင်ထားပါ။ အကြောင်းမှာ နံရံတွင် ကပ်ထားခြင်းအားဖြင့် အခုလို မိုးတွင်းလို အခါမျိုးမှာ နံရံရဲ့ရေငွေ့ရိုက်ခြင်းကို  ခံရတတ်သောကြောင့် ဘာမျှ မဖြစ်ဘူးဆိုရင်တောင် စာအုပ်ကလေး တွေအစိုပြန်ခြင်း၊ မှိုတက်ခြင်း ၊ဖားဥစွဲခြင်းမျိုးတွေကို အခန့်မသင့်ပါက ကြုံတွေ့ရနိုင်ပါတယ်။


ကဲ စာသမားများအားလုံးလည်း မိမိတို့ ချစ်ခင်မြတ်နိုးရတဲ့ စာအုပ်ကလေးတွေကို အထက်ပါ နည်းလမ်းကလေးများကို အသုံးပြု၍ နှစ်ရှည်လများ မပျက်မစီးဘဲ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ဒီစာလေးကို ရေးသားပြီး ပြန်လည်မျှဝေပေးလိုက်ရပါ တယ်ခင်ဗျာ ♥


#HN

#ထက်နောင်

#ZalatniSarpay

Zalatni.sarpay



[Zawgyi]စာအုပ္ကေလးေတြကိုထိန္းသိမ္းေစာင့္ေရွာက္ရန္နည္းလမ္းေကာင္းေလးမ်ား♥




#စာအုပ္စာေပလူ႔မိတ္ေဆြ

#စာအုပ္စာတမ္းထိန္းသိမ္းျခင္း

#အေထြေထြဗဟုသုတ


(Digital ေခတ္လို႔ပဲေျပာေျပာ၊ ကြန္ပ်ူတာ ဒါမွမဟုတ္ Electronic Device တစ္ခုခုကိုသံုးၿပီး မိမိဖတ္လိုေသာ စာအမ်ိဳးအစားအစံုကို ဖတ္လို႔ရေနတဲ့ေခတ္လို႔ပဲဆိုဆို ကြၽန္ေတာ္ကေတာ့ စာရြက္ေတြကို တစ္ရြက္ခ်င္းလွန္၊ စာအုပ္ကိုကိုင္ဖတ္ရတဲ့ အရသာကိုပိုသေဘာက် တတ္သူပါ။ စာအုပ္စာတမ္းေတြ ၀ယ္ယူဖတ္ရႈတာကေတာ့ဟုတ္ပါၿပီ ၀ယ္တာမ်ားလို႔ စာအုပ္ေတြပံုလာတဲ့အခါ ဘယ္လိုထိန္းသိမ္းရမလဲ ဆိုတာ အေရးပါလာပါၿပီ။ အထိန္းအသိမ္းမတတ္လို႔ ေျမၾကီးတံုးေတြလို ခဲသြားတဲ့အျဖစ္ ခံစားရတာ အေတြ့အႀကံဳရိွသူမို႔ စာအုပ္စာတမ္း ထိန္းသိမ္းတတ္သူကေျပာတဲ့စကားဆို လိုက္နာခ်င္တာေပါ့။ ကြၽန္ေတာ့္လို စာဖတ္ဝါသနာပါသူေတြ သိထားသင့္တဲ့ မ်ွေဝမႈတစ္ခုကို ထပ္ဆင့္ကူးယူကာ ျပန္လည္မ်ွေဝလိုက္ပါတယ္ အဆင္ေျပၾကပါေစ။)


မိတ္ေဆြစာသမားအခ်ိဳ႕ ခဏခဏႀကံဳေတြ့ရတတ္တဲ့ ျပႆနာက စာအုပ္ကေလးေတြကို ျခစားခံရတတ္တဲ့ ျပႆနာပဲ။ သူတို႔ အဲ့ဒီလိုမ်ိဳး ခဏခဏ ႀကံဳေတြ့ေနၾကရေတာ့ သူတို႔ကိုယ္တိုင္လည္း စိတ္မေကာင္း ျဖစ္ၾကရသလို ၊ျမင္ေတြ့ေနရတဲ့ က်ေနာ္လည္း ေဘးကေနၾကၫ့္ ၿပီး စိတ္မေကာင္းျဖစ္ရပါတယ္။ စာသမားေတြမွာရိွတတ္တဲ့ အတၲေလးတစ္ခုရိွပါတယ္။ အဲ့ဒါကေတာ့ စာအုပ္ေတြကို ခ်စ္တတ္တဲ့ အျပစ္မဲ့ တဲ့အတၲေလးလို႔ပဲ ဆိုရမွာေပါ့။ စာသမားေတြဟာ စာအုပ္ေတြနဲ႔ပတ္သက္လာရင္ ေတာ္ေတာ္မ်ားမ်ားဟာ အထိအဆတ္မခံႏိုင္ၾကတာ မ်ားပါတယ္။ စာသမားေတြဟာ သူတို႔ဆီက ပိုက္ဆံေခ်းသြားလို႔ျပန္မဆပ္ႏိုင္ေသးရင္ နားလည္ခြင့္လႊတ္ေပးတတ္ၾကေသာ္လည္း ၊စာအုပ္ ငွါးသြားၿပီးျပန္မေပးရင္ေတာ့ ထိုသူကို ကမ႓ာမေၾကဘူးပဲဆိုတဲ့ အမ်ိဳးဗ်ိဳ႕ ။ (က်ေနာ္ေျပာတာ ပိုတယ္လို႔ထင္ရင္ စာသမားစစ္စစ္ေတြကို  သာ ႀကံဳတဲ့အခါ ေမးၾကၫ့္ၾကပါလို႔ အႀကံျပဳပါရေစခင္ဗ်ာ။)


ထားပါေတာ့ ။ က်ေနာ္လ်ွာရွည္ေနတာနဲ႔ ေျပာလိုရင္းကို မေရာက္ဘဲ ျဖစ္ေနေတာ့မယ္။ အဲ့ဒီလိုမ်ိဳး စာအုပ္ကေလးေတြအေပၚမွာ တန္ဖိုးထားတတ္ၾကတဲ့ စာၾကမ္းပိုးမိတ္ေဆြေတြအတြက္ အက်ိဳးရိွမယ္လို႔ ထင္တဲ့ စာအုပ္ထိမ္းသိမ္းနည္းေလးအခ်ိဳ႕ကို က်ေနာ္မ်ွေဝ ေပးခ်င္ပါတယ္။ က်ေနာ္ကိုယ္တိုင္လည္း ထိုနည္းလမ္းကေလးေတြအတိုင္း စာအုပ္ကေလးေတြကိုထိန္းသိမ္းလာခဲ့တာ ဆယ္စုႏွစ္တစ္ခု ေက်ာ္လာခဲ့ပါၿပီ။ ထိုနည္းလမ္းကေလးေတြကို စၿပီး အသံုးျပဳခဲ့တဲ့ အခ်ိန္ကစလို႔ ယေန့အခ်ိန္အထိ က်ေနာ့္စာအုပ္ကေလးေတြဟာ တစ္အုပ္မွကိုပ်က္စီးဆံုးရႈံးခဲ့ရတာမ်ိဳးနဲ႔ ႀကံဳေတြ့ခဲ့ရျခင္းမ်ိဳး အလ်င္းမရိွခဲ့ပါ။ ထိုနည္းလမ္းကေလးေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါသည္။


၁/စာအုပ္ကေလးေတြကို ဗီရို (သို႔မဟုတ္) အဖံုးပါေသာ  ေသတၲာ ၊ အဖံုးပါေသာ ေကာ္ပံုး ထဲသို႔ ထၫ့္၍သိမ္းဆည္းပါ။

 (က်ေနာ္ကေတာ့ ဗီရိုနဲ႔ အဆင္ေျပပါတယ္)


၂/ ေအး၍ ေျခာက္ေသြ့ေသာ အခန္း(သို႔မဟုတ္) အလင္းေရာင္ အသင့္အတင့္ရိွေသာ ေနရာတြင္ စာအုပ္ဗီရို(ဝါ)စာအုပ္ေသတၲာကို

 ထားပါ။


၃/ စာအုပ္ကေလးေတြကို အဖံုးခ်ဳပ္လိုပါက ဖလင္အဖံုးနဲ႔ သပ္သပ္ရပ္ရပ္ခ်ဳပ္ပါ။ (အဖံုးခ်ဳပ္တာကို မႀကိဳက္သူမ်ားက မခ်ဳပ္ခ်င္လ်ွင္လည္း ျပႆနာမရိွပါ)


၄/ စာအုပ္ကေလးေတြကို ထိန္းသိမ္းထားေသာ ဗီရိုထဲမွ(ဝါ)ေသတၲာထဲမွ ေျခာက္လတစ္ႀကိမ္ သန႔္ရွင္းေရး လုပ္ေပးပါ။ 

(အခ်ိန္ရရင္ သံုးလတစ္ႀကိမ္ေလာက္ လုပ္ေပးႏိုင္ရင္ ပိုေကာင္းပါတယ္)


၅/စာအုပ္ကေလးေတြ ထၫ့္ထားေသာ ဗီရို(ဝါ)ေသတၲာပံုးမ်ားထဲသို႔ ပရုပ္လံုးကေလးေတြ အသင့္အတင့္ ထၫ့္ထားေပးပါ။

(အဲ့ဒီလို ထၫ့္ေပးထားပါက ႂကြက္၊ပိုးဟပ္၊ ပုရြက္ဆိတ္၊ျခ အစရိွတဲ့  အင္းဆက္ ပိုးမႊားမ်ားရန္မွ ကာကြယ္ႏိုင္ပါတယ္)


၆/ ဒီအခ်က္ကေတာ့ အေထြအထူး မဟုတ္ပါဘူး။ စာသမားတိုင္း လုပ္ေနက် အခ်က္ေလးပါ။ စာအုပ္အေနွာင့္ကေလးေတြ မက်ိဳး

 ေအာင္ စာအုပ္ကေလးေတြကို ဖတ္တဲ့အခါ Book Mark ကေလးေတြ ၾကားၫွပ္ၿပီး ဖတ္ပါ။ (မိတ္ေဆြေတြကို ငွါးလိုက္ရင္လည္း စာအုပ္ၾကားထဲမွာ Book Mark ကေလးေတြ ထၫ့္၍ေပးလိုက္ပါ)


၇/ စာသမားေတာ္ေတာ္မ်ားမ်ား လုပ္တတ္တဲ့ အက်င့္တစ္ခုရိွပါတယ္။  အဲ့ဒီအက်င့္ကေတာ့ စာအုပ္ကေလးေတြကို အိပ္ရာထဲအထိယူၿပီး 

 ဖတ္တတ္တဲ့အက်င့္ပါ။ ဖတ္ၿပီး အိပ္ေပ်ာ္သြားတဲ့အခါ ဟိုဖိ ဒီဖိနဲ႔  စာအုပ္ကေလးေတြ က်ိဳးေၾကသြားတတ္ပါတယ္။ ဆိုေတာ့ကာ 

 စာေတြဖတ္ရင္း မ်က္စိေညာင္းလို႔ အိပ္ခ်င္လာၿပီဆိုတာနဲ႔ ဖတ္လက္စ  စာအုပ္ကေလးကို ေခါင္းအံုးေအာက္ထဲကို ေသေသခ်ာခ်ာ ထၫ့္၍  စာအုပ္ကို ေခါင္းအံုးၿပီးအိပ္ပါ။ (ထိုကဲ့သို႔ အိပ္ျခင္းအားျဖင့္ စာအုပ္က်ိဳးေၾကမႈဒဏ္မွ ကာကြယ္ႏိုင္ပါတယ္)


၈/ စာသမားေတြဟာ စာအုပ္ကေလးေတြကို သြားေလရာသို႔ ယူသြားတတ္ ၾကပါသည္။ ယခုလို မိုးရာသီလိုမ်ိဳးမွာ ယူသြားမယ္ဆိုရင္ေတာ့ စာအုပ္ထၫ့္ ဖို႔ မိုးလံုေလလံု အိတ္တစ္လံုးေလာက္ေဆာင္သြားသင့္ပါတယ္ ။ (ဒါမွသာလ်ွင္ မိုးရြာတဲ့အခ်ိန္ ကားေပၚကဆင္းတဲ့အခါ စာအုပ္မိုးစိုမဲ့အျဖစ္မွ  ကင္းလြတ္ပါလိမ့္မယ္၊ ဒါကေတာ့ သတိထားရမယ့္ အခ်က္ကေလးေပါ့)


၉/ စာအုပ္ေတြကို ဂုန္နီအိတ္ေတြနဲ႔ လံုးဝမထားပါနဲ႔။ထိုကဲ့သို႔ ထားျခင္းအားျဖင့္ စာအုပ္ေတြမွာမေကာင္းတဲ့အနံ႔ေတြစြဲတတ္ပါတယ္။ ၾကက္သြန္နံ႔၊ ဆီေၾကာ္မုန႔္နံ႔၊ သၾကားေအာက္သိုးသိုးအနံ႔ အစရိွတဲ့ အနံ႔ေတြ စြဲတတ္ပါတယ္။ ထိုအနံ႔ေတြေၾကာင့္ပင္ ႂကြက္မ်ား၊ ပိုးဟပ္မ်ား၊ ပုရြက္ဆိတ္မ်ား ၊ျခမ်ား ရဲ့ ကိုက္ျဖတ္ဖ်က္ဆီး ျခင္းကို ခံရတတ္ပါတယ္။


၁၀/ စာအုပ္ဗီရို(ဝါ) စာအုပ္ေသတၲာကို နံရံႏွင့္ အနည္းဆံုး ၃လက္မ အကြာတြင္ထားပါ။ အေၾကာင္းမွာ နံရံတြင္ ကပ္ထားျခင္းအားျဖင့္ အခုလို မိုးတြင္းလို အခါမ်ိဳးမွာ နံရံရဲ့ေရေငြ့ရိုက္ျခင္းကို  ခံရတတ္ေသာေၾကာင့္ ဘာမ်ွ မျဖစ္ဘူးဆိုရင္ေတာင္ စာအုပ္ကေလး ေတြအစိုျပန္ျခင္း၊ မိႈတက္ျခင္း ၊ဖားဥစြဲျခင္းမ်ိဳးေတြကို အခန႔္မသင့္ပါက ႀကံဳေတြ့ရႏိုင္ပါတယ္။


ကဲ စာသမားမ်ားအားလံုးလည္း မိမိတို႔ ခ်စ္ခင္ျမတ္ႏိုးရတဲ့ စာအုပ္ကေလးေတြကို အထက္ပါ နည္းလမ္းကေလးမ်ားကို အသံုးျပဳ၍ ႏွစ္ရွည္လမ်ား မပ်က္မစီးဘဲ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေစရန္ ရည္ရြယ္၍ ဒီစာေလးကို ေရးသားၿပီး ျပန္လည္မ်ွေဝေပးလိုက္ရပါ တယ္ခင္ဗ်ာ ♥


#HN

#ထက္ေနာင္

#ZalatniSarpay

Zalatni.sarpay


No comments: