Saturday, June 26, 2021

သောက်ရေဘယ်နှစ်မျိုးရှိလဲ? ကျွန်တော်တို့သောက်နေတဲ့ရေတွေ ဘယ်ကလာတာလဲ?

 [Unicode]ဒီရက်ပိုင်း ရေတစ်မျိုးကို ဈေးကြီးပေးသောက်ကြတာ၊ ကျွန်တော့ကို လာမေးကြတာတွေရှိလို့ ရေးထားတဲ့ ရေအကြောင်းအချို့ ပြန်တင်ပေးလိုက်ပါတယ်။ 




သောက်ရေဘယ်နှစ်မျိုးရှိလဲ? ကျွန်တော်တို့သောက်နေတဲ့ရေတွေ ဘယ်ကလာတာလဲ? အပိုင်း : ၁ + ၂

1. Spring Water (သဘာဝစိမ့်စမ်းရေ)


Spring water ဆိုတာကတော့ သဘာဝ ရေထွက်များက ရရှိတဲ့ စမ်းရေကိုခေါ်တာပါ။ စမ့်စမ်းရေများက နေရာဒေသ၊ ရေမြေအနေအထားပေါ်မှာ မူတည်ပြီးတော့ ပါဝင်တဲ့ သတ္တုဓာတ်ပမာဏ၊ total dissolved solids (TDS) level အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အချို့စမ့်ရေများဆိုရင် နဂိုတည်းက naturally carbonated , carbon dioxide gas ပါဝင်ပြီးထွက်လာတာမျိုးရှိပါတယ်။ အကောင်းဆုံးအရသာရှိတဲ့ စမ့်ရေဆိုတာကတော့ စနစ်တကျထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရေထွက်က သဘာဝအတိုင်း ထွက်လာတဲ့ ရေကို တတ်နိုင်သလောက် treatment စနစ်လဲကို အနည်းဆုံးပြုလုပ်ထားပြီး သဘာဝအရသာမပျက်အောင်ထိန်းသိမ်းထားနိုင်တဲ့ရေကိုခေါ်နိုင်ပါတယ်။ စမ့်ရေကို အမျိုးအစားခွဲခြားရာမှာ ရေထွက်နှုန်း အနည်းဆုံးမှ အများဆုံးပေါ်မူတည်ပြီး အမျိုးအစား ၉ မျိုးထပ်ခွဲနိုင်ပါသေးတယ်။ အခုတော့ စာဖတ်သူများ ရှုပ်ထွေးသွားနိုင်လို့ ထည့်မရေးတော့ပါဘူး။ သိချင်ရင်တော့ chatbox က လာမေးနိုင်ပါတယ်။ နာမည်ကြီး Evian ရေကတော့ spring water စာရင်းဝင်ရေတစ်မျိုးဖြစ်ပါတယ်။ 


2. Well Water (တွင်းရေ) 


Well water ကတော့ ကျွန်တော်တို့ နဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ရေသန့် အခု ၁၀၀ မှာ ၉၉ ခုက well water origin ဖြစ်ပါတယ်။ ရေစုပ်တဲ့ mechanical pump နဲ့ မြေအောက်ရေအောင်းလွှာထဲမှာ ရှိနေတဲ့ရေကို မြေပြင်ပေါ်ရောက်အောက်လုပ်ပြီး လိုအပ်တဲ့ treatment ပြုလုပ်ကာ ရေသန့်ပြုလုပ်ထားတဲ့ရေမျိုးကို tube well origin drinking water လို့ သတ်မှတ်နိုင်ပါတယ်။ သူလဲ spring water လိုပဲ နေရာဒေသ၊ အောက်က ရေအောင်းလွှာရဲ့ ပြင်ပနဲ့ ထိစပ်နေမှု ရှိမရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး သတ္တုဓာတ်၊ TDS နှင့် ရေ quality အမျိုးမျိုးရှိတတ်ပါတယ်။ မှတ်ချက်၊ ဒီမှာကတော့ နေရာဒေသ geographic origin တွေဘာတွေ မခံစားနိုင်ကြပဲ ဘယ်တွင်းရေလာလာ၊ လိုအပ်အပ် မလိုအပ်အပ် Reverse Osmosis စနစ်နဲ့ treatment လုပ်ပြီး သတ္တုဓာတ် အလွန်နည်းတဲ့ RO ရေကိုသာဈေးကွက်တင်ပို့ရောင်းချနေကြတာ စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။ 


3. Artesian Water (Artesian တွင်းရေ) 


Artesian ရေအောင်လွှာ ကို တွင်းတူးပြီး ရောက်ရှိပြီဆိုရင်တော့ ထိုရေအောင်းလွှာမှရေများက ရေစုပ် pump အကူအညီမလိုပဲ သဘာဝ ရေဖိအားနဲ့ တွင်းအပေါ်ထိရောက်ရှိလာပါတယ်။ ထိုရေမျိုးကို artesian တွင်းရေ artesian water လို့ခေါ်ပါတယ်။ Characteristic အရ Spring water နဲ့ သဘောသဘာဝတူညီတတ်ပါတယ်။ အချို့ရေအောင်းလွှာများက နှစ်ပေါင်းထောင်/သောင်းချီပြီးပြင်ပနဲ့ ထိတွေ့မှုမရှိထားတဲ့ ရေမျိုးဖြစ်နေတတ်တဲ့ အတွက် ဈေးနှုန်းအရလဲ အလွန်မြင့်မားတာမျိုး ရှိတတ်ပါတယ်။  နာမည်ကြီး Fiji water ကတော့ artesian water တစ်မျိုးဖြစ်ပါတယ်။ 


4. Iceberg Water (ရေခဲတောင်ရေ)


ဒီတစ်ခုကတော့ တော်တော်ထူးထူးဆန်းဆန်းပါ။ ဝင်ရိုးစွန်းဒေသများမှာ သဘာဝအလျှောက် ပင်လယ်သမုတ္တရာထဲကို စီးမျောလာတဲ့ ရေခဲတုံးကြီးများကို အထူးပြုလုပ်ထားတဲ့ သင်္ဘောကြီးများဖြင့် သယ်ဆောင်ပြီး အရည်ဖျော်ကာ ရေသန့်ထုတ်လုပ်ထားတဲ့ ရေမျိုးဖြစ်ပါတယ်။ အဲ့လိုမျိုးရေခဲကို ရယူနိုင်တဲ့ နေရာကလဲ ကမ္ဘာပေါ်မှာ Svalbard ကျွန်းစုရဲ့ Artic ကမ်းရိုးတန်း၊ Greenland အနောက်ဖက်ဒေသ နဲ့ အရှေ့ Canada တို့ဖက်မှာပဲ ရရှိနိုင်ပါတယ်။ ရေခဲကို ရွေးချယ်ရာမှာလဲ တွေ့ကရာ ရေခဲကိုရွေးလို့မရပါဘူး။ သက်တန်းနုတဲ့ ရေခဲများမှာ impurities များ၊ chemical များနဲ့ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ ဓာတ်သတ္တုများ နှင့် အမှိုက်များပါတတ်တဲ့ အတွက် ရွေးချယ်လေ့မရှိပဲ pre industrial era စက်မှုမထွန်းကားသေးသော လွန်ခဲ့တဲ့ နှစ် ထောင်ချီသောင်းချီထဲကရှိနေခဲ့တဲ့ ရေခဲမျိုးကိုသာ ရွေးချယ်ကြပါတယ်။ ရေခဲသယ်ဆောင်ရာမှာလဲ အရည်မပျော်အောင် ဂရုတစိုက်သယ်ဆောင်ရတဲ့အတွက် ငွေကြေးအကုန်အကျအလွန်များပြီး အန္တရာယ်လဲ ရှိနိုင်တဲ့ အတွက် အထူးဂရုပြုပြီး သယ်ဆောင်ရပါတယ်။ ရေခဲတောင်ရေများရဲ့ အရသာကို Soft, Light and Airy taste လို့ ပြောကြပြီး သတ္တုဓာတ် နည်းတဲ့ဖက်ကို ရောက်ပါတယ်။ Iceberg water တစ်ခွက်သောက်ခြင်းက ကမ္ဘာ့ဦးသမိုင်းစာမျက်နှာများပေါ်အချိန်ခရီးသွားနေရသလိုခံစားရစေမှာဖြစ်ပြီး အချို့ကလဲ အထူး တီထွင်ထားတဲ့ cocktail များမှာ ရေခဲအဖြစ်ပြန်လည်အသုံးပြုတာမျိုးလဲရှိပါတယ်။ နာမည်ကြီး ရေခဲတောင်ရေ brand များကတော့ Svalbaroi, Iluliaq နှင့် Greenland Ice Cap Water တို့ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၇၅၀ ml ၁ ပုလင်းကို မြန်မာငွေ ၈၀၀၀၀-၁၂၀၀၀၀ ကြားလောက်ရှိပါတယ်။ 


5. Rain Water (မိုးရေ)


မိုးရေဆိုတာကတော့ ကျွန်တော်တို့ လူသားတွေ စိုက်ပျိုးရေး၊ ရေပေးဝေရေး၊ သုံးရေ၊ သောက်ရေ စတဲ့ အမျိုးမျိုးသော ကိစ္စများအတွက် နှစ်ပေါင်းများစွာ မှီခိုအားထားပြီး သိုလှောင်သုံးစွဲကြတဲ့ ရေအရင်းအမြစ်တစ်ခုပါ။ ကျွန်းနိုင်ငံ အများစုရဲ့ အဓိကရေအရင်းအမြစ်တွေထဲက တစ်ခုလဲဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ရေသန့်ထုတ်လုပ်သူအချို့က ကမ္ဘာ့လေထုအသန့်ရှင်းဆုံးဖြစ်တဲ့ဒေသတွေက ရရှိတဲ့ မိုးရေကို စနစ်တကျ သိုလှောင်သိမ်းဆည်းပြီး ရေသန့်စနစ်အချို့ဖြင့် ထပ်မံသန့်စင်ကာ ရေသန့်အဖြစ်ပြန်ဖြန့်ဖြူးကြတာမျိုးတွေရှိပါတယ်။ မိုးရေကရတဲ့ ရေသန့်တွေက သက်တန်းနုတဲ့  young water ခေါင်းစဉ်အောက်ရောက်ပြီး အရသာအရလဲ သတ္တုဓာတ်အလွန်နည်းတဲ့ neutral ဖြစ်တဲ့ အရသာဖက်ကို သွားပါတယ်။ မိုးရေကရတဲ့ ရေသန့် brand ထဲက နာမည်ကြီး fine water brand တစ်ခုကတော့ Australia နိုင်ငံ မှာရှိတဲ့ ကမ္ဘာပေါ်မှာ လေထုအသန့်ရှင်းဆုံးနေရာလို့ သတ်မှတ်နိုင်တဲ့ Tasmania ပြည်နယ် Table Cape ဒေသကထွက်တဲ့ Tasmanian Rain ဆိုတဲ့ ရေသန့်ပဲဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ၁ ပုလင်းကို မြန်မာငွေ ၁၅၀၀၀ ဝန်းကျင်ရှိပါတယ်။ 


6. ရေခဲမြစ်ရေ (Glacier Water) 


လွန်ခဲ့တဲ့ နှစ် ၂ သောင်းလောက်က ကမ္ဘာကြီးရဲ့ ၃ ပုံ ၁ ပုံက Glacier များနဲ့ ဖုံးလွှမ်းနေခဲ့တာပါ။ အခုအချိန်မှာတော့ ကျန်ရှိနေသေးတဲ့ ရေခဲမြစ်ကြီးများ ပင်လယ်သမုတ္တရာထဲကို အရည်မပျော်ဝင်သွားခင်မှာ ရေသန့်ထုတ်လုပ်သူများကတော့ သောက်ရေသန့်အဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။ ရေခဲမြစ်ရေများရရှိတဲ့ နေရာဒေသတွေက လူနှင့် အခြား သတ္တဝါများ အရောက်အပေါက်နည်း/ ရောက်ရှိနေထိုင်ရန် ခက်ခဲပြီး  သဘာဝပတ်ဝန်းကျင်ကို စည်းမျဉ်းများ တင်းကျပ်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဒေသများဖြစ်တဲ့အတွက် ရေ quality အနေနဲ့ သန့်ရှင်းမှုကောင်းတဲ့ထဲပါပါတယ်။ သက်တန်းအရ ကြီးရင့်တဲ့ old water စာရင်းဝင်ပြီး သတ္တုဓာတ် နည်းပါတယ်။ အရသာ flavour profile အနေနဲ့ကတော့ မိုးရေနဲ့ နီးစပ်ပါတယ်။ Greenland နိုင်ငံ ကထုတ်တဲ့ Inland Ice ဆိုတဲ့ brand ကတော့ Greenland နိုင်ငံအောက်မှာရှိတဲ့ နှစ်သက်တန်းပေါင်း ၁၀၀၀၀၀ ကျော်ရေခဲလွှာ Glacier sheet ကြီးကရေကို ရေသန့်အဖြစ် filter စနစ်မပါပဲ ပြုလုပ်ထားတဲ့ ကမ္ဘာ့အသန့်ရှင်းဆုံး သက်တန်းရင့် unfiltered fine water တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းအရကတော့ ၇၅၀ ml တစ်ပုလင်းကို မြန်မာငွေ 35000-40000 လောက်ရှိနိုင်ပါတယ်။ 


7. Deep Sea Water (ပင်လယ်ရေချို) 


Greenland ဒေသနားက ရေခဲတောင်ကြီးများက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ပင်လယ်ထဲကိုအရည်ပျော်နေပါတယ်။ ဒါပင်မဲ့ အရည်ပျော်တဲ့ ရေနဲ့ ပင်လယ်ရေနဲ့က ဆားအငန်ဓာတ် salinity မတူညီခြင်း၊ အပူချိန် temperature မတူညီခြင်းတို့ကြောင့် ရောနှောမသွားပဲ ထို ရေခဲရေချိုများက ပင်လယ်ရေငန်များရဲ့ အောက် ပင်လယ်သမုတ္တရာ ကြမ်းပြင်နားမှာ တည်ရှိနေပါပြီး ကမ္ဘာကို လှည့်ပတ်စီးဆင်းနေကြပါတယ်။ ပင်လယ်ရေအောက် ပေ ၃၀၀၀ လောက်က ရရှိတဲ့ ပင်လယ်ရေချိုကို သောက်ရေသန့်အဖြစ်ပြန်လည်ထုတ်လုပ်တဲ့ brand များထဲက တစ်ခုကတော့ Hawaii , Kona မြို့မှာ ထုတ်လုပ်တဲ့ Kona Deep ဆိုတဲ့ brand ဖြစ်ပြီး သတ္တုဓာတ် အသင့်အတင့်ပါဝင်တဲ့ ရေတစ်မျိုးဖြစ်ပါတယ်။ ဈေးနှုန်းအရကတော့ ၁ လီတာကို မြန်မာငွေ ၃၅၀၀-၄၅၀၀ လောက်ရှိပါတယ်။ 


!! Bonus Content လေးတစ်ခုထပ်တိုးပေးထားပါတယ်။ အခုပြောမဲ့ရေ source ကတော့ ထူးထူးခြားခြားလေးပါ !!


8. Air Water (လေထုမှ ထုတ်လုပ်ထားတဲ့ရေ)


အပိုအနေနဲ့ နောက်ဆုံး latest trend တစ်ခုဖြစ်တဲ့ air water အကြောင်းပြောပြပေးပါမယ်။ ဟုတ်ပါတယ်၊ လေထုကနေ ရေပြန်ထုတ်တာပါ။ ကမ္ဘာပေါ်မှာ သန့်ရှင်းတဲ့လေထုရှိတဲ့ နေရာတွေကလေကို condensation ငွေ့ရည်ဖွဲ့ခြင်း ပြုလုပ်ပြီး အနည်အမှုန်စစ်ကာ ပိုးသတ်ပြီး သောက်သုံးရေအဖြစ် ပြန်လည်ထုတ်လုပ်တဲ့ ရေသန့် တစ်မျိုးရှိပါတယ်။ Brand နာမည်ကတော့ Ô Amazon Air Water ပါ။ ကမ္ဘာ့အကြီးဆုံး မိုးသစ်တော Amazon Rain Forest ပေါ်ရှိ သန့်ရှင်းလွန်းလှတဲ့ လေထုကို ငွေ့ရည်ဖွဲ့ပြီး ထုတ်ထားတဲ့ Ô Amazon Air Water က ကမ္ဘာ့အကြီးဆုံး တောအုပ်ကြီးရဲ့ အရသာကို သင့်ခံတွင်းထဲမှာ ဖြတ်သန်းသွားစေမှာလို့ ညွှန်းကြပါတယ်။ ဈေးနှုန်းကတော့ luxury fine water ဖြစ်တဲ့အတွက် တော်တော်လေးမြင့်မားတယ်လို့သိရပင်မဲ့ တိတိကျကျတော့ မသိရသေးပါဘူး။ 


ရေတွေကို စနစ်တကျခွဲခြားချင်ရင်တော့ အထက်ကပြောခဲ့သလို ရေရရှိတဲ့ အရင်းအမြစ် source အရခွဲခြားတာ သဘာဝ အကျဆုံးပါ။ အခြားခွဲခြားနည်းတွေလဲ ရှိတော့ ရှိပါတယ်၊ ဥပမာ - အနံ့ထည့်ထားတဲ့ရေ (Flavoured Water), သတ္တုဓာတ်ဖြည့်စွက်ရည် (Electrolyte Water), Vitamin ပါဝင်သောရေ (Vitamin Water), ရေမန်း (Holy Water), etc စသဖြင့်လဲ ခွဲကြပါသေးတယ်၊ စနစ်တော့ မကျပါဘူး။ ဒါပင်မဲ့ သဘာဝရေတစ်ခုကို ခွဲခြားချင်ရင်တော့ အထက်ကဖော်ပြသလို ရေ source အရ ခွဲခြားမှ တိကျမှာဖြစ်ပါတယ်။ 


အခုလို အားလုံး အစစအရာရာ အဆင်မပြေဖြစ်နေချိန်မှာ စာအရှည်ကြီးတင်ရလို့ အားနာပါတယ်။ Stay Strong .... Stay Safe 💪🏼


Dr. Sai Aung Thant Zin #waterlabbydrsai #III 


Article Ref : Fine Water Academy 

Photo Ref : Tasmanian Rain, Inland Ice, Kona Deep and Fine Water Academy Official Website

Photo Ref : Evian, Svalbaroi, Iluliaq Official Websites & Her Etiquette (Fiji Water : It all begins as a Cloud) 


View more in my blog : https://bit.ly/33NI1Uy


[Zawgyi]ဒီရက္ပိုင္း ေရတစ္မ်ိဳးကို ေဈးႀကီးေပးေသာက္ၾကတာ၊ ကြၽန္ေတာ့ကို လာေမးၾကတာေတြရိွလို႔ ေရးထားတဲ့ ေရအေၾကာင္းအခ်ိဳ႕ ျပန္တင္ေပးလိုက္ပါတယ္။ 




ေသာက္ေရဘယ္ႏွစ္မ်ိဳးရိွလဲ? ကြၽန္ေတာ္တို႔ေသာက္ေနတဲ့ေရေတြ ဘယ္ကလာတာလဲ? အပိုင္း : ၁ + ၂

1. Spring Water (သဘာဝစိမ့္စမ္းေရ)


Spring water ဆိုတာကေတာ့ သဘာဝ ေရထြက္မ်ားက ရရိွတဲ့ စမ္းေရကိုေခၚတာပါ။ စမ့္စမ္းေရမ်ားက ေနရာေဒသ၊ ေရေျမအေနအထားေပၚမွာ မူတည္ၿပီးေတာ့ ပါဝင္တဲ့ သတၲုဓာတ္ပမာဏ၊ total dissolved solids (TDS) level အမ်ိဳးမ်ိဳးကြဲျပားႏိုင္ပါတယ္။ အခ်ိဳ႕စမ့္ေရမ်ားဆိုရင္ နဂိုတည္းက naturally carbonated , carbon dioxide gas ပါဝင္ၿပီးထြက္လာတာမ်ိဳးရိွပါတယ္။ အေကာင္းဆံုးအရသာရိွတဲ့ စမ့္ေရဆိုတာကေတာ့ စနစ္တက်ထိန္းသိမ္းေစာင့္ေရွာက္ထားတဲ့ ေရထြက္က သဘာဝအတိုင္း ထြက္လာတဲ့ ေရကို တတ္ႏိုင္သေလာက္ treatment စနစ္လဲကို အနည္းဆံုးျပဳလုပ္ထားၿပီး သဘာဝအရသာမပ်က္ေအာင္ထိန္းသိမ္းထားႏိုင္တဲ့ေရကိုေခၚႏိုင္ပါတယ္။ စမ့္ေရကို အမ်ိဳးအစားခြဲျခားရာမွာ ေရထြက္ႏႈန္း အနည္းဆံုးမွ အမ်ားဆံုးေပၚမူတည္ၿပီး အမ်ိဳးအစား ၉ မ်ိဳးထပ္ခြဲႏိုင္ပါေသးတယ္။ အခုေတာ့ စာဖတ္သူမ်ား ရႈပ္ေထြးသြားႏိုင္လို႔ ထၫ့္မေရးေတာ့ပါဘူး။ သိခ်င္ရင္ေတာ့ chatbox က လာေမးႏိုင္ပါတယ္။ နာမည္ႀကီး Evian ေရကေတာ့ spring water စာရင္းဝင္ေရတစ္မ်ိဳးျဖစ္ပါတယ္။ 


2. Well Water (တြင္းေရ) 


Well water ကေတာ့ ကြၽန္ေတာ္တို႔ နဲ႔ ရင္းႏွီးၿပီးသားျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ဆီမွာ ရိွတဲ့ ေရသန႔္ အခု ၁၀၀ မွာ ၉၉ ခုက well water origin ျဖစ္ပါတယ္။ ေရစုပ္တဲ့ mechanical pump နဲ႔ ေျမေအာက္ေရေအာင္းလႊာထဲမွာ ရိွေနတဲ့ေရကို ေျမျပင္ေပၚေရာက္ေအာက္လုပ္ၿပီး လိုအပ္တဲ့ treatment ျပဳလုပ္ကာ ေရသန႔္ျပဳလုပ္ထားတဲ့ေရမ်ိဳးကို tube well origin drinking water လို႔ သတ္မွတ္ႏိုင္ပါတယ္။ သူလဲ spring water လိုပဲ ေနရာေဒသ၊ ေအာက္က ေရေအာင္းလႊာရဲ့ ျပင္ပနဲ႔ ထိစပ္ေနမႈ ရိွမရိွ စတဲ့ အခ်က္ေတြေပၚမူတည္ၿပီး သတၲုဓာတ္၊ TDS ႏွင့္ ေရ quality အမ်ိဳးမ်ိဳးရိွတတ္ပါတယ္။ မွတ္ခ်က္၊ ဒီမွာကေတာ့ ေနရာေဒသ geographic origin ေတြဘာေတြ မခံစားႏိုင္ၾကပဲ ဘယ္တြင္းေရလာလာ၊ လိုအပ္အပ္ မလိုအပ္အပ္ Reverse Osmosis စနစ္နဲ႔ treatment လုပ္ၿပီး သတၲုဓာတ္ အလြန္နည္းတဲ့ RO ေရကိုသာေဈးကြက္တင္ပို႔ေရာင္းခ်ေနၾကတာ စိတ္မေကာင္းစြာ ေတြ့ရိွရပါတယ္။ 


3. Artesian Water (Artesian တြင္းေရ) 


Artesian ေရေအာင္လႊာ ကို တြင္းတူးၿပီး ေရာက္ရိွၿပီဆိုရင္ေတာ့ ထိုေရေအာင္းလႊာမွေရမ်ားက ေရစုပ္ pump အကူအညီမလိုပဲ သဘာဝ ေရဖိအားနဲ႔ တြင္းအေပၚထိေရာက္ရိွလာပါတယ္။ ထိုေရမ်ိဳးကို artesian တြင္းေရ artesian water လို႔ေခၚပါတယ္။ Characteristic အရ Spring water နဲ႔ သေဘာသဘာဝတူညီတတ္ပါတယ္။ အခ်ိဳ႕ေရေအာင္းလႊာမ်ားက ႏွစ္ေပါင္းေထာင္/ေသာင္းခ်ီၿပီးျပင္ပနဲ႔ ထိေတြ့မႈမရိွထားတဲ့ ေရမ်ိဳးျဖစ္ေနတတ္တဲ့ အတြက္ ေဈးႏႈန္းအရလဲ အလြန္ျမင့္မားတာမ်ိဳး ရိွတတ္ပါတယ္။  နာမည္ႀကီး Fiji water ကေတာ့ artesian water တစ္မ်ိဳးျဖစ္ပါတယ္။ 


4. Iceberg Water (ေရခဲေတာင္ေရ)


ဒီတစ္ခုကေတာ့ ေတာ္ေတာ္ထူးထူးဆန္းဆန္းပါ။ ဝင္ရိုးစြန္းေဒသမ်ားမွာ သဘာဝအေလ်ွာက္ ပင္လယ္သမုတၲရာထဲကို စီးေမ်ာလာတဲ့ ေရခဲတံုးႀကီးမ်ားကို အထူးျပဳလုပ္ထားတဲ့ သေဘၤာႀကီးမ်ားျဖင့္ သယ္ေဆာင္ၿပီး အရည္ေဖ်ာ္ကာ ေရသန႔္ထုတ္လုပ္ထားတဲ့ ေရမ်ိဳးျဖစ္ပါတယ္။ အဲ့လိုမ်ိဳးေရခဲကို ရယူႏိုင္တဲ့ ေနရာကလဲ ကမ႓ာေပၚမွာ Svalbard ကြၽန္းစုရဲ့ Artic ကမ္းရိုးတန္း၊ Greenland အေနာက္ဖက္ေဒသ နဲ႔ အေရ႔ွ Canada တို႔ဖက္မွာပဲ ရရိွႏိုင္ပါတယ္။ ေရခဲကို ေရြးခ်ယ္ရာမွာလဲ ေတြ့ကရာ ေရခဲကိုေရြးလို႔မရပါဘူး။ သက္တန္းႏုတဲ့ ေရခဲမ်ားမွာ impurities မ်ား၊ chemical မ်ားနဲ႔ က်န္းမာေရးကိုထိခိုက္ႏိုင္တဲ့ ဓာတ္သတၲုမ်ား ႏွင့္ အမိႈက္မ်ားပါတတ္တဲ့ အတြက္ ေရြးခ်ယ္ေလ့မရိွပဲ pre industrial era စက္မႈမထြန္းကားေသးေသာ လြန္ခဲ့တဲ့ ႏွစ္ ေထာင္ခ်ီေသာင္းခ်ီထဲကရိွေနခဲ့တဲ့ ေရခဲမ်ိဳးကိုသာ ေရြးခ်ယ္ၾကပါတယ္။ ေရခဲသယ္ေဆာင္ရာမွာလဲ အရည္မေပ်ာ္ေအာင္ ဂရုတစိုက္သယ္ေဆာင္ရတဲ့အတြက္ ေငြေၾကးအကုန္အက်အလြန္မ်ားၿပီး အႏၲရာယ္လဲ ရိွႏိုင္တဲ့ အတြက္ အထူးဂရုျပဳျပီး သယ္ေဆာင္ရပါတယ္။ ေရခဲေတာင္ေရမ်ားရဲ့ အရသာကို Soft, Light and Airy taste လို႔ ေျပာၾကၿပီး သတၲုဓာတ္ နည္းတဲ့ဖက္ကို ေရာက္ပါတယ္။ Iceberg water တစ္ခြက္ေသာက္ျခင္းက ကမ႓ာ့ဦးသမိုင္းစာမ်က္ႏွာမ်ားေပၚအခ်ိန္ခရီးသြားေနရသလိုခံစားရေစမွာျဖစ္ၿပီး အခ်ိဳ႕ကလဲ အထူး တီထြင္ထားတဲ့ cocktail မ်ားမွာ ေရခဲအျဖစ္ျပန္လည္အသံုးျပဳတာမ်ိဳးလဲရိွပါတယ္။ နာမည္ႀကီး ေရခဲေတာင္ေရ brand မ်ားကေတာ့ Svalbaroi, Iluliaq ႏွင့္ Greenland Ice Cap Water တို႔ျဖစ္ၿပီး ေဈးႏႈန္းအေနနဲ႔ ၇၅၀ ml ၁ ပုလင္းကို ျမန္မာေငြ ၈၀၀၀၀-၁၂၀၀၀၀ ၾကားေလာက္ရိွပါတယ္။ 


5. Rain Water (မိုးေရ)


မိုးေရဆိုတာကေတာ့ ကြၽန္ေတာ္တို႔ လူသားေတြ စိုက္ပ်ိဳးေရး၊ ေရေပးေဝေရး၊ သံုးေရ၊ ေသာက္ေရ စတဲ့ အမ်ိဳးမ်ိဳးေသာ ကိစၥမ်ားအတြက္ ႏွစ္ေပါင္းမ်ားစြာ မွီခိုအားထားၿပီး သိုေလွာင္သံုးစြဲၾကတဲ့ ေရအရင္းအျမစ္တစ္ခုပါ။ ကြၽန္းႏိုင္ငံ အမ်ားစုရဲ့ အဓိကေရအရင္းအျမစ္ေတြထဲက တစ္ခုလဲျဖစ္ပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ ေရသန႔္ထုတ္လုပ္သူအခ်ိဳ႕က ကမ႓ာ့ေလထုအသန႔္ရွင္းဆံုးျဖစ္တဲ့ေဒသေတြက ရရိွတဲ့ မိုးေရကို စနစ္တက် သိုေလွာင္သိမ္းဆည္းၿပီး ေရသန႔္စနစ္အခ်ိဳ႕ျဖင့္ ထပ္မံသန႔္စင္ကာ ေရသန႔္အျဖစ္ျပန္ျဖန႔္ျဖဴးၾကတာမ်ိဳးေတြရိွပါတယ္။ မိုးေရကရတဲ့ ေရသန႔္ေတြက သက္တန္းႏုတဲ့  young water ေခါင္းစဉ္ေအာက္ေရာက္ၿပီး အရသာအရလဲ သတၲုဓာတ္အလြန္နည္းတဲ့ neutral ျဖစ္တဲ့ အရသာဖက္ကို သြားပါတယ္။ မိုးေရကရတဲ့ ေရသန႔္ brand ထဲက နာမည္ႀကီး fine water brand တစ္ခုကေတာ့ Australia ႏိုင္ငံ မွာရိွတဲ့ ကမ႓ာေပၚမွာ ေလထုအသန႔္ရွင္းဆံုးေနရာလို႔ သတ္မွတ္ႏိုင္တဲ့ Tasmania ျပည္နယ္ Table Cape ေဒသကထြက္တဲ့ Tasmanian Rain ဆိုတဲ့ ေရသန႔္ပဲျဖစ္ပါတယ္။ ေဈးႏႈန္းအေနနဲ႔ကေတာ့ ၁ ပုလင္းကို ျမန္မာေငြ ၁၅၀၀၀ ဝန္းက်င္ရိွပါတယ္။ 


6. ေရခဲျမစ္ေရ (Glacier Water) 


လြန္ခဲ့တဲ့ ႏွစ္ ၂ ေသာင္းေလာက္က ကမ႓ာႀကီးရဲ့ ၃ ပံု ၁ ပံုက Glacier မ်ားနဲ႔ ဖံုးလႊမ္းေနခဲ့တာပါ။ အခုအခ်ိန္မွာေတာ့ က်န္ရိွေနေသးတဲ့ ေရခဲျမစ္ႀကီးမ်ား ပင္လယ္သမုတၲရာထဲကို အရည္မေပ်ာ္ဝင္သြားခင္မွာ ေရသန႔္ထုတ္လုပ္သူမ်ားကေတာ့ ေသာက္ေရသန႔္အျဖစ္ အသြင္ေျပာင္းလိုက္ၾကပါတယ္။ ေရခဲျမစ္ေရမ်ားရရိွတဲ့ ေနရာေဒသေတြက လူႏွင့္ အျခား သတၲဝါမ်ား အေရာက္အေပါက္နည္း/ ေရာက္ရိွေနထိုင္ရန္ ခက္ခဲၿပီး  သဘာဝပတ္ဝန္းက်င္ကို စည္းမ်ဉ္းမ်ား တင္းက်ပ္စြာ ထိန္းသိမ္းေစာင့္ေရွာက္ထားတဲ့ ေဒသမ်ားျဖစ္တဲ့အတြက္ ေရ quality အေနနဲ႔ သန႔္ရွင္းမႈေကာင္းတဲ့ထဲပါပါတယ္။ သက္တန္းအရ ႀကီးရင့္တဲ့ old water စာရင္းဝင္ၿပီး သတၲုဓာတ္ နည္းပါတယ္။ အရသာ flavour profile အေနနဲ႔ကေတာ့ မိုးေရနဲ႔ နီးစပ္ပါတယ္။ Greenland ႏိုင္ငံ ကထုတ္တဲ့ Inland Ice ဆိုတဲ့ brand ကေတာ့ Greenland ႏိုင္ငံေအာက္မွာရိွတဲ့ ႏွစ္သက္တန္းေပါင္း ၁၀၀၀၀၀ ေက်ာ္ေရခဲလႊာ Glacier sheet ႀကီးကေရကို ေရသန႔္အျဖစ္ filter စနစ္မပါပဲ ျပဳလုပ္ထားတဲ့ ကမ႓ာ့အသန႔္ရွင္းဆံုး သက္တန္းရင့္ unfiltered fine water တစ္ခုျဖစ္ပါတယ္။ ေဈးႏႈန္းအရကေတာ့ ၇၅၀ ml တစ္ပုလင္းကို ျမန္မာေငြ 35000-40000 ေလာက္ရိွႏိုင္ပါတယ္။ 


7. Deep Sea Water (ပင္လယ္ေရခ်ိဳ) 


Greenland ေဒသနားက ေရခဲေတာင္ႀကီးမ်ားက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာထဲက ပင္လယ္ထဲကိုအရည္ေပ်ာ္ေနပါတယ္။ ဒါပင္မဲ့ အရည္ေပ်ာ္တဲ့ ေရနဲ႔ ပင္လယ္ေရနဲ႔က ဆားအငန္ဓာတ္ salinity မတူညီျခင္း၊ အပူခ်ိန္ temperature မတူညီျခင္းတို႔ေၾကာင့္ ေရာေနွာမသြားပဲ ထို ေရခဲေရခ်ိဳမ်ားက ပင္လယ္ေရငန္မ်ားရဲ့ ေအာက္ ပင္လယ္သမုတၲရာ ၾကမ္းျပင္နားမွာ တည္ရိွေနပါၿပီး ကမ႓ာကို လွၫ့္ပတ္စီးဆင္းေနၾကပါတယ္။ ပင္လယ္ေရေအာက္ ေပ ၃၀၀၀ ေလာက္က ရရိွတဲ့ ပင္လယ္ေရခ်ိဳကို ေသာက္ေရသန႔္အျဖစ္ျပန္လည္ထုတ္လုပ္တဲ့ brand မ်ားထဲက တစ္ခုကေတာ့ Hawaii , Kona ၿမိဳ႔မွာ ထုတ္လုပ္တဲ့ Kona Deep ဆိုတဲ့ brand ျဖစ္ၿပီး သတၲုဓာတ္ အသင့္အတင့္ပါဝင္တဲ့ ေရတစ္မ်ိဳးျဖစ္ပါတယ္။ ေဈးႏႈန္းအရကေတာ့ ၁ လီတာကို ျမန္မာေငြ ၃၅၀၀-၄၅၀၀ ေလာက္ရိွပါတယ္။ 


!! Bonus Content ေလးတစ္ခုထပ္တိုးေပးထားပါတယ္။ အခုေျပာမဲ့ေရ source ကေတာ့ ထူးထူးျခားျခားေလးပါ !!


8. Air Water (ေလထုမွ ထုတ္လုပ္ထားတဲ့ေရ)


အပိုအေနနဲ႔ ေနာက္ဆံုး latest trend တစ္ခုျဖစ္တဲ့ air water အေၾကာင္းေျပာျပေပးပါမယ္။ ဟုတ္ပါတယ္၊ ေလထုကေန ေရျပန္ထုတ္တာပါ။ ကမ႓ာေပၚမွာ သန႔္ရွင္းတဲ့ေလထုရိွတဲ့ ေနရာေတြကေလကို condensation ေငြ့ရည္ဖြဲ႔ျခင္း ျပဳလုပ္ၿပီး အနည္အမႈန္စစ္ကာ ပိုးသတ္ၿပီး ေသာက္သံုးေရအျဖစ္ ျပန္လည္ထုတ္လုပ္တဲ့ ေရသန႔္ တစ္မ်ိဳးရိွပါတယ္။ Brand နာမည္ကေတာ့ Ô Amazon Air Water ပါ။ ကမ႓ာ့အႀကီးဆံုး မိုးသစ္ေတာ Amazon Rain Forest ေပၚရိွ သန႔္ရွင္းလြန္းလွတဲ့ ေလထုကို ေငြ့ရည္ဖြဲ႔ၿပီး ထုတ္ထားတဲ့ Ô Amazon Air Water က ကမ႓ာ့အႀကီးဆံုး ေတာအုပ္ႀကီးရဲ့ အရသာကို သင့္ခံတြင္းထဲမွာ ျဖတ္သန္းသြားေစမွာလို႔ ၫႊန္းၾကပါတယ္။ ေဈးႏႈန္းကေတာ့ luxury fine water ျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးျမင့္မားတယ္လို႔သိရပင္မဲ့ တိတိက်က်ေတာ့ မသိရေသးပါဘူး။ 


ေရေတြကို စနစ္တက်ခြဲျခားခ်င္ရင္ေတာ့ အထက္ကေျပာခဲ့သလို ေရရရိွတဲ့ အရင္းအျမစ္ source အရခြဲျခားတာ သဘာဝ အက်ဆံုးပါ။ အျခားခြဲျခားနည္းေတြလဲ ရိွေတာ့ ရိွပါတယ္၊ ဥပမာ - အနံ႔ထၫ့္ထားတဲ့ေရ (Flavoured Water), သတၲုဓာတ္ျဖၫ့္စြက္ရည္ (Electrolyte Water), Vitamin ပါဝင္ေသာေရ (Vitamin Water), ေရမန္း (Holy Water), etc စသျဖင့္လဲ ခြဲၾကပါေသးတယ္၊ စနစ္ေတာ့ မက်ပါဘူး။ ဒါပင္မဲ့ သဘာဝေရတစ္ခုကို ခြဲျခားခ်င္ရင္ေတာ့ အထက္ကေဖာ္ျပသလို ေရ source အရ ခြဲျခားမွ တိက်မွာျဖစ္ပါတယ္။ 


အခုလို အားလံုး အစစအရာရာ အဆင္မေျပျဖစ္ေနခ်ိန္မွာ စာအရွည္ႀကီးတင္ရလို႔ အားနာပါတယ္။ Stay Strong .... Stay Safe 💪🏼


Dr. Sai Aung Thant Zin #waterlabbydrsai #III 


Article Ref : Fine Water Academy 

Photo Ref : Tasmanian Rain, Inland Ice, Kona Deep and Fine Water Academy Official Website

Photo Ref : Evian, Svalbaroi, Iluliaq Official Websites & Her Etiquette (Fiji Water : It all begins as a Cloud) 


View more in my blog : https://bit.ly/33NI1Uy

No comments: