Saturday, June 12, 2021

သစ်ခွပင်တွင်_ကျရောက်တတ်သော_ရောဂါများနဲ့ပိုးမွှားများ

 [Unicode]သစ်ခွပင်တွင်_ကျရောက်တတ်သော_ရောဂါများနဲ့ပိုးမွှားများ




သစ်ခွမှာဖြစ်တတ်တဲ့ရောဂါတွေဟာ စိုက်ပျိုးပြုစုနည်းမှားတာရယ်၊ပိုးမွှားတွေကြောင့်ရယ်ဆိုပြီး နှစ်ချက်ရှိပါတယ်။နှစ်ချက်စလုံး သိသင့်စရာတွေချည်းပါပဲ။ပထမတချက်ကို နောက်မှ အလျင်းသင့်သလိုဆွေးနွေးပေးပါမယ်။ခု‌....ပိုးမွှားတွေကြောင့်ဖြစ်တတ်တဲ့ အကြောင်းလေးရေးပါမယ်။


အကြောင်းအရင်းသုံးခုရှိပါတယ်။

၁)မှိုကြောင့်ဖြစ်တတ်တယ်(Fungi)

၂)ဘတ်တီးရီးယား(Bacteria 🦠)

၃)ဗိုင်းရပ်စ် (Virus🦠)


ဒီအကြောင်းရင်းသုံးခုကြောင့်

အပင်ရဲ့အစိတ်အပိုင်းတွေမှာ ပုပ်ရိခြင်း(Rot)၊အရွက်နဲ့အပွင့်တွေမှာ အစက်အပျောက်များဖြစ်ခြင်းများ ကျရောက်တတ်ပါတယ်။ ပိုးမွှားတွေဟာ လေ၊မိုး၊အင်းဆက်(insects)နဲ့ကိရိယာတန်ဆာပလာတွေမှာ ကပ်ပါပြီး ဖြတ်တောက်ထားတဲ့ဒဏ်ရာတွေနဲ့ လေ၀င်ပေါက်တွေမှ တဆင့်ဝင် ရောက်ပြီး ပျံ့နှံ့လာတတ်တာမျိုးဖြစ်ပါတယ်။


အဖြစ်များလေ့ရှိတာကတော့ လေ၀င်လေထွက်ညံ့ပြီး စိုထိုင်းဆများတဲ့ခုလို မိုးရာသီမှာ အဖြစ်များလေ့ရှိပါတယ်။

ကဲ ဘာတွေဘယ်လိုဖြစ်လာပြီး ဘယ်လိုကုသကြမလဲ၊ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ကြည့်ကြရအောင်။


-------------------------------

(၁)#မဲပုပ်ရောဂါ(Black Rot⚫)


လက္ခဏာများ✔️

>>>အသစ်ထွက်လာတဲ့အညွှန့် သို့မဟုတ် အရွက်တွေမှာပုပ်ရိပြီး ကျန်အရွက်များ၊ဥယောင်ပင်စည်များနဲ့  အမြစ်များအထိ ပျံ့နှံ့ကူးစက်တတ်ပါတယ်။ စဖြစ်စမှာ ခရမ်းအညိုရောင်ဖြစ်ပြီးနောက်ပိုင်း အနက်ရောင် ပြောင်းသွားပါတယ်။


ဖြစ်ရတဲ့အကြောင်းအရင်း✔️

>>>ရေများပြီးPhytophtora cactorum နဲ့ pythium  ultimumမှိုများ ကျရောက်ပြီး ညိုးသေရောဂါ၊ခေါင်

      ပုပ်ရောဂါ(crown rot)နဲ့ ပင်စည်ပုပ်ရောဂါအစရှိတဲ့ မှိုရောဂါများ ဖြစ်တတ်ပါတယ်။ ကတ်တလီယာနဲ့

      လိပ်ပြာသစ်ခွတွေမှာ ဒီရောဂါကို ခံနိုင်ရည်မရှိပါ။


>>>ကာကွယ်၊ကုသနည်း✔️

      ရောဂါဖြစ်တဲ့ အပိုင်းကို ရောဂါကင်းတဲ့အပိုင်းမှ လက်မ၀က်အထိ ဖြတ်ပြစ်ရပါမယ်။ကိုင်းဖြတ်တဲ့  ကတ်ကြေး၊ဓားတွေကိုလည်း မှိုရောဂါကင်းဖို့ အရက်ပျံ့သုတ်၊မီးရှို့ပြီးမှ အသုံးပြုရပါမယ်။သစ်ခွ အပင်များကို စိုးထိုင်းဆနည်းပြီး ခြောက်သွေ့တဲ့ နေရာများမှာ ပြောင်းထားပါ။အပင် ပြန်ကျန်းမာလာတဲ့အထိ ရေကို ဂရုတစိုက် လောင်းပေးပါ။


-----------------------------------

၂)#အမြစ်ပုပ်မှိုရောဂါ (Pellicularia Root Rot Disease)


🔸လက္ခဏာများ🔸

>>>အညိုရောင်အမြစ်ပုပ်ခြင်းဟာ မြေလျှောက်ပင်စည် (Rhizome)မှတဆင့် ဥယောင်ပင်စည်သို့ ကူးစက်ပုပ်ပြီး သေစေနိုင်ပါတယ်။ဒီလက္ခဏာဟာ ဥ နဲ့ အရွက်များ ဝါလာတဲ့အချိန်မှ ရောဂါကျရောက်မှန်းသိရတတ်တာမျိုးပါ။


🔸ဖြစ်ရတဲ့အကြောင်းအရင်း🔸

>>>မြေစိုက်နဲ့ မြေအိုးဖြင့်စိုက်ပျိုးထားတဲ့ သစ်ခွပင်တွေမှာ ရေစီးဆင်းမှုမကောင်းဘဲ ရေ၀ပ်ခြင်းကြောင့်မှိုကျပြီး ရောဂါဖြစ်တတ်ပါတယ် ။


🔸ကာကွယ်ကုသနည်း🔸

>>>ရောဂါမကျမီ ရေမ၀ပ်စေရန် ဂရုတစိုက် ရေလောင်းပေးရပါမယ်။ရောဂါဖြစ်လာရင် ဥအတက်ကို အမြန်ဆုံးဖယ်ရှားပြီး မှိုသတ်ဆေးဖြန်းပေးရပါမယ်။


----------------------------------

(၃)#ဘတ်တီးရီးယားအညိုပြောက်ရောဂါ(Bacteria Brown Spot)


🔹လက္ခဏာများ🔹

>>>အထူးသဖြင့် လိပ်ပြာသစ်ခွတွေမှာ အရွက်သစ်ရှူးများ ပျော့ကျပြီး ပုပ်တဲ့အနံ့မျိုး ထွက်လာတတ်ပါတယ်။


🔹အကြောင်းအရင်း🔹

>>>Pseudomonas,Erwinia,Phytomonas ဘတ်တီးရီးယားများ ကျရောက်ခြင်းကြောင့်ဖြစ်တယ်။


🔹ကာကွယ်ကုသနည်း🔹

>>>ရောဂါဖြစ်တဲ့ အပင်အစိတ်အပိုင်းများအားလုံးကို ချက်ချင်းဖယ်ထုတ်ပြီး Streptomycin Sulphate

      ဘတ်တီးယားရီးယားပိုးသတ်ဆေးကို ဖြန်းပေးရပါမယ်။

-----------------------------------


(၄)#ပွင့်ချပ်ခြောက်ရောဂါ(Petal Blight)


◾လက္ခဏာများ◾

>>>ပန်းပွင့်ရဲ့ ပွင့်ချပ်နဲ့ ပွင့်ဖတ်တွေမှာ နီညိုရောင် (သို့)   ပန်းရောင် အစက်အပျောက်လေးများကို တွေ့ရပါတယ်။


◾အကြောင်းအရင်း◾

>>>စိုထိုငိးဆများပြီး  Botrytis Cinereaမှိုကြောင့်ဖြစ်တတ်တယ်။


◾ကာကွယ်၊ကုသနည်း◾

>>>‌ရောဂါဖြစ်နေတဲ့ ပန်းပွင့်များကို ဖယ်ရှားပါ။စိုထိုင်းဆလျော့ချပြီး လေ၀င်လေထွက်ကောင်းအောင်လုပ်ပေးပါ။ရေလောင်းတဲ့အခါ ပန်းပွင့်ပေါ် ရေမစင်ပါစေနဲ့။

----------------------------------


(၅)#ဗိုင်းရပ်စ်ရောဂါများ(Virus Diseases)


ဗိုင်းရပ်ရောဂါဟာ ကိုယ်တွယ်အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေနဲ့ ‌ဗိုင်းရပ်သယ်‌ဆောင်နိုင်တဲ့ ပိုးမွှားများ(ပျပိုး၊ဖြုတ်)မှ တဆင့် ပျံ့နှံ့ကူးစက်ပါတယ်။ဗိုင်းရပ်စ်ကျရောက်နေမှန်း ဓာတ်ခွဲခန်းမှတဆင့်သိနိုငိပါတယ်။

ဗိုင်းရပ်စ်ကျရောက်နေရင် အပင်ကြီးထွားမှုညံ့ခြင်း၊ပန်းထွက်နှုန်းကျဆင်းခြင်းသာဖြစ်ပြီး အပင်မသေပါ။ကုသဖို့ဆေးမရှိဘဲ ကာကွယ်နည်းသာ ရှိပါတယ်။


သစ်ခွတွေမှာကျရောက်တတ်တဲ့ ဗိုင်းရပ်စ်များမှာ-

♦️ Cymbidium Mosaic Virus

♦️ Cymbidium Necrotic Ringspot Virus

♦️ Tobacco Mosaic Virus

♦️ Odontoglossum Ringspot Virusတို့ဖြစ်တယ်။


#ဗိုင်းရပ်စ်ရောဂါလက္ခဏာတွေဟာ_ခွဲခြားဖို့ခက်ခဲတယ်


✔️အပင်ပုံသဏ္ဍာန် မမှန်ခြင်း

✔️အပွင့်အရောင် မမှန်ခြင်း

✔️အရွက်ဝါခြင်း သို့မဟုတ်

✔️အဝါရောင်အကွက်ဝိုင်းများ(Clorotic Ringspot)

✔️အရွက်တွန့်လိပ်နေခြင်း

✔️အရွက်တရွက်ပူးကပ်ပြီး အပင်ပုခြင်း

✔️အရွက် အစိမ်းအမှောင် အရောင်ပြောင်းတတ်ခြင်း။


#ဗိုင်းရပ်စ်ရောဂါကာကွယ်နည်း


ဗိုင်းရပ်စ်ရောဂါကို ဆေးများဖြင့် ပက်ဖြန်း ကာကွယ်၍မရပါ။ရောဂါနုနေတဲ့အချိန် သေချာစိုက်ပျိုးပြုစုမယ်၊မြေဩဇာပုံမှန်ကျွေးမယ်ဆိုရင် အနည်းငယ်နှိမ်နင်းနိုင်ပါတယ်။ ဗိုင်းရပ်စ်မပျံ့နှံ့ဖို့ ပန်းပွင့်အထွက်ကျဆင်းနေတဲ့ အပင်အိုးများကို ဖယ်ရှားပစ်ရပါမယ်။ ထိုင်းမှာဆို ပန်းပွင့်လာရင် ကိုင်းဖြတ်ရောင်းပစ်ပြီး အတက်အသစ်ထွက်ခိုင်းကြပါတယ်။သစ်ခွစိုက်ခင်းမှာ အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေကို သန့်သန့်ရှင်းရှင်းထားရမယ်။အသုံးမပြုမီ ပိုးသတ်ရမယ်။

ဗိုင်းရပ်စ်သယ်ဆောင်လာနိုင်တဲ့ ပိုးမွှားတွေကို နှိမ်နင်းရမယ်။

----------------------------------




မှတ်ချက်။ ။ဗိုင်းရပ်စ်ကို ကာကွယ်လို့မရပေမယ့် မှိုရောဂါမကျအောင်ကာကွယ်လို့ရပါတယ်။ ၁၅ရက်တခါ မှိုဆေးပုံမှန်ဖြန်းပေးပါ။ခုလို

                 မိုးရာသီမှာဆိုရင်တော့ ၁၀ရက်တခါ ပုံမှန် မှိူဆေးဖြန်းပေးပါ။

 မှိုဆေးက အပူဖြစ်တဲ့အတွက် ညနေခငိး ရေ၀အောင် လောင်းပြီးမှ ဖြန်းပါ။ဆေးလက်ဖက်စားတစ်ဇွန်းကို ရေငါးလီတာလောက်နဲ့ ဖြန်းပါ။လိပ်ပြာက တခြားသစ်ခွတွေထက် ဆေးဒဏ်တွေမခံနိုင်တာကို အထူးသတိပြုပြီး ဖြန်းပါ။

------------------------------------


#သစ်ခွပင်တွင်_ကျရောက်တတ်သော_ပိုးမွှားများ Pests


(၁)ပုရွက်ဆိတ်များ(Ants)

  သစ်ခွပင်တွင်ကျရောက်တဲ့ ပျပိုးကောင်များရဲ့ဖင်ကနေထွက်တဲ့ အချိုရည်ကို စုပ်ယူလေ့ရှိတယ်။ပန်းအိုးများ အေးလို့လည်း ၀င်ရောက် နေလေ့ရှိတယ်။ သစ်ခွပင်ကို အန္တာရယ်မပြုပေမယ့် တပင်မှတပင်သို့ ရောဂါပိုးမွှားများ သယ်‌ဆောင်တတ်ပါတယ်။အိမ်သုံးပုရွတ်ဆိတ် ပိုးသတ်ဆေးကို မသုံးပါနဲ့။သုံးလိုလျှင်သစ်ခွစင်အောက်နဲ့ ပတ်ဝန်းကျင်ကိုသာ ဖြန်းပါ။


(၂)ပျများ(Aphids)

  အပင်ရည်(Plant Sap)ကို စုပ်ယူတယ်။ပျဖျင်မှ ထွက်တဲ့အချိုရည်နဲ့ ပုရွတ်ဆိတ်တွေကြောင့် အရွက်မျက်နှာပြင်တွေမှာ ကြပ်ခိုးလို ညစ်ပေတတ်တဲ့(Sooty Mould)မှိုရောဂါဖြစ်စေတယ်။ဒါ့အပြင်ပျတွေဟာ ဗိုင်းရပ်စ်virusတွေကိုလည်း သယ်ဆောင်သေးတယ်။ပျစကျပြီဆိုရင် ဆပ်ပြာရည်ပျော့ပျော့ကိုရေနွေးမှာဖျော်ပြီး ဆေးကြောရှင်းလင်းပေးရမယ်။ ပျကျရင် ပိုးသတ်ဆေးနဲ့ မှိုသတ်ဆေး တွဲဖြန်းပေးပါ။


(၃)မွှားများ(Mites)

 သစ်ခွအရွက်အောက်တွေမှာ ကျရောက်တတ်ပြီး ပင်ရည်ကို စုပ်ယူထားသဖြင့် အဖြူရောင်အကွက်များ ထူပိန်းနေပြီး ညိုညစ်ညစ်အရောင်မှ တဖြည်းဖြည်း အမည်းရောင်ပြောင်းကာ အရွက်သေစေနိုင်ပါတယ်။ မွှားတွေဟာ ပိုးသတ်ဆေးဒဏ်ခံနိုင်လို့ မွှားအတွက် သီသန့်ဆေး (Acaricides)ကိုဖြန်းပေးရမယ်။ဆေးဖြန်းတဲ့အခါ အရွက်အောက်နေ ပင့်ပြီးဖြန်းပေးရမယ်။


(၄)ဒက်ပိုးများ(Mealy Bugs)

အဖြူရောင်ကိုယ်ထည်ရှိပြီး အရွက်နဲ့ပင်စည်မှာ တွယ်ကပ်ကာ အပင်ရည်ကို စုပ်စားလေ့ရှိတယ်။  ခေါင်ရမ်း၊ရွက်လှပင်တွေမှာ ပိုမိုကျရောက်တတ်ပြီး အဲ့ဒီအပင်တွေကနေ သစ်ခွပင်ကို ကူးလာတတ်တယ် သစ်ကြမ်းပိုးခေါက်၊ သစ်ကြမ်းပိုးမှုန့်ကိုရေနဲ့ဖျော်ပြီး     ပက်ဖြန်းပေးပါ။


(၅)လှေး (Thrips)

ပန်းပွင့်တွေမှာ အများဆုံးကျရောက်တတ်ပြိး အဖူးမအောင်ဘဲ ညှိုးသွားတတ်ပါတယ်။ပန်းပွင့်လာရင် အညိုရောင်အနာများ ပွင့်ဖတ်အနား တွေမှာ တွေ့ရပြီး ပန်းပွင့်ရည်ကိုစုပ်ယူတတ်လို့ အပွင့်ခြောက်သွားတတ်တယ်။ အထက်မှာရေးပြခဲ့တဲ့ဆေးနည်းတွေ အတိုင်း လုပ်ပေးလို့ ရပါတယ်။


(၆)အကြေးပိုး(Scale Insects)

အရွက်၊ပင်စည်တွေမှာ ၁လက်မရဲ့သုံးပုံတစ်ပုံ      အရွယ်အကြေးပိုးလေးတွေဟာ တွယ်ကပ်ပြီး အပင်      ရည်ကို စုပ်ယူကြပါတယ်။ပျ လိုပဲ  အချိုရည်ထုတ် အရွက်နဲ့ပင်စည်တွေ ညစ်ပေစေပါတယ်။ပြီးတော့ ပုရွတ်ဆိတ်များလည်း လာရောက်တတ်ပါတယ်။    အကြေးပိုးတွေကို လက်နဲ့ ခွါထုတ်လို့လဲရတယ်။ အရက်ပျံဆွတ်ထားတဲ့ဂွမ်းနဲ့ ဖယ်ရှားလို့လဲရပါတယ်။


(၇)ခရု၊ပက်ကျိ (Snails and Slugs🐌)

ညအချိန်မှာ ထွက်လာတတ်ပြီး အမြစ်ထိပ်ဖျား၊     အရွက်နုများကို စားသောက်တတ်ပါတယ်။လက်ဖြင့်     ကောက်ယူပြီး ဖယ်ရှားနိုင်ပါတယ်။ အမြစ်တွဲလောင်း ချစိုက်ပျိုးကြတဲ့ ဗန်ဒါပင်တွေအထူးသတိပြုပါ။

    

အထက်ပါပိုးမွှားလေးတွေကို မှိုဆေးဖြန်းပုံမှန်ဖြန်းပြီးကာကွယ်နိုင်ပါတယ်။မှိုဆေးဟာ အနံ့အသကိပြင်းလို့ပိုးမွှားတွေအလွယ်တကူ မလာရောက်နိုင်ပါဘူး။

-----------------------------------


#ဈေးကွက်ထဲက_ရောဂါများ


အဆဲခံရမယ်ထင်တယ်။အဟိ😁 အမှန်တရားကို ရေးတာမို့ မကြောက်ပါဘူး။ပြီးတော့ဘယ်သူ့မှအပုပ်ချတာမဟုတ်ဘူး။ကိုယ်ရောင်းတဲ့အထဲ

ကိုယ်မြင်လို့ ကိုယ်ရေးတာ😌😌။၀ယ်သူတွေသတိထားဖို့ပါ။


ဈေးကွက်ထဲမှာ ထိုင်းကလာတဲ့ ဒန်ဒို၊ဗန်ဒါဆို တချို့ခြံတွေက မှိုဆေးသေချာမဖြန်းလို့ အပင်မှိုကျနေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ တချို့ခြံတွေကျတော့ ရောဂါကင်းစင်ပြီး ရောင်းရတာ အတော် စိတ်ချမ်းသာရာရပါတယ်။ တရုတ်ကြတော့လည်း နုလိုက်တာ😑။ တရုတ်ပန်းတွေဆိုရင် ကိုယ့်ဒေသနဲ့နေသားကျအောင် နေကို ဖြည်းဖြည်းချင်း ပြပါ။သူတို့က Green Houseနဲ့စိုက်တာများလို့ အပင်တွေက နုကြပါတယ်။


ဈေးဝယ်တဲ့သူတွေအနေနဲ့ ဘယ်သူ့ဆီက၀ယ်ဝယ် Onlineကအများစုဝယ်တာဖြစ်တဲ့အတွက် အပင်အသစ် တွေကိုယ့်ဆီရောက်ရင် အိမ်မှာရှိတဲ့အပင်တွေနဲ့ ရောပြီးပူးပူးကပ်ကပ်မထားပါနဲ့။ 


ကျန်မားရေးစကားနဲ့ပြောရမယ်ဆိုရင် အရင်ဆုံး Quarantine (သီးသန့်ခွဲ)ထားပေးပြီး နောက်ရက် မှိုဆေးကို တပင်လုံးနေရာလပ်မချန်ဖြန်းပါ။ အပွင့်နဲ့အဖူးကိုတော့ ရှောင်ပေါ့။ ဘယ်လောက်သန့်တဲ့ အပင်ဖြစ်ပါစေ မှိူဆေးအရင်ဖြန်းပေးပါ။ပါဆယ်ထုပ်တဲ့အခါ ရောင်းတဲ့သူက စက္ကူသန့် တာနဲ့ထုပ်ပေးပါတယ်လို့ အာမမခံနိုင်လို့ပါ။


၂ပတ်၂ခါလောက်ဖြန်းပြီးမှ ရောထားပါ။ အရွက်ဝါတာ၊အမည်းစက်တွေများနေတာမျိုးကို ညှပ်ပစ်တာမျိုး၊အရွက်ဖြုတ်ပစ်တာမျိုးလုပ်ပေးပါ။ ညှပ်ပြစ်တဲ့နေရာတွေကနေ ရောဂါမ၀င်အောင် ထုံးတို့ကာ အခြောက်ခံတာမျိူး ပြုလုပ်ပေးပါ။


လိပ်ပြာအပင်တွေဆို ရှာလကာရည်တဆ ရေနှစ်ဆရောပြီး အရွက်အပေါ်အောက် ကို ဖော့တုံး သို့မဟုတ် ဂွမ်းလေးနဲ့ ဆေးကြောပေးပါ။


#ပိုးမွှားကြောင့်မဟုတ်ဘဲ_စိုက်ပျိုးနည်းမှားလို့_ဖြစ်တတဲ့ပြဿနာလေးတွေကို_နောက်မှဆွေးနွေးပေးပါမယ်။

---------------------------------


ရေးသားသူ>>>   ကျော်ချမ်းငြိမ်

                      ☎️09447443424☎️

                   မရမ်းကုန်းအမှတ်၃၊ရန်ကုန်မြို့။

                 {စာလည်းဖတ်၊ဈေးလည်းဝယ်💓}


References;ဆရာကြီးမင်းဝင်ထိန်(B.Ag)

                   Drစိန်လှဗိုလ်

                   Wikipedia

                   Siamese Orchid Farm


[Zawgyi]သစ္ခြပင္တြင္_က်ေရာက္တတ္ေသာ_ေရာဂါမ်ားနဲ႔ပိုးမႊားမ်ား




သစ္ခြမွာျဖစ္တတ္တဲ့ေရာဂါေတြဟာ စိုက္ပ်ိဳးျပဳစုနည္းမွားတာရယ္၊ပိုးမႊားေတြေၾကာင့္ရယ္ဆိုၿပီး ႏွစ္ခ်က္ရိွပါတယ္။ႏွစ္ခ်က္စလံုး သိသင့္စရာေတြခ်ည္းပါပဲ။ပထမတခ်က္ကို ေနာက္မွ အလ်င္းသင့္သလိုေဆြးေနြးေပးပါမယ္။ခု‌....ပိုးမႊားေတြေၾကာင့္ျဖစ္တတ္တဲ့ အေၾကာင္းေလးေရးပါမယ္။


အေၾကာင္းအရင္းသံုးခုရိွပါတယ္။

၁)မိႈေၾကာင့္ျဖစ္တတ္တယ္(Fungi)

၂)ဘတ္တီးရီးယား(Bacteria 🦠)

၃)ဗိုင္းရပ္စ္ (Virus🦠)


ဒီအေၾကာင္းရင္းသံုးခုေၾကာင့္

အပင္ရဲ့အစိတ္အပိုင္းေတြမွာ ပုပ္ရိျခင္း(Rot)၊အရြက္နဲ႔အပြင့္ေတြမွာ အစက္အေပ်ာက္မ်ားျဖစ္ျခင္းမ်ား က်ေရာက္တတ္ပါတယ္။ ပိုးမႊားေတြဟာ ေလ၊မိုး၊အင္းဆက္(insects)နဲ႔ကိရိယာတန္ဆာပလာေတြမွာ ကပ္ပါၿပီး ျဖတ္ေတာက္ထားတဲ့ဒဏ္ရာေတြနဲ႔ ေလ၀င္ေပါက္ေတြမွ တဆင့္ဝင္ ေရာက္ၿပီး ပ်ံ့ႏွံ႔လာတတ္တာမ်ိဳးျဖစ္ပါတယ္။


အျဖစ္မ်ားေလ့ရိွတာကေတာ့ ေလ၀င္ေလထြက္ညံ့ၿပီး စိုထိုင္းဆမ်ားတဲ့ခုလို မိုးရာသီမွာ အျဖစ္မ်ားေလ့ရိွပါတယ္။

ကဲ ဘာေတြဘယ္လိုျဖစ္လာၿပီး ဘယ္လိုကုသၾကမလဲ၊ဘယ္လိုကာကြယ္ၾကမလဲဆိုတာကို ၾကၫ့္ၾကရေအာင္။


-------------------------------

(၁)#မဲပုပ္ေရာဂါ(Black Rot⚫)


လကၡဏာမ်ား✔️

>>>အသစ္ထြက္လာတဲ့အၫႊန႔္ သို႔မဟုတ္ အရြက္ေတြမွာပုပ္ရိၿပီး က်န္အရြက္မ်ား၊ဥေယာင္ပင္စည္မ်ားနဲ႔  အျမစ္မ်ားအထိ ပ်ံ့ႏွံ႔ကူးစက္တတ္ပါတယ္။ စျဖစ္စမွာ ခရမ္းအညိုေရာင္ျဖစ္ၿပီးေနာက္ပိုင္း အနက္ေရာင္ ေျပာင္းသြားပါတယ္။


ျဖစ္ရတဲ့အေၾကာင္းအရင္း✔️

>>>ေရမ်ားၿပီးPhytophtora cactorum နဲ႔ pythium  ultimumမိႈမ်ား က်ေရာက္ၿပီး ညိုးေသေရာဂါ၊ေခါင္

      ပုပ္ေရာဂါ(crown rot)နဲ႔ ပင္စည္ပုပ္ေရာဂါအစရိွတဲ့ မိႈေရာဂါမ်ား ျဖစ္တတ္ပါတယ္။ ကတ္တလီယာနဲ႔

      လိပ္ျပာသစ္ခြေတြမွာ ဒီေရာဂါကို ခံႏိုင္ရည္မရိွပါ။


>>>ကာကြယ္၊ကုသနည္း✔️

      ေရာဂါျဖစ္တဲ့ အပိုင္းကို ေရာဂါကင္းတဲ့အပိုင္းမွ လက္မ၀က္အထိ ျဖတ္ျပစ္ရပါမယ္။ကိုင္းျဖတ္တဲ့  ကတ္ေၾကး၊ဓားေတြကိုလည္း မိႈေရာဂါကင္းဖို႔ အရက္ပ်ံ့သုတ္၊မီးရိႈ႔ၿပီးမွ အသံုးျပဳရပါမယ္။သစ္ခြ အပင္မ်ားကို စိုးထိုင္းဆနည္းၿပီး ေျခာက္ေသြ့တဲ့ ေနရာမ်ားမွာ ေျပာင္းထားပါ။အပင္ ျပန္က်န္းမာလာတဲ့အထိ ေရကို ဂရုတစိုက္ ေလာင္းေပးပါ။


-----------------------------------

၂)#အျမစ္ပုပ္မိႈေရာဂါ (Pellicularia Root Rot Disease)


🔸လကၡဏာမ်ား🔸

>>>အညိုေရာင္အျမစ္ပုပ္ျခင္းဟာ ေျမေလ်ွာက္ပင္စည္ (Rhizome)မွတဆင့္ ဥေယာင္ပင္စည္သို႔ ကူးစက္ပုပ္ၿပီး ေသေစႏိုင္ပါတယ္။ဒီလကၡဏာဟာ ဥ နဲ႔ အရြက္မ်ား ဝါလာတဲ့အခ်ိန္မွ ေရာဂါက်ေရာက္မွန္းသိရတတ္တာမ်ိဳးပါ။


🔸ျဖစ္ရတဲ့အေၾကာင္းအရင္း🔸

>>>ေျမစိုက္နဲ႔ ေျမအိုးျဖင့္စိုက္ပ်ိဳးထားတဲ့ သစ္ခြပင္ေတြမွာ ေရစီးဆင္းမႈမေကာင္းဘဲ ေရ၀ပ္ျခင္းေၾကာင့္မိႈက်ၿပီး ေရာဂါျဖစ္တတ္ပါတယ္ ။


🔸ကာကြယ္ကုသနည္း🔸

>>>ေရာဂါမက်မီ ေရမ၀ပ္ေစရန္ ဂရုတစိုက္ ေရေလာင္းေပးရပါမယ္။ေရာဂါျဖစ္လာရင္ ဥအတက္ကို အျမန္ဆံုးဖယ္ရွားၿပီး မိႈသတ္ေဆးျဖန္းေပးရပါမယ္။


----------------------------------

(၃)#ဘတ္တီးရီးယားအညိုေျပာက္ေရာဂါ(Bacteria Brown Spot)


🔹လကၡဏာမ်ား🔹

>>>အထူးသျဖင့္ လိပ္ျပာသစ္ခြေတြမွာ အရြက္သစ္ရႉးမ်ား ေပ်ာ့က်ၿပီး ပုပ္တဲ့အနံ႔မ်ိဳး ထြက္လာတတ္ပါတယ္။


🔹အေၾကာင္းအရင္း🔹

>>>Pseudomonas,Erwinia,Phytomonas ဘတ္တီးရီးယားမ်ား က်ေရာက္ျခင္းေၾကာင့္ျဖစ္တယ္။


🔹ကာကြယ္ကုသနည္း🔹

>>>ေရာဂါျဖစ္တဲ့ အပင္အစိတ္အပိုင္းမ်ားအားလံုးကို ခ်က္ခ်င္းဖယ္ထုတ္ၿပီး Streptomycin Sulphate

      ဘတ္တီးယားရီးယားပိုးသတ္ေဆးကို ျဖန္းေပးရပါမယ္။

-----------------------------------


(၄)#ပြင့္ခ်ပ္ေျခာက္ေရာဂါ(Petal Blight)


◾လကၡဏာမ်ား◾

>>>ပန္းပြင့္ရဲ့ ပြင့္ခ်ပ္နဲ႔ ပြင့္ဖတ္ေတြမွာ နီညိုေရာင္ (သို႔)   ပန္းေရာင္ အစက္အေပ်ာက္ေလးမ်ားကို ေတြ့ရပါတယ္။


◾အေၾကာင္းအရင္း◾

>>>စိုထိုငိးဆမ်ားၿပီး  Botrytis Cinereaမိႈေၾကာင့္ျဖစ္တတ္တယ္။


◾ကာကြယ္၊ကုသနည္း◾

>>>‌ေရာဂါျဖစ္ေနတဲ့ ပန္းပြင့္မ်ားကို ဖယ္ရွားပါ။စိုထိုင္းဆေလ်ာ့ခ်ၿပီး ေလ၀င္ေလထြက္ေကာင္းေအာင္လုပ္ေပးပါ။ေရေလာင္းတဲ့အခါ ပန္းပြင့္ေပၚ ေရမစင္ပါေစနဲ႔။

----------------------------------


(၅)#ဗိုင္းရပ္စ္ေရာဂါမ်ား(Virus Diseases)


ဗိုင္းရပ္ေရာဂါဟာ ကိုယ္တြယ္အသံုးျပဳတဲ့ ပစၥည္းကိရိယာေတြနဲ႔ ‌ဗိုင္းရပ္သယ္‌ေဆာင္ႏိုင္တဲ့ ပိုးမႊားမ်ား(ပ်ပိုး၊ျဖဳတ္)မွ တဆင့္ ပ်ံ့ႏွံ႔ကူးစက္ပါတယ္။ဗိုင္းရပ္စ္က်ေရာက္ေနမွန္း ဓာတ္ခြဲခန္းမွတဆင့္သိႏိုငိပါတယ္။

ဗိုင္းရပ္စ္က်ေရာက္ေနရင္ အပင္ႀကီးထြားမႈညံ့ျခင္း၊ပန္းထြက္ႏႈန္းက်ဆင္းျခင္းသာျဖစ္ၿပီး အပင္မေသပါ။ကုသဖို႔ေဆးမရိွဘဲ ကာကြယ္နည္းသာ ရိွပါတယ္။


သစ္ခြေတြမွာက်ေရာက္တတ္တဲ့ ဗိုင္းရပ္စ္မ်ားမွာ-

♦️ Cymbidium Mosaic Virus

♦️ Cymbidium Necrotic Ringspot Virus

♦️ Tobacco Mosaic Virus

♦️ Odontoglossum Ringspot Virusတို႔ျဖစ္တယ္။


#ဗိုင္းရပ္စ္ေရာဂါလကၡဏာေတြဟာ_ခြဲျခားဖို႔ခက္ခဲတယ္


✔️အပင္ပံုသ႑ာန္ မမွန္ျခင္း

✔️အပြင့္အေရာင္ မမွန္ျခင္း

✔️အရြက္ဝါျခင္း သို႔မဟုတ္

✔️အဝါေရာင္အကြက္ဝိုင္းမ်ား(Clorotic Ringspot)

✔️အရြက္တြန႔္လိပ္ေနျခင္း

✔️အရြက္တရြက္ပူးကပ္ၿပီး အပင္ပုျခင္း

✔️အရြက္ အစိမ္းအေမွာင္ အေရာင္ေျပာင္းတတ္ျခင္း။




#ဗိုင္းရပ္စ္ေရာဂါကာကြယ္နည္း


ဗိုင္းရပ္စ္ေရာဂါကို ေဆးမ်ားျဖင့္ ပက္ျဖန္း ကာကြယ္၍မရပါ။ေရာဂါႏုေနတဲ့အခ်ိန္ ေသခ်ာစိုက္ပ်ိဳးျပဳစုမယ္၊ေျမဩဇာပံုမွန္ေကြၽးမယ္ဆိုရင္ အနည္းငယ္ႏိွမ္နင္းႏိုင္ပါတယ္။ ဗိုင္းရပ္စ္မပ်ံ့ႏွံ႔ဖို႔ ပန္းပြင့္အထြက္က်ဆင္းေနတဲ့ အပင္အိုးမ်ားကို ဖယ္ရွားပစ္ရပါမယ္။ ထိုင္းမွာဆို ပန္းပြင့္လာရင္ ကိုင္းျဖတ္ေရာင္းပစ္ၿပီး အတက္အသစ္ထြက္ခိုင္းၾကပါတယ္။သစ္ခြစိုက္ခင္းမွာ အသံုးျပဳတဲ့ ပစၥည္းကိရိယာေတြကို သန႔္သန႔္ရွင္းရွင္းထားရမယ္။အသံုးမျပဳမီ ပိုးသတ္ရမယ္။

ဗိုင္းရပ္စ္သယ္ေဆာင္လာႏိုင္တဲ့ ပိုးမႊားေတြကို ႏိွမ္နင္းရမယ္။

----------------------------------

မွတ္ခ်က္။ ။ဗိုင္းရပ္စ္ကို ကာကြယ္လို႔မရေပမယ့္ မိႈေရာဂါမက်ေအာင္ကာကြယ္လို႔ရပါတယ္။ ၁၅ရက္တခါ မိႈေဆးပံုမွန္ျဖန္းေပးပါ။ခုလို

                 မိုးရာသီမွာဆိုရင္ေတာ့ ၁၀ရက္တခါ ပံုမွန္ မိွူေဆးျဖန္းေပးပါ။

 မိႈေဆးက အပူျဖစ္တဲ့အတြက္ ညေနခငိး ေရ၀ေအာင္ ေလာင္းၿပီးမွ ျဖန္းပါ။ေဆးလက္ဖက္စားတစ္ဇြန္းကို ေရငါးလီတာေလာက္နဲ႔ ျဖန္းပါ။လိပ္ျပာက တျခားသစ္ခြေတြထက္ ေဆးဒဏ္ေတြမခံႏိုင္တာကို အထူးသတိျပဳျပီး ျဖန္းပါ။

------------------------------------


#သစ္ခြပင္တြင္_က်ေရာက္တတ္ေသာ_ပိုးမႊားမ်ား Pests


(၁)ပုရြက္ဆိတ္မ်ား(Ants)

  သစ္ခြပင္တြင္က်ေရာက္တဲ့ ပ်ပိုးေကာင္မ်ားရဲ့ဖင္ကေနထြက္တဲ့ အခ်ိဳရည္ကို စုပ္ယူေလ့ရိွတယ္။ပန္းအိုးမ်ား ေအးလို႔လည္း ၀င္ေရာက္ ေနေလ့ရိွတယ္။ သစ္ခြပင္ကို အႏၲာရယ္မျပဳေပမယ့္ တပင္မွတပင္သို႔ ေရာဂါပိုးမႊားမ်ား သယ္‌ေဆာင္တတ္ပါတယ္။အိမ္သံုးပုရြတ္ဆိတ္ ပိုးသတ္ေဆးကို မသံုးပါနဲ႔။သံုးလိုလ်ွင္သစ္ခြစင္ေအာက္နဲ႔ ပတ္ဝန္းက်င္ကိုသာ ျဖန္းပါ။


(၂)ပ်မ်ား(Aphids)

  အပင္ရည္(Plant Sap)ကို စုပ္ယူတယ္။ပ်ဖ်င္မွ ထြက္တဲ့အခ်ိဳရည္နဲ႔ ပုရြတ္ဆိတ္ေတြေၾကာင့္ အရြက္မ်က္ႏွာျပင္ေတြမွာ ၾကပ္ခိုးလို ညစ္ေပတတ္တဲ့(Sooty Mould)မိႈေရာဂါျဖစ္ေစတယ္။ဒါ့အျပင္ပ်ေတြဟာ ဗိုင္းရပ္စ္virusေတြကိုလည္း သယ္ေဆာင္ေသးတယ္။ပ်စက်ၿပီဆိုရင္ ဆပ္ျပာရည္ေပ်ာ့ေပ်ာ့ကိုေရႏြေးမွာေဖ်ာ္ၿပီး ေဆးေၾကာရွင္းလင္းေပးရမယ္။ ပ်က်ရင္ ပိုးသတ္ေဆးနဲ႔ မိႈသတ္ေဆး တြဲျဖန္းေပးပါ။


(၃)မႊားမ်ား(Mites)

 သစ္ခြအရြက္ေအာက္ေတြမွာ က်ေရာက္တတ္ၿပီး ပင္ရည္ကို စုပ္ယူထားသျဖင့္ အျဖဴေရာင္အကြက္မ်ား ထူပိန္းေနၿပီး ညိုညစ္ညစ္အေရာင္မွ တျဖည္းျဖည္း အမည္းေရာင္ေျပာင္းကာ အရြက္ေသေစႏိုင္ပါတယ္။ မႊားေတြဟာ ပိုးသတ္ေဆးဒဏ္ခံႏိုင္လို႔ မႊားအတြက္ သီသန႔္ေဆး (Acaricides)ကိုျဖန္းေပးရမယ္။ေဆးျဖန္းတဲ့အခါ အရြက္ေအာက္ေန ပင့္ၿပီးျဖန္းေပးရမယ္။


(၄)ဒက္ပိုးမ်ား(Mealy Bugs)

အျဖဴေရာင္ကိုယ္ထည္ရိွၿပီး အရြက္နဲ႔ပင္စည္မွာ တြယ္ကပ္ကာ အပင္ရည္ကို စုပ္စားေလ့ရိွတယ္။  ေခါင္ရမ္း၊ရြက္လွပင္ေတြမွာ ပိုမိုက်ေရာက္တတ္ၿပီး အဲ့ဒီအပင္ေတြကေန သစ္ခြပင္ကို ကူးလာတတ္တယ္ သစ္ၾကမ္းပိုးေခါက္၊ သစ္ၾကမ္းပိုးမႈန႔္ကိုေရနဲ႔ေဖ်ာ္ၿပီး     ပက္ျဖန္းေပးပါ။


(၅)ေလွး (Thrips)

ပန္းပြင့္ေတြမွာ အမ်ားဆံုးက်ေရာက္တတ္ၿပိး အဖူးမေအာင္ဘဲ ၫွိုးသြားတတ္ပါတယ္။ပန္းပြင့္လာရင္ အညိုေရာင္အနာမ်ား ပြင့္ဖတ္အနား ေတြမွာ ေတြ့ရၿပီး ပန္းပြင့္ရည္ကိုစုပ္ယူတတ္လို႔ အပြင့္ေျခာက္သြားတတ္တယ္။ အထက္မွာေရးျပခဲ့တဲ့ေဆးနည္းေတြ အတိုင္း လုပ္ေပးလို႔ ရပါတယ္။


(၆)အေၾကးပိုး(Scale Insects)

အရြက္၊ပင္စည္ေတြမွာ ၁လက္မရဲ့သံုးပံုတစ္ပံု      အရြယ္အေၾကးပိုးေလးေတြဟာ တြယ္ကပ္ၿပီး အပင္      ရည္ကို စုပ္ယူၾကပါတယ္။ပ် လိုပဲ  အခ်ိဳရည္ထုတ္ အရြက္နဲ႔ပင္စည္ေတြ ညစ္ေပေစပါတယ္။ၿပီးေတာ့ ပုရြတ္ဆိတ္မ်ားလည္း လာေရာက္တတ္ပါတယ္။    အေၾကးပိုးေတြကို လက္နဲ႔ ခြါထုတ္လို႔လဲရတယ္။ အရက္ပ်ံဆြတ္ထားတဲ့ဂြမ္းနဲ႔ ဖယ္ရွားလို႔လဲရပါတယ္။


(၇)ခရု၊ပက္က်ိ (Snails and Slugs🐌)

ညအခ်ိန္မွာ ထြက္လာတတ္ၿပီး အျမစ္ထိပ္ဖ်ား၊     အရြက္ႏုမ်ားကို စားေသာက္တတ္ပါတယ္။လက္ျဖင့္     ေကာက္ယူၿပီး ဖယ္ရွားႏိုင္ပါတယ္။ အျမစ္တြဲေလာင္း ခ်စိုက္ပ်ိဳးၾကတဲ့ ဗန္ဒါပင္ေတြအထူးသတိျပဳပါ။

    

အထက္ပါပိုးမႊားေလးေတြကို မိႈေဆးျဖန္းပံုမွန္ျဖန္းၿပီးကာကြယ္ႏိုင္ပါတယ္။မိႈေဆးဟာ အနံ႔အသကိျပင္းလို႔ပိုးမႊားေတြအလြယ္တကူ မလာေရာက္ႏိုင္ပါဘူး။

-----------------------------------




#ေဈးကြက္ထဲက_ေရာဂါမ်ား


အဆဲခံရမယ္ထင္တယ္။အဟိ😁 အမွန္တရားကို ေရးတာမို႔ မေၾကာက္ပါဘူး။ၿပီးေတာ့ဘယ္သူ႔မွအပုပ္ခ်တာမဟုတ္ဘူး။ကိုယ္ေရာင္းတဲ့အထဲ

ကိုယ္ျမင္လို႔ ကိုယ္ေရးတာ😌😌။၀ယ္သူေတြသတိထားဖို႔ပါ။


ေဈးကြက္ထဲမွာ ထိုင္းကလာတဲ့ ဒန္ဒို၊ဗန္ဒါဆို တခ်ိဳ႕ၿခံေတြက မိႈေဆးေသခ်ာမျဖန္းလို႔ အပင္မိႈက်ေနတာမ်ိဳးေတြ ေတြ့ရတတ္ပါတယ္။ တခ်ိဳ႕ၿခံေတြက်ေတာ့ ေရာဂါကင္းစင္ၿပီး ေရာင္းရတာ အေတာ္ စိတ္ခ်မ္းသာရာရပါတယ္။ တရုတ္ၾကေတာ့လည္း ႏုလိုက္တာ😑။ တရုတ္ပန္းေတြဆိုရင္ ကိုယ့္ေဒသနဲ႔ေနသားက်ေအာင္ ေနကို ျဖည္းျဖည္းခ်င္း ျပပါ။သူတို႔က Green Houseနဲ႔စိုက္တာမ်ားလို႔ အပင္ေတြက ႏုၾကပါတယ္။


ေဈးဝယ္တဲ့သူေတြအေနနဲ႔ ဘယ္သူ႔ဆီက၀ယ္ဝယ္ Onlineကအမ်ားစုဝယ္တာျဖစ္တဲ့အတြက္ အပင္အသစ္ ေတြကိုယ့္ဆီေရာက္ရင္ အိမ္မွာရိွတဲ့အပင္ေတြနဲ႔ ေရာၿပီးပူးပူးကပ္ကပ္မထားပါနဲ႔။ 


က်န္မားေရးစကားနဲ႔ေျပာရမယ္ဆိုရင္ အရင္ဆံုး Quarantine (သီးသန႔္ခြဲ)ထားေပးၿပီး ေနာက္ရက္ မိႈေဆးကို တပင္လံုးေနရာလပ္မခ်န္ျဖန္းပါ။ အပြင့္နဲ႔အဖူးကိုေတာ့ ေရွာင္ေပါ့။ ဘယ္ေလာက္သန႔္တဲ့ အပင္ျဖစ္ပါေစ မိွူေဆးအရင္ျဖန္းေပးပါ။ပါဆယ္ထုပ္တဲ့အခါ ေရာင္းတဲ့သူက စကၠူသန႔္ တာနဲ႔ထုပ္ေပးပါတယ္လို႔ အာမမခံႏိုင္လို႔ပါ။


၂ပတ္၂ခါေလာက္ျဖန္းၿပီးမွ ေရာထားပါ။ အရြက္ဝါတာ၊အမည္းစက္ေတြမ်ားေနတာမ်ိဳးကို ၫွပ္ပစ္တာမ်ိဳး၊အရြက္ျဖဳတ္ပစ္တာမ်ိဳးလုပ္ေပးပါ။ ၫွပ္ျပစ္တဲ့ေနရာေတြကေန ေရာဂါမ၀င္ေအာင္ ထံုးတို႔ကာ အေျခာက္ခံတာမ်ိူး ျပဳလုပ္ေပးပါ။


လိပ္ျပာအပင္ေတြဆို ရွာလကာရည္တဆ ေရႏွစ္ဆေရာၿပီး အရြက္အေပၚေအာက္ ကို ေဖာ့တံုး သို႔မဟုတ္ ဂြမ္းေလးနဲ႔ ေဆးေၾကာေပးပါ။


#ပိုးမႊားေၾကာင့္မဟုတ္ဘဲ_စိုက္ပ်ိဳးနည္းမွားလို႔_ျဖစ္တတဲ့ျပႆနာေလးေတြကို_ေနာက္မွေဆြးေနြးေပးပါမယ္။

---------------------------------


ေရးသားသူ>>>   ေက်ာ္ခ်မ္းၿငိမ္

                      ☎️09447443424☎️

                   မရမ္းကုန္းအမွတ္၃၊ရန္ကုန္ၿမိဳ႔။

                 {စာလည္းဖတ္၊ေဈးလည္းဝယ္💓}


References;ဆရာႀကီးမင္းဝင္ထိန္(B.Ag)

                   Drစိန္လွဗိုလ္

                   Wikipedia

                   Siamese Orchid Farm

No comments: