Sunday, June 6, 2021

မကြည်အောင်

 [Unicode]မကြည်အောင်




#biography

#Sketch_of_Ma_Kyi_Aung

#Singer

#အတ္ထုပတ္တိ


(ဓာတ်ပြားရွှေခေတ်တုန်းက နာမည်ကျော်ခဲ့တဲ့ အဆိုတော်ကြီး မကြည်အောင်အကြောင်းကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရတာ ပြန်လည်ဝေငှချင်မိတာကြောင့် တင်ပေးပါ့မယ်။ မပြည့်စုံတဲ့သတင်းအချက်အလက်နဲ့ တစ်စုံတစ်ခုမှားယွင်းခဲ့လျှင် ထပ်ဆင့်ဝေငှတဲ့ ကျွန်တော့်ချို့ယွင်းချက်ကြောင့်လို့ပြောနိုင်ပါတယ် ခင်ဗျ။)


အမည်ရင်းမှာ မခင်ကြည်ဖြစ်သည်။ ၁၂၆၁ခုနှစ်တွင် ပုဇွန်တောင်၊ စက်ဆန်းရပ်ကွက်၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက အနုပညာ ၀ါသနာ ကြီးခဲ့ပြီး အဘိုး(အဖေ၏ဖခင်)ဦးအောင်ရထံမှ သဘင်ဂီတဗဟုသုတများ ကြားနာမှတ်သားခဲ့ဘူးသည်။ ပုဇွန်တောင်ရပ်ကွက် အလှူပွဲ ၊ ဆွမ်းကြီးလောင်းပွဲများတွင် အပျော်တမ်းအငြိမ့်သီချင်းများ သီဆိုကပြခဲ့ရာမှ နာမည်ရလာကာ လူရွှင်တော်ကြီး ဦးကျော်ရွဲ့၏ အငြိမ့်အဖွဲ့တွင် စတင်ကပြခဲ့သည်။ ၄င်းနောက် အမည်ရင်း မခင်ကြည် အမည်ပျောက်၍ ချန်ပီယံ မကြည်အောင်ဟု အမည်သစ်ဖြင့် ထင်ရှားလာခဲ့သည်။ အငြိမ့်လောကတွင် (၇)နှစ်မျှကပြခဲ့ပြီး အသက် (၂၂)နှစ်တွင် ဧရာဝတီ သဘောင်္ာစာရေး ကိုဘနှစ်ဆိုသူနှင့် အိမ်ထောင်ပြုခဲ့သည်။ ကိုဘနှစ်မှာလည်း စက်ဆန်းဇာတိဖြစ်သည်။ အရပ်မင်းသားဟု အနုပညာရပ်၌ ကျော်ကြားသူဖြစ်လေရာ လင်ရောမယားပါ ၀ါသနာတူညီသည်။ သူတို့၏နေအိမ်တွင် အနုပညာသည်အများစုတို့ ဆုံဆည်းကြတော့သည်။


အရှေ့ပိုင်းဆရာချစ်၏ ဆက်သွယ်ပေးမှုကြောင့် ချန်ပီယံ မကြည်အောင်မှာ ခွေးတံဆိပ်ဓာတ်ပြားကုမ္ပဏီတွင် ဓာတ်ပြားအဆိုတော် ဖြစ်လာရသည်။ ခွေးတံဆိပ်ဓာတ်ပြားတွင် “ကိုလေအိုး”သီချင်းမှာ တိုင်းပြည်တစ်ဝှမ်းလုံး၌ ကျော်ကြားသွားခဲ့သည်။ ဓာတ်ပြားအဆိုတော် ဖြစ်လာသောအခါ အငြိမ့်အမည်ဖြစ်သော ချန်ပီယံမကြည်အောင်အဖြစ်မှ ချန်ပီယံဖြုတ်လိုက်ပြီး မကြည်အောင်ဟု မှည့်ခေါ်လိုက်သည်။


၁၉၃၂ခုနှစ်တွင် ကိုလံဘီယာ ဓာတ်ပြားကုမ္ပဏီသို့ ပြောင်းရွှေ့သီဆိုသည်။ ခင်ပွန်းဖြစ်သူ ကိုဘနှစ်ကိုလည်း ဓာတ်ပြားထုတ်လုပ်ရေး ဆိုင်ရာ ကြီးကြပ်သူအဖြစ်ခန့်ထားလိုက်သည်။


သီချင်းရေးဆရာ ဒဂုန်ဆရာတင်၏ တရုပ်ပြည်မြကျောက်လွှာ သီချင်းမှာ ကိုလံဘီယာဓာတ်ပြားကုမ္ပဏီတွင် မကြည်အောင် ပထမဦးဆုံး သီဆိုဓာတ်ပြားသွင်းခဲ့သော သီချင်းဖြစ်သည်။ နာမည်ကျော် သီချင်းရေးဆရာကြီးများဖြစ်ကြသော လှည်းတန်းဦးလူကလေး၊ အရှေ့ပိုင်း ဆရာချစ်၊ နန်းတော်ရှေ့ဆရာတင်၊ ဒဂုံဆရာတင်၊ ရွှေဂုံညွှန့်၊ ရွှေတိုင်ညွှန့်၊ သဟာယဆရာတင်တို့၏ သီချင်းများကို သီဆိုခဲ့ရသည်။


၄င်းတို့အနက် နန်းတော်ရှေ့ဆရာတင်နှင့် ရွှေတိုင်ညွှန့်၏ သီချင်းများကို အများဆုံး သီဆိုခွင့်ရခဲ့သည်။ ဤသို့ဖြင့် ကိုလံဘီယာ ကုမ္ပဏီတွင် နာမည်အကျော်ဆုံး အဆိုတော်ကြီးဖြစ်လာခဲ့ရသည်။ ဓာတ်ပြားချပ်ရေ (၁၀၀)ကျော်သွင်းခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာသောအခါ ဓာတ်ပြားလုပ်ငန်းပျက်ပြားသွား၍ မကြည်အောင်၏ ခေတ်သစ်ရာဇ၀င်ပြဇာတ် အမည်ဖြင့် နယ်စုံလှည့်၍ ပြဇာတ်အဖွဲ့တည်ထောင်ကာ ကပြခဲ့သည်။ စစ်ပြီးခေတ် ရန်ကုန်ပန်တျာကျောင်းဖွင့်လှစ်ရာတွင် မကြည်အောင်သည် အမျိုးသမီး အကနည်းပြအဖြစ် အမှုထမ်းခဲ့သည်။ အသက် (၅၆)နှစ်အရွယ် ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ပုဇွန်တောင်၊စက်ဆန်း (၅)လမ်း၊ အိမ်အမှတ် (၃၇၈)တွင် ကွယ်လွန်သွားခဲ့သည်။


ရည်ညွှန်းချက် - ဗိုလ်ကလေးဦးတင့်အောင်၏ ရေးသားချက်


[Zawgyi]မၾကည္ေအာင္

#biography

#Sketch_of_Ma_Kyi_Aung

#Singer

#အတၴုပတၲိ


(ဓာတ္ျပားေရႊေခတ္တုန္းက နာမည္ေက်ာ္ခဲ့တဲ့ အဆိုေတာ္ႀကီး မၾကည္ေအာင္အေၾကာင္းကို စာအုပ္တစ္အုပ္ထဲမွာ ဖတ္လိုက္ရတာ ျပန္လည္ေဝငွခ်င္မိတာေၾကာင့္ တင္ေပးပါ့မယ္။ မျပၫ့္စံုတဲ့သတင္းအခ်က္အလက္နဲ႔ တစ္စံုတစ္ခုမွားယြင္းခဲ့လ်ွင္ ထပ္ဆင့္ေဝငွတဲ့ ကြၽန္ေတာ့္ခ်ိဳ႕ယြင္းခ်က္ေၾကာင့္လို႔ေျပာႏိုင္ပါတယ္ ခင္ဗ်။)


အမည္ရင္းမွာ မခင္ၾကည္ျဖစ္သည္။ ၁၂၆၁ခုႏွစ္တြင္ ပုဇြန္ေတာင္၊ စက္ဆန္းရပ္ကြက္၌ ေမြးဖြားခဲ့သည္။ ငယ္စဉ္ကတည္းက အႏုပညာ ဝါသနာ ႀကီးခဲ့ၿပီး အဘိုး(အေဖ၏ဖခင္)ဦးေအာင္ရထံမွ သဘင္ဂီတဗဟုသုတမ်ား ၾကားနာမွတ္သားခဲ့ဘူးသည္။ ပုဇြန္ေတာင္ရပ္ကြက္ အလႉပြဲ ၊ ဆြမ္းႀကီးေလာင္းပြဲမ်ားတြင္ အေပ်ာ္တမ္းအၿငိမ့္သီခ်င္းမ်ား သီဆိုကျပခဲ့ရာမွ နာမည္ရလာကာ လူရႊင္ေတာ္ႀကီး ဦးေက်ာ္ရြဲ႔၏ အၿငိမ့္အဖြဲ႔တြင္ စတင္ကျပခဲ့သည္။ ၄င္းေနာက္ အမည္ရင္း မခင္ၾကည္ အမည္ေပ်ာက္၍ ခ်န္ပီယံ မၾကည္ေအာင္ဟု အမည္သစ္ျဖင့္ ထင္ရွားလာခဲ့သည္။ အၿငိမ့္ေလာကတြင္ (၇)ႏွစ္မ်ွကျပခဲ့ၿပီး အသက္ (၂၂)ႏွစ္တြင္ ဧရာဝတီ သေဘာင္္ာစာေရး ကိုဘႏွစ္ဆိုသူႏွင့္ အိမ္ေထာင္ျပဳခဲ့သည္။ ကိုဘႏွစ္မွာလည္း စက္ဆန္းဇာတိျဖစ္သည္။ အရပ္မင္းသားဟု အႏုပညာရပ္၌ ေက်ာ္ၾကားသူျဖစ္ေလရာ လင္ေရာမယားပါ ဝါသနာတူညီသည္။ သူတို႔၏ေနအိမ္တြင္ အႏုပညာသည္အမ်ားစုတို႔ ဆံုဆည္းၾကေတာ့သည္။


အေရ႔ွပိုင္းဆရာခ်စ္၏ ဆက္သြယ္ေပးမႈေၾကာင့္ ခ်န္ပီယံ မၾကည္ေအာင္မွာ ေခြးတံဆိပ္ဓာတ္ျပားကုမၸဏီတြင္ ဓာတ္ျပားအဆိုေတာ္ ျဖစ္လာရသည္။ ေခြးတံဆိပ္ဓာတ္ျပားတြင္ “ကိုေလအိုး”သီခ်င္းမွာ တိုင္းျပည္တစ္ဝွမ္းလံုး၌ ေက်ာ္ၾကားသြားခဲ့သည္။ ဓာတ္ျပားအဆိုေတာ္ ျဖစ္လာေသာအခါ အၿငိမ့္အမည္ျဖစ္ေသာ ခ်န္ပီယံမၾကည္ေအာင္အျဖစ္မွ ခ်န္ပီယံျဖဳတ္လိုက္ၿပီး မၾကည္ေအာင္ဟု မွၫ့္ေခၚလိုက္သည္။


၁၉၃၂ခုႏွစ္တြင္ ကိုလံဘီယာ ဓာတ္ျပားကုမၸဏီသို႔ ေျပာင္းေရႊ့သီဆိုသည္။ ခင္ပြန္းျဖစ္သူ ကိုဘႏွစ္ကိုလည္း ဓာတ္ျပားထုတ္လုပ္ေရး ဆိုင္ရာ ႀကီးၾကပ္သူအျဖစ္ခန႔္ထားလိုက္သည္။


သီခ်င္းေရးဆရာ ဒဂုန္ဆရာတင္၏ တရုပ္ျပည္ျမေက်ာက္လႊာ သီခ်င္းမွာ ကိုလံဘီယာဓာတ္ျပားကုမၸဏီတြင္ မၾကည္ေအာင္ ပထမဦးဆံုး သီဆိုဓာတ္ျပားသြင္းခဲ့ေသာ သီခ်င္းျဖစ္သည္။ နာမည္ေက်ာ္ သီခ်င္းေရးဆရာႀကီးမ်ားျဖစ္ၾကေသာ လွည္းတန္းဦးလူကေလး၊ အေရ႔ွပိုင္း ဆရာခ်စ္၊ နန္းေတာ္ေရ႔ွဆရာတင္၊ ဒဂံုဆရာတင္၊ ေရႊဂံုၫႊန႔္၊ ေရႊတိုင္ၫႊန႔္၊ သဟာယဆရာတင္တို႔၏ သီခ်င္းမ်ားကို သီဆိုခဲ့ရသည္။


၄င္းတို႔အနက္ နန္းေတာ္ေရ႔ွဆရာတင္ႏွင့္ ေရႊတိုင္ၫႊန႔္၏ သီခ်င္းမ်ားကို အမ်ားဆံုး သီဆိုခြင့္ရခဲ့သည္။ ဤသို႔ျဖင့္ ကိုလံဘီယာ ကုမၸဏီတြင္ နာမည္အေက်ာ္ဆံုး အဆိုေတာ္ႀကီးျဖစ္လာခဲ့ရသည္။ ဓာတ္ျပားခ်ပ္ေရ (၁၀၀)ေက်ာ္သြင္းခဲ့ရသည္။ ဒုတိယကမ႓ာစစ္ႀကီး ျဖစ္ပြားလာေသာအခါ ဓာတ္ျပားလုပ္ငန္းပ်က္ျပားသြား၍ မၾကည္ေအာင္၏ ေခတ္သစ္ရာဇ၀င္ျပဇာတ္ အမည္ျဖင့္ နယ္စံုလွၫ့္၍ ျပဇာတ္အဖြဲ႔တည္ေထာင္ကာ ကျပခဲ့သည္။ စစ္ၿပီးေခတ္ ရန္ကုန္ပန္တ်ာေက်ာင္းဖြင့္လွစ္ရာတြင္ မၾကည္ေအာင္သည္ အမ်ိဳးသမီး အကနည္းျပအျဖစ္ အမႈထမ္းခဲ့သည္။ အသက္ (၅၆)ႏွစ္အရြယ္ ၁၉၅၆ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၁)ရက္ေန့တြင္ ပုဇြန္ေတာင္၊စက္ဆန္း (၅)လမ္း၊ အိမ္အမွတ္ (၃၇၈)တြင္ ကြယ္လြန္သြားခဲ့သည္။


ရည္ၫႊန္းခ်က္ - ဗိုလ္ကေလးဦးတင့္ေအာင္၏ ေရးသားခ်က္

No comments: