Saturday, June 5, 2021
"အလုပ်အကျွေးပြု ခေါင်းဆောင်မှု"
 [Unicode]"အလုပ်အကျွေးပြု ခေါင်းဆောင်မှု"
---------------------------------------------------
ရေးသားသူ - ပိုင်စိုး (Management)
PSM International College
အလုပ်အကျွေးပြုခေါင်းဆောင်မှု  ဆိုတဲ့ အတွေးအခေါ်တစ်ရပ်ကို ၁၉၇၀ ခုနှစ်လောက်က Robert Greenleaf ဆိုတဲ့ ပညာရှင်ကအဆိုပြုခဲ့တယ်။ Greenleaf က တော့ Service to followers is the primary responsibility of leaders လို့ပြော ထားပါတယ်။ ဆိုလိုတာက မိမိရဲ့ဦးစီးမှု နောက်မှာ ပါဝင်ဆောင်ရွက်ကြတဲ့ နောက် လိုက်ငယ်သားတွေအပေါ်မှာ အလုပ်အ ကျွေးပြုတာဟာ ခေါင်းဆောင်တွေအ တွက် အဓိကကျတဲ့တာဝန် တစ်ရပ်လို့ ဆို ထားတာပါ။ 
ဒီနေရာမှာ Service ဆိုတဲ့ အင်္ဂလိပ်စကားလုံးကိုဝန်ဆောင်မှုဆိုပြီး မြန်မာမှုပြုတာလေးလွဲနေကြောင်း စာရေး သူတို့လေးစားရတဲ့ဆရာကြီးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ပြောတာ လေးသတိရမိသွားပါတယ်။
 ဆရာကြီးက Service ဆိုတာဟာ ဝန် ဆောင်မှုမဟုတ်ဘူး အလုပ်အကျွေးပြုတာ လို့ပြောပါတယ်။ စာရေးသူတို့ အတော်နှစ် သက်မှတ်သားခဲ့ရတဲ့ စကားလုံးလေးပါပဲ။ ဒါကြောင့်လည်း ခေါင်းစဉ်ကိုအလုပ်အ ကျွေးပြုခေါင်းဆောင်မှုဆိုပြီး ပေးလိုက်တာ ပါ။ အလုပ်အကျွေးပြုတယ်ဆိုတဲ့စကား လုံးဟာ စာရေးသူတို့မြန်မာလူမျိုးတွေယူ ဆခဲ့တဲ့ မိဘ၊ ဆရာ၊ လူကြီးတွေအပေါ် သား၊ သမီး၊ တပည့်၊ ငယ်ရွယ်သူတွေက သာဆောင်ရွက်ပေးဖို့ လိုအပ်တာမဟုတ် ပါဘူး။ 
ခေါင်းဆောင်တွေအနေနဲ့လည်း နောက်လိုက်ငယ်သားတွေလမ်းမှန်ပေါ် ရောက်အောင် ပြုစုပျိုးထောင်ပေးတာ အခက်အခဲတစ်ခုခုနှင့် ရင်ဆိုင်ကြုံတွေ့ လာရတဲ့အခါ သမာသမတ်ကျကျနှင့် ရှေ့ ကနေမားမားမတ်မတ်ရပ်တည်ပေးတာ၊ ပေးသင့်ပေးထိုက်တဲ့လုပ်ပိုင်ခွင့်နှင့် ဆုံးဖြတ် ချက်ချပိုင်ခွင့်ပေးတာ စတာတွေ ပါဝင်ပါတယ်။ အလုပ်အကျွေးပြုတတ်တဲ့ ခေါင်းဆောင် Servant Leader တစ် ယောက်ဟာ နောက်လိုက်ငယ်သားတွေရဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး အမြဲအာရုံ စိုက်လေ့ရှိတဲ့နည်းတူ၊ အတွေးအခေါ် ဥာဏ်ပညာတွေပိုမိုတိုးတက်လာအောင် ကူညီ ဆောင်ကျဉ်းခြင်းတွေလုပ်ပေးလေ့ရှိ သလို လက်အောက်ငယ်သားတွေအနေနဲ့ ထမ်းဆောင်ရမည့် လုပ်ငန်းတာဝန်တွေကို သူတို့ ကိုယ်တိုင်လိုလိုချင်ချင်ဖြစ်လာ အောင် ဆောင်ရွက်တတ်ကြပါတယ်။ 
နောက်လိုက်ငယ်သားတွေအကြောင်းကို နားလည်မှသာ ခေါင်းဆောင်တွေအနေ နှင့် ဘာတွေကို အကောင်းဆုံးအလုပ် အကျွေးပြုနိုင်မလဲဆိုတာကို နားလည်နိုင် မှာဖြစ်ပါတယ်။ ခေါင်းဆောင်တွေအနေ နှင့် နောက်လိုက်ငယ်သားတွေရဲ့အသံကို နားစွင့်နေရမှာဖြစ်သလို သူတို့ရဲ့လိုအပ် ချက်တွေ၊ တန်ဖိုးထားမှုတွေကို လေ့လာ နေရမှာဖြစ်ပါတယ်။ 
 Servant Leader တွေဟာ အ ကြောင်းကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေရှင်းရာ မှာလည်း သမာသမတ်ကျဖို့လိုအပ်ပါ တယ်။  လူမှုရေးနဲ့ပတ်သက်တဲ့ မတရားမှု တွေ၊ မမျှတမှုတွေရှိခဲ့ရင် ကန့်ကွက်မှုတွေ၊ လက်မခံမှုတွေချက်ချင်းလုပ်ဖို့လိုအပ်ပါ တယ်။ အဖွဲ့အစည်းထဲမှာရှိတဲ့ မည့်သူ့ကို မဆိုလေးစားမှုတွေ၊ အသိအမှတ်ပြုမှုတွေ နှင့် ဆက်ဆံနေဖို့လည်းလိုပါတယ်။ Greenleaf ကတော့ ဝန်ထမ်းတွေအပေါ်မှာ အဓိပ္ပာယ်ရှိတဲ့ လုပ်ငန်းတာဝန်တွေပေး ခြင်းဟာ လုပ်ငန်းရဲ့ထုတ်ကုန်အရည် အသွေးနှင့် ဖောက်သည်တွေအပေါ်စိတ် ကျေနပ်မှုဖြည့်ဆည်းပေးရေးတို့ရေးကြီး ကြောင်း ပြောထားပါတယ်။ သူအဆိုပြု ထားတဲ့ နောက်ထပ်အဆိုပြုချက်တစ်ခုက တော့ လူမှုရေးတာဝန်သိတတ်မှု Social Responability ကိုလုပ်ငန်းရဲ့အရေးကြီးတဲ့ ရေရှည်ရည်မှန်းချက်တွေထဲကတစ်ခု အဖြစ် အလေးပေးသင့်တယ်ဆိုတာပဲဖြစ် ပါတယ်။
 Servant Leader တွေအနေနှင့် လက်အောက်ငယ်သားဝန်ထမ်းတွေ အပေါ်မှာ နေရာတကာချယ်လှယ်စိုးမိုး တာတွေလုပ်မယ့်အစား ထိုက်သင့်တဲ့ လုပ် ပိုင်ခွင့်အာဏာတွေပေးဖို့လိုအပ်ပါတယ်။ ရိုးသားပွင့်လင်းမှုတွေ၊ ရှေ့နောက်ညီတဲ့ အပြုအမူလုပ်ရပ်တွေ၊ တန်ဖိုးထားမှုတွေ နှင့် ဝန်ထမ်း တွေအပေါ်ယုံကြည်မှုတွေ တည်ဆောက်ရပါလိမ့်မယ်။ ဒီလိုသာ Servant Leader တွေရဲ့ဦးစီးမှုနောက်မှာ လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်ရတဲ့ လက်အောက်ငယ်သားဝန်ထမ်းတွေ အနေနဲ့လည်း သူတို့ကို သူတို့ Servant Leader ဖြစ်လိုစိတ်တွေဖြစ်လာတယ်လို့ ယူဆတတ်ကြပါတယ်။ 
 ဒီလိုဖြစ်ပေါ်လာတဲ့ စိတ်ဓာတ်ရေး ရာမြင့်မားမှုတွေကြောင့် Servant Leader ဖြစ်ဖို့ အခွင့်အရေးပေးလာတဲ့အခါမျိုးမှာ အဆင်သင့်ဖြစ်နေဖို့ ပြင်ဆင်တတ်ကြပါ တယ်။ အကျိုးကျေးဇူးအနေနှင့် ဝန်ထမ်း တွေဟာစိတ်ရော လူပါတက်တက်ကြွကြွ နှင့် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင် ကြတာတွေရရှိနိုင်ပါတယ်။ 
 အလုပ်အကျွေးပြုခေါင်းဆောင်မှု Servant Leadership ရဲ့ အနှစ်သာရဟာ လက်အောက်ငယ်သားတွေအပေါ်မှာ အ ကူအညီပေးခြင်း၊ ယုံကြည်မှုနဲ့ပူးပေါင်း ဆောင်ရွက်မှုဆိုတဲ့ ဆက်ဆံရေးတွေကို အဓိကဖန်တီးပေးနေပါတယ်။ မိမိတို့ဟာ Servant Leader တွေဟုတ် မဟုတ်ကို ဖော်ပြပါအချက်(၇) ချက်နှင့် တိုင်းတာလို့ ရနိုင်ပါတယ်။
Integrity- အကျင့်ဂုဏ်သိက္ခာဖြင့် ပြည့်စုံမှုရှိခြင်း
 ဝန်ထမ်းတွေနှင့် ပြောဆိုဆက်ဆံရာ မှာ ချမှတ်ထားတဲ့စံနှုန်းတွေ၊ ကတိတွေ၊ တာဝန်တွေနဲ့ပတ်သက်ပြီး ရှေ့နောက်ညီ ညွတ်မှုရှိရှိရိုးသားပွင့်လင်းတဲ့ နည်းလမ်း  တွေသုံးခြင်း၊ ခေါင်းဆောင်အနေနှင့် အ မှားတစ်ခုခုပြုလုပ်ခဲ့ပါကလည်း မှား ကြောင်းဝန်ခံခြင်း၊ လက်ခံခြင်းတွေလုပ်ကြ ပြီး ဝန်ထမ်းတွေအပေါ်မှာ မလိမ်ညာမ လှည့်စားတတ်ခြင်းမျိုးပဲဖြစ်ပါတယ်။
ဗူအမကငျာ ကိုယ်ကျိုးမငဲ့တတ်ခြင်း
 မိမိရဲ့လက်အောက်ငယ်သားဝန် ထမ်းတွေအတွက်လိုအပ်လာရင် အကူအ ညီပေးတတ်ခြင်း၊ မိမိရဲ့လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေထက် လက်အောက်ငယ် သားတွေရဲ့လိုအပ်ချက်တွေကိုဦးစားပေး တတ်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ ပရဟိ တစိတ်ဖြင့်ဆောင်ရွက်ပေးခြင်း၊ လိုအပ် လာရင် လုပ်ငန်းကိစ္စနှင့် မပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေကို ဝန်ထမ်းတွေနဲ့ ပတ်သက်လာရင် ဆောင်ရွက်ပေးတတ် ခြင်းမျိုးဖြစ်ပါတယ်။
Altruism-လူသားချင်းနားလည်စာနာ တတ်မှုရှိခြင်း 
 အဖွဲ့အစည်းလုပ်ငန်းအတွင်းမှာ ရှိတဲ့ မည်သူ့ကိုမဆိုလေးစားမှုနဲ့ပြောဆိုဆက် ဆံကြပြီး ရာထူးအဆင့်အတန်းတွေ၊ အ ဆောင်အယောင်တွေအပေါ်မှာ အလွန် အကြူးယစ်မူးခြင်းတွေမရှိခြင်း၊ အဖွဲ့အ စည်းနဲ့ပတ်သက်လာလို့ အောင်မြင်မှုတွေ ရခဲ့ရင်လည်း ပါဝင်ပတ်သက်သူအားလုံးရဲ့ ကျိုးစားအားထုတ်မှုကြောင့်ဆိုတာ ပြော တတ်ခြင်းမျိုးဖြစ်ပါတယ်။
Empathy and Healing- မျှဝေခံစား တတ်ခြင်း
 ဝန်ထမ်းတွေနဲ့ပတ်သက်ပြီး စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာခံစားချက်တွေအ ပေါ်မှာ မျှဝေခံစားပေးတတ်ခြင်း၊ မတူညီ တာကိုလက်ခံပေးတတ်ခြင်း၊ ပဋိပက္ခတွေ ရှိခဲ့ရင် ဦးဆောင်ဖြေရှင်းပေးသူအဖြစ် ဆောင်ရွက်ပေးတတ်ခြင်း၊ ခွင့်လွှတ်ပေး တတ်ခြင်းမျိုးဖြစ်ပါတယ်။
Personal Growth-တစ်ဦးချင်းရဲ့တိုး တက်မှုကိုလိုလားခြင်း
 လက်အောက်ငယ်သားတွေရဲ့ အ ကျိုးစီးပွား၊ တိုးတက်ရာတိုးတက်လမ်းတွေ ကိုဆောင်ရွက်ခွင့်ပေးခြင်း၊ မိမိတတ်သိ ထားသမျှကို ဝန်ထမ်းတွေရဲ့အကျိုးငှာပြန် လည်ဝေငှခြင်း၊ အမှားအယွင်းတွေရှိခဲ့ရင် တောင် နောက်နောင်ဘယ်လိုမဖြစ်အောင် နေရမည်၊ ထိုင်ရမည်စတာတွေကို သင် ပေးခြင်းမျိုးဖြစ်ပါတယ်။
Fairness and Justice- မျှတမှုရှိခြင်း
 လက်အောက်ငယ်သားတွေအပေါ် မှာ မျှတတဲ့ဆက်ဆံမှုမျိုးကိုထားလေ့ရှိပြီး လုပ်ငန်းခွင်အတွင်းမှာ မမျှတတဲ့အပြုအ မူ၊ မူဝါဒ၊ အလေ့ကျင့်တွေနဲ့ကြုံတွေ့လာ ပါကကန့်ကွက်ဆန့်ကျင်တတ်လေ့ရှိခြင်း၊ ဝန်ထမ်းတစ်ဦးရဲ့လူ့အခွင့်းအရေးဆိုင်ရာ ချိုးဖောက်မှုတွေကိုလည်း လုပ်တတ်တဲ့ သဘောမရှိခြင်းမျိုးဖြစ်ပါတယ်။
Empowerment အတိုင်းအတာတစ်ခု အတွင်းမှာလုပ်ပိုင်ခွင့်ပေးခြင်း
 လက်အောက်ငယ်သားဝန်ထမ်း တွေရဲ့ လုပ်ငန်းတွင်းကိစ္စရေးရာတွေနဲ့ ပတ်သက်လာရင် အထိုက်အလျောက်လုပ် ပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့်တွေပေးထားခြင်း မျိုးခြင်းဖြစ်ပါတယ်။
 တကယ်လို့သာ Servant Leader တွေဟာအခြားမန်နေဂျာတွေ၊ ခေါင်း ဆောင်တွေကို သူတို့လို Servant Leader တွေဖြစ်လာအောင် လွှမ်းမိုးသိမ်းသွင်းနိုင် မယ်ဆိုရင် လုပ်ငန်းအတွက်သင့်တော်မယ့် အရည်အချင်းပြည့်မီပြီး စိတ်ရောကိုယ်ပါ တာဝန်ထမ်းဆောင်ကြတဲ့ ဝန်ထမ်းလောင်း လျာတွေကိုဆွဲဆောင်နိုင်မှာဖြစ်သလို လက်ရှိဝန်ထမ်းကောင်းတွေ မိမိတို့လုပ်ငန်း ကိုစွန့်ခွာမသွားအောင်လည်း ဆွဲဆောင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
 ဒါပေမဲ့လည်း အလုပ်အကျွေးပြု ခေါင်းဆောင်မှု Servant Leadership ဟာ အဖွဲ့အစည်းတိုင်းနဲ့တော့ အံဝင်ခွင်ကျဖြစ် နေမှာမဟုတ်ပါဘူး။ အကြောင်းကတော့ Servant Leader တွေဟာ လက်အောက် ငယ်သားတွေရဲ့အရေးကိုပဲ ပထမဦးစား ပေးမှာရှိတတ်ကြလို့ပါပဲ။ အဖွဲ့အစည်းအ နေဖြင့် ဝန်ထမ်းတွေရဲ့အကျိုးကိုဆောင် ရွက်ဖို့ မဖြစ်နိုင်တော့တဲ့အခါမျိုးမှာ Servant Leader တွေအတွက် ခေါင်းရှုပ်ထွေး မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ ဥပမာ လုပ်ငန်း စီးပွားရေးကျဆင်းလာတဲ့အခါမျိုးမှာ ဝန် ထမ်းလျှော့ခြင်း၊ လစာမဟုတ်တဲ့ အခြားခံ စားခွင့်တွေကို မပေးတော့ခြင်းမျိုးကြုံတွေ ရတဲ့အခါမျိုးဖြစ်ပါတယ်။ ဒီအချက်တွေ ကြောင့် Servant Leadership ဟာ ဘာ သာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အစိုးရ အဖွဲ့အစည်းတွေမှာရှိတဲ့ခေါင်း ဆောင်တွေအတွက် ပိုသင့်တော်တဲ့ခေါင်း ဆောင်မှုတစ်ရပ်ဖြစ်ပေမဲ့ စီးပွားရေးလုပ် ငန်းနယ်ပယ်တွေမှာရှိတဲ့ စီမံခန့်ခွဲသူ မန်နေဂျာတွေ၊ ခေါင်းဆောင်တွေအတွက် လည်း အခြေအနေအချိန်အခါအပေါ် မူတည်ပြီး အသုံးပြုသင့်တဲ့ခေါင်းဆောင်မှု ပညာတစ်ခုပဲဖြစ်ပါတယ်။
လေးစားစွာဖြင့်
ပိုင်စိုး (Management)
PSM International College
Ref: 
Leadership in Organization by Gary Yuki.
[Zawgyi]"အလုပ်အကျွေးပြု ခေါင်းဆောင်မှု"
---------------------------------------------------
Integrity- အကျင့်ဂုဏ်သိက္ခာဖြင့် ပြည့်စုံမှုရြှိခင်း
Altruism-လူသားချင်းနားလည်စာနာ တတ်မှုရြှိခင်း 
 အဖွဲ့အစည်းလုပ်ငန်းအတွင်းမှာ ရှိတဲ့ မည်သူ့ကိုမဆိုလေးစားမှုနဲ့ပြောဆိုဆက် ဆံကြပြီး ရာထူးအဆင့်အတန်းတွေ၊ အ ဆောင်အယောင်တွေအပေါ်မှာ အလွန် အကြူးယစ်မူးခြင်းတွေမရြှိခင်း၊ အဖွဲ့အ စည်းနဲ့ပတ်သက်လာလို့ အောင်မြင်မှုတွေ ရခဲ့ရင်လည်း ပါဝင်ပတ်သက်သူအားလုံးရဲ့ ကျိုးစားအားထုတ်မှုကြောင့်ဆိုတာ ပြော တတ်ခြင်းမျိုးဖြစ်ပါတယ်။
 လက်အောက်ငယ်သားတွေရဲ့ အ ကျိုးစီးပွား၊ တိုးတက်ရာတိုးတက်လမ်းတွေ ကိုဆောင်ရွက်ခွင့်ပေးခြင်း၊ မိမိတတ်သိ ထားသမျှကို ဝန်ထမ်းတွေရဲ့အကျိုးငှာပြန် လည်ဝေငြှခင်း၊ အမှားအယွင်းတွေရှိခဲ့ရင် တောင် နောက်နောင်ဘယ်လိုမဖြစ်အောင် နေရမည်၊ ထိုင်ရမည်စတာတွေကို သင် ပေးခြင်းမျိုးဖြစ်ပါတယ်။
Fairness and Justice- မျှတမှုရြှိခင်း
 လက်အောက်ငယ်သားတွေအပေါ် မှာ မျှတတဲ့ဆက်ဆံမှုမျိုးကိုထားလေ့ရှိပြီး လုပ်ငန်းခွင်အတွင်းမှာ မမျှတတဲ့အပြုအ မူ၊ မူဝါဒ၊ အလေ့ကျင့်တွေနဲ့ကြုံတွေ့လာ ပါကကန့်ကွက်ဆန့်ကျင်တတ်လေ့ရြှိခင်း၊ ဝန်ထမ်းတစ်ဦးရဲ့လူ့အခွင့်းအရေးဆိုင်ရာ ချိုးဖောက်မှုတွေကိုလည်း လုပ်တတ်တဲ့ သဘောမရြှိခင်းမျိုးဖြစ်ပါတယ်။
 တကယ်လို့သာ Servant Leader တွေဟာအခြားမန်နေဂျာတွေ၊ ခေါင်း ဆောင်တွေကို သူတို့လို Servant Leader တြွေဖစ်လာအောင် လွှမ်းမိုးသိမ်းသွင်းနိုင် မယ်ဆိုရင် လုပ်ငန်းအတွက်သင့်တော်မယ့် အရည်အချင်းပြည့်မီပြီး စိတ်ရောကိုယ်ပါ တာဝန်ထမ်းဆောင်ကြတဲ့ ဝန်ထမ်းလောင်း လျာတွေကိုဆွဲဆောင်နိုင်မှာဖြစ်သလို လက်ရှိဝန်ထမ်းကောင်းတွေ မိမိတို့လုပ်ငန်း ကိုစွန့်ခွာမသွားအောင်လည်း ဆွဲဆောင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
လေးစားစွာဖြင့်
ပိုင်စိုး (Management)
Ref: 
No comments: