Wednesday, June 2, 2021

iPhone တွေမှာ ဘာလို့ RAM နည်းနည်းပဲ ပါဝင်ဝာာလဲ?

 [Unicode]iPhone တွေမှာ ဘာလို့ RAM နည်းနည်းပဲ ပါဝင်ဝာာလဲ?




#iPhone

#Apple_Products

#Mobile_Knowledge

(လူငယ်တွေအတော်များများရဲ့ လက်ထဲမှာ အိုင်ဖုန်းလို့ခေါ်တဲ့ Apple Company ကထုတ်တဲ့ တယ်လီဖုန်းတစ်မျိုးကို တန်ဖိုးထားသုံးစွဲ ကြတာမြင်ရပါတယ်။ သီးသန့် OS ၊ သီးသန့် အပိုပစ္စည်းတွေနဲ့ ဈေးမြင့်သုံးရတဲ့ အဲသည့်ဖုန်းမှာ ဘာကြောင့် RAM ပမာဏက Android OS Mobile Phone တွေထက်နည်းနေရတာလည်းလို့ သိချင်မိတာကြောင့် ဟိုသည်ရှာလိုက်တာ မူလရေးသားမျှဝေသူမသိတဲ့ သည်ဆောင်းပါးလေးကိုတွေ့မိတာကြောင့် တဆင့်ပြန်လည်ဝေငှလိုက်ပါတယ်နော်။)


Basic လေးတွေ နည်းနည်း ပြန်ပြောကြရအောင်…

RAM ရဲ့ အရှည်ကောက်က Random Access Memory ပါ။ သူ့ရဲ့ အလုပ်လုပ်ပုံကလည်း အရမ်း ရိုးရှင်းပါတယ်။ ယာယီမှတ်ဉာဏ်လို့ မြန်မာလို ဆိုနိုင်ပြီး ကျွန်တော်တို့ လုပ်ဆောင်သမျှတွေကို သူက ယာယီမှတ်သားထားပေးတာပါ။ 

ဥပမာ ဖုန်းထဲမှာ Facebook ဖွင့်လိုက်တယ် ပြီးတော့ ဗွီဒီယိုတစ်ခု ဖွင့်ကြည့်တယ်၊ အဲလိုဆိုရင် စောစောက ဗွီဒီယိုရဲ့ Data တွေကို  RAM  ထဲမှာ ယာယီမှတ်လိုက်ပါတယ်၊ PUBG ဆော့ရင်လည်း Game ထဲမှာရှိနေတဲ့ အရုပ်တွေ အသံတွေနဲ့ ရှိရှိသမျှ Elements တွေကို RAM  ထဲမှာ ယာယီမှတ်လိုက်ပါတယ်၊ 

အဲ…ခဏ သွားသိမ်းထားလိုက်တယ်ပေါ့ဗျာ...။

ဒါတွေက တော်တော်များများ သိပြီးသားဖြစ်မယ့် အရာတွေပါ။ 


Android စမတ်ဖုန်းတွေနဲ နှိုင်းယှဉ်ကြည့်ရအောင်...


iPhones တွေရဲ့ RAM နည်းနည်းပဲပါရခြင်း အကြောင်း မပြောခင် တစ်ခြား Android စမတ်ဖုန်းတွေရဲ့ RAM ပမာဏကို အရင်ပြောတာက ပိုပြီးတော့ ကောင်းမယ်ထင်ပါတယ်။

အားလုံး သိကြတဲ့အတိုင်း Android စမတ်ဖုန်းတွေမှာ Budget ဆိုရင် RAM 2~4GB ဝန်းကျင် Midrange ဆိုရင် RAM 6~8GB ဝန်းကျင်နဲ့ Flagship ဆိုရင် RAM 12~16GB ဝန်းကျင်အထိကို ပါဝင်နေလေ့ရှိပါတယ်။ 

iPhone တွေမှာတော့ နောက်ဆုံးထွက် iPhone 12 Pro အထိ RAM 6GB ပဲ ပါဝင်နေတာပါ။ 

*ခြွင်းချက်အနေနဲ့ 2021 M1 iPad Pro မှာတော့ RAM 16GB Options ရှိပါသေးတယ်။ အောက်မှာ ဆက်လက်ဖော်ပြမယ့် အကြောင်းအရာတွေဟာ iPhones တွေတင် မကဘဲ iPad တွေနဲ့ပါ သက်ဆိုင်ပါတယ်။


မတူညီတဲ့ ပလက်ဖောင်း၂ခု နဲ့ Programming Languages ၂ခု...


iPhone/iPad တွေ RAM နည်းနည်းပဲ ပါဝင်ရခြင်း အကြောင်းအရာတစ်ခုကတော့ သူ့ရဲ့ iOS/iPad OS ကြောင့်ပါ။ iOS ဟာ Apple ကနေ သူတို့ထုတ်လုပ်တဲ့ iPhones တွေအတွက်ပဲ သီးသန့်ရည်ရွယ်ထားတဲ့ Operating System ဖြစ်ပါတယ်။ Apple ဟာ iOS ကို Swift လို့ခေါ်တဲ့ သူတို့ကိုယ်တိုင် Develope ပြုလုပ်ထားတဲ့  Progamming Language တစ်မျိုးကို အသုံးပြု ဖန်တီးရေးသားပါတယ်။

တစ်ဖက်မှာတော့ Android ဟာ Java ဆိုတဲ့  Programming Language တစ်မျိုးကို  အသုံးပြု ဖန်တီးရေးသားပါတယ်။ နောက်ပြီးတော့ Android ဟာ အများသုံး Open Sources ဖြစ်တာနဲ့အညီ Chipset များစွာ၊ စမတ်ဖုန်းထုတ်လုပ်သူများစွာ၊ Hardware များစွာမှာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ဖို့ အတွက် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့်တော့ Hardware စနစ်တစ်မျိုးအတွက် ရေးသားထားတဲ့ Software Programm တစ်ခုဟာ တစ်ခြား Hardware စနစ်တစ်ခုမှာ အလုပ်မလုပ်နိုင်ပါဘူး။ ဒီတော့ သူနဲ့ ကိုက်ညီသွားပြီး အလုပ်လုပ်နိုင်အောင် Code တွေကို ပြန်ပြီးတော့ ရေးသားပေးဖို့လိုပါတယ်။ ဒီလိုလုပ်နိုင်အောင် Android ဟာ Java Platform ပေါ်မှာ အလုပ်လုပ်ပါတယ်။

အဲဒီလိုလုပ်နိုင်အောင် Java က Virtual Machine ဆိုတာကိုသုံးပြီးတော့ Android Code တွေကို သူအလုပ်လုပ်ပေးနေတဲ့ Hardware နဲ့ ကိုက်ညီပြီး အလုပ်လုပ်နိုင်အောင် Translate ဘာသာပြန် ပြောင်းရေးပေးပါတယ်။ အလွယ်ပြောရရင်တော့ Java Virtual Machine ဟာ ကြားနေပြီးတော့ လုပ်ဆောင်ပေးတာပေါ့။

ဒီမှာ ပြန်ပြီးတော့ ပေးဆပ်ရတာကတော့ RAM ပါ။ ကြားမှာနေတဲ့ Java Virtual Machine ဟာ အရမ်းရှုပ်ထွေးပြီး သူ့အတွက်ရော သူကနေ လုပ်ဆောင်ပေးဖို့အတွက်ရော RAM အများကြီး လိုအပ်ပါတယ်။ တစ်ဖက်မှာလည်း Java Virtual Machine ဟာ အချိန်ကြာလာတာနဲ့အမျှ RAM လိုအပ်ချက် နည်းနိုင်သမျှနည်းလာပါပြီ။

*Virtual Machine ဆိုတာက ကွန်ပျူတာတစ်လုံးထဲမှာ နောက်ထပ် ကွန်ပျူတာတစ်လုံးကို အတုအယောင်အဖြစ် တုပန်တီးထားတာပါ။ ဒြပ်မဲ့စက်လို့ ဝီကီပီးဒီယားမှာ ဖော်ပြထားပါတယ်။ (ဖုန်းဆိုတာကလည်း ကွန်ပျုတာ အသေးစားလေးပါပဲ)

*Virtual Box နဲ့  VM Ware တို့လိုမျိုး Virtualization Software တွေနဲ့ Nox နဲ့ BlueStack တို့လို Android Emulator တွေကိုကလိဖူးတဲ့သူ၊  Window ပေါ်မှာ Mac OS နဲ့ Linux OS တွေကို ၂ခုတစ်ပြိုက်နက် သုံးဖူးတဲ့သူတွေဆိုရင် ဒီအချက်ကို ကောင်းကောင်းကြီးနားလည်ကြမှာပါ။ 

အထက်မှာ ဖော်ပြခဲ့တာတွေက ရှုပ်ထွေးပြီးနားလည်ရခက်နေရင်လည်း ဒီလိုမျိုး အလွယ်မှတ်လိုရပါသေးတယ်။

iOS Operating System နဲ့ Android Operating System ၂ခုတို့ဟာ မတူညီတဲ့ ပလက်ဖောင်းဖြစ်ပြီး မတူညီတဲ့ Programming Languages ၂ခုတို့ကို အခြေခံပြီး ရေးသားထားတာဖြစ်လို့ သူတို့ရဲ့ RAM လိုအပ်ချက်ဟာလည်း ကွဲပြားပါတယ်။


RAM Management ကောင်းခြင်း...


ရှေ့မှာ ပြောခဲ့တဲ့ Programming Language ၂ခုဟာ မတူညီသလို Android နဲ့ iOS Operating System တို့ရဲ့ RAM Management ဟာလည်း ကွဲပြားပါတယ်။  RAM Management ဆိုတာက  အကန့်အသတ်နဲ့ ရှိနေတဲ့ RAM ပမာဏ (Hardware) ကို ဘယ်လိုမျိုး အသုံးချမယ်/ဘယ်လို စီမံခန့်ခွဲမယ် ဆိုတဲ့ Operation System (Software) ရဲ့ လုပ်ဆောင်မှုလို့ဆိုရမှာပါ။

Apple ရဲ့ iOS Devices တွေ RAM Management ကောင်းရခြင်း အကြောင်းအရင်းကတော့ Apple က သူတို့ရဲ့ Software တွေဖြစ်တဲ့ iOS ကို သူတို့ ကိုယ်တိုင် ရေးဆွဲဖန်တီးထားတဲ့ အပြင် Hardware ဖြစ်တဲ့ iPhone & iPad တွေကိုလည်း သူတို့ ကိုယ်တိုင် ဒီဇိုင်းဆွဲ၊ အင်ဂျင်းနီးယားရင်းလုပ်၊ ဖန်တီးပြုလုပ်ထားလို့ပါ။ လွယ်လွယ်ပြောရရင်တော့ အစအဆုံး Apple ကနေပဲ လုပ်ထားတာပေါ့ဗျာ။

အဲဒီလို လုပ်ထားတော့ Software နဲ့ Hardware ဟာ တစ်ခုနဲ့တစ်ခု လိုက်ဖက်ညီညီ အချိုးကျကျ နဲ့ ကောင်းကောင်းမွန်မွန်ကြီးကို အလုပ်လုပ်နိုင်ပါတယ်။ ရှိတာကို ကောင်းကောင်း အသုံးချတယ်၊ Optimized ဖြစ်တယ်၊ တစ်ခုနဲ့တစ်ခုက ခွေးသွားစိပ်လေးတွေလို အချိတ်အဆက်မိမိ ကောင်းကောင်းကြီးကို အလုပ်တာမျိုးပါ။ RAM Management အရမ်းကောင်းတဲ့အတွက် RAM အများကြီးမလိုပါဘူး။ 

Android စမတ်ဖုန်းတွေမှာကတော့ စမတ်ဖုန်းထုတ်လုပ်သူ Manufactures ပေါင်းစုံ၊ Hardware ပေါင်းစုံ၊ RAM Amount ပေါင်းစုံ၊… စသဖြင့် အများကြီးရှိတာ ဖြစ်လို့ အထက်မှာဖော်ပြခဲ့တဲ့ ဖြစ်စဉ်နဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ မှတ်ယူနိုင်ပါတယ်။ RAM Management ရှိပေမယ့် မကောင်းဘူး၊ Optimized မဖြစ်ဘူးပေါ့ဗျာ။ 


တစ်ခြားသော အချက်များ...


အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေဟာ iPhones တွေမှာ RAM နည်းနည်းပဲ ပါဝင်ရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေဖြစ်ပြီး နောက်တစ်ခြားသော အရေးပါနည်းတဲ့(Minor) အချက်လေးတွေလည်း ရှိပါသေးတယ်။ ပထမတစ်ခုကတော့ iPhones တွေရဲ့ Chipset ဖြစ်ပါတယ်။ 

Apple ရဲ့ A Series Bionic Chipset တွေဟာ မိုဘိုင်း Chipset တွေထဲက အကောင်းဆုံး၊ အမြန်ဆုံးတွေဖြစ်တာကို ဘယ်သူမှ ငြင်းကြမှာ မဟုတ်ပါဘူး။ ဒီတော့ Data တွေကို Processing လုပ်တဲ့အခါ အရမ်းအရမ်းကို မြန်ဆန်ပါတယ်။ ဒီတော့ အများကြီးမပါပေမယ့် RAM ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ပိုပြီးတော့ Efficient ဖြစ်စေပါတယ်။ နည်းနည်းပါပေမယ့်လည်း ကောင်းကောင်းလုပ်နိုင်တယ်ပေါ့ဗျာ။

ဒုတိယတစ်ခုကတော့ iPhone တွေမှာ ပါဝင်တဲ့ Storage အမျိုးအစားပါ။ Android စမတ်ဖုန်းအများစုမှာ UFS နဲ့ eMMc Storage အမျိုးအစားတွေပဲ ပါဝင်လေ့ရှိတာပါ။ iPhones တွေမှာတော့ သူတို့တွေထက် အများကြီး ပိုမြန်တဲ့ NVMe Storage အမျိုးအစားပါဝင်ပါတယ်။ 

ဒီတော့ ရလာဒ်အနေနဲ့ သူ့မှာ ပိုမြန်တဲ့ Storage အမျိုးအစား ပါဝင်လို့ RAM အများကြီး မပါဝင်ပေမယ့်လည်း ကောင်းကောင်းမွန်မွန် အလုပ်လုပ်နိုင်ပါတယ်။


*iPhone 7 မှာစပြီး NVMe Storage အမျိုးအစား ပါဝင်တာပါ။

*UFS,eMMC & NVMe Storage ဆိုတာကို ဖုန်းထဲထည့်တဲ့ မန်မိုရီကဒ်တစ်မျိုးလို့ အလွယ်မှတ်နိုင်ပါတယ်။

* Sotrage အမျိုးအစား ကွာတာကို ကွန်ပျူတာတစ်လုံးမှာ တပ်ဆင်ထားတဲ့  Hard Disk Drive HDD နဲ့ Solid State Drive SSD တို့ကိုမူတည်ပြီး သူ့ရဲ့ စွမ်းဆာင်ရည်ကွာသွားသလိုမျိုးပါပဲလို့လည်း မှတ်ယူနိုင်ပါတယ်။


ဒီနေရာမှာ ထပ်မံမျှဝေချင်တာက iPhones တွေမှာ ပါဝင်တဲ့ RAM အမျိုးအစား “RAM Types” ဟာ Android စမတ်ဖုန်းများပါဝင်လေ့ရှိတဲ့  “RAM Types” နဲ့အတူတူပါပဲ။ iPhones တွေမှာ ပါဝင်တဲ့  “RAM Types” ဟာ ရှေ့မှာ  ပြောခဲ့တဲ့ Storage အမျိုးအစားလို ပိုကောင်းနေတာမျိုးလည်း မရှိပါဘူး။ iPhones တွေမှာ ပါဝင်လေ့ရှိတာကတော့ Android စမတ်ဖုန်းအများစုလို  LPDDR RAM အမျိုးအစားတွေပဲ ဖြစ်ပါတယ်။

*LPDDR RAM ရဲ့ အရှည်ဟာ Low-Power Double Data Rate Synchronous Dynamic Random Access Memory ဖြစ်ပြီး သူ့မှာ LP-DDR (1) ကနေ (5) အထိ အဓိက မျိုးဆက် (၅)ခုရှိပါတယ်။ ဖုန်းတွေ ကွန်ပျူတာတွေ အများစုမှာ ဒီ RAM ကိုပဲ ထည့်သွင်းထားကြတာပါ။


နောက်ဆုံး တတိယအချက်အနေနဲ့ကတော့ Apple ဟာ သူ့ရဲ့ iPhones တွေမှာ တစ်ခြားသော RAM အများကြီး ပါတဲ့ Android စမတ်ဖုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် RAM အများကြီး ထည့်လို့ရရဲ့သားနဲ့ မထည့်ဘဲ နေတာပါ။ ဘာကြောင့်လဲဆိုတော့ အသုံးပြုသူတွေအတွက် တကယ်မလိုအပ်လို့ပါ။

“ သာမန်အသုံးပြုတဲ့ ကွန်ပျူတာတစ်လုံးမှာ RAM 8GB ဆိုရင်တောင် လုံလုံလောက်လောက် ရှိတယ်လို့ ပြောလို့ရတာဖြစ်လို့ iPhones တစ်လုံးအတွက်လည်း RAM 4GB ဟာ RAM Management ကောင်းကောင်းနဲ့ တစ်ခြားအချက်တွေပေါင်းစပ်လိုက်ရင် လုံလောက်ပြီလို့  Apple က ယူဆထားပုံရပါတယ်။ ”


ဒီလောက်ဆိုရင် iPhones တွေဟာ အကြောင်းမဲ့ RAM နည်းနည်းလေးပဲ ပါဝင်တာမဟုတ်သလို RAM ပမာဏမှာ သူ့ရဲ့ ထက်ဝက်မက ပို ပါဝင်တဲ့ Android စမတ်ဖုန်းတွေထက် ဘာကြောင့်စွမ်းဆောင်ရည် ပိုကောင်းနေလဲ ဆိုတာကို အတိုင်းအထာတစ်ခုအထိ သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်ဗျ။


[Zawgyi]iPhone ေတြမွာ ဘာလို႔ RAM နည္းနည္းပဲ ပါဝင္ဝာလဲ?




#iPhone

#Apple_Products

#Mobile_Knowledge

(လူငယ္ေတြအေတာ္မ်ားမ်ားရဲ့ လက္ထဲမွာ အိုင္ဖုန္းလို႔ေခၚတဲ့ Apple Company ကထုတ္တဲ့ တယ္လီဖုန္းတစ္မ်ိဳးကို တန္ဖိုးထားသံုးစြဲ ၾကတာျမင္ရပါတယ္။ သီးသန႔္ OS ၊ သီးသန႔္ အပိုပစၥည္းေတြနဲ႔ ေဈးျမင့္သံုးရတဲ့ အဲသၫ့္ဖုန္းမွာ ဘာေၾကာင့္ RAM ပမာဏက Android OS Mobile Phone ေတြထက္နည္းေနရတာလည္းလို႔ သိခ်င္မိတာေၾကာင့္ ဟိုသည္ရွာလိုက္တာ မူလေရးသားမ်ွေဝသူမသိတဲ့ သည္ေဆာင္းပါးေလးကိုေတြ့မိတာေၾကာင့္ တဆင့္ျပန္လည္ေဝငွလိုက္ပါတယ္ေနာ္။)


Basic ေလးေတြ နည္းနည္း ျပန္ေျပာၾကရေအာင္…

RAM ရဲ့ အရွည္ေကာက္က Random Access Memory ပါ။ သူ႔ရဲ့ အလုပ္လုပ္ပံုကလည္း အရမ္း ရိုးရွင္းပါတယ္။ ယာယီမွတ္ဉာဏ္လို႔ ျမန္မာလို ဆိုႏိုင္ၿပီး ကြၽန္ေတာ္တို႔ လုပ္ေဆာင္သမ်ွေတြကို သူက ယာယီမွတ္သားထားေပးတာပါ။ 

ဥပမာ ဖုန္းထဲမွာ Facebook ဖြင့္လိုက္တယ္ ၿပီးေတာ့ ဗြီဒီယိုတစ္ခု ဖြင့္ၾကၫ့္တယ္၊ အဲလိုဆိုရင္ ေစာေစာက ဗြီဒီယိုရဲ့ Data ေတြကို  RAM  ထဲမွာ ယာယီမွတ္လိုက္ပါတယ္၊ PUBG ေဆာ့ရင္လည္း Game ထဲမွာရိွေနတဲ့ အရုပ္ေတြ အသံေတြနဲ႔ ရိွရိွသမ်ွ Elements ေတြကို RAM  ထဲမွာ ယာယီမွတ္လိုက္ပါတယ္၊ 

အဲ…ခဏ သြားသိမ္းထားလိုက္တယ္ေပါ့ဗ်ာ...။

ဒါေတြက ေတာ္ေတာ္မ်ားမ်ား သိၿပီးသားျဖစ္မယ့္ အရာေတြပါ။ 


Android စမတ္ဖုန္းေတြနဲ ႏိႈင္းယွဉ္ၾကၫ့္ရေအာင္...


iPhones ေတြရဲ့ RAM နည္းနည္းပဲပါရျခင္း အေၾကာင္း မေျပာခင္ တစ္ျခား Android စမတ္ဖုန္းေတြရဲ့ RAM ပမာဏကို အရင္ေျပာတာက ပိုၿပီးေတာ့ ေကာင္းမယ္ထင္ပါတယ္။

အားလံုး သိၾကတဲ့အတိုင္း Android စမတ္ဖုန္းေတြမွာ Budget ဆိုရင္ RAM 2~4GB ဝန္းက်င္ Midrange ဆိုရင္ RAM 6~8GB ဝန္းက်င္နဲ႔ Flagship ဆိုရင္ RAM 12~16GB ဝန္းက်င္အထိကို ပါဝင္ေနေလ့ရိွပါတယ္။ 

iPhone ေတြမွာေတာ့ ေနာက္ဆံုးထြက္ iPhone 12 Pro အထိ RAM 6GB ပဲ ပါဝင္ေနတာပါ။ 

*ႁခြင္းခ်က္အေနနဲ႔ 2021 M1 iPad Pro မွာေတာ့ RAM 16GB Options ရိွပါေသးတယ္။ ေအာက္မွာ ဆက္လက္ေဖာ္ျပမယ့္ အေၾကာင္းအရာေတြဟာ iPhones ေတြတင္ မကဘဲ iPad ေတြနဲ႔ပါ သက္ဆိုင္ပါတယ္။


မတူညီတဲ့ ပလက္ေဖာင္း၂ခု နဲ႔ Programming Languages ၂ခု...


iPhone/iPad ေတြ RAM နည္းနည္းပဲ ပါဝင္ရျခင္း အေၾကာင္းအရာတစ္ခုကေတာ့ သူ႔ရဲ့ iOS/iPad OS ေၾကာင့္ပါ။ iOS ဟာ Apple ကေန သူတို႔ထုတ္လုပ္တဲ့ iPhones ေတြအတြက္ပဲ သီးသန႔္ရည္ရြယ္ထားတဲ့ Operating System ျဖစ္ပါတယ္။ Apple ဟာ iOS ကို Swift လို႔ေခၚတဲ့ သူတို႔ကိုယ္တိုင္ Develope ျပဳလုပ္ထားတဲ့  Progamming Language တစ္မ်ိဳးကို အသံုးျပဳ ဖန္တီးေရးသားပါတယ္။

တစ္ဖက္မွာေတာ့ Android ဟာ Java ဆိုတဲ့  Programming Language တစ္မ်ိဳးကို  အသံုးျပဳ ဖန္တီးေရးသားပါတယ္။ ေနာက္ၿပီးေတာ့ Android ဟာ အမ်ားသံုး Open Sources ျဖစ္တာနဲ႔အညီ Chipset မ်ားစြာ၊ စမတ္ဖုန္းထုတ္လုပ္သူမ်ားစြာ၊ Hardware မ်ားစြာမွာ ေကာင္းေကာင္းမြန္မြန္အလုပ္လုပ္ႏိုင္ဖို႔ အတြက္ ဒီဇိုင္းထုတ္ထားျခင္း ျဖစ္ပါတယ္။ 

ပံုမွန္အားျဖင့္ေတာ့ Hardware စနစ္တစ္မ်ိဳးအတြက္ ေရးသားထားတဲ့ Software Programm တစ္ခုဟာ တစ္ျခား Hardware စနစ္တစ္ခုမွာ အလုပ္မလုပ္ႏိုင္ပါဘူး။ ဒီေတာ့ သူနဲ႔ ကိုက္ညီသြားၿပီး အလုပ္လုပ္ႏိုင္ေအာင္ Code ေတြကို ျပန္ၿပီးေတာ့ ေရးသားေပးဖို႔လိုပါတယ္။ ဒီလိုလုပ္ႏိုင္ေအာင္ Android ဟာ Java Platform ေပၚမွာ အလုပ္လုပ္ပါတယ္။

အဲဒီလိုလုပ္ႏိုင္ေအာင္ Java က Virtual Machine ဆိုတာကိုသံုးၿပီးေတာ့ Android Code ေတြကို သူအလုပ္လုပ္ေပးေနတဲ့ Hardware နဲ႔ ကိုက္ညီၿပီး အလုပ္လုပ္ႏိုင္ေအာင္ Translate ဘာသာျပန္ ေျပာင္းေရးေပးပါတယ္။ အလြယ္ေျပာရရင္ေတာ့ Java Virtual Machine ဟာ ၾကားေနၿပီးေတာ့ လုပ္ေဆာင္ေပးတာေပါ့။

ဒီမွာ ျပန္ၿပီးေတာ့ ေပးဆပ္ရတာကေတာ့ RAM ပါ။ ၾကားမွာေနတဲ့ Java Virtual Machine ဟာ အရမ္းရႈပ္ေထြးၿပီး သူ႔အတြက္ေရာ သူကေန လုပ္ေဆာင္ေပးဖို႔အတြက္ေရာ RAM အမ်ားႀကီး လိုအပ္ပါတယ္။ တစ္ဖက္မွာလည္း Java Virtual Machine ဟာ အခ်ိန္ၾကာလာတာနဲ႔အမ်ွ RAM လိုအပ္ခ်က္ နည္းႏိုင္သမ်ွနည္းလာပါၿပီ။

*Virtual Machine ဆိုတာက ကြန္ပ်ူတာတစ္လံုးထဲမွာ ေနာက္ထပ္ ကြန္ပ်ူတာတစ္လံုးကို အတုအေယာင္အျဖစ္ တုပန္တီးထားတာပါ။ ျဒပ္မဲ့စက္လို႔ ဝီကီပီးဒီယားမွာ ေဖာ္ျပထားပါတယ္။ (ဖုန္းဆိုတာကလည္း ကြန္ပ်ဳတာ အေသးစားေလးပါပဲ)

*Virtual Box နဲ႔  VM Ware တို႔လိုမ်ိဳး Virtualization Software ေတြနဲ႔ Nox နဲ႔ BlueStack တို႔လို Android Emulator ေတြကိုကလိဖူးတဲ့သူ၊  Window ေပၚမွာ Mac OS နဲ႔ Linux OS ေတြကို ၂ခုတစ္ၿပိဳက္နက္ သံုးဖူးတဲ့သူေတြဆိုရင္ ဒီအခ်က္ကို ေကာင္းေကာင္းႀကီးနားလည္ၾကမွာပါ။ 

အထက္မွာ ေဖာ္ျပခဲ့တာေတြက ရႈပ္ေထြးၿပီးနားလည္ရခက္ေနရင္လည္း ဒီလိုမ်ိဳး အလြယ္မွတ္လိုရပါေသးတယ္။

iOS Operating System နဲ႔ Android Operating System ၂ခုတို႔ဟာ မတူညီတဲ့ ပလက္ေဖာင္းျဖစ္ၿပီး မတူညီတဲ့ Programming Languages ၂ခုတို႔ကို အေျခခံၿပီး ေရးသားထားတာျဖစ္လို႔ သူတို႔ရဲ့ RAM လိုအပ္ခ်က္ဟာလည္း ကြဲျပားပါတယ္။


RAM Management ေကာင္းျခင္း...


ေရ႔ွမွာ ေျပာခဲ့တဲ့ Programming Language ၂ခုဟာ မတူညီသလို Android နဲ႔ iOS Operating System တို႔ရဲ့ RAM Management ဟာလည္း ကြဲျပားပါတယ္။  RAM Management ဆိုတာက  အကန႔္အသတ္နဲ႔ ရိွေနတဲ့ RAM ပမာဏ (Hardware) ကို ဘယ္လိုမ်ိဳး အသံုးခ်မယ္/ဘယ္လို စီမံခန႔္ခြဲမယ္ ဆိုတဲ့ Operation System (Software) ရဲ့ လုပ္ေဆာင္မႈလို႔ဆိုရမွာပါ။

Apple ရဲ့ iOS Devices ေတြ RAM Management ေကာင္းရျခင္း အေၾကာင္းအရင္းကေတာ့ Apple က သူတို႔ရဲ့ Software ေတျြဖစ္တဲ့ iOS ကို သူတို႔ ကိုယ္တိုင္ ေရးဆြဲဖန္တီးထားတဲ့ အျပင္ Hardware ျဖစ္တဲ့ iPhone & iPad ေတြကိုလည္း သူတို႔ ကိုယ္တိုင္ ဒီဇိုင္းဆြဲ၊ အင္ဂ်င္းနီးယားရင္းလုပ္၊ ဖန္တီးျပဳလုပ္ထားလို႔ပါ။ လြယ္လြယ္ေျပာရရင္ေတာ့ အစအဆံုး Apple ကေနပဲ လုပ္ထားတာေပါ့ဗ်ာ။

အဲဒီလို လုပ္ထားေတာ့ Software နဲ႔ Hardware ဟာ တစ္ခုနဲ႔တစ္ခု လိုက္ဖက္ညီညီ အခ်ိဳးက်က် နဲ႔ ေကာင္းေကာင္းမြန္မြန္ႀကီးကို အလုပ္လုပ္ႏိုင္ပါတယ္။ ရိွတာကို ေကာင္းေကာင္း အသံုးခ်တယ္၊ Optimized ျဖစ္တယ္၊ တစ္ခုနဲ႔တစ္ခုက ေခြးသြားစိပ္ေလးေတြလို အခ်ိတ္အဆက္မိမိ ေကာင္းေကာင္းႀကီးကို အလုပ္တာမ်ိဳးပါ။ RAM Management အရမ္းေကာင္းတဲ့အတြက္ RAM အမ်ားႀကီးမလိုပါဘူး။ 

Android စမတ္ဖုန္းေတြမွာကေတာ့ စမတ္ဖုန္းထုတ္လုပ္သူ Manufactures ေပါင္းစံု၊ Hardware ေပါင္းစံု၊ RAM Amount ေပါင္းစံု၊… စသျဖင့္ အမ်ားႀကီးရိွတာ ျဖစ္လို႔ အထက္မွာေဖာ္ျပခဲ့တဲ့ ျဖစ္စဉ္နဲ႔ ေျပာင္းျပန္ျဖစ္ေနတယ္လို႔ မွတ္ယူႏိုင္ပါတယ္။ RAM Management ရိွေပမယ့္ မေကာင္းဘူး၊ Optimized မျဖစ္ဘူးေပါ့ဗ်ာ။ 


တစ္ျခားေသာ အခ်က္မ်ား...


အထက္မွာ ေဖာ္ျပခဲ့တဲ့ အခ်က္ေတြဟာ iPhones ေတြမွာ RAM နည္းနည္းပဲ ပါဝင္ရျခင္းရဲ့ အဓိက အေၾကာင္းအရင္းေတျြဖစ္ၿပီး ေနာက္တစ္ျခားေသာ အေရးပါနည္းတဲ့(Minor) အခ်က္ေလးေတြလည္း ရိွပါေသးတယ္။ ပထမတစ္ခုကေတာ့ iPhones ေတြရဲ့ Chipset ျဖစ္ပါတယ္။ 

Apple ရဲ့ A Series Bionic Chipset ေတြဟာ မိုဘိုင္း Chipset ေတြထဲက အေကာင္းဆံုး၊ အျမန္ဆံုးေတျြဖစ္တာကို ဘယ္သူမွ ျငင္းၾကမွာ မဟုတ္ပါဘူး။ ဒီေတာ့ Data ေတြကို Processing လုပ္တဲ့အခါ အရမ္းအရမ္းကို ျမန္ဆန္ပါတယ္။ ဒီေတာ့ အမ်ားႀကီးမပါေပမယ့္ RAM ရဲ့ အလုပ္လုပ္ႏိုင္စြမ္းကို ပိုၿပီးေတာ့ Efficient ျဖစ္ေစပါတယ္။ နည္းနည္းပါေပမယ့္လည္း ေကာင္းေကာင္းလုပ္ႏိုင္တယ္ေပါ့ဗ်ာ။

ဒုတိယတစ္ခုကေတာ့ iPhone ေတြမွာ ပါဝင္တဲ့ Storage အမ်ိဳးအစားပါ။ Android စမတ္ဖုန္းအမ်ားစုမွာ UFS နဲ႔ eMMc Storage အမ်ိဳးအစားေတြပဲ ပါဝင္ေလ့ရိွတာပါ။ iPhones ေတြမွာေတာ့ သူတို႔ေတြထက္ အမ်ားႀကီး ပိုျမန္တဲ့ NVMe Storage အမ်ိဳးအစားပါဝင္ပါတယ္။ 

ဒီေတာ့ ရလာဒ္အေနနဲ႔ သူ႔မွာ ပိုျမန္တဲ့ Storage အမ်ိဳးအစား ပါဝင္လို႔ RAM အမ်ားႀကီး မပါဝင္ေပမယ့္လည္း ေကာင္းေကာင္းမြန္မြန္ အလုပ္လုပ္ႏိုင္ပါတယ္။


*iPhone 7 မွာစၿပီး NVMe Storage အမ်ိဳးအစား ပါဝင္တာပါ။

*UFS,eMMC & NVMe Storage ဆိုတာကို ဖုန္းထဲထၫ့္တဲ့ မန္မိုရီကဒ္တစ္မ်ိဳးလို႔ အလြယ္မွတ္ႏိုင္ပါတယ္။

* Sotrage အမ်ိဳးအစား ကြာတာကို ကြန္ပ်ူတာတစ္လံုးမွာ တပ္ဆင္ထားတဲ့  Hard Disk Drive HDD နဲ႔ Solid State Drive SSD တို႔ကိုမူတည္ၿပီး သူ႔ရဲ့ စြမ္းဆာင္ရည္ကြာသြားသလိုမ်ိဳးပါပဲလို႔လည္း မွတ္ယူႏိုင္ပါတယ္။


ဒီေနရာမွာ ထပ္မံမ်ွေဝခ်င္တာက iPhones ေတြမွာ ပါဝင္တဲ့ RAM အမ်ိဳးအစား “RAM Types” ဟာ Android စမတ္ဖုန္းမ်ားပါဝင္ေလ့ရိွတဲ့  “RAM Types” နဲ႔အတူတူပါပဲ။ iPhones ေတြမွာ ပါဝင္တဲ့  “RAM Types” ဟာ ေရ႔ွမွာ  ေျပာခဲ့တဲ့ Storage အမ်ိဳးအစားလို ပိုေကာင္းေနတာမ်ိဳးလည္း မရိွပါဘူး။ iPhones ေတြမွာ ပါဝင္ေလ့ရိွတာကေတာ့ Android စမတ္ဖုန္းအမ်ားစုလို  LPDDR RAM အမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။

*LPDDR RAM ရဲ့ အရွည္ဟာ Low-Power Double Data Rate Synchronous Dynamic Random Access Memory ျဖစ္ၿပီး သူ႔မွာ LP-DDR (1) ကေန (5) အထိ အဓိက မ်ိဳးဆက္ (၅)ခုရိွပါတယ္။ ဖုန္းေတြ ကြန္ပ်ူတာေတြ အမ်ားစုမွာ ဒီ RAM ကိုပဲ ထၫ့္သြင္းထားၾကတာပါ။


ေနာက္ဆံုး တတိယအခ်က္အေနနဲ႔ကေတာ့ Apple ဟာ သူ႔ရဲ့ iPhones ေတြမွာ တစ္ျခားေသာ RAM အမ်ားႀကီး ပါတဲ့ Android စမတ္ဖုန္းေတြကို ယွဉ္ၿပိဳင္ဖို႔အတြက္ RAM အမ်ားႀကီး ထၫ့္လို႔ရရဲ့သားနဲ႔ မထၫ့္ဘဲ ေနတာပါ။ ဘာေၾကာင့္လဲဆိုေတာ့ အသံုးျပဳသူေတြအတြက္ တကယ္မလိုအပ္လို႔ပါ။

“ သာမန္အသံုးျပဳတဲ့ ကြန္ပ်ူတာတစ္လံုးမွာ RAM 8GB ဆိုရင္ေတာင္ လံုလံုေလာက္ေလာက္ ရိွတယ္လို႔ ေျပာလို႔ရတာျဖစ္လို႔ iPhones တစ္လံုးအတြက္လည္း RAM 4GB ဟာ RAM Management ေကာင္းေကာင္းနဲ႔ တစ္ျခားအခ်က္ေတြေပါင္းစပ္လိုက္ရင္ လံုေလာက္ၿပီလို႔  Apple က ယူဆထားပံုရပါတယ္။ ”


ဒီေလာက္ဆိုရင္ iPhones ေတြဟာ အေၾကာင္းမဲ့ RAM နည္းနည္းေလးပဲ ပါဝင္တာမဟုတ္သလို RAM ပမာဏမွာ သူ႔ရဲ့ ထက္ဝက္မက ပို ပါဝင္တဲ့ Android စမတ္ဖုန္းေတြထက္ ဘာေၾကာင့္စြမ္းေဆာင္ရည္ ပိုေကာင္းေနလဲ ဆိုတာကို အတိုင္းအထာတစ္ခုအထိ သိရိွသြားမယ္လို႔ ေမ်ွာ္လင့္ပါတယ္ဗ်။

No comments: