Sunday, June 13, 2021
၅၀ကျော်အရွယ်မှာ အလုပ်ရနိုင်ဖို့
 ၅၀ကျော်အရွယ်မှာ အလုပ်ရနိုင်ဖို့ – OPP JOURNAL MYANMAR
၅၀ကျော် အရွယ်မှာ အလုပ်ရှာခြင်းသည် တစ်ခါတစ်ရံ စိန်ခေါ်ချက် တစ်ခု ဖြစ်နိုင်ပါသည်။ လက်ရှိအလုပ် ဆုံးရှုံးခဲ့ရလို့ ဖြစ်စေ ၊ အလုပ်အကိုင်အတွက် နားနေရာမှ အလုပ်စတင်လုပ်ချင်လို့ ဖြစ်စေ၊ အလုပ်ပြောင်းချင်လို့ ဖြစ်စေ သင့်အတွက် လိုအပ်သော အလုပ်အကိုင်များ ရှိနေပါသည်။ ဒီဆောင်းပါးကတော့ အသက်၅၀ ကျော် အရွယ်မှာ အလုပ်ရဖို့ အကြံပြုချက်များ ဖြစ်ပါသည်။
၁။ ငယ်ရွယ်သော သူများနှင့် ယှဉ်ပြိုင်နိုင်ကြောင်း ပြပါ။
အလုပ်ရှင် (သို့မဟုတ်) မန်နေဂျာကို သင်သည် ငယ်ရွယ်သောသူများနှင့် ယှဉ်ပြိုင်ပြီး အလုပ်လုပ်နိုင်ကြောင်း ပြသဖို့ လိုပါသည်။ဘာလို့ ဆို တစ်ချို့ အလုပ်ရှင်တွေက အသက်၅၀ကျော်ဆိုတာ ခေတ်နောက်ကျသော အတွေးရှိသူ၊ နည်းပညာအသက်တွေကို အမှီမလိုက်နိုင်သူလို့ ခံယူထားတတ်သောကြောင့် ဖြစ်ပါသည်။ လုပ်ငန်းအတွေ့အကြုံတွေကို အလေးထားဖော်ပြပါ။ အခြေအနေအမျိုးမျိုးကို အေးဆေးတည်ငြိမ်စွာ၊ ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ဖော်ပြပါ။ ဒီအတွေ့အကြုံတွေက ကိုယ်လျှောက်ထားသော ရာထူးနေရာအတွက် ဘယ်လိုအထောက်အကူပြုနိုင်တယ်ဆိုတာ ဖော်ပြပါ။ လုပ်ဆောင်ခဲ့တဲ့ စီမံကိန်းအမျိုးမျိုးကို သေချာစွာ ဖော်ပြပေးရပါမည်။
၂။ Overqualified ဖြစ်ကြောင်း မပြပါနှင့်
အလုပ်လျှောက်လွှာကို ဖန်တီးတဲ့အခါ လုပ်ခဲ့သော အတွေ့အကြုံတွေကို ဖော်ပြပေးခြင်းဖြင့် ရာထူးအတွက် သင့်လျော်ကြောင်း အလုပ်ရှင်သိပါစေ။ overqualified ဖြစ်ကြောင်း မပြမိဖို့ အရေးကြီးပါတယ်။ ဘာလို့ဆို အလုပ်ရှင်က လစာအများကြီးတောင်းမည့်သူလို့ ထင်သွားနိုင်တာကြောင့်ပါ။ အင်တာဗျူးနေတဲ့ အချိန်ကို သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တုန်းက ညှိနှိုင်းဆောင်ရွက်ခဲ့သလိုမျိုး သဘောထားပြီး လိုချင်သော ပန်းတိုင်ကို အရောက်လှမ်းပါ။
၃။ စက်မှုလုပ်ငန်းများမှာ တက်ကြွမှု ရှိပါစေ။
စက်မှုလုပ်ငန်းများမှာ စိတ်ပါဝင်စားစွာနဲ့ တက်တက်ကြွကြွ လုပ်ဆောင်ပါ။ ဟောပြောပွဲများ၊ နှီးနှောဖလှယ်ပွဲများ (သို့မဟုတ်) လိုအပ်သော သင်တန်းများ တက်ရောက်ဖြင်းဖြင့် အသိပညာများကို လေ့လာဆည်းပူးပါ။ ရလာသော ဗဟုသုတများကို မှတ်သားပြီး ပြန်လည် အသုံးချပါ။ တိုးတက်လိုစိတ် ပြင်းပြနေပါက အလုပ်ရနိုင်ခြေ ပိုများပါတယ်။
၄။ နည်းပညာ အသစ်အဆန်များကို နားလည်ကြောင်း ပြပါ။
ခေတ်သစ်နည်းပညာများကို နားလည်ကြောင်းပြသဖို့ လိုပါတယ်။ အသုံးများသော ကွန်ပျူတာ ပရိုဂရမ်များကို ကျွမ်းကျင်စွာ သုံးနိုင်ကြောင်းပြသပါ။ လုပ်နိုင်သော ကွန်ပျူတာ ပရိုဂရမ်များကို စာရင်းပြုစုပါ။ ဒီလိုပြုစုသော အခါ ကုမ္ပဏီများက အသုံးမပြုတော့သော ခေတ်နောက်ကျသော ပရိုဂရမ်များကို ရှောင်ကြဉ်ပါ။ သင်က ဈေးကွက်ရှာဖွေးရေးကျွမ်းကျင်သူအနေနဲ့ အလုပ်လျှောက်ချင်ပါက ဆိုရှယ်မီဒီယာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြောင်း ဖော်ပြဖို့ လိုပါသည်။
၅။ အလုပ်အကိုင် ရှာဖွေရေး ဝက်ဆိုက်များကို အသုံးပြုပါ။
အွန်လိုင်း ပလက်ဖောင်းများသည် အလုပ်ရှာဖွေနိုင်သော နေရာကောင်းတစ်ခု ဖြစ်ပါသည်။ ဒါကြောင့် ကိုယ်ကျွမ်းကျင်သော၊ လုပ်ကိုင်နိုင်သော အချက်အလက်များဖြင့် ကောင်းမွန်သော အလုပ်လျှောက်လွှာတစ်စောင်ကို ဖန်တီးပြီး အလုပ်ရှာဖွေလိုက်ပါ။
၆။ ကောင်းမွန်သော အင်တာဗျူးတစ်ခု ဖြစ်ပါစေ။
လူတွေ့ အင်တာဗျူးနေစဉ် အတော်အတွင်း နှစ်ပေါင်းများစွာ အတွေ့အကြုံက ဘယ်လိုအကျိုးပြုနိုင်ကြောင်း မန်နေဂျာကို ပြောပြပေးဖို့ လိုပါတယ်။ ကုမ္ပဏီ၏ ရည်မှန်းချက် များ၊ ဆောင်ရန် ရှောင်ရန်များကို မေးမြန်းပါ။ တခြားသူများနှင့် ပူပေါင်းဆောင်ရွက်ရတာကို ပျော်မွေ့ပြီး ငယ်ရွယ်သော လုပ်ဖော်ကိုင်ဖက်များကို အတွေ့အကြုံကောင်းများ ဝေမျှပေးရတာကို ကြိုက်ကြောင်းပြပါ။ တစ်ချိန်တည်းမှာ ကျွမ်းကျင်မှု အသစ်များ (သို့မဟုတ်) နည်းစနစ်အသစ်များကို လေ့လာရတာ နှစ်သက်ကြောင့် သင်ယူလိုစိတ်ရှိကြောင်း ပြသဖို့ လိုပါတယ်။
၇။ တိုက်ရိုက်ဆက်သွယ်သင့်က ဆက်သွယ်ပါ။
အင်တာဗျူးအတွက် မန်နေဂျာနဲ့ တိုက်ရိုက်ဆက်သွယ်သင့်က ဆက်သွယ်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် မန်နေဂျာက သင့်အလုပ်လျှောက်လွှာကို အလေးအနက်ထားဖတ်ရှုနိုင်ပြီး အင်တာဗျူးလာဖို့ သင့်ကို ဆက်သွယ်နိုင်ပါတယ်။ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုလည်း အလုပ်ရှာဖွေရေး ဝက်ဆိုက်များ (သို့မဟုတ်) အွန်လိုင်းရှာဖွေရေး အေဂျင်စီများတွင် ဖော်ပြထားတတ်ပါသည်။
၈။ ကုမ္ပဏီငယ်လေးများကို လျှောက်လွှာတင်ကြည့်ပါ။
ကုမ္ပဏီကြီးများထက် ကုမ္ပဏီငယ်လေးများက အလုပ်ရဖို့ အခွင့်အလမ်းပိုများနိုင်သောကြောင့် ကုမ္ပဏီငယ်လေးများကို ကြိုးစားကြည့်စေချင်ပါသည်။ ကုမ္ပဏီငယ်လေးများတွင် အလုပ် လျှောက်ထားသူ နည်းသောကြောင့် ယှဉ်ပြိုင်မှု နည်းပါးပါသည်။
၉။ ဆောင်ရန်ရှောင်ရန်များ
ကျောင်းပြီးခါစတုန်းက အလုပ်လျှောက်သလိုမျိုး သင့်ရဲ့ CV ကို ပြင်ဆင်စရာမလိုတော့ပါ။ ဘယ်အလုပ်မှာ ဘယ်လောက်ကြာကြာ လုပ်ခဲ့ပါတယ်ဆိုတဲ့ လုပ်ငန်းအတွေ့အကြုံကိုသာ သေချာလေး ထည့်ပေးရပါမယ်။ ခေတ်ကုန်သွားသော အီးမေးလ်လိပ်စာကို မသုံးပါနှင့်။ အီးမေးလ် အသစ်ဖွင့်ပါ။ အလုပ်အကိုင်ရှာဖွေပေးနိုင်သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပါ။ အင်တာဗျူးအတွက် သူငယ်ချင်းတစ်ယောက်ယောက်နှင့် သရုပ်ဖော်ကြိုတင်လေ့ကျင့်ပါ။ အင်တာဗျူး ခေါ်နိုင်သော အလုပ်များကို လျှောက်ထားခြင်းဖြင့် အင်တာဗျူးအတွေ့အကြုံ ရယူနိုင်ပါတယ်။ အင်တာဗျူးနေစဉ်မှာ recording လုပ်ထားပါ။ ကိုယ်နှစ်သက်သော အလုပ်အတွက် အင်တာဗျူး ဝင်သောအခါ လေသံအနိမ့်အမြင့်၊ တစ်ဖက်က မေးလာနိုင်သော မေးခွန်းတွေကို ပြင်ဆင်ထားပြီး ကြိုတင်လေ့လာသင့်ပါသည်။ လစာနှင့် ပတ်သက်ပြီး ပြောင်းသာလွှဲသာ ရှိပါစေ။ အလုပ်ရှာဖွေသူအများစုသည် ယခင်က ရရှိခဲ့သည့် ဝင်ငွေကို အနည်းဆုံးလစာအဖြစ် တောင်းဆိုတတ်ကြပါသည်။ လက်တွေ့ကျကျ စဉ်းစားပြီး ဆုံးဖြတ်ပါ။ အားလပ်ရက်များသော၊ ရေရှည်အတွက် ကောင်းသောအလုပ်ဖြစ်ပါက စဉ်းစားသင့်ပါသည်။ အချိန်ပိုင်း အလုပ်ဖြစ်တာကြောင့် လက်လွှတ်လိုက်တာမျိုး မလုပ်ပါနဲ့။ တစ်ခါတစ်ရံ အချိန်ပိုင်းအလုပ်မှ အချိန်ပြည့်အလုပ်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ကိုယ့်အသက်အရွယ်ကို မဖုံးကွယ်သင့်ပါ။ မန်နေဂျာတွေ အနေနှင့် အသက်အရွယ်ကို တမင်တကာ ဖုံးကွယ်နေပါက သင့်ကို မနှစ်မြို့ဖွယ် မယုံကြည်ဖွယ် ခံစားချက် ရှိနိုင်ပါသည်။
Ref: https://www.indeed.com/career-advice/finding-a-job/finding-a-job-after-50
[Zawgyi]
မူလဘာသာပြန်ရေးသားသူ - အခွင့်အလမ်းဂျာနယ်
No comments: