Friday, June 4, 2021

ဝက်နံရိုးကင် - မုန်ညင်းရွက်ကြော် - အာလူးထောင်းဟင်းရည်နှင့် ပဲပုပ်ငါးပိချက်

 [Unicode]ဝက်နံရိုးကင် - မုန်ညင်းရွက်ကြော် - အာလူးထောင်းဟင်းရည်နှင့် ပဲပုပ်ငါးပိချက်

၀က်နံရိုးကင်




ပါဝင်ပစ္စည်းများ

၀က်နံရိုး ၅၀ကျပ်သား၊ ဂျင်း လက်တစ်ဆစ် (ညက်အောင်ထောင်းပြီး အရည်ညှစ်ယူထားပါ)၊ ဆား/သကြား အနည်းငယ်စီ၊ ပဲငံပြာရည်အပျစ် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ထောပတ် အနည်းငယ်၊ သံညှပ် (အသားကင်ရာတွင်သုံးသည့် ပစ္စည်းတစ်မျိုး)

ပြင်ဆင်ပြုလုပ်ပုံ

ပထမဆုံး ၀က်နံရိုးကို မခုတ်မထစ်ဘဲ အပြားလိုက်ရေဆေးပြီး ဆား၊သကြား၊ပဲငံပြာရည်၊ အရည်ညှစ်ယူထားသော ချင်းအရည်တို့ဖြင့် အသားထဲစိမ့်ဝင်အောင် ခပ်နာနာနယ်ပြီး နာရီဝက်၊ တစ်နာရီခန့် နှပ်ထားပါ။

၀က်နံရိုးကို ကင်ကာနီးမှ ဟိုဘက်ဒီဘက် ထောပတ်များသုတ်လိမ်းပေးပါ။ ပြီးလျှင် မီသွေးမီးဖိုတွင် မီးစွဲအောင်ပြုလုပ်ရာ၌ မီးအားမပြင်းဘဲ မီးအေးအေးဖြင့် ကင်ပေးရပါမယ်။

၀က်နံရိုးကို အသားကင်ရာတွင်သုံးသည့် သံညှပ်ဖြင့်ညှပ်၍ အသားအကျက်ညီအောင် ဟိုဖက်သည်ဖက်မျှတအောင် လှန်ပေးပါ။ ၁ နာရီခန့်ကင်ပေးရင် အသားများကျက်ပြီး ချင်းနံ့နဲ့ ထောပတ်နံ့လေးမွှေးနေတဲ့ ၀က်နံရိုးကင်ကို သုံးဆောင်လို့ရပါပြီ။

ရယ်ဒီမိတ် ငရုတ်ချဉ်ဆော့စ်နဲ့လည်း တို့စားနိုင်ပါတယ်။


မုန်ညင်းရွက်ကြော်




ပါဝင်ပစ္စည်းများ

မုန်ညင်းဖြူ ၄စည်း (အရွယ်တော်ပိုင်းဖြတ်ပြီး ရေဆေးထားရန်)၊

ကြက်သွန်ဖြူ ၁၅မြွှာ (မညက်တညက်ထောင်းထားပါ)၊

ပုစွန်ခြောက်မှုန့် စတီးဇွန်းသေး ၂ဇွန်း၊

ဆား၊သကြား အနည်းငယ်၊

ဆီ ၅ ကျပ်သား။

ပြင်ဆင်ပြုလုပ်ပုံ

ဆီပူအိုးထဲတွင် ကြက်သွန်ဖြူနှင့် ပုစွန်ခြောက်မှုန့်များ ဆီသတ်ပါ။ ကြက်သွန်ဖြူများ နွမ်းသွားလျှင် မုန်ညင်းရွက်များ၊ ဆား၊ သကြားတို့ကိုထည့်ပြီး သမအောင်မွှေပေး၍ အဖုံးအုပ်ထားပါ။ ၃မိနစ်လောက်ကြော်ပြီးလို့ အရွက်များ အနည်းငယ်နွမ်းသွားရင် အရသာမြည်းပြီးနောက် မီးဖိုပေါ်မှချလိုက်ပါ။


ပဲပုပ်ငါးပိချက်




ပါဝင်ပစ္စည်းများ

ပဲပုပ်အ၀ိုင်းပြား ၁၀ပြား (ရေနှင့် ၁၀မိနစ်ခန့်စိမ်ပြီး ပြန်ဆည်၍ ချွေထားပါ)

ခရမ်းချဉ်သီး လေးလုံး (ရေဆေးပြီး ပါးပါးလှီးထားပါ)

မျှင်ငါးပိ ကွမ်းသီးလုံးခန့်

ကြက်သွန်ဖြူ အမြွှာ ၂၀ (ညက်အောင်ထောင်းထားပါ)

ဆား၊ သကြား အနည်းငယ်

ဆီ ၇ကျပ်ခွဲသားခန့်

နံနံပင် အနည်းငယ် (ရေဆေးပြီး ပိုင်းဖြတ်ထားရန်)

ငရုတ်သီးစိမ်း ၁၅တောင့် (ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ။)

ပြင်ဆင်ပြုလုပ်ပုံ

ဟင်းချက်မည့် ဒယ်အိုးထဲသို့ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာရင် ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးများထည့် ဆီသတ်ပါ။ ခရမ်းချဉ်သီး အစိမ်းနံ့ပျောက်သွားမှ ခြွေထားတဲ့ ပဲပုပ်များ၊ မျှင်ငါးပိ၊ ငရုတ်သီးစိမ်း၊ဆား၊ သကြားတို့ကိုထည့်၍ သမအောင်မွှေပြီး ရေနည်းနည်း ထည့်ကာ အဖုံးခဏအုပ်ပါ။ ဟင်းအနှစ်ဆူပွက်လာရင် အချို၊ အငန်မြည်း၍ နံနံပင်အုပ်ခတ်ကာ မီးဖိုပေါ်မှချလို့ရပါပြီ။


အားလူးထောင်းဟင်းရည်




အာလူး ၄၀ကျပ်သား (နူးအောင်ပြုတ်၍ အခွံနွှာပြီးထောင်းထားပါ)

ကြက်သွန်ဖြူ ၁၀မြွှာ (ညက်အောင်ထောင်းထားပါ)

ဆား၊ သကြား အနည်းငယ်

ဟင်းရည်ချက်မည့်အိုးထဲတွင် ရေကိုသင့်တင့်ရုံထည့်ပြီး ထောင်းထားတဲ့ အာလူးများထည့်ဖျော်ပါ။ ပြီးရင် ကြက်သွန်ဖြူနဲ့ ဆား၊ သကြားတို့ကိုပါထည့်ပြီး ဟင်းရည်ဆူလာအောင်တည်ပါ။ ဟင်းရည်ဆူပွက်လာရင် အချို၊ အငန်မြည်းပြီးနောက် သောက်သုံးလို့ရပါပြီ။

ချက်ပြုတ်ပြသူ - အန်တီမီးမီး


[Zawgyi]ဝက္နံရိုးကင္ - မုန္ညင္းရြက္ေၾကာ္ - အာလူးေထာင္းဟင္းရည္ႏွင့္ ပဲပုပ္ငါးပိခ်က္

၀က္နံရိုးကင္




ပါဝင္ပစၥည္းမ်ား

၀က္နံရိုး ၅၀က်ပ္သား၊ ဂ်င္း လက္တစ္ဆစ္ (ညက္ေအာင္ေထာင္းၿပီး အရည္ၫွစ္ယူထားပါ)၊ ဆား/သၾကား အနည္းငယ္စီ၊ ပဲငံျပာရည္အပ်စ္ စားပြဲတင္ဇြန္း တစ္ဇြန္း၊ ေထာပတ္ အနည္းငယ္၊ သံၫွပ္ (အသားကင္ရာတြင္သံုးသၫ့္ ပစၥည္းတစ္မ်ိဳး)

ျပင္ဆင္ျပဳလုပ္ပံု

ပထမဆံုး ၀က္နံရိုးကို မခုတ္မထစ္ဘဲ အျပားလိုက္ေရေဆးၿပီး ဆား၊သၾကား၊ပဲငံျပာရည္၊ အရည္ၫွစ္ယူထားေသာ ခ်င္းအရည္တို႔ျဖင့္ အသားထဲစိမ့္ဝင္ေအာင္ ခပ္နာနာနယ္ၿပီး နာရီဝက္၊ တစ္နာရီခန႔္ ႏွပ္ထားပါ။

၀က္နံရိုးကို ကင္ကာနီးမွ ဟိုဘက္ဒီဘက္ ေထာပတ္မ်ားသုတ္လိမ္းေပးပါ။ ၿပီးလ်ွင္ မီေသြးမီးဖိုတြင္ မီးစြဲေအာင္ျပဳလုပ္ရာ၌ မီးအားမျပင္းဘဲ မီးေအးေအးျဖင့္ ကင္ေပးရပါမယ္။

၀က္နံရိုးကို အသားကင္ရာတြင္သံုးသၫ့္ သံၫွပ္ျဖင့္ၫွပ္၍ အသားအက်က္ညီေအာင္ ဟိုဖက္သည္ဖက္မ်ွတေအာင္ လွန္ေပးပါ။ ၁ နာရီခန႔္ကင္ေပးရင္ အသားမ်ားက်က္ၿပီး ခ်င္းနံ႔နဲ႔ ေထာပတ္နံ႔ေလးေမႊးေနတဲ့ ၀က္နံရိုးကင္ကို သံုးေဆာင္လို႔ရပါၿပီ။

ရယ္ဒီမိတ္ ငရုတ္ခ်ဉ္ေဆာ့စ္နဲ႔လည္း တို႔စားႏိုင္ပါတယ္။


မုန္ညင္းရြက္ေၾကာ္




ပါဝင္ပစၥည္းမ်ား

မုန္ညင္းျဖဴ ၄စည္း (အရြယ္ေတာ္ပိုင္းျဖတ္ၿပီး ေရေဆးထားရန္)၊

ၾကက္သြန္ျဖဴ ၁၅ႁမြွာ (မညက္တညက္ေထာင္းထားပါ)၊

ပုစြန္ေျခာက္မႈန႔္ စတီးဇြန္းေသး ၂ဇြန္း၊

ဆား၊သၾကား အနည္းငယ္၊

ဆီ ၅ က်ပ္သား။

ျပင္ဆင္ျပဳလုပ္ပံု

ဆီပူအိုးထဲတြင္ ၾကက္သြန္ျဖဴႏွင့္ ပုစြန္ေျခာက္မႈန႔္မ်ား ဆီသတ္ပါ။ ၾကက္သြန္ျဖဴမ်ား ႏြမ္းသြားလ်ွင္ မုန္ညင္းရြက္မ်ား၊ ဆား၊ သၾကားတို႔ကိုထၫ့္ၿပီး သမေအာင္ေမႊေပး၍ အဖံုးအုပ္ထားပါ။ ၃မိနစ္ေလာက္ေၾကာ္ၿပီးလို႔ အရြက္မ်ား အနည္းငယ္ႏြမ္းသြားရင္ အရသာျမည္းၿပီးေနာက္ မီးဖိုေပၚမွခ်လိုက္ပါ။


ပဲပုပ္ငါးပိခ်က္




ပါဝင္ပစၥည္းမ်ား

ပဲပုပ္အဝိုင္းျပား ၁၀ျပား (ေရႏွင့္ ၁၀မိနစ္ခန႔္စိမ္ၿပီး ျပန္ဆည္၍ ေခြၽထားပါ)

ခရမ္းခ်ဉ္သီး ေလးလံုး (ေရေဆးၿပီး ပါးပါးလွီးထားပါ)

မ်ွင္ငါးပိ ကြမ္းသီးလံုးခန႔္

ၾကက္သြန္ျဖဴ အႁမြွာ ၂၀ (ညက္ေအာင္ေထာင္းထားပါ)

ဆား၊ သၾကား အနည္းငယ္

ဆီ ၇က်ပ္ခြဲသားခန႔္

နံနံပင္ အနည္းငယ္ (ေရေဆးၿပီး ပိုင္းျဖတ္ထားရန္)

ငရုတ္သီးစိမ္း ၁၅ေတာင့္ (ေရေဆးၿပီး ထက္ျခမ္းျခမ္းထားပါ။)

ျပင္ဆင္ျပဳလုပ္ပံု

ဟင္းခ်က္မၫ့္ ဒယ္အိုးထဲသို႔ ဆီထၫ့္ၿပီး အပူေပးပါ။ ဆီပူလာရင္ ၾကက္သြန္ျဖဴႏွင့္ ခရမ္းခ်ဉ္သီးမ်ားထၫ့္ ဆီသတ္ပါ။ ခရမ္းခ်ဉ္သီး အစိမ္းနံ႔ေပ်ာက္သြားမွ ေႁခြထားတဲ့ ပဲပုပ္မ်ား၊ မ်ွင္ငါးပိ၊ ငရုတ္သီးစိမ္း၊ဆား၊ သၾကားတို႔ကိုထၫ့္၍ သမေအာင္ေမႊၿပီး ေရနည္းနည္း ထၫ့္ကာ အဖံုးခဏအုပ္ပါ။ ဟင္းအႏွစ္ဆူပြက္လာရင္ အခ်ိဳ၊ အငန္ျမည္း၍ နံနံပင္အုပ္ခတ္ကာ မီးဖိုေပၚမွခ်လို႔ရပါၿပီ။


အားလူးေထာင္းဟင္းရည္



အာလူး ၄၀က်ပ္သား (ႏူးေအာင္ျပဳတ္၍ အခြံႏႊာၿပီးေထာင္းထားပါ)

ၾကက္သြန္ျဖဴ ၁၀ႁမြွာ (ညက္ေအာင္ေထာင္းထားပါ)

ဆား၊ သၾကား အနည္းငယ္

ဟင္းရည္ခ်က္မၫ့္အိုးထဲတြင္ ေရကိုသင့္တင့္ရံုထၫ့္ၿပီး ေထာင္းထားတဲ့ အာလူးမ်ားထၫ့္ေဖ်ာ္ပါ။ ၿပီးရင္ ၾကက္သြန္ျဖဴနဲ႔ ဆား၊ သၾကားတို႔ကိုပါထၫ့္ၿပီး ဟင္းရည္ဆူလာေအာင္တည္ပါ။ ဟင္းရည္ဆူပြက္လာရင္ အခ်ိဳ၊ အငန္ျမည္းၿပီးေနာက္ ေသာက္သံုးလို႔ရပါၿပီ။

ခ်က္ျပဳတ္ျပသူ - အန္တီမီးမီး

No comments: