Friday, June 11, 2021

သောကြာနေ့အတွက် ဟင်းပွဲအချို့

 [Unicode]သောကြာနေ့အတွက် ဟင်းပွဲအချို့


ဟင်းအတွဲအစပ်အဟပ်တည့်အောင် စီစဉ်ထားတာမျိုးမဟုတ်ပါဘူး။ လိုက်ချက်ဖြစ်တဲ့အထဲက သဘောကျတဲ့ဟင်းလျာသုံးမျိုးကို ပြန်လည်ဝေငှခြင်းသာဖြစ်ပါတယ်။ ချက်နည်းများကိုသာကူးမိတဲ့အခါ ကူးမိတာကြောင့် ချက်ပြုတ်ဝေငှသူနာမည်တွေကျန်ရစ်တာမျိုးရှိတဲ့ အတွက် တောင်းပန်ပါတယ်နော်။


•• ဝက်သားနဲ့သရက်သီးချဉ်စပ်သုပ် ••




ပါဝင်ပစ္စည်းတွေက

ဝက်သားသုံးထပ်သား.....၃၀၀ဂရမ်

သရက်သီးစိမ်း...............၁လုံး

ကြက်သွန်နီ ..................၁လုံး

ငရုပ်သီးစိမ်း...................၇တောင့်ခန့်

နံနံပင်  ..........................အနည်းငယ်

ခရမ်းချဉ်သီး...................၁ လုံး

မြေပဲဆံ(ထောင်းပြီး)........၂ tbsp

ကြက်သွန်ဖြူကြော်..........၁ tbsp

ကြက်သွန်ဖြူဆီချက်........၂tbsp

ဆား............................အနည်းငယ်

သကြားရည်...................အနည်းငယ်

ငံပြာရည်......................လိုအပ်သလို

သံပုရာသီး.....................တစ်လုံး


ပြုလုပ်ပုံအဆင့်ဆင့်

-ဝက်သားကို ရေ,ကြက်သွန်ဖြူ ,ဂျင်း ,နံနံပင်(အမြစ်),ဆား,ပဲငံပြာရည်(အကြည်),ငရုပ်ကောင်းမှုန့်တို့ဖြင့် နူးအိလာအောင် ပြုတ်ပေးပါ...

-ဝက်သားနူးအီသွားပြီိဆိုရင် အအေးခံပြီး ပါးပါးလှီးထားပါ...

-ဇလုံတစ်ခုထဲမှာ ပါးပါးလှီးထားတဲ့ ဝက်သား,သရက်သီးတခြမ်း(အခွံခွာ ပါးပါးလှီး သို့ အမျှင်ခြစ်),ကြက်သွန်နီ(ပါးပါးလှီး), ခရမ်းချဉ်သီး(ပါးပါးလှီး),ငရုပ်သီး(ပါးပါးလှီး),နံနံပင်(ပါးပါးလှီး),သံပုရာတစ်လုံးအရည်ညှစ်ပြီး အခွံပါထည့်,အရသာများနဲ့ ကျန်တဲ့ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး နယ်ပြီးသုပ်ပေးပါ...

-အရသာမှာ ချဉ်,စပ်,စိမ့်ပြီးချိုတဲ့အရသာရပြီဆိုရင်တော့ ထမင်းနဲ့ပဲဖြစ်ဖြစ် ဒီအတိုင်းပဲဖြစ်ဖြစ် စားလို့ရပါပြီ..

ဒီအသုပ်လေးက ဝက်သားရဲ့ အီတဲ့အရသာရယ် သရက်သီးရဲ့ချဉ်တဲ့အရသာနှစ်ခုကို မျှတအောင် ဖန်တီးထားတာဖြစ်တဲ့အတွက် တကယ်ကိုထူးခြားပြီး အရသာတကယ်ရှိတယ်ဗျာ..

သရက်သီးက အရမ်းချဉ်နေမယ်ဆိုရင် သံပုရာရည်မထည့်ပါနဲ့..သကြားရည်နဲနဲပိုထည့်ပေးပါ..

အချဉ်အရသာကြိုက်တယ်ဆိုရင်တော့ သကြားရည်မထည့်ပဲသုပ်လဲ ရပါတယ်။

နောက်တစ်ခုက ဝက်သား..အရမ်းနူးပြဲသွားအောင်မပြုတ်ပါနဲ့..နူးပြီး အခေါက်လေးက နဲနဲလေး အိပြီးမာစပ်စပ်လေးဖြစ်နေတဲ့အနေအထားဆို ပိုကောင်းပါတယ်..။

သုပ်တဲ့အခါမှာလဲ..ဝက်သားပြုတ်ရည်လေး နဲနဲလေးထည့်ပြီးသုပ်ကြည့်ပါ..ပိုစားကောင်းတယ်ဗျ😁

ငရုပ်သီးအပြင် ငရုပ်သီးမှုန့်ထည့်ပြီးသုပ်လဲ ရပါတယ်ဗျ..။

ဝက်သားပြုတ်ထားတဲ့အရည်ကိုလဲ အရသာပြင်..ကြက်သွန်မြိန် သို့ နံနံပင်ထည့်ပြီး ဟင်းချိုလုပ်သောက်လို့ရသေးတယ်..။

အိုကေ..ဒါဆိုရင် ဒီတပါတ် ပိတ်ရက်လေးမှာ ဝက်သားနှင့်သရက်သီးသုပ်လေး သုပ်စားလို့ရပြီပေါ့ဗျာ..။


ရခိုင် ရေငန်ငါးဟင်း




ရခိုင်ရိုးရာချက်ပြုတ်မှုပုံစံ ဆီနည်းနည်း ရေကျန်ချက်ထားတဲ့ ရခိုင်ရေငန်ငါးဟင်းချက်ပါမယ်။ ပဒဲကော၊ ဂျင်းနိုင်နိုင်နဲ့ ချဉ်ချဉ်ငံငံစပ်စပ် အရသာကို ရရှိမှာပါ။ 


ငါးကိုနှပ်ထားရန်ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ ၂ မြွှာ (နုတ်နုတ်စဉ်းပါ)၊ ကြက်သွန်နီ တစ်လုံး (နုတ်နုတ်စဉ်းပါ)၊ ပဒဲကော လက်တစ်ဆစ် (ပါးပါးလှီးပါ)၊ ဂျင်း လက်တစ်ဆစ် (ပါးပါးလှီးပါ)၊ သံပရာသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ နနွင်း လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ၊


ချက်ရန်ပါဝင်ပစ္စည်းများ

ငါးပါးနီ တစ်ကောင် (၄၅၀ ဂရမ်) ဓားဖြင့် အနည်းငယ်မွှန်းထားပါ၊ ကြက်သွန်နီ ၃လုံး (အ၀ိုင်း ပါးပါးလှီးပါ)၊ ငရုတ်သီးပွစိမ်း ၂တောင့် (အတုံးသေးများတုံးပါ)၊ ခရမ်းချဉ်သီး ၂လုံး (အစေ့ထုတ်ကာ အတုံးသေးများတုံးပါ)၊ ငရုတ်သီးစိမ်း ၄တောင့် ထက်ခြမ်းခြမ်းပါ(optional)၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ နံနံပင် စည်းဝက် (ပါးပါးလှီးပါ)၊ ဆီ စားပွဲတင်ဇွန်း ၂ဇွန်း။


ချက်ပြုတ်နည်း

အရင်ဆုံး ငါးပါးနီကို နှပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်း၊ပဒဲကော၊ သံပရာရည်၊ ဆား၊ နနွင်း)တို့ကို ကြိတ်စက်ဖြင့် ရောကြိတ်ပြီး ငါးဖြင့်သမအောင် ရောနယ်ကာ မိနစ် ၂၀ခန့် နှပ်ထားပါ။


ပြီးနောက် ဒယ်ထဲဆီထည့်၊ ဆီပူလျှင် ကြက်သွန်နီများ နွမ်းသည်အထိ ဆီသပ်ပေးပါ။ ပြီးမှ ငရုတ်သီးစိမ်း၊ ပန်းငရုတ်သီးပွစိမ်းထည့်ပြီး ၂ မိနစ်ခန့်ရောချက်ပေးပါ။


ထို့နောက် နှပ်ထားသော ငါး၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ရေတစ်ခွက်ထည့်ကာ အဖုံးအုပ်ပြီး ၅ မိနစ်ခန့်တည်ထားပါ။


ငါးကျက်ပြီ ရေနည်းနည်းကျန်ပြီဆိုရင် အပေါ့အငန်အတွက် ဆား၊ ကြက်သားမှုန့်တို့ကိုထည့်ပေးပါ။


ထို့နောက် အပေါ်မှ နံနံပင် အနည်းငယ်အုပ်ကာ မီးပိတ်လိုက်ပါ။


အရသာရှိသော ရခိုင်ငါးဟင်းကို သုံးဆောင်နိုင်ပါပြီ။



*** ကြက်သံပုရာပေါင်း ***




ကြက်သားကို ဆီပြန်ချည်း ချက်စားရတာ ရိုးအီလာရင် ဒီလိုချက်ကြည့်ပါ။

ကြက်သားအခြမ်းလိုက်ကို ငါးသံပုရာပေါင်းသလို ပေါင်းထားတာပါ။အရသာကို အသားထဲစိမ့်ဝင်အောင် ဆား သကြား သံပုရာရည်နဲ့ တစ်ညနှပ်ထားပါတယ်။ စကာပါတဲ့ပေါင်းအိုးနဲ.ပေါင်းထားတာဆိုတော့ အသားတွေကြေမသွားပဲ နူးအိပြီးစားလို.အရမ်းကောင်းပါတယ် ။


ပါဝင်သောပစ္စည်းများ

CPကြက် – ၁ ခြမ်း 

ငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း

သံပုရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း

ငရုတ်သီးစိမ်း – ၇ တောင့်(ပါးပါးလှီးပါ)

ကြက်သွန်ဖြူ – ၅မွှာ (နုတ်နုတ်စင်း)

ဂျင်း -လက်တစ်ဆစ်(နုတ်နုတ်စင်း)

စပါးလင် - ၁ ပင် (နုတ်နုတ်စင်း)

ရှမ်းနံနံ - ၅ ရွက် (ပါးပါးလှီးပါ)

နံနံပင် - လက်တစ်ဆုပ် (ပါးပါးလှီး)

ဆား – လက်ဖက်ရည်ဇွန်း တ၀က်

ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း


ချက်ပြုတ်နည်း


အရင်ဆုံးကြက်သားထဲ အရသာစိမ့်ဝင်အောင် ဓါးနဲ.မြှောင်းပြီး ဆား သကြား သံပုရာနဲ.သမအောင်နယ်ပေးပါ။ပြီးရင် ရေခဲသေတ္တာ အောက်ထပ်မှာ တစ်ညနှပ်ထားပါ။

ကြက်သားပေါင်းမည့်အိုးထဲ စပါးလင်တစ်ပင်၊ဂျင်း လက်တစ်ဆစ်နှင့် ရေထည့်ပါ။စကာပေါ်နှပ်ထားတဲ့ကြက်သားကို ထည့်ပြီး မိနစ် ၂၀/၂၅ ခန်.ပေါင်းပေးပါ။ 

ကြက်သားကျက်ပြီဆိုရင် ကြက်သားကို ပန်းကန်ထဲပြောင်းထည့်ပါ။ 

ဆော့ရည်အတွက် ပြင်ဆင်ပါမည်။

ဆော့ရည်အတွက် ကျန်တဲ့ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်တစ်ခုထဲသို.ထည့်ပါ။ ပြီးရင် ပေါင်းထားတဲ့ ကြက်ပေါင်းရည်အနည်းငယ်နဲ. သမအောင်ရောပေးပါ။ အရသာမြည်းပါ။လိုသလိုပြင်ပါ။

 ပြီးရင် ဆော့ရည်ကို ပန်းကန်ထဲက ကြက်သားပေါ်လောင်းချပါ။

သံပုရာသီးတစ်လုံးကို အကွင်းလိုက်လှီးပြီး ကြက်သားပေါ်စီထည့်ပါ။

အခုဆိုရင် စားလို.အရမ်းကောင်းတဲ့ ကြက်သံပုရာပေါင်းလေး ရပါပြီ ;) 


မှတ်ချက်။   ။သံပုရာသီးက နောက်ဆုံးမှ လှီးပြီး အလှဆင်ပါ။ တစ်ချို.ကပေါင်းတဲ့အခါ သံပုရာသီးအခြမ်းပါ ထည့်ပေါင်းမိရင် ခါးမယ်နော်

ချက်ပြုတ်ပြသူ - ကိုကျော်မင်းထွေး



[Zawgyi]ေသာၾကာေန့အတြက္ ဟင္းပြဲအခ်ိဳ႕


ဟင္းအတြဲအစပ္အဟပ္တၫ့္ေအာင္ စီစဉ္ထားတာမ်ိဳးမဟုတ္ပါဘူး။ လိုက္ခ်က္ျဖစ္တဲ့အထဲက သေဘာက်တဲ့ဟင္းလ်ာသံုးမ်ိဳးကို ျပန္လည္ေဝငျွခင္းသာျဖစ္ပါတယ္။ ခ်က္နည္းမ်ားကိုသာကူးမိတဲ့အခါ ကူးမိတာေၾကာင့္ ခ်က္ျပဳတ္ေဝငွသူနာမည္ေတြက်န္ရစ္တာမ်ိဳးရိွတဲ့ အတြက္ ေတာင္းပန္ပါတယ္ေနာ္။


•• ဝက္သားနဲ႔သရက္သီးခ်ဉ္စပ္သုပ္ ••




ပါဝင္ပစၥည္းေတြက

ဝက္သားသံုးထပ္သား.....၃၀၀ဂရမ္

သရက္သီးစိမ္း...............၁လံုး

ၾကက္သြန္နီ ..................၁လံုး

ငရုပ္သီးစိမ္း...................၇ေတာင့္ခန႔္

နံနံပင္  ..........................အနည္းငယ္

ခရမ္းခ်ဉ္သီး...................၁ လံုး

ေျမပဲဆံ(ေထာင္းၿပီး)........၂ tbsp

ၾကက္သြန္ျဖဴေၾကာ္..........၁ tbsp

ၾကက္သြန္ျဖဴဆီခ်က္........၂tbsp

ဆား............................အနည္းငယ္

သၾကားရည္...................အနည္းငယ္

ငံျပာရည္......................လိုအပ္သလို

သံပုရာသီး.....................တစ္လံုး


ျပဳလုပ္ပံုအဆင့္ဆင့္

-ဝက္သားကို ေရ,ၾကက္သြန္ျဖဴ ,ဂ်င္း ,နံနံပင္(အျမစ္),ဆား,ပဲငံျပာရည္(အၾကည္),ငရုပ္ေကာင္းမႈန႔္တို႔ျဖင့္ ႏူးအိလာေအာင္ ျပဳတ္ေပးပါ...

-ဝက္သားႏူးအီသြားၿပီိဆိုရင္ အေအးခံၿပီး ပါးပါးလွီးထားပါ...

-ဇလံုတစ္ခုထဲမွာ ပါးပါးလွီးထားတဲ့ ဝက္သား,သရက္သီးတျခမ္း(အခြံခြာ ပါးပါးလွီး သို႔ အမ်ွင္ျခစ္),ၾကက္သြန္နီ(ပါးပါးလွီး), ခရမ္းခ်ဉ္သီး(ပါးပါးလွီး),ငရုပ္သီး(ပါးပါးလွီး),နံနံပင္(ပါးပါးလွီး),သံပုရာတစ္လံုးအရည္ၫွစ္ၿပီး အခြံပါထၫ့္,အရသာမ်ားနဲ႔ က်န္တဲ့ပါဝင္ပစၥည္းမ်ားအားလံုးထၫ့္ၿပီး နယ္ၿပီးသုပ္ေပးပါ...

-အရသာမွာ ခ်ဉ္,စပ္,စိမ့္ၿပီးခ်ိဳတဲ့အရသာရၿပီဆိုရင္ေတာ့ ထမင္းနဲ႔ပဲျဖစ္ျဖစ္ ဒီအတိုင္းပဲျဖစ္ျဖစ္ စားလို႔ရပါၿပီ..

ဒီအသုပ္ေလးက ဝက္သားရဲ့ အီတဲ့အရသာရယ္ သရက္သီးရဲ့ခ်ဉ္တဲ့အရသာႏွစ္ခုကို မ်ွတေအာင္ ဖန္တီးထားတာျဖစ္တဲ့အတြက္ တကယ္ကိုထူးျခားၿပီး အရသာတကယ္ရိွတယ္ဗ်ာ..

သရက္သီးက အရမ္းခ်ဉ္ေနမယ္ဆိုရင္ သံပုရာရည္မထၫ့္ပါနဲ႔..သၾကားရည္နဲနဲပိုထၫ့္ေပးပါ..

အခ်ဉ္အရသာႀကိဳက္တယ္ဆိုရင္ေတာ့ သၾကားရည္မထၫ့္ပဲသုပ္လဲ ရပါတယ္။

ေနာက္တစ္ခုက ဝက္သား..အရမ္းႏူးၿပဲသြားေအာင္မျပဳတ္ပါနဲ႔..ႏူးၿပီး အေခါက္ေလးက နဲနဲေလး အိၿပီးမာစပ္စပ္ေလးျဖစ္ေနတဲ့အေနအထားဆို ပိုေကာင္းပါတယ္..။

သုပ္တဲ့အခါမွာလဲ..ဝက္သားျပဳတ္ရည္ေလး နဲနဲေလးထၫ့္ၿပီးသုပ္ၾကၫ့္ပါ..ပိုစားေကာင္းတယ္ဗ်😁

ငရုပ္သီးအျပင္ ငရုပ္သီးမႈန႔္ထၫ့္ၿပီးသုပ္လဲ ရပါတယ္ဗ်..။

ဝက္သားျပဳတ္ထားတဲ့အရည္ကိုလဲ အရသာျပင္..ၾကက္သြန္ၿမိန္ သို႔ နံနံပင္ထၫ့္ၿပီး ဟင္းခ်ိဳလုပ္ေသာက္လို႔ရေသးတယ္..။

အိုေက..ဒါဆိုရင္ ဒီတပါတ္ ပိတ္ရက္ေလးမွာ ဝက္သားႏွင့္သရက္သီးသုပ္ေလး သုပ္စားလို႔ရၿပီေပါ့ဗ်ာ..။


ရခိုင္ ေရငန္ငါးဟင္း




ရခိုင္ရိုးရာခ်က္ျပဳတ္မႈပံုစံ ဆီနည္းနည္း ေရက်န္ခ်က္ထားတဲ့ ရခိုင္ေရငန္ငါးဟင္းခ်က္ပါမယ္။ ပဒဲေကာ၊ ဂ်င္းႏိုင္ႏိုင္နဲ႔ ခ်ဉ္ခ်ဉ္ငံငံစပ္စပ္ အရသာကို ရရိွမွာပါ။ 


ငါးကိုႏွပ္ထားရန္ပါဝင္ပစၥည္းမ်ား

ၾကက္သြန္ျဖဴ ၂ ႁမြွာ (ႏုတ္ႏုတ္စဉ္းပါ)၊ ၾကက္သြန္နီ တစ္လံုး (ႏုတ္ႏုတ္စဉ္းပါ)၊ ပဒဲေကာ လက္တစ္ဆစ္ (ပါးပါးလွီးပါ)၊ ဂ်င္း လက္တစ္ဆစ္ (ပါးပါးလွီးပါ)၊ သံပရာသီး တစ္ျခမ္း (အရည္ၫွစ္ထားပါ)၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ နႏြင္း လက္ဖက္ရည္ဇြန္း ေလးပံု တစ္ပံု၊


ခ်က္ရန္ပါဝင္ပစၥည္းမ်ား

ငါးပါးနီ တစ္ေကာင္ (၄၅၀ ဂရမ္) ဓားျဖင့္ အနည္းငယ္မႊန္းထားပါ၊ ၾကက္သြန္နီ ၃လံုး (အဝိုင္း ပါးပါးလွီးပါ)၊ ငရုတ္သီးပြစိမ္း ၂ေတာင့္ (အတံုးေသးမ်ားတံုးပါ)၊ ခရမ္းခ်ဉ္သီး ၂လံုး (အေစ့ထုတ္ကာ အတံုးေသးမ်ားတံုးပါ)၊ ငရုတ္သီးစိမ္း ၄ေတာင့္ ထက္ျခမ္းျခမ္းပါ(optional)၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဝက္၊ ၾကက္သားမႈန႔္ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ နံနံပင္ စည္းဝက္ (ပါးပါးလွီးပါ)၊ ဆီ စားပြဲတင္ဇြန္း ၂ဇြန္း။


ခ်က္ျပဳတ္နည္း

အရင္ဆံုး ငါးပါးနီကို ႏွပ္ထားရန္ ပါဝင္ပစၥည္းမ်ားျဖစ္ေသာ (ၾကက္သြန္ျဖဴ၊ၾကက္သြန္နီ၊ဂ်င္း၊ပဒဲေကာ၊ သံပရာရည္၊ ဆား၊ နႏြင္း)တို႔ကို ႀကိတ္စက္ျဖင့္ ေရာႀကိတ္ၿပီး ငါးျဖင့္သမေအာင္ ေရာနယ္ကာ မိနစ္ ၂၀ခန႔္ ႏွပ္ထားပါ။


ၿပီးေနာက္ ဒယ္ထဲဆီထၫ့္၊ ဆီပူလ်ွင္ ၾကက္သြန္နီမ်ား ႏြမ္းသည္အထိ ဆီသပ္ေပးပါ။ ၿပီးမွ ငရုတ္သီးစိမ္း၊ ပန္းငရုတ္သီးပြစိမ္းထၫ့္ၿပီး ၂ မိနစ္ခန႔္ေရာခ်က္ေပးပါ။


ထို႔ေနာက္ ႏွပ္ထားေသာ ငါး၊ ခရမ္းခ်ဉ္သီး၊ နံနံပင္၊ ေရတစ္ခြက္ထၫ့္ကာ အဖံုးအုပ္ၿပီး ၅ မိနစ္ခန႔္တည္ထားပါ။


ငါးက်က္ၿပီ ေရနည္းနည္းက်န္ၿပီဆိုရင္ အေပါ့အငန္အတြက္ ဆား၊ ၾကက္သားမႈန႔္တို႔ကိုထၫ့္ေပးပါ။


ထို႔ေနာက္ အေပၚမွ နံနံပင္ အနည္းငယ္အုပ္ကာ မီးပိတ္လိုက္ပါ။


အရသာရိွေသာ ရခိုင္ငါးဟင္းကို သံုးေဆာင္ႏိုင္ပါၿပီ။



*** ၾကက္သံပုရာေပါင္း ***




ၾကက္သားကို ဆီျပန္ခ်ည္း ခ်က္စားရတာ ရိုးအီလာရင္ ဒီလိုခ်က္ၾကၫ့္ပါ။

ၾကက္သားအျခမ္းလိုက္ကို ငါးသံပုရာေပါင္းသလို ေပါင္းထားတာပါ။အရသာကို အသားထဲစိမ့္ဝင္ေအာင္ ဆား သၾကား သံပုရာရည္နဲ႔ တစ္ညႏွပ္ထားပါတယ္။ စကာပါတဲ့ေပါင္းအိုးနဲ.ေပါင္းထားတာဆိုေတာ့ အသားေတြေၾကမသြားပဲ ႏူးအိၿပီးစားလို.အရမ္းေကာင္းပါတယ္ ။


ပါဝင္ေသာပစၥည္းမ်ား

CPၾကက္ – ၁ ျခမ္း 

ငံျပာရည္ – စားပြဲတင္ဇြန္း ၂ဇြန္း

သံပုရာရည္ – စားပြဲတင္ဇြန္း ၄ဇြန္း

ငရုတ္သီးစိမ္း – ၇ ေတာင့္(ပါးပါးလွီးပါ)

ၾကက္သြန္ျဖဴ – ၅မႊာ (ႏုတ္ႏုတ္စင္း)

ဂ်င္း -လက္တစ္ဆစ္(ႏုတ္ႏုတ္စင္း)

စပါးလင္ - ၁ ပင္ (ႏုတ္ႏုတ္စင္း)

ရွမ္းနံနံ - ၅ ရြက္ (ပါးပါးလွီးပါ)

နံနံပင္ - လက္တစ္ဆုပ္ (ပါးပါးလွီး)

ဆား – လက္ဖက္ရည္ဇြန္း တ၀က္

ၾကက္သားမႈန႔္ – လက္ဖက္ရည္ဇြန္း တ၀က္

သၾကား – လက္ဖက္ရည္ဇြန္း ၁ဇြန္း


ခ်က္ျပဳတ္နည္း


အရင္ဆံုးၾကက္သားထဲ အရသာစိမ့္ဝင္ေအာင္ ဓါးနဲ.ေျမႇာင္းၿပီး ဆား သၾကား သံပုရာနဲ.သမေအာင္နယ္ေပးပါ။ၿပီးရင္ ေရခဲေသတၲာ ေအာက္ထပ္မွာ တစ္ညႏွပ္ထားပါ။

ၾကက္သားေပါင္းမၫ့္အိုးထဲ စပါးလင္တစ္ပင္၊ဂ်င္း လက္တစ္ဆစ္ႏွင့္ ေရထၫ့္ပါ။စကာေပၚႏွပ္ထားတဲ့ၾကက္သားကို ထၫ့္ၿပီး မိနစ္ ၂၀/၂၅ ခန္.ေပါင္းေပးပါ။ 

ၾကက္သားက်က္ၿပီဆိုရင္ ၾကက္သားကို ပန္းကန္ထဲေျပာင္းထၫ့္ပါ။ 

ေဆာ့ရည္အတြက္ ျပင္ဆင္ပါမည္။

ေဆာ့ရည္အတြက္ က်န္တဲ့ပါဝင္ပစၥည္းအားလံုးကို ပန္းကန္တစ္ခုထဲသို.ထၫ့္ပါ။ ၿပီးရင္ ေပါင္းထားတဲ့ ၾကက္ေပါင္းရည္အနည္းငယ္နဲ. သမေအာင္ေရာေပးပါ။ အရသာျမည္းပါ။လိုသလိုျပင္ပါ။

 ၿပီးရင္ ေဆာ့ရည္ကို ပန္းကန္ထဲက ၾကက္သားေပၚေလာင္းခ်ပါ။

သံပုရာသီးတစ္လံုးကို အကြင္းလိုက္လွီးၿပီး ၾကက္သားေပၚစီထၫ့္ပါ။

အခုဆိုရင္ စားလို.အရမ္းေကာင္းတဲ့ ၾကက္သံပုရာေပါင္းေလး ရပါၿပီ ;) 


မွတ္ခ်က္။   ။သံပုရာသီးက ေနာက္ဆံုးမွ လွီးၿပီး အလွဆင္ပါ။ တစ္ခ်ိဳ.ကေပါင္းတဲ့အခါ သံပုရာသီးအျခမ္းပါ ထၫ့္ေပါင္းမိရင္ ခါးမယ္ေနာ္


ခ်က္ျပဳတ္ျပသူ - ကိုေက်ာ္မင္းေထြး


No comments: