Sunday, June 27, 2021

သွေးလွန်တုပ်ကွေးအန္တရာယ် အထူးသတိရှိကြစေချင်

 [Unicode]သွေးလွန်တုပ်ကွေးအန္တရာယ် အထူးသတိရှိကြစေချင် 

===============================

#ဆောင်းပါးရှင် တင်ထက်ထက်ဇော်




              သွေးလွန်တုပ်ကွေးရောဂါသည် ရာသီမရွေး ဖြစ်ပွားတတ်ပြီး မိုးဦးကျကာလမှစတင်၍ မိုးရာသီတွင် အဖြစ်အများဆုံးရောဂါ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး တစ်နှစ်လျှင် ရောဂါကူးစက်ခံရသူ သန်း ၄၀၀ နီးပါးရှိကြောင်း၊ ၄င်းတို့အနက် လူကြီး ၁၀ ရာခိုင်နှုန်းနှင့် ကလေး ၃၀ ရာခိုင်နှုန်းပါဝင်ကြောင်းသိရသည်။ မှတ်တမ်းများအရ  ကမ္ဘာပေါ်တွင် သွေးလွန်တုပ်ကွေးရောဂါကို ကပ်ရောဂါအဖြစ် ၁၆၃၅ ခုနှစ်တွင် ဖြစ်ပွားခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ၁၉၇၀ ပြည့်နှစ်တွင် ကပ်ရောဂါအဖြစ် ရန်ကုန်မြို့၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နှစ် ၂၀၂၀ ပြည့်နှစ်တွင် ဇန်နဝါရီမှ မေလ ၁၆ ရက်အထိ တစ် နိ်ုင်ငံလုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ တစ်ထောင့်နှစ်ရာကျော်ရှိကာ ၈ ဦးသေဆုံးခဲ့ကြောင်း၊ ရောဂါဖြစ်ပွားမှု အများဆုံး တိုင်းနှင့်ပြည်နယ်များမှာ လူဦးရေထူ တပ်သော ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး နှင့် မွန်ပြည်နယ်တို့ဖြစ်သည်။ ၎င်းပြည်နယ် ငါးခုအနက် ရန်ကုန်တိုင်းက ဖြစ်ပွား မှုနှင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။  ယခုနှစ် ၂၀၂၁ တွင်လည်း မြန်မာပြည် တွင် COVID-19 ရောဂါသည် တတိယလှိုင်းအသွင် ကူးစက်ပျံ့နှံ့နေ၍ ပြည်သူ၊ ပြည်သားများ အတတ်နိုင်ဆုံး လူစုလူဝေးရှောင် ကာ အိမ်ထဲတွင်အနေများရခြင်းက အိမ်တွင်းခြင်ကိုက်ခံရမှု ပိုများနိုင်သည့်အတွက် သွေးလွန်တုပ်ကွေးကူးစက်မှု ပိုများနိုင်ဖွယ်ရှိ သည်။ ထို့ကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပွားစေသည့် ခြင်ကျား နှင့် ပိုးလောက်လန်းများ နှိမ်နင်းရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ်  လုပ်ငန်း စဉ်များကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အစဉ်သတိပြု လုပ်ဆောင်သင့်ပေသည်။


သွေးလွန်တုပ်ကွေးဆိုသည်မှာ။


သွေးလွန်တုပ်ကွေးရောဂါ၏ အဓိကတရားခံက အေးဒီးစ်ခြင်ကျားများဖြစ်ပြီး၊ ရေကြည်ရေသန့်မှာ ပေါက်ပွားလေ့ရှိသည်။  ခြင်ကျားသည် ပိုးလောက်လမ်းဘ၀မှ ခြင်ကောင်ဖြစ်ရန် ခုနစ်ရက်ခန့် ကြာမြင့်သည်။ ခြင်တစ်ကောင်၏ ပျမ်းမျှသက်တမ်းသည် တစ်လမှ သုံးလခန့်ရှိသည်။ ခြင်မတစ်ကောင်သည် သူ့သက်တမ်းတစ်လျှောက် အနည်းဆုံး ခုနစ်ကြိမ်ခန့် အောင်အောင်မြင်မြင် ဥနိုင်သည်။ တစ်ကြိမ်ဥလျှင် ရာသီဥတုနှင့် နေရာပေါ်မူတည်၍ ဥ ၅၀ မှ ၃၀၀ ခန့်အထိ ဥနိုင်သည်။ မိုးရွာပြီးနောက် ရေအိုင်များ၊ အိုးခြမ်းပဲ့များ၊ ဘတ္တရီအိုးဟောင်းများတွင် မိုးရေတင်ကျန်ခဲ့ပြီးနောက် နေထွက်လာသောအခါ ပိုး လောက်လန်းများ ပေါက်ပွား လာကာ ၄င်းမှတဆင့် ခြင်းကျား (ခေါ်) ခြင်ပုန်းများ ဖြစ်လာသည်။ ခြင်ပုန်းတွေက ပေါက်ပွားမှုမြန်ဆန်ပြီး ကိုက် ၁၀၀ အထိ ပျံသန်းနိုင်ကြသည်။ နေ့ဘက်အချိန်တွေမှာ ခြင်ကိုက်လေ့ရှိသည်။ မိုးဦးစကျောင်းဖွင့်ချိန် လူဦးရေထူထပ်သော စာသင်ကျောင်း များတွင် သွေးစုပ်ရန် ကျက်စားလာကြသည်။ ခြင်ဆိုးများသည် လူတစ်ဦးဆီမှ နောက်တစ်ဦးဆီသို့ မတူညီသောသွေးများကို သယ်ဆောင် သွေးစုပ်ခံခြင်းဖြင့် သွေးလွန်တုပ်ကွေး အစပျိုးဖြစ်ပေါ်လာရသည်။ ရှေးကာလများမှာ အသက် ၃ နှစ် နှင့် ၁၅ နှစ် အရွယ်ကလေးများ အဖြစ်များကြပြီး၊ ယခုနောက်ပိုင်းတွင်  တစ်နှစ်အောက် ကလေးများသာမက အသက် ၁၅ နှစ်အထက် (၂၅ နှစ်မှ ၃၀ နှစ်) အရွယ်တွေလည်း သွေးလွန်တုပ်ကွေးဖြစ်လာကြသည်။ ယခုလို မိုးဦးဇွန်လမှစ၍  ဇူလိုင်၊ သြဂုတ်၊ စက်တင်္ဘာလ များမှာ အဖြစ်များ၍ သတိနှင့် ကြိုတင်ကာကွယ်တတ်ကြရန် အရေးကြီးပါသည်။


သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ။


ရောဂါလက္ခဏာများမှာ အပူချိန် ၁၀၀ နှင့်အထက်အဖျားကြီးခြင်း၊ ကိုယ်အပူချိန် ၁၀၅ ဒီဂရီဖာရင်ဟိုက်ခန့် အထိ ရုတ်တ ရက် ဆောင့်တက်လာခြင်း၊ ခေါင်းလွန်စွာကိုက်ခဲခြင်း၊ နားထင်များနာကျင်ကိုက်ခဲခြင်း၊ အရိုး၊ ကြွက်သား၊ အရိုးဆစ် စသည့် ကိုယ်လက်ကိုက်ခဲခြင်း၊ ဗိုက်နာဗိုက်အောင့်ပြီး ဗိုက်ကိုအထိမခံနိုင်ခြင်း၊ ခိုက်ခိုက်တုန်၍ ခြေဖျားလက်ဖျားအေးစက်ခြင်း၊ အရေ ပြားပေါ် အနီရောင်အစင်းကြောင်းများပေါ်လာခြင်း၊ မျက်နှာနီအမ်းခြင်း၊ ပင်ပန်းနွယ်နယ်ကာ အချိန်ပြည့်မှိန်းနေတတ်ပြီး အစာ စားချင်စိတ်မရှိခြင်း၊ အစားအသောက် အရည်ဝင်ပြီးသည်နှင့်တပြိုင်နက် အန်ထွက်ခြင်း၊ လည်ချောင်းနာခြင်း၊ လက်မောင်းကို သွေးပေါင်ချိန်တိုင်း ကိရိယာနှင့်တိုင်းကြည့်ပါက Hess Test Positive ဖြစ်နေခြင်း စသည်တို့ဖြစ်သည်။ အချို့သူများမှာ ချောင်း ဆိုး၊ နှာစေး၊ ၀မ်းပျက်၊ ၀မ်းလျှော ဖြစ်တတ်သည်။


သွေးလန့်ခြင်းရောဂါလက္ခဏာများ။


အထက်ပါလက္ခဏာများသည် သာမန် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပြီး၊ ဆေးဝါးကုသမှုခံယူပါက ပျမ်းမျှ ရက်သတ္တတစ် ပတ်အတွင်း နေကောင်းသွားပါလိမ့်မည်။ သို့သော် သုံးရက်မှ ငါးရက်အတွင်း အဖျားတက်ရာမှ ရုတ်တရက် အဖျားကျလာပြီး တော်တော်နှင့် မလန်းဆန်းဘဲ လေးလံထိုင်းမှိုင်းပြီး မှိန်းနေခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ခြေလက်များအေးစက်ခြင်း စသည် တို့သည် သွေးလန့်ခြင်းလက္ခဏာများ ဖြစ်ကြသည်။ အထူးသဖြင့် ကလေးတွေများ သွေးလန့်လေ့ရှိကြသည်။ “သွေးလန့်ခြင်း” ဆို သည်မှာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးသွားလာမှုလျော့သွားခြင်းကို ဆိုလိုပါသည်။ သွေးရည်ကြည်များ ပြင်ပကို ခဏထွက်သွား သည်ဟု ဆေးသိပ္ပံပညာအရ ပြောလေ့ရှိပြီး၊ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် “အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ် ” ဟု ပြောစမှတ်ပြုကြသည်။ သွေးလန့်သော အခြားလက္ခဏာများမှာ မတ်တပ်ရပ်စဉ် မူးယိုင်ခြင်း၊ မကြာခဏ အဖျားတက်လိုက် ကျ လိုက်ဖြစ်ခြင်း၊ မောပမ်းခြင်း၊ သွေးခုန်နှုန်း သိသိသာသာ ကျဆင်းသွားခြင်း၊ အာခံတွင်းခြောက်သွေ့ခြင်း၊ အသက်ရှုနှုန်း မြန်ဆန် လာခြင်း၊ အသည်းရောင်ကိုင်းခြင်း၊ ကော်ဖီရောင်ပျို့အန်ခြင်း၊ သွားဖုံးသွေးထွက်ခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ သွေးဖြူဥ နည်းသွား ခြင်း၊ ဆီးနည်းလာပြီး ဆီးထဲသွေးပါခြင်း၊ ကတ္တရာစေးအရောင် ၀မ်းအမည်းများသွားခြင်း စသည်တို့ ဖြစ်ကြသည်။ ထိုအခြေအနေ မျိုးတွင် ဆရာဝန်၏လက်ဦးမှုကို အရယူနိုင်ဖို့ လွန်စွာအရေးကြီးပါသည်။ ထိုအခါ လူနာ၏ ရောဂါအခြေအနေ နှင့် ကိုယ်ခံစွမ်း အားပေါ်မူတည်ပြီး၊ တစ်နာရီခြားတစ်ခါ စောင့်ကြည့်ကာ ဆရာဝန်က လိုအပ်သလို ရိုးရိုးဆားရည် သွင်းခြင်း (သို့မဟုတ်) သွေး ရည်ကြည်သွင်းခြင်း (သို့မဟုတ်) ဆေးကော်ရည်သွင်းခြင်းတို့ကို သွေးခုန်နှုန်းပမာဏ၊ ဆီးပမာဏ နှင့် သွေးပျစ်ကျဲနှုန်း စသည်တို့ ပေါ်မူတည်၍ ထိရောက်စွာ  ကုသမှုခံယူရပါမည်။


ခြင်ကိုစားသော ဒေါင်းငါး။


          မြန်မာအခေါ်အဝေါ် ဒေါင်းငါး၊ အင်္ဂလိပ်ဘာသာဖြင့် သိပ္ပံအမည်မှာ Poecila reticulate ဖြစ်ပြီး မူရင်းဒေသမှာ ဘရာဇီး၊ ဗင်နီဇွဲလား၊ နယ်သာလန် နှင့် ဂျမေကာတို့ဖြစ်သည်။ ခြင်သားလောင်း(ပိုးလောက်လမ်း)များကို စားသုံးသည့် အလေ့အထ ကြောင့် ခြင်နှိမ်နင်းရန်၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဌက်ဖျားရောဂါ နှင့် ဆင်ခြေထောက်ရောဂါများကို ကာကွယ်ရန်အတွက် အရပ် ရပ်သို့သယ်ယူကြရာမှ ကမ္ဘာအနှံ့အပြားသို့ ဒေါင်းငါးများ ရောက်ရှိပျံ့နှံ့သွားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့လည်း ကိုလိုနီခေတ် အတွင်းကပင် ငှက်ဖျားရောဂါ ကာကွယ်ရေးအတွက် အင်္ဂလိပ်တို့က သယ်ဆောင်လာရာမှတဆင့် ဒေါင်းငါးများ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်းမျိုးစိတ်တွင် ငါးအထီး၏အမြီးသည် ဒေါင်းမြီးသဖွယ် အရောင်စုံ၍ လှပသည့်အတွက် ဒေါင်းငါးဟူ၍ မြန်မာအမည်ပေးခြင်းဖြစ်ပေသည်။ ၄င်းအလှမွေးငါးများသည် ရေချိုငါးမျိုးစိတ်ဖြစ်သော်လည်း ဆားငန်နှုန်းကို အတော်အတန် ခံနိုင်ရည်ရှိ၍ ရေငန်အတက်အကျရှိသော မြစ်ဝကျွန်းပေါ်ဒေသတို့၌လည်း ရှင်သန်နိုင်သည်။


          ဒေါင်းငါးများတွင် အထီးသည် တစ်လခွဲ(ခြောက်ပတ်)သား၌ အရွယ်ရောက်ပြီး၊ အမသည် သုံးလ (၁၂ ပတ်)သား၌ အရွယ်ရောက်ကာ သားပေါက်နိုင်သည်။ ဒေါင်းငါးသည် ဥဥလေ့မရှိဘဲ အကောင်လိုက်မွေးသော ငါးမျိုးဖြစ်သည်။ ဒေါင်းငါးအမ သည် သန္ဓေဆောင်ကာလ ၂၂ ရက် မှ ၂၆ ရက်ရှိပြီး တစ်ကြိမ်လျှင် ပျမ်းမျှ အကောင်ရေ ၃၀ မှ ၆၀ အထိ မွေးလေ့ရှိကာ အများ ဆုံးကောင်ရေ ၁၀၀ အထိ သားပေါက်နိုင်သည်။ ငါးအမသည် သားပေါက်ပြီး တစ်လခန့်ကြာလျှင် နောက်တစ်ကြိမ် ထပ်မံ၍ သား ပေါက်နိုင်သည်။ သက်တမ်းမှာ နှစ်နှစ်ခန့်ရှိသည်။ ဒေါင်းငါးများ၏ အစာစားသည့်အလေ့အထသည် အစုံစားငါးမျိုးဖြစ်ရာ သဘာဝ တွင် ရေပိုးမွှားများ၊ ရေပင်ပေါက်လေးများကို စားသည်။ အထူးသဖြင့် ခြင်သားလောင်း၊ ပိုးလောက်လမ်းများကို အဓိကထားစား ကြသောကြောင့် ခြင်နှိမ်နင်းရေးငါးမျိုးအဖြစ် ကျော်ကြားသည်။ ခြင်များဥချသော ခြင်ဥများမှတဆင့် ပိုးလောက်လမ်းများဖြစ်နေ သော ရေပြင်ထဲသို့ ဒေါင်းငါးမျိုးများကို တစ်ကြိမ်ထည့်ပေးထားရုံဖြင့် ၄င်းငါးလေးများက ခြင်နှိမ်နင်းရေးကို သားစဉ်မြေးဆက် အလိုက် စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားကြမည်ဖြစ်သည်။ ဤနည်းလမ်းသည် သက်ရှိကို သက်ရှိဖြင့် ပြန်လည်ထိန်းချုပ်သည့် ဇီဝနည်း (Biological Control) ဖြစ်သည်။


          စမ်းသပ်ချက်များအရ တစ်လက်မခွဲအရွယ် ဒေါင်းငါးအထီးတစ်ကောင်သည် တစ်ရက်လျှင် ခြင်လောက်လမ်းကောင်ရေ ၃၀ ခန့်ကိုစားနိုင်ပြီး၊ နှစ်လက်မခွဲအရွယ် ဒေါင်းငါးအမတစ်ကောင်လျှင် ခြင်လောက်လမ်းကောင်ရေ ၆၀ ခန့်ကိုစားသည်။ ထို့ကြောင့် မိမိတို့ရပ်ရွာရှိ နေအိမ်များနှင့် စာသင်ခန်း၊ စာသင်ကျောင်းများ အနီးတစ်ဝိုက်ရှိ သောက်သုံးရေကန်များ၊ ရေနုတ် မြောင်းများ၊ ရေသိုလှောင်ရာ တိုင်ကီ၊ အိုးခွက်များ၊ အုတ်ကန်ကြီးများအတွင်း ဒေါင်းငါးလေးများကို ထည့်သွင်းထားသင့်သည်။ ဒေါင်းငါးလေးများကို နီးစပ်ရာအလှမွေးငါး အရောင်းဆိုင်များ၊ အလှမွေးငါး သားဖောက်ရောင်းချသူများ၊ မြန်မာနိုင်ငံငါး အလှမွေး မြူသူများအသင်း နှင့် အလှမွေးငါးများ လက်ကားရောင်ချသည့်ဆိုင်များတွင် အမျိုးအစားအလိုက် တစ်ကောင်လျှင် ကျပ် ငါး ဆယ်၊ တစ်ရာ၊ နှစ်ရာမျှ ချိုသာသည့်ဈေးနှုန်းဖြင့် ၀ယ်ယူနိုင်ကြောင်း နှင့် ရေကန်များအတွင်း ဒေါင်းငါး မျိုးထည့်သွင်းမွေးမြူခြင်း ဖြင့် ခြင်အန္တရာယ်ကာကွယ်သည့် လုပ်ငန်းစဉ်တွင် Mosquito Control အနေဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အကြံပြုတိုက်တွန်း လိုပါသည်။


သွေးလွန်တုပ်ကွေးအတွက် အိမ်တွင်းကုထုံး။


·         တမာပင် အရွက် နှင့် တမာပင် အဆီတို့က သွေးကို သန့်စင်စေပါသည်။ ထို့ကြောင့် တမာပြုတ်ရည်ဖြင့် ရေပတ် တိုက်ပါ (သို့မဟုတ်) တမာဆီ လူးပေးပါ။


·         ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်အစားထိုးရန်နှင့် အပူရှိန်လျော့ချနိုင်ရန်အတွက် ရေများများ သောက်ပါ။ 


·         အဖျားလုံးဝကျသည်အထိ အဖတ်လုံးဝမစားဘဲ၊ အရည် စစ်သောက်ပါ။


·         နံနံပင်အရွက်များက အဖျားကျစေရုံသာမက၊ သွေးလွန်တုပ်ကွေးကြောင့် ကုန်ဆုံးသွားသော အားအင်များကို ပြန်လည် ဖြည့်တင်းပေးနိုင်သည်။


·         ပင်စိမ်းရွက်ကလည်း သွေးလွန်တုပ်ကွေး ဖျားနာခြင်းအတွက် အကောင်းဆုံး ဆေးတစ်ခွက်ဖြစ်၍၊ ပင်စိမ်းရွက် ၁၅ ရွက်ခန့် ဝါးစားပါ (သို့မဟုတ်) ပစ်စိမ်းရွက်အစိုကို ရေနွေးကြမ်း ခပ်သောက်ပါ။


·         သင်္ဘောသီး နှင့် သင်္ဘောစေ့တို့ကို တုပ်ကွေးဖျာနာခြင်းအတွက် သဘာဝဓာတ်စာ အဖြစ် ယုံကြည်စိတ်ချစွာ စားပါ။ သင်္ဘောရွက်ထဲတွင်ပါရှိသော အင်ဇိုင်းဓာတ်များက ကိုယ်အပူချိန် ကျစေရုံမျှမက၊ သွေးလွန်တုပ်ကွေး ကြောင့် အစာမကျေဗိုက်နာခြင်းအတွက် အားဆေးတစ်ခွက် ဖြစ်သည်။


·         မဲဇလီပင်အမြစ် က တုပ်ကွေးအဖျား ကျစေသလို၊ ချက်ချင်း အားပြည့်လာစေသည်။


·         ပဲနံ့သာပင်ရွက် ကို လ္ဘက်ရည်ကြမ်းခပ်သောက်ခြင်းက အဖျားကျစေသလို၊ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို ကောင်းစွာ လည်ပတ်စေသည်။


·         သလဲသီးနှင့် အနက်ရောင်စပျစ်သီးတို့က သွေးဆဲလ်များကို တိုးပွားလာစေသည်။


·         လိမ္မော်ရည်က အစာချေအားကောင်းခြင်း၊ ဆီးသွားခြင်း၊ လန်းဆန်းစေခြင်း တို့ကို ပေးစွမ်းနိုင်ပါသည်။


·         ကြက်သွန်နီကို ထက်ခြမ်းခြမ်း၍ ဖန်ပုလင်းထဲထည့်ကာ ရှာလကာရည်မြုပ်အောင် တညဉ့်သိပ် စိမ်၍ အဖုံးကို လုံအောင်ဖုံးထားပါ။ ထမင်းစားသည့်အခါတိုင်း ထည့်စားပေးခြင်းဖြင့် သွေးလွန်တုပ်ကွေး မဖြစ်အောင် ကြိုတင် ကာကွယ်ရာ ရောက်ပါသည်။


ကြိုတင်ကာကွယ်နည်း။

သွေးလွန်တုပ်ကွေးရောဂါကို ပျောက်ကင်းအောင် ကုသနိုင်သော ဆေးဝါး ယနေ့ထိမပေါ်သေးပါ။ ရောဂါဖြစ်လာမှ ကုသ ခြင်းထက်၊ မဖြစ်အောင် ကြိုတင်ကာကွယ်ထားတတ်ဖို့လိုပါသည်။ ထို့ကြောင့် "ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုထိရောက် တယ် @ Precaution is better than Cure" ဟု ဆိုကြခြင်းဖြစ်သည်။ အရေးကြီးဆုံးမှာ   ခြင်ကိုက်မခံရစေရန် ဖြစ်ပါသည်။ နေ့လယ်နေ့ခင်းတွင်လည်း အကျီလက်ရှည်၊ ပုဆိုးရှည်ရှည် ၀တ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ရေစီးရေလာ ကောင်းပြီး ခြင်မပေါက်ပွါးစေရန် ရေဆိုးမြောင်းများ ရှင်းလင်းခြင်း၊ လေ၀င်လေထွက်ကောင်းပြီး ခြင်မခိုအောင်းနိုင်အောင် အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ခြံတွင်းခြံပြင် ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ကိုယ်ထုကိုယ်ထ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း တို့အပြင် အစားအစာ သန့်ရှင်းခြင်း၊ ရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ အိမ်သာ (မိလ္လာ)သန့်ရှင်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းခြင်း စသည့် သန့်(၅)သန့်နှင့်အညီ မိမိအသိစိတ်ဓာတ်ဖြင့် အိမ်ထောင်စု တစ်စုချင်းစီ တိုင်း တာဝန်ယူကြမည်ဆိုပါလျှင် သန့်ရှင်းကျန်းမာသော စံပြရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်မှသည် တစ်နိုင်ငံလုံး အတိုင်းအတာထိ သွေးလွန်တုပ်ကွေးရောဂါ ကျဆင်းလာမည်ဟု သုံးသပ်မိပါသည်။

          အချုပ်အားဖြင့်ဆိုသော် ကူးစက်ရောဂါဆိုင်ရာ(Epidemiology)အရ သွေးလွန်တုပ်ကွေးရောဂါသည် လေးနှစ်လျှင် တစ် ကြိမ် အပြင်းအထန် (Out-break) ဖြစ်ပွားတတ်သည်။ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ စာရင်းဇယားများအရ မြန်မမာ နိုင်ငံတွင် ၂၀၁၃ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်များတွင် သွေးလွန်တုပ်ကွေးရောဂါ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မှာလည်း သွေးလွန်တုပ်ကွေးရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားနိုင်ကြောင်း ပညာရှင်များကခန့်မှန်းထားသည်။ အထက်တွင် ဖော်ပြ ထားသည့်အတိုင်း COVID-19 ကာလ လူစုလူဝေးရှောင်သည့် အနေဖြင့် မိမိအိမ်တွင်းအနေများကြရခြင်းက အေးဒီးစ်ခြင်ကျား အကိုက်ခံရနိုင်ခြေ အခွင့်အလမ်းသာနေသဖြင့် ယခုနှစ် COVID-19 ကာလမှာလည်း သွေးလွန်တုပ်ကွေးအန္တရာယ် အထူးသတိရှိ ကြစေချင်ပါကြောင်း။။


 


စေတနာများစွာဖြင့်

#ဆောင်းပါးရှင် တင်ထက်ထက်ဇော် Tin Htet Htet Zaw  ပေါက်ပေါက်


[Zawgyi]ေသြးလြန္တုပ္ေကြးအႏၲရာယ္ အထူးသတိရိွၾကေစခ်င္ 

===============================

#ေဆာင္းပါးရွင္ တင္ထက္ထက္ေဇာ္




              ေသြးလြန္တုပ္ေကြးေရာဂါသည္ ရာသီမေရြး ျဖစ္ပြားတတ္ၿပီး မိုးဦးက်ကာလမွစတင္၍ မိုးရာသီတြင္ အျဖစ္အမ်ားဆံုးေရာဂါ ျဖစ္သည္။ ကမ႓ာ့လူဦးေရ ထက္ဝက္ခန႔္တြင္ ေသြးလြန္တုပ္ေကြးေရာဂါ ျဖစ္ပြားေနၿပီး တစ္ႏွစ္လ်ွင္ ေရာဂါကူးစက္ခံရသူ သန္း ၄၀၀ နီးပါးရိွေၾကာင္း၊ ၄င္းတို႔အနက္ လူႀကီး ၁၀ ရာခိုင္ႏႈန္းႏွင့္ ကေလး ၃၀ ရာခိုင္ႏႈန္းပါဝင္ေၾကာင္းသိရသည္။ မွတ္တမ္းမ်ားအရ  ကမ႓ာေပၚတြင္ ေသြးလြန္တုပ္ေကြးေရာဂါကို ကပ္ေရာဂါအျဖစ္ ၁၆၃၅ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ၿပီး၊ ျမန္မာႏိုင္ငံတြင္ ၁၉၇၀ ျပၫ့္ႏွစ္တြင္ ကပ္ေရာဂါအျဖစ္ ရန္ကုန္ၿမိဳ႔၌ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ယမန္ႏွစ္ ၂၀၂၀ ျပၫ့္ႏွစ္တြင္ ဇန္နဝါရီမွ ေမလ ၁၆ ရက္အထိ တစ္ နိ္ုင္ငံလံုးအတိုင္းအတာျဖင့္ ေသြးလြန္တုပ္ေကြး ျဖစ္ပြားသူ တစ္ေထာင့္ႏွစ္ရာေက်ာ္ရိွကာ ၈ ဦးေသဆံုးခဲ့ေၾကာင္း၊ ေရာဂါျဖစ္ပြားမႈ အမ်ားဆံုး တိုင္းႏွင့္ျပည္နယ္မ်ားမွာ လူဦးေရထူ တပ္ေသာ ရန္ကုန္၊ မႏၲေလး၊ စစ္ကိုင္း၊ မေကြး ႏွင့္ မြန္ျပည္နယ္တို႔ျဖစ္သည္။ ၄ျပည္နယ္ ငါးခုအနက္ ရန္ကုန္တိုင္းက ျဖစ္ပြား မႈႏွင့္ ေသဆံုးမႈအမ်ားဆံုးျဖစ္ခဲ့သည္။  ယခုႏွစ္ ၂၀၂၁ တြင္လည္း ျမန္မာျပည္ တြင္ COVID-19 ေရာဂါသည္ တတိယလိႈင္းအသြင္ ကူးစက္ပ်ံ့ႏွံ႔ေန၍ ျပည္သူ၊ ျပည္သားမ်ား အတတ္ႏိုင္ဆံုး လူစုလူေဝးေရွာင္ ကာ အိမ္ထဲတြင္အေနမ်ားရျခင္းက အိမ္တြင္းျခင္ကိုက္ခံရမႈ ပိုမ်ားႏိုင္သၫ့္အတြက္ ေသြးလြန္တုပ္ေကြးကူးစက္မႈ ပိုမ်ားႏိုင္ဖြယ္ရိွ သည္။ ထို႔ေၾကာင့္ ေသြးလြန္တုပ္ေကြးျဖစ္ပြားေစသၫ့္ ျခင္က်ား ႏွင့္ ပိုးေလာက္လန္းမ်ား ႏိွမ္နင္းရန္အတြက္ ဖံုး၊ သြန္၊ လဲ၊ စစ္  လုပ္ငန္း စဉ္မ်ားကို ကိုယ္ထူကိုယ္ထ စနစ္ျဖင့္ အစဉ္သတိျပဳ လုပ္ေဆာင္သင့္ေပသည္။


ေသြးလြန္တုပ္ေကြးဆိုသည္မွာ။


ေသြးလြန္တုပ္ေကြးေရာဂါ၏ အဓိကတရားခံက ေအးဒီးစ္ျခင္က်ားမ်ားျဖစ္ၿပီး၊ ေရၾကည္ေရသန႔္မွာ ေပါက္ပြားေလ့ရိွသည္။  ျခင္က်ားသည္ ပိုးေလာက္လမ္းဘ၀မွ ျခင္ေကာင္ျဖစ္ရန္ ခုနစ္ရက္ခန႔္ ၾကာျမင့္သည္။ ျခင္တစ္ေကာင္၏ ပ်မ္းမ်ွသက္တမ္းသည္ တစ္လမွ သံုးလခန႔္ရိွသည္။ ျခင္မတစ္ေကာင္သည္ သူ႔သက္တမ္းတစ္ေလ်ွာက္ အနည္းဆံုး ခုနစ္ႀကိမ္ခန႔္ ေအာင္ေအာင္ျမင္ျမင္ ဥႏိုင္သည္။ တစ္ႀကိမ္ဥလ်ွင္ ရာသီဥတုႏွင့္ ေနရာေပၚမူတည္၍ ဥ ၅၀ မွ ၃၀၀ ခန႔္အထိ ဥႏိုင္သည္။ မိုးရြာၿပီးေနာက္ ေရအိုင္မ်ား၊ အိုးျခမ္းပဲ့မ်ား၊ ဘတၲရီအိုးေဟာင္းမ်ားတြင္ မိုးေရတင္က်န္ခဲ့ၿပီးေနာက္ ေနထြက္လာေသာအခါ ပိုး ေလာက္လန္းမ်ား ေပါက္ပြား လာကာ ၄င္းမွတဆင့္ ျခင္းက်ား (ေခၚ) ျခင္ပုန္းမ်ား ျဖစ္လာသည္။ ျခင္ပုန္းေတြက ေပါက္ပြားမႈျမန္ဆန္ၿပီး ကိုက္ ၁၀၀ အထိ ပ်ံသန္းႏိုင္ၾကသည္။ ေန့ဘက္အခ်ိန္ေတြမွာ ျခင္ကိုက္ေလ့ရိွသည္။ မိုးဦးစေက်ာင္းဖြင့္ခ်ိန္ လူဦးေရထူထပ္ေသာ စာသင္ေက်ာင္း မ်ားတြင္ ေသြးစုပ္ရန္ က်က္စားလာၾကသည္။ ျခင္ဆိုးမ်ားသည္ လူတစ္ဦးဆီမွ ေနာက္တစ္ဦးဆီသို႔ မတူညီေသာေသြးမ်ားကို သယ္ေဆာင္ ေသြးစုပ္ခံျခင္းျဖင့္ ေသြးလြန္တုပ္ေကြး အစပ်ိဳးျဖစ္ေပၚလာရသည္။ ေရွးကာလမ်ားမွာ အသက္ ၃ ႏွစ္ ႏွင့္ ၁၅ ႏွစ္ အရြယ္ကေလးမ်ား အျဖစ္မ်ားၾကၿပီး၊ ယခုေနာက္ပိုင္းတြင္  တစ္ႏွစ္ေအာက္ ကေလးမ်ားသာမက အသက္ ၁၅ ႏွစ္အထက္ (၂၅ ႏွစ္မွ ၃၀ ႏွစ္) အရြယ္ေတြလည္း ေသြးလြန္တုပ္ေကြးျဖစ္လာၾကသည္။ ယခုလို မိုးဦးဇြန္လမွစ၍  ဇူလိုင္၊ ၾသဂုတ္၊ စက္တဘၤာလ မ်ားမွာ အျဖစ္မ်ား၍ သတိႏွင့္ ႀကိဳတင္ကာကြယ္တတ္ၾကရန္ အေရးႀကီးပါသည္။


ေသြးလြန္တုပ္ေကြးေရာဂါလကၡဏာမ်ား။


ေရာဂါလကၡဏာမ်ားမွာ အပူခ်ိန္ ၁၀၀ ႏွင့္အထက္အဖ်ားႀကီးျခင္း၊ ကိုယ္အပူခ်ိန္ ၁၀၅ ဒီဂရီဖာရင္ဟိုက္ခန႔္ အထိ ရုတ္တ ရက္ ေဆာင့္တက္လာျခင္း၊ ေခါင္းလြန္စြာကိုက္ခဲျခင္း၊ နားထင္မ်ားနာက်င္ကိုက္ခဲျခင္း၊ အရိုး၊ ႂကြက္သား၊ အရိုးဆစ္ စသၫ့္ ကိုယ္လက္ကိုက္ခဲျခင္း၊ ဗိုက္နာဗိုက္ေအာင့္ၿပီး ဗိုက္ကိုအထိမခံႏိုင္ျခင္း၊ ခိုက္ခိုက္တုန္၍ ေျခဖ်ားလက္ဖ်ားေအးစက္ျခင္း၊ အေရ ျပားေပၚ အနီေရာင္အစင္းေၾကာင္းမ်ားေပၚလာျခင္း၊ မ်က္ႏွာနီအမ္းျခင္း၊ ပင္ပန္းႏြယ္နယ္ကာ အခ်ိန္ျပၫ့္မိွန္းေနတတ္ၿပီး အစာ စားခ်င္စိတ္မရိျွခင္း၊ အစားအေသာက္ အရည္ဝင္ၿပီးသည္ႏွင့္တၿပိဳင္နက္ အန္ထြက္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ လက္ေမာင္းကို ေသြးေပါင္ခ်ိန္တိုင္း ကိရိယာႏွင့္တိုင္းၾကၫ့္ပါက Hess Test Positive ျဖစ္ေနျခင္း စသည္တို႔ျဖစ္သည္။ အခ်ိဳ႕သူမ်ားမွာ ေခ်ာင္း ဆိုး၊ ႏွာေစး၊ ၀မ္းပ်က္၊ ၀မ္းေလ်ွာ ျဖစ္တတ္သည္။


ေသြးလန႔္ျခင္းေရာဂါလကၡဏာမ်ား။


အထက္ပါလကၡဏာမ်ားသည္ သာမန္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ၿပီး၊ ေဆးဝါးကုသမႈခံယူပါက ပ်မ္းမ်ွ ရက္သတၲတစ္ ပတ္အတြင္း ေနေကာင္းသြားပါလိမ့္မည္။ သို႔ေသာ္ သံုးရက္မွ ငါးရက္အတြင္း အဖ်ားတက္ရာမွ ရုတ္တရက္ အဖ်ားက်လာၿပီး ေတာ္ေတာ္ႏွင့္ မလန္းဆန္းဘဲ ေလးလံထိုင္းမိႈင္းၿပီး မိွန္းေနျခင္း၊ ကေယာင္ကတမ္းျဖစ္ျခင္း၊ ေျခလက္မ်ားေအးစက္ျခင္း စသည္ တို႔သည္ ေသြးလန႔္ျခင္းလကၡဏာမ်ား ျဖစ္ၾကသည္။ အထူးသျဖင့္ ကေလးေတြမ်ား ေသြးလန႔္ေလ့ရိွၾကသည္။ “ေသြးလန႔္ျခင္း” ဆို သည္မွာ ခႏၶာကိုယ္အႏွံ႔အျပားကို ေသြးသြားလာမႈေလ်ာ့သြားျခင္းကို ဆိုလိုပါသည္။ ေသြးရည္ၾကည္မ်ား ျပင္ပကို ခဏထြက္သြား သည္ဟု ေဆးသိပၸံပညာအရ ေျပာေလ့ရိွၿပီး၊ အသက္အႏၲရာယ္ စိုးရိမ္ရသျဖင့္ “အဖ်ားက်စဉ္ မလန္းလ်ွင္ အစဉ္သတိခ်ပ္ ” ဟု ေျပာစမွတ္ျပဳၾကသည္။ ေသြးလန႔္ေသာ အျခားလကၡဏာမ်ားမွာ မတ္တပ္ရပ္စဉ္ မူးယိုင္ျခင္း၊ မၾကာခဏ အဖ်ားတက္လိုက္ က် လိုက္ျဖစ္ျခင္း၊ ေမာပမ္းျခင္း၊ ေသြးခုန္ႏႈန္း သိသိသာသာ က်ဆင္းသြားျခင္း၊ အာခံတြင္းေျခာက္ေသြ့ျခင္း၊ အသက္ရႈႏႈန္း ျမန္ဆန္ လာျခင္း၊ အသည္းေရာင္ကိုင္းျခင္း၊ ေကာ္ဖီေရာင္ပ်ိဳ႕အန္ျခင္း၊ သြားဖံုးေသြးထြက္ျခင္း၊ ႏွာေခါင္းေသြးလ်ွံျခင္း၊ ေသြးျဖဴဥ နည္းသြား ျခင္း၊ ဆီးနည္းလာၿပီး ဆီးထဲေသြးပါျခင္း၊ ကတၲရာေစးအေရာင္ ၀မ္းအမည္းမ်ားသြားျခင္း စသည္တို႔ ျဖစ္ၾကသည္။ ထိုအေျခအေန မ်ိဳးတြင္ ဆရာဝန္၏လက္ဦးမႈကို အရယူႏိုင္ဖို႔ လြန္စြာအေရးႀကီးပါသည္။ ထိုအခါ လူနာ၏ ေရာဂါအေျခအေန ႏွင့္ ကိုယ္ခံစြမ္း အားေပၚမူတည္ၿပီး၊ တစ္နာရီျခားတစ္ခါ ေစာင့္ၾကၫ့္ကာ ဆရာဝန္က လိုအပ္သလို ရိုးရိုးဆားရည္ သြင္းျခင္း (သို႔မဟုတ္) ေသြး ရည္ၾကည္သြင္းျခင္း (သို႔မဟုတ္) ေဆးေကာ္ရည္သြင္းျခင္းတို႔ကို ေသြးခုန္ႏႈန္းပမာဏ၊ ဆီးပမာဏ ႏွင့္ ေသြးပ်စ္က်ဲႏႈန္း စသည္တို႔ ေပၚမူတည္၍ ထိေရာက္စြာ  ကုသမႈခံယူရပါမည္။


ျခင္ကိုစားေသာ ေဒါင္းငါး။


          ျမန္မာအေခၚအေဝၚ ေဒါင္းငါး၊ အဂၤလိပ္ဘာသာျဖင့္ သိပၸံအမည္မွာ Poecila reticulate ျဖစ္ၿပီး မူရင္းေဒသမွာ ဘရာဇီး၊ ဗင္နီဇြဲလား၊ နယ္သာလန္ ႏွင့္ ဂ်ေမကာတို႔ျဖစ္သည္။ ျခင္သားေလာင္း(ပိုးေလာက္လမ္း)မ်ားကို စားသံုးသၫ့္ အေလ့အထ ေၾကာင့္ ျခင္ႏိွမ္နင္းရန္၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ ဌက္ဖ်ားေရာဂါ ႏွင့္ ဆင္ေျခေထာက္ေရာဂါမ်ားကို ကာကြယ္ရန္အတြက္ အရပ္ ရပ္သို႔သယ္ယူၾကရာမွ ကမ႓ာအႏွံ႔အျပားသို႔ ေဒါင္းငါးမ်ား ေရာက္ရိွပ်ံ့ႏွံ႔သြားျခင္းျဖစ္သည္။ ျမန္မာႏိုင္ငံသို႔လည္း ကိုလိုနီေခတ္ အတြင္းကပင္ ငွက္ဖ်ားေရာဂါ ကာကြယ္ေရးအတြက္ အဂၤလိပ္တို႔က သယ္ေဆာင္လာရာမွတဆင့္ ေဒါင္းငါးမ်ား ေရာက္ရိွလာျခင္း ျဖစ္ေၾကာင္း သိရသည္။ ၄င္းမ်ိဳးစိတ္တြင္ ငါးအထီး၏အၿမီးသည္ ေဒါင္းၿမီးသဖြယ္ အေရာင္စံု၍ လွပသၫ့္အတြက္ ေဒါင္းငါးဟူ၍ ျမန္မာအမည္ေပးျခင္းျဖစ္ေပသည္။ ၄င္းအလွေမြးငါးမ်ားသည္ ေရခ်ိဳငါးမ်ိဳးစိတ္ျဖစ္ေသာ္လည္း ဆားငန္ႏႈန္းကို အေတာ္အတန္ ခံႏိုင္ရည္ရိွ၍ ေရငန္အတက္အက်ရိွေသာ ျမစ္ဝကြၽန္းေပၚေဒသတို႔၌လည္း ရွင္သန္ႏိုင္သည္။


          ေဒါင္းငါးမ်ားတြင္ အထီးသည္ တစ္လခြဲ(ေျခာက္ပတ္)သား၌ အရြယ္ေရာက္ၿပီး၊ အမသည္ သံုးလ (၁၂ ပတ္)သား၌ အရြယ္ေရာက္ကာ သားေပါက္ႏိုင္သည္။ ေဒါင္းငါးသည္ ဥဥေလ့မရိွဘဲ အေကာင္လိုက္ေမြးေသာ ငါးမ်ိဳးျဖစ္သည္။ ေဒါင္းငါးအမ သည္ သႏၶေဆာင္ကာလ ၂၂ ရက္ မွ ၂၆ ရက္ရိွၿပီး တစ္ႀကိမ္လ်ွင္ ပ်မ္းမ်ွ အေကာင္ေရ ၃၀ မွ ၆၀ အထိ ေမြးေလ့ရိွကာ အမ်ား ဆံုးေကာင္ေရ ၁၀၀ အထိ သားေပါက္ႏိုင္သည္။ ငါးအမသည္ သားေပါက္ၿပီး တစ္လခန႔္ၾကာလ်ွင္ ေနာက္တစ္ႀကိမ္ ထပ္မံ၍ သား ေပါက္ႏိုင္သည္။ သက္တမ္းမွာ ႏွစ္ႏွစ္ခန႔္ရိွသည္။ ေဒါင္းငါးမ်ား၏ အစာစားသၫ့္အေလ့အထသည္ အစံုစားငါးမ်ိဳးျဖစ္ရာ သဘာဝ တြင္ ေရပိုးမႊားမ်ား၊ ေရပင္ေပါက္ေလးမ်ားကို စားသည္။ အထူးသျဖင့္ ျခင္သားေလာင္း၊ ပိုးေလာက္လမ္းမ်ားကို အဓိကထားစား ၾကေသာေၾကာင့္ ျခင္ႏိွမ္နင္းေရးငါးမ်ိဳးအျဖစ္ ေက်ာ္ၾကားသည္။ ျခင္မ်ားဥခ်ေသာ ျခင္ဥမ်ားမွတဆင့္ ပိုးေလာက္လမ္းမ်ားျဖစ္ေန ေသာ ေရျပင္ထဲသို႔ ေဒါင္းငါးမ်ိဳးမ်ားကို တစ္ႀကိမ္ထၫ့္ေပးထားရံုျဖင့္ ၄င္းငါးေလးမ်ားက ျခင္ႏိွမ္နင္းေရးကို သားစဉ္ေျမးဆက္ အလိုက္ စဉ္ဆက္မျပတ္ ျပဳလုပ္ေပးသြားၾကမည္ျဖစ္သည္။ ဤနည္းလမ္းသည္ သက္ရိွကို သက္ရိျွဖင့္ ျပန္လည္ထိန္းခ်ဳပ္သၫ့္ ဇီဝနည္း (Biological Control) ျဖစ္သည္။


          စမ္းသပ္ခ်က္မ်ားအရ တစ္လက္မခြဲအရြယ္ ေဒါင္းငါးအထီးတစ္ေကာင္သည္ တစ္ရက္လ်ွင္ ျခင္ေလာက္လမ္းေကာင္ေရ ၃၀ ခန႔္ကိုစားႏိုင္ၿပီး၊ ႏွစ္လက္မခြဲအရြယ္ ေဒါင္းငါးအမတစ္ေကာင္လ်ွင္ ျခင္ေလာက္လမ္းေကာင္ေရ ၆၀ ခန႔္ကိုစားသည္။ ထို႔ေၾကာင့္ မိမိတို႔ရပ္ရြာရိွ ေနအိမ္မ်ားႏွင့္ စာသင္ခန္း၊ စာသင္ေက်ာင္းမ်ား အနီးတစ္ဝိုက္ရိွ ေသာက္သံုးေရကန္မ်ား၊ ေရႏုတ္ ေျမာင္းမ်ား၊ ေရသိုေလွာင္ရာ တိုင္ကီ၊ အိုးခြက္မ်ား၊ အုတ္ကန္ႀကီးမ်ားအတြင္း ေဒါင္းငါးေလးမ်ားကို ထၫ့္သြင္းထားသင့္သည္။ ေဒါင္းငါးေလးမ်ားကို နီးစပ္ရာအလွေမြးငါး အေရာင္းဆိုင္မ်ား၊ အလွေမြးငါး သားေဖာက္ေရာင္းခ်သူမ်ား၊ ျမန္မာႏိုင္ငံငါး အလွေမြး ျမဴသူမ်ားအသင္း ႏွင့္ အလွေမြးငါးမ်ား လက္ကားေရာင္ခ်သၫ့္ဆိုင္မ်ားတြင္ အမ်ိဳးအစားအလိုက္ တစ္ေကာင္လ်ွင္ က်ပ္ ငါး ဆယ္၊ တစ္ရာ၊ ႏွစ္ရာမ်ွ ခ်ိဳသာသၫ့္ေဈးႏႈန္းျဖင့္ ၀ယ္ယူႏိုင္ေၾကာင္း ႏွင့္ ေရကန္မ်ားအတြင္း ေဒါင္းငါး မ်ိဳးထၫ့္သြင္းေမြးျမဴျခင္း ျဖင့္ ျခင္အႏၲရာယ္ကာကြယ္သၫ့္ လုပ္ငန္းစဉ္တြင္ Mosquito Control အေနျဖင့္ ေဆာင္ရြက္ႏိုင္ပါေၾကာင္း အႀကံျပဳတိုက္တြန္း လိုပါသည္။


ေသြးလြန္တုပ္ေကြးအတြက္ အိမ္တြင္းကုထံုး။


·         တမာပင္ အရြက္ ႏွင့္ တမာပင္ အဆီတို႔က ေသြးကို သန႔္စင္ေစပါသည္။ ထို႔ေၾကာင့္ တမာျပဳတ္ရည္ျဖင့္ ေရပတ္ တိုက္ပါ (သို႔မဟုတ္) တမာဆီ လူးေပးပါ။


·         ခႏၶာကိုယ္တြင္း ေရဓာတ္ဆံုးရႈံးမႈကို ျပန္လည္အစားထိုးရန္ႏွင့္ အပူရိွန္ေလ်ာ့ခ်ႏိုင္ရန္အတြက္ ေရမ်ားမ်ား ေသာက္ပါ။ 


·         အဖ်ားလံုးဝက်သည္အထိ အဖတ္လံုးဝမစားဘဲ၊ အရည္ စစ္ေသာက္ပါ။


·         နံနံပင္အရြက္မ်ားက အဖ်ားက်ေစရံုသာမက၊ ေသြးလြန္တုပ္ေကြးေၾကာင့္ ကုန္ဆံုးသြားေသာ အားအင္မ်ားကို ျပန္လည္ ျဖၫ့္တင္းေပးႏိုင္သည္။


·         ပင္စိမ္းရြက္ကလည္း ေသြးလြန္တုပ္ေကြး ဖ်ားနာျခင္းအတြက္ အေကာင္းဆံုး ေဆးတစ္ခြက္ျဖစ္၍၊ ပင္စိမ္းရြက္ ၁၅ ရြက္ခန႔္ ဝါးစားပါ (သို႔မဟုတ္) ပစ္စိမ္းရြက္အစိုကို ေရႏြေးၾကမ္း ခပ္ေသာက္ပါ။


·         သေဘၤာသီး ႏွင့္ သေဘၤာေစ့တို႔ကို တုပ္ေကြးဖ်ာနာျခင္းအတြက္ သဘာဝဓာတ္စာ အျဖစ္ ယံုၾကည္စိတ္ခ်စြာ စားပါ။ သေဘၤာရြက္ထဲတြင္ပါရိွေသာ အင္ဇိုင္းဓာတ္မ်ားက ကိုယ္အပူခ်ိန္ က်ေစရံုမ်ွမက၊ ေသြးလြန္တုပ္ေကြး ေၾကာင့္ အစာမေက်ဗိုက္နာျခင္းအတြက္ အားေဆးတစ္ခြက္ ျဖစ္သည္။


·         မဲဇလီပင္အျမစ္ က တုပ္ေကြးအဖ်ား က်ေစသလို၊ ခ်က္ခ်င္း အားျပၫ့္လာေစသည္။


·         ပဲနံ႔သာပင္ရြက္ ကို လ႓က္ရည္ၾကမ္းခပ္ေသာက္ျခင္းက အဖ်ားက်ေစသလို၊ ခႏၶာကိုယ္တြင္း ဇီဝကမၼျဖစ္စဉ္ကို ေကာင္းစြာ လည္ပတ္ေစသည္။


·         သလဲသီးႏွင့္ အနက္ေရာင္စပ်စ္သီးတို႔က ေသြးဆဲလ္မ်ားကို တိုးပြားလာေစသည္။


·         လိမၼော္ရည္က အစာေခ်အားေကာင္းျခင္း၊ ဆီးသြားျခင္း၊ လန္းဆန္းေစျခင္း တို႔ကို ေပးစြမ္းႏိုင္ပါသည္။


·         ၾကက္သြန္နီကို ထက္ျခမ္းျခမ္း၍ ဖန္ပုလင္းထဲထၫ့္ကာ ရွာလကာရည္ျမဳပ္ေအာင္ တညၪ့္သိပ္ စိမ္၍ အဖံုးကို လံုေအာင္ဖံုးထားပါ။ ထမင္းစားသၫ့္အခါတိုင္း ထၫ့္စားေပးျခင္းျဖင့္ ေသြးလြန္တုပ္ေကြး မျဖစ္ေအာင္ ႀကိဳတင္ ကာကြယ္ရာ ေရာက္ပါသည္။


ႀကိဳတင္ကာကြယ္နည္း။

ေသြးလြန္တုပ္ေကြးေရာဂါကို ေပ်ာက္ကင္းေအာင္ ကုသႏိုင္ေသာ ေဆးဝါး ယေန့ထိမေပၚေသးပါ။ ေရာဂါျဖစ္လာမွ ကုသ ျခင္းထက္၊ မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ထားတတ္ဖို႔လိုပါသည္။ ထို႔ေၾကာင့္ "ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုမိုထိေရာက္ တယ္ @ Precaution is better than Cure" ဟု ဆိုၾကျခင္းျဖစ္သည္။ အေရးႀကီးဆံုးမွာ   ျခင္ကိုက္မခံရေစရန္ ျဖစ္ပါသည္။ ေန့လယ္ေန့ခင္းတြင္လည္း အက်ီလက္ရွည္၊ ပုဆိုးရွည္ရွည္ ၀တ္ဆင္ျခင္း၊ ျခင္ေထာင္ျဖင့္ အိပ္စက္ျခင္း၊ ေရစီးေရလာ ေကာင္းၿပီး ျခင္မေပါက္ပြါးေစရန္ ေရဆိုးေျမာင္းမ်ား ရွင္းလင္းျခင္း၊ ေလ၀င္ေလထြက္ေကာင္းၿပီး ျခင္မခိုေအာင္းႏိုင္ေအာင္ အိမ္တြင္းအိမ္ျပင္ သန႔္ရွင္းေရးျပဳလုပ္ျခင္း၊ ၿခံတြင္းၿခံျပင္ ခ်ံဳႏြယ္ပိတ္ေပါင္းမ်ား ရွင္းလင္းျခင္း၊ ကိုယ္ထုကိုယ္ထ ဖံုး၊ သြန္၊ လဲ၊ စစ္ ျပဳလုပ္ျခင္း၊ အဘိတ္ေဆးခတ္ျခင္း၊ ျခင္ေဆးဖ်န္းျခင္း တို႔အျပင္ အစားအစာ သန႔္ရွင္းျခင္း၊ ေရသန႔္ရွင္းျခင္း၊ လက္သန႔္ရွင္းျခင္း၊ အိမ္သာ (မိလႅာ)သန႔္ရွင္းျခင္း၊ ပတ္ဝန္းက်င္သန႔္ရွင္းျခင္း စသၫ့္ သန႔္(၅)သန႔္ႏွင့္အညီ မိမိအသိစိတ္ဓာတ္ျဖင့္ အိမ္ေထာင္စု တစ္စုခ်င္းစီ တိုင္း တာဝန္ယူၾကမည္ဆိုပါလ်ွင္ သန႔္ရွင္းက်န္းမာေသာ စံျပရပ္ကြက္၊ ေက်းရြာ၊ ၿမိဳ႔နယ္မွသည္ တစ္ႏိုင္ငံလံုး အတိုင္းအတာထိ ေသြးလြန္တုပ္ေကြးေရာဂါ က်ဆင္းလာမည္ဟု သံုးသပ္မိပါသည္။

          အခ်ဳပ္အားျဖင့္ဆိုေသာ္ ကူးစက္ေရာဂါဆိုင္ရာ(Epidemiology)အရ ေသြးလြန္တုပ္ေကြးေရာဂါသည္ ေလးႏွစ္လ်ွင္ တစ္ ႀကိမ္ အျပင္းအထန္ (Out-break) ျဖစ္ပြားတတ္သည္။ ထုတ္ျပန္ထားေသာ က်န္းမာေရးဆိုင္ရာ စာရင္းဇယားမ်ားအရ ျမန္မမာ ႏိုင္ငံတြင္ ၂၀၁၃ ခုႏွစ္ ႏွင့္ ၂၀၁၇ ခုႏွစ္မ်ားတြင္ ေသြးလြန္တုပ္ေကြးေရာဂါ အျပင္းအထန္ျဖစ္ပြားခဲ့သည္။ ထို႔ေၾကာင့္ ၂၀၂၁ ခုႏွစ္ မွာလည္း ေသြးလြန္တုပ္ေကြးေရာဂါ ျပင္းျပင္းထန္ထန္ျဖစ္ပြားႏိုင္ေၾကာင္း ပညာရွင္မ်ားကခန႔္မွန္းထားသည္။ အထက္တြင္ ေဖာ္ျပ ထားသၫ့္အတိုင္း COVID-19 ကာလ လူစုလူေဝးေရွာင္သၫ့္ အေနျဖင့္ မိမိအိမ္တြင္းအေနမ်ားၾကရျခင္းက ေအးဒီးစ္ျခင္က်ား အကိုက္ခံရႏိုင္ေျခ အခြင့္အလမ္းသာေနသျဖင့္ ယခုႏွစ္ COVID-19 ကာလမွာလည္း ေသြးလြန္တုပ္ေကြးအႏၲရာယ္ အထူးသတိရိွ ၾကေစခ်င္ပါေၾကာင္း။။


 


ေစတနာမ်ားစြာျဖင့္

#ေဆာင္းပါးရွင္ တင္ထက္ထက္ေဇာ္ Tin Htet Htet Zaw  ေပါက္ေပါက္

No comments: