Thursday, June 3, 2021

လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုး🚦🚧🚖

 [Unicode]လူတိုင်းသိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုးနှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ။🚦🚧🚖




၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း။🚔


ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှ

ဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ယာဉ်အမှားပဲဖြစ်ပါတယ်။ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့်

မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။အန္တရာယ်

မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့

ရပ်ထားတဲ့ယာဉ်မှာလည်းတာဝန်ရှိနိုင်ပါတယ်။


၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း။


နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ဒီနေရာမှာ

တချို့ကပြောကြပါတယ်။ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့တိုက်ရတာပါလို့ပြောကြပါတယ်။

ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅မှာရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှ

ယာဉ်သည်ထိခိုက်မှုမဖြစ်စေရန်သင့်လျော်သော

အကွာအဝေးမှလိုက်ရမည်လို့ဖော်ပြထားပါတယ်။

သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေ

မရှိနိုင်ပါဘူး။ရှေ့ယာဉ်အရှိန်များရင်များသလို

အရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။

အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်

လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့်

ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ဖရီးကြောလို့ခေါ်တဲ့

ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့

ရှေ့ယာဉ်အမှားဖြစ်ပါတယ်။လမ်းညွှန်အမှတ်အသား

ကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။


၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။🚔


မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်

ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့

နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက်

ယာဉ်သည်ဦးစားပေးရပါတယ်။တူညီလမ်းဆုံသို့

ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစား

ပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။


၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။🚔🚧


ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့်

မည်သည့်ယာဉ်မဆိုလက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။နည်းဥပဒေပုဒ်မ ၁၄၁မှာလည်းဖော်ပြ

ထားပါတယ်။အမြန်လမ်းတွေလိုယာဉ်ကြော(၃)

ကြောရှိတဲ့လမ်းဆိုလက်ဝဲဘက်အစွန်းကြောသည်

ကျော်တက်ရန်နှင့်အမြန်မောင်းနှင်ရန်မှာသာ

အသုံးပြုရမှာဖြစ်ပါတယ်။


၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။🚔


Tလမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့

ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။


၆။တည့်ယာဉ်နှင့်ဝဲဘက်သို့'ဂ'ကွေ့ကွေ့သော

    ယာဉ်တိုက်မိခြင်း။🚔🛑


နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့

ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။

"လွတ်မယ်ထင်လို့ကွေ့တာပါ" တို့"ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ" တို့ပြောတက်ကြပါတယ်။

ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။


၇။လမ်းပြောင်းပြန်ကျော်တက်၍မျက်နှာချင်း

   ဆိုင်ယာဉ်နှင့်တိုက်မိခြင်း။🚔🚖


နည်းဥပဒေပုဒ်မ ၁၄၆အရရှေ့မှမျက်နှာခြင်း

ဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။


၈။ဘေးချင်းယှဉ်ကျော်တက်၍ပွတ်တိုက်ခြင်း။🚖

 

လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်

ယာဉ်သာအမှားဖြစ်ပါတယ်။


၉။အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း။🚘🚘


နည်းဥပဒေပုဒ်မ၁၄၉အရအဝိုင်းပတ်နေတဲ့ယာဉ်သာအမှန်ဖြစ်ပါတယ်။အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာ

ဖြစ်ပေမယ့်မြို့တော်တော်များများမှာအဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲရပ်ပေးနေတာကိုမြင်နေရပါတယ်။


၁၀။ယာဉ်မှလူကိုတိုက်ခြင်း။🚘


စက်တပ်ယာဉ်နဲ့လူတိုက်မိပြီဆိုရင်တော့

စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။


ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။


#credit by legal Information 🚔🚥


[Zawgyi]လူတိုင္းသိထားသင့္ေသာ ယာဉ္တိုက္မႈ(၁၀)မ်ိဳးႏွင့္ ၂၀၂၀ ေမာ္ေတာ္ယာဉ္စီမံခန႔္ခြဲမႈဥပေဒ။🚦🚧🚖




၁။ရပ္ထားေသာယာဉ္ကိုဝင္ေရာက္တိုက္မိျခင္း။🚔


ရပ္ထားေသာယာဉ္ကိုအျခားယာဉ္တစ္စီးမွ

ဝင္ေရာက္မိတဲ့အခါမွာတိုက္တဲ့ယာဉ္အမွားပဲျဖစ္ပါတယ္။ဒါေပမယ့္ညအခ်ိန္အေမွာင္ထဲမွာေဘးမီးဖြင့္

မထားဘဲလမ္းမေပၚရပ္ထားခဲ့မယ္။အႏၲရာယ္

မျဖစ္ႏိုင္ေအာင္သတိေပးမယ့္သူရိွမေနခဲ့ရင္ေတာ့

ရပ္ထားတဲ့ယာဉ္မွာလည္းတာဝန္ရိွႏိုင္ပါတယ္။


၂။ေရ႔ွယာဉ္အားေနာက္ယာဉ္မွဝင္ေရာက္တိုက္မိျခင္း။


ေနာက္ကယာဉ္မွာတာဝန္ရိွပါတယ္။ဒီေနရာမွာ

တခ်ိဳ႕ကေျပာၾကပါတယ္။ေရ႔ွယာဉ္က ရုတ္တရက္ဘရိတ္အုပ္လို႔တိုက္ရတာပါလို႔ေျပာၾကပါတယ္။

ဒါေပမယ့္ယာဉ္သြားလာမႈစည္းကမ္းနည္းဥပေဒပုဒ္မ ၁၄၅မွာေရ႔ွယာဉ္ရုတ္တရက္ရပ္တန႔္လ်ွင္ေနာက္မွ

ယာဉ္သည္ထိခိုက္မႈမျဖစ္ေစရန္သင့္ေလ်ာ္ေသာ

အကြာအေဝးမွလိုက္ရမည္လို႔ေဖာ္ျပထားပါတယ္။

သင့္ေလ်ာ္ေသာအကြာအေဝးဆိုတာကေတာ့ပံုေသ

မရိွႏိုင္ပါဘူး။ေရ႔ွယာဉ္အရိွန္မ်ားရင္မ်ားသလို

အရိွန္နည္းရင္နည္းသလိုထိခိုက္မႈမရိွပဲရပ္တန႔္ႏိုင္မယ့္အကြာအေဝးကိုခ်ိန္ဆေမာင္းႏွင္ရမွာပါ။

အဲ့ဒီအတြက္ေရ႔ွယာဉ္မွ ေခြးျဖတ္ေျပးလို႔ျဖစ္ျဖစ္

လူျဖတ္ေျပးလို႔ပဲျဖစ္ျဖစ္အေၾကာင္းတစံုရာေၾကာင့္

ရပ္တန႔္ခ်ိန္မွာေနာက္ယာဉ္သည္လည္းထိခိုက္မႈမရိွေအာင္ရပ္တန႔္ႏိုင္ရပါမယ္။ဖရီးေၾကာလို႔ေခၚတဲ့

ရပ္မ်ဉ္းမရိွတဲ့ ေကြ့ေၾကာတၫ့္ေၾကာမွာတိုက္ရင္ေတာ့

ေရ႔ွယာဉ္အမွားျဖစ္ပါတယ္။လမ္းၫႊန္အမွတ္အသား

ကိုလိုက္နာျခင္းမရိွတဲ့အတြက္ပါ။


၃။လမ္းဆံုတြင္ယာဉ္(၂)စီးတိုက္ျခင္း။🚔


မိန္းလမ္းမႀကီးနဲ႔လမ္းသြယ္ဆိုရင္ေတာ့လမ္းသြယ္

ယာဉ္ရဲ့တာဝန္ပဲျဖစ္ပါတယ္။နည္းဥပေဒပုဒ္မ ၁၄၉(ခ)အရလမ္းမႀကီးမွ ယာဉ္သည္ဦးစားေပးရတဲ့အတြက္ပါ။တကယ္လို႔တူညီလမ္းဆံုမွာဆိုရင္ေတာ့

နည္းဥပေဒပုဒ္မ ၁၄၉(က)အရလက္ယာဘက္

ယာဉ္သည္ဦးစားေပးရပါတယ္။တူညီလမ္းဆံုသို႔

ယာဉ္(၂)စီးတၿပိဳင္တည္းေရာက္ရိွလ်ွင္ဦးစြာေရာက္ရိွေသာယာဉ္ကိုဦးစားေပးရမည္ျဖစ္ၿပီးတခ်ိန္တည္းေရာက္ရိွလ်ွင္လက္ယာဘက္ယာဉ္ကိုဦးစား

ေပးရမည္လို႔သက္မွတ္ထားတဲ့အတြက္ပါ။


၄။လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္တိုက္မိျခင္း။🚔🚧


ဒါကေတာ့ယာဉ္(၂)စီးလံုးမွာတာဝန္ရိွပါတယ္။လက္ယာကပ္ေမာင္းစနစ္ျဖစ္တဲ့ဒီႏိုင္ငံမွာ သာမန္အားျဖင့္

မည္သၫ့္ယာဉ္မဆိုလက္ယာကပ္ေမာင္းရမွာျဖစ္တဲ့အတြက္ပါ။နည္းဥပေဒပုဒ္မ ၁၄၁မွာလည္းေဖာ္ျပ

ထားပါတယ္။အျမန္လမ္းေတြလိုယာဉ္ေၾကာ(၃)

ေၾကာရိွတဲ့လမ္းဆိုလက္ဝဲဘက္အစြန္းေၾကာသည္

ေက်ာ္တက္ရန္ႏွင့္အျမန္ေမာင္းႏွင္ရန္မွာသာ

အသံုးျပဳရမွာျဖစ္ပါတယ္။


၅။T ပံုသ႑န္လမ္းဆံုတြင္တိုက္မိျခင္း။🚔


Tလမ္းဆံုမွာတိုက္ရင္လည္းလမ္းမေပၚေကြ့

ထြက္တဲ့ယာဉ္ကအမွားပဲ ျဖစ္ပါတယ္။


၆။တၫ့္ယာဉ္ႏွင့္ဝဲဘက္သို႔'ဂ'ေကြ့ေကြ့ေသာ

    ယာဉ္တိုက္မိျခင္း။🚔🛑


နည္းဥပေဒပုဒ္မ ၁၄၈ နဲ႔ ၁၅၀ အရတၫ့္တၫ့္လာေနတဲ့

ယာဉ္မရွင္းပဲ ေကြ့တဲ့ယာဉ္ကအမွားပဲျဖစ္ပါတယ္။

"လြတ္မယ္ထင္လို႔ေကြ့တာပါ" တို႔"ေရ႔ွကတၫ့္တၫ့္လာတဲ့ယာဉ္ကအရိွန္မ်ားတာ" တို႔ေျပာတက္ၾကပါတယ္။

ဘယ္လိုပဲေျပာေျပာရွင္းရမွာပါပဲ။


၇။လမ္းေျပာင္းျပန္ေက်ာ္တက္၍မ်က္ႏွာခ်င္း

   ဆိုင္ယာဉ္ႏွင့္တိုက္မိျခင္း။🚔🚖


နည္းဥပေဒပုဒ္မ ၁၄၆အရေရ႔ွမွမ်က္ႏွာျခင္း

ဆိုင္လာေသာယာဉ္မရွင္းဘဲလမ္းေျပာင္းျပန္ေက်ာ္တက္တက္တဲ့ယာဉ္မွာတာဝန္ရိွပါတယ္။


၈။ေဘးခ်င္းယွဉ္ေက်ာ္တက္၍ပြတ္တိုက္ျခင္း။🚖

 

လက္ဝဲဘက္မွေက်ာ္တက္ပြတ္တိုက္မိသၫ့္

ယာဉ္သာအမွားျဖစ္ပါတယ္။


၉။အဝိုင္းတြင္ယာဉ္(၂)စီးတိုက္မိျခင္း။🚘🚘


နည္းဥပေဒပုဒ္မ၁၄၉အရအဝိုင္းပတ္ေနတဲ့ယာဉ္သာအမွန္ျဖစ္ပါတယ္။အဝိုင္းပတ္ယာဉ္ဦးစားေပးရမွာ

ျဖစ္ေပမယ့္ၿမိဳ႔ေတာ္ေတာ္မ်ားမ်ားမွာအဝိုင္းပတ္ေနတဲ့ယာဉ္ေတြကပဲရပ္ေပးေနတာကိုျမင္ေနရပါတယ္။


၁၀။ယာဉ္မွလူကိုတိုက္ျခင္း။🚘


စက္တပ္ယာဉ္နဲ႔လူတိုက္မိၿပီဆိုရင္ေတာ့

စက္တပ္ယာဉ္သာအမွားျဖစ္ပါတယ္။


ျပန္လည္မ်ွေဝေပးျခင္းသာျဖစ္ပါတယ္။


#credit by legal Information 🚔🚥

No comments: