Tuesday, June 8, 2021

iPad Pro (2021) အသစ်

 [Unicode]M1 Chip ၊ 5G ၊ mini-LED Display နည်းပညာတွေနဲ့ iPad Pro (2021) အသစ်က ဘာတွေထူးခြားနေလဲ



#iPad_Pro

#Apple_Products

#Computer_and_Techonology 


Apple ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ iPad Pro (2021) အသစ်တွေက iSure မှာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Apple ကနေ iPad Pro ကို တကယ့် “Pro” ဆိုတဲ့အတိုင်း ထပ်ပြီး Standard တစ်ခုဖြစ်လာအောင် အဆင့်မြှင့်တင်မှုတွေလည်း အများအပြားပြုလုပ်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ iPad Pro (2021) အသစ်တွေက 11” နဲ့ 12.9” ဆိုပြီး အရွယ်အစား ၂ မျိုးထွက်ရှိထားပြီး ဘာတွေထူးခြားနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ 


iPad Pro 11” (2021)

အရင်ဆုံး iPad Pro 11” (2021) မှာ အဓိကပြောင်းလဲသွားတဲ့အချက်ကတော့ Processor ကို ယခင် A12Z Bionic Chip ကနေ M1 Chip ကို အဆင့်မြှင့်တင်ပေးလိုက်တာပဲဖြစ်ပါတယ်။ မနှစ်တုန်းက M1 MacBook Air နဲ့ M1 MacBook Pro တွေမှာ အသုံးပြုထားတဲ့ Chip ဖြစ်ပြီး ပထမဆုံးအနေနဲ့ MacBook တွေမှာ အသုံးပြုတဲ့ Processor ကို iPad Pro မှာ ထည့်သွင်းပေးလိုက်တာဖြစ်ပါတယ်။ M1 Chip ရဲ့ Performance ကတော့ ပြီးခဲ့တဲ့ M1 MacBook တွေမှာထဲက Laptop တွေအကုန်လုံးနီးပါးကို နောက်ကောက်ချထားနိုင်ခဲ့တဲ့အတွက် iPad Pro (2021) ကလည်း စွမ်းဆောင်ရည်ပိုင်း အကြမ်းစားဖြစ်နေမယ်ဆိုတာ ပြောဖို့တောင် မလိုပါဘူး။ 


ပြီးခဲ့တဲ့ iPad Pro (2020) Model တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ M1 Chip အသုံးပြုထားတဲ့ iPad Pro (2021) Model တွေက CPU ပိုင်းမှာ ၅၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်မှာဖြစ်ပြီး M1 Chip မှာပါဝင်တဲ့ 8-Core GPU ကလည်း ယခင်ထက် ၄၀ ရာခိုင်နှုန်းပိုမို မြန်ဆန်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Next-gen 16-Core Apple Neural Engine ၊ High-bandwidth Memory Architecture နည်းပညာတွေနဲ့ ယခင်ထက် ၂ ဆ ပိုမြန်ဆန်တဲ့ Storage တွေကို ပေါင်းစပ်လိုက်တဲ့အချိန်မှာ iPad Pro (2021) Model တွေက စွမ်းဆောင်ရည်ပိုင်းအတွက် အကောင်းဆုံးဖြစ်နေမှာပါ။ 


Apple က iPad Pro 11” (2021) မှာ Selfie Camera ကို 12MP TrueDepth Sensor ကို အဆင့်မြှင့်တင်ထားပြီး 122-degree Field of View Wide Angle ဖြစ်တဲ့အတွက် Video Call ပြောဆိုနေတဲ့အချိန်မှာ စကားပြောဆိုနေတဲ့သူကို Tracking လိုက်နိုင်တဲ့ Center Stage Feature လည်းပါဝင်မှာဖြစ်ပါတယ်။ ဒါက အခုလိုမျိုး Video Conferencing ပြုလုပ်ရတဲ့အချိန်မှာ တကယ်ကို အသုံးဝင်စေမယ့် Feature ဖြစ်လာမှာပါ။ နောက်ကျောဘက် LiDAR Sensor ကိုလည်း Improve ပြုလုပ်ခဲ့ပြီး အလင်းရောင်နည်းပါးတဲ့အချိန်တွေမှာ Focus ပြုလုပ်တာ ပိုပြီးမြန်ဆန်စေမှာဖြစ်ပါတယ်။ 


နောက်ထပ် iPad Pro (2021) မှာ ပါဝင်လာတဲ့ Feature ကတော့ Creator တွေအတွက် စိတ်ကြိုက်ဖြစ်မှာပါ။ ဒါက USB 4 နဲ့ Thunderbolt ကို iPad Pro မှာ ပထမဆုံးအနေနဲ့ Support ပြုလုပ်လာတာဖြစ်ပါတယ်။ ဒီလို Thunderbolt ပါဝင်လာတဲ့အတွက် iPad Pro ကို External Storage တွေ၊ External Display တွေနဲ့ ချိတ်ဆက်တဲ့အချိန်မှာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပြီး 10Gpbs Ethernet သို့မဟုတ် 40Gbps Bandwidth အထိကို Support ရရှိလာပြီဖြစ်ပါတယ်။ 


နောက်ဆုံး iPad Pro (2021) မှာပါဝင်လာတဲ့ Feature တွေကတော့ 5G Support ရရှိလာတာဖြစ်ပြီး Storage Option ကိုလည်း အမြင့်ဆုံး 2TB အထိရရှိနိုင်မှာဖြစ်ပါတယ်။ 1TB Storage နဲ့အထက် Model တွေမှာ RAM 16GB ပါဝင်မှာဖြစ်ပြီး 1TB Storage နဲ့အောက် Model တွေမှာတော့ 

8GB RAM ထည့်သွင်းထားပါတယ်။ 


iPad Pro 12.9” (2021) 


iPad Pro 12.9” (2021) မှာတော့ iPad Pro 11” (2021) မှာပါဝင်တဲ့ M1 Chip ၊ 12MP Selfie Camera ၊ USB 4 ၊ Thunderbolt Support တွေလည်း ထပ်တူပါဝင်မှာဖြစ်ပါတယ်။ ဒါပေမယ့် iPad Pro 12.9” (2021) ကို ပိုပြီးရွေးချယ်သင့်တဲ့ အရေးကြီးတဲ့အချက်တစ်ခုရှိနေပါတယ်။ 


ဒါကတော့ Display ပဲဖြစ်ပြီး Apple Device တွေထဲမှာ ပထမဆုံးအနေနဲ့ mini-LED နည်းပညာအသုံးပြုထားတဲ့ Liquid Retina XDR Display ကို iPad Pro 12.9” (2021) Model မှာ ထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPad Pro 12.9” (2021) ရဲ့ Display မှာ LED ပေါင်း ၁၀,၀၀၀ ကျော်ပါဝင်မှာဖြစ်ပြီး လက်ရှိမှာ ပြိုင်ဘက်ကင်း 1 Million-to-1 Contrast Ratio ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ Brightness ပိုင်းမှာလည်း Full Screen Brightness ကို 1000 Nits အပြင် Peak Brightness က 1600 Nits အထိရောက်ရှိမှာဖြစ်တဲ့အတွက် iPad Pro တွေထဲက Display ပိုင်းအကောင်းဆုံးဖြစ်ပါတယ်။ 


ကျန်တဲ့ iPad Pro မှာပါဝင်နေကြ Display နည်းပညာတွေဖြစ်တဲ့ ProMotion ၊ True Tone ၊ P3 Wide Color Support ၊ HDR ၊ Dolby Vision တွေကိုလည်း ဆက်လက်ပြီး Support ပေးနိုင်မှာဖြစ်ပါတယ်။ iPad Pro 12.9” (2021) ရဲ့ Liquid Retina XDR Display ဟာ High Dynamic Range ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကြည့်ရှုတဲ့အချိန်မှာ လုံးဝကို တမူကွဲထွက်နေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ 


iPad Pro (2021) Model အသစ်တွေဟာ Design ပိုင်းအနေနဲ့ကတော့ iPad Pro 12.9” Version မှာ 5.9mm ကနေ 6.4mm အထူဖြစ်လာတာကလွဲပြီး ပြီးခဲ့တဲ့ iPad Pro (2020) Model တွေနဲ့ ဆင်တူမှာဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း 11” Version ရော၊ 12.9” Version ၂ မျိုးစလုံးက ၁၀ နာရီခန့်ဆက်တိုက်အသုံးပြုနိုင်မှာပါ။ အရောင်အနေနဲ့ Silver ၊ Space Gray ၂ မျိုးထွက်ရှိထားပြီး Magic Keyboard ကို အဖြုရောင်အနေနဲ့ပါ ရရှိနိုင်ပြီဖြစ်ပါတယ်။ 


ရေးသားမျှဝေသူ - iSure Myanmar


iPad Review: 


iProducts များကို စိတ်ချက်လက်ချဝယ်ယူနိုင်မယ့်နေရာကတော့ - 


iSure Myanmar (Yangon and Mandalay) -

https://www.facebook.com/isuremyanmar/


mDrive (Yangon) – 

https://www.facebook.com/appleauthorizedreseller/


[Zawgyi]M1 Chip ၊ 5G ၊ mini-LED Display နည္းပညာေတြနဲ႔ iPad Pro (2021) အသစ္က ဘာေတြထူးျခားေနလဲ




#iPad_Pro

#Apple_Products

#Computer_and_Techonology 


Apple ကေန ေနာက္ဆံုးမိတ္ဆက္ထားတဲ့ iPad Pro (2021) အသစ္ေတြက iSure မွာ ဝယ္ယူႏိုင္ၿပီျဖစ္ပါတယ္။ ဒီႏွစ္မွာေတာ့ Apple ကေန iPad Pro ကို တကယ့္ “Pro” ဆိုတဲ့အတိုင္း ထပ္ၿပီး Standard တစ္ခုျဖစ္လာေအာင္ အဆင့္ျမႇင့္တင္မႈေတြလည္း အမ်ားအျပားျပဳလုပ္ခဲ့ပါတယ္။ ထံုးစံအတိုင္းပဲ iPad Pro (2021) အသစ္ေတြက 11” နဲ႔ 12.9” ဆိုၿပီး အရြယ္အစား ၂ မ်ိဳးထြက္ရိွထားၿပီး ဘာေတြထူးျခားေနလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။ 


iPad Pro 11” (2021)

အရင္ဆံုး iPad Pro 11” (2021) မွာ အဓိကေျပာင္းလဲသြားတဲ့အခ်က္ကေတာ့ Processor ကို ယခင္ A12Z Bionic Chip ကေန M1 Chip ကို အဆင့္ျမႇင့္တင္ေပးလိုက္တာပဲျဖစ္ပါတယ္။ မႏွစ္တုန္းက M1 MacBook Air နဲ႔ M1 MacBook Pro ေတြမွာ အသံုးျပဳထားတဲ့ Chip ျဖစ္ၿပီး ပထမဆံုးအေနနဲ႔ MacBook ေတြမွာ အသံုးျပဳတဲ့ Processor ကို iPad Pro မွာ ထၫ့္သြင္းေပးလိုက္တာျဖစ္ပါတယ္။ M1 Chip ရဲ့ Performance ကေတာ့ ၿပီးခဲ့တဲ့ M1 MacBook ေတြမွာထဲက Laptop ေတြအကုန္လံုးနီးပါးကို ေနာက္ေကာက္ခ်ထားႏိုင္ခဲ့တဲ့အတြက္ iPad Pro (2021) ကလည္း စြမ္းေဆာင္ရည္ပိုင္း အၾကမ္းစားျဖစ္ေနမယ္ဆိုတာ ေျပာဖို႔ေတာင္ မလိုပါဘူး။ 


ၿပီးခဲ့တဲ့ iPad Pro (2020) Model ေတြနဲ႔ ႏိႈင္းယွဉ္မယ္ဆိုရင္ေတာ့ M1 Chip အသံုးျပဳထားတဲ့ iPad Pro (2021) Model ေတြက CPU ပိုင္းမွာ ၅၀ ရာခိုင္ႏႈန္းပိုမိုျမန္ဆန္မွာျဖစ္ၿပီး M1 Chip မွာပါဝင္တဲ့ 8-Core GPU ကလည္း ယခင္ထက္ ၄၀ ရာခိုင္ႏႈန္းပိုမို ျမန္ဆန္လာမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Next-gen 16-Core Apple Neural Engine ၊ High-bandwidth Memory Architecture နည္းပညာေတြနဲ႔ ယခင္ထက္ ၂ ဆ ပိုျမန္ဆန္တဲ့ Storage ေတြကို ေပါင္းစပ္လိုက္တဲ့အခ်ိန္မွာ iPad Pro (2021) Model ေတြက စြမ္းေဆာင္ရည္ပိုင္းအတြက္ အေကာင္းဆံုးျဖစ္ေနမွာပါ။ 


Apple က iPad Pro 11” (2021) မွာ Selfie Camera ကို 12MP TrueDepth Sensor ကို အဆင့္ျမႇင့္တင္ထားၿပီး 122-degree Field of View Wide Angle ျဖစ္တဲ့အတြက္ Video Call ေျပာဆိုေနတဲ့အခ်ိန္မွာ စကားေျပာဆိုေနတဲ့သူကို Tracking လိုက္ႏိုင္တဲ့ Center Stage Feature လည္းပါဝင္မွာျဖစ္ပါတယ္။ ဒါက အခုလိုမ်ိဳး Video Conferencing ျပဳလုပ္ရတဲ့အခ်ိန္မွာ တကယ္ကို အသံုးဝင္ေစမယ့္ Feature ျဖစ္လာမွာပါ။ ေနာက္ေက်ာဘက္ LiDAR Sensor ကိုလည္း Improve ျပဳလုပ္ခဲ့ၿပီး အလင္းေရာင္နည္းပါးတဲ့အခ်ိန္ေတြမွာ Focus ျပဳလုပ္တာ ပိုၿပီးျမန္ဆန္ေစမွာျဖစ္ပါတယ္။ 


ေနာက္ထပ္ iPad Pro (2021) မွာ ပါဝင္လာတဲ့ Feature ကေတာ့ Creator ေတြအတြက္ စိတ္ႀကိဳက္ျဖစ္မွာပါ။ ဒါက USB 4 နဲ႔ Thunderbolt ကို iPad Pro မွာ ပထမဆံုးအေနနဲ႔ Support ျပဳလုပ္လာတာျဖစ္ပါတယ္။ ဒီလို Thunderbolt ပါဝင္လာတဲ့အတြက္ iPad Pro ကို External Storage ေတြ၊ External Display ေတြနဲ႔ ခ်ိတ္ဆက္တဲ့အခ်ိန္မွာ ပိုၿပီးအဆင္ေျပေစမွာျဖစ္ၿပီး 10Gpbs Ethernet သို႔မဟုတ္ 40Gbps Bandwidth အထိကို Support ရရိွလာၿပီျဖစ္ပါတယ္။ 


ေနာက္ဆံုး iPad Pro (2021) မွာပါဝင္လာတဲ့ Feature ေတြကေတာ့ 5G Support ရရိွလာတာျဖစ္ၿပီး Storage Option ကိုလည္း အျမင့္ဆံုး 2TB အထိရရိွႏိုင္မွာျဖစ္ပါတယ္။ 1TB Storage နဲ႔အထက္ Model ေတြမွာ RAM 16GB ပါဝင္မွာျဖစ္ၿပီး 1TB Storage နဲ႔ေအာက္ Model ေတြမွာေတာ့ 

8GB RAM ထၫ့္သြင္းထားပါတယ္။ 


iPad Pro 12.9” (2021) 


iPad Pro 12.9” (2021) မွာေတာ့ iPad Pro 11” (2021) မွာပါဝင္တဲ့ M1 Chip ၊ 12MP Selfie Camera ၊ USB 4 ၊ Thunderbolt Support ေတြလည္း ထပ္တူပါဝင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ iPad Pro 12.9” (2021) ကို ပိုၿပီးေရြးခ်ယ္သင့္တဲ့ အေရးႀကီးတဲ့အခ်က္တစ္ခုရိွေနပါတယ္။ 


ဒါကေတာ့ Display ပဲျဖစ္ၿပီး Apple Device ေတြထဲမွာ ပထမဆံုးအေနနဲ႔ mini-LED နည္းပညာအသံုးျပဳထားတဲ့ Liquid Retina XDR Display ကို iPad Pro 12.9” (2021) Model မွာ ထၫ့္သြင္းေပးခဲ့တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ iPad Pro 12.9” (2021) ရဲ့ Display မွာ LED ေပါင္း ၁၀,၀၀၀ ေက်ာ္ပါဝင္မွာျဖစ္ၿပီး လက္ရိွမွာ ၿပိဳင္ဘက္ကင္း 1 Million-to-1 Contrast Ratio ကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ Brightness ပိုင္းမွာလည္း Full Screen Brightness ကို 1000 Nits အျပင္ Peak Brightness က 1600 Nits အထိေရာက္ရိွမွာျဖစ္တဲ့အတြက္ iPad Pro ေတြထဲက Display ပိုင္းအေကာင္းဆံုးျဖစ္ပါတယ္။ 


က်န္တဲ့ iPad Pro မွာပါဝင္ေနၾက Display နည္းပညာေတျြဖစ္တဲ့ ProMotion ၊ True Tone ၊ P3 Wide Color Support ၊ HDR ၊ Dolby Vision ေတြကိုလည္း ဆက္လက္ၿပီး Support ေပးႏိုင္မွာျဖစ္ပါတယ္။ iPad Pro 12.9” (2021) ရဲ့ Liquid Retina XDR Display ဟာ High Dynamic Range ဓါတ္ပံုေတြ၊ ဗီဒီယိုေတြၾကၫ့္ရႈတဲ့အခ်ိန္မွာ လံုးဝကို တမူကြဲထြက္ေနတဲ့ ခံစားခ်က္ကို ေပးစြမ္းႏိုင္မွာ အေသအခ်ာပါပဲ။ 


iPad Pro (2021) Model အသစ္ေတြဟာ Design ပိုင္းအေနနဲ႔ကေတာ့ iPad Pro 12.9” Version မွာ 5.9mm ကေန 6.4mm အထူျဖစ္လာတာကလြဲၿပီး ၿပီးခဲ့တဲ့ iPad Pro (2020) Model ေတြနဲ႔ ဆင္တူမွာျဖစ္ပါတယ္။ Battery Life အေနနဲ႔လည္း 11” Version ေရာ၊ 12.9” Version ၂ မ်ိဳးစလံုးက ၁၀ နာရီခန႔္ဆက္တိုက္အသံုးျပဳႏိုင္မွာပါ။ အေရာင္အေနနဲ႔ Silver ၊ Space Gray ၂ မ်ိဳးထြက္ရိွထားၿပီး Magic Keyboard ကို အျဖဳေရာင္အေနနဲ႔ပါ ရရိွႏိုင္ၿပီျဖစ္ပါတယ္။ 


ေရးသားမ်ွေဝသူ - iSure Myanmar




iProducts မ်ားကို စိတ္ခ်က္လက္ခ်ဝယ္ယူႏိုင္မယ့္ေနရာကေတာ့ - 


iSure Myanmar (Yangon and Mandalay) -

https://www.facebook.com/isuremyanmar/


mDrive (Yangon) – 

https://www.facebook.com/appleauthorizedreseller/

No comments: