Monday, June 14, 2021

မိုနာလီဇာ ပန်ချီကားမှ လျို့ဝှက်ချက်မျာ

 [Unicode]မိုနာလီဇာ ပန်ချီကားမှ လျို့ဝှက်ချက်များ




လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်ခန့်က လီယိုနာဒို ဒါဗင်ချီသည် ပန်ချီကားတစ်ချပ် ကို ဖန်တီး ရေးဆွဲ ခဲ့ပါသည်။ ထိုပန်ချီကားသည် Oil on poplar အမျိုးအစား ဖြစ်ပြီး အမျိုးသမီး တစ်ယောက် ၏ ကိုယ်တစ်ပိုင်း ပုံ ကို ရေးခြယ်ခဲ့ခြင်းဖြစ်သည်။ ယခုလက်ရှိအချိန်တွင်မူ ကမ္ဘာ့ လူသိအများဆုံး, လည်ပတ် ကြည့်ရှုခံရဆုံး, စာပေ ကဗျာများ တွင် ထည့်အသွင်းခံရဆုံး, သီချင်း ရေးစပ်သူများ အသုံးအပြုဆုံး နှင့် ပြန်လည်တုပရေးဆွဲခြင်း ခံရဆုံးသော ပန်ချီကားချပ်အဖြစ် တည်ရှိ နေခဲ့တာပါ။


ထိုအရာကတော့ ပြင်သစ်များက La Joconde (သို့) အီတာလီလူမျိုး များက La Gioconda လို့ သိထားကြပြီး အများစုကတော့ 'Mona Lisa' ဆိုပြီး သိထားကြ

သော ပန်ချီကားချပ် ပဲ ဖြစ်ပါတယ်။


လီယိုနာဒို ဒါဗင်ချီသည် Mona Lisa ပန်ချီကားကို အီတလီနိူင်ငံ ဖလောရင့်စ်မြို့တွင် ၁၅၀၃ နှင့် ၁၅၀၆ ခုနှစ်ကြား မှာ စတင်ရေးဆွဲခဲ့တယ် လို့ ခန့်မှန်းရပြီး ၁၄ နှစ်အကြာ ၁၅၁၇ ခုနှစ်နှောင်းပိုင်း ပြင်သစ်နိူင်ငံပြောင်းရွေ့အပြီး မှ လက်စသတ်နိူင်ခဲ့တယ်လို့ သိရပါတယ်။


ဒါဗင်ချီက ထိုပန်ချီကားကို ဘာကြောင့်အဲ့ဒီလောက်အချိန်ကြာအောင် ရေးဆွဲခဲ့ရတာလဲ  တွေးတောစရာတွေ အများကြီးရှိနေခဲ့တာပါ။


ဒါဗင်ချီဟာ Cipher လုပ်ရာမှာ အလွန်ဝါသနာထုံသူတစ်ယောက်ပါ။ သူ့ရဲ့ စာတမ်း တော်တော် များများ ကိုလည်း 'Mirror Writing' ခေါ် လျို့ဝှက်စာရေးနည်းနဲ့ မှတ်တမ်း တင်ထားလေ့ရှိပြီး Cryptex လို့ခေါ်တဲ့ လျို့ဝှက်စာ ထည့်သွင်းထားတဲ့ စက်တစ်မျိုး ကိုလည်း ဖန်တီးခဲ့တယ်လို့ လူ အများစုက ယုံကြည်ခဲ့ကြတာပါ။


အလွန်ထက်မြက်ပြီး လျို့ဝှက်တတ်သူအဖြစ် သူ့ခေတ်သူ့အခါက သတ်မှတ် ခံခဲ့ရသူ တစ်ယောက် ဖြစ်ပြီး လက်ရှိအချိန်ထိလည်း သူ့လိုပညာရှင်မျိုး ထပ်မံ ပေါ်ထွက် မလာသေးပါဘူး။


ဒါ့အပြင် လက်ရှိ အချိန်အထိ ပဟေဌိများစွာကျန်ရှိနေခဲ့တဲ့ သမိုင်းဝင် 'နောက်ဆုံးညစာ' ပန်ချီကားကိုလည်း လီယိုနာဒို ဒါဗင်ချီကပဲ ဖန်တီးခဲ့တာပါ။


ဒီတော့ ဒါဗင်ချီ ၁၄ နှစ်ကြာရေးဆွဲခဲ့တဲ့ Mona Lisa ပန်ချီကားချပ်ကြီးထဲမှာ ဘယ်လို လျို့ဝှက်ချက် တွေ ရှိနေမလဲ ဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်လားဗျာ။


လေ့လာသူတွေ အများစု တွေးထင်ထားသလို ဒီပန်ချီကားဟာ မျက်စိလှည့်စားမှု တစ်ခုလေလားလို့ တွေးထင်စရာပါ။


ဒီပန်ချီကားထဲမှာ ပန်ချီကား နောက်တစ်ခု ရှိနေတယ်လို့ ပညာရှင်တွေက ပြောဆို နေကြပါတယ်။ ဒါပေမယ့် အချို့ပညာရှင်တွေကတော့ Mona Lisa ရဲ့ မျက်လုံးတွေထဲမှာ Cipher လုပ်ထားတဲ့ နံပါတ်တွေအများကြီးပါတယ်လို့ တထစ်ချယုံကြည်နေကြပြီး ထိုနံပါတ်တွေကပဲ ဒါဗင်ချီ လျို့ဝှက်ထားတဲ့ နေရာတစ်ခုခုကို ညွှန်းဆိုပြသနိူင်မယ်လို့ ပြောဆိုခဲ့ကြတာပါ။


ဒါဆို လီယိုနာဒို ဒါဗင်ချီက ဒီပန်ချီကားထဲမှာ ဘာကိုလျို့ဝှက်ဖော်ပြခဲ့တာလဲ


အချို့ကလည်း ဒီကားချပ်ရဲ့ လျို့ဝှက်ချက်ဟာ မိုနာလီဇာရဲ့ အပြုံးထဲမှာရှိတယ်လို့ ပြောဆို ပြန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပန်ချီကားထဲရှိ သူမ၏ အပြုံးသည် တစ်ခါတစ်ရံ ပျော်ရွှင်စွာ ပြုံးနေတတ်ပြီး တစ်ခါတစ်ရံတွင်မူ အနည်းငယ်ဝမ်းနည်းနေသယောင် ဖြစ်နေသည်ဟု လေ့လာ သူများက တွေ့ရှိခဲ့ကြပါတယ်။


ဘာလိုအကြောင်းကြောင့် သက်မဲ့ပန်ချီကားချပ်တစ်ချပ်က ပျော်ရွှင်မှု ဝမ်းနည်းမှုကို ဖော်ပြနိူင်မှာလဲ


ဒါကလည်း ပန်ချီကားကြည့်ရှု သူတစ်ဦးချင်းစီရဲ့ စိတ်အခြေအနေပေါ် မူတည်နေသလို ပန်ချီကားကို ရပ်ကြည့်တဲ့တည်နေရာ အနေအထားအလိုက် ပြောင်းလဲတတ်ကြောင်း ပညာရှင်တွေက ဖြေရှင်း ခဲ့ ကြပါတယ်။


လေ့လာသူ အချို့ကလည်း ပန်ချီကားချပ်ထဲက လူသည် အများသူငါတွေ့မြင်သလို အမျိုးသမီး မဟုတ်ပဲ လီယိုနာဒို ဒါဗင်ချီရဲ့ ကိုယ်တိုင်ရေးပုံတူ ဖြစ်သည်ဟု ပြောကြပြန်သည်။


အဘယ်ကြောင့်ဆိုသော် ဒါဗင်ချီ၏ ကိုယ်တိုင်ရေး ပုံတူထဲမှ မျက်နှာတစ်ခြမ်းကို ဖြတ်ယူ၍ Mona Lisa ၏ မျက်နှာတစ်ခြမ်း တွင် ထပ်လိုက်ပါက ထပ်တူညီသော မျက်နှာတစ်ခု ထွက်လာ သည်ကို တွေ့ရခြင်းကြောင့်ပင် ဖြစ်ပေသည်။


သို့သော် ထိုအခြင်းကလည်း ပုံရေးဆွဲသူ တစ်ဦး တစ်ယောက်တည်း ၏ ရေးဆွဲနည်း ရေးဆွဲဟန် ဖြစ်နေခြင်း ကြောင့်လောဟု တွေးတောနိူင်ပါသည်။ ထို့ကြောင့် စိတ်အာရုံ လှည့်စားမှု များ ကို မေ့ဖျောက် ထားပြီး မိုနာလီဇာ ပန်ချီကားချပ် မှ လက်တွေ့ကျသော အခြေခံအချက်များကို ဆက်လက် Decypher လုပ်ကြည့်ရအောင်.......

.......................................................................


• Mona Lisa ကားချပ်မှ လျို့ဝှက်ချက်နှင့် အငြင်းပွားဖွယ်ရာများ •


နံပါတ် ၁ - မိုနာလီဇာသည် ပန်ချီအဆွဲခံနေစဉ် ကိုယ်လေးလက်ဝန် ရှိနေသလော


လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းတွင်မှ စတင်လက်ခံလာကြသော လေ့လာတွေ့ရှိချက်အရ မိုနာလီဇာ ၏ အမည်ရင်းမှာ 'Lisa Gherardini' ဖြစ်ပြီး ဖလောရင့်စ်မှ လူကြီးမင်းတစ်ဦး ၏ ဇနီးသည်ဟု သိရှိရပါသည်။


ပုံတွင် မိုနာလီဇာသည် အနည်းငယ်မို့မောက်နေသော ဝမ်းဗိုက်အပေါ် လက် ၂ ဖက် ကို ယှက်လျက် တင်ထားခြင်းက ကိုယ်ဝန်ရှိနေခြင်းဖြစ်သည်ဟု ကောက်ချက်ချနိူင်ပါသည်။


ထို့အပြင် ၂၀၀၆ ခုနှစ်တွင် ကနေဒါ မှ ပညာရှင်များက ကားချပ်ကို လေဆာ ဖြတ်စေ၍ မိုနာလီဇာ ကို 3D ရုပ်လုံးပေါ်စေခဲ့ရာတွင် ဦးခေါင်းနှင့် ပုခုံးအနားမှ အလွန်ပါးလွှာသော ခေါင်းစွပ်ပုဝါအစ ကို တွေ့ရှိ ခဲ့ပါသည်။


ထိုအရာသည် ၁၆ ရာစုတစ်ဝိုက် အီတလီတွင် မီးဖွားခါနီးအမျိုးသမီးများသာ ဝတ်ဆင်လေ့ ရှိကြောင်း တွေ့ရှိရသည့် အချက်ကလည်း ပထမအချက်ကို ထောက်ခံပေးသယောင် ရှိနေခဲ့ပါသည်။

......................................................................


နံပါတ် ၂ - သူမသည် မိန်းမပျက်မဟုတ်ကြောင်း ထောက်ခံပေးနိူင်ခြင်း


ပညာရှင်များ သည် သူမအား မည်သူမည်ဝါမှန်း အတိအကျ မသိရှိခင်အချိန်များက မိုနာလီဇာ သည် ဒါဗင်ချီ ၏ မိခင်ဟုလည်းကောင်း, ဒါဗင်ချီ ကိုယ်တိုင် ၏ ပုံတူဖြစ်သည်ဟု တစ်ဖုံ, မိန်းမပျက် တစ်ယောက် ပုံ သာဖြစ်သည်ဟု တစ်မျိုး မျိုးစုံ ကောက်ချက်ချ ကြပါသည်။


အဘယ်ကြောင့်ဆိုသော် ၁၆ ရာစုအတွင်းက အီတလီ မှ မိန်းမရွှင်များသည် ပန်ချီကားချပ်ထဲ မှ မိုနာလီဇာ ကဲ့သို့ မျက်နှာတွင် အမွှေးအမျင်လုံးဝမရှိပဲ ဆံပင်ကိုလည်း လုံးဝမစည်းနှောင် ပဲ ချထားလေ့ ရှိခြင်းကြောင့် ဖြစ်ပါသည်။


သို့သော် အနီအောက်ရောင်ခြည် လေ့လာချက်များမှ သူမ၏ဆံပင်ကို နောက်တွဲဆံထုံးဖြင့် စည်းနှောင် ထားကြောင်း ကောက်ချက် ချနိူင်သောကြောင့် ထိုစွပ်စွဲချက်ကိုလည်း ပယ်ထုတ်နိူင်ခဲ့ပြီဖြစ်သည်

......................................................................

နံပါတ် ၃ - ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသည်ဟု သိရှိနိူင်ခြင်း။


အီတလီမှ ပညာရှင်များ၏ လေ့လာချက်အရ သူမ၏ အနက်နဲဆုံး လျို့ဝှက်ချက်ဖြစ်သော အပြုံးသည် ထိုခေတ် ထိုအခါက ပန်ချီကားချပ်များဖြစ်သော ဟင်နရီ ၈ ကဲ့သို့သော ချမ်းသာကြွယ်ဝ အာဏာရှိသူများ သည် အဆီအစိမ့်များ စားသောက် ယစ်မှုးပြီး သွေးတွင်း ကိုလက်စရော မြင့်တက်ချိန် တွင် ပုံတူအဆွဲခံရာ၌ ပြုလေ့ရှိသော အပြုံးမျိုးဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။


ထို့ကြောင့် သူမသည် ကြွယ်ဝချမ်းသာကြောင်း ကောက်ချက်ဆွဲနိူင်ပြန်ပါသည်။

......................................................................


နံပါတ် ၄ - မျက်ခုံး မျက်တောင်များ ရှိခဲ့သည်ဟု သက်သေပြနိူင်ခြင်း။


ပြင်သစ်ပညာရှင် ပါစကယ်၏ လေ့လာသက်သေပြချက်အရ မိုနာလီဇာ ၏ မျက်ခုံးမျက်တောင်များ သည် ဒါဗင်ချီ ရေးသားခဲ့စဉ်ကတည်းက မပါဝင်ခဲ့သည်မဟုတ်ပဲ အကြိမ်ကြိမ်သန့်စင်မှု နှင့် နှစ်ကြာ ညောင်း မှုတို့ကြောင့် မှေးမှိန်ပျောက်ကွယ်ခဲ့ရခြင်း ဖြစ်သည်ဟု ကင်မရာဖြင့် သူမ၏မျက်နှာကို ၂၄ ဆ ခန့်ချဲ့ပြီး ဖော်ထုတ်နိူင်ခဲ့ ပါသည်။

......................................................................


နံပါတ် ၅ - ရွှေအချိုး ဗိသုကာပညာ အယူအဆကို အသုံးပြုရေးဆွဲထားခြင်း။


လီယိုနာဒို ဒါဗင်ချီသည် သင်္ချာနည်းအရ ပန်ချီကားတစ်ချပ်လုံးကို တိုင်းတာအချိုးချ ရေးဆွဲ ထားခြင်း ဖြစ်ပြီး မျက်နှာဟန် အနေအထားသည် ရွှေအချိုးအတိုင်းရှိနေခြင်းက ပန်ချီကားရှုသူကို မျက်စိ မလွှဲ စေအောင် ဖမ်းစားထားသော အဓိကအချက်တစ်ချက်ဖြစ်သည်ဟု လေ့လာတွေ့ရှိခဲ့ရပါသည်။

......................................................................


နံပါတ် ၆ - မိုနာလီဇာ ပြုံးနေသလား ..... မဲ့နေသလား ....


မိုနာလီဇာ ပြုံးနေလား မဲ့နေလားဆိုတဲ့ အငြင်းပွားမှုဟာ နှစ်ပေါင်း ၅၀၀ နီးပါးရှိခဲ့ပါပြီ။ ကြည့်ရှုသူရဲ့ စိတ်အခြေအနေ တည်နေရာတွေအလိုက် ပြောင်းလဲတယ်လို့ ပြောခဲ့ကြပေမယ့် ၂၀၀၅ ခုနှစ်မှာ ဒက်ခ်ျလူမျိုး လေ့လာသူတစ်ဦးက 'Emotion Recognition' ကွန်ပြူတာဆော့ဖ်ဝဲကို အသုံးပြုပြီး မိုနာလီဇာရဲ့ စိတ်အခြေအနေ အတိအကျကို ဖော်ထုတ်ပေးနိူင်ခဲ့ပါပြီ။


အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

Smile 83% ,

Happy 9%

Disgusted 6%

Fearful 2%

Angry less than 1%

Neutral and Surprised 0%

......................................................................


နံပါတ် ၇ - မျက်လုံးထဲမှ Cipher များ။


သာမာန် မျက်လုံးများ ဖြင့် မမြင်တွေ့နိူင်သော်လည်း အဆပေါင်းများစွာချဲ့၍ ကြည့်ရှုပါက မိုနာလီဇာ ၏ မျက်လုံးထဲတွင် လျို့ဝှက်နံပါတ် (သို့) စာလုံးများကို တွေ့မြင်ရမည် ဖြစ်သည်။


သူမ၏ ညာဘက်မျက်လုံးထဲတွင် 'LV' ဟူသောစကားဝှက် နှင့် ဘယ်ဘက်တွင်မူ 'CE သို့ B' ဟူသော အမှတ်အသားကို တွေ့မြင်ရမည်ဖြစ်သည်။


ပန်ချီကားနောက်ခံဖြစ်သော တံတားလေး ၏ အကွေးနားတွင်လည်း '72' ဟူသော စာလုံးများကို အံ့ဖွယ်တွေ့ရမည်ဖြစ်ပါသည်။


ထိုအက္ခရာ စာလုံးများသည် မည်သည်ကို ရည်ညွှန်းမှန်း လက်ရှိအချိန်ထိ မဖော်ထုတ်နိူင် သေးသော်လည်း ထိုစာလုံးများကို ဒါဗင်ချီ မှ နှစ်ပေါင်း ၅၀၀ ကျော်ခန့် ကွယ်ဝှက် ပြထားသည်

မှာ အံ့ဖွယ်ကောင်းလှပေသည်။

......................................................................


နံပါတ် ၈ - ပန်ချီကားချပ်ထဲမှ ပုန်းကွယ်နေသော သတ္တဝါများ။


မိုနာလီဇာ ပန်ချီကားသည် အမှန်တစ်ကယ် ပန်ချီကားချပ်ထဲမှ ပန်ချီကားဖြစ်ပါသည်။


ပန်ချီကားချပ်ကို ဘေးဘယ်ညာ အထက်အောက်လှန်ကြည့်ပါက ခြင်္သေ့, လူဝံ, ကျွဲ ခေါင်း နှင့် မြည်းပုတို့အား တွေ့ရမည်ဖြစ်သည်။


ထိုသတ္တဝါ လေးမျိုးစလုံးကွယ်ဝှက်ရေးဆွဲထားပုံကို ဒါဗင်ချီ၏ 'The Last Supper' တွင် လည်းတွေ့ ရသောကြောင့် လေ့လာသူများအတွက် တွေးတောစရာများစွာ ပေါ်ပေါက်လာစေပါသည်။ ထို့အပြင် မိုနာလီဇာပန်ချီကားကို ဘယ်ဘက်ခပ်စောင်းစောင်း အနေအထားမှကြည့်ပါက သူမရင်ဘတ်နားတွင် မိချောင်းပါးစပ်ပုံကိုလည်း တွေ့ရမည်ဖြစ်ပါသည်။


အထူးခြားဆုံးအနေဖြင့် ထိုအနေအထားတွင် သူမ၏မျက်နှာကိုကြည့်လိုက်ပါက အဖြေကို ရှာဖွေ ဖော်ထုတ်နိူင်ရန် အလွန်နီးကပ်နေသည့်အတွက် အားပေးသည့်အလား အစွမ်းကုန်ပြုံးပြနေသော မိုနာလီဇာအား တွေ့မြင်ရမည်ဖြစ်ပါကြောင်း.......


အချုပ်အားဖြင့် Louvre Museum ထဲက Mona Lisa နှင့် The Last Supper ပန်ချီကားကြား မှာ ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ


သူမ မျက်လုံးထဲက နံပါတ်တွေ စာလုံးတွေဟာ ဘယ်လိုအဓိပ္ပာယ်ဆောင်နေ သလဲ


ပန်ချီကားထဲက ပန်ချီတွေဖြစ်တဲ့ နောက်ခံရှုမျော်ခင်း တည်နေရာတွေနဲ့ သတ္တဝါတွေကကော ဘယ်လိုအကြောင်းကြောင့် ထည့်သွင်းရေးဆွဲခဲ့တာလဲ


ဆိုတာတွေကတော့ နောက်နှစ် ရာပေါင်းများစွာအထိ ပဟေဌိတစ်ခုအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်ပြီး Leonardo di ser Piero da Vinci မှလွဲ၍ နောင်လာနောက်သားများအတွက် မဖြေရှင်းနိူင်သော    

Da Vinci Code တစ်ခုအနေနဲ့ ဆက်လက်ကျန်ရှိနေဦးမှာ ဖြစ်ပါကြောင်း.......


Credit:DrAung


[Zawgyi]မိုနာလီဇာ ပန္ခ်ီကားမွ လ်ိဳ႕ဝွက္ခ်က္မ်ား




လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ခန႔္က လီယိုနာဒို ဒါဗင္ခ်ီသည္ ပန္ခ်ီကားတစ္ခ်ပ္ ကို ဖန္တီး ေရးဆြဲ ခဲ့ပါသည္။ ထိုပန္ခ်ီကားသည္ Oil on poplar အမ်ိဳးအစား ျဖစ္ၿပီး အမ်ိဳးသမီး တစ္ေယာက္ ၏ ကိုယ္တစ္ပိုင္း ပံု ကို ေရးျခယ္ခဲ့ျခင္းျဖစ္သည္။ ယခုလက္ရိွအခ်ိန္တြင္မူ ကမ႓ာ့ လူသိအမ်ားဆံုး, လည္ပတ္ ၾကၫ့္ရႈခံရဆံုး, စာေပ ကဗ်ာမ်ား တြင္ ထၫ့္အသြင္းခံရဆံုး, သီခ်င္း ေရးစပ္သူမ်ား အသံုးအျပဳဆံုး ႏွင့္ ျပန္လည္တုပေရးဆြဲျခင္း ခံရဆံုးေသာ ပန္ခ်ီကားခ်ပ္အျဖစ္ တည္ရိွ ေနခဲ့တာပါ။


ထိုအရာကေတာ့ ျပင္သစ္မ်ားက La Joconde (သို႔) အီတာလီလူမ်ိဳး မ်ားက La Gioconda လို႔ သိထားၾကၿပီး အမ်ားစုကေတာ့ 'Mona Lisa' ဆိုၿပီး သိထားၾက

ေသာ ပန္ခ်ီကားခ်ပ္ ပဲ ျဖစ္ပါတယ္။


လီယိုနာဒို ဒါဗင္ခ်ီသည္ Mona Lisa ပန္ခ်ီကားကို အီတလီႏိူင္ငံ ဖေလာရင့္စ္ၿမိဳ႔တြင္ ၁၅၀၃ ႏွင့္ ၁၅၀၆ ခုႏွစ္ၾကား မွာ စတင္ေရးဆြဲခဲ့တယ္ လို႔ ခန႔္မွန္းရၿပီး ၁၄ ႏွစ္အၾကာ ၁၅၁၇ ခုႏွစ္ေနွာင္းပိုင္း ျပင္သစ္ႏိူင္ငံေျပာင္းေရြ့အၿပီး မွ လက္စသတ္ႏိူင္ခဲ့တယ္လို႔ သိရပါတယ္။


ဒါဗင္ခ်ီက ထိုပန္ခ်ီကားကို ဘာေၾကာင့္အဲ့ဒီေလာက္အခ်ိန္ၾကာေအာင္ ေရးဆြဲခဲ့ရတာလဲ  ေတြးေတာစရာေတြ အမ်ားႀကီးရိွေနခဲ့တာပါ။


ဒါဗင္ခ်ီဟာ Cipher လုပ္ရာမွာ အလြန္ဝါသနာထံုသူတစ္ေယာက္ပါ။ သူ႔ရဲ့ စာတမ္း ေတာ္ေတာ္ မ်ားမ်ား ကိုလည္း 'Mirror Writing' ေခၚ လ်ိဳ႕ဝွက္စာေရးနည္းနဲ႔ မွတ္တမ္း တင္ထားေလ့ရိွၿပီး Cryptex လို႔ေခၚတဲ့ လ်ိဳ႕ဝွက္စာ ထၫ့္သြင္းထားတဲ့ စက္တစ္မ်ိဳး ကိုလည္း ဖန္တီးခဲ့တယ္လို႔ လူ အမ်ားစုက ယံုၾကည္ခဲ့ၾကတာပါ။


အလြန္ထက္ျမက္ၿပီး လ်ိဳ႕ဝွက္တတ္သူအျဖစ္ သူ႔ေခတ္သူ႔အခါက သတ္မွတ္ ခံခဲ့ရသူ တစ္ေယာက္ ျဖစ္ၿပီး လက္ရိွအခ်ိန္ထိလည္း သူ႔လိုပညာရွင္မ်ိဳး ထပ္မံ ေပၚထြက္ မလာေသးပါဘူး။


ဒါ့အျပင္ လက္ရိွ အခ်ိန္အထိ ပေဟဌိမ်ားစြာက်န္ရိွေနခဲ့တဲ့ သမိုင္းဝင္ 'ေနာက္ဆံုးညစာ' ပန္ခ်ီကားကိုလည္း လီယိုနာဒို ဒါဗင္ခ်ီကပဲ ဖန္တီးခဲ့တာပါ။


ဒီေတာ့ ဒါဗင္ခ်ီ ၁၄ ႏွစ္ၾကာေရးဆြဲခဲ့တဲ့ Mona Lisa ပန္ခ်ီကားခ်ပ္ႀကီးထဲမွာ ဘယ္လို လ်ိဳ႕ဝွက္ခ်က္ ေတြ ရိွေနမလဲ ဆိုတာ ဆက္လက္ေလ့လာၾကၫ့္ရေအာင္လားဗ်ာ။


ေလ့လာသူေတြ အမ်ားစု ေတြးထင္ထားသလို ဒီပန္ခ်ီကားဟာ မ်က္စိလွၫ့္စားမႈ တစ္ခုေလလားလို႔ ေတြးထင္စရာပါ။


ဒီပန္ခ်ီကားထဲမွာ ပန္ခ်ီကား ေနာက္တစ္ခု ရိွေနတယ္လို႔ ပညာရွင္ေတြက ေျပာဆို ေနၾကပါတယ္။ ဒါေပမယ့္ အခ်ိဳ႕ပညာရွင္ေတြကေတာ့ Mona Lisa ရဲ့ မ်က္လံုးေတြထဲမွာ Cipher လုပ္ထားတဲ့ နံပါတ္ေတြအမ်ားႀကီးပါတယ္လို႔ တထစ္ခ်ယံုၾကည္ေနၾကၿပီး ထိုနံပါတ္ေတြကပဲ ဒါဗင္ခ်ီ လ်ိဳ႕ဝွက္ထားတဲ့ ေနရာတစ္ခုခုကို ၫႊန္းဆိုျပသႏိူင္မယ္လို႔ ေျပာဆိုခဲ့ၾကတာပါ။


ဒါဆို လီယိုနာဒို ဒါဗင္ခ်ီက ဒီပန္ခ်ီကားထဲမွာ ဘာကိုလ်ိဳ႕ဝွက္ေဖာ္ျပခဲ့တာလဲ


အခ်ိဳ႕ကလည္း ဒီကားခ်ပ္ရဲ့ လ်ိဳ႕ဝွက္ခ်က္ဟာ မိုနာလီဇာရဲ့ အၿပံဳးထဲမွာရိွတယ္လို႔ ေျပာဆို ျပန္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပန္ခ်ီကားထဲရိွ သူမ၏ အၿပံဳးသည္ တစ္ခါတစ္ရံ ေပ်ာ္ရႊင္စြာ ၿပံဳးေနတတ္ၿပီး တစ္ခါတစ္ရံတြင္မူ အနည္းငယ္ဝမ္းနည္းေနသေယာင္ ျဖစ္ေနသည္ဟု ေလ့လာ သူမ်ားက ေတြ့ရိွခဲ့ၾကပါတယ္။


ဘာလိုအေၾကာင္းေၾကာင့္ သက္မဲ့ပန္ခ်ီကားခ်ပ္တစ္ခ်ပ္က ေပ်ာ္ရႊင္မႈ ဝမ္းနည္းမႈကို ေဖာ္ျပႏိူင္မွာလဲ


ဒါကလည္း ပန္ခ်ီကားၾကၫ့္ရႈ သူတစ္ဦးခ်င္းစီရဲ့ စိတ္အေျခအေနေပၚ မူတည္ေနသလို ပန္ခ်ီကားကို ရပ္ၾကၫ့္တဲ့တည္ေနရာ အေနအထားအလိုက္ ေျပာင္းလဲတတ္ေၾကာင္း ပညာရွင္ေတြက ေျဖရွင္း ခဲ့ ၾကပါတယ္။


ေလ့လာသူ အခ်ိဳ႕ကလည္း ပန္ခ်ီကားခ်ပ္ထဲက လူသည္ အမ်ားသူငါေတြ့ျမင္သလို အမ်ိဳးသမီး မဟုတ္ပဲ လီယိုနာဒို ဒါဗင္ခ်ီရဲ့ ကိုယ္တိုင္ေရးပံုတူ ျဖစ္သည္ဟု ေျပာၾကျပန္သည္။


အဘယ္ေၾကာင့္ဆိုေသာ္ ဒါဗင္ခ်ီ၏ ကိုယ္တိုင္ေရး ပံုတူထဲမွ မ်က္ႏွာတစ္ျခမ္းကို ျဖတ္ယူ၍ Mona Lisa ၏ မ်က္ႏွာတစ္ျခမ္း တြင္ ထပ္လိုက္ပါက ထပ္တူညီေသာ မ်က္ႏွာတစ္ခု ထြက္လာ သည္ကို ေတြ့ရျခင္းေၾကာင့္ပင္ ျဖစ္ေပသည္။


သို႔ေသာ္ ထိုအျခင္းကလည္း ပံုေရးဆြဲသူ တစ္ဦး တစ္ေယာက္တည္း ၏ ေရးဆြဲနည္း ေရးဆြဲဟန္ ျဖစ္ေနျခင္း ေၾကာင့္ေလာဟု ေတြးေတာႏိူင္ပါသည္။ ထို႔ေၾကာင့္ စိတ္အာရံု လွၫ့္စားမႈ မ်ား ကို ေမ့ေဖ်ာက္ ထားၿပီး မိုနာလီဇာ ပန္ခ်ီကားခ်ပ္ မွ လက္ေတြ့က်ေသာ အေျခခံအခ်က္မ်ားကို ဆက္လက္ Decypher လုပ္ၾကၫ့္ရေအာင္.......

.......................................................................


• Mona Lisa ကားခ်ပ္မွ လ်ိဳ႕ဝွက္ခ်က္ႏွင့္ အျငင္းပြားဖြယ္ရာမ်ား •


နံပါတ္ ၁ - မိုနာလီဇာသည္ ပန္ခ်ီအဆြဲခံေနစဉ္ ကိုယ္ေလးလက္ဝန္ ရိွေနသေလာ


လြန္ခဲ့ေသာ ႏွစ္အနည္းငယ္အတြင္းတြင္မွ စတင္လက္ခံလာၾကေသာ ေလ့လာေတြ့ရိွခ်က္အရ မိုနာလီဇာ ၏ အမည္ရင္းမွာ 'Lisa Gherardini' ျဖစ္ၿပီး ဖေလာရင့္စ္မွ လူႀကီးမင္းတစ္ဦး ၏ ဇနီးသည္ဟု သိရိွရပါသည္။


ပံုတြင္ မိုနာလီဇာသည္ အနည္းငယ္မို႔ေမာက္ေနေသာ ဝမ္းဗိုက္အေပၚ လက္ ၂ ဖက္ ကို ယွက္လ်က္ တင္ထားျခင္းက ကိုယ္ဝန္ရိွေနျခင္းျဖစ္သည္ဟု ေကာက္ခ်က္ခ်ႏိူင္ပါသည္။


ထို႔အျပင္ ၂၀၀၆ ခုႏွစ္တြင္ ကေနဒါ မွ ပညာရွင္မ်ားက ကားခ်ပ္ကို ေလဆာ ျဖတ္ေစ၍ မိုနာလီဇာ ကို 3D ရုပ္လံုးေပၚေစခဲ့ရာတြင္ ဦးေခါင္းႏွင့္ ပုခံုးအနားမွ အလြန္ပါးလႊာေသာ ေခါင္းစြပ္ပုဝါအစ ကို ေတြ့ရိွ ခဲ့ပါသည္။


ထိုအရာသည္ ၁၆ ရာစုတစ္ဝိုက္ အီတလီတြင္ မီးဖြားခါနီးအမ်ိဳးသမီးမ်ားသာ ဝတ္ဆင္ေလ့ ရိွေၾကာင္း ေတြ့ရိွရသၫ့္ အခ်က္ကလည္း ပထမအခ်က္ကို ေထာက္ခံေပးသေယာင္ ရိွေနခဲ့ပါသည္။

......................................................................


နံပါတ္ ၂ - သူမသည္ မိန္းမပ်က္မဟုတ္ေၾကာင္း ေထာက္ခံေပးႏိူင္ျခင္း


ပညာရွင္မ်ား သည္ သူမအား မည္သူမည္ဝါမွန္း အတိအက် မသိရိွခင္အခ်ိန္မ်ားက မိုနာလီဇာ သည္ ဒါဗင္ခ်ီ ၏ မိခင္ဟုလည္းေကာင္း, ဒါဗင္ခ်ီ ကိုယ္တိုင္ ၏ ပံုတူျဖစ္သည္ဟု တစ္ဖံု, မိန္းမပ်က္ တစ္ေယာက္ ပံု သာျဖစ္သည္ဟု တစ္မ်ိဳး မ်ိဳးစံု ေကာက္ခ်က္ခ် ၾကပါသည္။


အဘယ္ေၾကာင့္ဆိုေသာ္ ၁၆ ရာစုအတြင္းက အီတလီ မွ မိန္းမရႊင္မ်ားသည္ ပန္ခ်ီကားခ်ပ္ထဲ မွ မိုနာလီဇာ ကဲ့သို႔ မ်က္ႏွာတြင္ အေမႊးအမ်င္လံုးဝမရိွပဲ ဆံပင္ကိုလည္း လံုးဝမစည္းေနွာင္ ပဲ ခ်ထားေလ့ ရိျွခင္းေၾကာင့္ ျဖစ္ပါသည္။


သို႔ေသာ္ အနီေအာက္ေရာင္ျခည္ ေလ့လာခ်က္မ်ားမွ သူမ၏ဆံပင္ကို ေနာက္တြဲဆံထံုးျဖင့္ စည္းေနွာင္ ထားေၾကာင္း ေကာက္ခ်က္ ခ်ႏိူင္ေသာေၾကာင့္ ထိုစြပ္စြဲခ်က္ကိုလည္း ပယ္ထုတ္ႏိူင္ခဲ့ၿပီျဖစ္သည္

......................................................................

နံပါတ္ ၃ - ခ်မ္းသာႂကြယ္ဝေသာ မိသားစုမွ ဆင္းသက္လာသည္ဟု သိရိွႏိူင္ျခင္း။


အီတလီမွ ပညာရွင္မ်ား၏ ေလ့လာခ်က္အရ သူမ၏ အနက္နဲဆံုး လ်ိဳ႕ဝွက္ခ်က္ျဖစ္ေသာ အၿပံဳးသည္ ထိုေခတ္ ထိုအခါက ပန္ခ်ီကားခ်ပ္မ်ားျဖစ္ေသာ ဟင္နရီ ၈ ကဲ့သို႔ေသာ ခ်မ္းသာႂကြယ္ဝ အာဏာရိွသူမ်ား သည္ အဆီအစိမ့္မ်ား စားေသာက္ ယစ္မႈးၿပီး ေသြးတြင္း ကိုလက္စေရာ ျမင့္တက္ခ်ိန္ တြင္ ပံုတူအဆြဲခံရာ၌ ျပဳေလ့ရိွေသာ အၿပံဳးမ်ိဳးျဖစ္ေၾကာင္း ေတြ့ရိွခဲ့ရပါသည္။


ထို႔ေၾကာင့္ သူမသည္ ႂကြယ္ဝခ်မ္းသာေၾကာင္း ေကာက္ခ်က္ဆြဲႏိူင္ျပန္ပါသည္။

......................................................................


နံပါတ္ ၄ - မ်က္ခံုး မ်က္ေတာင္မ်ား ရိွခဲ့သည္ဟု သက္ေသျပႏိူင္ျခင္း။


ျပင္သစ္ပညာရွင္ ပါစကယ္၏ ေလ့လာသက္ေသျပခ်က္အရ မိုနာလီဇာ ၏ မ်က္ခံုးမ်က္ေတာင္မ်ား သည္ ဒါဗင္ခ်ီ ေရးသားခဲ့စဉ္ကတည္းက မပါဝင္ခဲ့သည္မဟုတ္ပဲ အႀကိမ္ႀကိမ္သန႔္စင္မႈ ႏွင့္ ႏွစ္ၾကာ ေညာင္း မႈတို႔ေၾကာင့္ ေမွးမိွန္ေပ်ာက္ကြယ္ခဲ့ရျခင္း ျဖစ္သည္ဟု ကင္မရာျဖင့္ သူမ၏မ်က္ႏွာကို ၂၄ ဆ ခန႔္ခ်ဲ့ၿပီး ေဖာ္ထုတ္ႏိူင္ခဲ့ ပါသည္။

......................................................................


နံပါတ္ ၅ - ေရႊအခ်ိဳး ဗိသုကာပညာ အယူအဆကို အသံုးျပဳေရးဆြဲထားျခင္း။


လီယိုနာဒို ဒါဗင္ခ်ီသည္ သခ်ၤာနည္းအရ ပန္ခ်ီကားတစ္ခ်ပ္လံုးကို တိုင္းတာအခ်ိဳးခ် ေရးဆြဲ ထားျခင္း ျဖစ္ၿပီး မ်က္ႏွာဟန္ အေနအထားသည္ ေရႊအခ်ိဳးအတိုင္းရိွေနျခင္းက ပန္ခ်ီကားရႈသူကို မ်က္စိ မလႊဲ ေစေအာင္ ဖမ္းစားထားေသာ အဓိကအခ်က္တစ္ခ်က္ျဖစ္သည္ဟု ေလ့လာေတြ့ရိွခဲ့ရပါသည္။

......................................................................


နံပါတ္ ၆ - မိုနာလီဇာ ၿပံဳးေနသလား ..... မဲ့ေနသလား ....


မိုနာလီဇာ ၿပံဳးေနလား မဲ့ေနလားဆိုတဲ့ အျငင္းပြားမႈဟာ ႏွစ္ေပါင္း ၅၀၀ နီးပါးရိွခဲ့ပါၿပီ။ ၾကၫ့္ရႈသူရဲ့ စိတ္အေျခအေန တည္ေနရာေတြအလိုက္ ေျပာင္းလဲတယ္လို႔ ေျပာခဲ့ၾကေပမယ့္ ၂၀၀၅ ခုႏွစ္မွာ ဒက္ခ္်လူမ်ိဳး ေလ့လာသူတစ္ဦးက 'Emotion Recognition' ကြန္ျပဴတာေဆာ့ဖ္ဝဲကို အသံုးျပဳျပီး မိုနာလီဇာရဲ့ စိတ္အေျခအေန အတိအက်ကို ေဖာ္ထုတ္ေပးႏိူင္ခဲ့ပါၿပီ။


အဲ့ဒါေတြကေတာ့ ေအာက္ပါအတိုင္းျဖစ္ပါတယ္

Smile 83% ,

Happy 9%

Disgusted 6%

Fearful 2%

Angry less than 1%

Neutral and Surprised 0%

......................................................................


နံပါတ္ ၇ - မ်က္လံုးထဲမွ Cipher မ်ား။


သာမာန္ မ်က္လံုးမ်ား ျဖင့္ မျမင္ေတြ့ႏိူင္ေသာ္လည္း အဆေပါင္းမ်ားစြာခ်ဲ့၍ ၾကၫ့္ရႈပါက မိုနာလီဇာ ၏ မ်က္လံုးထဲတြင္ လ်ိဳ႕ဝွက္နံပါတ္ (သို႔) စာလံုးမ်ားကို ေတြ့ျမင္ရမည္ ျဖစ္သည္။


သူမ၏ ညာဘက္မ်က္လံုးထဲတြင္ 'LV' ဟူေသာစကားဝွက္ ႏွင့္ ဘယ္ဘက္တြင္မူ 'CE သို႔ B' ဟူေသာ အမွတ္အသားကို ေတြ့ျမင္ရမည္ျဖစ္သည္။


ပန္ခ်ီကားေနာက္ခံျဖစ္ေသာ တံတားေလး ၏ အေကြးနားတြင္လည္း '72' ဟူေသာ စာလံုးမ်ားကို အံ့ဖြယ္ေတြ့ရမည္ျဖစ္ပါသည္။


ထိုအကၡရာ စာလံုးမ်ားသည္ မည္သည္ကို ရည္ၫႊန္းမွန္း လက္ရိွအခ်ိန္ထိ မေဖာ္ထုတ္ႏိူင္ ေသးေသာ္လည္း ထိုစာလံုးမ်ားကို ဒါဗင္ခ်ီ မွ ႏွစ္ေပါင္း ၅၀၀ ေက်ာ္ခန႔္ ကြယ္ဝွက္ ျပထားသည္

မွာ အံ့ဖြယ္ေကာင္းလွေပသည္။

......................................................................


နံပါတ္ ၈ - ပန္ခ်ီကားခ်ပ္ထဲမွ ပုန္းကြယ္ေနေသာ သတၲဝါမ်ား။


မိုနာလီဇာ ပန္ခ်ီကားသည္ အမွန္တစ္ကယ္ ပန္ခ်ီကားခ်ပ္ထဲမွ ပန္ခ်ီကားျဖစ္ပါသည္။


ပန္ခ်ီကားခ်ပ္ကို ေဘးဘယ္ညာ အထက္ေအာက္လွန္ၾကၫ့္ပါက ျခေသၤ့, လူဝံ, ကြၽဲ ေခါင္း ႏွင့္ ျမည္းပုတို႔အား ေတြ့ရမည္ျဖစ္သည္။


ထိုသတၲဝါ ေလးမ်ိဳးစလံုးကြယ္ဝွက္ေရးဆြဲထားပံုကို ဒါဗင္ခ်ီ၏ 'The Last Supper' တြင္ လည္းေတြ့ ရေသာေၾကာင့္ ေလ့လာသူမ်ားအတြက္ ေတြးေတာစရာမ်ားစြာ ေပၚေပါက္လာေစပါသည္။ ထို႔အျပင္ မိုနာလီဇာပန္ခ်ီကားကို ဘယ္ဘက္ခပ္ေစာင္းေစာင္း အေနအထားမွၾကၫ့္ပါက သူမရင္ဘတ္နားတြင္ မိေခ်ာင္းပါးစပ္ပံုကိုလည္း ေတြ့ရမည္ျဖစ္ပါသည္။


အထူးျခားဆံုးအေနျဖင့္ ထိုအေနအထားတြင္ သူမ၏မ်က္ႏွာကိုၾကၫ့္လိုက္ပါက အေျဖကို ရွာေဖြ ေဖာ္ထုတ္ႏိူင္ရန္ အလြန္နီးကပ္ေနသၫ့္အတြက္ အားေပးသၫ့္အလား အစြမ္းကုန္ၿပံဳးျပေနေသာ မိုနာလီဇာအား ေတြ့ျမင္ရမည္ျဖစ္ပါေၾကာင္း.......


အခ်ဳပ္အားျဖင့္ Louvre Museum ထဲက Mona Lisa ႏွင့္ The Last Supper ပန္ခ်ီကားၾကား မွာ ဘယ္လိုဆက္စပ္မႈေတြရိွေနတာလဲ


သူမ မ်က္လံုးထဲက နံပါတ္ေတြ စာလံုးေတြဟာ ဘယ္လိုအဓိပၸာယ္ေဆာင္ေန သလဲ


ပန္ခ်ီကားထဲက ပန္ခ်ီေတျြဖစ္တဲ့ ေနာက္ခံရႈေမ်ာ္ခင္း တည္ေနရာေတြနဲ႔ သတၲဝါေတြကေကာ ဘယ္လိုအေၾကာင္းေၾကာင့္ ထၫ့္သြင္းေရးဆြဲခဲ့တာလဲ


ဆိုတာေတြကေတာ့ ေနာက္ႏွစ္ ရာေပါင္းမ်ားစြာအထိ ပေဟဌိတစ္ခုအျဖစ္ က်န္ရိွေနဦးမွာ ျဖစ္ၿပီး Leonardo di ser Piero da Vinci မွလြဲ၍ ေနာင္လာေနာက္သားမ်ားအတြက္ မေျဖရွင္းႏိူင္ေသာ    

Da Vinci Code တစ္ခုအေနနဲ႔ ဆက္လက္က်န္ရိွေနဦးမွာ ျဖစ္ပါေၾကာင္း.......


Credit:DrAung

No comments: