Friday, June 18, 2021

ကြက်သားအုန်းသီးဆီပြန်ချက် - အညာ မန်ကျည်းသီးစိမ်းသုပ် - မယ်ဇလီဖူးဟင်းချို

 [Unicode]ကြက်သားအုန်းသီးဆီပြန်ချက် - အညာ မန်ကျည်းသီးစိမ်းသုပ် - မယ်ဇလီဖူးဟင်းချို


ကြက်သားအုန်းသီးဆီပြန်ချက်




ပါဝင်ပစ္စည်းများ

ကြက် ၁ ကောင်၊ ကြက်သွန်နီ ၅ ဥ၊ ကြက်သွန်ဖြူ ၂ ဥ၊ အုန်းသီး တစ်ခြမ်း၊ ချင်း/နနွင်း/ဆား သင့်ရုံ၊ ဆီ ၁၀ ကျပ်သား၊ ငရုတ်ပွ ၅တောင့်၊ ငရုတ်သီးစိမ်း ၅တောင့်၊ မဆလာ ၅ကျပ်သား။


ပြင်ဆင်ပုံ

ကြက်သားကိုတုံးပြီး ရေဆေး၍ ဆားနယ်ထားပါ။

အုန်းသီးခြမ်းကိုခြစ်၍ မဆလာတို့နှင့် ညက်အောင် ထောင်းပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်ပွ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ။

ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ။


ပြုလုပ်ပုံအဆင့်ဆင့်

ဆီအိုးတည်ထားပါ။ ညက်အောင်ထောင်းထားသော ငရုတ်၊ ကြက်သွန်၊မဆလာ၊အုန်းသီးတို့ကို ရော၍ဆီသတ်ပါ။

ကြက်သားဖတ်များထည့်ပြီး လုံးပါ။ ရေအနည်းငယ်ထည့်ပြီး နူးလျှင် ဆီပြန်လျှင် စားသုံးနိုင်ပါသည်။


အညာမန်ကျည်းသီးစိမ်းသုပ်




ပါဝင်ပစ္စည်းများ

မန်ကျည်းသီးစိမ်းနုနု ၁၀ကျပ်သား၊ ကြက်သွန်နီ ၃လုံး၊ ငရုတ်သီးစိမ်း၊ဆီ အနည်းငယ်၊ မျှင်ငါးပိ အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ကြက်သွန်ဖြူ ၁လုံး။


ပြင်ဆင်ပုံ

မန်ကျည်းသီးစိမ်းများကို ရေစင်အောင်ဆေးပြီး ငရုတ်ဆုံထဲထည့်၍ထောင်းပါ။ ပြီးလျှင် ကြက်သွန်ဖြူပါ ထည့်ထောင်းပါ။ မျှင်ငါးပိကို ကင်၍ ထည့်ထောင်းပါ။ ဟင်းခတ်မှုန့်ထည့်၊ ငရုတ်သီးစိမ်းထည့်၍ ဆက်ထောင်းပါ။


ပြုလုပ်ပုံအဆင့်ဆင့်

၄င်းတို့ကိုဆယ်ယူပြီး လှီးထားသော ကြက်သွန်နီ၊ ဆီစိမ်းတို့ဖြင့် ထည့်၍သုပ်စားပါ။


မဲဇလီဖူးဟင်းချို




ပါဝင်ပစ္စည်းများ

မဲဇလီဖူး ၃စည်း၊ ဆီ ၂ကျပ်ခွဲသား၊ ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၁ဥ၊ ပုစွန်ခြောက် အနည်းငယ်၊ ငံပြာရည်၊ဟင်းခတ်မှုန့် သင့်ရုံ၊ ငါးသန်သေးနုပ် ၁၀ကျပ်သား။


ပြင်ဆင်ပုံ

မဲဇလီဖူးကို ရေစင်အောင်ဆေးထားပါ။ ပုစွန်ခြောက်ထဲသို့ ကြက်သွန်ဖြူ/နီ ရောထောင်းပါ။

ငါးသန်သေးနုပ်ကို ရေစင်စင်ဆေးထားပါ။


ပြုလုပ်ပုံအဆင့်ဆင့်

ဆီအိုးတည်ပါ။ ဆီကျက်လျှင် ထောင်းထားသည်များထည့်၍ ဆီသတ်ပါ။ ပြီးလျှင် မယ်ဇလီဖူးများထည့်မွှေပါ။

ငါး၊ငံပြာရည်၊ဟင်းခတ်မှုန့်နှင့် ရေအနေတော်ထည့်၍ အဖုံးအုပ်ပြီး ဆူသည်အထိတည်ပါ။

ရေဆူ၍ကျက်ပြီဆိုပါက အပေါ့အငန်မြည်း၍ သုံးဆောင်နိုင်ပါသည်။



[Zawgyi]ၾကက္သားအုန္းသီးဆီျပန္ခ်က္ - အညာ မန္က်ည္းသီးစိမ္းသုပ္ - မယ္ဇလီဖူးဟင္းခ်ိဳ


ၾကက္သားအုန္းသီးဆီျပန္ခ်က္




ပါဝင္ပစၥည္းမ်ား

ၾကက္ ၁ ေကာင္၊ ၾကက္သြန္နီ ၅ ဥ၊ ၾကက္သြန္ျဖဴ ၂ ဥ၊ အုန္းသီး တစ္ျခမ္း၊ ခ်င္း/နႏြင္း/ဆား သင့္ရံု၊ ဆီ ၁၀ က်ပ္သား၊ ငရုတ္ပြ ၅ေတာင့္၊ ငရုတ္သီးစိမ္း ၅ေတာင့္၊ မဆလာ ၅က်ပ္သား။


ျပင္ဆင္ပံု

ၾကက္သားကိုတံုးၿပီး ေရေဆး၍ ဆားနယ္ထားပါ။

အုန္းသီးျခမ္းကိုျခစ္၍ မဆလာတို႔ႏွင့္ ညက္ေအာင္ ေထာင္းပါ။

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ငရုတ္ပြ၊ ခ်င္းတို႔ကို ညက္ေအာင္ေထာင္းပါ။

ငရုတ္သီးစိမ္းကို ေရေဆးၿပီး ထက္ျခမ္းခြဲထားပါ။


ျပဳလုပ္ပံုအဆင့္ဆင့္

ဆီအိုးတည္ထားပါ။ ညက္ေအာင္ေထာင္းထားေသာ ငရုတ္၊ ၾကက္သြန္၊မဆလာ၊အုန္းသီးတို႔ကို ေရာ၍ဆီသတ္ပါ။

ၾကက္သားဖတ္မ်ားထၫ့္ၿပီး လံုးပါ။ ေရအနည္းငယ္ထၫ့္ၿပီး ႏူးလ်ွင္ ဆီျပန္လ်ွင္ စားသံုးႏိုင္ပါသည္။


အညာမန္က်ည္းသီးစိမ္းသုပ္




ပါဝင္ပစၥည္းမ်ား

မန္က်ည္းသီးစိမ္းႏုႏု ၁၀က်ပ္သား၊ ၾကက္သြန္နီ ၃လံုး၊ ငရုတ္သီးစိမ္း၊ဆီ အနည္းငယ္၊ မ်ွင္ငါးပိ အနည္းငယ္၊ ဟင္းခတ္မႈန႔္ အနည္းငယ္၊ ၾကက္သြန္ျဖဴ ၁လံုး။


ျပင္ဆင္ပံု

မန္က်ည္းသီးစိမ္းမ်ားကို ေရစင္ေအာင္ေဆးၿပီး ငရုတ္ဆံုထဲထၫ့္၍ေထာင္းပါ။ ၿပီးလ်ွင္ ၾကက္သြန္ျဖဴပါ ထၫ့္ေထာင္းပါ။ မ်ွင္ငါးပိကို ကင္၍ ထၫ့္ေထာင္းပါ။ ဟင္းခတ္မႈန႔္ထၫ့္၊ ငရုတ္သီးစိမ္းထၫ့္၍ ဆက္ေထာင္းပါ။


ျပဳလုပ္ပံုအဆင့္ဆင့္

၄င္းတို႔ကိုဆယ္ယူၿပီး လွီးထားေသာ ၾကက္သြန္နီ၊ ဆီစိမ္းတို႔ျဖင့္ ထၫ့္၍သုပ္စားပါ။


မဲဇလီဖူးဟင္းခ်ိဳ




ပါဝင္ပစၥည္းမ်ား

မဲဇလီဖူး ၃စည္း၊ ဆီ ၂က်ပ္ခြဲသား၊ ၾကက္သြန္နီ ၃လံုး၊ ၾကက္သြန္ျဖဴ ၁ဥ၊ ပုစြန္ေျခာက္ အနည္းငယ္၊ ငံျပာရည္၊ဟင္းခတ္မႈန႔္ သင့္ရံု၊ ငါးသန္ေသးႏုပ္ ၁၀က်ပ္သား။


ျပင္ဆင္ပံု

မဲဇလီဖူးကို ေရစင္ေအာင္ေဆးထားပါ။ ပုစြန္ေျခာက္ထဲသို႔ ၾကက္သြန္ျဖဴ/နီ ေရာေထာင္းပါ။

ငါးသန္ေသးႏုပ္ကို ေရစင္စင္ေဆးထားပါ။


ျပဳလုပ္ပံုအဆင့္ဆင့္

ဆီအိုးတည္ပါ။ ဆီက်က္လ်ွင္ ေထာင္းထားသည္မ်ားထၫ့္၍ ဆီသတ္ပါ။ ၿပီးလ်ွင္ မယ္ဇလီဖူးမ်ားထၫ့္ေမႊပါ။

ငါး၊ငံျပာရည္၊ဟင္းခတ္မႈန႔္ႏွင့္ ေရအေနေတာ္ထၫ့္၍ အဖံုးအုပ္ၿပီး ဆူသည္အထိတည္ပါ။

ေရဆူ၍က်က္ၿပီဆိုပါက အေပါ့အငန္ျမည္း၍ သံုးေဆာင္ႏိုင္ပါသည္။

No comments: