Monday, June 28, 2021

“Minimalist”

 [Unicode]“Minimalist”




◾◾◾◾◾


“Minimalism ဆိုတာ”


Minimalism ဆိုတာ Living with less လို့ နားလည်နိုင်တယ်။ သဘောကတော့ ဘုရားလောင်း ဝေသန္တရာမင်းလို ပါရမီဖြည့်တဲ့အနေနဲ့ ရှိသမျှ အကုန်လှူတာမျိုး မဟုတ်ဘူး။ တောထဲသွားပြီး တဲတစ်လုံးနဲ့ နေဖို့ထိလည်း မဟုတ်ဘူး။ တတ်နိုင်သလောက် ပစ္စည်းနည်းနည်းနဲ့ နေတာကို ခေါ်တာ။ Living with none မဟုတ်ဘူး။ Living with less ။ တကယ်လိုအပ်တဲ့ အရာတွေပဲ ချန်ထားပြီး မလိုတာကို စွန့်တဲ့သဘော၊ လိုအင်ဆန္ဒတွေနောက်ကို မလိုက်တဲ့ သဘောပဲ။


◾◾◾◾◾


“ရှိသင့်သလောက်တော့ ရှိရမယ်”


ကျွန်တော်တို့မှာ ကိုယ့်အဆင့်အတန်း၊ ကိုယ့်အလုပ်နဲ့ ကိုက်ညီတဲ့ ပစ္စည်းအသုံးအဆောင်တွေတော့ ရှိဖို့ လိုတယ်။ ဘာမှမရှိဘဲ နေလို့တော့ မရဘူး။ ကိုယ့်ကိုယ်ကိုယ်နဲ့ နမူနာပေးမယ်။ ကျွန်တော့်မှာ ကားတစ်စီး ရှိဖို့ လိုတယ်။ ပွဲတွေ သွားရင် တက်စီနဲ့ဆို အဆင်မပြေဘူး။ မိုးထဲလေထဲ ကားငှားနေရမယ်။ ချွေးထွက်မယ်။ အနံ့တွေ နံမယ်။ အချိန်လည်း အတိအကျ မှန်းရခက်တယ်။ ဒီတော့ ကားတစ်စီးတော့ ရှိမှရမယ်။ ဒါပေမဲ့ ကားအကောင်းစားကြီးတော့ ဖြစ်နေစရာ မလိုဘူး။ အခု Honda Fit လေးပဲ စီးတယ်။ ဒီကားလေးက သေးတယ်။ မောင်းရလွယ်တယ်။ ဆီလည်း မစားဘူး။ တစ်နေရာရာမှာ ရပ်ထားခဲ့ရရင်လည်း ဘယ်ကားက ဝင်တိုက်သွားမလဲ၊ ဘယ်သူက လက်ဆော့သွားမလဲ စိုးရိမ်နေစရာ မလိုဘူး။ တသသနဲ့ ဖြစ်မနေရဘူး။ 


ရှူးဖိနပ် ၂ ရံ ရှိတယ်။ အညိုတစ်ရံ၊ အမည်းတစ်ရံ။ အပေါ်က ဘောင်းဘီနဲ့ လိုက်အောင် ဒီလို ၂ မျိုးတော့ လိုမယ်။ ဒါတွေ မပျက်စီးမချင်း အသစ်ထပ်မဝယ်ဘူး။ ဖိနပ်ဒီဇိုင်းစုံ၊ ရောင်စုံဝယ်မထားတော့ဘူး။


ပိုက်ဆံအိတ်က အရှည်တစ်ခု၊ အသေးတစ်ခု။ အကျီနဲ့ ဘောင်းဘီကတော့ နည်းနည်းများတယ်။ ဒါတွေလည်း တော်တော်နဲ့ ထပ်မဝယ်တော့မဲ့အထဲ ပါတယ်။


ပြောချင်တာက ကိုယ်လုပ်နေတဲ့အလုပ်နဲ့ ကိုက်ညီတဲ့ အနေအထားတော့ ရှိရမယ်။ အပိုတော့ မလိုချင်နဲ့။ (ဒါ​ကြောင့်လည်း ဘယ်လိုအ​ခြေအ​နေမျိုးမှ Minimalism ဖြစ်မယ်လို့ တိတိကျကျ သတ်မှတ်လို့ မရဘူး။ တစ်​ယောက်နဲ့ တစ်​ယောက် အ​ခြေအ​နေချင်း မတူလို့ပဲ။)


◾◾◾◾◾


“ပစ္စည်းတွေပဲလား”


မဟုတ်ဘူး။ ဖုန်းထဲမှာဆို Theme တွေ အများကြီး ဒေါင်းထားတယ်။ များလွန်းတဲ့အပြင် အကုန်လုံးကလည်း လှနေတော့ ကျွန်တော့်မှာ ဟိုဟာလည်း ထားချင်၊ ဒီဟာလည်း ထားချင်။ အခုတော့ နည်းနည်းပဲ ထားတယ်။ ထပ်လည်း မဒေါင်းတော့ဘူး။ ဒီလိုအသေးလေးတွေလည်း ပါတယ်။ 


နောက်ပြီး လူတွေလည်း ပါမယ်။ မိတ်ဆွေများခြင်းက ကောင်းတယ်။ သို့သော် ကိုယ့်ဘဝအတွက် အရေးကြီးတဲ့၊ မဖြစ်မနေ လိုအပ်တဲ့ လူအုပ်စုလေးကိုတော့ ပိုပြီး အချိန်ပေးရမယ်။ ဂရုစိုက်ရမယ်။ စဉ်းစားကြည့်၊ ဒီသူငယ်ချင်းက ခေါ်၊ လိုက်သွားပြန်ပြီ၊ ဒီလူ့ကိစ္စ လိုက်လုပ်ပေးပြန်ပြီဆို ဘယ်မလဲ မိသားစုအတွက် အချိန်၊ ကိုယ့်အတွက် အချိန်။ ဒါကြောင့် ပစ္စည်းတွေတင် မဟုတ်ဘူး။ လူတွေနဲ့ ပတ်သက်ရင်လည်း Minimalist လုပ်ဖို့ လိုမယ်။


◾◾◾◾◾


“အဓိက က လူနဲ့ဆိုင်”


ပိုက်ဆံချမ်းသာတဲ့သူကတော့ ဒီနေ့ခေတ်လိုမျိုးမှာ လိုအင်ဆန္ဒကို ထိန်းဖို့ ခက်လိမ့်မယ်။ ပိုက်ဆံမရှိရင်တော့ အလိုလို ထိန်းချုပ်ပြီးသား ဖြစ်သွားတယ်။ သို့သော်လည်း ဒါက ဝယ်နိုင်ခြင်း၊ မဝယ်နိုင်ခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်ရဲ့ လိုအင်ဆန္ဒနဲ့ ဆိုင်တာ။ ဘုရားဟောထဲမှာ ဖတ်ဖူးတဲ့၊ ပေါက်တူးကိုတောင် မစွန့်နိုင်တဲ့သူလိုပဲ။ မဝယ်နိုင်လို့သာ မဝယ်တာ။ လိုချင်နေတာပဲလေ။ 


ဝယ်နိုင်ချင် ဝယ်နိုင်မယ်၊ သို့သော် မဝယ်ဘူး။ မဝယ်နိုင်လို့ ကြိတ်မှိတ်နေရတာမျိုးလည်း မဟုတ်ဘူး၊ လိုချင်စိတ်ကို မဖြစ်တာ။ ဒီလိုမျိုးကိုမှ Minimalist လို့ ခေါ်နိုင်မယ် ထင်ပါတယ်။


◾◾◾◾◾


“ဘုရားက ဘယ်လိုဟောထားသလဲ”


သန္တုဿကောစ တဲ့။ ပါဠိစကားမို့ စိမ်းလှတယ် မထင်နဲ့။ ကိုယ်တွေ နေ့စဉ်နဲ့အမျှ ရွတ်နေတဲ့ မေတ္တာသုတ်ရဲ့ ဒုတိယအပိုဒ်မှာ ပါတယ်။ အဓိပ္ပါယ်က ရောင့်ရဲတင်းတိမ်လွယ်သူ ဖြစ်ရာ၏ တဲ့။ ရောင့်ရဲတယ်ဆိုတာက ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်တာ။ တင်းတိမ်တယ်ဆိုတာက အဲ့လို နေရတာကို နှစ်သက်တတ်တဲ့စိတ်လို့ ဆိုပါတယ်။ မေတ္တာပွားနိုင်ဖို့ အခြေခံလိုအပ်ချက်တွေထဲက တစ်ခုပါ။ သဘောက မေတ္တာပွားနိုင်သူ ဖြစ်ချင်ရင် ရောင့်ရဲတင်းတိမ်တတ်ဖို့ လိုတယ်။ 


ပြောရရင် Minimalist ဆိုလို့သာ ထူးဆန်းနေတာ။ တကယ်က ဘုရားဟောထဲ ပါပြီးသား။ ၃၈ ဖြာ မင်္ဂလာမှာလည်း ဒါက တစ်ပါးအနေနဲ့ ပါဝင်တယ်။ မင်္ဂလာ ဆိုတာ မြန်မာလို အောင်မြင်ပြီးမြောက်ခြင်း၊ ပြည့်စုံခြင်းလို့ အဓိပ္ပါယ်ထွက်တယ်။ လူတစ်ယောက်အနေနဲ့ ပြည့်စုံမှုရဖို့ဆို ရောင့်ရဲတင်းတိမ်ခြင်းက လိုအပ်တယ်။ မေတ္တာသုတ်တွေ၊ မင်္ဂလသုတ်တွေဆိုတာ ရွတ်နေရုံနဲ့ မေတ္တာတရား ကြီးမားသူ၊ မင်္ဂလာတရားနဲ့ ပြည့်စုံသူ ဖြစ်မလာဘူး။ တကယ်ကျင့်သုံးမှ ရမှာပါ။ ဒီအတွက် Minimalism က အထောက်အကူ ပေးနိုင်ပါတယ်။


◾◾◾◾◾


“လှူရာလည်း ရောက်တယ်”


ကျွန်တော့်မှာ အကျီတွေဆို ဟိုက ပေး၊ ဒီက ပေးနဲ့ အများကြီးပဲ။ နောက်ပိုင်း ကိုယ်နဲ့ ဘယ်လိုမှ မလိုက်မှန်း သိသွားလို့ မဝတ်ဖြစ်တော့တဲ့ အကျီတွေ၊ မတော်တော့တဲ့ အကျီတွေဆို အကုန်စုပြီး သူများတွေ ပေးလိုက်တယ်။ အမှိုက်သိမ်းတဲ့ ကောင်လေးကို တီရှပ် ၂ ထည် ပေးလိုက်တော့ ပျော်နေလိုက်တာ။ သူတို့အတွက်ကျ အသစ်လိုပဲကိုး။


ဟိုနေ့ကလည်း ပွဲပေါင်းများစွာက ရထားတဲ့ ဖန်ခွက်တွေ၊ ရေဗူးတွေ စုပြီးတော့ ရုံးက Cleaner အစ်မကြီးကို ပေးလိုက်တယ်။ ကိုယ်တိုင်လည်း ယူ၊ ပတ်ဝန်းကျင်က လူတွေကိုလည်း ခွဲပေးလိုက်ပါလို့။ စဉ်းစားကြည့်ရင် ကိုယ်လည်း ဒီလောက် ဗူးတွေ အများကြီး တစ်ပြိုင်တည်း မသောက်နိုင်ဘူး။ ဒီအတိုင်းကြီး ထားထားရတာ။ ခုလို ပေးလိုက်တော့ လိုအပ်သူအတွက်ကျ အကျိုးရှိသွားတယ်။


◾◾◾◾◾


“စွဲလမ်းနေတာ အကျိုးမရှိ”


လိုအင်ဆန္ဒ နည်းတယ်ဆိုပေမဲ့ ကျွန်တော့်မှာလည်း စွဲလမ်းတဲ့အရာတွေတော့ ရှိတာပဲ။ ဥပမာဆို စာအုပ်ပေါ့။ ရေးတဲ့ ဗလာစာအုပ်လှလှလေးရော၊ ဖတ်တဲ့ စာအုပ်တွေရော သိပ်သဘောကျတာ။ စီးတီးမတ်ရောက်ရင် စာအုပ်တန်းကို ဝယ်စရာရှိရှိ မရှိရှိ သွားသွားကြည့်တယ်။ မြင်နေရရင်ကို ပျော်တာ။


ဟိုရက်ကတော့ စာအုပ်စင် ရှင်းဖြစ်တယ်။ Exodus ဆိုတဲ့ စာအုပ်ဆို ကျွန်တော် တအားကြိုက်တာ။ ငယ်ငယ်က စာကြည့်တိုက်မှာ ဖတ်ဖူးပြီး နောက်တော့ ဝယ်သိမ်းထားတာ။ အဲဒါ အခု ကြည့်လိုက်တော့ စာရွက်အရောင်တွေ ပြောင်းကုန်ပြီ။ အနံ့တွေလည်း မကောင်းတော့ဘူး။ အဲဒီမှာ ဘာသွားတွေးမိလဲဆိုတော့ ကိုယ့်ရဲ့ စွဲလမ်းစိတ်နဲ့ သိမ်းထားတဲ့ စာအုပ်တွေက ကိုယ့်စာအုပ်စင်မှာတင် ပျက်စီးကုန်တယ်။ တခြားသူကိုပါ ပေးခဲ့ရင် သူ ဖတ်လို့ရတယ်။ အကျိုးရှိသွားမယ်။ 


စံပယ်ဖြူနုဆို စီးရီးလိုက်၊ သော်တာအေးလဲ့၊ လင်္ကာရည်ကျော်၊ ဂျူး၊ တက္ကသိုလ်ဘုန်းနိုင်၊ အဲ့လို အစဉ်လိုက်ကလေးတွေ ထားထားရတာကို ကြိုက်တာ။ ခုတော့ စိတ်ဖြတ်လိုက်တယ်။ ဒါကြောင့် ပြန်ကိုးကားဖို့ လိုတဲ့ စာအုပ်တွေ၊ ပြန်ပြန်ဖတ်မဲ့ စာအုပ်တွေ၊ လက်ဆောင်ရထားတဲ့ စာအုပ်တွေကလွဲရင် ကျန်တာအကုန် ပေးဖို့ လုပ်လိုက်တယ်။ စာအုပ်စင်လည်း ရှင်းသွားသလို ပိုသိသာတာက ကျွန်တော့်စိတ်တွေပါ ပေါ့ပါးကုန်တာပဲ။


◾◾◾◾◾


“စိတ် ဘယ်လိုဖြတ်မလဲ”


အိမ်ရှင်းပြီဆို ပစ္စည်းတွေ ထွက်လာတယ်။ အဲဒီအခါ ဒါလေးက ချစ်စရာလေး၊ ဒီတစ်ခုတော့ သိမ်းထားလိုက်ဦးမယ် စသဖြင့် ဖြစ်တတ်တယ်။ စဉ်းစားကြည့်၊ ကိုယ်တောင် အသုံးမလိုလို့ မေ့နေလို့ ခု အိမ်ရှင်းမှ ထွက်လာတာ။ အဲဒါကို ခုကျမှ သဘောတွေကျပြီး သိမ်းထားဦးမယ်ဆိုတော့ မခက်ဘူးလား။


ကျွန်တော်ကတော့ အဲ့လို တခုခုကို ပေးတော့မယ်ဆိုတိုင်း နောင်များ ပြန်လိုလာမလား၊ ဆက်သိမ်းထားရမလား ဆိုတဲ့ အတွေးမျိုး ဝင်လာရင် တစ်နှစ်နဲ့ ဖြတ်လိုက်တယ်။ လွန်ခဲ့တဲ့ ၁ နှစ်အတွင်း ငါ ဒါကို သုံးထားသလား သုံးထားတယ်ဆို ဆက်ထား။ မသုံးဘူးဆို ဆက်မထားတော့ဘူး။ 


နောက်တစ်ခုက သတိပြုမိဖို့လည်း အရေးကြီးတယ်။ အဲ့လို လိုချင်စိတ် ဖြစ်လာပြီဆို အဲဒီစိတ်ကလေးကို မြင်အောင် ကြည့်၊ တအားစားချင်နေတဲ့ အစားအစာ စားပွဲကို ရောက်မလာသေးတဲ့ အချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ကြည့်။ သိပ်ပူလောင်နေတာကို တွေ့ရမယ်။ အဲ့လို သတိထား ကြည့်ရင်း ကြည့်ရင်းနဲ့ လိုချင်စိတ်က သူ့အလိုလို ပျောက်သွားတယ်။ ဒါကြောင့်လည်း ဗုဒ္ဓဘာသာမှာ သတိ ဟာ သိပ်အရေးကြီးတာ ဖြစ်ပါတယ်။


◾◾◾◾◾


“အခက်အခဲ”


အိမ်မှာ Minimalism ကျင့်သုံးဖို့ အကြီးမားဆုံး အခက်အခဲကတော့ အဖေနဲ့ အမေပဲ။ အတင်းတုပ်လိုက်ဦးမယ် 😂 အကုန်ကို သိမ်းတာနော်။ နောက်ဆုံး လက်ဆောင်လာပေးတဲ့ ခြင်းကအစ သိမ်းထားတာ။ ကျွန်တော့်ဆောင်းပါး ပါတဲ့ ဂျာနယ်တွေဆိုလည်း အထပ်လိုက်။ ဘယ်လိုပြောပြောလည်း မရဘူး။ လင်မယားနှစ်ယောက်တည်းဆိုရင်တောင် ကိုယ်က အဲ့လိုနေချင်ရင် ကိုယ့်အိမ်ထောင်ဖက်က စိတ်တူကိုယ်တူ ဖြစ်ဦးမှ။ မဟုတ်ရင်တော့ သိပ်ထူးခြားမှာ မဟုတ်ဘူး။ တစ်ကိုယ်တည်း နေရတဲ့သူဆိုရင်တော့ ပိုလွယ်လိမ့်မယ်။ နောက်ပြီး အပေါင်းအသင်းကလည်း အရေးကြီးသေးတယ်။ ကိုယ့်ကို ဒီလိုတွေ သုံးဖို့၊ စားဖို့၊ ဝယ်ဖို့ တိုက်တွန်းနေတဲ့သူမျိုးဆို အဆင်မပြေနိုင်ဘူး။ 


◾◾◾◾◾


“အကျိုးကျေးဇူးတွေ”


တချို့ကျတော့ လူဖြစ်တုန်းခဏ သုံးမယ်၊ စွဲမယ်၊ ဘဝကို Enjoy လုပ်မယ်။ ချုပ်တည်းမနေနိုင်ဘူးလို့ ဆိုတယ်။ ဒီ Minimalism ကလည်း ဘဝကို မပျော်မရွှင် နေခိုင်းတာ မဟုတ်ဘူး။ များလွန်းတဲ့အတွက် လူက မပျော်တော့လို့ နည်းနည်းကလေးကို အာရုံစိုက်ပြီး နှစ်သက်ကျေနပ်တတ်အောင် လေ့ကျင့်ခိုင်းတာ။ အပေါ်မှာ ပြောခဲ့သလိုပဲ ကားအကောင်းစားကြီး စီးပြီး စိတ်ပူနေရမှာထက်စာရင် ပုံမှန်ကားလေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေခိုင်းတာ။


ဒါကြောင့် ခြုံပြောရရင်တော့ သူ့ရဲ့ အကျိုးကျေးဇူးတွေက


၁။ စိတ်အေးချမ်းတယ်။ လွတ်လပ်တယ်။ ပေ့ါပါးတယ်။ စိုးရိမ်ပူပန်နေရတာတွေ သက်သာသွားမယ်။

၂။ ကုန်ကျစရိတ် အတော်သက်သာသွားမယ်။ ပိုက်ဆံပိုစုမိမယ်။ 

၃။ ကြီးကြီးကျယ်ကျယ် ပြောရရင် သဘာဝ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်တယ်။

၄။ ဘာသာရေးအရ ပြောရင် ဒီလောက်ကလေးတောင် မစွန့်နိုင်ဘဲ ကျန်တာတွေ စွန့်ဖို့ ခက်တယ်။ ဒါကြောင့် ဒီလိုဘဝနေနည်းက အခြေခံအကျဆုံး ကျင့်စဉ်တစ်ခုလို့တောင် ပြောလို့ရမယ်။

၅။ အလှူအတန်း လုပ်ပြီးသား ဖြစ်သွားတယ်။ လိုအပ်နေသူတွေကို ကူညီရာလည်း ရောက်တယ်။

၆။ ပိုက်ဆံကို တအား အဓိက မထားတော့ဘူး။ လက်တွဲဖော် ရွေးတဲ့အခါဖြစ်ဖြစ်၊ သူငယ်ချင်း ပေါင်းတဲ့အခါဖြစ်ဖြစ် ပိုက်ဆံကို သိပ်မကြည့်ဖြစ်တော့ဘူး။

၇။ ခရီးထွက်ရင်၊ အိမ်ပြောင်းရင်လည်း သိပ်လွယ်တယ်။


◾◾◾◾◾


“ပျော်ချင်တယ်ဆိုရင်”


ဘဝမှာ တအားချမ်းသာချင်တယ်၊ အိမ်ကြီးတွေ၊ တိုက်ကြီးတွေ ပိုင်ချင်တယ်၊ ဘဝမှာ နေရတုန်း ကောင်းကောင်းစားမယ်၊ ကောင်းကောင်းသုံးမယ် ဆိုတဲ့ သူတွေအတွက်တော့ ဒီဘဝနေနည်းက သဘောကျစရာ ဖြစ်မှာ မဟုတ်ဘူး။ ချမ်းသာခြင်း ဆိုတာကလည်း အောင်မြင်မှုလိုပဲ။ တစ်ယောက်နဲ့ တစ်ယောက် အဓိပ္ပါယ်ဖွင့်ဆိုမှုချင်း မတူဘူး။ တိုက်တွေ၊ ကားတွေ အများကြီးနဲ့ နေရတာကို ချမ်းသာတယ်လို့ ထင်ပေမဲ့ အဲဒါက ဗုဒ္ဓဘာသာအမြင်မှာတော့ ချမ်းသာ မဟုတ်ဘူး။ ဒါပေမဲ့ အပြိုင်အဆိုင်များပြီး ရုပ်ဝတ္ထု ကိုးကွယ်မှုတွေ များလာတဲ့ ဒီနေ့ခေတ်မှာ Minimalism က ပျော်ရွှင်မှုကို အထောက်အကူ ဖြစ်စေလိမ့်မယ် ဆိုတာတော့ သေချာတယ်။


မာလာရှမ်းကော စားပြီး ဟော့ပေါ့စားချင်တယ်။ ဘားအံက ပြန်လာပြီးရင် ပုဂံသွားချင်တယ်။ ဆမ်ဆောင်း ကိုင်နေတုန်ုး အိုင်ဖုန်း လိုချင်တယ်။ ဒီလောက် ဆွဲဆောင်မှုတွေ တအားများတဲ့ ခေတ်ကြီးမှာ ဘယ်တော့မှ လိုအင်ဆန္ဒက ပြည့်တယ်ရယ်လို့ မရှိဘူး။ တစ်ခုပြီး တစ်ခု လိုချင်နေမှာပဲ။ တကယ်တော့ ပျော်ရွှင်ခြင်းဆိုတာ လိုအင်ဆန္ဒတွေ ပြည့်သွားခြင်းမှာ ရှိတာ မဟုတ်ဘူး။ လိုအင်ဆန္ဒ နည်းခြင်းမှာသာ ရှိတယ်။ 


ပင်ကိုယ်ဗီဇအရ အဲ့လို လိုအင်နည်းတဲ့သူတွေတောင် လိုအပ်သလောက်နဲ့ပဲ ရောင့်ရဲတင်းတိမ်နိုင်ဖို့ ကြိုးစားရပါတယ်။ လူဆိုတော့ လောဘ ရှိတာကိုး။ သို့သော်လည်း ကြိုးစားရင် ရတယ်။ စိတ်ကို လေ့ကျင့်ပေးလို့ ရပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၈.၈.၂၀၂၀


ကိုးကား -

၁။ မေတ္တာသုတ်- သုခ

၂။ မင်္ဂလာတရားတော် - ဆရာတော် ဦးဇောတိက

၃။ 8 Essential principles of a simple lifestyle – Joshua Becker


[Zawgyi]“Minimalist”




◾◾◾◾◾


“Minimalism ဆိုတာ”


Minimalism ဆိုတာ Living with less လို႔ နားလည္ႏိုင္တယ္။ သေဘာကေတာ့ ဘုရားေလာင္း ေဝသႏၲရာမင္းလို ပါရမီျဖၫ့္တဲ့အေနနဲ႔ ရိွသမ်ွ အကုန္လႉတာမ်ိဳး မဟုတ္ဘူး။ ေတာထဲသြားၿပီး တဲတစ္လံုးနဲ႔ ေနဖို႔ထိလည္း မဟုတ္ဘူး။ တတ္ႏိုင္သေလာက္ ပစၥည္းနည္းနည္းနဲ႔ ေနတာကို ေခၚတာ။ Living with none မဟုတ္ဘူး။ Living with less ။ တကယ္လိုအပ္တဲ့ အရာေတြပဲ ခ်န္ထားၿပီး မလိုတာကို စြန႔္တဲ့သေဘာ၊ လိုအင္ဆႏၵေတြေနာက္ကို မလိုက္တဲ့ သေဘာပဲ။


◾◾◾◾◾


“ရိွသင့္သေလာက္ေတာ့ ရိွရမယ္”


ကြၽန္ေတာ္တို႔မွာ ကိုယ့္အဆင့္အတန္း၊ ကိုယ့္အလုပ္နဲ႔ ကိုက္ညီတဲ့ ပစၥည္းအသံုးအေဆာင္ေတြေတာ့ ရိွဖို႔ လိုတယ္။ ဘာမွမရိွဘဲ ေနလို႔ေတာ့ မရဘူး။ ကိုယ့္ကိုယ္ကိုယ္နဲ႔ နမူနာေပးမယ္။ ကြၽန္ေတာ့္မွာ ကားတစ္စီး ရိွဖို႔ လိုတယ္။ ပြဲေတြ သြားရင္ တက္စီနဲ႔ဆို အဆင္မေျပဘူး။ မိုးထဲေလထဲ ကားငွားေနရမယ္။ ေခြၽးထြက္မယ္။ အနံ႔ေတြ နံမယ္။ အခ်ိန္လည္း အတိအက် မွန္းရခက္တယ္။ ဒီေတာ့ ကားတစ္စီးေတာ့ ရိွမွရမယ္။ ဒါေပမဲ့ ကားအေကာင္းစားႀကီးေတာ့ ျဖစ္ေနစရာ မလိုဘူး။ အခု Honda Fit ေလးပဲ စီးတယ္။ ဒီကားေလးက ေသးတယ္။ ေမာင္းရလြယ္တယ္။ ဆီလည္း မစားဘူး။ တစ္ေနရာရာမွာ ရပ္ထားခဲ့ရရင္လည္း ဘယ္ကားက ဝင္တိုက္သြားမလဲ၊ ဘယ္သူက လက္ေဆာ့သြားမလဲ စိုးရိမ္ေနစရာ မလိုဘူး။ တသသနဲ႔ ျဖစ္မေနရဘူး။ 


ရႉးဖိနပ္ ၂ ရံ ရိွတယ္။ အညိုတစ္ရံ၊ အမည္းတစ္ရံ။ အေပၚက ေဘာင္းဘီနဲ႔ လိုက္ေအာင္ ဒီလို ၂ မ်ိဳးေတာ့ လိုမယ္။ ဒါေတြ မပ်က္စီးမခ်င္း အသစ္ထပ္မဝယ္ဘူး။ ဖိနပ္ဒီဇိုင္းစံု၊ ေရာင္စံုဝယ္မထားေတာ့ဘူး။


ပိုက္ဆံအိတ္က အရွည္တစ္ခု၊ အေသးတစ္ခု။ အက်ီနဲ႔ ေဘာင္းဘီကေတာ့ နည္းနည္းမ်ားတယ္။ ဒါေတြလည္း ေတာ္ေတာ္နဲ႔ ထပ္မဝယ္ေတာ့မဲ့အထဲ ပါတယ္။


ေျပာခ်င္တာက ကိုယ္လုပ္ေနတဲ့အလုပ္နဲ႔ ကိုက္ညီတဲ့ အေနအထားေတာ့ ရိွရမယ္။ အပိုေတာ့ မလိုခ်င္နဲ႔။ (ဒါ​ေၾကာင့္လည္း ဘယ္လိုအ​ေျခအ​ေနမ်ိဳးမွ Minimalism ျဖစ္မယ္လို႔ တိတိက်က် သတ္မွတ္လို႔ မရဘူး။ တစ္​ေယာက္နဲ႔ တစ္​ေယာက္ အ​ေျခအ​ေနခ်င္း မတူလို႔ပဲ။)


◾◾◾◾◾


“ပစၥည္းေတြပဲလား”


မဟုတ္ဘူး။ ဖုန္းထဲမွာဆို Theme ေတြ အမ်ားႀကီး ေဒါင္းထားတယ္။ မ်ားလြန္းတဲ့အျပင္ အကုန္လံုးကလည္း လွေနေတာ့ ကြၽန္ေတာ့္မွာ ဟိုဟာလည္း ထားခ်င္၊ ဒီဟာလည္း ထားခ်င္။ အခုေတာ့ နည္းနည္းပဲ ထားတယ္။ ထပ္လည္း မေဒါင္းေတာ့ဘူး။ ဒီလိုအေသးေလးေတြလည္း ပါတယ္။ 


ေနာက္ၿပီး လူေတြလည္း ပါမယ္။ မိတ္ေဆြမ်ားျခင္းက ေကာင္းတယ္။ သို႔ေသာ္ ကိုယ့္ဘဝအတြက္ အေရးႀကီးတဲ့၊ မျဖစ္မေန လိုအပ္တဲ့ လူအုပ္စုေလးကိုေတာ့ ပိုၿပီး အခ်ိန္ေပးရမယ္။ ဂရုစိုက္ရမယ္။ စဉ္းစားၾကၫ့္၊ ဒီသူငယ္ခ်င္းက ေခၚ၊ လိုက္သြားျပန္ၿပီ၊ ဒီလူ႔ကိစၥ လိုက္လုပ္ေပးျပန္ၿပီဆို ဘယ္မလဲ မိသားစုအတြက္ အခ်ိန္၊ ကိုယ့္အတြက္ အခ်ိန္။ ဒါေၾကာင့္ ပစၥည္းေတြတင္ မဟုတ္ဘူး။ လူေတြနဲ႔ ပတ္သက္ရင္လည္း Minimalist လုပ္ဖို႔ လိုမယ္။


◾◾◾◾◾


“အဓိက က လူနဲ႔ဆိုင္”


ပိုက္ဆံခ်မ္းသာတဲ့သူကေတာ့ ဒီေန့ေခတ္လိုမ်ိဳးမွာ လိုအင္ဆႏၵကို ထိန္းဖို႔ ခက္လိမ့္မယ္။ ပိုက္ဆံမရိွရင္ေတာ့ အလိုလို ထိန္းခ်ဳပ္ၿပီးသား ျဖစ္သြားတယ္။ သို႔ေသာ္လည္း ဒါက ဝယ္ႏိုင္ျခင္း၊ မဝယ္ႏိုင္ျခင္းနဲ႔ မဆိုင္ဘူး။ ကိုယ့္ရဲ့ လိုအင္ဆႏၵနဲ႔ ဆိုင္တာ။ ဘုရားေဟာထဲမွာ ဖတ္ဖူးတဲ့၊ ေပါက္တူးကိုေတာင္ မစြန႔္ႏိုင္တဲ့သူလိုပဲ။ မဝယ္ႏိုင္လို႔သာ မဝယ္တာ။ လိုခ်င္ေနတာပဲေလ။ 


ဝယ္ႏိုင္ခ်င္ ဝယ္ႏိုင္မယ္၊ သို႔ေသာ္ မဝယ္ဘူး။ မဝယ္ႏိုင္လို႔ ႀကိတ္မိွတ္ေနရတာမ်ိဳးလည္း မဟုတ္ဘူး၊ လိုခ်င္စိတ္ကို မျဖစ္တာ။ ဒီလိုမ်ိဳးကိုမွ Minimalist လို႔ ေခၚႏိုင္မယ္ ထင္ပါတယ္။


◾◾◾◾◾


“ဘုရားက ဘယ္လိုေဟာထားသလဲ”


သႏၲုႆေကာစ တဲ့။ ပါဠိစကားမို႔ စိမ္းလွတယ္ မထင္နဲ႔။ ကိုယ္ေတြ ေန့စဉ္နဲ႔အမ်ွ ရြတ္ေနတဲ့ ေမတၲာသုတ္ရဲ့ ဒုတိယအပိုဒ္မွာ ပါတယ္။ အဓိပၸါယ္က ေရာင့္ရဲတင္းတိမ္လြယ္သူ ျဖစ္ရာ၏ တဲ့။ ေရာင့္ရဲတယ္ဆိုတာက ရသမ်ွ၊ ရိွသမ်ွနဲ႔ ေက်နပ္တာ။ တင္းတိမ္တယ္ဆိုတာက အဲ့လို ေနရတာကို ႏွစ္သက္တတ္တဲ့စိတ္လို႔ ဆိုပါတယ္။ ေမတၲာပြားႏိုင္ဖို႔ အေျခခံလိုအပ္ခ်က္ေတြထဲက တစ္ခုပါ။ သေဘာက ေမတၲာပြားႏိုင္သူ ျဖစ္ခ်င္ရင္ ေရာင့္ရဲတင္းတိမ္တတ္ဖို႔ လိုတယ္။ 


ေျပာရရင္ Minimalist ဆိုလို႔သာ ထူးဆန္းေနတာ။ တကယ္က ဘုရားေဟာထဲ ပါၿပီးသား။ ၃၈ ျဖာ မဂၤလာမွာလည္း ဒါက တစ္ပါးအေနနဲ႔ ပါဝင္တယ္။ မဂၤလာ ဆိုတာ ျမန္မာလို ေအာင္ျမင္ၿပီးေျမာက္ျခင္း၊ ျပၫ့္စံုျခင္းလို႔ အဓိပၸါယ္ထြက္တယ္။ လူတစ္ေယာက္အေနနဲ႔ ျပၫ့္စံုမႈရဖို႔ဆို ေရာင့္ရဲတင္းတိမ္ျခင္းက လိုအပ္တယ္။ ေမတၲာသုတ္ေတြ၊ မဂၤလသုတ္ေတြဆိုတာ ရြတ္ေနရံုနဲ႔ ေမတၲာတရား ႀကီးမားသူ၊ မဂၤလာတရားနဲ႔ ျပၫ့္စံုသူ ျဖစ္မလာဘူး။ တကယ္က်င့္သံုးမွ ရမွာပါ။ ဒီအတြက္ Minimalism က အေထာက္အကူ ေပးႏိုင္ပါတယ္။


◾◾◾◾◾


“လႉရာလည္း ေရာက္တယ္”


ကြၽန္ေတာ့္မွာ အက်ီေတြဆို ဟိုက ေပး၊ ဒီက ေပးနဲ႔ အမ်ားႀကီးပဲ။ ေနာက္ပိုင္း ကိုယ္နဲ႔ ဘယ္လိုမွ မလိုက္မွန္း သိသြားလို႔ မဝတ္ျဖစ္ေတာ့တဲ့ အက်ီေတြ၊ မေတာ္ေတာ့တဲ့ အက်ီေတြဆို အကုန္စုၿပီး သူမ်ားေတြ ေပးလိုက္တယ္။ အမိႈက္သိမ္းတဲ့ ေကာင္ေလးကို တီရွပ္ ၂ ထည္ ေပးလိုက္ေတာ့ ေပ်ာ္ေနလိုက္တာ။ သူတို႔အတြက္က် အသစ္လိုပဲကိုး။


ဟိုေန့ကလည္း ပြဲေပါင္းမ်ားစြာက ရထားတဲ့ ဖန္ခြက္ေတြ၊ ေရဗူးေတြ စုၿပီးေတာ့ ရံုးက Cleaner အစ္မႀကီးကို ေပးလိုက္တယ္။ ကိုယ္တိုင္လည္း ယူ၊ ပတ္ဝန္းက်င္က လူေတြကိုလည္း ခြဲေပးလိုက္ပါလို႔။ စဉ္းစားၾကၫ့္ရင္ ကိုယ္လည္း ဒီေလာက္ ဗူးေတြ အမ်ားႀကီး တစ္ၿပိဳင္တည္း မေသာက္ႏိုင္ဘူး။ ဒီအတိုင္းႀကီး ထားထားရတာ။ ခုလို ေပးလိုက္ေတာ့ လိုအပ္သူအတြက္က် အက်ိဳးရိွသြားတယ္။


◾◾◾◾◾


“စြဲလမ္းေနတာ အက်ိဳးမရိွ”


လိုအင္ဆႏၵ နည္းတယ္ဆိုေပမဲ့ ကြၽန္ေတာ့္မွာလည္း စြဲလမ္းတဲ့အရာေတြေတာ့ ရိွတာပဲ။ ဥပမာဆို စာအုပ္ေပါ့။ ေရးတဲ့ ဗလာစာအုပ္လွလွေလးေရာ၊ ဖတ္တဲ့ စာအုပ္ေတြေရာ သိပ္သေဘာက်တာ။ စီးတီးမတ္ေရာက္ရင္ စာအုပ္တန္းကို ဝယ္စရာရိွရိွ မရိွရိွ သြားသြားၾကၫ့္တယ္။ ျမင္ေနရရင္ကို ေပ်ာ္တာ။


ဟိုရက္ကေတာ့ စာအုပ္စင္ ရွင္းျဖစ္တယ္။ Exodus ဆိုတဲ့ စာအုပ္ဆို ကြၽန္ေတာ္ တအားႀကိဳက္တာ။ ငယ္ငယ္က စာၾကၫ့္တိုက္မွာ ဖတ္ဖူးၿပီး ေနာက္ေတာ့ ဝယ္သိမ္းထားတာ။ အဲဒါ အခု ၾကၫ့္လိုက္ေတာ့ စာရြက္အေရာင္ေတြ ေျပာင္းကုန္ၿပီ။ အနံ႔ေတြလည္း မေကာင္းေတာ့ဘူး။ အဲဒီမွာ ဘာသြားေတြးမိလဲဆိုေတာ့ ကိုယ့္ရဲ့ စြဲလမ္းစိတ္နဲ႔ သိမ္းထားတဲ့ စာအုပ္ေတြက ကိုယ့္စာအုပ္စင္မွာတင္ ပ်က္စီးကုန္တယ္။ တျခားသူကိုပါ ေပးခဲ့ရင္ သူ ဖတ္လို႔ရတယ္။ အက်ိဳးရိွသြားမယ္။ 


စံပယ္ျဖဴႏုဆို စီးရီးလိုက္၊ ေသာ္တာေအးလဲ့၊ လကၤာရည္ေက်ာ္၊ ဂ်ူး၊ တကၠသိုလ္ဘုန္းႏိုင္၊ အဲ့လို အစဉ္လိုက္ကေလးေတြ ထားထားရတာကို ႀကိဳက္တာ။ ခုေတာ့ စိတ္ျဖတ္လိုက္တယ္။ ဒါေၾကာင့္ ျပန္ကိုးကားဖို႔ လိုတဲ့ စာအုပ္ေတြ၊ ျပန္ျပန္ဖတ္မဲ့ စာအုပ္ေတြ၊ လက္ေဆာင္ရထားတဲ့ စာအုပ္ေတြကလြဲရင္ က်န္တာအကုန္ ေပးဖို႔ လုပ္လိုက္တယ္။ စာအုပ္စင္လည္း ရွင္းသြားသလို ပိုသိသာတာက ကြၽန္ေတာ့္စိတ္ေတြပါ ေပါ့ပါးကုန္တာပဲ။


◾◾◾◾◾


“စိတ္ ဘယ္လိုျဖတ္မလဲ”


အိမ္ရွင္းၿပီဆို ပစၥည္းေတြ ထြက္လာတယ္။ အဲဒီအခါ ဒါေလးက ခ်စ္စရာေလး၊ ဒီတစ္ခုေတာ့ သိမ္းထားလိုက္ဦးမယ္ စသျဖင့္ ျဖစ္တတ္တယ္။ စဉ္းစားၾကၫ့္၊ ကိုယ္ေတာင္ အသံုးမလိုလို႔ ေမ့ေနလို႔ ခု အိမ္ရွင္းမွ ထြက္လာတာ။ အဲဒါကို ခုက်မွ သေဘာေတြက်ၿပီး သိမ္းထားဦးမယ္ဆိုေတာ့ မခက္ဘူးလား။


ကြၽန္ေတာ္ကေတာ့ အဲ့လို တခုခုကို ေပးေတာ့မယ္ဆိုတိုင္း ေနာင္မ်ား ျပန္လိုလာမလား၊ ဆက္သိမ္းထားရမလား ဆိုတဲ့ အေတြးမ်ိဳး ဝင္လာရင္ တစ္ႏွစ္နဲ႔ ျဖတ္လိုက္တယ္။ လြန္ခဲ့တဲ့ ၁ ႏွစ္အတြင္း ငါ ဒါကို သံုးထားသလား သံုးထားတယ္ဆို ဆက္ထား။ မသံုးဘူးဆို ဆက္မထားေတာ့ဘူး။ 


ေနာက္တစ္ခုက သတိျပဳမိဖို႔လည္း အေရးႀကီးတယ္။ အဲ့လို လိုခ်င္စိတ္ ျဖစ္လာၿပီဆို အဲဒီစိတ္ကေလးကို ျမင္ေအာင္ ၾကၫ့္၊ တအားစားခ်င္ေနတဲ့ အစားအစာ စားပြဲကို ေရာက္မလာေသးတဲ့ အခ်ိန္မ်ိဳးမွာ ကိုယ့္ကိုယ္ကိုယ္ သတိထားၾကၫ့္ၾကၫ့္။ သိပ္ပူေလာင္ေနတာကို ေတြ့ရမယ္။ အဲ့လို သတိထား ၾကၫ့္ရင္း ၾကၫ့္ရင္းနဲ႔ လိုခ်င္စိတ္က သူ႔အလိုလို ေပ်ာက္သြားတယ္။ ဒါေၾကာင့္လည္း ဗုဒၶဘာသာမွာ သတိ ဟာ သိပ္အေရးႀကီးတာ ျဖစ္ပါတယ္။


◾◾◾◾◾


“အခက္အခဲ”


အိမ္မွာ Minimalism က်င့္သံုးဖို႔ အႀကီးမားဆံုး အခက္အခဲကေတာ့ အေဖနဲ႔ အေမပဲ။ အတင္းတုပ္လိုက္ဦးမယ္ 😂 အကုန္ကို သိမ္းတာေနာ္။ ေနာက္ဆံုး လက္ေဆာင္လာေပးတဲ့ ျခင္းကအစ သိမ္းထားတာ။ ကြၽန္ေတာ့္ေဆာင္းပါး ပါတဲ့ ဂ်ာနယ္ေတြဆိုလည္း အထပ္လိုက္။ ဘယ္လိုေျပာေျပာလည္း မရဘူး။ လင္မယားႏွစ္ေယာက္တည္းဆိုရင္ေတာင္ ကိုယ္က အဲ့လိုေနခ်င္ရင္ ကိုယ့္အိမ္ေထာင္ဖက္က စိတ္တူကိုယ္တူ ျဖစ္ဦးမွ။ မဟုတ္ရင္ေတာ့ သိပ္ထူးျခားမွာ မဟုတ္ဘူး။ တစ္ကိုယ္တည္း ေနရတဲ့သူဆိုရင္ေတာ့ ပိုလြယ္လိမ့္မယ္။ ေနာက္ၿပီး အေပါင္းအသင္းကလည္း အေရးႀကီးေသးတယ္။ ကိုယ့္ကို ဒီလိုေတြ သံုးဖို႔၊ စားဖို႔၊ ဝယ္ဖို႔ တိုက္တြန္းေနတဲ့သူမ်ိဳးဆို အဆင္မေျပႏိုင္ဘူး။ 


◾◾◾◾◾


“အက်ိဳးေက်းဇူးေတြ”


တခ်ိဳ႕က်ေတာ့ လူျဖစ္တုန္းခဏ သံုးမယ္၊ စြဲမယ္၊ ဘဝကို Enjoy လုပ္မယ္။ ခ်ဳပ္တည္းမေနႏိုင္ဘူးလို႔ ဆိုတယ္။ ဒီ Minimalism ကလည္း ဘဝကို မေပ်ာ္မရႊင္ ေနခိုင္းတာ မဟုတ္ဘူး။ မ်ားလြန္းတဲ့အတြက္ လူက မေပ်ာ္ေတာ့လို႔ နည္းနည္းကေလးကို အာရံုစိုက္ၿပီး ႏွစ္သက္ေက်နပ္တတ္ေအာင္ ေလ့က်င့္ခိုင္းတာ။ အေပၚမွာ ေျပာခဲ့သလိုပဲ ကားအေကာင္းစားႀကီး စီးၿပီး စိတ္ပူေနရမွာထက္စာရင္ ပံုမွန္ကားေလးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနခိုင္းတာ။


ဒါေၾကာင့္ ၿခံဳေျပာရရင္ေတာ့ သူ႔ရဲ့ အက်ိဳးေက်းဇူးေတြက


၁။ စိတ္ေအးခ်မ္းတယ္။ လြတ္လပ္တယ္။ ေပ့ါပါးတယ္။ စိုးရိမ္ပူပန္ေနရတာေတြ သက္သာသြားမယ္။

၂။ ကုန္က်စရိတ္ အေတာ္သက္သာသြားမယ္။ ပိုက္ဆံပိုစုမိမယ္။ 

၃။ ႀကီးႀကီးက်ယ္က်ယ္ ေျပာရရင္ သဘာဝ ပတ္ဝန္းက်င္ကိုလည္း ထိန္းသိမ္းရာ ေရာက္တယ္။

၄။ ဘာသာေရးအရ ေျပာရင္ ဒီေလာက္ကေလးေတာင္ မစြန႔္ႏိုင္ဘဲ က်န္တာေတြ စြန႔္ဖို႔ ခက္တယ္။ ဒါေၾကာင့္ ဒီလိုဘဝေနနည္းက အေျခခံအက်ဆံုး က်င့္စဉ္တစ္ခုလို႔ေတာင္ ေျပာလို႔ရမယ္။

၅။ အလႉအတန္း လုပ္ၿပီးသား ျဖစ္သြားတယ္။ လိုအပ္ေနသူေတြကို ကူညီရာလည္း ေရာက္တယ္။

၆။ ပိုက္ဆံကို တအား အဓိက မထားေတာ့ဘူး။ လက္တြဲေဖာ္ ေရြးတဲ့အခါျဖစ္ျဖစ္၊ သူငယ္ခ်င္း ေပါင္းတဲ့အခါျဖစ္ျဖစ္ ပိုက္ဆံကို သိပ္မၾကၫ့္ျဖစ္ေတာ့ဘူး။

၇။ ခရီးထြက္ရင္၊ အိမ္ေျပာင္းရင္လည္း သိပ္လြယ္တယ္။


◾◾◾◾◾


“ေပ်ာ္ခ်င္တယ္ဆိုရင္”


ဘဝမွာ တအားခ်မ္းသာခ်င္တယ္၊ အိမ္ႀကီးေတြ၊ တိုက္ႀကီးေတြ ပိုင္ခ်င္တယ္၊ ဘဝမွာ ေနရတုန္း ေကာင္းေကာင္းစားမယ္၊ ေကာင္းေကာင္းသံုးမယ္ ဆိုတဲ့ သူေတြအတြက္ေတာ့ ဒီဘဝေနနည္းက သေဘာက်စရာ ျဖစ္မွာ မဟုတ္ဘူး။ ခ်မ္းသာျခင္း ဆိုတာကလည္း ေအာင္ျမင္မႈလိုပဲ။ တစ္ေယာက္နဲ႔ တစ္ေယာက္ အဓိပၸါယ္ဖြင့္ဆိုမႈခ်င္း မတူဘူး။ တိုက္ေတြ၊ ကားေတြ အမ်ားႀကီးနဲ႔ ေနရတာကို ခ်မ္းသာတယ္လို႔ ထင္ေပမဲ့ အဲဒါက ဗုဒၶဘာသာအျမင္မွာေတာ့ ခ်မ္းသာ မဟုတ္ဘူး။ ဒါေပမဲ့ အၿပိဳင္အဆိုင္မ်ားၿပီး ရုပ္ဝတၴု ကိုးကြယ္မႈေတြ မ်ားလာတဲ့ ဒီေန့ေခတ္မွာ Minimalism က ေပ်ာ္ရႊင္မႈကို အေထာက္အကူ ျဖစ္ေစလိမ့္မယ္ ဆိုတာေတာ့ ေသခ်ာတယ္။


မာလာရွမ္းေကာ စားၿပီး ေဟာ့ေပါ့စားခ်င္တယ္။ ဘားအံက ျပန္လာၿပီးရင္ ပုဂံသြားခ်င္တယ္။ ဆမ္ေဆာင္း ကိုင္ေနတုႏ္ုး အိုင္ဖုန္း လိုခ်င္တယ္။ ဒီေလာက္ ဆြဲေဆာင္မႈေတြ တအားမ်ားတဲ့ ေခတ္ႀကီးမွာ ဘယ္ေတာ့မွ လိုအင္ဆႏၵက ျပၫ့္တယ္ရယ္လို႔ မရိွဘူး။ တစ္ခုၿပီး တစ္ခု လိုခ်င္ေနမွာပဲ။ တကယ္ေတာ့ ေပ်ာ္ရႊင္ျခင္းဆိုတာ လိုအင္ဆႏၵေတြ ျပၫ့္သြားျခင္းမွာ ရိွတာ မဟုတ္ဘူး။ လိုအင္ဆႏၵ နည္းျခင္းမွာသာ ရိွတယ္။ 


ပင္ကိုယ္ဗီဇအရ အဲ့လို လိုအင္နည္းတဲ့သူေတြေတာင္ လိုအပ္သေလာက္နဲ႔ပဲ ေရာင့္ရဲတင္းတိမ္ႏိုင္ဖို႔ ႀကိဳးစားရပါတယ္။ လူဆိုေတာ့ ေလာဘ ရိွတာကိုး။ သို႔ေသာ္လည္း ႀကိဳးစားရင္ ရတယ္။ စိတ္ကို ေလ့က်င့္ေပးလို႔ ရပါတယ္။


ေဒါက္တာ ၿဖိဳးသီဟ

၈.၈.၂၀၂၀


ကိုးကား -

၁။ ေမတၲာသုတ္- သုခ

၂။ မဂၤလာတရားေတာ္ - ဆရာေတာ္ ဦးေဇာတိက

၃။ 8 Essential principles of a simple lifestyle – Joshua Becker

No comments: