Thursday, June 24, 2021

“မဟာသမယအခါတော်နေ့"

 [Unicode]“မဟာသမယအခါတော်နေ့ နှင့်

နယုန်လပြည့်နေ့၏ ထူးခြားချက်များ” 

•••••••••••••••••••••••••••••••••••••••••




နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေးမှတ်တိုင်ကို စိုက်ထူနိုင်သော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။


မြတ်စွာဘုရားသည်ထိုနေ့၌ ကပိလဝတ်ပြည်မဟာဝုန်တောကြီးအတွင်း မဟာသမယသုတ်ဟောကြားတော်မူသည်ကို အကြောင်းပြု၍ နယုန်လပြည့်နေ့၌ “မဟာသမယအခါတော်ပွဲ” ကျင်းပရခြင်း ဖြစ်ပါသည်။ 


နယုန်လပြည့်နေ့၏ ထူးခြားချက်များမှာ-

•••••••••••••••••••••••••••••••••••••••••••••

(၁) ရေလုပွဲဆင်နွှဲကြသောတောင်သူလယ်သမားတို့ 

ငြင်းခုံ ခိုက်ရန်ဘေးမှကင်းဝေးခြင်း။ 

(၂) ကပိလဝတ် နှင့် ကောလိယ နှစ်ပြည်ထောင် 

စစ်ခင်းတော့မည့် ဘေးအန္တရာယ်မှကင်းဝေးပြီး၊

ငြိမ်းချမ်းရေးရသောနေ့ဖြစ်ခြင်း။ 

(၃) နတ်၊ဗြဟ္မာ၊အသူရာ နှင့် ဂဠုန်၊နဂါးများ၊

ရဟန်းတော်များ ဤ-တစ်ကြိမ်တည်းသာ စုရုံးမိသောနေ့ဖြစ်ခြင်း။ 

(၄) မင်းသားငါးရာ သာ့သနာဘောင်သို့ ဝင်ရောက်သောနေ့ဖြစ်၍ ထူးခြားခြင်း။

(၅) ရဟန်းတော် ငါးရာလုံး ရဟန္တာချည်းဖြစ်သောနေ့ဖြစ်၍ ထူးခြားခြင်း။

(၆) “နိမ္မိတဘုရား” ကမေး၍ “ပကတိဘုရား” က

ဖြေဆိုသည်ကို နာရသောကြောင့် ထူးခြားခြင်း။

(၇) မဟာသမယကို အကြောင်းပြု၍ ဂဠုန်နှင့်နဂါးတို့ခိုက်ရန်မဖက် မေတ္တာသက်ဝင်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

(၈) မဟာသမယဆိုင်ရာ သုတ္တန် ၇မျိုးကို ဟောကြားသော နေ့ဖြစ်၍ ထူးခြားခြင်း။

(၉) ဘိက္ခုနီသာသနာ လမ်းစပေါ်သောနေ့ဖြစ်၍ထူးခြားခြင်း။


ဤထူးခြားမှုများကို အာရုံပြု၍ ဗုဒ္ဓဘာသာဝင်တို့က နယုန်လပြည့်နေ့ကို မဟာသမယ အခါတော်နေ့

အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပါသည်။ 


“မဟာသမယ သမိုင်း”

••••••••••••••••••••••••••

ရှေးအခါက အိန္ဒိယနိုင်ငံတွင် ကပိလ၀တ်ပြည်မှ 

လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှရေကို အကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဖူး၏။ 


လယ်သမားများကိုအကြောင်းပြု၍ နှစ်ဖက်နိုင်ငံမှ မင်းညီမင်းသားများနှင့် စစ်သည်တော်များသည်လည်း ရောဟိနီမြစ်ရှိရာသို့ ရောက်ရှိလာကြ၏။ နှစ်ဖက်နိုင်ငံမှ လူအများတို့သည်တုတ်၊ဓား၊လက်နက်ကိုင်ဆောင်၍ ထိုးခုတ်တိုက်ခိုက်တော့မည့်အခြေအနေသို့ ရောက်ရှိနေကြ၏။ 


ပဋိပက္ခဖြစ်သည့်နေရာသို့ မြတ်စွာဘုရားရောက်ရှိလာပြီး၊ငြိမ်းချမ်းရေးကို ရှေ့ရှု၍ အောက်ပါဝတ္တုများကို သာဓကထုတ်၍ ငြိမ်းချမ်းရေးတရားကို ဟောကြားတော်မူလေသည်။ 


(၁)။ ၀က်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ 

နှစ်ဦးစလုံးပျက်စီးကြပုံ “ဖန္ဒနဇာတ်”၊ 


(၂)။ မြေပြိုပါပြီဟု ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသော ယုန်တစ်ကောင်၏စကားကို ယုံမှား၍ တိရစ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခ ရောက်ကြရပုံ "ဒုဒ္ဒုဘဇာတ်”၊ (ပထဝီဥန္ဒြိယဇာတ်)၊ 


(၃)။ အားသေးသော နှံစုတ်ငှက်မက အားကြီးသော

ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံ “လဋုကိလဇာတ်”၊ 


(၄)။ ညီညွတ်စဉ်ခါက ရန်သူ၏လက်မှ လွတ်မြောက်သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်း မညီမညွတ်ဖြစ်လာသောအခါ ငုံးငှက်များ မုဆိုး၏ပိုက်ကွန်၌ အမိခံရပုံ “သမ္မောဒမာနဇာတ်”၊ 


(၅)။ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်း တည်နေ၍ လေဘေးအန္တရာယ်မှ ကင်းဝေးနိုင်ပုံ "ရုက္ခဓမ္မဇာတ်”၊ 


(၆)။ မိမိကိုယ်ကို ထိန်းသိမ်းဆုံးမရန် "အတ္တဒဏ္ဍ”သုတ်ကို ထုတ်ဆောင်ဟောပြ ဆုံးမတော်မူပါသည်။ 


အထက်ပါ သာဓက (၆) မျိုးကို နာကြားရသောအခါ နှစ်ဖက်တိုင်းပြည်မှ လယ်သမားများနှင့် မင်းညီမင်းသားစစ်သည်တော်များသည် ဒေါသမီးငြိမ်းစဲကာ လက်နက်များကိုစွန့်ပယ်၍ မေတ္တာဓာတ်များ 

သက်ဝင်လာကြကုန်၏။ 


တစ်ဖက်လျှင် ၂၅၀ စီ နှစ်ပြည်ထောင်မှ မင်းသားငါးရာတို့ သာသနာ့ဘောင်သို့ ဝင်၍ ရဟန်းပြုကြကုန်၏။ 


ထိုရဟန်းတော်များသည် ဇနီးမယားကို အောက်မေ့

တမ်းတ သတိရပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ဘဲ ရှိကြရာ မြတ်စွာဘုရားက ဟိမဝန္တာတောအတွင်း ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့် ခေါ်ဆောင်၍ ကုဏာလ ငှက်မင်း၏ ဇာတ်ကြောင်းကို ဟောပြောတော်မူပါသည်။ 


တရားအဆုံး၌ ရဟန်းငါးရာလုံး သောတာပန် ဖြစ်တော်မူကြပါသည်။ 


မြတ်စွာဘုရားသည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူရာ အပြန်ခရီးတွင် သောတာပန်ရဟန်းငါးရာလုံး မိမိတို့၏ တန်ခိုးတော်ဖြင့် လိုက်ပါလာကြကုန်၏။ 


ထိုမဟာဝုန်တောကြီး၌ တရားတော်ကို ဆက်လက်

အားထုတ်ရာ ရဟန်းတော်အားလုံး ရဟန္တာချည်း 

ဖြစ်တော်မူကြပါသည်။ 


ရဟန်းငါးရာတိုးသည် မိမိတို့ရရှိပြီးသောတရားထူးကို လျှောက်ထားရန် မြတ်စွာဘုရားကို ဖူးမြော်ရန် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် မြတ်စွာဘုရား

အထံသို့ စုရုံးရောက်ရှိလာကြကုန်၏။ ဤကဲ့သို့ 

ထူးခြားသော သံဃာ့အစည်းအဝေးကြီးကို တွေ့မြင်ကြည်ညိုလိုကြကုန်သော နတ်ဗြဟ္မာ အသုရာနှင့် 

ဂဠုန်၊နဂါးတို့သည် မဟာဝှန်တောကြီးသို့ အုပ်စုလိုက်စုရုံးရောက်ရှိလာကြကုန်၏။ 


ဘုရားရှင်လက်ထက်တော်အခါက နယုန်လပြည့်နေ့တွင် ဤကဲ့သို့ နတ်ဗြဟ္မာများ စုရုံးစည်းဝေးမိသောအချိန်ကို “မဟာသမယ” ဟုခေါ်ဆိုပါသည်။ 


ထိုနတ်သဘင်အစည်းအဝေး၌ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်သောအားဖြင့် မိန့်ကြားသောစကားတော်များကို "မဟာသမယသုတ်”ဟု ခေါ်ဆိုရပါသည်။ 


မဟာသမယသုတ်တော်ကြီးကို ဟောကြားပြီးနောက် စရိုက်အားလျော်စွာ အောက်ပါသုတ်တော်များကို ဆက်လက်ဟောကြားတော်မူပါသည်။ 


(၁)။ ရာဂစရိုက် အားကြီးသူတို့အတွက် 

သမ္မာပရိဗ္ဗာဇနိယသုတ်၊

(၂)။ ဒေါသစရိုက် အားကြီးသူတို့အတွက် 

ကလဟဝိဝါဒသုတ်၊

(၃)။ မောဟစရိုက် အားကြီးသူတို့အတွက် 

မဟာဗျူဟသုတ်၊

(၄)။ ဝိတက်စရိုက် အားကြီးသူတို့အတွက် 

စုဠဗျူဟသုတ်၊

(၅)။ သဒ္ဓါစရိုက် အားကြီးသူတို့အတွက် 

တုဝဋကသုတ်၊

(၆)။ ပညာစရိုက် အားကြီးသူတို့အတွက် 

ပုရာဘေဒသုတ်၊ 

တို့ကို ဟောကြားတော်မူရာ နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီ ကျွတ်တမ်းဝင်ကြလေသည်။ 


ဣဒံပန မဟာသမယသုတ်တံ

နာမ ဒေဝတာနံ ပိယံ မနာပံ၊

တသ္မာ မင်္ဂလံ ဝဒန္တေန အဘိနဝဌာနေသု

ဣဒမဝေ သုတ်တံ ဝတ်တဗ်ဗံ။

(ဒီ၊ ဋ္ဌ၊ ၂၊ နှာ၊ ၂၈၇။)


❁နိဗ္ဗာန်ဏဿ ပစ္စယော ဟောတု❁


🙏🙏🙏🙏🙏

ဓမ္မဒါနပြန်လည်မျှဝေပါသည်။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ_အလှူအားလုံးတို့တွင် တရားအလှူသည် အမြတ်ဆုံးဖြစ်၏။

"ဓမ္မစကား နေ့တိုင်းကြားက စိတ်ထားဖွေးမြတ် သိဉာဏ်ထက်၏”


💠 ဓမ္မကို ဖြန့်ဝေသောသူသည် "သာသနာပြုသူ" မည်ပါ၏။ ဓမ္မကို ဖြန့်ဝေခြင်းမှာ "ပတ္တိဒါနကုသိုလ်" ဖြစ်ပါ၏။


[Zawgyi]“မဟာသမယအခါေတာ္ေန့ ႏွင့္

နယုန္လျပၫ့္ေန့၏ ထူးျခားခ်က္မ်ား” 

•••••••••••••••••••••••••••••••••••••••••




နယုန္လျပၫ့္ေန့သည္ ဗုဒၶဘာသာဝင္တို႔အဖို႔ ၿငိမ္းခ်မ္းေရးမွတ္တိုင္ကို စိုက္ထူႏိုင္ေသာ သမိုင္းဝင္ ေန့ထူးေန့ျမတ္ႀကီးျဖစ္ပါသည္။


ျမတ္စြာဘုရားသည္ထိုေန့၌ ကပိလဝတ္ျပည္မဟာဝုန္ေတာႀကီးအတြင္း မဟာသမယသုတ္ေဟာၾကားေတာ္မူသည္ကို အေၾကာင္းျပဳ၍ နယုန္လျပၫ့္ေန့၌ “မဟာသမယအခါေတာ္ပြဲ” က်င္းပရျခင္း ျဖစ္ပါသည္။ 


နယုန္လျပၫ့္ေန့၏ ထူးျခားခ်က္မ်ားမွာ-

•••••••••••••••••••••••••••••••••••••••••••••

(၁) ေရလုပြဲဆင္ႏႊဲၾကေသာေတာင္သူလယ္သမားတို႔ 

ျငင္းခံု ခိုက္ရန္ေဘးမွကင္းေဝးျခင္း။ 

(၂) ကပိလဝတ္ ႏွင့္ ေကာလိယ ႏွစ္ျပည္ေထာင္ 

စစ္ခင္းေတာ့မၫ့္ ေဘးအႏၲရာယ္မွကင္းေဝးၿပီး၊

ၿငိမ္းခ်မ္းေရးရေသာေန့ျဖစ္ျခင္း။ 

(၃) နတ္၊ျဗဟၼာ၊အသူရာ ႏွင့္ ဂဠုန္၊နဂါးမ်ား၊

ရဟန္းေတာ္မ်ား ဤ-တစ္ႀကိမ္တည္းသာ စုရံုးမိေသာေန့ျဖစ္ျခင္း။ 

(၄) မင္းသားငါးရာ သာ့သနာေဘာင္သို႔ ဝင္ေရာက္ေသာေန့ျဖစ္၍ ထူးျခားျခင္း။

(၅) ရဟန္းေတာ္ ငါးရာလံုး ရဟႏၲာခ်ည္းျဖစ္ေသာေန့ျဖစ္၍ ထူးျခားျခင္း။

(၆) “နိမၼိတဘုရား” ကေမး၍ “ပကတိဘုရား” က

ေျဖဆိုသည္ကို နာရေသာေၾကာင့္ ထူးျခားျခင္း။

(၇) မဟာသမယကို အေၾကာင္းျပဳ၍ ဂဠုန္ႏွင့္နဂါးတို႔ခိုက္ရန္မဖက္ ေမတၲာသက္ဝင္ေသာေန့ျဖစ္၍ ထူးျခားျခင္း၊

(၈) မဟာသမယဆိုင္ရာ သုတၲန္ ၇မ်ိဳးကို ေဟာၾကားေသာ ေန့ျဖစ္၍ ထူးျခားျခင္း။

(၉) ဘိကၡုနီသာသနာ လမ္းစေပၚေသာေန့ျဖစ္၍ထူးျခားျခင္း။


ဤထူးျခားမႈမ်ားကို အာရံုျပဳ၍ ဗုဒၶဘာသာဝင္တို႔က နယုန္လျပၫ့္ေန့ကို မဟာသမယ အခါေတာ္ေန့

အထိမ္းအမွတ္အျဖစ္ က်င္းပျခင္းျဖစ္ပါသည္။ 


“မဟာသမယ သမိုင္း”

••••••••••••••••••••••••••

ေရွးအခါက အိႏၵိယႏိုင္ငံတြင္ ကပိလ၀တ္ျပည္မွ 

လယ္သမားမ်ားႏွင့္ ေကာလိယျပည္မွ လယ္သမားတို႔ ေရာဟိနီျမစ္မွေရကို အေၾကာင္းျပဳ၍ ေရလုပြဲႀကီး ဆင္ႏႊဲခဲ့ၾကဖူး၏။ 


လယ္သမားမ်ားကိုအေၾကာင္းျပဳ၍ ႏွစ္ဖက္ႏိုင္ငံမွ မင္းညီမင္းသားမ်ားႏွင့္ စစ္သည္ေတာ္မ်ားသည္လည္း ေရာဟိနီျမစ္ရိွရာသို႔ ေရာက္ရိွလာၾက၏။ ႏွစ္ဖက္ႏိုင္ငံမွ လူအမ်ားတို႔သည္တုတ္၊ဓား၊လက္နက္ကိုင္ေဆာင္၍ ထိုးခုတ္တိုက္ခိုက္ေတာ့မၫ့္အေျခအေနသို႔ ေရာက္ရိွေနၾက၏။ 


ပဋိပကၡျဖစ္သၫ့္ေနရာသို႔ ျမတ္စြာဘုရားေရာက္ရိွလာၿပီး၊ၿငိမ္းခ်မ္းေရးကို ေရ႔ွရႈ၍ ေအာက္ပါဝတၲုမ်ားကို သာဓကထုတ္၍ ၿငိမ္းခ်မ္းေရးတရားကို ေဟာၾကားေတာ္မူေလသည္။ 


(၁)။ ၀က္ဝံႏွင့္ ရုကၡစိုးနတ္တို႔ ရန္ၿငိဳးဖြဲ႔မွား၍ 

ႏွစ္ဦးစလံုးပ်က္စီးၾကပံု “ဖႏၵနဇာတ္”၊ 


(၂)။ ေျမၿပိဳပါၿပီဟု ထင္ေၾကးျဖင့္ ဟစ္ေအာ္ထြက္ေျပးေသာ ယုန္တစ္ေကာင္၏စကားကို ယံုမွား၍ တိရစၧာန္မ်ား အေျပးမွားၿပီး ဆင္းရဲဒုကၡ ေရာက္ၾကရပံု "ဒုဒၵုဘဇာတ္”၊ (ပထဝီဥႃႏၵိယဇာတ္)၊ 


(၃)။ အားေသးေသာ ႏွံစုတ္ငွက္မက အားႀကီးေသာ

ဆင္ေျပာင္ႀကီးကို အႏိုင္ယူဖူး၍ ရန္သူကို အထင္မေသးသင့္ပံု “လဋုကိလဇာတ္”၊ 


(၄)။ ညီၫြတ္စဉ္ခါက ရန္သူ၏လက္မွ လြတ္ေျမာက္ေသာ္လည္း စိတ္ဝမ္းကြဲ၍ အခ်င္းခ်င္း မညီမၫြတ္ျဖစ္လာေသာအခါ ငံုးငွက္မ်ား မုဆိုး၏ပိုက္ကြန္၌ အမိခံရပံု “သမၼောဒမာနဇာတ္”၊ 


(၅)။ သက္မဲ့ျဖစ္ေသာ သစ္ပင္မ်ားပင္ တစ္စုတစ္ေဝးတည္း တည္ေန၍ ေလေဘးအႏၲရာယ္မွ ကင္းေဝးႏိုင္ပံု "ရုကၡဓမၼဇာတ္”၊ 


(၆)။ မိမိကိုယ္ကို ထိန္းသိမ္းဆံုးမရန္ "အတၲဒ႑”သုတ္ကို ထုတ္ေဆာင္ေဟာျပ ဆံုးမေတာ္မူပါသည္။ 


အထက္ပါ သာဓက (၆) မ်ိဳးကို နာၾကားရေသာအခါ ႏွစ္ဖက္တိုင္းျပည္မွ လယ္သမားမ်ားႏွင့္ မင္းညီမင္းသားစစ္သည္ေတာ္မ်ားသည္ ေဒါသမီးၿငိမ္းစဲကာ လက္နက္မ်ားကိုစြန႔္ပယ္၍ ေမတၲာဓာတ္မ်ား 

သက္ဝင္လာၾကကုန္၏။ 


တစ္ဖက္လ်ွင္ ၂၅၀ စီ ႏွစ္ျပည္ေထာင္မွ မင္းသားငါးရာတို႔ သာသနာ့ေဘာင္သို႔ ဝင္၍ ရဟန္းျပဳၾကကုန္၏။ 


ထိုရဟန္းေတာ္မ်ားသည္ ဇနီးမယားကို ေအာက္ေမ့

တမ္းတ သတိရၿပီး သာသနာ့ေဘာင္၌ မေပ်ာ္ေမြ့ႏိုင္ဘဲ ရိွၾကရာ ျမတ္စြာဘုရားက ဟိမဝႏၲာေတာအတြင္း ကုဏာလေရအိုင္သို႔ တန္ခိုးေတာ္ျဖင့္ ေခၚေဆာင္၍ ကုဏာလ ငွက္မင္း၏ ဇာတ္ေၾကာင္းကို ေဟာေျပာေတာ္မူပါသည္။ 


တရားအဆံုး၌ ရဟန္းငါးရာလံုး ေသာတာပန္ ျဖစ္ေတာ္မူၾကပါသည္။ 


ျမတ္စြာဘုရားသည္ ကုဏာလေရအိုင္မွ ကပိလဝတ္ျပည္အနီး မဟာဝုန္ေတာႀကီးသို႔ ျပန္လည္ႂကြေတာ္မူရာ အျပန္ခရီးတြင္ ေသာတာပန္ရဟန္းငါးရာလံုး မိမိတို႔၏ တန္ခိုးေတာ္ျဖင့္ လိုက္ပါလာၾကကုန္၏။ 


ထိုမဟာဝုန္ေတာႀကီး၌ တရားေတာ္ကို ဆက္လက္

အားထုတ္ရာ ရဟန္းေတာ္အားလံုး ရဟႏၲာခ်ည္း 

ျဖစ္ေတာ္မူၾကပါသည္။ 


ရဟန္းငါးရာတိုးသည္ မိမိတို႔ရရိွၿပီးေသာတရားထူးကို ေလ်ွာက္ထားရန္ ျမတ္စြာဘုရားကို ဖူးေျမာ္ရန္ နယုန္လျပၫ့္ေန့ ညခ်မ္းအခ်ိန္တြင္ ျမတ္စြာဘုရား

အထံသို႔ စုရံုးေရာက္ရိွလာၾကကုန္၏။ ဤကဲ့သို႔ 

ထူးျခားေသာ သံဃာ့အစည္းအေဝးႀကီးကို ေတြ့ျမင္ၾကည္ညိုလိုၾကကုန္ေသာ နတ္ျဗဟၼာ အသုရာႏွင့္ 

ဂဠုန္၊နဂါးတို႔သည္ မဟာဝွန္ေတာႀကီးသို႔ အုပ္စုလိုက္စုရံုးေရာက္ရိွလာၾကကုန္၏။ 


ဘုရားရွင္လက္ထက္ေတာ္အခါက နယုန္လျပၫ့္ေန့တြင္ ဤကဲ့သို႔ နတ္ျဗဟၼာမ်ား စုရံုးစည္းေဝးမိေသာအခ်ိန္ကို “မဟာသမယ” ဟုေခၚဆိုပါသည္။ 


ထိုနတ္သဘင္အစည္းအေဝး၌ အမည္နာမအမ်ိဳးမ်ိဳးကို ထုတ္ေဖာ္ႁမြက္ၾကား ႏႈတ္ခြန္းဆက္ေသာအားျဖင့္ မိန႔္ၾကားေသာစကားေတာ္မ်ားကို "မဟာသမယသုတ္”ဟု ေခၚဆိုရပါသည္။ 


မဟာသမယသုတ္ေတာ္ႀကီးကို ေဟာၾကားၿပီးေနာက္ စရိုက္အားေလ်ာ္စြာ ေအာက္ပါသုတ္ေတာ္မ်ားကို ဆက္လက္ေဟာၾကားေတာ္မူပါသည္။ 


(၁)။ ရာဂစရိုက္ အားႀကီးသူတို႔အတြက္ 

သမၼာပရိဗၺာဇနိယသုတ္၊

(၂)။ ေဒါသစရိုက္ အားႀကီးသူတို႔အတြက္ 

ကလဟဝိဝါဒသုတ္၊

(၃)။ ေမာဟစရိုက္ အားႀကီးသူတို႔အတြက္ 

မဟာဗ်ူဟသုတ္၊

(၄)။ ဝိတက္စရိုက္ အားႀကီးသူတို႔အတြက္ 

စုဠဗ်ူဟသုတ္၊

(၅)။ သဒၶါစရိုက္ အားႀကီးသူတို႔အတြက္ 

တုဝဋကသုတ္၊

(၆)။ ပညာစရိုက္ အားႀကီးသူတို႔အတြက္ 

ပုရာေဘဒသုတ္၊ 

တို႔ကို ေဟာၾကားေတာ္မူရာ နတ္ျဗဟၼာေပါင္း ကုေဋတစ္သိန္းစီ ကြၽတ္တမ္းဝင္ၾကေလသည္။ 


ဣဒံပန မဟာသမယသုတ္တံ

နာမ ေဒဝတာနံ ပိယံ မနာပံ၊

တသၼာ မဂၤလံ ဝဒႏၲေန အဘိနဝဌာေနသု

ဣဒမေဝ သုတ္တံ ဝတ္တဗ္ဗံ။

(ဒီ၊ ႒၊ ၂၊ ႏွာ၊ ၂၈၇။)


❁နိဗၺာန္ဏႆ ပစၥေယာ ေဟာတု❁


🙏🙏🙏🙏🙏

ဓမၼဒါနျပန္လည္မ်ွေဝပါသည္။

သဗၺဒါနံ ဓမၼဒါနံ ဇိနာတိ_အလႉအားလံုးတို႔တြင္ တရားအလႉသည္ အျမတ္ဆံုးျဖစ္၏။

"ဓမၼစကား ေန့တိုင္းၾကားက စိတ္ထားေဖြးျမတ္ သိဉာဏ္ထက္၏”


💠 ဓမၼကို ျဖန႔္ေဝေသာသူသည္ "သာသနာျပဳသူ" မည္ပါ၏။ ဓမၼကို ျဖန႔္ေဝျခင္းမွာ "ပတၲိဒါနကုသိုလ္" ျဖစ္ပါ၏။

No comments: