Wednesday, June 23, 2021

"စိန်ဗေဒါ"

 [Unicode]"စိန်ဗေဒါ"




#ရွာစားကြီးစိန်ဗေဒါ

#Sketch_of_Sein_Baydar

#အနုပညာရှင်များအကြောင်း


(မြန်မာဆိုင်းဝိုင်းတီးခတ်သူများရဲ့ ဂုဏ်ဆောင် ဘုရင့်ဘွဲ့ထူးခံ ရွာစားကြီးစိန်ဗေဒါအကြောင်းကို တွေ့မိသမျှလေး ကူးယူဝေငှ လိုက်ပါတယ်။ တစ်စုံတစ်ရာအမှားအယွင်းပါပါက ပြန်လည်မျှဝေသူ ကျွန်တော့်တာဝန်ပါလို့။)


“အရှေ့ကိုလျှောက်ပါလို့၊ အနောက်ကိုတဲ့မျှော်လိုက်ရင်၊ တံခွန်တိုင် ရွှေကုက္ကားနဲ့ ဘုရားလေး လေ ဘုရားကိုမြင်” အစရှိသော သီချင်းကို သီဆိုသူမှာ မြန်မာ့သဘင်နယ်တွင် အထူးထင်ရှား ကျော်ဇောခဲ့သော ရွာစားကြီး စိန်ဗေဒါပင်ဖြစ်သည်။ စိန်ဗေဒါကို မြန်မာသက္ကရာဇ် ၁၂၄၄ခုနှစ် တန်ဆောင်မုန်းလကွယ်နေ့တွင် မန္တလေးမြို့ ဆိုင်းဝင်းရပ်၌ ဖွားမြင်ခဲ့သည်။


ဖခင်မှာ ဘုရင့် အသုံးတော်ခံ ဆိုင်းဆရာကြီးတစ်ဦးဖြစ်သည့် ရွာစာကြီး ဆရာဖေဖြစ်သည်။ မိခင်မှာ သီချင်းကြီး သီချင်းခံ၊ ယိုးဒယားပတ်ပျိုး စသည်တို့ကို သီဆိုနိုင်သည့်အပြင် “မိကျောင်း”တူရိယာကို ပိုင်နိုင်စွာ တီးနိုင်သည့် နန်းတွင်းသူ ဒေါ်မမလေးဖြစ်သည်။


ငယ်မည် မောင်ကလေးဖြစ်ပြီး မင်းသားကိုဖိုးကွန်း၊ မင်းသမီးမထွေးလေးတို့ ဇာတ်အဖွဲ့နှင့် ရန်ကုန်တွင် မင်းသမီး မင်းသား (၂)ပါးမသွားမီ ဆိုင်းဝိုင်းချည်းသက်သက် ဗလာတီးပေးရသော “ပတ်ခံ”တီးစဉ် မိမိ၏ ပညာစွမ်းရည်ကို ထုတ်ဖော်ခွင့်ရရှိလေသည်။ သူသည် “ဗေဒါ၊ ဗေဒါ နင်ဘူးကို ဘယ်သူချဲ့တယ်။ ပြောဟဲ့ဗေဒါ၊ မိဗေဒါ၊ အသေအချာ ဗေဒါမရယ်က နေရာချပါလို့ မပြောနိုင်၊ မြတ်ဆရာ အော်ကာငေါက်တယ်၊ ခေါင်းဖောက်ပါလို့ ဗေဒါမှိုင်-ဗေဒါမှိုင်” ဟူသော သီချင်းကို ဒုန်းကဲကြီး၊ နှစ်ဆစ်၊ တစ်ဆစ်၊ ဗယ်ကျော၊ ဗယ်တေ၊ ဒူးလုံးခေါ်သည့် ပတ်ဝိုင်းကြီးခြောက်လုံးနှင့် နားဝင်ချိုအောင် ပီသစွာ တီးပြနိုင်လေသည်။ သူ၏လက်သံကို ရန်ကုန်လူထုက အထူးနှစ်ခြိုက်ကာ “ဗေဒါ မောင်ကလေး” ဟု ခေါ်စမှတ်ပြုကြသည်။ မန္တလေးမြို့သို့ ပြန်လည် ရောက်ရှိလာသောအခါ “စိန်ဗေဒါ” ဟု “စိန်” တစ်လုံးတိုးလျက် ချီးကျူး မှည့်ခေါ်ကြပြန်သည်။


စိန်ဗေဒါသည် အဆိုအကတွင် အလွန်ဝါသနာပါသော မစိန်မေနှင့် အကြောင်းပါခဲ့သည်။ ၁၂၄၇ခုနှစ်တွင် သီပေါဘုရင်သည် အိန္ဒိနိုင်ငံ ဘုံဘိုင်ပြည်နယ် ရတနာဂီရိ၌ စံနေစဉ် ၁၂၇၂ ခုနှစ် တိုက်သစ်တက် မင်္ဂလာကျင်းပရာတွင် စိန်ဗေဒါက သပြေခံနှင့် ဖောင်လား၊ ဖောင်ငင်၊ ဖောင်ဆိုက် အစရှိသော ကြိုးသီချင်းများဖြင့် ဖြေဖျော်ရာ သီပေါမင်းက စိန်ဗေဒါအား “နေမျိုးဗလကျော်သူ”ဟူသော ရွာစားဘွဲ့တံဆိပ်တော်နှင့်တကွ ရွှေသိုင်း အလံ(၄)ချက်၊ ဖန်အိုး(ဖန်ပန်းတိုင်)တို့ကို ချီးမြှင့်ပေးသနားလေသည်။


စိန်ဗေဒါမှာ ဆိုင်းဝိုင်းကြီး တစ်ခုတည်းကိုသာ နိုင်နင်းသည်မဟုတ်ဘဲ ပလွေ၊ စောင်း၊ နှဲ၊ မိကျောင်း၊ ပတ္တလားများကိုလည်း အထူးပင် ကျွမ်းကျင်လိမ္မာစွာ တီးမှုတ်နိုင်ပေသည်။ ပတ်ဝိုင်းကြီးကိုမူ သူတကာမယှဉ်သာအောင် တီးနိုင်ပေသည်။ အနောက်တိုင်း တူရိယာများဖြစ်သော တယော၊ ဘင်ဂျို၊ မယ်ဒလင်၊ လက်ဆွဲဘာဂျာနှင့် ကောနက်(ခရာ)များကိုလည်း ထူးခြားစွာ တီးမှုတ်နိုင်သည်။ ဆိုင်းဝိုင်း တီးနည်းတွင် “ပတ်စာပိုး” တီးနည်းကို မိမိ၏ ပင်ကိုယ်ဉာဏ်ဖြင့် စိန်ဗေဒါသည် စတင်တီထွင်ခဲ့သည်။ အဆိုဘက်တွင်လည်း မိခင်၏ အမွေကို ရသူဖြစ်၍ သရုပ်ပေါ်အောင် ပိုင်နိုင်စွာ ဆိုတတ်သူဖြစ်သည်။ ရွာစာကြီးသည် မကွယ်လွန်မီ ဓာတ်ပြား(၆၄)ပြားမျှ အသံသွင်းခဲ့သည်။


ရတနာဂီရိ၌ စံနေတော်မူသော သီပေါမင်းထံဝင်ရောက်ကြရသည့်အခါ စောင်းဆရာ ဒေ၀ဣန္ဒာ ဦးမောင်မောင်ကြီးနှင့် လက်ပွန်းတတီးနေခွင့်ရသဖြင့် ထိုဆရာကြီးထံမှ စောင်းပညာကိုတပည့်ခံ၍ သင်ယူခဲ့လေသည်။


ဒုတိယကမ္ဘာစစ်အတွင်းက ရွာစားကြီးစိန်ဗေဒါမှာ လည်ချောင်းကင်ဆာဖြစ်သဖြင့် ၁၃၀၄ခုနှစ် တော်သလင်းလဆုပ်(၁၄)ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတောင်တန်းရပ်၌ ကွယ်လွန်ခဲ့ပေသည်။


ရည်ညွှန်းချက် - မြန်မာစွယ်စုံကျမ်း အတွဲ (၄) 


♬ ♬ ♬ ♬ ♪ ♪ ♪ ♬ ♬ 


စိန်ဗေဒါ မူရင်းတီလုံးများ

နာမည်မရေးတော့ဘူး ကိုယ့်ဟာကိုသာ

မွှေနောက်တော့ အများကြီးပဲ။

https://my.pcloud.com/publink/show?code=kZkxVKZoo8XVhkpDQX7Iq6B6PnQqVL7s4uX

တဆင့်မျှဝေခြင်းသာဖြစ်ပါသည်။


[Zawgyi]"စိန္ေဗဒါ"




#ရြာစားႀကီးစိန္ေဗဒါ

#Sketch_of_Sein_Baydar

#အႏုပညာရွင္မ်ားအေၾကာင္း


(ျမန္မာဆိုင္းဝိုင္းတီးခတ္သူမ်ားရဲ့ ဂုဏ္ေဆာင္ ဘုရင့္ဘြဲ႔ထူးခံ ရြာစားႀကီးစိန္ေဗဒါအေၾကာင္းကို ေတြ့မိသမ်ွေလး ကူးယူေဝငွ လိုက္ပါတယ္။ တစ္စံုတစ္ရာအမွားအယြင္းပါပါက ျပန္လည္မ်ွေဝသူ ကြၽန္ေတာ့္တာဝန္ပါလို႔။)


“အေရ႔ွကိုေလ်ွာက္ပါလို႔၊ အေနာက္ကိုတဲ့ေမ်ွာ္လိုက္ရင္၊ တံခြန္တိုင္ ေရႊကုကၠားနဲ႔ ဘုရားေလး ေလ ဘုရားကိုျမင္” အစရိွေသာ သီခ်င္းကို သီဆိုသူမွာ ျမန္မာ့သဘင္နယ္တြင္ အထူးထင္ရွား ေက်ာ္ေဇာခဲ့ေသာ ရြာစားႀကီး စိန္ေဗဒါပင္ျဖစ္သည္။ စိန္ေဗဒါကို ျမန္မာသကၠရာဇ္ ၁၂၄၄ခုႏွစ္ တန္ေဆာင္မုန္းလကြယ္ေန့တြင္ မႏၲေလးၿမိဳ႔ ဆိုင္းဝင္းရပ္၌ ဖြားျမင္ခဲ့သည္။


ဖခင္မွာ ဘုရင့္ အသံုးေတာ္ခံ ဆိုင္းဆရာႀကီးတစ္ဦးျဖစ္သၫ့္ ရြာစာႀကီး ဆရာေဖျဖစ္သည္။ မိခင္မွာ သီခ်င္းႀကီး သီခ်င္းခံ၊ ယိုးဒယားပတ္ပ်ိဳး စသည္တို႔ကို သီဆိုႏိုင္သၫ့္အျပင္ “မိေက်ာင္း”တူရိယာကို ပိုင္ႏိုင္စြာ တီးႏိုင္သၫ့္ နန္းတြင္းသူ ေဒၚမမေလးျဖစ္သည္။


ငယ္မည္ ေမာင္ကေလးျဖစ္ၿပီး မင္းသားကိုဖိုးကြန္း၊ မင္းသမီးမေထြးေလးတို႔ ဇာတ္အဖြဲ႔ႏွင့္ ရန္ကုန္တြင္ မင္းသမီး မင္းသား (၂)ပါးမသြားမီ ဆိုင္းဝိုင္းခ်ည္းသက္သက္ ဗလာတီးေပးရေသာ “ပတ္ခံ”တီးစဉ္ မိမိ၏ ပညာစြမ္းရည္ကို ထုတ္ေဖာ္ခြင့္ရရိွေလသည္။ သူသည္ “ေဗဒါ၊ ေဗဒါ နင္ဘူးကို ဘယ္သူခ်ဲ့တယ္။ ေျပာဟဲ့ေဗဒါ၊ မိေဗဒါ၊ အေသအခ်ာ ေဗဒါမရယ္က ေနရာခ်ပါလို႔ မေျပာႏိုင္၊ ျမတ္ဆရာ ေအာ္ကာေငါက္တယ္၊ ေခါင္းေဖာက္ပါလို႔ ေဗဒါမိႈင္-ေဗဒါမိႈင္” ဟူေသာ သီခ်င္းကို ဒုန္းကဲႀကီး၊ ႏွစ္ဆစ္၊ တစ္ဆစ္၊ ဗယ္ေက်ာ၊ ဗယ္ေတ၊ ဒူးလံုးေခၚသၫ့္ ပတ္ဝိုင္းႀကီးေျခာက္လံုးႏွင့္ နားဝင္ခ်ိဳေအာင္ ပီသစြာ တီးျပႏိုင္ေလသည္။ သူ၏လက္သံကို ရန္ကုန္လူထုက အထူးႏွစ္ၿခိဳက္ကာ “ေဗဒါ ေမာင္ကေလး” ဟု ေခၚစမွတ္ျပဳၾကသည္။ မႏၲေလးၿမိဳ႔သို႔ ျပန္လည္ ေရာက္ရိွလာေသာအခါ “စိန္ေဗဒါ” ဟု “စိန္” တစ္လံုးတိုးလ်က္ ခ်ီးက်ူး မွၫ့္ေခၚၾကျပန္သည္။


စိန္ေဗဒါသည္ အဆိုအကတြင္ အလြန္ဝါသနာပါေသာ မစိန္ေမႏွင့္ အေၾကာင္းပါခဲ့သည္။ ၁၂၄၇ခုႏွစ္တြင္ သီေပါဘုရင္သည္ အိႏၵိႏိုင္ငံ ဘံုဘိုင္ျပည္နယ္ ရတနာဂီရိ၌ စံေနစဉ္ ၁၂၇၂ ခုႏွစ္ တိုက္သစ္တက္ မဂၤလာက်င္းပရာတြင္ စိန္ေဗဒါက သေျပခံႏွင့္ ေဖာင္လား၊ ေဖာင္ငင္၊ ေဖာင္ဆိုက္ အစရိွေသာ ႀကိဳးသီခ်င္းမ်ားျဖင့္ ေျဖေဖ်ာ္ရာ သီေပါမင္းက စိန္ေဗဒါအား “ေနမ်ိဳးဗလေက်ာ္သူ”ဟူေသာ ရြာစားဘြဲ႔တံဆိပ္ေတာ္ႏွင့္တကြ ေရႊသိုင္း အလံ(၄)ခ်က္၊ ဖန္အိုး(ဖန္ပန္းတိုင္)တို႔ကို ခ်ီးျမႇင့္ေပးသနားေလသည္။


စိန္ေဗဒါမွာ ဆိုင္းဝိုင္းႀကီး တစ္ခုတည္းကိုသာ ႏိုင္နင္းသည္မဟုတ္ဘဲ ပေလြ၊ ေစာင္း၊ ႏွဲ၊ မိေက်ာင္း၊ ပတၲလားမ်ားကိုလည္း အထူးပင္ ကြၽမ္းက်င္လိမၼာစြာ တီးမႈတ္ႏိုင္ေပသည္။ ပတ္ဝိုင္းႀကီးကိုမူ သူတကာမယွဉ္သာေအာင္ တီးႏိုင္ေပသည္။ အေနာက္တိုင္း တူရိယာမ်ားျဖစ္ေသာ တေယာ၊ ဘင္ဂ်ိဳ၊ မယ္ဒလင္၊ လက္ဆြဲဘာဂ်ာႏွင့္ ေကာနက္(ခရာ)မ်ားကိုလည္း ထူးျခားစြာ တီးမႈတ္ႏိုင္သည္။ ဆိုင္းဝိုင္း တီးနည္းတြင္ “ပတ္စာပိုး” တီးနည္းကို မိမိ၏ ပင္ကိုယ္ဉာဏ္ျဖင့္ စိန္ေဗဒါသည္ စတင္တီထြင္ခဲ့သည္။ အဆိုဘက္တြင္လည္း မိခင္၏ အေမြကို ရသူျဖစ္၍ သရုပ္ေပၚေအာင္ ပိုင္ႏိုင္စြာ ဆိုတတ္သူျဖစ္သည္။ ရြာစာႀကီးသည္ မကြယ္လြန္မီ ဓာတ္ျပား(၆၄)ျပားမ်ွ အသံသြင္းခဲ့သည္။


ရတနာဂီရိ၌ စံေနေတာ္မူေသာ သီေပါမင္းထံဝင္ေရာက္ၾကရသၫ့္အခါ ေစာင္းဆရာ ေဒ၀ဣႏၵာ ဦးေမာင္ေမာင္ႀကီးႏွင့္ လက္ပြန္းတတီးေနခြင့္ရသျဖင့္ ထိုဆရာႀကီးထံမွ ေစာင္းပညာကိုတပၫ့္ခံ၍ သင္ယူခဲ့ေလသည္။


ဒုတိယကမ႓ာစစ္အတြင္းက ရြာစားႀကီးစိန္ေဗဒါမွာ လည္ေခ်ာင္းကင္ဆာျဖစ္သျဖင့္ ၁၃၀၄ခုႏွစ္ ေတာ္သလင္းလဆုပ္(၁၄)ရက္ေန့တြင္ ရန္ကုန္ၿမိဳ႔ ေရႊေတာင္တန္းရပ္၌ ကြယ္လြန္ခဲ့ေပသည္။


ရည္ၫႊန္းခ်က္ - ျမန္မာစြယ္စံုက်မ္း အတြဲ (၄) 


♬ ♬ ♬ ♬ ♪ ♪ ♪ ♬ ♬ 


စိန္ေဗဒါ မူရင္းတီလံုးမ်ား

နာမည္မေရးေတာ့ဘူး ကိုယ့္ဟာကိုသာ

ေမႊေနာက္ေတာ့ အမ်ားႀကီးပဲ။

https://my.pcloud.com/publink/show?code=kZkxVKZoo8XVhkpDQX7Iq6B6PnQqVL7s4uX

တဆင့္မ်ွေဝျခင္းသာျဖစ္ပါသည္။

No comments: