Thursday, June 17, 2021

လက်ပ်တော့ ဝယ်ရင် ရှောင်ရှားသင့်တဲ့ အချက် ၈ ချက်

 လက်ပ်တော့ ဝယ်ရင် ရှောင်ရှားသင့်တဲ့ အချက် ၈ ချက် – MyTech Myanmar





TechRadar က ကျွမ်းကျင်သူတွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း လက်ပ်တော့များစွာကို Review ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ အတွေ့အကြုံအရ လက်ပ်တော့ ဝယ်ရင် ရှောင်ရှားသင့်တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။


၁။ 4GB RAM


၂၀၂၁ ခုနှစ်မှာ Android စမတ်ဖုန်းတွေမှာတောင် 8GB RAM ထည့်သွင်းပေးထားပါတယ်။ အဲဒီအတွက် 4GB RAM ပဲ ပါတဲ့ လက်ပ်တော့တွေဟာ ခေတ်မမှီတော့ဘဲ စွမ်းဆောင်ရည် အပိုင်းမှာ အားနည်းလာပါတယ်။ 4GB RAM က နောက်ထွက်တဲ့ ဆော့ဖ်ဝဲတွေ၊ App တွေကို ကောင်းကောင်း မကိုင်တွယ်နိုင်တော့ပါဘူး။ အဲဒီအတွက် လက်ပ်တော့ ဝယ်ရင် 4GB RAM ထက်များတာကို ရွေးချယ်သင့်ပါတယ်။



၂။ Soldered RAM


Latitude Series လက်ပ်တော့တွေမှာ Memory ကို ထပ်စိုက်လို့ရပါတယ်။ ဒါပေမယ့် တန်ဖိုးနည်း လက်ပ်တော့အများစုမှာတော့ RAM ထပ်စိုက်လို့ မရပါဘူး။ အဲဒီအတွက် RAM ထပ်စိုက်လို့ရတဲ့ လက်ပ်တော့တွေကိုပဲ ရွေးချယ်သင့်ပါတယ်။


၃။ Single Channel Memory


Single Channel Memory ထက် Dual Channel Memory ကို ရွေးချယ်သင့်ပါတယ်။ ဥပမာ 1x16GB ထက် 2x8GB က စွမ်းရည် ပိုမြင့်မားပါတယ်။


၄။ HD မျက်နှာပြင်


နောက်ထပ် ဒိတ်အောက်နေတဲ့ လုပ်ဆောင်ချက်က HD မျက်နှာပြင်ပါ။ ၁၅.၆ လက်မ 1366x768p မျက်နှာပြင်ရဲ့ Pixel သိပ်သည်းဆဟာ 100ppi ပဲ ရှိပါတယ်။ အဲဒီ မျက်နှာပြင်မှာ ဆိုရင် အိုင်ကွန်နဲ့ ဖောင့်တွေရဲ့ ထောင့်စွန်းတွေဟာ မှုန်ဝါးနေတတ်ပြီး ဝက်ဘ်ဆိုက်နဲ့ Spreadsheets တွေကြည့်ရင် ပုံရိပ်တွေ ပီပြင်မှု အားနည်းပါတယ်။




A 2018 Apple MacBook Air laptop computer with a Gold finish, taken on November 19, 2018. (Photo by Neil Godwin/T3 Magazine)


၅။ Hard Drives


Hard Drives ပါတဲ့ လက်ပ်တော့တွေဟာ ခေတ်မမှီတော့ပါဘူး။ SSDs တွေဟာ အခုဆိုရင် ဈေးသက်သာလာပြီး ဈေးအစားစား ရွေးချယ်နိုင်ပါတယ်။ SSDs တွေဟာ ပိုမို စွမ်းရည်မြင့်မားပါတယ်။


၆။ 128GB Storage ထက်နည်းတဲ့ လက်ပ်တော့


64GB Storage ပဲ ပါတဲ့ လက်ပ်တော့တွေ ဒီခေတ်မှာ ထုတ်နေကြတာ အံ့ဩစရာပါ။ Windows OS နဲ့ Bloatware တွေနဲ့တင် 64GB လောက်နေရာယူထားကြတာပါ။ Windows Update တွေ တင်ရင် နေရာတွေ ပိုကြပ်လာကြပါတယ်။ အဲဒီအတွက် 128GB Storage ပိုများတဲ့ လက်ပ်တော့တွေကိုပဲ ဝယ်ယူကြပါ။


၇။ eMMC Storage


ကုန်ကျစားရိတ် သက်သာစေဖို့နဲ့ နေရာယူတာ နည်းစေဖို့ တန်ဖိုးနည်း လက်ပ်တော့တွေမှာ eMMC လို့ ခေါ်တဲ့ Storage နည်းပညာကို သုံးထားပါတယ်။ eMMC Chips တွေကို Mainboard မှာ အသေတပ်ထားပြီး 64GB Storage အထိပဲ ထောက်ပံ့ပါတယ်။ အဲဒီလို Storage တွေဟာ အရမ်းနှေးကွေးတဲ့ အတွက် လက်ပ်တော့ရဲ့ စွမ်းဆောင်ရည်  ကျစေပါတယ်။


၈။ Webcam မပါတာ


ဒီနေ့ခေတ်မှာ အလုပ်လုပ်ဖို့၊ ဂိမ်း ကစားဖို့အတွက် Webcam လိုအပ်ပါတယ်။ အဲဒီအတွက် လက်ပ်တော့ ဝယ်ရင် Webcam ပါတာကို ရွေးချယ်ပါ။


Ref : techradar




[Zawgyi]


လက္ပ္ေတာ့ ဝယ္ရင္ ေရွာင္ရွားသင့္တဲ့ အခ်က္ ၈ ခ်က္ – MyTech Myanmar





TechRadar က ကြၽမ္းက်င္သူေတြဟာ ၿပီးခဲ့တဲ့ ႏွစ္မ်ားအတြင္း လက္ပ္ေတာ့မ်ားစြာကို Review ျပဳလုပ္ခဲ့ၾကပါတယ္။ သူတို႔ရဲ့ အေတြ့အႀကံဳအရ လက္ပ္ေတာ့ ဝယ္ရင္ ေရွာင္ရွားသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပလိုက္ပါတယ္။


၁။ 4GB RAM


၂၀၂၁ ခုႏွစ္မွာ Android စမတ္ဖုန္းေတြမွာေတာင္ 8GB RAM ထၫ့္သြင္းေပးထားပါတယ္။ အဲဒီအတြက္ 4GB RAM ပဲ ပါတဲ့ လက္ပ္ေတာ့ေတြဟာ ေခတ္မမွီေတာ့ဘဲ စြမ္းေဆာင္ရည္ အပိုင္းမွာ အားနည္းလာပါတယ္။ 4GB RAM က ေနာက္ထြက္တဲ့ ေဆာ့ဖ္ဝဲေတြ၊ App ေတြကို ေကာင္းေကာင္း မကိုင္တြယ္ႏိုင္ေတာ့ပါဘူး။ အဲဒီအတြက္ လက္ပ္ေတာ့ ဝယ္ရင္ 4GB RAM ထက္မ်ားတာကို ေရြးခ်ယ္သင့္ပါတယ္။



၂။ Soldered RAM


Latitude Series လက္ပ္ေတာ့ေတြမွာ Memory ကို ထပ္စိုက္လို႔ရပါတယ္။ ဒါေပမယ့္ တန္ဖိုးနည္း လက္ပ္ေတာ့အမ်ားစုမွာေတာ့ RAM ထပ္စိုက္လို႔ မရပါဘူး။ အဲဒီအတြက္ RAM ထပ္စိုက္လို႔ရတဲ့ လက္ပ္ေတာ့ေတြကိုပဲ ေရြးခ်ယ္သင့္ပါတယ္။


၃။ Single Channel Memory


Single Channel Memory ထက္ Dual Channel Memory ကို ေရြးခ်ယ္သင့္ပါတယ္။ ဥပမာ 1x16GB ထက္ 2x8GB က စြမ္းရည္ ပိုျမင့္မားပါတယ္။


၄။ HD မ်က္ႏွာျပင္


ေနာက္ထပ္ ဒိတ္ေအာက္ေနတဲ့ လုပ္ေဆာင္ခ်က္က HD မ်က္ႏွာျပင္ပါ။ ၁၅.၆ လက္မ 1366x768p မ်က္ႏွာျပင္ရဲ့ Pixel သိပ္သည္းဆဟာ 100ppi ပဲ ရိွပါတယ္။ အဲဒီ မ်က္ႏွာျပင္မွာ ဆိုရင္ အိုင္ကြန္နဲ႔ ေဖာင့္ေတြရဲ့ ေထာင့္စြန္းေတြဟာ မႈန္ဝါးေနတတ္ၿပီး ဝက္ဘ္ဆိုက္နဲ႔ Spreadsheets ေတြၾကၫ့္ရင္ ပံုရိပ္ေတြ ပီျပင္မႈ အားနည္းပါတယ္။




A 2018 Apple MacBook Air laptop computer with a Gold finish, taken on November 19, 2018. (Photo by Neil Godwin/T3 Magazine)


၅။ Hard Drives


Hard Drives ပါတဲ့ လက္ပ္ေတာ့ေတြဟာ ေခတ္မမွီေတာ့ပါဘူး။ SSDs ေတြဟာ အခုဆိုရင္ ေဈးသက္သာလာၿပီး ေဈးအစားစား ေရြးခ်ယ္ႏိုင္ပါတယ္။ SSDs ေတြဟာ ပိုမို စြမ္းရည္ျမင့္မားပါတယ္။


၆။ 128GB Storage ထက္နည္းတဲ့ လက္ပ္ေတာ့


64GB Storage ပဲ ပါတဲ့ လက္ပ္ေတာ့ေတြ ဒီေခတ္မွာ ထုတ္ေနၾကတာ အံ့ဩစရာပါ။ Windows OS နဲ႔ Bloatware ေတြနဲ႔တင္ 64GB ေလာက္ေနရာယူထားၾကတာပါ။ Windows Update ေတြ တင္ရင္ ေနရာေတြ ပိုၾကပ္လာၾကပါတယ္။ အဲဒီအတြက္ 128GB Storage ပိုမ်ားတဲ့ လက္ပ္ေတာ့ေတြကိုပဲ ဝယ္ယူၾကပါ။


၇။ eMMC Storage


ကုန္က်စားရိတ္ သက္သာေစဖို႔နဲ႔ ေနရာယူတာ နည္းေစဖို႔ တန္ဖိုးနည္း လက္ပ္ေတာ့ေတြမွာ eMMC လို႔ ေခၚတဲ့ Storage နည္းပညာကို သံုးထားပါတယ္။ eMMC Chips ေတြကို Mainboard မွာ အေသတပ္ထားၿပီး 64GB Storage အထိပဲ ေထာက္ပံ့ပါတယ္။ အဲဒီလို Storage ေတြဟာ အရမ္းေနွးေကြးတဲ့ အတြက္ လက္ပ္ေတာ့ရဲ့ စြမ္းေဆာင္ရည္  က်ေစပါတယ္။


၈။ Webcam မပါတာ


ဒီေန့ေခတ္မွာ အလုပ္လုပ္ဖို႔၊ ဂိမ္း ကစားဖို႔အတြက္ Webcam လိုအပ္ပါတယ္။ အဲဒီအတြက္ လက္ပ္ေတာ့ ဝယ္ရင္ Webcam ပါတာကို ေရြးခ်ယ္ပါ။


Ref : techradar


No comments: