Friday, June 25, 2021

Homemade Ice_Cream

 [Unicode]Homemade Blueberry Ice Cream




ပါဝင်ပစ္စည်းများ

နွားနို့ ၁လီတာ၊ သကြား ၁၀၀ ဂရမ်၊ ကရင်မ် ခွက်တစ်ဝက် ၁၂၅ မီလီလီတာ၊ Rose Water လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အနံ့အတွက်)၊ ဘလူးဘယ်ရီ ၅၀၀ ဂရမ်၊ သကြား ၁၀၀ ဂရမ်၊ Pistacho သို့မဟုတ် နှစ်သက်ရာသစ်သီးခြောက် ၅၀ ဂရမ်၊ အခြားရနံ့နှင့် Rose Water နှစ်သက်လျှင်ထည့်ပါ။

ပြင်ဆင်ပြုလုပ်ပုံ

နွားနို့ကို အိုးတစ်ခုတွင်ထည့်ပြီး မီးအနေတော်ဖြင့် ကျိုချက်ပါ။ သုံးချိုးတစ်ချိုးကျန်သည်အထိ အဆက်မပြတ်မွှေပေးပါ။ ပြီးလျှင် သကြား ၁၀၀ ဂရမ်နှင့် ခရင်မ် ၁၂၅ မီလီလီတာ ထည့်ပြီးမွှေပေးပါ။ 

သကြားပျော်ပါက မီးပိတ်ထားပေးပါ။ နွားနို့၏ အပျစ်အကျဲအနေအထားမှာ ယောက်မတွင် ကပ်နေသောနို့ကို လက်ချောင်းဖြင့် ဆွဲကြည့်ပါက နို့များပြန်လည်ရောသမသွားသော အနေအထားဖြစ်ရမည်။

ဘလူးဘယ်ရီကို သကြားဖြင့်ရော့ာ အိုးတစ်ခုဖြင့်ကျိုပြီး အစေ့များ အနှစ်တိုက်ထားပါ။ ပြီးလျှင် အသင့်ကျိုထားသော နွားနို့အိုးထဲသို့ ရောထည့်ပါ။

Rose Water သို့မဟုတ် နှစ်သက်ရာ အနံ့ထည့်ပါ။ ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီးခွက်ကျယ်ကျယ်တစ်ခုတွင် လောင်းထည့်ကာ ရေခဲသေတ္တအခန်းထဲတွင် ထည့်ထားပါ။ 

ရေခဲမုန့်အရောကို ဘူးဖြင့် ဒီအတိုင်းထည့်သိမ်းပါက မာခဲနေသော ရေခဲတုံးဖြစ်သွားပါမည်။ မွမွလေးရရှိစေရန် မိနစ် ၃၀မှ တစ်နာရီ တစ်ခါထုတ်ယူပြီး မွှေပေးပါ။ ရေခဲမုန့် တစ်ဝက်ခဲအနေအထားရပါက မိမိထည့်လိုသော သစ်သီးခြောက်တို့ကိုထည့်ပြီး သမအောင်မွှေပေးပါ။ လုံးဝနည်းပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသော ဘူးတွင်ပြောင်းထည့်ပြီး အဖုံးပိတ်သိမ်းဆည်းထားကာ လိုသလို ထုတ်ယူသုံးဆောင်နိုင်ပါပြီ။


ချောကလက် မြေပဲ ပဲနို့ရေခဲမုန့်




ပါဝင်ပစ္စည်းများ

မြေပဲ ပဲနို့ (peanut milk)တစ်လီတာ၊ သကြား ၆၅ ဂရမ်၊ ချောကလက်မှုန့် ၂၀၀ ဂရမ်၊ Pistacho သို့မဟုတ် နှစ်သက်ရာသစ်သီးခြောက်၊ ၅၀ ဂရမ်၊

အနံ့နှစ်သက်လျှင်ထည့်ပါ။

ပြုလုပ်နည်း

ပဲနို့ကို အိုးတစ်အိုးထဲထည့်ပြီး မီးအနေတော်ဖြင့် ကျိုပါ။

ပြီးလျှင် သကြားနှင့် ချောကလက်ထည့်ပြီး မွှေပေးပါ။ သကြားပျော်ပါက မီးပိတ်ထားပါ။

မိမိထည့်လိုသည့် အနံ့အမွှေးအကြိုင်ထည့်ပါ။

သစ်သီးစေ့ထည့်လိုက ရေနွေးဖျောပြီးထည့်ပါ။ သမအောင်မွှေပေးပါ။

ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီးခွက်ကျယ်ကျယ် တစ်ခုထဲ လောင်းထည့်ပြီး ရေခဲသေတ္တာအခဲခန်းမှာထည့်ထားပါ။

နို့ခွက်ကို မိနစ် ၃၀ ခန့်တစ်ခါထုတ်ယူပြီး ရေခဲမုန့်ခဲလာသည်အထိ မွှေပေးပါ။

လုံးဝနည်းပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသော ဘူးထဲပြောင်းထည့်ပြီး အဖုံးပိတ်၍ သိမ်းဆည်းထားကာ လိုသလိုထုတ်ယူပြီး သုံးဆောင်နိုင်ပါပြီ။ (ရေခဲမုန့်သား အနည်းငယ်ကြမ်းနေပါက ကြိတ်စက်ထဲ ထည့်ကြိတ်ပေးပြီး ပြန်ခဲထားပါ။)


Homemade Mango Ice Cream




ပါဝင်ပစ္စည်းများ

နွားနို့တစ်လီတာ၊ သကြား ၆၅ ဂရမ်၊ ခရင်မ် ခွက်တစ်ဝက် ၁၂၅ မီလီ၊ Rose Water နှင်းရည် လဖက်ရည်ဇွန်း တစ်ဇွန်း၊ သရက်သီးမှည့် တစ်လုံး၊ သကြား ၅၀ ဂရမ်၊ ရေ ၁၂၅ မီလီ၊ Pistacho သို့မဟုတ် နှစ်သက်ရာ သစ်သီးခြောက် ၅၀ ဂရမ်၊ အနံ့နှင့် နှင်းရည် နှစ်သက်လျှင်ထည့်ပါ။

ပြုလုပ်နည်း

နွားနို့ကိုအိုးတစ်ခုတွင်ထည့်ပြီး မီးအနေတော်ဖြင့်ကျိုပါ။ နဂိုရှိရင်း နွားနို့ရဲ့ သုံးချိုးတစ်ချိုးကျန်သည်အထိ အဆက်မပျက် မွှေပေးပါ။

ပြီးလျှင် သကြား ၆၅ ဂရမ်နှင့် ခရင်မ် ၁၂၅ မီလီထည့်ပြီးမွှေပေးပါ။ သကြားပျော်ပါက မီးပိတ်ထားပေးပါ။ နွားနို့အပျစ်အနေအထားမှာ ယောက်မတွင် ကပ်နေသောနို့ကိုလက်ချောင်းဖြင့်ဆွဲကြည့်ပါကာ နို့များပြည်လည်ရောမသွားသောအနေအထားဖြစ်ရမည်။

သရက်သီးမှည့်ကိုခွာပြီး အနေအတော်အတုံးလေးများတုံးထားပါ။ အိုးတစ်ခုတွင် ရေ ၁၂၅ မီလီနှင့် သကြား ၅၀ ဂရမ်ကိုထည့်ပြီးကျိုပါ။

သကြားပျော်ပါက သရက်သီး သို့မဟုတ် နှစ်သက်ရာ မိမိပြုလုပ်လိုသည့်သစ်သီးထည့်ပြီးကျိုပေးပါ။

ပြီးလျှင် အသင့်ကျိုထားသော နွားနို့အိုးထဲရောထည့်ပါ။

နှင်းရည် သို့မဟုတ် မိမိထည့်လိုသည့်အနံ့ အမွှေးအကြိုင်ထည့်ပါ။ သစ်သီးစေ့ထည့်လိုပါက ရေနွေးဖျောပြီးထည့်ပါ။ သမအောင်မွှေပါ။

ပြီးလျှင် အအေးခံမည့် မွှေရလွယ်သော စတီးခွက်ကျယ်ကျယ်တစ်ခုတွင်လောင်းထည့်ကာ ရေခဲသေတ္တာအခဲခန်းတွင်ထည့်ထားပါ။

နို့ခွက်ကို မိနစ် ၃၀ခန့်တစ်ခါ ထုတ်ယူပြီး ရေခဲမုန့်ခဲလာသည်ထိမွှေပေးပါ။

လုံးဝနည်းပါးခဲလာလျှင် မိမိသိမ်းဆည်းလိုသောဘူးတွင် ပြောင်းထည့်ပြီး အဖုံးပိတ်သိမ်းဆည်းထားကာ လိုသလို ထုတ်ယူသုံးဆောင်နိုင်ပါပြီ။


ထောပတ်သီးရေခဲမုန့်




ပါဝင်ပစ္စည်း

ထောပတ်သီး တစ်လုံး (၄၅၀ ဂရမ်)၊ နို့ဆီ စားပွဲဇွန်း တစ်ဇွန်း မောက်မောက်၊ သကြား စားပွဲဇွန်း လေးဇွန်း၊ Whipping Cream တစ်ဘူး၊ ဆား လက်တစ်ဖျစ်စာမျှသာ၊ နွားနို့ သို့မဟုတ် နို့စိမ်း ၁၀၀ မီလီလီတာ။

ပြုလုပ်နည်း

ရေခဲမုန့်ပြုလုပ်မည့်ခွက်ကို ရေခဲသေတ္တာအခဲထပ်တွင် တစ်ည သို့မဟုတ် (၂၄ နာရီ)ထည့်ထားပါ။

Whipping cream ၊ ခရင်မ်ကိုမွှေမည့်ခွက်၊ မွှေတံတို့ကို ရေခဲသေတ္တာ အအေးထပ်တွင် ကြိုတင်ထည့်ထားပါ။

အားလုံးအေးနေသောအခါ ခရင်မ်ကို ခွက်တွင်ထည့်ပြီးမွှေပါ။ အမြုပ်ထလာသောအခါ သကြားတစ်ဇွန်းထည့်ပြီးမွှေပါ။ အမြုပ်များပွလာတဲ့ အခါ သကြားတစ်ဇွန်းထပ်ထည့်ပြီး အမြုပ်ခဲလုနည်းပါးအထိမွှေပါ။ အမွှေလွန်လျှင် အမြုပ်များပြန်ကျသွားတတ်သည်။ ရေခဲသေတ္တာ အအေးထပ်တွင် ထည့်ထားပါ။

ထောပတ်သီး အသားနွှာပြီး နို့ဆီ၊ နွားနို့၊ သကြား နှစ်ဇွန်းထည့်ပြီး မွှေစက်နဲ့မွှေထားပါ။

ထောပတ်သီးနှင့် အအေးခံထားသော ခရင်မ်အနှစ်ရောပြီးမွှေပါ။

ရေခဲမုန့်ခွက်နှင့် ဒလက်ကို စက်တွင်အံကျအောင်တပ်ဆင်ပြီး ခလုပ်နှိပ်ပါ။ မုန့်နှစ်အရည် အပေါ်မှလောင်းချထည့်ပါ။ မုန့်နှစ်ရည် ခဲလာသည့်အခါ စက်ကိုရပ်ပါ။

ဒလက်ကိုဖယ်ပြီး သိမ်းမည့်ဗူးတွင် ပြောင်းထည့်ကာ ရေခဲသေတ္တာ အခဲထပ်တွင် သိမ်းပါ။

ရေခဲမုန့်စက်က အသုံးပြုတဲ့စက်အပေါ်မှာ မူတည်ပြီးရေးထားတာဖြစ်ပါတယ်။ ကိုယ့်အိမ်မှာရှိတဲ့ စက်အမျိုးအစားမှ ညွှန်ကြားချက်ရေးထားသည့်အတိုင်း ပြုလုပ်ကြဖို့လိုပါတယ်။

*** ရေများပြီး ခရင်မ်လိုအနှစ်(ကော်မှုန့်၊ ကာ့စတာ့ပေါင်ဒါ၊ ခရင်မ်) နည်းလို့ ၊ မွှေတဲ့အချိန်တိုရင် လေကိုဆွဲသွင်းတာနည်းလို့၊ အခဲခံ သိမ်းတဲ့အခါ အဖုံးလုံအောင်ပိတ်သင့်တယ်။ ရေခဲမုန့်ပျော်သွားပြီးမှ အခဲခံရင်လည်း မာသွားတတ်ပါတယ်။ ရေခဲမုန့်မဖြစ်ခင် သိမ်းလိုက် မိရင်လည်း မာသွားတတ်ပါတယ်။ အခဲခံထားတဲ့ ရေခဲမုန့်နည်းနည်းပျော့သွားအောင် အပြင်မှာ ခဏလောက်တော့ ထုတ်ထားရပါတယ်။ 


ကော်ဖီရေခဲမုန့်




ပါဝင်သောပစ္စည်းများ

Heavy Whipping Cream or Whipping Cream အရည် 500ml ၊ နို့ဆီ တစ်ဘူး၊ Premier Americano Coffee မှုန့် ၂ ထုပ်( တစ်ခွက်စာအထုပ်)။

ပြင်ဆင်ပြုလုပ်ပုံ

ဇလုံကြီးကြီးတစ်ခုထဲတွင် နို့ဆီဘူးကို ဖောက်ထည့်ထားပါ။

အခြားဇလုံကြီးကြီးတစ်ခုထဲတွင် Heavy whipping Cream အရည်ကိုထည့်၊ ကော်ဖီမှုန့်ကိုထည့်ပြီး လျှပ်စစ်မွှေစက်ဖြင့် ၃ မိနစ်မှ ၅မိနစ်ခန့်မွှေပါ။ ပျစ်ပြီး မွှနေတဲ့ ခရင်မ်ဖြစ်လာပါလိမ့်မည်။

ခရင်မ်အနည်းငယ်ကို ယူပြီး နို့ဆီဇလုံထဲကိုထည့်ပြီး အထက်အောက် အသာလေးသမအောင်မွှေပါ။ (ပျစ်နေတဲ့ နို့ဆီများ အနည်းငယ် ကျဲသွားအောင်လို့ပါ။)

ပြီးလျှင် ခရင်မ်အားလုံးကို နို့ဆီဇလုံထဲကိုထည့်ပြီး အထက်အောက် အသာလေးသမအောင်မွှေပါ။ (ကော်ဖီဖျော်သလို ဟင်းချက်သလို စက်ဝိုင်းပုံမမွှေရပါ။ အဲလိုမွှေလိုက်ရင် ခရင်မ်များ ပြန်ပြီးအရည်ပျော်သွားပါလိမ့်မည်။ အောက်ပိုင်းက နို့ဆီကို အပေါ်တင်လိုက် မွှေလိုက်လိုမျိုး အသာလေးမွှေရတာပါ။ အားလုံးတသားတည်းဖြစ်အောင်မွှေပါ။)

နို့ဆီတွေကွက်ကျန်နေတာမျိုး မဖြစ်ရပါ။ သမသွားသော ခရင်မ်များကို ရေခဲမုန့်လုပ်ရန် ခွက် သို့မဟုတ် ဘူးထဲထည့်ပြီး အဖုံးဖုံး၍ ရေခဲသေတ္တာအပေါ်ထပ်ထဲတွင် အနည်းဆုံး ၈နာရီထားခဲပါ။

ကော်ဖီနံ့သင်းပျံ့နေသော ကော်ဖီရေခဲမုန့်ကိုသုံးဆောင်နိုင်ပါပြီ။



[Zawgyi]Home Made Blueberry Ice Cream




ပါဝင္ပစၥည္းမ်ား

ႏြားႏို႔ ၁လီတာ၊ သၾကား ၁၀၀ ဂရမ္၊ ကရင္မ္ ခြက္တစ္ဝက္ ၁၂၅ မီလီလီတာ၊ Rose Water လက္ဖက္ရည္ဇြန္း တစ္ဇြန္း (အနံ႔အတြက္)၊ ဘလူးဘယ္ရီ ၅၀၀ ဂရမ္၊ သၾကား ၁၀၀ ဂရမ္၊ Pistacho သို႔မဟုတ္ ႏွစ္သက္ရာသစ္သီးေျခာက္ ၅၀ ဂရမ္၊ အျခားရနံ႔ႏွင့္ Rose Water ႏွစ္သက္လ်ွင္ထၫ့္ပါ။

ျပင္ဆင္ျပဳလုပ္ပံု

ႏြားႏို႔ကို အိုးတစ္ခုတြင္ထၫ့္ၿပီး မီးအေနေတာ္ျဖင့္ က်ိဳခ်က္ပါ။ သံုးခ်ိဳးတစ္ခ်ိဳးက်န္သည္အထိ အဆက္မျပတ္ေမႊေပးပါ။ ၿပီးလ်ွင္ သၾကား ၁၀၀ ဂရမ္ႏွင့္ ခရင္မ္ ၁၂၅ မီလီလီတာ ထၫ့္ၿပီးေမႊေပးပါ။ 

သၾကားေပ်ာ္ပါက မီးပိတ္ထားေပးပါ။ ႏြားႏို႔၏ အပ်စ္အက်ဲအေနအထားမွာ ေယာက္မတြင္ ကပ္ေနေသာႏို႔ကို လက္ေခ်ာင္းျဖင့္ ဆြဲၾကၫ့္ပါက ႏို႔မ်ားျပန္လည္ေရာသမသြားေသာ အေနအထားျဖစ္ရမည္။

ဘလူးဘယ္ရီကို သၾကားျဖင့္ေရာ့ာ အိုးတစ္ခုျဖင့္က်ိဳၿပီး အေစ့မ်ား အႏွစ္တိုက္ထားပါ။ ၿပီးလ်ွင္ အသင့္က်ိဳထားေသာ ႏြားႏို႔အိုးထဲသို႔ ေရာထၫ့္ပါ။

Rose Water သို႔မဟုတ္ ႏွစ္သက္ရာ အနံ႔ထၫ့္ပါ။ ၿပီးလ်ွင္ အေအးခံမၫ့္ ေမႊရလြယ္ေသာ စတီးခြက္က်ယ္က်ယ္တစ္ခုတြင္ ေလာင္းထၫ့္ကာ ေရခဲေသတၲအခန္းထဲတြင္ ထၫ့္ထားပါ။ 

ေရခဲမုန႔္အေရာကို ဘူးျဖင့္ ဒီအတိုင္းထၫ့္သိမ္းပါက မာခဲေနေသာ ေရခဲတံုးျဖစ္သြားပါမည္။ မြမြေလးရရိွေစရန္ မိနစ္ ၃၀မွ တစ္နာရီ တစ္ခါထုတ္ယူၿပီး ေမႊေပးပါ။ ေရခဲမုန႔္ တစ္ဝက္ခဲအေနအထားရပါက မိမိထၫ့္လိုေသာ သစ္သီးေျခာက္တို႔ကိုထၫ့္ၿပီး သမေအာင္ေမႊေပးပါ။ လံုးဝနည္းပါးခဲလာလ်ွင္ မိမိသိမ္းဆည္းလိုေသာ ဘူးတြင္ေျပာင္းထၫ့္ၿပီး အဖံုးပိတ္သိမ္းဆည္းထားကာ လိုသလို ထုတ္ယူသံုးေဆာင္ႏိုင္ပါၿပီ။


ေခ်ာကလက္ ေျမပဲ ပဲႏို႔ေရခဲမုန႔္




ပါဝင္ပစၥည္းမ်ား

ေျမပဲ ပဲႏို႔ တစ္လီတာ၊ သၾကား ၆၅ ဂရမ္၊ ေခ်ာကလက္မႈန႔္ ၂၀၀ ဂရမ္၊ Pistacho သို႔မဟုတ္ ႏွစ္သက္ရာသစ္သီးေျခာက္၊ ၅၀ ဂရမ္၊

အနံ႔ႏွစ္သက္လ်ွင္ထၫ့္ပါ။

ျပဳလုပ္နည္း

ပဲႏို႔ကို အိုးတစ္အိုးထဲထၫ့္ၿပီး မီးအေနေတာ္ျဖင့္ က်ိဳပါ။

ၿပီးလ်ွင္ သၾကားႏွင့္ ေခ်ာကလက္ထၫ့္ၿပီး ေမႊေပးပါ။ သၾကားေပ်ာ္ပါက မီးပိတ္ထားပါ။

မိမိထၫ့္လိုသၫ့္ အနံ႔အေမႊးအႀကိဳင္ထၫ့္ပါ။

သစ္သီးေစ့ထၫ့္လိုက ေရႏြေးေဖ်ာၿပီးထၫ့္ပါ။ သမေအာင္ေမႊေပးပါ။

ၿပီးလ်ွင္ အေအးခံမၫ့္ ေမႊရလြယ္ေသာ စတီးခြက္က်ယ္က်ယ္ တစ္ခုထဲ ေလာင္းထၫ့္ၿပီး ေရခဲေသတၲာအခဲခန္းမွာထၫ့္ထားပါ။

ႏို႔ခြက္ကို မိနစ္ ၃၀ ခန႔္တစ္ခါထုတ္ယူၿပီး ေရခဲမုန႔္ခဲလာသည္အထိ ေမႊေပးပါ။

လံုးဝနည္းပါးခဲလာလ်ွင္ မိမိသိမ္းဆည္းလိုေသာ ဘူးထဲေျပာင္းထၫ့္ၿပီး အဖံုးပိတ္၍ သိမ္းဆည္းထားကာ လိုသလိုထုတ္ယူၿပီး သံုးေဆာင္ႏိုင္ပါၿပီ။ (ေရခဲမုန႔္သား အနည္းငယ္ၾကမ္းေနပါက ႀကိတ္စက္ထဲ ထၫ့္ႀကိတ္ေပးၿပီး ျပန္ခဲထားပါ။)


Homemade Mango Ice Cream




ပါဝင္ပစၥည္းမ်ား

ႏြားႏို႔တစ္လီတာ၊ သၾကား ၆၅ ဂရမ္၊ ခရင္မ္ ခြက္တစ္ဝက္ ၁၂၅ မီလီ၊ Rose Water ႏွင္းရည္ လဖက္ရည္ဇြန္း တစ္ဇြန္း၊ သရက္သီးမွၫ့္ တစ္လံုး၊ သၾကား ၅၀ ဂရမ္၊ ေရ ၁၂၅ မီလီ၊ Pistacho သို႔မဟုတ္ ႏွစ္သက္ရာ သစ္သီးေျခာက္ ၅၀ ဂရမ္၊ အနံ႔ႏွင့္ ႏွင္းရည္ ႏွစ္သက္လ်ွင္ထၫ့္ပါ။

ျပဳလုပ္နည္း

ႏြားႏို႔ကိုအိုးတစ္ခုတြင္ထၫ့္ၿပီး မီးအေနေတာ္ျဖင့္က်ိဳပါ။ နဂိုရိွရင္း ႏြားႏို႔ရဲ့ သံုးခ်ိဳးတစ္ခ်ိဳးက်န္သည္အထိ အဆက္မပ်က္ ေမႊေပးပါ။

ၿပီးလ်ွင္ သၾကား ၆၅ ဂရမ္ႏွင့္ ခရင္မ္ ၁၂၅ မီလီထၫ့္ၿပီးေမႊေပးပါ။ သၾကားေပ်ာ္ပါက မီးပိတ္ထားေပးပါ။ ႏြားႏို႔အပ်စ္အေနအထားမွာ ေယာက္မတြင္ ကပ္ေနေသာႏို႔ကိုလက္ေခ်ာင္းျဖင့္ဆြဲၾကၫ့္ပါကာ ႏို႔မ်ားျပည္လည္ေရာမသြားေသာအေနအထားျဖစ္ရမည္။

သရက္သီးမွၫ့္ကိုခြာၿပီး အေနအေတာ္အတံုးေလးမ်ားတံုးထားပါ။ အိုးတစ္ခုတြင္ ေရ ၁၂၅ မီလီႏွင့္ သၾကား ၅၀ ဂရမ္ကိုထၫ့္ၿပီးက်ိဳပါ။

သၾကားေပ်ာ္ပါက သရက္သီး သို႔မဟုတ္ ႏွစ္သက္ရာ မိမိျပဳလုပ္လိုသၫ့္သစ္သီးထၫ့္ၿပီးက်ိဳေပးပါ။

ၿပီးလ်ွင္ အသင့္က်ိဳထားေသာ ႏြားႏို႔အိုးထဲေရာထၫ့္ပါ။

ႏွင္းရည္ သို႔မဟုတ္ မိမိထၫ့္လိုသၫ့္အနံ႔ အေမႊးအႀကိဳင္ထၫ့္ပါ။ သစ္သီးေစ့ထၫ့္လိုပါက ေရႏြေးေဖ်ာၿပီးထၫ့္ပါ။ သမေအာင္ေမႊပါ။

ၿပီးလ်ွင္ အေအးခံမၫ့္ ေမႊရလြယ္ေသာ စတီးခြက္က်ယ္က်ယ္တစ္ခုတြင္ေလာင္းထၫ့္ကာ ေရခဲေသတၲာအခဲခန္းတြင္ထၫ့္ထားပါ။

ႏို႔ခြက္ကို မိနစ္ ၃၀ခန႔္တစ္ခါ ထုတ္ယူၿပီး ေရခဲမုန႔္ခဲလာသည္ထိေမႊေပးပါ။

လံုးဝနည္းပါးခဲလာလ်ွင္ မိမိသိမ္းဆည္းလိုေသာဘူးတြင္ ေျပာင္းထၫ့္ၿပီး အဖံုးပိတ္သိမ္းဆည္းထားကာ လိုသလို ထုတ္ယူသံုးေဆာင္ႏိုင္ပါၿပီ။


ေထာပတ္သီးေရခဲမုန႔္




ပါဝင္ပစၥည္း

ေထာပတ္သီး တစ္လံုး (၄၅၀ ဂရမ္)၊ ႏို႔ဆီ စားပြဲဇြန္း တစ္ဇြန္း ေမာက္ေမာက္၊ သၾကား စားပြဲဇြန္း ေလးဇြန္း၊ Whipping Cream တစ္ဘူး၊ ဆား လက္တစ္ဖ်စ္စာမ်ွသာ၊ ႏြားႏို႔ သို႔မဟုတ္ ႏို႔စိမ္း ၁၀၀ မီလီလီတာ။

ျပဳလုပ္နည္း

ေရခဲမုန႔္ျပဳလုပ္မၫ့္ခြက္ကို ေရခဲေသတၲာအခဲထပ္တြင္ တစ္ည သို႔မဟုတ္ (၂၄ နာရီ)ထၫ့္ထားပါ။

Whipping cream ၊ ခရင္မ္ကိုေမႊမၫ့္ခြက္၊ ေမႊတံတို႔ကို ေရခဲေသတၲာ အေအးထပ္တြင္ ႀကိဳတင္ထၫ့္ထားပါ။

အားလံုးေအးေနေသာအခါ ခရင္မ္ကို ခြက္တြင္ထၫ့္ၿပီးေမႊပါ။ အျမဳပ္ထလာေသာအခါ သၾကားတစ္ဇြန္းထၫ့္ၿပီးေမႊပါ။ အျမဳပ္မ်ားပြလာတဲ့ အခါ သၾကားတစ္ဇြန္းထပ္ထၫ့္ၿပီး အျမဳပ္ခဲလုနည္းပါးအထိေမႊပါ။ အေမႊလြန္လ်ွင္ အျမဳပ္မ်ားျပန္က်သြားတတ္သည္။ ေရခဲေသတၲာ အေအးထပ္တြင္ ထၫ့္ထားပါ။

ေထာပတ္သီး အသားႏႊာၿပီး ႏို႔ဆီ၊ ႏြားႏို႔၊ သၾကား ႏွစ္ဇြန္းထၫ့္ၿပီး ေမႊစက္နဲ႔ေမႊထားပါ။

ေထာပတ္သီးႏွင့္ အေအးခံထားေသာ ခရင္မ္အႏွစ္ေရာၿပီးေမႊပါ။

ေရခဲမုန႔္ခြက္ႏွင့္ ဒလက္ကို စက္တြင္အံက်ေအာင္တပ္ဆင္ၿပီး ခလုပ္ႏိွပ္ပါ။ မုန႔္ႏွစ္အရည္ အေပၚမွေလာင္းခ်ထၫ့္ပါ။ မုန႔္ႏွစ္ရည္ ခဲလာသၫ့္အခါ စက္ကိုရပ္ပါ။

ဒလက္ကိုဖယ္ၿပီး သိမ္းမၫ့္ဗူးတြင္ ေျပာင္းထၫ့္ကာ ေရခဲေသတၲာ အခဲထပ္တြင္ သိမ္းပါ။

ေရခဲမုန႔္စက္က အသံုးျပဳတဲ့စက္အေပၚမွာ မူတည္ၿပီးေရးထားတာျဖစ္ပါတယ္။ ကိုယ့္အိမ္မွာရိွတဲ့ စက္အမ်ိဳးအစားမွ ၫႊန္ၾကားခ်က္ေရးထားသၫ့္အတိုင္း ျပဳလုပ္ၾကဖို႔လိုပါတယ္။

*** ေရမ်ားၿပီး ခရင္မ္လိုအႏွစ္(ေကာ္မႈန႔္၊ ကာ့စတာ့ေပါင္ဒါ၊ ခရင္မ္) နည္းလို႔ ၊ ေမႊတဲ့အခ်ိန္တိုရင္ ေလကိုဆြဲသြင္းတာနည္းလို႔၊ အခဲခံ သိမ္းတဲ့အခါ အဖံုးလံုေအာင္ပိတ္သင့္တယ္။ ေရခဲမုန႔္ေပ်ာ္သြားၿပီးမွ အခဲခံရင္လည္း မာသြားတတ္ပါတယ္။ ေရခဲမုန႔္မျဖစ္ခင္ သိမ္းလိုက္ မိရင္လည္း မာသြားတတ္ပါတယ္။ အခဲခံထားတဲ့ ေရခဲမုန႔္နည္းနည္းေပ်ာ့သြားေအာင္ အျပင္မွာ ခဏေလာက္ေတာ့ ထုတ္ထားရပါတယ္။ 


ေကာ္ဖီေရခဲမုန႔္




ပါဝင္ေသာပစၥည္းမ်ား

Heavy Whipping Cream or Whipping Cream အရည္ 500ml ၊ ႏို႔ဆီ တစ္ဘူး၊ Premier Americano Coffee မႈန႔္ ၂ ထုပ္( တစ္ခြက္စာအထုပ္)။

ျပင္ဆင္ျပဳလုပ္ပံု

ဇလံုႀကီးႀကီးတစ္ခုထဲတြင္ ႏို႔ဆီဘူးကို ေဖာက္ထၫ့္ထားပါ။

အျခားဇလံုႀကီးႀကီးတစ္ခုထဲတြင္ Heavy whipping Cream အရည္ကိုထၫ့္၊ ေကာ္ဖီမႈန႔္ကိုထၫ့္ၿပီး လ်ွပ္စစ္ေမႊစက္ျဖင့္ ၃ မိနစ္မွ ၅မိနစ္ခန႔္ေမႊပါ။ ပ်စ္ၿပီး မႊေနတဲ့ ခရင္မ္ျဖစ္လာပါလိမ့္မည္။

ခရင္မ္အနည္းငယ္ကို ယူၿပီး ႏို႔ဆီဇလံုထဲကိုထၫ့္ၿပီး အထက္ေအာက္ အသာေလးသမေအာင္ေမႊပါ။ (ပ်စ္ေနတဲ့ ႏို႔ဆီမ်ား အနည္းငယ္ က်ဲသြားေအာင္လို႔ပါ။)

ၿပီးလ်ွင္ ခရင္မ္အားလံုးကို ႏို႔ဆီဇလံုထဲကိုထၫ့္ၿပီး အထက္ေအာက္ အသာေလးသမေအာင္ေမႊပါ။ (ေကာ္ဖီေဖ်ာ္သလို ဟင္းခ်က္သလို စက္ဝိုင္းပံုမေမႊရပါ။ အဲလိုေမႊလိုက္ရင္ ခရင္မ္မ်ား ျပန္ၿပီးအရည္ေပ်ာ္သြားပါလိမ့္မည္။ ေအာက္ပိုင္းက ႏို႔ဆီကို အေပၚတင္လိုက္ ေမႊလိုက္လိုမ်ိဳး အသာေလးေမႊရတာပါ။ အားလံုးတသားတည္းျဖစ္ေအာင္ေမႊပါ။)

ႏို႔ဆီေတြကြက္က်န္ေနတာမ်ိဳး မျဖစ္ရပါ။ သမသြားေသာ ခရင္မ္မ်ားကို ေရခဲမုန႔္လုပ္ရန္ ခြက္ သို႔မဟုတ္ ဘူးထဲထၫ့္ၿပီး အဖံုးဖံုး၍ ေရခဲေသတၲာအေပၚထပ္ထဲတြင္ အနည္းဆံုး ၈နာရီထားခဲပါ။

ေကာ္ဖီနံ႔သင္းပ်ံ့ေနေသာ ေကာ္ဖီေရခဲမုန႔္ကိုသံုးေဆာင္ႏိုင္ပါၿပီ။

No comments: