Tuesday, June 22, 2021

ကျွန်တော် သိ တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ…

 [Unicode]ကျွန်တော် သိ တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုတာ…




လူတိုင်း ဘဝမှာ investment ဆိုတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုခု ပြုလုပ် မယ့် အချိန် ဆိုတာ ရောက် ရှိလာတတ် လေ့ရှိပါတယ်။ ငွေပို ငွေလျှံ ရှိလာတဲ့အချိန်မှာ ငွေပမာဏ တစ်ခု စုဆောင်းမိလာပြီး ဒီငွေ လေးကို တိုးပွားစေဖို့အတွက် ရင်းနှီးမြုပ်နှံမှု တစ်ခုခု လုပ်ဆောင်ဖို့ စတင် ကြိုးစားလာ ကြလေ့ရှိပါတယ်။ ဒီ အခါမှာ နီးစပ်ရာအသိမိတ်ဆွေ တစ်ဦးဦး ရဲ့ အကြံပေးချက်နဲ့ လုပ်ဆောင် ဖြစ်ကြတာကများ ပြီးဒီမိတ်ဆွေ ဟာ ရင်းနှီးမြုပ်နှံမှု မှာ လုပ်ကိုင်နေကျ အတွေ့အကြုံရှိသူတစ်ဦး ဖြစ် နေရင် အဆင်ပြေတတ်ပေမယ့် မဟုတ်ခဲ့ရင်တော့ ကိုယ့်အတွက် ဆုံးရှုံးမှုလေးတွေ ကြုံရလေ့ရှိတတ် ပါတယ်။ တစ်ချို့ကတော့ တစ်ကြိမ်လောက် ခါးသီးတဲ့ ရင်းနှီးမြုပ်နှံမှု အတွေ့အကြုံလေးတွေ ရှိ လိုက်မိတာနဲ့ တူးတူးခါးခါး ကြောက်လန့်သွားပြီး စီးပွားရေး တို့. ရင်းနှီးမြုပ်နှံမှုတို့ကို အသံတောင် မှ မကြားချင်တော့ဘူးဆိုတာမျိုး လဲ ဖြစ်သွားကြတာ တွေ့ရပါတယ်။ 

.

တကယ်တော့ ကျွန်တော်တို့ အနေနဲ့  ကိုယ့် ရဲ့အနာဂတ် လှပ စေဖို့ ရင်းနှီးမြုပ်နှံမှုတွေကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ တစ်နေ့နေ့မှာ အကြောင်းတစ်ခုခုကြောင့် ဖြစ်ဖြစ် မတော်တဆမှု တစ်ခုကြောင့် ဖြစ်ဖြစ် အလုပ် မလုပ်နိုင်တော့ ရင် ၊ ငွေမရှာနိုင်တော့ ရင် ဒီ ရင်းနှီးမြုပ်နှံမှုတွေ ကိုပြန် ပြီး မှီခို နိုင်မှာ ဖြစ်ပါတယ်။ သေချာ တာကတော့ မမျှော်လင့် ထားတာ တစ်ခုမှ မဖြစ်လာရင်တောင် တစ်နေ့မှာ အိုမင်း လာပြီး အလုပ် မလုပ်နိုင် ပဲ အနားယူရမယ့်နေ့ကတော့ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီအချိန် တွေ အတွက် အိုစာ မင်းစာ စုဆောင်းထားရုံသာ မကပဲ ထိုက့်သင့်တဲ့ ရင်းနှီးမြုပ်နှံမှု တွေ ဆောင်ရွက် ထားခဲ့ဖို့လိုအပ်ပါတယ်။ 

.

ဒီအတွက် အကောင်းဆုံး ရင်းနှီးမြုပ်နှံမှု တွေ လုပ်ဆောင်နိုင်အောင် ဘာတွေ သိထားသင့်တယ် ဆိုတာကို ကျွန်တော် ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံရ ပြောပြချင်ပါတယ်။

.

.

(၁) အနည်းဆုံးနဲ့ လဲ စလို့ရပါတယ်..

.

တစ်ချို့ကရင်းနှီးမြုပ်နှံမှု Investment လို့ပြောလိုက်ရင် ငွေအရင်းအနှီးတွေ အများကြီးနဲ့ အကြီးအကျယ်ကြီး လုပ်ရတာမျိုးလို့ထင် ကောင်းထင်နေကြလေ့ရှိပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ငွေ အနည်းအကျဉ်း သောင်းဂဏာန်း သိန်း ဂဏာန်းလောက်နဲ့ကို စတင်လို့ ရပါတယ်။ စကားကို ကပ်ပြော ရရင် မြန်မာငွေ ထောင်ဂဏာန်းနဲ့တောင်မှ ကမ္ဘာ့အဆင့်မှီ ရင်းနှီးမြုပ်နှံမှု တစ်ခုကို ပြုလုပ်လို့ ရပါသော်ကောဗျာ။ ရန်ကုန်စတော့ အိတ်ချိန်းမှာ ဆိုရင် ပထမပုဂ္ဂလိကဘဏ် ရဲ့ ရှယ်ယာ တစ်ခုကို ၇၈၀၀, သီလဝါအထူးစီးပွားရေးဇုန် ရှယ်ယာတစ်စုကို ၃၅၀၀, TMH Telecom လုပ်ငန်းရှယ်ယာ တစ်စုကို ၂၈၅၀ ကျပ် (စာရေးနေတဲ့ အချိန် ပေါက်ဈေး)  နဲ့ ဝယ်ယူ ရင်းနှီးမြုပ်နှံလို့ရပါတယ်။ ဒါမှမဟုတ် ရွှေ ဝယ် ပြီး ရင်းနှီးထားချင် တယ်ဆိုရင်လဲ ဒီဖက်ခေတ်မှာ အခေါက် ရွှေကို မှ သောင်းဂဏာန်း လောက်နဲ့ ဝယ်လို့ရတဲ့ စုလို့ရတဲ့ အနေအထား တွေ ရှိနေပြီဖြစ်ပါတယ်။ ကျွန်တော်က ရင်းနှီးမြုပ်နှံမှု လို့ သာဆိုခဲ့တာကြောင့် အထက်က investment တွေ ဟာ အကောင်းဆုံးတွေ ဖြစ်ချင်မှ ဖြစ်ပေမယ့် အနည်းဆုံး လူအများစု တတ် နိုင်တဲ့ ပမာဏတွေ နဲ့ investment ဆိုတာ လုပ်လို့ ရတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီအတွက် ငွေတွေ ဘယ်လောက်စုမိမှ၊ ငွေပမာဏ ဘယ်လောက် ရှာနိုင်မှ စလုပ်မယ် ဆိုတာမျိုး စဉ်းစားတာ ဟာ အချိန်ဆွဲခြင်း ၊ မိမိ မလုပ်ဖူးတဲ့ အရာတစ်ခုဖြစ်လို့ ငြင်းပယ်ခြင်း၊ စွန့်စားရမှာ ကြောက်ခြင်း စတာတွေ သာ ဖြစ်နေဖို့များပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ၀ါရင်းဘတ်ဖတ်တောင်မှ အသက် ၁၁ နှစ်မှာ ပထမဆုံး ရင်းနှီးမြုပ်နှံမှုကို ရှယ်ယာတစ်စု စတင်ဝယ်ယူခြင်းနဲ့ စတာပါတဲ့။

.

ကျွန်တော် စတင်ခဲ့ တုန်းကတော့ လစဉ် လစာ တစ်သိန်းခွဲ ရတာကနေ စုထားတဲ့ ငွေလေး သောင်းဂဏာန်း ကို ဖုန်းဘေရောင်း တဲ့ အလုပ် စလုပ်ဖြစ်ပါတယ်။ ဒါကတော့.investment ဆိုတာထက် business တစ်ခု စတယ်လို့ ပြောလို့ရသလို business အနေနဲ့ invest လုပ်တယ်လို့လဲ ပြောလို့ရပါတယ်။ အဲဒီအချိန် တုန်းကတော့ ငွေဖြည့်ကတ် တွေက လွယ်လွယ်နဲ့ ဝယ်လို့မရပဲ ကတ် ကို ခဲခြစ်ပြီး ငွေဖြည့်လို့ရတဲ့ခေတ်ဖြစ်တော့ လက်ကားဈေးနဲ့ရနိုင်မယ့် နေရာတွေမှာ ကတ်တွေ လိုက် ဝယ်ပြီး ပြန်ရောင်းရတဲ့ အနေအထားပါပဲ။ အဲဒီကနေ ရလာတဲ့ အမြတ် ရယ် ငွေထပ်စု တာရယ်နဲ့ အခြား ငွေဖြည့်ကတ်ရောင်းချင်းတဲ့ အသိတွေကိုပါ ကတ်တွေ ရင်းပေးပြီး ရောင်းစေ ပါတယ်။ ဒီအတွက်ရောင်းအား နှစ်ခု ဖြစ်လာတော့ လက်ကား အရေအတွက်ပိုယူနိုင်လို့ ဈေးပိုသက်သာ တာရယ် ၊ အသိတွေကို ရာခိုင်နှုန်း ပါးပါး ထပ်တင်လို့ရတာရယ်ကြောင့် ပိုပြီး အမြတ် ရလာပါတယ်။ ဒါကတော့ လုံးဝ investment သဘော သက်ရောက်သွားတာပါပဲ။ ဒါ့အပြင် ငွေ လေးပိုရင်းနိုင် လာတော့ ငွေဖြည့်ကတ်တွေကို တစ်လလုံးကြိုက်သလောက်ယူ အကြွေးပေးပြီး  လကုန်မှ ပြန်ဆပ် ၊ အဲဒီအတွက် 5% လောက် အပို service အနေနဲ့ ရယူ တာမျိုး ပါ လုပ်လာနိုင် ပါတယ်။ 

.

ဆိုလိုတာကတော့ ဘယ်လောက် စု မိမှ လက်ထဲငွေဘယ်လောက်မှ investment စလုပ်နိုင်မှာ မဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ ဘာလိုအပ်နေသလဲ ဘာအခက်အခဲတွေ ရှိနေလဲ ဒါတွေကို ဘယ်လို ရှင်းပေးနိုင်မလဲ ဆိုတာကိုသိရင် business or investment တစ်ခုခု လုပ်နိုင်တာပါပဲ။ 


.

.

(၂) ညက အိမ်မက် ထဲမှာ ဒါလုပ် ဆိုပြီးလာပြောသွားတာမျိုးမဟုတ် ….

.

ရင်းနှီးမြုပ်နှံမှု ကောင်း ကောင်းတစ်ခုကို ရလိုက်တယ် ဆိုတာ ထီပေါက် သလို  အမွေ ရသလို ရုတ် တရက် ကြီးကော် ပေါက်တိုးပြီး ပွသွားတာမျိုး မဟုတ်ပါဘူး။ ရှိကောင်းရှိနိုင်ပေမယ့် ရှားပါလိမ့်မယ်။ ဒါ့အပြင် ဒီလို ရခဲ့ရင်လဲ နောက်တစ်ကြိမ်ထပ်ရအောင် လုပ်နိုင် စွမ်းဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ ထီပေါက်တာတောင်မှ ထီထိုး ဖို့ နံပါတ်ရွေးဖို့ ထီဖိုးလေး ဖယ်ထားနိုင်ဖို့လိုအပ်ပါသေးတယ်။ 

.

ငယ်ငယ် က ကျွန်တော့်ရဲ့ ရင်းနှီးမြုပ်နှံမှုကောင်း တစ်ခုကို ပြောရမယ်ဆိုရင် သီလဝါအထူး စီးပွားရေး ဇုန်ကြီးဖော်ဆောင်မယ့် အချိန် မှာ အများပြည်သူတွေအတွက် အစုရှယ်ယာ တစ်စုကို တစ်သောင်း နဲ့ ထုတ်ရောင်း တုန်းက ဝယ်လိုက်မိတာပါပဲ။ အဲဒီတုန်းက တစ်စုကို တစ်သောင်းနဲ့ အစု ၁၀၀ ဆယ်သိန်း ဖိုး ဝယ်လိုက်တာပါ။ တကယ်တော့ အဲ့ဒီအချိန်မှာ ရှိသမျှ အလုပ်တွေ လုပ်၊ လစာ ကိုလဲ အသေစု ပြီး တာတောင်မှ လက်ထဲမှာ အဲဒီ ၁၀ သ်ိန်းပဲ ရှိတဲ့အချိန်ဖြစ် လို့ ချမ်းသာသမျှပုံအော လိုက်တဲ့ သဘောပါပဲ။ ဒီ ရှယ်ယာ အစု ၁၀၀ ဟာ တစ်ခု တစ်သောင်းကနေ နောင် နှစ်နှစ် သုံးနှစ် ကြာ စီမံကိန်းကြီးလဲ စတင်၊ နိုင်ငံခြား လုပ်ငန်းတွေကလဲ ပါဝင်လာကြ တော့ ပြင်ပ ပေါက်ဈေး အနေနဲ့ တစ်စုကို ကိုးသောင်း ထိ ပေးကာ ဝယ်လာကြပါတော့တယ်။ ဒီအချိန်မှာ ကျွန်တော်ရဲ့ အစု ၁၀၀ လုံးကို ထုတ်ရောင်းလိုက်ပါတယ်။ သိန်း ၉၀ ရလိုက်တော့ အရင်း ၁၀ သိန်းနုတ်ရင် သိန်း ၈၀ မြတ် တာဟာ အဲဒီအချိန်က အတော်လေးများ တဲ့ ပမာဏပါပဲ။ 

.

အဲဒီ သိန်း ၉၀ လက်ထဲ ရောက်ချိန်မှာ  ကား ဈေးကွက်က ဈေးကျနေတဲ့ အချိန် ဖြစ်ပါတယ်။ တက်စီ တစ်စီးကို သိန်း ၉၀ နဲ့ ဆိုရင် ပျံလန်နေအောင် ရနိုင် တဲ့အတွက် ကျွန်တော့်ရဲ့ ပထမ ဆုံး တက်စီ တစ်စီးကို ဝယ်ယူလိုက်ပါတယ်။ တက်စီကို အငှား ပေးထားလိုက်တဲ့အခါ တစ်လကို သုံးသိန်း အုံနာခ ရပါတော့တယ်။ နောက် တစ်နှစ်လဲ ကြာရော ကားဈေးတွေ ပြန်ခုန်တက်ကာ ကားတန်ဖိုး ပါ မြတ်ပါ တော့တယ်။

.

အထက်က ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် အားရ စရာတွေချည်းပါပဲ။ အကုန်လုံးက အဆင်သင့် ဖြစ်နေ သလို အကွက်ကောင်းတွေ ချည်း ရလိုက်တဲ့ အနေအထားလို့ပြော စရာရှိပါတယ်။ ဒါပေမယ့် တကယ်က ဒီလိုမဟုတ်ပါဘူး။ စတော့ ရှယ်ယာ ဆိုတာကို နားလည် ဖို့အတွက် ကျွန်တော်  ဈေးကြီးတဲ့ သင်တန်းတွေ တက်ခဲ့ ရ လေ့လာခဲ့ရပါတယ်။ လစာ ကတစ်သိန်းခွဲ ပဲရချိန်မှာ တစ်ရက် တန်ကြေး တစ်သိန်း ရှိတဲ့ စတော့ ရှယ်ယာသင်တန်းတွေ တက်ခဲ့၊ စာအုပ်တွေ ဖတ် ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြား broker တစ်ခုနဲ့ ချိတ် ဆက်အကောင့်ဖွင့်ကာ ကမ္ဘာ့လုပ်ငန်းကြီးတွေ ဖြစ်တဲ့ Apple, Amazon စတဲ့ ရှယ်ယာတွေကို တစ်နှစ်လောက် အရောင်းအဝယ် ပြုလုပ်ခဲ့ရပါတယ်။ အဲဒီ လုပ်ငန်းမှာ အစက အတော်ဟန်ပေမယ့် တရုတ်ပြည် စီးပွားရေး အပျက်မှာ ကျွန်တော် လဲ ရှယ်ယာ မှာရင်းထား သမျှ ဆယ်သိန်း ဝန်းကျင်လောက် အငွေ့ပျံ ပျောက်သွား ပါရော။ အဲဒီအချိန်က ဆယ်သိန်းဟာ အတော်ကို တန်ဖိုး ရှိပါတယ်။  ဆိုလိုတာက အဲဒီ ရှယ်ယာ ဆိုတာဘာလဲ ၊ ဘယ်လို အကျိုးအမြတ် ရနိုင်လဲ၊ ဘာတွေ တွက်ချက်ရမလဲ၊ ဈေးကွက်က ဘယ်လိုလဲ ဆိုတာကို သီလဝါ ရှယ်ယာ မဝယ်ခင် ရှေ့ နှစ် တွေ မှာ လေ့လာလိုက် လုပ်ကြည့်လိုက် ကွဲ လိုက်နဲ့ ဖြစ်နေခဲ့တာပါပဲ။ ဒီလိုပါပဲ ကားဈေး အကျဆုံး ဖြစ်နေတယ်ဆိုတာကို ညက အိမ်မက်ထဲမှာ ဘိုးတော် ကအတိတ် စိမ်းလာပေးတာ မဟုတ်ပါဘူး။ တကယ်ပါ။ ကားဈေး အခြေအနေ ဘယ်လို ရှိလဲ၊ ဘယ်အမျိုးအစား တွေက ဘယ်ဈေးတန်းလဲ စတဲ့ ဈေးကွက်ကို အရင်ကထဲက မျက်ခြေမပြတ် လေ့လာနေခဲ့ တဲ့အတွက် ပါပဲ။ 

.

ဒီအတွက် ကိုယ်စိတ်ဝင်စားတဲ့ သို့မဟုတ် ရင်းနှီးမြုပ်နှံလိုတဲ့ ဈေးကွက်ကို အမြဲ လေ့လာစောင့်ကြည့် ပြီး အကျွမ်းဝင်နေအောင် လုပ်ထားမှသာ အခွင့်သာတဲ့အခါ အကွက်ကောင်းတွေကို ရမှာဖြစ်ပါတယ်။

.

ဒါလေးပြောတော့ ဆုံးသွားတဲ့အဖေ့ကို သွားသတိရပါတယ်။ အဖေက အငြိမ်းစား ဝန်ထမ်းဖြစ်တော့ ငွေ ကို စုဖို့ပဲ အားသန်ပါတယ်။ ဘာစီးပွားရေးမှ မလုပ်တတ်သလို ဆုံးမှာလဲ သိပ်ကြောက်ပါတယ်။ ကပ်စီကလဲ နည်းတယ်ပေါ့ဗျာ။ တစ်ခါတော့ ကျွန်တော်က အဖေ့ကို ရွှေ ဝယ် ကြဖို့ အတင်းတိုက်တွန်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရွှေ ဈေး ဘယ်လို အခြေအနေ ရှိတယ်ဆိုတာကို အဲဒီအချိန် မှာ ကျွန်တော်က အမြဲလေ့လာ နေ တာဖြစ်တဲ့အတွက် ခု ရောက်နေတဲ့ဈေးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အကျဆုံး အနိမ့်ဆုံးဈေး ဖြစ်တယ် ဆိုတာကို သိ လိုက်တဲ့အတွက်ပါပဲ။ ရန်တွေပါဖြစ် စကားများ ပြီးနောက်မှာ အဖေက စုထားတာလေး တွေထဲက ထုတ်ပြီး သုံးကျပ်သား ဝယ်မယ်လို့ ပြောပါတယ်။ မင်းပြောသလိုသာ ဈေးတက်ပြီးမြတ် ခဲ့ရင် အဲဒီ ငွေနဲ့ မင်း ရွှေ အရောင်းအဝယ်လုပ်ကွာလို့ လဲ ပြောပါသေးတယ်။ အေး …မဟုတ်ခဲ့ ရင်တော့ မင်းနာပြီ ပေါ့..ဒါနဲ့.. အကျဈေးနဲ့ သုံးကျပ်သား သွားဝယ်လိုက် ပြီးနောက်လပိုင်းမှာပဲ ရွှေဈေးဟာ မိုးထိုးအောင် ထောင် တက်သွားလိုက် တော့မှ အဖေ ကို တွေ့ပြီမလား လို့ ရင်ကော့ပြ ရတော့တာပါပဲ။ သို့သော်လည်း ကြက်ကန်းတိုးတယ်သာ ထင် လေတဲ့  အဖေက ရွှေ အရောင်းအဝယ် လုပ်ဖို့ ပေးမယ့်အစား ရွှေ ရောင်းရတဲ့ငွေကို ဆက်သာ ဥ ထား ပါလေရော… 

.

ဆိုတော့ ရွှေဈေး ငွေဈေး  အိမ်ခြံမြေ စတာ တွေကို ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ပယ် ထားရင် သူတို့ ဆီက အကျိုးအမြတ်တွေကလဲ ကိုယ်နဲ့ ဘယ်လိုမှ ဆိုင်လာမှာ မဟုတ်ပါဘူး။ တူညီတဲ့ တန်ပြန်သက်ရောက် မှုလို့ ဆိုရမှာပါပဲ။

.

.

(၃) လုပ်သာလုပ်….ဆုံးမှာပဲ..

.

ခေါင်းစဉ် နံပါတ် သုံး ကို ကြည့်ပြီး ..ဟာ..ဘယ်လိုကြီးတုန်းလို့ ထင်စရာရှိပါတယ်။ ဟုတ်ပါတယ်။ လုပ်သာလုပ်ပါ… ဆုံးရှုံး မှုကတော့ ကြုံကို ကြုံမှာပါပဲ။ တစ်ခါမှ မဆုံးရှုံးဖူး တဲ့ investor ဆိုတာ မရှိပါဘူး။ ကျွန်တော် ဆိုရင် Business ရော Investemnt အနေနဲ့ပါ ဆုံးရှုံး တာ မအောင်မြင်တာ တွေ မှ အများကြီးပါပဲ။ Management ကျောင်းတက်တော့ ပထမဆုရခဲ့ တဲ့ Business Project ကို လက်တွေ့အကောင်အထည်ဖော်တာ မအောင်မြင်ဘူး။ အထည်ချုပ်လုပ်ငန်းတစ်ခု မှာ ရှယ်ယာ ထည့်တာ အရှုံးပေါ်တယ်၊ အိပ်ယာခင်း လုပ်ငန်းတစ်ခု မှာ ထည့်ဝင်တာ ပိုင်ရှင်က လူလိမ်ဖြစ် နေတယ်၊ Mutual Fund တစ်ခု ထောင်တယ် မအောင်မြင်ဘူး၊ ရှယ်ယာ အရောင်းအဝယ် လုပ်တယ် အရင်းပြုတ်တယ်၊ စသဖြင့်ပါပဲ။ ဒါပေမယ့် အဲဒီ မအောင်မြင်မှုတွေဟာ စတင်လုပ်ကိုင်ခါစ ငါးနှစ် လောက်မှာ ဖြစ်နေခဲ့တာတွေပါပဲ။ အဲဒီနှစ်တွေ မှာ အောင်မြင်တာလဲရှိသလို မအောင်မြင်တာလဲ ရှိပါတယ်။ ဒါပေမယ့် အခုလက်ရှိ အချိန်ကနေ အနီးဆုံးငါးနှစ်အတွင်း လုပ်ခဲ့သမျှမှာ အောင်မြင်မှု နဲ့ ဆုံးရှုံးမှု ဘယ်ဟာကပိုများလဲဆိုရင်တော့ ဆုံးရှုံး တာဟာ မရှိသလောက် နည်းသွားခဲ့ပါတယ်။ ၁၀ ချိုး ၁ချိုးလောက်ကို နည်းသွား တာပါပဲ။ ဒါကြောင့် အောင်မြင်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ ကို လုပ်ကိုင်နိုင်ဖို့အတွက် ဆုံးရှုံး ခြင်းတွေက ပထမ ဆုံးလှေကားထစ် ဖြစ်တယ်လို့ ဆိုချင်တာပါပဲ။ 

.

အဲဒီ လို ဆုံးရှုံးမှုတွေ ကနေ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေ၊ တွေးခေါ်နိုင်တာတွေ၊ အန္တရာယ် အငွေ့အသက်ဆို ခံစားလာနိုင်တာတွေ စတာတွေ ရလာပါတယ်။ ဒါ့အပြင် အမှားတွေကနေ သင်ခန်းစာ ယူရပါသေးတယ်။ ဥပမာ ရှုံးသွားတဲ့ လုပ်ငန်းမှာ ရှယ်ယာထည့်မိတာ Financial statement တွေ ကိုမဖတ်တတ်လို့ နားမလည် လို့ ဆိုတာ သိလိုက်တဲ့အတွက်. Finance ပိုင်းကို ဖိပြီး လေ့လာကာ နောက် ကိုထပ်မဖြစ်အောင် လုပ်ဆောင် တာမျိုး လုပ်ဖြစ်ပါတယ်။ 

.

နောက်တစ်ခါ investment လုပ်နေကျ အကျင့် ရှိသွား တဲ့အခါ အခွင့်အလမ်းတွေကို ပိုမြင်တတ်လာ ပါလိမ့်မယ်။ တစ်ခါမှ investment မလုပ်ဖူးတဲ့အခါ  ပမာဏ အများကြီး လုပ်ဖို့ ကြုံလာတော့ မှ ခြေမကိုင်မိ လက်မကိုင်မိဖြစ်တာ၊ လုပ်လေ့မရှိလို့ အကွက်ကောင်းတွေ လွတ်သွားတာ၊ မလုပ်ရဲတော့တာ စတာတွေ ဖြစ် မလာဖို့ အတွက် ပမာဏ နည်းနည်း စီ ကို အမျိုးအစား များများ လုပ်ဆောင် ဖို့လဲ အကြံပေးချင်ပါတယ်။ 

.

.

(၄) Strategy လေးတွေ …

.

ရင်းနှီးမြုပ်နှံမှုကို စလုပ်မယ်ဆိုရင် ပထမဆုံး သိရမယ့် concept က Risk and Return ပါပဲ၊ Risk ဆိုတာကတော့ ရင်းနှီးမြုပ်နှံလိုက်တဲ့ငွေရင်း ဆုံးရှုံးသွားနိုင်ခြေ ဖြစ်ပြီး return ဆိုတာကတော့ ဘယ်လောက် မြတ်စွန်းမလဲ ဆိုတဲ့ အမြတ် ပါပဲ။ Risk နဲ့ Return က တိုက်ရိုက် အချိုး ကျပါတယ်။ သဘောကတော့ Risk များရင် Return လဲများလေ့ရှိပါတယ်။ Risk နည်းရင်း Return လဲများ ပါတယ်။ ဥပမာ ထီထိုး သလိုပါပဲ။ ထီထိုးရင် ထီပေါက်နိုင်ခြေဟာ အရမ်းနည်းပါတယ်။ တစ်နည်းအား ဖြင့် ထီလက်မှတ်ဖိုး ရင်းနှီးငွေကို ဆုံးရှုံးနိုင်ခြေ risk က အရမ်းများပါတယ်။ ဒီအတွက် တကယ်လို့ ထီပေါက်ခဲ့ရင်လည်း ပြန်ရမယ့် ဆုက အဆပေါင်းများစွာ ပိုရမှာ ပဲဖြစ်ပါတယ်။ 

.

ဒီအတွက် return များ တဲ့ အလုပ်တွေဟာ Risk များပါတယ်။ တစ်ချို့ အလုပ်တွေမှာ Risk ဟာ ငွေကြေးတင်မကပဲအခြား အရာ များကိုပါဆုံးရှုံး နိုင် တတ်ပါသေးတယ်။ ကျွန်တော့် ရဲ့ Strategy ကတော့ အရင်းလဲ များများ မတတ် နိုင်သေးတဲ့ အချိန်မှာ အဆုံးလဲ ခံနိုင်လောက်တဲ့ ပမာဏ လေးတွေကို Risk များ return များတဲ့အလုပ်တွေ မှာ ထည့်ပါတယ်။  အဲဒီ လို အလုပ် ငါးခု လောက်မှာ ၂ ခုလောက်က ဆုံးရှုံးသွားပေမယ့် ကျန်တဲ့ သုံးခု လောက်က ရတဲ့ High Return က အားလုံးအနေနဲ့ ခြုံတွက်လိုက်ရင် cover ဖြစ်တဲ့ အနေအထားပါပဲ။ ဥပမာ လုပ်ဖော်ကိုင်ဖက်တွေကို ၅ ကျပ်တိုးလောက်နဲ့ ငွေတိုး ချေးတာ၊ ၁၀% ဝန်းကျင်လောက် အမြတ်ပေးတယ်ဆိုတဲ့ လုပ်ငန်းငယ်လေး တွေ မှာ ရှယ်ယာ ထည့်တာ ၊ အမြတ်များများ ရနိုင်ပြီး အရင်းသိပ်မလိုတဲ့ အလုပ်လေးတွေ ဥပမာ မြေကွက် စပ်တူဝယ်ပြီး ပြန်ရောင်းတာ စတာတွေကို လုပ်ပါတယ်။ ဒါတွေကို တော့ တစ်ခုကို ငါးသိန်း ထက်မပိုတဲ့ ပမာဏ တစ်ခုနဲ့သာ လုပ်ဆောင်ပါတယ်။ တကယ်လို့တစ်ခု ဆုံး ရှုံးသွားလဲ ငါးသိန်း သာဖြစ်တဲ့အတွက် အဲဒီအချိန်က ကိုယ့်အနေအထားအရ ခံနိုင် ပါတယ်။ အထက်က ကျွန်တော် ကျရှုံးခဲ့တဲ့ အလုပ်တွေက ဒီ High Risk High Return အလုပ်တွေ ထဲက ပါပဲ။ 

.

ဒီအတွက် က ပညာရတယ်၊ Risk ကို များပေမယ့် ထိန်းနိုင်အောင် မကြောက်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာ သိလာတယ်၊ နည်းနည်းလေးတွေကို ထိန်း ရင်း အလေ့အကျင့်ရလာတယ် စတာတွေ ဖြစ်လာပါတယ်။

.

ဒီလိုနဲ့ ကိုယ်ရှာနိုင်တဲ့ ငွေပမာဏ လဲများလာ စုငွေလဲများလာပြီး ရင်းနိုင်တဲ့ ပမာဏ များလာတဲ့အခါမှာတော့ Strategy ကို High Risk, High Return ကနေ Low Risk, Medium Return ကို ပြောင်းပါတယ်။ Risk နည်း ပြီး သင့်တင့်တဲ့ ဝင်ငွေ အမြတ် ရနိုင်မယ့် investment တွေကို တဖြည်းဖြည်း ပြောင်း လိုက်ပါတယ်။ ဥပမာ တိုက်ခန်း၊ အိမ်ခြံမြေ စသဖြင့်ပါပဲ။ 

.

ဒီတော့ ပမာဏ နည်းနည်း နဲ့ လို့ရတယ် စမယ်ဆိုရင် တော့ High risk High Return တွေနဲ့ စတင်ပြီး ဒါတွေကို ဘယ်လို ထိန်းသိမ်းမလဲ ၊ မှန်ကန်အောင်ဘယ်လိုရွေးချယ်မလဲဆိုတာကို လေ့ကျင့် သင့်ပါတယ်။ ဒါကြောင့် Investment လုပ်ရင် ဆုံးမှာပဲ …ဆုံး တာချင်းအတူတူ များများ ဆုံးတာနဲ့ နည်းနည်း ဆုံးတာ ဘယ်ဟာကို ဖြစ်စေမလဲ ဆိုတာ သုံးသပ်ရမှာ ပါပဲ….

.

.

.

ဆက်ရန် 


.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

.

.

Kaung Hein Soe – Strategic

Business Consultant


[Zawgyi]ကြၽန္ေတာ္ သိ တဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ဆိုတာ…




လူတိုင္း ဘဝမွာ investment ဆိုတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခုခု ျပဳလုပ္ မယ့္ အခ်ိန္ ဆိုတာ ေရာက္ ရိွလာတတ္ ေလ့ရိွပါတယ္။ ေငြပို ေငြလ်ွံ ရိွလာတဲ့အခ်ိန္မွာ ေငြပမာဏ တစ္ခု စုေဆာင္းမိလာၿပီး ဒီေငြ ေလးကို တိုးပြားေစဖို႔အတြက္ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခုခု လုပ္ေဆာင္ဖို႔ စတင္ ႀကိဳးစားလာ ၾကေလ့ရိွပါတယ္။ ဒီ အခါမွာ နီးစပ္ရာအသိမိတ္ေဆြ တစ္ဦးဦး ရဲ့ အႀကံေပးခ်က္နဲ႔ လုပ္ေဆာင္ ျဖစ္ၾကတာကမ်ား ၿပီးဒီမိတ္ေဆြ ဟာ ရင္းႏွီးျမဳပ္ႏွံမႈ မွာ လုပ္ကိုင္ေနက် အေတြ့အႀကံဳရိွသူတစ္ဦး ျဖစ္ ေနရင္ အဆင္ေျပတတ္ေပမယ့္ မဟုတ္ခဲ့ရင္ေတာ့ ကိုယ့္အတြက္ ဆံုးရႈံးမႈေလးေတြ ႀကံဳရေလ့ရိွတတ္ ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ တစ္ႀကိမ္ေလာက္ ခါးသီးတဲ့ ရင္းႏွီးျမဳပ္ႏွံမႈ အေတြ့အႀကံဳေလးေတြ ရိွ လိုက္မိတာနဲ႔ တူးတူးခါးခါး ေၾကာက္လန႔္သြားၿပီး စီးပြားေရး တို႔. ရင္းႏွီးျမဳပ္ႏွံမႈတို႔ကို အသံေတာင္ မွ မၾကားခ်င္ေတာ့ဘူးဆိုတာမ်ိဳး လဲ ျဖစ္သြားၾကတာ ေတြ့ရပါတယ္။ 

.

တကယ္ေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔  ကိုယ့္ ရဲ့အနာဂတ္ လွပ ေစဖို႔ ရင္းႏွီးျမဳပ္ႏွံမႈေတြကို ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ တစ္ေန့ေန့မွာ အေၾကာင္းတစ္ခုခုေၾကာင့္ ျဖစ္ျဖစ္ မေတာ္တဆမႈ တစ္ခုေၾကာင့္ ျဖစ္ျဖစ္ အလုပ္ မလုပ္ႏိုင္ေတာ့ ရင္ ၊ ေငြမရွာႏိုင္ေတာ့ ရင္ ဒီ ရင္းႏွီးျမဳပ္ႏွံမႈေတြ ကိုျပန္ ၿပီး မွီခို ႏိုင္မွာ ျဖစ္ပါတယ္။ ေသခ်ာ တာကေတာ့ မေမ်ွာ္လင့္ ထားတာ တစ္ခုမွ မျဖစ္လာရင္ေတာင္ တစ္ေန့မွာ အိုမင္း လာၿပီး အလုပ္ မလုပ္ႏိုင္ ပဲ အနားယူရမယ့္ေန့ကေတာ့ ေရာက္ရိွလာမွာ ျဖစ္ပါတယ္။ ဒီအခ်ိန္ ေတြ အတြက္ အိုစာ မင္းစာ စုေဆာင္းထားရံုသာ မကပဲ ထိုက့္သင့္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈ ေတြ ေဆာင္ရြက္ ထားခဲ့ဖို႔လိုအပ္ပါတယ္။ 

.

ဒီအတြက္ အေကာင္းဆံုး ရင္းႏွီးျမဳပ္ႏွံမႈ ေတြ လုပ္ေဆာင္ႏိုင္ေအာင္ ဘာေတြ သိထားသင့္တယ္ ဆိုတာကို ကြၽန္ေတာ္ ျဖတ္သန္းခဲ့တဲ့အေတြ့အႀကံဳရ ေျပာျပခ်င္ပါတယ္။

.

.

(၁) အနည္းဆံုးနဲ႔ လဲ စလို႔ရပါတယ္..

.

တစ္ခ်ိဳ႕ကရင္းႏွီးျမဳပ္ႏွံမႈ Investment လို႔ေျပာလိုက္ရင္ ေငြအရင္းအႏွီးေတြ အမ်ားႀကီးနဲ႔ အႀကီးအက်ယ္ႀကီး လုပ္ရတာမ်ိဳးလို႔ထင္ ေကာင္းထင္ေနၾကေလ့ရိွပါတယ္။ ဒီလိုမဟုတ္ပါဘူး။ ေငြ အနည္းအက်ဉ္း ေသာင္းဂဏာန္း သိန္း ဂဏာန္းေလာက္နဲ႔ကို စတင္လို႔ ရပါတယ္။ စကားကို ကပ္ေျပာ ရရင္ ျမန္မာေငြ ေထာင္ဂဏာန္းနဲ႔ေတာင္မွ ကမ႓ာ့အဆင့္မွီ ရင္းႏွီးျမဳပ္ႏွံမႈ တစ္ခုကို ျပဳလုပ္လို႔ ရပါေသာ္ေကာဗ်ာ။ ရန္ကုန္စေတာ့ အိတ္ခ်ိန္းမွာ ဆိုရင္ ပထမပုဂၢလိကဘဏ္ ရဲ့ ရွယ္ယာ တစ္ခုကို ၇၈၀၀, သီလဝါအထူးစီးပြားေရးဇုန္ ရွယ္ယာတစ္စုကို ၃၅၀၀, TMH Telecom လုပ္ငန္းရွယ္ယာ တစ္စုကို ၂၈၅၀ က်ပ္ (စာေရးေနတဲ့ အခ်ိန္ ေပါက္ေဈး)  နဲ႔ ဝယ္ယူ ရင္းႏွီးျမဳပ္ႏွံလို႔ရပါတယ္။ ဒါမွမဟုတ္ ေရႊ ဝယ္ ၿပီး ရင္းႏွီးထားခ်င္ တယ္ဆိုရင္လဲ ဒီဖက္ေခတ္မွာ အေခါက္ ေရႊကို မွ ေသာင္းဂဏာန္း ေလာက္နဲ႔ ဝယ္လို႔ရတဲ့ စုလို႔ရတဲ့ အေနအထား ေတြ ရိွေနၿပီျဖစ္ပါတယ္။ ကြၽန္ေတာ္က ရင္းႏွီးျမဳပ္ႏွံမႈ လို႔ သာဆိုခဲ့တာေၾကာင့္ အထက္က investment ေတြ ဟာ အေကာင္းဆံုးေတြ ျဖစ္ခ်င္မွ ျဖစ္ေပမယ့္ အနည္းဆံုး လူအမ်ားစု တတ္ ႏိုင္တဲ့ ပမာဏေတြ နဲ႔ investment ဆိုတာ လုပ္လို႔ ရတယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။ ဒီအတြက္ ေငြေတြ ဘယ္ေလာက္စုမိမွ၊ ေငြပမာဏ ဘယ္ေလာက္ ရွာႏိုင္မွ စလုပ္မယ္ ဆိုတာမ်ိဳး စဉ္းစားတာ ဟာ အခ်ိန္ဆြဲျခင္း ၊ မိမိ မလုပ္ဖူးတဲ့ အရာတစ္ခုျဖစ္လို႔ ျငင္းပယ္ျခင္း၊ စြန႔္စားရမွာ ေၾကာက္ျခင္း စတာေတြ သာ ျဖစ္ေနဖို႔မ်ားပါတယ္။ ကမ႓ာ့အခ်မ္းသာဆံုး စာရင္းဝင္ ဝါရင္းဘတ္ဖတ္ေတာင္မွ အသက္ ၁၁ ႏွစ္မွာ ပထမဆံုး ရင္းႏွီးျမဳပ္ႏွံမႈကို ရွယ္ယာတစ္စု စတင္ဝယ္ယူျခင္းနဲ႔ စတာပါတဲ့။

.

ကြၽန္ေတာ္ စတင္ခဲ့ တုန္းကေတာ့ လစဉ္ လစာ တစ္သိန္းခြဲ ရတာကေန စုထားတဲ့ ေငြေလး ေသာင္းဂဏာန္း ကို ဖုန္းေဘေရာင္း တဲ့ အလုပ္ စလုပ္ျဖစ္ပါတယ္။ ဒါကေတာ့.investment ဆိုတာထက္ business တစ္ခု စတယ္လို႔ ေျပာလို႔ရသလို business အေနနဲ႔ invest လုပ္တယ္လို႔လဲ ေျပာလို႔ရပါတယ္။ အဲဒီအခ်ိန္ တုန္းကေတာ့ ေငျြဖၫ့္ကတ္ ေတြက လြယ္လြယ္နဲ႔ ဝယ္လို႔မရပဲ ကတ္ ကို ခဲျခစ္ၿပီး ေငျြဖၫ့္လို႔ရတဲ့ေခတ္ျဖစ္ေတာ့ လက္ကားေဈးနဲ႔ရႏိုင္မယ့္ ေနရာေတြမွာ ကတ္ေတြ လိုက္ ဝယ္ၿပီး ျပန္ေရာင္းရတဲ့ အေနအထားပါပဲ။ အဲဒီကေန ရလာတဲ့ အျမတ္ ရယ္ ေငြထပ္စု တာရယ္နဲ႔ အျခား ေငျြဖၫ့္ကတ္ေရာင္းခ်င္းတဲ့ အသိေတြကိုပါ ကတ္ေတြ ရင္းေပးၿပီး ေရာင္းေစ ပါတယ္။ ဒီအတြက္ေရာင္းအား ႏွစ္ခု ျဖစ္လာေတာ့ လက္ကား အေရအတြက္ပိုယူႏိုင္လို႔ ေဈးပိုသက္သာ တာရယ္ ၊ အသိေတြကို ရာခိုင္ႏႈန္း ပါးပါး ထပ္တင္လို႔ရတာရယ္ေၾကာင့္ ပိုၿပီး အျမတ္ ရလာပါတယ္။ ဒါကေတာ့ လံုးဝ investment သေဘာ သက္ေရာက္သြားတာပါပဲ။ ဒါ့အျပင္ ေငြ ေလးပိုရင္းႏိုင္ လာေတာ့ ေငျြဖၫ့္ကတ္ေတြကို တစ္လလံုးႀကိဳက္သေလာက္ယူ အေႂကြးေပးၿပီး  လကုန္မွ ျပန္ဆပ္ ၊ အဲဒီအတြက္ 5% ေလာက္ အပို service အေနနဲ႔ ရယူ တာမ်ိဳး ပါ လုပ္လာႏိုင္ ပါတယ္။ 

.

ဆိုလိုတာကေတာ့ ဘယ္ေလာက္ စု မိမွ လက္ထဲေငြဘယ္ေလာက္မွ investment စလုပ္ႏိုင္မွာ မဟုတ္ပဲ ကိုယ့္ပတ္ဝန္းက်င္မွာ လူေတြ ဘာလိုအပ္ေနသလဲ ဘာအခက္အခဲေတြ ရိွေနလဲ ဒါေတြကို ဘယ္လို ရွင္းေပးႏိုင္မလဲ ဆိုတာကိုသိရင္ business or investment တစ္ခုခု လုပ္ႏိုင္တာပါပဲ။ 


.

.

(၂) ညက အိမ္မက္ ထဲမွာ ဒါလုပ္ ဆိုၿပီးလာေျပာသြားတာမ်ိဳးမဟုတ္ ….

.

ရင္းႏွီးျမဳပ္ႏွံမႈ ေကာင္း ေကာင္းတစ္ခုကို ရလိုက္တယ္ ဆိုတာ ထီေပါက္ သလို  အေမြ ရသလို ရုတ္ တရက္ ႀကီးေကာ္ ေပါက္တိုးၿပီး ပြသြားတာမ်ိဳး မဟုတ္ပါဘူး။ ရိွေကာင္းရိွႏိုင္ေပမယ့္ ရွားပါလိမ့္မယ္။ ဒါ့အျပင္ ဒီလို ရခဲ့ရင္လဲ ေနာက္တစ္ႀကိမ္ထပ္ရေအာင္ လုပ္ႏိုင္ စြမ္းေဆာင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ထီေပါက္တာေတာင္မွ ထီထိုး ဖို႔ နံပါတ္ေရြးဖို႔ ထီဖိုးေလး ဖယ္ထားႏိုင္ဖို႔လိုအပ္ပါေသးတယ္။ 

.

ငယ္ငယ္ က ကြၽန္ေတာ့္ရဲ့ ရင္းႏွီးျမဳပ္ႏွံမႈေကာင္း တစ္ခုကို ေျပာရမယ္ဆိုရင္ သီလဝါအထူး စီးပြားေရး ဇုန္ႀကီးေဖာ္ေဆာင္မယ့္ အခ်ိန္ မွာ အမ်ားျပည္သူေတြအတြက္ အစုရွယ္ယာ တစ္စုကို တစ္ေသာင္း နဲ႔ ထုတ္ေရာင္း တုန္းက ဝယ္လိုက္မိတာပါပဲ။ အဲဒီတုန္းက တစ္စုကို တစ္ေသာင္းနဲ႔ အစု ၁၀၀ ဆယ္သိန္း ဖိုး ဝယ္လိုက္တာပါ။ တကယ္ေတာ့ အဲ့ဒီအခ်ိန္မွာ ရိွသမ်ွ အလုပ္ေတြ လုပ္၊ လစာ ကိုလဲ အေသစု ၿပီး တာေတာင္မွ လက္ထဲမွာ အဲဒီ ၁၀ သ္ိန္းပဲ ရိွတဲ့အခ်ိန္ျဖစ္ လို႔ ခ်မ္းသာသမ်ွပံုေအာ လိုက္တဲ့ သေဘာပါပဲ။ ဒီ ရွယ္ယာ အစု ၁၀၀ ဟာ တစ္ခု တစ္ေသာင္းကေန ေနာင္ ႏွစ္ႏွစ္ သံုးႏွစ္ ၾကာ စီမံကိန္းႀကီးလဲ စတင္၊ ႏိုင္ငံျခား လုပ္ငန္းေတြကလဲ ပါဝင္လာၾက ေတာ့ ျပင္ပ ေပါက္ေဈး အေနနဲ႔ တစ္စုကို ကိုးေသာင္း ထိ ေပးကာ ဝယ္လာၾကပါေတာ့တယ္။ ဒီအခ်ိန္မွာ ကြၽန္ေတာ္ရဲ့ အစု ၁၀၀ လံုးကို ထုတ္ေရာင္းလိုက္ပါတယ္။ သိန္း ၉၀ ရလိုက္ေတာ့ အရင္း ၁၀ သိန္းႏုတ္ရင္ သိန္း ၈၀ ျမတ္ တာဟာ အဲဒီအခ်ိန္က အေတာ္ေလးမ်ား တဲ့ ပမာဏပါပဲ။ 

.

အဲဒီ သိန္း ၉၀ လက္ထဲ ေရာက္ခ်ိန္မွာ  ကား ေဈးကြက္က ေဈးက်ေနတဲ့ အခ်ိန္ ျဖစ္ပါတယ္။ တက္စီ တစ္စီးကို သိန္း ၉၀ နဲ႔ ဆိုရင္ ပ်ံလန္ေနေအာင္ ရႏိုင္ တဲ့အတြက္ ကြၽန္ေတာ့္ရဲ့ ပထမ ဆံုး တက္စီ တစ္စီးကို ဝယ္ယူလိုက္ပါတယ္။ တက္စီကို အငွား ေပးထားလိုက္တဲ့အခါ တစ္လကို သံုးသိန္း အံုနာခ ရပါေတာ့တယ္။ ေနာက္ တစ္ႏွစ္လဲ ၾကာေရာ ကားေဈးေတြ ျပန္ခုန္တက္ကာ ကားတန္ဖိုး ပါ ျမတ္ပါ ေတာ့တယ္။

.

အထက္က ျဖစ္စဉ္ေတြကို ၾကၫ့္လိုက္ရင္ အားရ စရာေတြခ်ည္းပါပဲ။ အကုန္လံုးက အဆင္သင့္ ျဖစ္ေန သလို အကြက္ေကာင္းေတြ ခ်ည္း ရလိုက္တဲ့ အေနအထားလို႔ေျပာ စရာရိွပါတယ္။ ဒါေပမယ့္ တကယ္က ဒီလိုမဟုတ္ပါဘူး။ စေတာ့ ရွယ္ယာ ဆိုတာကို နားလည္ ဖို႔အတြက္ ကြၽန္ေတာ္  ေဈးႀကီးတဲ့ သင္တန္းေတြ တက္ခဲ့ ရ ေလ့လာခဲ့ရပါတယ္။ လစာ ကတစ္သိန္းခြဲ ပဲရခ်ိန္မွာ တစ္ရက္ တန္ေၾကး တစ္သိန္း ရိွတဲ့ စေတာ့ ရွယ္ယာသင္တန္းေတြ တက္ခဲ့၊ စာအုပ္ေတြ ဖတ္ ခဲ့ပါတယ္။ ဒါ့အျပင္ ႏိုင္ငံျခား broker တစ္ခုနဲ႔ ခ်ိတ္ ဆက္အေကာင့္ဖြင့္ကာ ကမ႓ာ့လုပ္ငန္းႀကီးေတြ ျဖစ္တဲ့ Apple, Amazon စတဲ့ ရွယ္ယာေတြကို တစ္ႏွစ္ေလာက္ အေရာင္းအဝယ္ ျပဳလုပ္ခဲ့ရပါတယ္။ အဲဒီ လုပ္ငန္းမွာ အစက အေတာ္ဟန္ေပမယ့္ တရုတ္ျပည္ စီးပြားေရး အပ်က္မွာ ကြၽန္ေတာ္ လဲ ရွယ္ယာ မွာရင္းထား သမ်ွ ဆယ္သိန္း ဝန္းက်င္ေလာက္ အေငြ့ပ်ံ ေပ်ာက္သြား ပါေရာ။ အဲဒီအခ်ိန္က ဆယ္သိန္းဟာ အေတာ္ကို တန္ဖိုး ရိွပါတယ္။  ဆိုလိုတာက အဲဒီ ရွယ္ယာ ဆိုတာဘာလဲ ၊ ဘယ္လို အက်ိဳးအျမတ္ ရႏိုင္လဲ၊ ဘာေတြ တြက္ခ်က္ရမလဲ၊ ေဈးကြက္က ဘယ္လိုလဲ ဆိုတာကို သီလဝါ ရွယ္ယာ မဝယ္ခင္ ေရ႔ွ ႏွစ္ ေတြ မွာ ေလ့လာလိုက္ လုပ္ၾကၫ့္လိုက္ ကြဲ လိုက္နဲ႔ ျဖစ္ေနခဲ့တာပါပဲ။ ဒီလိုပါပဲ ကားေဈး အက်ဆံုး ျဖစ္ေနတယ္ဆိုတာကို ညက အိမ္မက္ထဲမွာ ဘိုးေတာ္ ကအတိတ္ စိမ္းလာေပးတာ မဟုတ္ပါဘူး။ တကယ္ပါ။ ကားေဈး အေျခအေန ဘယ္လို ရိွလဲ၊ ဘယ္အမ်ိဳးအစား ေတြက ဘယ္ေဈးတန္းလဲ စတဲ့ ေဈးကြက္ကို အရင္ကထဲက မ်က္ေျခမျပတ္ ေလ့လာေနခဲ့ တဲ့အတြက္ ပါပဲ။ 

.

ဒီအတြက္ ကိုယ္စိတ္ဝင္စားတဲ့ သို႔မဟုတ္ ရင္းႏွီးျမဳပ္ႏွံလိုတဲ့ ေဈးကြက္ကို အၿမဲ ေလ့လာေစာင့္ၾကၫ့္ ၿပီး အကြၽမ္းဝင္ေနေအာင္ လုပ္ထားမွသာ အခြင့္သာတဲ့အခါ အကြက္ေကာင္းေတြကို ရမွာျဖစ္ပါတယ္။

.

ဒါေလးေျပာေတာ့ ဆံုးသြားတဲ့အေဖ့ကို သြားသတိရပါတယ္။ အေဖက အၿငိမ္းစား ဝန္ထမ္းျဖစ္ေတာ့ ေငြ ကို စုဖို႔ပဲ အားသန္ပါတယ္။ ဘာစီးပြားေရးမွ မလုပ္တတ္သလို ဆံုးမွာလဲ သိပ္ေၾကာက္ပါတယ္။ ကပ္စီကလဲ နည္းတယ္ေပါ့ဗ်ာ။ တစ္ခါေတာ့ ကြၽန္ေတာ္က အေဖ့ကို ေရႊ ဝယ္ ၾကဖို႔ အတင္းတိုက္တြန္းပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ေရႊ ေဈး ဘယ္လို အေျခအေန ရိွတယ္ဆိုတာကို အဲဒီအခ်ိန္ မွာ ကြၽန္ေတာ္က အၿမဲေလ့လာ ေန တာျဖစ္တဲ့အတြက္ ခု ေရာက္ေနတဲ့ေဈးဟာ လြန္ခဲ့တဲ့ ဆယ္ႏွစ္အတြင္း အက်ဆံုး အနိမ့္ဆံုးေဈး ျဖစ္တယ္ ဆိုတာကို သိ လိုက္တဲ့အတြက္ပါပဲ။ ရန္ေတြပါျဖစ္ စကားမ်ား ၿပီးေနာက္မွာ အေဖက စုထားတာေလး ေတြထဲက ထုတ္ၿပီး သံုးက်ပ္သား ဝယ္မယ္လို႔ ေျပာပါတယ္။ မင္းေျပာသလိုသာ ေဈးတက္ၿပီးျမတ္ ခဲ့ရင္ အဲဒီ ေငြနဲ႔ မင္း ေရႊ အေရာင္းအဝယ္လုပ္ကြာလို႔ လဲ ေျပာပါေသးတယ္။ ေအး …မဟုတ္ခဲ့ ရင္ေတာ့ မင္းနာၿပီ ေပါ့..ဒါနဲ႔.. အက်ေဈးနဲ႔ သံုးက်ပ္သား သြားဝယ္လိုက္ ၿပီးေနာက္လပိုင္းမွာပဲ ေရႊေဈးဟာ မိုးထိုးေအာင္ ေထာင္ တက္သြားလိုက္ ေတာ့မွ အေဖ ကို ေတြ့ၿပီမလား လို႔ ရင္ေကာ့ျပ ရေတာ့တာပါပဲ။ သို႔ေသာ္လည္း ၾကက္ကန္းတိုးတယ္သာ ထင္ ေလတဲ့  အေဖက ေရႊ အေရာင္းအဝယ္ လုပ္ဖို႔ ေပးမယ့္အစား ေရႊ ေရာင္းရတဲ့ေငြကို ဆက္သာ ဥ ထား ပါေလေရာ… 

.

ဆိုေတာ့ ေရႊေဈး ေငြေဈး  အိမ္ၿခံေျမ စတာ ေတြကို ကိုယ္နဲ႔မဆိုင္ဘူးလို႔ ပစ္ပယ္ ထားရင္ သူတို႔ ဆီက အက်ိဳးအျမတ္ေတြကလဲ ကိုယ္နဲ႔ ဘယ္လိုမွ ဆိုင္လာမွာ မဟုတ္ပါဘူး။ တူညီတဲ့ တန္ျပန္သက္ေရာက္ မႈလို႔ ဆိုရမွာပါပဲ။

.

.

(၃) လုပ္သာလုပ္….ဆံုးမွာပဲ..

.

ေခါင္းစဉ္ နံပါတ္ သံုး ကို ၾကၫ့္ၿပီး ..ဟာ..ဘယ္လိုႀကီးတုန္းလို႔ ထင္စရာရိွပါတယ္။ ဟုတ္ပါတယ္။ လုပ္သာလုပ္ပါ… ဆံုးရႈံး မႈကေတာ့ ႀကံဳကို ႀကံဳမွာပါပဲ။ တစ္ခါမွ မဆံုးရႈံးဖူး တဲ့ investor ဆိုတာ မရိွပါဘူး။ ကြၽန္ေတာ္ ဆိုရင္ Business ေရာ Investemnt အေနနဲ႔ပါ ဆံုးရႈံး တာ မေအာင္ျမင္တာ ေတြ မွ အမ်ားႀကီးပါပဲ။ Management ေက်ာင္းတက္ေတာ့ ပထမဆုရခဲ့ တဲ့ Business Project ကို လက္ေတြ့အေကာင္အထည္ေဖာ္တာ မေအာင္ျမင္ဘူး။ အထည္ခ်ဳပ္လုပ္ငန္းတစ္ခု မွာ ရွယ္ယာ ထၫ့္တာ အရႈံးေပၚတယ္၊ အိပ္ယာခင္း လုပ္ငန္းတစ္ခု မွာ ထၫ့္ဝင္တာ ပိုင္ရွင္က လူလိမ္ျဖစ္ ေနတယ္၊ Mutual Fund တစ္ခု ေထာင္တယ္ မေအာင္ျမင္ဘူး၊ ရွယ္ယာ အေရာင္းအဝယ္ လုပ္တယ္ အရင္းျပဳတ္တယ္၊ စသျဖင့္ပါပဲ။ ဒါေပမယ့္ အဲဒီ မေအာင္ျမင္မႈေတြဟာ စတင္လုပ္ကိုင္ခါစ ငါးႏွစ္ ေလာက္မွာ ျဖစ္ေနခဲ့တာေတြပါပဲ။ အဲဒီႏွစ္ေတြ မွာ ေအာင္ျမင္တာလဲရိွသလို မေအာင္ျမင္တာလဲ ရိွပါတယ္။ ဒါေပမယ့္ အခုလက္ရိွ အခ်ိန္ကေန အနီးဆံုးငါးႏွစ္အတြင္း လုပ္ခဲ့သမ်ွမွာ ေအာင္ျမင္မႈ နဲ႔ ဆံုးရႈံးမႈ ဘယ္ဟာကပိုမ်ားလဲဆိုရင္ေတာ့ ဆံုးရႈံး တာဟာ မရိွသေလာက္ နည္းသြားခဲ့ပါတယ္။ ၁၀ ခ်ိဳး ၁ခ်ိဳးေလာက္ကို နည္းသြား တာပါပဲ။ ဒါေၾကာင့္ ေအာင္ျမင္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈေတြ ကို လုပ္ကိုင္ႏိုင္ဖို႔အတြက္ ဆံုးရႈံး ျခင္းေတြက ပထမ ဆံုးေလွကားထစ္ ျဖစ္တယ္လို႔ ဆိုခ်င္တာပါပဲ။ 

.

အဲဒီ လို ဆံုးရႈံးမႈေတြ ကေန သင္ခန္းစာေတြ၊ အေတြ့အႀကံဳေတြ၊ ေတြးေခၚႏိုင္တာေတြ၊ အႏၲရာယ္ အေငြ့အသက္ဆို ခံစားလာႏိုင္တာေတြ စတာေတြ ရလာပါတယ္။ ဒါ့အျပင္ အမွားေတြကေန သင္ခန္းစာ ယူရပါေသးတယ္။ ဥပမာ ရႈံးသြားတဲ့ လုပ္ငန္းမွာ ရွယ္ယာထၫ့္မိတာ Financial statement ေတြ ကိုမဖတ္တတ္လို႔ နားမလည္ လို႔ ဆိုတာ သိလိုက္တဲ့အတြက္. Finance ပိုင္းကို ဖိၿပီး ေလ့လာကာ ေနာက္ ကိုထပ္မျဖစ္ေအာင္ လုပ္ေဆာင္ တာမ်ိဳး လုပ္ျဖစ္ပါတယ္။ 

.

ေနာက္တစ္ခါ investment လုပ္ေနက် အက်င့္ ရိွသြား တဲ့အခါ အခြင့္အလမ္းေတြကို ပိုျမင္တတ္လာ ပါလိမ့္မယ္။ တစ္ခါမွ investment မလုပ္ဖူးတဲ့အခါ  ပမာဏ အမ်ားႀကီး လုပ္ဖို႔ ႀကံဳလာေတာ့ မွ ေျခမကိုင္မိ လက္မကိုင္မိျဖစ္တာ၊ လုပ္ေလ့မရိွလို႔ အကြက္ေကာင္းေတြ လြတ္သြားတာ၊ မလုပ္ရဲေတာ့တာ စတာေတြ ျဖစ္ မလာဖို႔ အတြက္ ပမာဏ နည္းနည္း စီ ကို အမ်ိဳးအစား မ်ားမ်ား လုပ္ေဆာင္ ဖို႔လဲ အႀကံေပးခ်င္ပါတယ္။ 

.

.

(၄) Strategy ေလးေတြ …

.

ရင္းႏွီးျမဳပ္ႏွံမႈကို စလုပ္မယ္ဆိုရင္ ပထမဆံုး သိရမယ့္ concept က Risk and Return ပါပဲ၊ Risk ဆိုတာကေတာ့ ရင္းႏွီးျမဳပ္ႏွံလိုက္တဲ့ေငြရင္း ဆံုးရႈံးသြားႏိုင္ေျခ ျဖစ္ၿပီး return ဆိုတာကေတာ့ ဘယ္ေလာက္ ျမတ္စြန္းမလဲ ဆိုတဲ့ အျမတ္ ပါပဲ။ Risk နဲ႔ Return က တိုက္ရိုက္ အခ်ိဳး က်ပါတယ္။ သေဘာကေတာ့ Risk မ်ားရင္ Return လဲမ်ားေလ့ရိွပါတယ္။ Risk နည္းရင္း Return လဲမ်ား ပါတယ္။ ဥပမာ ထီထိုး သလိုပါပဲ။ ထီထိုးရင္ ထီေပါက္ႏိုင္ေျခဟာ အရမ္းနည္းပါတယ္။ တစ္နည္းအား ျဖင့္ ထီလက္မွတ္ဖိုး ရင္းႏွီးေငြကို ဆံုးရႈံးႏိုင္ေျခ risk က အရမ္းမ်ားပါတယ္။ ဒီအတြက္ တကယ္လို႔ ထီေပါက္ခဲ့ရင္လည္း ျပန္ရမယ့္ ဆုက အဆေပါင္းမ်ားစြာ ပိုရမွာ ပဲျဖစ္ပါတယ္။ 

.

ဒီအတြက္ return မ်ား တဲ့ အလုပ္ေတြဟာ Risk မ်ားပါတယ္။ တစ္ခ်ိဳ႕ အလုပ္ေတြမွာ Risk ဟာ ေငြေၾကးတင္မကပဲအျခား အရာ မ်ားကိုပါဆံုးရႈံး ႏိုင္ တတ္ပါေသးတယ္။ ကြၽန္ေတာ့္ ရဲ့ Strategy ကေတာ့ အရင္းလဲ မ်ားမ်ား မတတ္ ႏိုင္ေသးတဲ့ အခ်ိန္မွာ အဆံုးလဲ ခံႏိုင္ေလာက္တဲ့ ပမာဏ ေလးေတြကို Risk မ်ား return မ်ားတဲ့အလုပ္ေတြ မွာ ထၫ့္ပါတယ္။  အဲဒီ လို အလုပ္ ငါးခု ေလာက္မွာ ၂ ခုေလာက္က ဆံုးရႈံးသြားေပမယ့္ က်န္တဲ့ သံုးခု ေလာက္က ရတဲ့ High Return က အားလံုးအေနနဲ႔ ၿခံဳတြက္လိုက္ရင္ cover ျဖစ္တဲ့ အေနအထားပါပဲ။ ဥပမာ လုပ္ေဖာ္ကိုင္ဖက္ေတြကို ၅ က်ပ္တိုးေလာက္နဲ႔ ေငြတိုး ေခ်းတာ၊ ၁၀% ဝန္းက်င္ေလာက္ အျမတ္ေပးတယ္ဆိုတဲ့ လုပ္ငန္းငယ္ေလး ေတြ မွာ ရွယ္ယာ ထၫ့္တာ ၊ အျမတ္မ်ားမ်ား ရႏိုင္ၿပီး အရင္းသိပ္မလိုတဲ့ အလုပ္ေလးေတြ ဥပမာ ေျမကြက္ စပ္တူဝယ္ၿပီး ျပန္ေရာင္းတာ စတာေတြကို လုပ္ပါတယ္။ ဒါေတြကို ေတာ့ တစ္ခုကို ငါးသိန္း ထက္မပိုတဲ့ ပမာဏ တစ္ခုနဲ႔သာ လုပ္ေဆာင္ပါတယ္။ တကယ္လို႔တစ္ခု ဆံုး ရႈံးသြားလဲ ငါးသိန္း သာျဖစ္တဲ့အတြက္ အဲဒီအခ်ိန္က ကိုယ့္အေနအထားအရ ခံႏိုင္ ပါတယ္။ အထက္က ကြၽန္ေတာ္ က်ရႈံးခဲ့တဲ့ အလုပ္ေတြက ဒီ High Risk High Return အလုပ္ေတြ ထဲက ပါပဲ။ 

.

ဒီအတြက္ က ပညာရတယ္၊ Risk ကို မ်ားေပမယ့္ ထိန္းႏိုင္ေအာင္ မေၾကာက္ေအာင္ ဘယ္လို လုပ္ရမလဲ ဆိုတာ သိလာတယ္၊ နည္းနည္းေလးေတြကို ထိန္း ရင္း အေလ့အက်င့္ရလာတယ္ စတာေတြ ျဖစ္လာပါတယ္။

.

ဒီလိုနဲ႔ ကိုယ္ရွာႏိုင္တဲ့ ေငြပမာဏ လဲမ်ားလာ စုေငြလဲမ်ားလာၿပီး ရင္းႏိုင္တဲ့ ပမာဏ မ်ားလာတဲ့အခါမွာေတာ့ Strategy ကို High Risk, High Return ကေန Low Risk, Medium Return ကို ေျပာင္းပါတယ္။ Risk နည္း ၿပီး သင့္တင့္တဲ့ ဝင္ေငြ အျမတ္ ရႏိုင္မယ့္ investment ေတြကို တျဖည္းျဖည္း ေျပာင္း လိုက္ပါတယ္။ ဥပမာ တိုက္ခန္း၊ အိမ္ၿခံေျမ စသျဖင့္ပါပဲ။ 

.

ဒီေတာ့ ပမာဏ နည္းနည္း နဲ႔ လို႔ရတယ္ စမယ္ဆိုရင္ ေတာ့ High risk High Return ေတြနဲ႔ စတင္ၿပီး ဒါေတြကို ဘယ္လို ထိန္းသိမ္းမလဲ ၊ မွန္ကန္ေအာင္ဘယ္လိုေရြးခ်ယ္မလဲဆိုတာကို ေလ့က်င့္ သင့္ပါတယ္။ ဒါေၾကာင့္ Investment လုပ္ရင္ ဆံုးမွာပဲ …ဆံုး တာခ်င္းအတူတူ မ်ားမ်ား ဆံုးတာနဲ႔ နည္းနည္း ဆံုးတာ ဘယ္ဟာကို ျဖစ္ေစမလဲ ဆိုတာ သံုးသပ္ရမွာ ပါပဲ….

.

.

.

ဆက္ရန္ 


.

လံုေလာက္တဲ့ အသိပညာ ဟာ ျပင္းထန္တဲ့အခက္အခဲေတြကို လြယ္ကူစြာေက်ာ္ျဖတ္ေစႏိုင္ ပါတယ္။

.

.

.

Kaung Hein Soe – Strategic

Business Consultant

No comments: