Tuesday, October 30, 2018

Xiaomi Mi 8 Pro Review : A Fallen Angel





အလှတရားကို ကဗျာတစ်ပုဒ်နဲ့ ဖွဲ့နွဲ့ချင်ပေမယ့် Tech Page က Reviewer တစ်ယောက်ဖြစ်နေတော့လည်း Review ရေးရင်းပဲ ဖြေသိမ့်လိုက်ရတယ်။ (အယ်လယ်) အစကတော့ Fingerprint နဲ့ Battery လောက်ပဲ စမ်းမယ်ရည်ရွယ်ထားတဲ့ဒီဖုန်းကို လက်ထဲရောက်ချိန်မှာတော့ ကိုယ်တိုင်ဝယ်ကိုင်မိသလို အစအဆုံးစမ်းဖြစ်သွားလေရဲ့။ ဒီတော့ Mi 8 User များအနေနဲ့ ဒီ Review ကို စိတ်နိုင်မှဖတ်ဖို့ အကြံပေးပါရစေ။

Design & Build Quality

Mi 8 Pro ကို ဝယ်မယ့် List ထဲ ထည့်သွင်းစဉ်းစားထားသူတွေအတွက် ဆိုင်မှာကိုယ်တိုင် စမ်းသပ်ကိုင်ကြည့်ပြီးမှ ဝယ်၊ မဝယ်ဆုံးဖြတ်ဖို့ကို အရင်တိုက်တွန်းပါရစေ။ ဘာကြောင့်လဲဆိုတော့ ဒီဖုန်းအပေါ် ကျွန်တော့်ရဲ့ အမြင်၊ အကြိုက်က လူတိုင်းနဲ့ထပ်တူကျချင်မှာ ကျနိုင်မှာမို့ပါ။

Design ပိုင်းမှာ ချီးကျူးချင်တာကတော့ သူ့ရဲ့ Color အသုံးပြု ပုံပါ။ အဝါနဲ့ပန်းရောင်စပ်လို့ ဆိုနိုင်တဲ့ သူ့ရဲ့ Twilight Color က Gradient Color တွေထဲမှာ ပထမဆုံး ကြွေမိတဲ့အရောင်ပါ။ စိတ်မကောင်းစွာနဲ့ပဲ Review Unit အတွက် အနက်ရောင်ပဲရခဲ့တယ်။ ဒါပေမယ့် နောင်တရစရာတော့မရှိ။ သူ့အရောင်က နက်မှောင်ပြောင်လက်ပြီး Smart ကျတယ်။ အနက်ရောင် Crazy ဆိုရင်တော့ သေချာပေါက်စဉ်းစားသင့်တယ်။

ကျောဘက်မှာ သူ့ကို iPhone Design လို့ ပြောခံရစေမယ့် တစ်ခုတည်းသောအရာက Camera Design ပါ။ ဒါပေမယ့် iPhone နဲ့မတူအောင် ဒေါင်လိုက် Camera တွေကို Flash အပြင်ဘက်ထုတ်ထားတာထက်စာရင် ဒီ Design ကို ပိုပြီးသဘောကျတယ်။ ကျောဘက်မှာ Fingerprint မပါတော့တာမို့ ရှင်းလင်းပြေပြစ်တယ်လို့ထင်တယ်။ မကြိုက်တာက ရှေ့ဘက် Design. သေချာသတိထားကြည့်ရင် Notch ကြီးရုံမကပဲ ဘေးဘောင်လိုပဲ အပေါ်ဘက်မှာထူနေတာက ရှေ့မျက်နှာစာကို ရုပ်ဆိုးစေတယ်။ Chin ကလည်း ထူတယ်ဆိုတော့ ဖုန်းရဲ့ ရှေ့ဘက် Design မလှရင် Allergic ရှိသူတွေတွက် အဆင်မပြေ။

Mi 8 မှာကတည်းက Build Quality ပိုင်းကို သံသယမဝင်ခဲ့သလို Mi 8 Pro မှာလည်း ထိုနည်းတူပါပဲ။ Note 9 နဲ့ ယှဉ်ကိုင်ကြည့်ချိန်မှာ Mi 8 Pro ကိုင်ရတဲ့ Feeling ကို Personally ပိုသဘောကျမိတယ်။ Gorilla Glass 5 သုံးထားတဲ့ ကျောဘက်နဲ့ Aluminium Frame ကြားက အချိုးအဆက်က ကြမ်းပြင်မှာ ကြွေပြားတစ်ဝက်၊ ပါကေးတစ်ဝက်ကို တစ်ညီတည်း ခင်းထားသလိုပဲ၊ တစ်သားတည်းဆိုပေမယ့် မတူညီတဲ့ခံစားချက်ကို တစ်ပြိုင်နက်ခံစားရတဲ့ Feeling မျိုးမို့ သဘောကျမိတယ်။ Button Feedback တွေကလည်း Clicky ဖြစ်သလို Sim Tray လို တော်ရုံမမြင်ရတဲ့နေရာကအစ Metal သုံးပေးထားတာမို့ Build Quality မြင့်တဲ့ ဖုန်းတစ်လုံးလို့ပဲ ကောက်ချက်ချချင်ပါတယ်။

Display

ဒီနေရာမှာတစ်ခုပြောချင်တာက Mi 8, Mi 8 Pro ရဲ့ Display ဟာ Color Accurate အဖြစ်ဆုံး S.AMOLED စာရင်းရဲ့ ထိပ်ပိုင်းမှာရှိနေတာပါ။ ဒီတော့ Color ကို စိုမှ၊ Wide Color Gamut ကိုမှ လိုချင်ရင်တော့ Increased Contrast Mode ကို Setting မှာ ပြောင်းပေးဖို့လိုပါလိမ့်မယ်။ Note 9 နဲ့ ယှဉ်စမ်းဖြစ်သလောက် 1080p Level, Indoor, Standard Color, Max Brightness မှာ Mi 8 Pro က မဆိုစလောက် ပိုလင်းတာတွေ့ရတယ်။

Notch ပေါ်မှာ Icon အနေအထားတွေ အဆင်ပြေလာပြီဆိုပေမယ့် လိုအပ်ချက်တွေရှိနေတုန်းပဲ။ (Internet Speed ကို Noti Bar ဆွဲချမှမြင်ရတာမျိုး၊ Notch ဖျောက်ရင် အောက်ဘက်ကို နေရာနဲနဲပိုယူတာမျိုး) YouTube, MX, Original Video Player တွေမှာ Notch ထိ Support မရ။ သို့ပေမယ့် PUBG မှာတော့ Notch ထိ အပြည့် Support ပေးတယ်။ Always on Display ကတော့ ဘာမှပြင်လို့မရသေးပေမယ့် Messenger Noti လေးတွေပါ ပြနိုင်လာပြီဆိုတော့ မဆိုးဘူးပြောရမှာပဲ။ ဒီတော့ Color Accurate ဖြစ်တာကို လိုလားသူတွေတွက် သူ့ Display က ပိုအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

Lock Screen Security

Teaser Video လည်း ကြည့်ပြီးကြလောက်ပြီဆိုတော့ In-Display Fingerprint ရဲ့အားနည်းချက်လေးတွေ စပြောကြတာပေါ့။ ပထမတစ်ချက်က လက်တင်ရုံနဲ့မပွင့်ပဲ နဲနဲလေးဖိပေးရတာပါ။ ဒုတိယတစ်ချက်က လက်မတစ်ပြင်လုံးထက် လက်ထိပ်ဖျားပိုင်းကို ပိုပြီး Scan လုပ်တာပါ။ နောက်ဆုံးတစ်ချက်ကတော့ လက်၊ မှန် တစ်ခုခုမှာ ချွေးထွက်၊ ဖုန်ပေနေတာမျိုး၊ ရေချိုးပြီးခါစအချိန်မျိုးမှာ ပွင့်ဖို့ခဲယဉ်းတာပါ။ အားသာချက်က သူ့ Unlock Speed ဟာ အမြန်ဆုံး Fingerprint တွေလောက်မရှိတောင် တော်ရုံ Fingerprint တွေနီးနီးမြန်တာပါ။ ဒါ့ပြင် Secure လည်းဖြစ်သလို 360° Unlock ဖြစ်တယ်။
ကိုယ်က လုံးဝမြန်ဆန်သွက်လက်နေတာမှကြိုက်တယ်ဆိုရင်တော့ Infra Red Face Unlock ကို Double Tap or Raise to Wake နဲ့ တွဲသုံးနိုင်တယ်။ Unlock Speed က တကယ်ဖလန်းဖလန်းပါ။

Audio Quality

ဒီခေါင်းစဉ်ကို ထည့်ပြောရခြင်းက Mi 8 တုန်းကထက် ပိုကောင်းလာတဲ့ Speaker ကြောင့်ပါ။ Single Speaker ဆိုတာကြီး မပြောင်းလဲသွားပေမယ့် Sound Quality က Mi 5x နီးနီးရှိလာတယ်။ တစ်ချို့နေရာတွေမှာဆို နဲနဲတောင်ပိုကောင်းလာတယ်။ Galaxy Note 9 လို Dual Stereo Speaker ကိုတော့ Clarity, Sound Color ပိုင်းမှာမယှဉ်နိုင်ပေမယ့် Loudness ပိုင်းမှာတော့ Level တူနီးနီးရှိတာ သတိထားမိတယ်။ Hardware ကြောင့်လား၊ Software ကြောင့်လားမပြောတတ်ပေမယ့် တိုးတက်မှုက ကျေနပ်စရာပါ။ နားကြပ်နဲ့နားထောင်တဲ့အပိုင်းကတော့ Mi 8 တုန်းကအတိုင်းပါပဲ။
စကားမစပ် သူ့ရဲ့ Vibration ကနေထွက်လာတဲ့ အသံလေးကလည်း ကိုယ်တွေအကြိုက်နဲ့ကွက်တိ။ တစ်ဖက်ကဖုန်းကိုင်လိုက်ရင် ထွက်လာတဲ့တုန်ခါသံလေးကို အတော်လေး Satisfy ဖြစ်မိတယ်။

Performance

Mi 8 တုန်းက Post တစ်ခုသပ်သပ်ထုတ်ရေးပြီးရှင်းပြဖို့ထိ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်း Update တွေမှာ အဆင်ပြေသွားတာကြောင့် မပြောဖြစ်ခဲ့တဲ့ကိစ္စလေးရှိပါတယ်။ အဲဒါကတော့ Thermal Throttling (TT) ပါ။ TT ဆိုတာဘာလဲ အတိုချုပ်ပြောရရင် "အပူလွန်ကဲမှုကြောင့် Performance လျော့ကျခြင်း" ပေါ့။ CPU တွေဟာ အပူချိန်ကို Sensitive ဖြစ်ကြတယ်။ ဒါကြောင့် CPU Workload များလာရင် အပူချိန်မြင့်တက်လာပြီး ထစ်တာပြုတာတွေ ဖြစ်ကုန်တာပါ။ PC, Laptop တွေမှာတော့ Fan တပ်တာ၊ Liquid Cooling ဘာညာနဲ့ အပူကိုလျှော့ချနိုင်ပေမယ့် ဖုန်းလို ပိစိကွေးပစ္စည်းပေါ်မှာ အပူလျော့အောင်လုပ်ဖို့က အတော်မလွယ်တဲ့ကိစ္စပါ။ (ဖုန်းရဲ့ Liquid Cooling ဆိုတာကလည်း အတိုင်းအတာတစ်ခုထိပဲ အလုပ်ဖြစ်သေးတာဆိုတော့)

Mi 8 မှာဖြစ်ခဲ့တဲ့ Thermal Throttling ဆိုတာက Hardware ပိုင်းထက် MIUI ရဲ့ Temperature ထိန်းချူပ်မှုပိုင်းကြောင့် ဖြစ်ရတာပါ။ ရှေ့ပိုင်းနှစ်တွေတုန်းက Xiaomi High End Device တစ်ချို့မှာ အပူလွန်ကဲမှုကိစ္စတစ်ချို့ကြောင့် User တွေရဲ့အမြင်ကို Mi 8 မှာပြောင်းလဲချင်ခဲ့ပုံရတယ်။ ဒီအတွက် သူတို့ ချဉ်းကပ်ပုံကတော့ CPU တွေအမြင့်ဆုံးအလုပ်လုပ်တဲ့ Temperature Limit ကို လျှော့ချလိုက်ခြင်းပါပဲ။

ဥပမာ တစ်ချို့ဖုန်းတွေမှာ ဖုန်းအပူကိုလျော့ဖို့ထက် Performance ကို အတတ်နိုင်ဆုံးညှစ်ထုတ်ဖို့ကြိုးစားထားတာကို Antutu လို Testing တွေလုပ်ပြီးချိန်မှာ Temperature မြင့်တက်နေမှုက သက်သေပြနေတယ်။ သို့ပေမယ့် Mi 8 ကို Testing လုပ်ချိန်မှာတော့ Maximum Temperature က 37-38°C ကနေ မတက်တာတွေ့ရတယ်။ CPU Throttling Test စစ်ချိန်မှာလည်း Temperature နဲနဲတက်တာနဲ့ Performance ကိုလျှော့ပြီး Temperature မတက်ရေးဦးစားပေးတာ သွားသတိထားမိတယ်။ ဒါကြောင့် အစပိုင်း Antutu Result တွေမှာ Mi 8 တွေဟာ SD 845 ရဲ့ ရသင့်တဲရလဒ်လောက် မရခဲ့ပေမယ့် နောက်ပိုင်း MIUI Update တွေမှာတော့ Result တွေပြန်ကောင်းလာတာ တွေ့ခဲ့ရတယ်။

ဆိုလိုရင်းက ခုမှစမှာပါ။ Mi 8 Pro မှာတော့ Throttling နဲ့ပတ်သက်လို့ အရိပ်အယောင်တောင် မတွေ့ခဲ့ရတာပါ။ (Antutu နဲ့ CPU Throttling Result တွေကို Screenshot နဲ့ ထည့်သွင်းပေးထားပါတယ်) PUBG ကို HDR, Ultra Setting, Realistic နဲ့ဆော့တာ တကယ့် Flagship Level Performance ဆိုတဲ့ Feeling မျိုးကို ခံစားရတယ်။ Temperature ပိုင်းမှာတော့ Gaming 1hr ဆော့အပြီးမှာ 40°C ထိတက်တယ်။ ပြန်အေးတာလည်း မြန်တယ်။ ဒီတော့ Big Thumbs up ပါ။

Battery Life

3,000 mAh ဆိုတာ 6" အထက် Display တစ်ခုအတွက် နည်းတဲ့ပမာဏလို့ ဆိုရမှာပါ။ Mi 8 Pro ကိုဝယ်ဖို့လက်တွန့်တဲ့အဓိကအချက်မှာ Battery ပါပါတယ်။ (တကယ်က ဖုန်းကိုနဲနဲပိုထူပြီး Mi 8 မှာလို 3300 mAh ထည့်ပေးရင် ပိုအဆင်ပြေမယ်ထင်မိတယ်) ဒါပေမယ့် တကယ့် Usage ပိုင်းမှာရော? ထင်တာထက် ပိုခံတာကိုတွေ့ရတယ်။

720p Video 1 hr ကို 7%
720p Youtube (wifi) 1 hr ကို 12%
PUBG HDR, Ultra (wifi) 1 hr ကိုတော့ 26%

Stand by 8-9 hr ကိုတော့ AOD ဖွင့်ထားတာတောင် 4% ပဲကုန်တယ်။ Wifi Stand by နဲ့စမ်းကြည့်ချိန်မှာတော့ 1 hr ကို 2% လောက်ကုန်တယ်။ ဒီတော့ Battery Drain က ထင်သလောက်မဆိုး၊ Normal Usage ဆိုရင်တော့ တစ်ရက်တာ ကောင်းကောင်းခံမှာပါ။
တကယ်လို့ သင်က Battery Life ကိုသဘောမကျရင်တောင် Charging Speed က အတော်လေးမြန်တယ်။ 10-100% ကို 1:12 hr ပဲ ကြာပြီး 30min ကို 53% ဆိုတော့ အတော်တော်လေးမိုက်တယ် ပြောလို့ရတယ်။

Camera

Sample တွေလည်းပြပြီးပြီဆိုတော့ တိုးတက်မှုနဲ့ မကြိုက်တဲ့အပိုင်းတွေပြောပါ့မယ်။ AI Scene Detection တွေကောင်းလာတယ်။ အရင်လို Saturation များရုံမဟုတ်ပဲ အစိမ်းရောင်ကလွဲရင် ကျန်တဲ့နေရာတွေမှာ အတော်လေးကြည့်ပျော်ရှုပျော်ဖြစ်လာတယ်။ အထူးသဖြင့် ညဘက်မှာ AI Night Mode ဖွင့်ပေးတာ အထောက်အကူဖြစ်တယ်။ မကြိုက်တာက Daylight, Dim Light တွေမှာပါ Noise တွေရှိနေတာပါ။ (Low Light မှာ ISO များများတင်ပေးလို့ Noise များတာလက်ခံပေမယ့် ဒါကတော့ နဲနဲများတယ်) နောက်တစ်ချက်က Portrait ပိုင်းပါ။ Mi Mix 2s မှာကြေငြာခဲ့တဲ့ Light Trail Effect တွေအပြင် Portrait Lighting ပါ ပါဝင်လာပါပြီ။ ဒါ့အပြင် ရိုက်ပြီးသား Portrait Photo ကိုလည်း Background Blur အနဲအများနဲ့ ရှေ့၊ နောက် Focus ပြောင်းတာမျိုး Edit မှာလုပ်နိုင်လာပြီ။ ဘဝင်မကျတာက Portrait Mode ပါ။ လူမဟုတ်တဲ့ တခြား Object တွေကိုရိုက်ရင် အတော်လေး အဆင်မပြေတာတွေ့ရတယ်။ နောက်တစ်ချက်က Low Light မှာဆိုရင် လူကလွဲလို့ တခြား Object တွေ Portrait ရိုက်ရင် Focus မပြတ်တော့တာပါ။ (Telephoto နဲ့ဖမ်းတာချင်းအတူတူ Note 9 ကရပြီး Mi 8 မှာ မရဖြစ်တာက အတော်အသည်းယားစရာ) ဒီတော့ Low Light အတွင် Object ရိုက်ချင်ရင် Close-up Shot တွေသာ သုံးပါလေ။ Software ကြောင့်လို့ယူဆသလို Update မှာ Fix လုပ်ဖို့လည်း မျှော်လင့်မိတယ်။

နောက်ဆုံးအချက်က Video ပိုင်းပါ။ အရင်က သတိမထားမိတာပဲလားတော့မသိ၊ Video ပိုင်းမှာ 1080p ကို 120fps နဲ့ ရိုက်ကူးလို့ရလာပြီ။ Quality လည်း အတော်မိုက်တယ်။ Slow mo အနေနဲ့ 1080p ကို 240fps Maximum ရိုက်နိုင်တယ်။ 4K မှာ EIS ပါပေမယ့် 1080p မှာလောက် မငြိမ်သလို Saturation လည်း နဲနဲပိုများတယ်။ Video အတွက်တော့ 1080p ကို အသင့်တော်ဆုံးလို့ထင်မိတယ်။ Audio Recording ကတော့ Improve ဖြစ်မလာသေးပဲ Noise အတော်များနေတုန်းပါပဲ။ ဒီတော့ Low Light Point & Shoot ကို ကြည်တောက်ရှင်း၊ Noise ကင်းလိုချင်သူဆိုရင်တော့ Mi 8 Pro ကိုမရွေးသင့်။ ဒါပေမယ့် သင်က Manual Mode ကို ကောင်းကောင်းကိုင်နိုင်ရင်တော့ Note 9 နဲ့ယှဉ်ပြီး ရင်ပေါင်တန်းနိုင်တဲ့ Quality မျိုး ရစေမှာပါ။

Camera Sample Link 

- https://www.facebook.com/techplanetx/posts/2163964470594557?__tn__=-R

System UI

သူများတွေ MIUI 10 နဲ့သာယာနေချိန် High End ကြီးဖြစ်ပြီး ဘယ့်နှယ် MIUI 9 တဲ့။ (Feel ငုပ်ချက်) Android P နဲ့အတူ MIUI Update ပေါင်းပေးမှာပါဆိုပြီး ဖြေသိမ့်ထားရတယ်။ သွက်တယ်၊ Lag တာ မရှိသလောက်ပဲ။ Gesture တွေမှာ Mi 8 တုန်းကလို မထစ်တော့ဘူး။ Experience အရတော့ အိုကေစိုပြေပါပဲ။

အတိုချုပ်ရေးဖို့လုပ်ထားပေမယ့် သောက်ကျိုးနည်းရှည်သွားပြီမို့ သူရဲကောင်းဟာ Review ကို နိဂုံးချုပ်ပါတော့မယ်။ Mi 8 Pro က တကယ့်ကို Bang for the Buck (B4B) ဖုန်းတစ်လုံးပါ။ (P2P ဆို Allergic ဖြစ်ကြမှာစိုးလို့ GSMArena က Terms အသစ်လေးယူသုံးလိုက်တာ) သေချာတယ်၊ Flagship Level ကိုမမှီသေးတဲ ချို့တဲ့မှုတစ်ချို့ သူ့မှာရှိနေတုန်းပဲ။ သို့ပေမယ့်ဗျာ.... ဒီဇိုင်းကာလာ အနေအထားအရလား၊ Performance အရလား၊ ဘယ်ဘက်ကကြည့်ကြည့် ပေမှီ၊ ဒေါက်မှီဆိုတာထက် သာလွန်နေတဲ့ဖုန်းတစ်လုံးဆိုတာက ငြင်းမရတဲအချက်ပါပဲ။ ဒီတော့ ၆သိန်းဝန်းကျင်ဈေးမှာ Mi 8 Pro ဟာ Flagship Level Spec တစ်ချို့နဲ့ In-Display Fingerprint ပါတဲ့ အမိုက်စားထဲက တစ်ခုပါလို့...


Observe Here, Trust Yourself

Htet Oo Naing (PLANET X)

No comments: