(PRP Platelets Rich Plasma and Regenerative Medicine)
သွေးဆိုတဲ့ အရာကို ထိတွေ့  ကိုင်တွယ် လုပ်ကိုင်ရရင် သွေးရည်ကြည်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ရောဂါပိုးကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ ကျတော်တို့တွေ မမွေးခင်ကတည်းက လူတိုင်းသိပြီးသားပါ...
တကယ်တန်း အန္တရာယ် အရှိဆုံးက ကိုင်တွယ် ကုသပေးရတဲ့ ဆရာဝန် ဆရာမ နဲ့ ပညာရှင်တွေပါ.... ဒီရက်ပိုင်း ထူးထူးခြားခြား သွေးတွေနဲ့ ကုတိုင်း ဘာဖြစ် ညာဖြစ် မှာလား လို့ တချိန်လုံးတန်းစီ လာမေးနေကြတော့ အစက တစ်ယောက်ချင်းပြန်ပြောပြနေပေမဲ့ အခုတော့ လာလာမေး ကြသူ အများစု လာ လာပြနေတဲ့ အခြေအမြစ်မရှိ ပညာမရှိ အကိုးအကားမရှိ
ဘဲ လူတိုင်းနားလည်ပြီးသား အခြေခံ အချက်အလက်လေး တွေကို ငါ့စကားနွားရ ရေးထားတဲ့ သာမန် စာစု ( ပညာသည် မျက်စိနဲ့ ကြည့် ပညာရှင် ပေတံနဲ့တိုင်းဟဲ့ ဆိုရင် သတင်းလို့ခေါ်ဖို့တောင် အဆင့်မရှိဘူးထင်တာပဲ) တစ်ခု ကို မြင်တော့ လာလာမေးနေကြတဲ့ မိတ်ဆွေတွေ လူနာတွေ သူငယ်ချင်းတွေ အတွက် ဒီစာတိုလေး ရေးပါရစေ.......
သွေးရည်ကြည် ကုထုံးဆိုတာ ဟာ နံမည်ကြီး နေတဲ့ Vampire facelift ဆိုတာလေး တစ်ခု တည်းအတွက် ရှိနေတဲ့ ကုထုံးတစ်ရပ်မဟုတ်ပါ...
သွေးရည်ကြည်ကုထုံးဆိုတာ သွေးတွေယူ မျက်နှာထဲလျောက်ထိုး လျောက် လှိမ့်နေတာ ဆိုပြီး ပြောရလောက်အောင် လွယ်ကူ သော ကုသမှု တစ်ရပ်မဟုတ်ပါ…
မျက်နှာ အတွက် ကုသ သည့် နေရာမှာတောင် ကုသပေးသူရဲ့ ကျွမ်းကျင်မှု ပေါင်းစပ်ကုသနိုင်မှု စတဲ့အချက် တွေပေါ် မူတည်ပြီး ကုသမှု ရလာဒ်တွေ အလွန်ကွာခြားသော ကုသမှုမျိုးပါ…
ဆေးပညာ တွင် ထိပ်တန်း ကိုင်းခွဲတစ်ခုဖြစ်သော Regenerative Medicine တွင် သွေးရည်ကြည် အခြေခံ ကုသမှု ကုထုံးများမှာ အခြေခံ အကျ ဆုံး သော ကုထုံးများထဲက တစ်ခု ဖြစ်ပြီး မျက်နှာ အရေပြား အလှ အပ တွက်သာ မက ကိုယ်ခန္ဓာတွင် Aging အိုမင်းမှု and Degeneration ယိုယွင်းပျက်စီးမှုကြောင့် ဖြစ်သော ပျက်စီးမှု များကို Biomolecular level /Cellular level အခြေခံ အသေးစိတ်ကျသော ဆဲလ်ကလပ်စည်း အဆင့်မှ သည် organ/ tissue level အင်္ဂါရပ် အသားစ အဆင့် အထိ ကုသ ပြုပြင် ထိန်းညှိပေးသော အခြေ ခံ ကုသမှု တစ်ရပ်ပါ…..
သွေးရည်ကြည်လေးထုတ် မျက်နှာလေးကုတာပေါ့ ဆံပင်လေးထိုးတာပေါ့လို့ လွယ်လွယ်လေး လုပ်လို့ရသော အရာမဟုတ်ပါ… လက်ရှိကုသပေးနေသူပညာရှင် အားလုံးကလည်း အချိန်တို အတွင်းရလာသော ရလာဒ်များ အတွက် ပျော်ရွှင် ဝမ်းမြောက်စွာ မိမိတို့ လူနာများ client များ မိတ်ဆွေများအတွက် *မိမိတို့ တွင် risk များ မှန်းသိလျက်နှင့် results ကောင်းတွေ အတွက် ကုသနေကြခြင်းပါ…. တကယ်တန်းတော့ သွေးရည်ကြည်ကုထုံးလောက် အသေးစိတ် သော အလုပ်ရှုပ်သော လက်ဝင်သော အန္တရာယ်များသော ကုသမှု ဆေးခန်းများတွင် သိပ်မရှိပါ….
မိမိ ပိုင်ဆိုင်လာ သော ရလာဒ် ကောင်းများ အပြင် မိမိ ဆရာဝန်နှင့် အပြန်အလှန် ဆောက်တည်ထားသော ယုံကြည်မှုများ ပျော်ရွှင်မှုများ ကို ဘာမဟုတ်တဲ့ စာတိုပေစ တစ်ခု ကြောင့် အနှောင့်အယှက်မဖြစ်စေချင် ပါ…..
အကြမ်းပျင်း အနှစ်ချုပ် ပြရလျှင်
PRP ဆိုသော သွေးရည်ကြည် ကုထုံး တွင် အဓိက နှစ်ပိုင်း ရှိပါသည်… သူ့ကို အဓိကထားကုသော Stand alone/ main therapeutic options နှင့် သူ့ကို ပေါင်းစပ်ကုသသော Integrative therapeutic options ဆိုပြီး အလွယ် မြင်သာအောင်ပြောလို့ရပါသည်….
သွေးရည်ကြည် ကို အများစု သိပြီးသား
PRP + Collagen Stimulating/ Induction Therapy (mostly done by microdermabrasion)
PRP vampire face lift ဆိုတာ အပြင်
- PRP microneedling and mesotherapy
- PRP Face, Neck and Hand Rejuvenation therapy with or without cellular stimulating peptide therapy
- PRP problem skin treatment like acne, oily skin, black spots and age related skin degenerations
- PRP combined therapy with Cellular toxin face lifing or Collagen thread lifting
- PRP combined therapy with Stem cell extract and Mesenchymal Stem Cells MSCs
- PRP induced growth factor promoting treatments for atheletic people and sick patients
- PRP based scar and scratch mark treatments
- PRP based hair restoration with or without peptide therapy and light therapy ဆိုတာမျိုးတွေ အပြင်
- PRP based Biofiller
- PRP based sexual rejuvenation treatments with or without stem cell extract and peptide therapy
- Type V LA PRP (Light Activated PRP therapy)
- PRP combined APIC Autologous Protease Inhibitor Concentrate Therapy
- PRP based healing promoting and pain reducing treatments with Interlukin blockers
- PRP combined with Nitrogen retention therapy with or without Hyperbaric Oxygen Therapy HBOT
- PRP based regenerative treatment combining with myostatin blockers ကဲ့သို့ advanced therapeutic options များစွာ ရှိပါသည်….
အဲ့လောက်တင်လား….No…... မကသေးပါ…..
- PRFM Platelets Rich Fibrin Matrix
- PRP based plasma biofiller
- Autologous fat transfer combining with PRP
- PRP combined ADSC Adipose derived Stem Cell Therapy
- PRP combined Lipogems
ဆိုတာတွေကနေ ***** VSEL Very Small Embryonic Like Stem Cells ဟုခေါ်သော အဆင့်မြင့် Autologous Stem Cell ကုသမှုတွေ အထိပါ ရှိပါသည်…..
အခု ပြောခဲ့သမျှ ကုသမှု အားလုံးဟာ ASEAN regional countries တွေအများစုမှာတောင် available ဖြစ်ပြီး ကျွန်တော လက် ရှိ fellowship training ယူနေသော EWVM centre ခွဲ အားလုံးတွင် Germany မှ စ၍ ထိုင်း မလေးရှား အဆုံး VSEL stem cell ထုတ်သည့် ကိုယ်ပိုင့် lab များမှအပါအဝင် အထက်ပါ process အားလုံး ကို European standard SOP and Protocols များ ဖြင့် apply လုပ် ကုသနေသော ကုသမှုများဖြစ်ပါသည်…ကျွန်တော် ကိုယ်တိုင်လည်း Training component and fellowship portfolio အရ ထို ကုသမှုများတွင် processing, consultation and treatments ပိုင်း မှသည် protocol updates, research data collection and analysis, advanced training and evidence based guidelines updates အထိ နေ့စဉ် ပါဝင် ပြီး training ယူနေရပါသည်….
ထို့ကြောင့် ပညာရပ်ဆိုင်ရာ မေးသမျှ ဖြေပါမည်…သေချာ ပြောရရင် သိချင်လို့ ညှိချင်လို့ မေးသမျှ ဖြေပါမည်…. ရိ ချင်လို့ မေးတာတွေ အတွက်တော့ တခု ကြိုပြောပါရစေ… **** စာ အရင်ဖတ်ခဲ့ပါ…(တွေ့တာ ကောက်ဖတ်လာတာကို စာလို့ မသတ်မှတ်ပါနော်) အသေးစိတ်မသိတောင် ကျွန်တော် ရေးထားတဲ့ treatment list လေး အရင် နားလည်အောင် တော့ အနိမ့်ဆုံး လုပ်ခဲ့ပါ လို့…. *** ရိ တာ ကို ပြန် အ ရိ ခံ နိုင်ဖို့ ရစ်တာကို ပြန် အရစ် ခံ နိုင်ဖို့ ကြို ပြင်ခဲ့ပါ လို့…….
Aging related problems များ Degenerative diseases များ နှင့် Advanced level diseases များတွင် ဘယ်လို ကုသမှုမျိုးများရှိသည်… ဘာကြောင့် ကုသ ရသည်…. နောက်ကွယ်က Evidenced based science က ဘာဖြစ်သည်… ဘယ် နိုင်ငံတွေ ဘယ် centre ကြီးတွေမှာ ဘယ်လို တွေ ကုသနေသည် အောင်မြင်မှု ဘယ်လိုတွေ ရနေသည် စသည့် အချက်အလက်များ နှင့် ဆွေးနွေး မှု များ တော့ ဒီ စာတွင်မရေးတော့ပါ…. ရေးရန် လည်း မလိုဟု ထင်ပါသည်…. ဘာလို့လည်းဆိုတော့ စာဆိုတာ ဖတ်လို့ရပါသည်…. ရှာဖတ်လို့ ရပါသည်… လူတိုင်း အတွက် ရှိနေသော သြဇာတိက္ကမ ကြီးမားသော ဂုဏ်သိက္ခာ ကြီးမားသည့် မီဒီယာ ကြီးများ အဆင့်မှသည် ပညာရှင်ဆန်ဆန် ဖတ်လိုသူများအတွက် Google scholar လို အခြေခံ အကျဆုံး မှPubmed, Scopus to the Chocrane library လို Gold standard Evidence များ ထိ ရှိနေပါသည်……
ပြည်သူကို အသိနှင့် သတိပေးလိုပါသည် ဆိုသော စေတနာ ကြီးလှပါ သည် ဆိုသော မီဒီယာ ပညာရှင်များ နှင့် နယ်ပယ်ရပ်ဆိုင်ရာ ပညာရှင်များ အနေဖြင့်လည်း သိပ္ပံ ပညာဟာ ယုံကြည်ရာ မဟုတ်ပါ… အခြေခံကျသော ပညာရပ်ဆိုင်ရာ evidence များကို အခြေခံ ထားပြီး ရလာဒ်များကို ဆိုးကောင်း ကျိုး ကြောင်း ခွဲ ခြမ်း စိတ်ဖြာပြီး လိုက်လျော ညီထွေ လိုအပ်သလို အသုံးချ ကုသ ရသော ပညာ ပါ…. မရေးခင် မပြောခင် စာလေး တော့ ရှာဖတ် ကြပါ… Analysis and Reflection သုံးသပ် စိတ်ဖြာ ခွဲ ခြမ်းမှု လေးတော့ သေချာ လုပ်ကြပါ….
မီဒီယာ သမားရော… ပညာရှင် သမားရော…. ဘာမှန်းမသိ အကောင့်အတု တွေနဲ့ အပုတ်အတင်း လုပ်သတင်းဖြစ်ပြီးရော ဆိုတဲ့ စာစု ရေးသူတွေရော….. ကို ရေးမဲ့ စာကို သေချာ မတတ်မဖတ် မပြင်ဆင်ဘဲ ရေးတာ… ကိုယ်သန်ရာ သန်ရာ အဆင့်တူရာ တူရာ အကိုးအကားလောက်ပဲ ကြုံ သလို ဖတ် ရေးချင်တာ ရေးလိုက်တာ တွေက တကယ်တန်းတော့ ဖတ်ရသူ အကျိုးမပွား အဆိုးများတာနောက်ထားပြီး အရင်ဆုံး ကိုယ်ကိုယ်တိုင်က ဖင်ပြောင်ကြီးနဲ့ လူကြားထဲ ထွက် က ပြ နေသလို အရှက် ဗျန်းဗျန်း ကွဲ ရတာလေးတော့ သတိ ချပ်ကြပါ ဦးလို့………
လေး စား စွာ ဖြင့် …. စေ တနာ ဗ လပွ ဖြင့်…..
Dr. Thet Lwin
MBBS, MSc
Clinical Fellow
(European Wellness Villa Medica,
Centre for Regenerative Medicine, Germany)
& Medical Advisor (IVLyfe Wellness)
No comments:
Post a Comment