Thursday, October 11, 2018

Soyes 7s Review (Small Soldier)



ဒီတစ်ခါ Review က ခါတိုင်းလို Technical ဘက် သိပ်မသွားပဲ User Experience ကို အသားပေးတဲ့ Review တစ်ခု ဖြစ်ကောင်းဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုတော့ အားလုံးသိတဲ့အတိုင်းပဲ လက်တစ်ဖဝါးစာမပြည်တဲ့ ဒီဖုန်းကို Performance စံညွှန်းတွေနဲ့ ဘယ်လိုမှတိုင်းလို့အဆင်ပြေမှာမဟုတ်လို့ပါ။ တစ်ဖက်ကကြည့်ပြန်ရင်လည်း ဒီလိုပိစိကွေးဖုန်းမှာ ဒီလို Function တွေလုပ်နိုင်ပါလား ဆိုတဲ့အတွေးနဲ့ သုံးရတာ စိတ်ကျေနပ်စေပြန်တယ်။ ဒီတော့ လက်ရှိအချိန်မှာ အသေးဆုံး Smartphone လို့ ဆိုနိုင်တဲ့ Soyes 7s အပေါ် ခံစားချက်နဲ့ အမြင်လေးတွေကို Review နဲ့အတူ ပြောပြသွားပါ့မယ်။

Soyes 7s (8GB/1GB) ကို မြန်မာငွေ 90,000 (ကိုးသောင်းကျပ်) နဲ့
MMAS - Phone & Gadgets
09-794555888 , 09-974555888 မှာ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

Unboxing

ဖုန်းသေးသေးမို့ ဗူးသေးသေးနဲ့ လာပါတယ်။ ဗူးထဲမှာတော့ ဖုန်းအပြင် Micro USB ကြိုးအသေးရယ်၊ Sim Card ထုတ်တဲ့ Pin ရယ်၊ Soyes ရဲ့ Member Card လို့ ထင်ရတဲ့ ကဒ်ပြားရယ်၊ User Manual ရယ်၊ ရှေ့မှန်အတွက် Screen Protector ရယ် ပါဝင်တယ်။ Adaptor မပါတဲ့အတွက် သပ်သပ်ဝယ်ရပါလိမ့်မယ်။

Design & Build Quality

လို၊ တို၊ ရှင်း ပြောရရင် သူ့ရဲ့ Design က iPhone 7 Plus ပုံစံပါပဲ။ Copy ဆိုပေမယ့် လူချစ်ခံရတဲ့ Copy ပေါ့ (အယ်လယ်) သူ့ရဲ့ Main Selling Point ကိုက "iPhone Mini" လို့ တင်စားရလောက်တဲ့ အချက်ပါပဲ။ ချီးကျူးမိတာက ဒီပေါက်စလေးကို Home Key, Dual Camera Design (Camera ကတော့ ၁လုံးထဲပေမယ့်), Antenna လိုင်း, Button နေရာအထားအသို၊ နောက်ဆုံး Headphone Jack မပါတာကအစ iPhone 7 Plus ပုံစံ အနီးစပ်ဆုံးဖန်တီးပေးထားတာပါ။

၁သိန်း မပြည့်တဲ့ဒီဖုန်းလေးမှာ Build Quality ကို Cheap ဖြစ်တယ်လို့ မခံစားရ။ Body က အစ Sim Tray အဆုံး Metal နဲ့လုပ်ပေးထားတယ်။ ကိုင်ရတဲ့ Feeling က သေးသေးကျစ်ကျစ်လေးနဲ့ ဘေးကကြည့်ရင် မီးခြစ်လေး ကိုင်ထားတယ်လို့တောင် ထင်ရလောက်တယ်။ လက်တစ်ဆုပ်စာတောင်မရှိတဲ့၊ Touch Screen ပါတဲ့ Android ဖုန်းကို ကိုင်နေရတယ်ဆိုတဲ့ အသိလေးက ကိုင်ရသူကိုစိတ်ကျေနပ်စေတယ်။

Display

Soyes 7s မှာ 2.54", 240P LCD Display ကို သုံးပေးထားတယ်။ 240P ဆိုပေမယ့် သူ့မှာပါတဲ့ MiraVision Engine ကြောင့် Icon တွေ၊ စာလုံးတွေကို ကြည့်တဲ့အခါ ပုံထွက်ဖွာမနေပဲ ကြည့်ရအဆင်ပြေတာတွေ့ရတယ်။ ဒါပေမယ့် သတိထားမိသလောက် အသစ်သွင်းတဲ့ 3rd Party App တစ်ချို့မှာတော့ Icon တွေက သူ့နဂို Icon တွေလောက် ရုပ်ထွက်မကောင်းတာတွေ့ရတယ်။ ဒီတစ်ချက်ကလွဲရင် ကျန်တာ အဆင်ပြေပြေပါပဲ။ ဒီလောက် ပိစိကွေး Display မှာ Standard, Vivid mode တွေထည့်ပေးထားတာ၊ Contrast, Saturation နဲ့ Color Tone တွေကို Manual Mode နဲ့ Adjust လုပ်နိုင်တာတွေကတော့ လိုတာထက်တောင် ပိုလန်းနေတယ်လို့ ခံစားမိတယ်။

Security

ဒီဖုန်းပေါက်စမှာ Fingerprint, Face Unlock စတာတွေ မျှော်လင့်မယ်ဆိုရင်တော့ မိုက်မဲရာကျလွန်းမယ်လို့ ထင်မိ။ Unlock Mode မှာ Voice Unlock ကိုထည့်ပေးထားပေမယ့် 5 sec ပြည့်အောင် အသံသွင်းခိုင်းတာဆိုတော့ ဖုန်းတစ်ခါဖွင့်ဖို့ Password အရှည်ကြီးရွတ်ရမှာတော့ သိပ်မနိပ်လှဘူးထင်တာပဲ 😅

Audio Quality

Soyes 7s မှာ Bottom Firing Speaker လေးတော့ ပါတယ်။ အသံတော့ အရမ်းမကျယ်ပေမယ့် တော်ရုံလုံလောက်တဲ့အသံကိုတော့ ထုတ်ပေးနိုင်စွမ်းရှိမယ်။

iPhone Design သူလေးက Audio ပိုင်းမှာ အချေတစ်လိုင်းပါ။ သူ့မှာ 3.5mm Audio Jack မပါ။ ဒါပေမယ့် Bluetooth နားကြပ်နဲ့တော့ သီချင်းနားထောင်နိုင်သဗျာ။ အံ့သြမိတဲ့အချက်က အသံထွက် အတော်လေးကောင်းတာပါ။ Bass သံတွေဆို အတော် Deep ဖြစ်တယ်။ Music App ထဲမှာ Equalizer Mode တောင် ပါလိုက်သေး။ ဆိုတော့ကာ အကောင်သေးပေမယ့် နားကြပ်ကောင်းရင် ကောင်းသလောက် အသံစွာမယ့်ကောင်လေးပေါ့။

Performance

Soyes 7s လို ဖုန်းပေါက်စမှာ ဒီ ခေါင်းစဉ်ကို ထည့်မရေးဖို့စဉ်းစားခဲ့ပေမယ့် လက်တွေ့စမ်းသပ်မိချိန်မှာတော့ အံ့အားသင့်ခဲ့ရတယ်။ သူ့မှာ Mediatek ရဲ့ MT6580 Quad Core Processor ကို သုံးပေးထားတယ်။ အစက ဒီဖုန်းလေးမှာ ဖုန်းဆက်၊ Message ပို့၊ Browser သုံးရုံလောက်ပဲ လုပ်နိုင်မယ်ထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာ Facebook, Messenger, Youtube တို့လို Social App တွေ ကောင်းကောင်း Run နိုင်တာတွေ့ရတယ်။ (သုံးဖို့ရည်ရွယ်ရင်တော့ Lite or Go Version တွေသုံးတာ ပိုအဆင်ပြေပါလိမ့်မယ်။)

ပိုအံ့သြမိတာက Gaming ပိုင်းပါ။ ဂိမ်းအမြင့်ကြီးတွေ မစမ်းဖြစ်ပေမယ့် Temple Run 2, BRIM, Sonic Boom လို ပုံမှန် Game လေးတွေကို ကောင်းကောင်း Run နိုင်တာတွေ့ရတယ်။ (Storage နဲတဲ့အတွက် Mobile Legand ထည့်မစမ်းခဲ့သလို ဒီဖုန်းသေးသေးလေးမှာလည်း ဆော့ရအားရမယ်မထင်) ဒီတော့ Soyes 7s ဟာ အလှသုံးဖုန်းသက်သက်မဟုတ်ပဲ Social Media နဲ့ အပျင်းပြေ Game ဆော့နိုင်တဲ့ Multimedia Device အနေအထားမှာ ရှိနေပါတယ်။

Battery & Charging

ဒီဖုန်းကို Teaser စလုပ်တုန်းက "30min နဲ့ 0-100 ပြည့်အောင် အားသွင်းနိုင်တယ်" လို့ ပြောခဲ့တယ်။ တကယ်လည်းသွင်းနိုင်ပေမယ့် ချွင်းချက်တစ်ချို့ရှိပါတယ်။ ပထမအချက်က သူ့ Battery Size ပါ။ 600 mAh ပဲရှိတာမို့ လန်ပျံနေအောင် အားခံဖို့တော့ မမျှော်လင့်ပါနဲ့။ ဖုန်းဆက်တိုက်ပြောမယ်ဆိုရင် ၁နာရီခွဲ ဝန်းကျင်လောက် အားခံပါလိမ့်မယ်။ Stand by Time ကတော့ တကယ် Amazing ပါ။ ၈နာရီလောက် ထားတာတောင် 1% မလျော့ချင်ဘူး။ ဒါပေမယ့် လုံးဝပစ်ထားတာမျိုးမဟုတ်ပဲ ၃ရက်တစ်ခါလောက်တော့ Cycle တစ်ပတ်ပြည့်အောင် သုံးပေးသင့်တယ်ထင်မိတယ်။

ဒုတိယတစ်ချက်က Adaptor ပါ။ မိနစ် ၃၀ စွန်းစွန်း နဲ့အားအပြည့်သွင်းနိုင်တာက 5V 2A နဲ့မှပါ။ ဒီတော့ Battery ကိုညှာချင်တယ်ဘာညာဆိုရင်တော့ 5V 1A လောက်နဲ့သွင်းပါ။ (၁နာရီကျော်လောက်တော့ ကြာပါလိမ့်မယ်။) အားသိပ်မခံပေမယ့် အားအဝင်လည်းမြန်တာမို့ Power Bank ဆောင်ထားနေကျ iPhone User တွေအတွက်ဆိုရင် သိပ်အခက်တွေ့မှာ မဟုတ်လောက်ပါဘူး။ (Huawei ရဲ့ ဒီဇိုင်းကာလာအနေအထားအတိုင်း 😁)

Camera

တကယ်တော့ ဒီလောက်သေးတဲ့ဖုန်းမှာ Camera ပါတယ်ဆိုတာနဲ့တင် ကိုယ်တွေတော့ ကျေနပ်လှပါပြီ။ သူ့မှာ 6MP Back Camera နဲ့ 0.3MP Selfie Camera တို့ ပါဝင်တယ်။ ဒါပေမယ့် Camera ရိုက်ကြည့်တော့ ထင်ထားတာထက် ပိုကောင်းနေပြန်ရော။ သူ့ရဲ့ Camera UI က အလန်းဗျ။ Live Photo Mode, Beauty Mode, Multi Angle Mode တွေတောင် ပါလိုက်သေး။ Image Properties ထဲမှာလည်း Brightness, Contrast, Saturation စတာတွေ အတိုးအလျှော့လုပ်နိုင်သလို Daytime မှာ Landscape ကောင်းကောင်းရိုက်ဖို့ HDR Mode လည်း ပါတယ်။ Day, Night, Sunset.... စတဲ့ Scene Mode တွေလည်း ပါတယ်။ Video မှာဆိုရင် EIS ကို On, Off လုပ်ခွင့်ပါပေးထားသင့်တယ်။ ဒီတော့ အသုံးဝင်တာ၊ မဝင်တာ အသာထား၊ ပါတဲ့ Function တွေနဲ့တင် သူ့ Camera က တန်နေပြီလို့ ယူဆမိတယ်။

System & Others

OS ပိုင်းမှာတော့ Soyes7s က နောက်ကျတယ်ဆိုရမယ်။ Android 5.1 ကိုသုံးထားပြီး ဖုန်းနဲ့အဆင်ပြေအောင် Customization တစ်ချို့ လုပ်ပေးထားတယ်။ သူ့ Interface ကို iOS ဆန်ဆန်လုပ်ပေးထားပေမယ့် တခြား Setting တို့ Status Bar တို့က Pure Android ပုံစံပါပဲ။ သူ့မှာပါတဲ့ တစ်ခုတည်းသော Home Button နဲ့ တစ်ချက်နှိပ်ရင် Home, ဖိထားရင် Recent ခေါ်နိုင်သလို Back, Home, Recent Button တွေပါဝင်တဲ့ Assistive Touch ကိုပါ ထည့်ပေးထားတယ်။ Setting ကလည်း ရိုးရှင်းသလောက် Display, Sound, Battery စတာတွေမှာ အသုံးတည့်မယ့် Feature တစ်ချို့ထည့်ပေးထားတယ်။ အားနည်းချက်အနေနဲ့ Sim Card မှာ 3G ပဲ Maximum Support လုပ်တာပါ။ ဒါပေမယ့် Hybrid Slot ပါလာတာလေးကတော့ တကယ်သဘောကျမိတယ်။

ဒီလောက်ဆိုရင် Soyes 7s အပေါ် အပြစ်မမြင်ရတဲ့အကြောင်းအရင်းကို သိလောက်ပြီထင်ပါတယ်။ သာမန် Android ဖုန်းတစ်လုံးအနေနဲ့ကြည့်ရင် ဒီဖုန်းဟာ ပေမမှီဒေါက်မမှီ ဖုန်းလေးတစ်လုံးပါ။ ဒါပေမယ့် လက်တစ်ဖဝါးစာမပြည့်တဲ့ ဒီဖုန်းလေးဟာ အရွယ်နဲ့မလိုက်အောင် သုံးနိုင်နေပါလားဆိုတဲ့အတွေးက သုံးတဲ့သူကို ဖုန်းသုံးရင်း ပျော်ရွှင်စေ၊ ရယ်မောစေ၊ စိတ်ကျေနပ်စေတဲ့အချက်ပါ။

ဒီတော့ သင်က iPhone ကိုင်ထားလို့ နောက်ထပ် Sim Card တစ်ခုနဲ့ အရန်သုံးဖို့ ဖုန်းတစ်လုံးရှာနေတယ်ဆိုရင်၊ ဒါမှမဟုတ် Dual Sim သမားတွေအတွက် တတိယမြောက် Sim Card သုံးဖို့ သုံးရလွယ်၊ သယ်ရလွယ်မယ့်ဖုန်းတစ်လုံး လိုအပ်နေရင်တော့ သူများနဲ့မတူပဲ ခပ်ဆန်းဆန်းကိုင်နိုင်ဖို့ Soyes 7s ကို ညွှန်းချင်မိတယ်။ သေချာတာတစ်ခုကတော့ ဒီဖုန်းလေးသာ သင့်လက်ထဲရှိနေရင် မြင်တဲ့သူတိုင်းဆီကနေ "ဖုန်းလေးက ချစ်စရာလေး" ဆိုတဲ့စကားသံကို ကြားရမယ်ဆိုတာပါပဲ။    ။

"Observe here. Trust yourself."

#PlanetX #Soyes7s #Review

No comments: