လုပ်ငန်းတွေမှာ ဝန်ထမ်းတွေအဝင် အထွက်များနေကြတာ စာရေးသူတို့အား လုံးသိကြတဲ့ အတိုင်းပါပဲ။ ယခုအခြေအ နေဟာ လူတော်တွေကို အပြိုင်အဆိုင်လု နေကြရတဲ့ စစ်ကြီးဖြစ်နေပြီလို့ ပညာရှင် တွေကပြောကြားနေပါပြီ။ War for talent လို့ခေါ်ကြပါတယ်။ အပြိုင်များတဲ့ ယနေ့ စီးပွားရေးနယ်ပယ်မှာ မိမိတို့လုပ်ငန်းရေ ရှည်တည်တံ့ဖို့ ပြိုင်ဘက်နှင့် ယှဉ်ရင်အသာ စီးရဖို့ ကြိုးစားကြရာမှာ အရည်အသွေးရှိ တဲ့၊ ပါရမီရှိတဲ့ဝန်ထမ်းတွေ မိမိတို့လုပ်ငန်း မှာ သစ္စာရှိရှိနှင့် ရေရှည်တည်တံ့နေဖို့၊ ပျော်ရွှင်နေဖို့၊ စိတ်ကျေနပ်မှုတွေနှင့် ကြိုး စားနေဖို့၊ မိမိတို့လုပ်ငန်းကိုစွန့်ခွာပြီး အခြား သောလုပ်ငန်းတွေဆီ ပြောင်းရွှေ့မသွားဖို့ နည်းလမ်းအမျိုးမျိုး၊ မဟာဗျူဟာအမျိုးမျိုး သုံးဆောင်ရွက်ကြရပါတယ်။
“ငကန်းသွားရင် ငဆွေလာမယ်” ဆို တဲ့စကားဟာ လွန်ခဲ့သောဆယ်စုနှစ် (၁)ခု၊ (၂)ခုမှာ အလွန်အသုံးတည့်ကောင်း တည့် နိုင်ပေမယ့် ယနေ့ခေတ်မှာတော့ သက် တမ်းမရှည်နိုင်တော့ဘဲ ရှိနေပါပြီ။ တချို့ သောသူတွေကတော့ အဆိုပါအယူအဆ ကိုပင် လက်သုံးဆောင်ပုဒ်တစ်ခုအဖြစ်သုံး စွဲနေကြတုန်းပဲဖြစ်ပါတယ်။ တကယ်တော့ ကန်းတဲ့သူသွားတာကို လက်ခံနိုင်ပေမယ့် တကယ်တော်တဲ့ သူတွေကိုတော့ ငဆွေ လာမှာပဲယူဆပြီး မထိန်းထားနိုင်ရင်တော့ အကောင်းမရဘဲ အဆွေအဆောင်းတွေပဲ ထပ်ရဖို့ရှိပါမယ်။
ဝန်ထမ်းတွေ ဘာကြောင့်လုပ်ငန်းကို စွန့်ခွာသွားရလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ စာ ရေးသူတို့မှာအခြေခံကျတဲ့ အဖြေ (၂)ခု ရှိပါတယ်။ ပထမတစ်ခုကတော့ ပြိုင်ဘက် တွေက လုပ်သားဈေးကွက်အတွင်းမှာရှိတဲ့ လုပ်ငန်းတွေက မိမိတို့လုပ်ငန်းက ပေးထား သော ရာထူး၊ လစာ၊ တိုးတက်မှုနှင့် အခြား သော ခံစားခွင့်အမျိုးမျိုးဖန်တီးကာ မက် လုံးပေးပြီး ဆွဲခေါ်သွားလို့ ဝန်ထမ်းတွေ မိမိတို့လုပ်ငန်းကို စွန့်ခွာသွားကြခြင်းဖြစ် ပါတယ်။ အဆိုပါမက်လုံးတွေကို Pull Factors တွေလို့ခေါ်ပါတယ်။ ဒုတိယတစ် ခုကတော့ မိမိတို့လုပ်ငန်းတွင်းမှာရှိတဲ့ ညံ့ဖျင်းတဲ့ မူဝါဒတွေ၊ စီမံခန့်ခွဲမှုပုံစံတွေ၊ လုပ်ငန်းခွင်အခြေအနေတွေ၊ အထက်အ အောက်ဆက်ဆံရေး၊ ဘေးတိုက်ဆက်ဆံ ရေးတွေစတဲ့ လုပ်ငန်းတွင်းတွန်းအားတွေ ကြောင့်ပဲ ဝန်ထမ်းတွေလုပ်ငန်းကနေမထွက် ထွက်သွားအောင်တွန်းအားပေးနေ တတ်ပါတယ်။ အဆိုပါအချက်တွေကို တော့ Push Factors လို့ခေါ်ပါတယ်။
ဒီလိုဆိုရင် ဝန်ထမ်းကောင်းတွေ မိမိ တို့လုပ်ငန်းကို စွန့်ခွာမသွားစေဖို့ စီမံခန့်ခွဲ သူတွေ HR professional တွေအနေနဲ့ ဘယ်လိုမဟာဗျူဟာ Strategy တွေသုံးမလဲဆိုတာတွေကတော့ လုပ်ငန်းသဘော သဘာဝအပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါ တယ်။ တကယ်တော့ မက်လုံးပေးပြီး ဆွဲ ခေါ်သွားလို့ ဝန်ထမ်းတွေ မိမိတို့လုပ်ငန်း ကို စွန့်ခွာသွားတာကို ထိန်းချုပ်ဖို့ဟာ အင်မတန်မလွယ်တဲ့ ကိစ္စတစ်ခုပဲဖြစ်ပါ တယ်။ စာရေးသူတို့အနေနဲ့ လုပ်ငန်းတွင်း မှတွန်းထုတ်သလိုဖြစ်စေတဲ့ အချက်တွေ ကြောင့် ဝန်ထမ်းတွေလုပ်ငန်းကို စွန့်ခွာ မသွားအောင် ဆောင်ရွက်ထားဖို့တော့ လွန်စွာအရေးကြီးပါတယ်။ မက်လုံးတစ်ခုခု ကြောင့် ဝန်ထမ်းတွေစွန့်ခွာသွားတာဟာ လုပ်ငန်းရဲ့ပုံရိပ်ကို များစွာမထိခိုက်နိုင်ပေ မဲ့ လုပ်ငန်းတွင်းတွန်းအားတွေကြောင့် ဝန် ထမ်းတွေစွန့်ခွာသွားကြခြင်းကတော့ လုပ် ငန်းတစ်ခုလုံးရဲ့ ပုံရိပ်ကိုထိခိုက်စေပြီး ဝန် ထမ်းကောင်းတွေရှာဖွေဖို့ လိုအပ်လာတဲ့ အခါမှာလည်း ထိခိုက်မှုဖြစ်စေပါတယ်။
လုပ်ငန်းတွင်းတွန်းအားတွေကြောင့် ဝန်ထမ်းတွေစွန့်ခွာမသွားအောင်ဆိုရင် နေ ချင်စဖွယ်လုပ်ငန်းခွင်တစ်ခုဖန်တီးထားဖို့ လိုအပ်ပါတယ်။ နေချင်စဖွယ်လုပ်ငန်းခွင် တစ်ခုဖန်တီးရာမှာတော့ လုပ်ခ၊ လစာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါ တယ်။
Workers can be generally seen as a machine fuelled by money လို့ စီမံခန့် ခွဲမှုပညာရှင် Storey ကဆိုထားပါတယ်။ ဆိုလိုရင်းကတော့ လုပ်သား(ဝန်ထမ်း) တွေကို ငွေဆိုတဲ့လောင်စာဆီဖြည့်ပြီး မောင်းနှင်လို့ရတဲ့ စက်တစ်လုံးလို့ ရှုမြင် ထားခြင်းပဲဖြစ်ပါတယ်။ Storey ရဲ့အဆို ဟာ အတိုင်းအတာတစ်ခုအထိ မှန်ကန် မှုရှိနေပါတယ်။ တကယ်လို့သာ မိမိတို့ လုပ်ငန်းက လုပ်ငန်းတူပြိုင်ဘက်တွေထက် လုပ်ခလစာပိုပေးခဲ့မယ်ဆိုရင် ဝန်ထမ်းတွေ အနေနှင့် လုပ်ငန်းသစ်တစ်ခုကိုပြောင်း ရွှေ့သွားဖို့ မလွယ်လှပါဘူး။ လုပ်ငန်းတူ အဖွဲ့အစည်း (၂) ခုအတွင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ မန်နေဂျာ (၂) ဦးဟာ လုပ်ကိုင်ရတဲ့ လုပ်ငန်းသဘောသဘာဝ ခြင်း၊ တာဝန်ယူရမှုခြင်းတူခဲ့ရင်တောင် ရရှိတဲ့ လုပ်ခလစာပိုမိုမြင့်တဲ့ အဖွဲ့အစည်း က မန်နေဂျာဟာ လုပ်ငန်းအပေါ်မှာ ပိုမို အားထုတ်ကြိုးစားကြတာများပါတယ်။ ပြိုင် ဘက်ထက် လုပ်ခ၊ လစာပိုမပေးနိုင်တဲ့ အ ခြေအနေတွေရှိလာရင်တော့ အခြားတစ် နည်းတစ်လမ်းသုံးဖို့ လိုအပ်ပါတယ်။
ဥပမာ။ ။ လုပ်ငန်းရဲ့ Stock option တွေ Equity Plans တွေကို ဝန်ထမ်းတွေ အနေနှင့်ဝယ်လို့ရအောင် ဖန်တီးပေးတာ မျိုးလုပ်လို့ရပါတယ်။ အားသာချက်က တော့ လုပ်ငန်းရဲ့ Stock ဈေးနှုန်းတွေ တက်လာခဲ့ရင် Stock ဝယ်ယူခွင့်ရထားတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ဝင်ငွေတိုးလာ ပါတယ်။ ဝန်ထမ်းတွေရဲ့စိုက်ထုတ်ကြိုးစား မှု commitment ကို stock value အတက် အကျအပေါ် မျှော်မှန်းချက်နှင့်တိုက်ရိုက် ချိတ်ဆက်ထားခြင်းပဲဖြစ်ပါတယ်။
တိုးတက်မှုအခွင့်အလမ်းတွေ ဖန်တီး ပေးပါ။ အဆိုပါအခွင့်အလမ်းတွေရှိ ကြောင်းလည်း ဝန်ထမ်းတွေနားလည်နေ ပါစေ။ ဝန်ထမ်းတွေဟာ ကြိုးစားရင် ကြိုး စားသလောက် Reward တစ်ခုခုပြန် လည်ရရှိလိုကြပါတယ်။ အားထုတ်မှုအ ပေါ်ပြန်လည်ရရှိမှု Reward ဟာ ယေဘု ယျအားဖြင့်(၂)မျိုးရှိပါတယ်။ ငွေကြေးခံ စားခွင့်တွေနှင့် ပြန်လည်ရရှိတဲ့ Monetary Reward ငွေကြေးခံစားခွင့်နှင့် မဆိုင်တဲ့ ပြန်လည်ရရှိမှု Non Monetary Reward (ဥပမာ၊ အထက်လူကြီးရဲ့အသိအမှတ်ပြု မှု) တို့ပဲဖြစ်ပါတယ်။ တစ်ခါတလေမှာ ဝန် ထမ်းတွေဟာ ငွေကြေးခံစားခွင့် Monetary Reward တွေထက် အထက်လူကြီးရဲ့ အသိအမှတ်ပြုချီးကျူးမှုတွေကို ပိုလိုချင်ကြ ပါတယ်။
တန်နှင့်အား မျှတပါစေ။ ဝန်ထမ်း တွေအနေနှင့် ၎င်းတို့လုပ်ကိုင်နေရတဲ့ အ လုပ်တွေဟာ ဖိအားများတာတို့၊ လုံးဝကို ခက်ခဲတာတို့၊ မနိုင်ဝန်တွေကို ထမ်းနေရ တယ်လို့မြင်လာရင် ပိုမိုဖိအားနည်းဝန်မပိ စေတဲ့ လုပ်ငန်းမျိုးဟာ အဆိုပါဝန်ထမ်း တွေကို စွဲဆောင်နေတတ်ပါတယ်။ တစ် ခါတလေကျရင် မက်လုံးတွေပိုပေးလို့ လုပ် ငန်းကို စွန့်ခွာသွားတာထက် ဖိအားတွေ များလို့၊ မနိုင်ဝန်တွေထမ်းနေရလို့ စွန့်ခွာ သွားကြတာတွေ တွေ့ရပါတယ်။
ငွေကြေးမဟုတ်တဲ့ အခြားခံစားခွင့် တွေ ထပ်မံပေးကြည့်ပါ။ ဝန်ထမ်းတွေအ နေဖြင့် လုပ်ငန်းဆီကနေ လုပ်ခ၊ လစာ တွေအပြင် အခြားသောထပ်ဆောင်းခံစား ခွင့်တွေကိုလည်း အာရုံစိုက်လာကြပါပြီ။ လုပ်ခ၊ လစာခြင်းတူရင် ရာထူးခြင်းတူရင် အခြားသောခံစားခွင့်တွေဖြစ်တဲ့ ကားပေး ထားခြင်း၊ IInstallment ကား၊ တိုက်ခန်း စသည်တွေကို ဝယ်ယူခွင့်ပေးခြင်းမျိုးဟာ ဝန်ထမ်းတွေ (အထူးသဖြင့် Key Player တွေ) မိမိတို့လုပ်ငန်းကို လွယ်လွယ်နှင့်စွန့် ခွာမသွားအောင် ဆွဲဆောင်ထိန်းသိမ်းထား နိုင်ပါတယ်။
ရင်းနှီးဖော်ရွေတဲ့ လုပ်ငန်းခွင်ဆက် ဆံရေးကို ဖန်တီးပေးပါ။ ရှေရှည်မှာ ဝန် ထမ်းတွေလုပ်ဖော်ကိုင်ဘက်တွေ၊ မန်နေ ဂျာတွေဟာ ရင်းနှီးဖော်ရွေတဲ့ မိသားစုပုံစံ ဆက်ဆံရေးကို လိုချင်လာတတ်ကြပါ တယ်။ ရင်းနှီးဖော်ရွေတဲ့ ဆက်ဆံရေးတွေ ကတစ်ဆင့် ဝန်ထမ်းအချင်းချင်းအကြား စိတ်ပိုင်းဆိုင်ရာစာချုပ် Psychological Contract တွေချုပ်ဆိုထားသလို အခြေအ နေမျိုးတွေ ဖြစ်ပေါ်စေပါတယ်။ ဝန်ထမ်း တွေဟာ ၎င်းတို့လုပ်နေရတဲ့ လုပ်ငန်းတာ ဝန်တွေနှင့်ပတ်သက်ပြီး ပျင်းရိငြီးငွေ့လာ ပြီး တာဝန်တစ်ခုကြောင့်သာ လုပ်ခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့ရဲ့ဘ၀အစိတ်အပိုင်းတစ် ခုအနေနှင့် မိသားစုတစ်စုအတွင်းမှာ အ လုပ်လုပ်နေရသကဲ့သို့ နွေးထွေးပျူငှာတဲ့ဆက်ဆံမှုတွေ ဖန်တီးပေးထားခြင်းဟာ မိမိ တို့လုပ်ငန်းကို စွန့်ခွာသွားဖို့ ခက်ခဲသွား စေပါတယ်။
တာဝန်တွေပေးအပ်ပြီးပါက အဆိုပါ တာဝန်တွေနှင့်ပတ်သက်ပြီး ဝန်ထမ်းတွေ အပေါ်ယုံကြည်မှုရှိပါ။ ယုံကြည်မှုဆိုရာမှာ တော့ ယုံကြည်လို့ရနိုင်တဲ့သူမျိုးကိုဆိုလို ခြင်းဖြစ်ပါတယ်။ တာဝန်ပေးအပ်ခြင်း ခံရ တာကိုလိုလားတဲ့ ဝန်ထမ်းတွေအနေနှင့် အထက်လူကြီးတွေရဲ့ ယုံကြည်မှုကို မျှော်လင့်မိကြပါတယ်။ အယုံအကြည်ရှိတယ် လို့ခံစားသွားရတဲ့ ဝန်ထမ်းတွေဟာ ပေး အပ်တဲ့ လုပ်ငန်းတာဝန်တွေနှင့်ပတ်သက် ပြီး တက်တကကြွကြွဆောင်ရွက်တတ်ကြ ပါတယ်။ ဝန်ထမ်းတွေ မိမိတို့လုပ်ငန်းကို စွန့်ခွာမသွားကြဖို့ နေရာတကာမှာ ထိန်း ချုပ်နေတဲ့ စီမံခန့်ခွဲမှုကနေ ယုံကြည်မှု အပေါ် အခြေခံတဲ့ စီမံခန့်ခွဲမှုပုံစံတွေ ဖန်တီးပေး ထားဖို့လိုအပ်လာပါပြီ။
No comments:
Post a Comment