Friday, July 20, 2012

HIV အတွက် ဆေးသစ်ပေါ်ပြီ


နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်

ဇူလိုင်လ (၂၂) ရက်နေ့ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် မိန့်ခွန်းစကား ပြောကြား မယ်လို့ အေအက်ဖ်ပီ သတင်းက ဖော်ပြပါတယ်။

ဒီ ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမေရိကန် သမ္မတဟောင်း Bill Clinton၊ မိုက်ကရိုဆော့ ကုမ္ပဏီ တည်ထောင်သူ သန်းကြွယ်သူဌေး အလှူရှင် Bill Gates နဲ့ ဂီတပညာရှင် အဆိုတော် Elton John တို့ကလည်း တက်ရောက် စကားပြောကြမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ AIDS ညီလာခံကို (၂) နှစ်တစ်ကြိမ် ကျင်းပနေတာပါ။ အမေရိကန် ပြည်ထောင်စုမှာ ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီးကတည်းက HIV ပိုး ရှိသူတွေကို နိုင်ငံတွင်း အ၀င်မခံတဲ့ ပိတ်ဆို့မှု မူဝါဒကြောင့် နောက်ထပ် မကျင်းပနိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အဲဒီပိတ်ဆို့မှု ကို ၂၀၀၈ ခုနှစ် သမ္မတ George W. Bush လက်ထက် လွှတ်တော်အမတ်တွေက ပယ်ဖျက်ခဲ့ကြပြီး အဲဒီ ပယ်ဖျက်မှုကို ၂၀၀၉ ခုနှစ် သမ္မတ အိုဘားမားက ဥပဒေအဖြစ် လက်မှတ်ရေးထိုး အတည်ပြုခဲ့ ပါတယ်။
အခုကျင်းပမယ့် နိုင်ငံတကာ AIDS ညီလာခံမှာ ပရိတ်သတ် နှစ်သောင်းခွဲလောက် တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ညီလာခံမှာ HIV/AIDS ဆိုင်ရာ နောက်ဆုံးပေါ် သုတေသန စာတမ်းတွေ ဖတ်ကြား ကြမှာ ဖြစ်ပါတယ်။
နှစ်ပေါင်း (၃၀ ) ကပ်ရောဂါအဖြစ် ပျံ့နှံ့ခဲ့တဲ့ ရောဂါဆိုးကြီးတစ်ခု ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားနိုင်ရေး လမ်းစတွေ အခုညီလာခံမှာ မြင်တွေ့လာရဖွယ်ရှိကြောင်း သုတေသီတွေ မျှော်လင့်နေကြပါတယ်။

RFA - နိုင်ငံတကာ AIDS ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည် 

HIV အတွက် ဆေးသစ်ပေါ်ပြီ
 HIV ရောဂါပိုးကို ကာကွယ်တာဆီးနိုင်မယ့် ဆေးဝါးတမျိုးကို အမေရိကန် အစားအသောက်နှင့် ဆေးဝါး ထိန်းချုပ်ရေးဌာန Food and Drug Adminstration (FDA) က ဇူလိုင်လ ၁၆ ရက်နေ့က ထောက်ခံ အတည်ပြုပေးလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံးရောဂါဖြစ်တဲ့ (AIDS) ရောဂါဆိုးကို ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ် တမျိုးဖြစ်တဲ့ HIV ပိုး ကို ကာကွယ်နိုင်မယ့် ဆေးဝါးမျိုးကို ထုတ်လုပ်နိုင်ဖို့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ် ကတည်းက ဆေးဝါ သုတေသီတွေ ကြိုး စားခဲ့ကြတာဖြစ်ပါတယ်။

ထို ဆေးဝါးကို တီထွင်နိုင်ခဲ့တဲ့အတွက် အောင်မြင်မှု မှတ်တိုင်တစ်ရပ် ဖြစ်ခဲ့ပါတယ်တဲ့။ ယခုအချိန်မှာတော့ HIV ပိုးကို တားဆီးပေးနိုင်တဲ့ (Truvada) လို့ ခေါ်တဲ့ ဆေးဝါးက HIV ပိုး ရှိနေသူများနဲ့ လိင် အထိအတွေ့ ရှိနေသူများကို HIV ပိုး မကူးစက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်တဲ့။

(FDA) မှ တာဝန်ရှိသူများက အဆိုပါ ဆေးဝါးကို အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဒီ ဆေးဝါးက HIV ပိုး ပျံ့နှံ့ ကူးစက်မှု နှုန်းထားကို နှေးကွေးအောင် တားဆီးလာနိုင်လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။ Truvada ဆေးဝါးကို (၂၀၀၄) ခုနှစ် ကတည်းက ဈေးကွက်မှာ ဖြန့်ဝေခဲ့ပြီး HIV ပိုး ကူးစက်ထားသူတွေကို ကုသပေးဖို့ အသုံးပြုခဲ့ပေမယ့် (၂၀၁၀) ခုနှစ်မှ စတင် ပြီး ဒီ ဆေးဝါးက အမှန်တကယ် တားဆီးနိုင်စွမ်း ရှိနေကြောင်း ကို ဖော် ထုတ် တွေ့ရှိ လာခဲ့တာဖြစ်ပါတယ်။

အခု ဆေးဝါးက ရောဂါကူးစက်မှုကို (၇၅) ရာခိုင်နှုန်းထိ တားဆီးနိုင်ပါတယ်တဲ့။ ရေဂါပိုး ရှိသူများကတော့ ဒီ ဆေးကို တစ်နေ့ တစ်လုံး မှီဝဲသောက်သုံးရမှာဖြစ်ပါတယ်တဲ့။ သောက်သုံးသူတွေ အနေနဲ့လည်း ပုံမှန် သောက် သုံး ပေးရမှာလည်း ဖြစ်တယ်လို့ ဆေးဝါး ထုတ်လုပ်ရေးဌာန (FDA) က တာဝန်ရှိသူတွေက ပြော ကြားခဲ့ပါတယ်။
Truvada ကတော့ ထိရောက်တဲ့ အကျိုးထူးတွေ ရှိခဲ့တာ အတည်ပြုနိုင် ပါတယ်လိုလည်း ပြောကြား သွားခဲ့ပါတယ်။ အခု ဒီ ဆေးဝါးကို FDA ကျောထောက် နောက်ခံပြုထားတဲ့ ကယ်လီဖိုးလ်နီးယား အခြေစိုက် Gilead Science ကထုတ်လုပ်ခဲ့ တာ ဖြစ်ပါတယ်ဆိုတာကို ဇူလိုင်လ ၁၇ ရက်နေ့ The Gazette အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။


HIV ကာကွယ်ဆေးကို FDA မှ ထောက်ခံချက် ပေးပြီ

အမေရိကန် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး အဖွဲ့ FDA မှာ ပထမဆုံးသော HIV ကာကွယ်ဆေး တစ်မျိုးကို ထောက်ခံချက် ပေးလိုက်ပြီ ဖြစ်ကာ AIDS ရောဂါကို ဖြစ်စေသည့် HIV ရောဂါပိုးကို တိုက်ဖျက်ရန် ကြိုးစားမှုများ အတွက် အောင်မြင်မှု မှတ်တိုင်တစ်ခု အဖြစ် သတ်မှတ်နိုင်ကြောင်းလည်း သိရသည်။

Truvada ဟု အမည်ရသည့် အဆိုပါ ဆေးမှာ Gilead Sciences Inc., မှ ထုတ်လုပ်ခြင်း ဖြစ်ပြီး HIV ကူးစက်နိုင်ချေ များသူများကို ကာကွယ်ရန် အတွက် သုံးစွဲနိုင်ကြောင်း ထောက်ခံချက် ပေး လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် မိမိနှင့် ဆက်ဆံဖက်မှာ HIV ရောဂါ ရှိနေသူများ အတွက် သုံးစွဲနိုင်ကြောင်း သိရသည်။ ယခုလို ထောက်ခံချက်မှာ The New England Journal of Medicine တွင် Truvada ဆေးကို လိင်ကွဲ ဆက်ဆံ ဖက်များ အကြား သုံးစွဲပါက ၇၅ ရာနှုန်း အထိ ကူးစက်မှု လျော့ချနိုင်ကြောင်း ရေးသားခဲ့ အပြီးတွင် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ယခုဆေးမှာ ယခင်က HIV ရောဂါကို ကုသရာတွင် သုံးစွဲခဲ့ခြင်း ဖြစ်ပြီး  ကာကွယ်နိုင်သည့် စွမ်းအား ရှိ မရှိကို စမ်းသပ်ရာမှ တစ်ဆင့် ယခုလို ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

MRTV-4HIV ကာကွယ်ဆေးကို FDA မှ ထောက်ခံချက် ပေးပြီ 

No comments: