Thursday, July 19, 2012

အမျိုးသားများ တင့်တယ်ကြည့်ကောင်းစေဖို့


ထိပ်တန်းလျှို့ဝှက်ချက် (၇)ချက်
 - နေ့စဉ်မျက်နှာသန့်စင်ပါ။ အစိုဓာတ်ပါတဲ့ ခရင်မ်တစ်ခုခုလိမ်းပေးပါ။ အလွန်အဆီပြန်တဲ့ အသားအရေတွေဖြစ်တာကြောင့် Soap -Freeအမျိုးအစား Cleanser, Gel, Moisturizer များကိုရွေးချယ်သုံးစွဲပါ။

- အဆီခဲတွေ၊ ထိပ်မည်းဝက်ခြံတွေ၊ ဆားဝက်ခြံတွေ ပျောက်ကင်းပြီး သန့်စင်နေစေဖို့ (၁)ပတ်လျှင် (၂) ကြိမ် Facial Scrub ဖြင့် သစ်ပေးပါ။

- နေရောင်ခြည်ရဲ့ UVA နဲ့ UVB ဒဏ်တွေ ထိခိုက်ခြင်းမှ ကင်းဝေးစေဖို့အတွက် နေရောင်ကာ Sun Protection Lotion (သို့) Sun Screen ကိုလိမ်းပါ။ SPF ပါဝင်တဲ့ Lip Balm ကိုအသုံးပြုပေးပါ။ ဒါမှ နှုတ်ခမ်းကွဲခြင်း၊ ခြောက်သွေ့နေခြင်းမှ ကာကွယ်ပြီးသားဖြစ်ပါမယ်။

- Hair Cream တစ်ခုခုကို လိမ်းဖို့ လိုအပ်ပါတယ်။

- ဆေးလိပ်နှင့်အရက်သောက်ခြင်းမှ ရှောင်ရှားဖို့အထူးလိုအပ်ပါတယ်။ ၄င်းအရာတွေက အသားအရေကို ခြောက်စေပြီး အရွယ်ကျကာ လူကိုနုံးချိစေပါတယ်။

- ရှားစောင်း (Aloe Vera) ပါဝင်တဲ့ Skin Care တွေဟာအမျိုးသားများနဲ့ အထူးသင့်တော်ပါတယ်။

- လေ့ကျင့်ခန်း(၁)ခုကို မပျက်မကွက်နေ့စဉ်ပြုလုပ်ပေးပါ။ ချွေးထွက်ပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေတဲ့အတွက် အသားအရေကို အထောက်အကူပြုပါတယ်။

အမျိုးသမီးတွေ သဘောကျတဲ့ ပုရိသရဲ့အလေ့အထ

Shaving
အမျိုးသမီးတွေက ကျိုးတို့ကျဲတဲဖြစ်နေတဲ့မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးငုတ်စိတွေကို သဘောမကျပါဘူး။ ဒါကြောင့် အမျိုးသမီးတစ်ယောက် နဲ့ ညစာစားဖို့များ ချိန်းထားတယ်ဆိုရင်တော့ လေးတွေကလည်း ပုံစံမကျသေးဘူးဆိုရင်တော့ နဲ့ ရှင်းပစ်သွားတာ အကောင်းဆုံးပါပဲ။

Nails
အမျိုးသမီးတစ်ယောက်ကို ခြေဆုံးခေါင်းဆုံးအကဲခတ်တတ်သလိုပဲ သင့်ကိုလည်း အမျိုးသမီးတွေကပြန်ပြီး လူကဲခတ်ပါလိမ့်မယ်။ ဒါကြောင့် လက်သည်း၊ ခြေသည်းတွေရှည်နေပြီဆိုရင် ပုံသွင်းပါ။ ဒါမှမဟုတ်ရင်တော့ ခပ်တိုတိုသာ ညှပ်ပစ်လိုက်ပါ။

Skin
မိတ်ကပ်နဲ့ အမျိုးသားလားလားမျှ မသက်ဆိုင်ပါဘူး။ ဟုတ်ပါတယ် အဲဒီအဆိုက။ ဒါပေမဲ့ ကိုယ့်ရဲ့အသားအရေပျက်စီးမသွားဖို့ Skin Care ပစ္စည်းလေးတွေ သုံးပေးရပါမယ်။ မျက်နှာသစ်ပြီး အစိုဓာတ်ပါတဲ့ Anti-aging ခရင်မ်တစ်ခုလိမ်းပေးတာမျိုး၊ အသားအရေလျော့တွဲ မသွားစေဖို့ နေလောင်ကာ ခရင်မ်တစ်ခု သုံးစွဲတာမျိုးတော့ ထိန်းသိမ်းပေးပါ။ သန့်ရှင်းတောက်ပြောင်နေတဲ့ အမျိုးသားဆိုရင် အမျိုးသမီး တွေက ခင်မင်မိတ်ဆွေဖွဲ့လိုက်ပါတယ်။

Teeth Whitening
လက်ဖက်ရည်၊ ကော်ဖီ၊ဆေးလိပ်နဲ့ ယမကာ ဒါတွေဟာ အမျိုးသားတွေနှစ်သက်တဲ့အရာတွေပါ။ ဒါတွေကို မရှောင်နိုင်ဘူ်းဆိုရင်တော့ ၀ါကျင်လာမယ့် ကိုယ့်ရဲ့သွား၊ အနံ့အသက်ဆိုးလာမယ့်ခံတွင်း စတာတွေကို ကြုံတွေ့လာရမှာပါပဲ။ ဒါကြောင့် မိမိရဲ့ သွားနဲ့ခံတွင်းကို သန့်ရှင်းစင်ကြယ်အောင် သန့်စင်ပါ။ သွားတိုက်တဲ့အခါ နည်းလမ်းမှန်ကန်စွာတိုက်ပါ။ ခံတွင်းငုံဆေးပြားငုံပါ။ ဘက်တီးရီးယားများကို နှိမ်နင်းပေးတဲ့ ဆေးရည်နဲက အာလုပ်ကျင်းပါ။

Hair Care
ရှန်ပူသုံးပြီး ခေါင်းလျှော်ပါ။ တွေ့ရာဆပ်ပြာနဲ့ အလွယ်တကူလျှော်ပစ်တာမျိုး ရှောင်ပါ။ ရှန်ပူနံ့သင်းနေတဲ့ အမျိုးသားတစ်ယောက်ကို မနှစ်သက်တဲ့ အမျိုးသမီးတွေမရှိပါဘူး။ ခေါင်းလိမ်းဆီ(သို့) ဂျဲလ်နဲ့ပုံစံသွင်းပေးပါ။

Clothing
လုပ်ငန်းခွင် (သို့) စီးပွားရေးအလုပ်လုပ်ကိုင်နေသူများလို အစဉ်သပ်ရပ်စတိုင်လ်ကျနေစေဖို့ အမြဲမလိုအပ်လှပါဘူး။ အ၀တ်အထည်က ဖြူစင်တောက်ပြောင်နေပြီး သန့်ရှင်းနေဖို့ပဲလိုပါတယ်။ အမျိုးသမီးတွေက လှအောင်နေတာထက် ပုံမှန်ကိုပဲသဘောကျကြပါတယ်။ ဘာကြောင့်လဲ....သင်က မင်းသားတစ်ယောက်မဟုတ်ဘူးလေ။

လွယ်ကူလွန်းတဲ့ အသားအရေ ဂရုစိုက်နည်းများ
အမျိုးသားတစ်ယောက်အတွက်တော့ နံနက်နိုးလာတာနဲ့ မျက်နှာသစ်မယ်၊ လုပ်မယ်။ ဆံပင်ကို ခေါင်းလိမ်းဆီလိမ်းမယ်၊ ဒါပါပဲလို့ ထင်ကြမယ်။ ကိုယ့်ရဲ့အသက်အရွယ်က အမြဲတမ်း (၂၅)နှစ်ဆိုရင်တော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ လည်ပတ်လာတဲ့ အချိန်တွေက တဖြည်းဖြည်းချင်း အသက်ကိန်းဂဏန်းတွေကို တိုးပေးလာတဲ့အခါမှာ မလွှဲမရှောင်ကြုံတွေ့ရမှာက ဇရာပါပဲ။မသိမသာပေါ်လာမယ့် မျက်နှာအရေးအကြောင်း၊ ရယ်လိုက်ရင် ထင်းလာမယ့်နှုတ်ခမ်းနားတစ်ဝိုက်က အရေးအကြောင်း၊ အလုပ်များစွာနဲ့ စိတ်ရှုပ်ရသူဆိုရင် နဖူးကများလာမယ့် အရေးအကြောင်းတွေ။

ကိုယ်တွေဝတ်ဖူးတဲ့ အလက်စတစ်ပါတဲ့အင်္ကျီလိုပေါ့။ ဆွဲရင်းဆွဲရင်းချောင်သွားတဲ့အင်္ကျီတစ်ထည်လိုပါပဲ။ မျက်နှာရဲ့ elastic တွေလျော့ ကျလာတာပါ။ သဘာဝဖြစ်စဉ်တစ်ခုပါပဲ။ ဒါဆိုရင် သဘာဝကျကျပဲ ဖြေရှင်းဖို့နည်းလမ်းလေးတွေရှိပါတယ်။ ဘယ်လိုနည်းလမ်းလေး တွေလည်းဆိုတော့ - မျက်နှာအတွက် သဘာဝပစ္စည်းတွေနဲ့ ထုတ်ထားတဲ့မျက်နှာသစ်ဆေးကိုပဲ သုံးပေးပါ။ ပြင်းထန်တဲ့ အသားဖြူ ဆေးတွေပါဝင်တဲ့ မျက်နှာသစ်ဆေးတွေကိုရှောင်ပါ။ ရေအေးအေးနဲ့ပဲ မျက်နှာကိုသစ်ပေးပါ။

- တစ်ပတ်ကို (၁)ကြိမ် (၂) ကြိမ် Scrub အမျိုးအစားမျက်နှာသစ်ဆေးနဲ့ နှိပ်နယ်ပြီး ရေနွေးစိမ်ထားတဲ့ မျက်နှာသုတ်ပ၀ါသုံးပြီး သန့်စင် ပေးပါ။ အဆီခဲ၊ ဆားဝက်ခြံတွေ တဖြည်းဖြည်းရှင်းသွားပြီး ချောမွေ့လာပါမယ်။

- မျက်နှာသုတ်ပ၀ါနဲ့သုတ်ပြီးရင် ဒီအတိုင်း ပစ်မထားဘဲ ရှားစောင်းလက်ပတ်(Aloe vera) ပါတဲ့ ခရင်မ်လိမ်းပေးပါ။

- တစ်နေ့တာလုံး အပြင်သွားရမယ်ဆိုရင် SPF 15 ဆ အနည်းဆုံးပါဝင်တဲ့ခရင်မ်ကို လိမ်းပေးပါ။ နေရောင်ဒဏ်ဟာ လူရဲ့အသားအရေ ကို အိုမင်းစေဖို့လွယ်ကူပါတယ်။ ဗီတာမင်(အီး)ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခု လိမ်းပေးမယ်ဆိုလည်းရပါတယ်။ အဓိကက လေ နဲ့နေတိုက်စားခြင်းမခံရအောင်ပါ။

- အစားအစာကို သမမျှတအောင်စားပေးပါ။ အသားနဲ့အသီးအရွက် ဘက်ညီမျှပါစေ။ အသားအရေ elastic တွေကြာရှည်ခံနေစေဖို့ Anti-oxidants ပါဝင်တဲ့အသီးအနှံနဲ့ အရွက်တွေကို များများစားပေးခြင်း၊ Multi-vitamin အားဆေးသောက်သုံးပေးခြင်း၊ ချက်ပြုတ် ရာတွင် သံလွင်ဆီ အသုံးပြုခြင်း၊ ဆီကြော်အမြန်စာများရှောင်ရှားခြင်းတို့ပြုလုပ်ပေးပါ။

- ကော်ဖီ၊ယမကာ၊ဆိုဒါပါဝင်တာတွေကို လျှော့ပြီး တစ်နေ့ကိုရေများများ သောက်ဖြစ်အောင်သောက်ပေးပါ။ အသားအရေကို ကြည်လင် လှပနေစေဖို့ ရေကများစွာ အထောက်အကူဖြစ်စေတယ်။ ယမကာကတော့ အသားအရေကို ညစ်နွမ်းခြောက်သွေ့လာစေပါတယ်။

- အိပ်ရေး၀၀အိပ်ဖြစ်အောင် အိပ်ပါ။ အိပ်ရေးမ၀လို့ ခေါင်းမူးစေတဲ့အပြင် (၂)ရက်မှ (၃)ရက်စသဖြင့် အိပ်ရေးပျက်တာများလာတာနဲ့ အသားအရေဟာ အဆီအလွန်အကျွံထွက်ခြင်း၊ နေရတာ သက်တောင့်သက်သာမရှိခြင်းများ ဖြစ်လာပါတယ်။ ၀မ်းချုပ်ပြီး ၀က်ခြံနဲ့ အဆီခဲများပေါက်လာစေပါတယ်။ အရမ်းလွယ်ပြီး ရိုးရှင်းတဲ့ အထက်ပါနည်းလမ်းလေးတွေ ပြုမူလုပ်ဆောင်ရုံနဲ့ သင့်ရဲ့အသားအရေဟာ အရင်ထက်ပိုပြီး ကျန်းမာနုပျိုလာတာကို သင်ကိုယ်တိုင် ခံစားရပါလိမ့်မယ်။

Guidelines for Men
လုပ်ငန်းခွင်တွေရဲ့ နေရာတော်တော်များများကို ဦးဆောင်နေကြသူတွေဟာ အမျိုးသားတွေပါ။ စီးပွားရေးအတွက် အစည်းအဝေးတွေပြု လုပ်တဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် (သို့) အုပ်စုဖွဲ့တွေ့ဆုံပြောဆိုဖြစ်ကြပါတယ်။တွေ့ဆုံကြတဲ့အခါမှာ ကိုယ်ရည်ကိုယ်သွေးကို လေ့လာကြပါတယ်။ စီးပွားရေးအတွေးအခေါ်တင်သာမက ရုပ်ရည်၊အပြင်အဆင်တွေကို အကဲခတ်ကြပါတယ်။ အများစုကတော့ အလွယ် တကူမြင်ရတဲ့အပိုင်းကိုကြည့်ပြီး ဆုံးခြတ်ချက်ချလေ့ရှိပါတယ်။

မပြင်မဆင် ကိုယ့်ရဲ့ပုံစံလေးတစ်ခုကြောင့် အများရဲ့ကောက်ချက်ချတာကို လက်ခံလိုက်မလား၊ ဒါမှမဟုတ် သပ်ရပ်လှပ စတိုင်လ်ကျ အောင်နေပြီး ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်မလားဆိုတာ သင်ပဲဆုံးဖြတ်ပါ။ အားလုံးကိုကျော်ဖြတ်ပြီး အောင်ပွဲခံအနိုင်ယူမယ် ဆိုရင်တော့ ဒီအချက်လေးတွေနဲ့ ညွှန်ပြပါရစေ။

- အမျိုးသားများရဲ့ မျက်နှာအသားအရေက အဆီပြန်တတ်ကြပါတယ်။ အဆီပြန်လို့ဆိုပြီး ပြင်းလွန်းတဲ့ မျက်နှာသစ်ဆေးနဲ့ နေ့စဉ်သစ် လို့မရပါဘူး။ ခဏခဏလည်း မျက်နှာသစ်စရာမလိုပါဘူး။ ဒါတွေက ပိုလို့တောင် အဆီပြန်ခြင်းဖြစ်စေပါတယ်။ Deep Cleansing ဆိုရင် နေ့စဉ် အတွက် လုံလောက်ပါပြီ။ ဆပ်ပြာခဲနဲ့ အလွယ်တကူသစ်မယ်ဆိုရင် အသားအရေခြောက်လာပါမယ်။

- အမျိုးသားအများစုဟာ အပြင်ထွက်ပြီး အလုပ်လုပ်ကြရတာများပါတယ်။ ဆိုလိုတာက နေပူထဲမှာ သွားလာရတာကိုပြောတာပါ။ နေပူ လို့ အသားအရေပူစေပြီး ညှိုးနွမ်းသွာားတာချက်ချင်းခံစားဖူးမှာပါ။ အမှန်တော့ နှစ်ရှည်ခံစားမိရင် UV Rays တွေဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေပါတယ်။ ထီးဆောင်းနိုင်ရင် ဆောင်းပါ။ မဟုတ်ရင် SPF ပါတဲ့ခရင်မ်ကိုလိမ်းပြီးမှ အပြင်ထွက်ပါ။

- ခေါင်းလိမ်းဆီ၊ ဂျဲလ်တွေကို လိမ်းပြီးပြီဆိုရင် ခေါင်းလျှော်ပေးပါ။ Hair Styling ပစ္စည်းတွေဟာ ဦးရေပြားယားယံခြင်း၊ ၀က်ခြံပေါက်ခြင်း တို့ဖြစ်စေပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါမှာ ရေနဲ့ပြန်ဆေးမချရတဲ့ ပျော့ဆေးသုံးပေးနိုင်ပါတယ်။ သူက ခေါင်းဆိုးထားတဲ့ကာလာကို မြန်မြန်လျော့မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဆံပင်အမည်းဆိုးတတ်တဲ့ သူတွေအတွက်ပါ။

- တစ်ပတ်(၁)ကြိမ် မျက်နှာပေါင်းတင်ပေးမှသာ အဆီခဲ၊ ထိပ်မည်းဝက်ခြံနဲ့ ဆားဝက်ခြံတွေလျော့နည်းပြီ ဆဲလ်အသေအညစ် အကြေး တွေ ကင်းစင်မှာပါ။ စိတ်ဖိစီးမှုများတဲ့အမျိုးသားတွေပိုပြီး ပေါင်းတင်ပေးသင့်တယ်။ဝက်ခြံနဲ့ အဆီပိုပြီးဖြစ်လေ့ရှိကြပါတယ်။ ပေါင်းတင် တဲ့အခါ ရွံ့စေးပါဝင်တဲ့ မျက်နှာအုပ်(Mask) ဒါမှမဟုတ် လိမ်းပြီးရေနဲ့ဆေးကြောရတဲ့ အမျိုးအစားကိုအသုံးပြုပါ။

- မျက်နှာပေါ်ရှိ အမွှေးအမျှင်တွေကို ရိတ်ပြီးတဲ့အခါ အစိုဓာတ်တစ်ခုခုလိမ်းပေးရပါမယ်။ နေ့စဉ်အသုံးပြုခြင်းဖြင့် မျက်နှာအသားအရေ ဟာ ချောမွေ့နူးညံ့ပြီး ချွေးပေါက်တွေ သက်သာလာစေပါတယ်။

အမျိုးသားတစ်ယောက်အတွက် ဒီအချက်တွေပြုလုပ်ရုံနဲ့ အလုံးစုံပြည့်စုံသွားမှာတော့ မဟုတ်ပါဘူး။ ကျန်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ ခံတွင်း၊ သွား၊ လက်သည်း၊ ခြေသည်း၊ လေ့ကျင့်ခန်းစတာတွေကိုလည်း အမြဲဂရုစိုက်ပေးဖို့လိုပါတယ်။ Men Skin Care တွေအများ အပြား အလှကုန်ဈေးကွက်မှာ ထွက်ပေါ်လာခြင်းဟာ အမှန်တကယ်သုံးစွဲသူတွေရှိလို့သာ ဖြစ်ပါတယ်။ ဒါတွေသုံးစရာမလိုဘူးလို့ အမှတ်သညာကြီးကြီး စွဲထင်မထားဘဲ ၂၁ရာစု အမျိုးအသားအဖြစ်အားလုံးထက် ရှေ့တစ်လှမ်းဦးစေဖို့ သေချာပြင်ဆင်ကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။

No comments: