အလှကုန်ဈေးကွက်ထဲမှာ ဆံပင်နှင့်ပတ်သက်ပြီး တံဆိပ်အစုံပစ္စည်းအများအပြားရှိပါတယ်။အခုဖော်ပြမယ့်
နည်းလမ်းလေးကတော့ ကိုယ့် အိတ်ကပ်ထဲက ပိုက်ဆံကို ချွေတာပြီး ဆံပင်အတွက်လည်း တကယ်အကျိုးရှိစေတဲ့
ပစ္စည်းလေးတွေနဲ့ ပြုလုပ်ရမှာပါ။ နို့နဲ့ကြက်ဥ ဟာ ဆံပင်သားကို ချောမွေ့ပြီး တောက်ပြောင်စေတယ်ဆိုတာ
လျှို့ဝှက်ချက်တစ်ခုပါ။ ဓာတုပစ္စည်းဖော်စပ်ထားတာ လုံးဝမပါတာကြောင့် ဘေးထွက်ဆိုးကျိုးမရှိတဲ့
သဘာဝနည်းလမ်းပါ။
အရင်ဦးစွာ နို့နဲ့ကြက်ဥလိုအပ်ပါတယ်။ တစ်ယောက်စာအတွက်ပဲဆိုရင်တော့
လက်ဖက် ရည်ခွက်နဲ့ နို့(၁)ခွက်၊ ကြက်ဥ ၂လုံး (သို့မဟုတ်) ၃လုံး (ဆံပင်အတိုအရှည်ပေါ်မူတည်)
သကြားအနည်းငယ်၊ သံလွင်ဆီအနည်းငယ်ပါ။
- ကြက်ဥကိုဖောက်ပြီး အဖြူနဲ့အ၀ါကို ခွဲလိုက်ပါ။ အသုံးပြုမှာက
အ၀ါရောင်အနှစ်ကိုပါ။
- အ၀ါရောင်ကို ပန်းကန်လုံးထဲထည့်ပြီး သံလွင်းဆီနဲ့ သကြားတစ်ဇွန်းစာထည့်ပြီး
သမအောင်ခေါက်ပေးပါ။
- နွားနို့ကို အခြားပန်းကန်လုံးထဲ ထည့်ထားပါ။
* Shampoo နဲ့ Conditioner (၂)မျိုးသုံူးမှ ဆံပင်ကို အိကျဖြောင့်စင်းသလို
အခုလည်း နွားနို့နဲက အရင်ခေါင်းလျှော်ပြီးမှ ကြက်ဥနဲ့ ပေါင်းတင်မှာဖြစ်ပါတယ်
- ဦးခေါင်းထိပ်မှနေ နွားနို့ကိုလောင်းချပြီး စိုစွတ်နေစဉ်
ဆံသားအနှံ့ပျံ့နှံ့သွားအောင် ဘီးကျဲနဲ့ဖြီးပေးပါ။ အချိန်(၇)မိနစ်ခန့် ထားပေးပါ။
- အချိန်စေ့သွားပြီဆိုရင် ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။
- ဒုတိယအဆင့်အနေနဲ့က မွှေပြီးခေါက်ထားတဲ့ ကြက်ဥအနှစ်ကို
ဦးရေပြားအနှံ့၊ ဆံသားတွေအနှံ့ အသာအယာနှိပ်နယ်ပြီး လူးပေးပါ။ အချိန် (၁၀)မိနစ်ထားပါ။
- ရေအေးနဲ့ ပြန်လည်ဆေးကြောပေးပါ။
Ref: internet
No comments:
Post a Comment