Monday, July 2, 2012

G-mail INbox


Skype မှာမြန်မာဖောင့်ပေါ်ချင်တယ်ဆိုရင်

Skype မှာ မြန်မာဖောင့်သုံးလို့ရမယ့်နည်းလေးတွေကတော့ -

(၁) အရင်ဆုံးမိမိအသုံးပြုမယ့် Skype ကိုဖွင့်လိုက်ပါ။ ပြီးရင် Tools Menu ကနေ options ကိုသွားလိုက်ပါ။

(၂) အဲဒီ (Skype Options> Left Colum Optionsခုနှစ်ခုမြောက်) ကနေ Change Fonts ကိုနှိပ်လိုက်ပါ။

(၃) ပြီးရင်တော့ Font မှာ Zawgyi-one ပြောင်းပေးလိုက်ရုံပါပဲ။ အဲဒါဆိုရင် မြန်မာလိုအဆင်ပြေသွားပါလိမ့်မယ်။

(၄) တစ်ခုရှိတာက ကိုယ်နဲ့ပြောမယ့် Skype မှာလည်း မြန်မာလိုပေါ်ချင်တယ်ဆိုရင် အဲဒီလိုပြောင်းပေးဖို့လိုပါလိမ့်မယ်။


Autorun.Inf ကို Command Prompt ဖြင့်ရှင်းရအောင်
မိမိတို့ရဲ့ ကွန်ပျူတာမှာ USB Drive မှာတစ်ဆင့် Autorun Virus တွေမ၀င်ရောက်နိုင်ဖို့အတွက် USB Disk Security လိုမျိုး Software မျိုးတွေအသုံးပြုပြီး ကာကွယ်တတ်ကြပါတယ်။ ဒါပေမဲ့ မိမိတို့ရဲ့စက်ကို Autorun.Inf Virus ၀င်ရောက်သွားပြီး Virus ကနေ မိမိတို့ ကွန်ပျူတာရဲ့ System ပိုင်းတွေကိုဖျက်ဆီးလိုက်ပြီး မိမိတို့ကွန်ပျူတာမှာ တင်ထားတဲ့ Antivirus Software တွေကလည်း အလုပ်မလုပ်တော့တဲ့အခါမှာ ရှိပြီးသားကိုဖြုတ်ပြီး အသစ်ပြန်တင်တဲ့အခါမှာ လက်မခံတော့ဘူးဆိုရင် Autorun.Inf နဲ့တခြား Autorun Viruses တွေကို သတ်ဖို့အတွက် Command Prompt ကိုအသုံးပြုတဲ့နည်းလမ်းလေးကို ရေးပေးသွားပါမယ်။

-          အရင်ဆုံးkeyboard မှ Windows + Rကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ။

-          ပြီးရင် Run Box ထဲမှာ cmd လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် Command Prompt လေးပေါ်လာပါလိမ့်မယ်။ ပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့အဆင့်လေးတွေအတိုင်း ရိုက်ထည့်ပေးသွားပါ။

(၁) အရင်ဆုံး cd\ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။

(၂) ပြီးရင် attrib –h –r –s autorun.inf ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် Autorun.inf Virus ကို Drive C: ကနေစပြီး ရှာပေးသွားမှာဖြစ်ပါတယ်။

(၃) ပြီးရင် del autorun.inf ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ဒါဆိုရင် Autorun.inf Virus ကို Delete လုပ်ပေးသွားပါလိမ့်မယ်။

(၄) ပြီးရင်တော့ တခြား Drive တွေအားလုံးကို တစ်ခုချင်းစီရိုက်ထည့်ပြီး စစ်ပေးလိုက်ပါ။ ဥပမာ d:လို့ရိုက်ထည့်ပြီး D:\> လို့ပေါ်လာပြီဆိုရင် အပေါ်ကအဆင့်အတိုင်း attrib –h –r –s autorun.inf ကိုရိုက်ထည့်ပြီး စစ်ပေးလိုက်ပါ။

မိမိတို့ကွန်ပျူတာမှာရှိတဲ့ Drive တွေအားလုံးကို စစ်ပြီးပြီဆိုရင်တော့ စက်ကို Restart ချပေးလိုက်ရုံပါပဲ။ ဒီလောက်ဆိုရင်တော့ အားလုံးပဲ မိမိတို့ စက်မှာ အခုလိုမျိုး ကြုံလာမယ်ဆိုရင်ဖြေရှင်းတတ်သွားလိမ့်မယ်လို့ထင်ပါတယ်။

စာကြွင်း။  ။ မေးလ်ထဲကတစ်ဆင့်ရသမျှလေးပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။

No comments: