Thursday, July 5, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်း


ဦးသိန်းစိန်ဟာ မြန်မာနိုင်ငံရဲ့ ၀န်ကြီးချုပ်တာဝန်ကိုထမ်းဆောင်ပြီးနောက် ၂၀၁၁ခုနှစ် မတ်လမှစတင်ကာ နိုင်ငံတော်သမ္မတတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ တာဝန်ထမ်းဆောင်နေသည့်ကာလအပိုင်းအခြားတစ်ခုတွင် အဆိုပါပုဂ္ဂိုလ်ရဲ့ လုပ်ဆောင်ချက်အချို့ကြောင့် အချို့သောသူများက သူ့အား "ပြုပြင်ပြောင်းလဲလိုသူ" လို့ခေါင်းစဉ်တပ်ထားကြပါတယ်။

ဦးသိန်းစိန်ကို ၁၉၄၅ ဧပြီလ ၂၀ရက်နေ့မှာ ဧရာဝတီတိုင်း ငပုတောမြို့နယ်ရဲ့ ရွယ်ငယ်လေးတစ်ခုမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အဖဖြစ် သူက ဦးမောင်ဖြိုး၊ အမိဖြစ်သူက ဒေါ်ခင်ညွန့်ဖြစ်ပြီး မွေးချင်းထဲမှာ အငယ်ဆုံးသားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေက အဲဒီအချိန်အခါ မှာ ကိုယ်ပိုင်မြေယာတောင်မပိုင်ဆိုင်ထားပါဘူး။ ဖခင်ဖြစ်သူရဲ့ အလုပ်အကိုင်ကတော့ သင်္ဘောဆိပ်မှာ ကုန်စည်သယ်ပိုးတဲ့ အလုပ်ပဲဖြစ် ပါတယ်။ ဦးသိန်းစိန်ရဲ့ စိတ်နေသဘောထားနဲ့ပတ်သက်ပြီး အွန်လိုင်းစာမျက်နှာတော်တော်များများမှာ ရေးသားဖော်ပြကြတာကတော့ ကိုယ့်ကိုယ်ကို အမြဲနှိမ်ချနေထိုင်တတ်ပြီး အကျင့်ပျက်ခြစားမှုကို မလိုလားဘူးလို့ဆိုပါတယ်။

အမည် - သမ္မတ ဦးသိန်းစိန်

မွေးသက္ကရာဇ် - ၂၀-၀၄၊ ၁၉၄၅

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

မွေးဖွားရာဇာတိ - ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကြူကုန်းကျေးရွာ။

ဇနီးအမည် - ဒေါ်ခင်ခင်ဝင်း၊ ရင်သွေး ၃ဦး

ကိုယ်ပိုင်နံပါတ် - ကြည်း ၁၁၂၅၂

မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၉ ကျောင်းဆင်း

စစ်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရ

စစ်တက္ကသိုလ်ကျောင်းဆင်းပြီးနောက် ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် ၁ တွင် ဒုဗိုလ်အဖြစ်စတင်တာဝန်ထမ်းဆောင်၊
၁၉၈၆ ခုနှစ် ဗိုလ်မှူးကြီးတာဝန် (အရှေ့ပိုင်းတိုင်းစစ်ဒေသ၏ အမှတ်၂ မဟာဗျူဟာ စစ်ဒေသမှူး)
၁၉၈၈ ခုနှစ် စစ်ကိုင်းတိုင်းကလေးမြို့ ခြေလျင်တပ်ရင်းမှူးတာဝန်မှ စစ်ရုံးသို့ပြောင်းရွှေ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကိုယ်ရေးအရာရှိတာဝန်

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကကကြည်း စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးတာဝန်

၁၉၉၂ ခုနှစ်တွင် ရန်ကုန်စစ်ရုံးချုပ်၏ စစ်ဦးစီးဌာနတွင် အထွေထွေစစ်ဦးစီးဗိုလ်မှူးကြီး (ကြည်း) တာဝန်

၁၉၉၄ ခုနှစ် ဒကစ (ကျိုင်းတုံ) ဒေသကွပ်ကဲရေးမှူး (ဗိုလ်မှူးကြီး)

၁၉၉၄ ခုနှစ် ပ၀တ (ကျိုင်းတုံ) ဥက္ကဋ္ဌ (ဗိုလ်မှူးကြီး)

၁၉၉၅ခုနှစ် ဗိုလ်မှူးချုပ်

၁၉၉၆ခုနှစ် တြိဂံတိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူးတာဝန်

၁၉၉၇ခုနှစ် နိုဝင်ဘာတွင် နအဖအဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရ

၁၉၉၈ခုနှစ် ဗိုလ်ချုပ်တာဝန်

၂၀၀၁ခုနှစ် (၁၉၉၆ ခုနှစ်မှစတင်) တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးတာဝန်

၂၀၀၂ခုနှစ် စစ်ရေးချုပ်

၂၀၀၃ခုနှစ် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အတွင်းရေးမှူး(၂)

၂၀၀၄ ခုနှစ် စစ်ကောင်စီ၏အတွင်းရေးမှူး(၁)တာဝန်

၂၀၀၅ခုနှစ် ဗိုလ်ချုပ်ကြီး (စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်)

၂၀၀၇ခုနှစ် ဧပြီ ယာယီဝန်ကြီးချုပ်တာဝန်

၂၀၀၇ခုနှစ် အောက်တိုဘာ တရားဝင် ၀န်ကြီးချုပ်တာဝန်

၂၀၀၈ခုနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ကာကွယ်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ

၂၀၁၀ခုနှစ် ဧပြီ စစ်ဘက်ရာထူးဗိုလ်ချုပ်ကြီးအဖြစ်မှ နုတ်ထွက်( ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ)

၂၀၁၀ခုနှစ် နိုဝင်ဘာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံ

၂၀၁၁ခုနှစ် ဖေဖော်ဝါရီ ၄ရက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်

 

No comments: