Friday, July 13, 2012

Electronic Transaction Law (Episode III)


အခန်း(၄)
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့်
ယင်း၏ လုပ်ငန်းတာဝန်များ
(၆) အစိုးရအဖွဲ့သည် - 

(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာဆက်သွယ်ဆောင်ရွက်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့ အစည်းများမှ ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများက အဖွဲ့ ၀င်များအဖြစ်လည်းကောင်း ပါဝင်စေလျက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့ ကို ဖွဲ့စည်းရမည်။

(ခ) ဗဟိုအဖွဲ့ကို ဖွဲ့ စည်းရာတွင် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတငွ်းရေးမှူးတို့ကို သတ်မှတ်တာဝန်ပေးနိုင်သည်။

(ဂ) ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့ စည်းနိုင်သည်။

(၇) ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် 

(က) ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက် နည်းပညာကို တစ်ဆင့်ပြီးတစ်ဆင့် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် စီမံချက်များ ချမှတ် ဆောင်ရွက်ခြင်း၊

(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ အတွေ့အကြုံ ဗဟုသုတကြွယ်ဝပြီး ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှု ဖြစ်စဉ်တွင် အဆင်သင့်ဖြစ်စေရေး အတွက်လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော်ခြင်း၊

(ဂ) အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ပြည်တွင်းပြည်ပ အဖွဲ့ အစည်းများနှင့် ထိရောက်လျှင်မြန်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှု ပြုလုပ်နိုင်ရေးအတွက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာ ဆိုင်ရာ မူဝါဒများ၊ ဥပဒေရေးရာများ၊ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ ရှိစေရန် ဆောင်ရွက်ပေးခြင်း၊

(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်း ပြည်ပ အဖွဲ့ အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်ခြင်း၊

(င) ကြီးကြပ်မှု အဖွဲ့ ကို ဖွဲ့ စည်းခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း၊

(စ) မိမိ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သောလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍ လုပ်ငန်းတာဝန် များ သတ်မှတ်ပေးခြင်း။

၈။ ဗဟိုအဖွဲ့သည် လိုအပ်ပါက မိမိ၏ လုပန်ငန်းတာဝန် တစ်ရပ်ရပ်ကို သင့်လျော်သည့်အစိုးရဌာန၊ အဖွဲ့ အစည်း (သို့) ပုဂ္ဂိုလ်တစ်ဦးဦး အား လွှဲအပ်တာဝန်ပေးနိုင်သည်။

အခန်း (၅)
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏
လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ
၉။ ဗဟိုအဖွဲ့သည် -

 (က) ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်နိုင်ရန် သင့်လျော် သော ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့်အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ) ကြီးကြပ်မှုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့ စည်းနိုင်သည်။

၁၀။ ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် အောက်ပါ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရမည် - 

(က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ် ပေးရန် ငြင်းပယ်ခြင်း၊

(ခ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများကို သတ်မှတ် ခြင်း၊

(ဂ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် စံများ ကိုလည်းကောင်း၊ ထိုသူက ထိန်းသိမ်းရမည့်စာရင်းတွင် မှတ်တမ်းတင်ထားရမည့် အသေးစိတ် အချက်အလက်များကို လည်းကောင်း သတ်မှတ်ခြင်း၊

(ဃ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၏ ၀န်ထမ်းများတွင် ရှိရမည့် အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံများကို သတ်မှတ် ခြင်း၊

(င) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား အကျိုးစီးပွားနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သော အငြင်းပွားမှု များကို ဖြေရှင်းခြင်း၊

(စ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ တစ်ဦးတည်းဖြစ်စေ၊ အခြားသက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ပူးပေါင်း၍ ဖြစ်စေ ဆောင်ရွက်သည့် အီလက်ထရောနစ်နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်ရေး စနစ်တည်ထောင်မှုကို အကူအညီပေးခြင်း၊

(ဆ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ထုတ်ဖော်ထားသော အများပြည်သူအသုံးပြုမည့် အသေးစိတ် အချက်အလက်များ ပါဝင်သည့် အချက်အလက် အစုအဝေးကိုထိန်းသိမ်းခြင်း၊

(ဇ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ သိုမှီးထိန်းသိမ်းထားသည့် မှတ်တမ်း၊ စာရင်း၊အချက်အလက်နှင့် အထောက်အထားများ ကို လိုအပ်ပါက ကူးယူခြင်း၊ မိတ္တူကူးယူခြင်း၊ ထုတ်နုတ်ယူခြင်းနှင့် ယင်းတို့ကို စစ်ဆေးခြင်း၊

(ဈ) ကွန်ပျူတာစနစ်တစ်ခု၏ လုပ်ငန်းလည်ပတ်မှုနှင့် ယင်းနှင့် သက်ဆိုင်သည့်ပစ္စည်းကိရိယာကို ဤဥပဒေအရ ပြစ်မှုတစ်ခုခုနှင့် စပ် လျဉ်း၍ အသုံးပြုနေသည် (သို့) အသုံးပြုပြီးဖြစ်သည်ဟု သံသယဖြစ်ရန် အကြောင်းရှိပါက ၀င်ရောက်ကြည့်ရှူစစ်ဆေးခြင်း၊

(ည) ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်သော အချက်အလက် အထောက်အထားများကို ပုဂ္ဂိုလ် တစ်ဦးဦးထံမှ ဖော် ထုတ်ရယူခြင်း၊

(ဋ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူ၏ ဆောင်ရွက်ချက်များကို စစ်ဆးခြင်းနှင့်ကြီးကြပ်ခြင်း၊

(ဌ) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်းရှိ မရှိ စိစစ်နိုင်ရန် လိုအပ်သလိုစုံစမ်းစစ်ဆေးခြင်း၊

(ဍ) ပြည်ပနိုင်ငံတစ်ခုခု၏ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအား သတ်မှတ်ချက်များနှင့်အညီ အသိအမှတ်ပြုခြင်း၊

(ဎ) မိမိ၏ ဆောင်ရွက်ချက်များကို သတ်မှတ်ချက်များနှင့်အညီ ဗဟိုအဖွဲ့သို့ တင်ပြခြင်း၊

(ဏ) ဗဟိုအဖွဲ့က ဖြစ်စေ၊ ၀န်ကြီးဌာနက ဖြစ်စေ အခါအားလျော်စွာ ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း၊

၁၁။ ကြီးကြပ်မှုအဖွဲ့သည် လိုအပ်ပါက မိမိ၏ လုပန်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို အဖွဲ့ဖွဲ့စည်း၍ ဖြစ်စေ၊ ကျွမ်းကျင်သူ တစ်ဦးဦးအားဖြစ်စေ ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့်လွှဲအပ် တာဝန်ပေးနိုင်သည်။

Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။

No comments: