Saturday, January 21, 2012

The Decoder Tea

ရေနွေးကြမ်းအကြောင်း သိကောင်းစရာ

လက်ဖက်ရည်ကြမ်းဟာ ရေ ပြီးရင်တော့ ကမ္ဘာမှာ လူသောက်အများဆုံးပဲ ဖြစ်ပါလိမ့်မယ်။ လက်ဖက်ရည်မှာ ကျန်းမာရေးကို ကောင်း ကျိုးပြုတဲ့ အာနိသင်များပါဝင်နေသောကြောင့် လက်ဖက်ရည် အမျိုးအစားခြောက်မျိုးနဲ့ ၄င်းတို့ရဲ့ အကျိုးပြုပုံများကို ဖော်ပြပေးလိုက် ပါတယ်။

Black Tea

လက်ဖက်ခြောက်အမျိုးအစားတွေထဲမှာတော့ Black Tea လို့ခေါ်တဲ့အနက်ရောင် လက်ဖက်ခြောက်ကို အသုံးများဆုံးဖြစ်ပါတယ်။ တစ် ကမ္ဘာလုံးလက်ဖက်ခြောက်သုံးစွဲမှုကို ကြည့်မယ်ဆိုရင် ဒီ black tea သောက်သုံးမှုက ၇၅ရာခိုင်နှုန်းခန့်ရှိပါတယ်။ အနည်းငယ်ဖန်တဲ့ အရသာရှိပြီး တစ်ခွက်ကို ကဖိန်းဓာတ် ၄၀မီလီဂရမ်ပါရှိတဲ့အတွက် အခြားလက်ဖက်ခြောက် အမျိုးအစားတွေနဲ့ယှဉ်ရင် ကဖိန်းဓာတ်ပါဝင် မှု အမြင့်ဆုံးဖြစ်ပါတယ်။ (ကော်ဖီတစ်ခွက်မှာ ကဖိန်း ၅၀ မှ ၁၀၀ မီလီဂရမ်ပါရှိပါတယ်)

ကျန်းမာရေးအတွက် ကောင်းကျိုး

Black tea တွင် antioxidant compound မြင့်များစွာ ပါဝင်ပါတယ်။ theaflavin နှင့် thearu bigin antioxidant များက ကိုလက် စထရောကျဆင်းစေပြီး တစ်နေ့ ၃ခွက်နှင့် အထက်သောက်ပေးပါက လေဖြတ်နိုင်တဲ့နှုန်းကို ၂၁ရာခိုင်နှုန်းခန့်လျော့ကျစေပါတယ်။

Green Tea

လက်ဖက်စိမ်းရဲ့ အရသာက black tea အရသာလောက်မပြင်းပါဘူး။ လက်ဖက်ခူးပြီး သိပ်မကြာခင်မှာပဲ အခြောက်ခံအပူပေးတဲ့နည်းကို သုံးပါတယ်။ black tea လိုအချဉ်ဖောက်တဲ့အဆင့်မပါပါဘူး။ green tea တစ်ခွက်မှာ ကဖိန်းဓာတ် ၂၅မီလီဂရမ် ပါရှိပါတယ်။

ကျန်းမာရေးအတွက် ကောင်းကျိုး

Catechin လို့ခေါ်တဲ့ antioxidant ဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ကင်ဆာမှအစ နှလုံးရောဂါဖြစ်ပွားမှုနှုန်းကိုကျဆင်းစေပါတယ်။ လေ့လာတွေ့ရှိချက်များအရ green tea နေ့စဉ်သောက်ပေးပါက နှလုံးရောဂါဖြစ်ပွားမှုနှုန်း ၁၀ ရာခိုင်နှုန်းခန့် လျော့ကျစေပါတယ်။

Oolong

Black tea နဲ့ သဏ္ဌာန်တူပါတယ်။ အချိန်အနည်းငယ်ခန့် အချဉ်ဖောက်တဲ့ process ပါဝင်တဲ့အတွက် အရသာပိုထူးကဲပါတယ်။ Oolong လက်ဖက်ရည်ကြမ်းတစ်ခွက်မှာ ကဖိန်းဓာတ် ၃၀ မီလီဂရမ် ပါဝင်ပါတယ်။

ကျန်းမာရေးအတွက် ကောင်းကျိုး

ကိုယ်အလေးချိန်ကျဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ Oolong tea ကိုသောက်ပြီး ၂နာရီအတွင်းမှာ ရိုးရိုးရေသောက်သူ ထက်စာရင် ကယ်လိုရီ ပိုပြီး လောင်ကျွမ်းတာကိုတွေ့ရပါတယ်။

White Tea

အရမ်းနုချိန်မှာ အရွက်ကို ခူးဆွတ်ပြီး စီမံထားတာကြောင့် အခြားအမျိုးအစားထက်စာရင် အရသာအရမ်းပေါ့ပါတယ်။ white tea လက်ဖက်ရည်တစ်ခွက်မှာ ကဖိန်း ၁၅မီလီဂရမ်ပဲ ပါပါတယ်။

ကျန်းမာရေးအတွက် ကောင်းကျိုး

အခြားလက်ဖက်ရည်ကြမ်းများလိုပဲ၊ နှလုံးရောဂါဖြစ်နှုန်း၊ ကင်ဆာဖြစ်နိုင်မှုနှုန်းထားများကို လျော့ချပေးပါတယ်။ ဆီးချိုရောဂါရှိသူများ အတွက်တောင် အကျိုးရှိနိုင်တယ်လို့ အချို့သုတေသီများက ဖော်ပြထားကြပါတယ်။

Flavoured Tea

သစ်ကြမ်းပိုး၊ လိမ္မော်ခွံနှင့် လာဗင်ဒါများကို black, green (သို့မဟုတ်) white tea အရွက်များနဲ့ ပေါင်းသောက်နိုင်ပါတယ်။

အရသာပေါင်းစပ်ထားတဲ့ လက်ဖက်ရည်ကြမ်းတွေမှာလည်း ရိုးရိုးလက်ဖက်ရည်တွေလိုပဲ တူညီတဲ့ antioxidant နဲ့ တူညီတဲ့ ကျန်းမာရေး အတွက် ကောင်းကျိုးများရှိပါတယ်။ ဘလူးဘယ်ရီပေါင်းစပ်ထားတဲ့ လက်ဖက်ရည်ဆိုရင် antioxidant ဂုဏ်သတ္တိပိုလို့တောင် ပါဝင်ပါ သေးတယ်။ သို့သော် သကြားအချိုများ ထည့်ပြီး ပုလင်းထဲထည့်ရောင်းသည့် tea မျိုးကိုတော့ မသောက်ဖို့အကြံပေးချင်ပါတယ်။ Antioxidant များများပါပြီး သကြားဓာတ်နည်းတဲ့ readymade တံဆိပ်မျိုးကိုပဲရွေးသောက်ပါ။

Herbal Tea

အမှန်တကယ်တော့ Herbal Tea လို့သာ ပြောရပေမဲ့ သူက လက်ဖက်ရည်တော့မဟုတ်ပါဘူး။ အများအားဖြင့် အသီးခြောက်၊ ပန်းခြောက်နဲ့ ဆေးမြစ်အနွယ်များ ပေါင်းစပ်ထားခြင်းသာ ဖြစ်ပါတယ်။ ၄င်းမှာ ကဖိန်းဓာတ် မပါဝင်ပါ။

ကျန်းမာရေးအတွက် ကောင်းကျိုး

ရိုးရာလက်ဖက်ခြောက်ထက်စာရင် Herbal tea အတွက် သုတေသနပြုမှုတွေက နည်းပါသေးတယ်။ သို့သော်လည်း Nutrition ဂျာနယ် တစ်ခုထဲမှာတော့ hi-biscus tea ကို နေ့စဉ်သောက်သုံးပေးရင် သွေးတိုးသမားတွေအတွက် သွေးပေါင်ချိန်ကျစေတယ်လို့ ဆိုထားပါ တယ်။ နောက်ပြီး chamomile tea က နှစ်ခြိုက်စွာအိပ်ပျော်စေပြီး peppermint tea ကတော့ အစာအိမ်အတွက်ကောင်းတယ်လို့ဆို ထားပါတယ်။

ဘာပဲဖြစ်ဖြစ် မိမိတို့ နေ့စဉ်သောက်နေကျ လက်ဖက်ရည်ကြမ်းတွေဟာ ကျန်းမာရေးအတွက် ကောင်းကျိုးတစ်ခုခု ရှိနေတယ်ဆိုတာ ပါပဲ။

Ref: Online

No comments: