Friday, January 20, 2012

Anti-aging make easy (1)



အိုမင်းရင့်ရော်မှုကို တွန်းလှန်နိုင်တဲ့ နည်းလမ်းများ

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ မျက်နှာအသားအရေက အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ ဖြစ်လာမယ်။ အရေပြား တင်းရင်းမှုတွေလည်း လျော့ပြီး ကြမ်းလာမယ်။ ဒါ့အပြင် အစိုဓာတ်ခမ်းခြောက်ပြီး ကြည်လင်ဝင်းပမှုမရှိတော့တာတွေ ဖြစ်လာပါမယ်။ ဒါတွေ မလွဲမသွေဖြစ်လာမယ်ဆိုပေမယ့်လည်း မိမိအသားအရေကို အစဉ်အမြဲ ဂရုစိုက်နေမယ်၊ အသားအရေ ဘာဖြစ်ရင် ဘယ်လို ကုထုံး နဲ့ ဂရုစိုက်ကုသရမယ်ဆိုတာကို သိရင် အသက်အရွယ်ကြောင့် ဖြစ်လာမယ့် အရေပြားပြဿနာတွေကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေ ပါတယ်။

မိမိအရေပြား အခြေအနေပေါ်လိုက်ပြီး ဂရုစိုက် ထိန်းသိမ်းရမယ့်အချက်များနဲ့ အခြားသိသင့်တာများကို ဆောင်းပါးရှင် Gina Way က အခုလို ဖော်ပြထားပါတယ်။

Level – 1 Beginner

သင့်မျက်နှာ အသားအရေအရောင်က ညီညာပြီး အရေးအကြောင်းကင်းနေရင် အသားအရေကောင်းတယ်လို့ မှတ်ယူပါတယ်။ အသားအရေကောင်းတာကို ဆက်လက်ထိန်းသိမ်းဖို့အတွက် အခြေခံကာကွယ်နည်းအဆင့်များပဲ လုပ်ဖို့လိုပါတယ်။ Washington D.C မှ အရေပြားပညာရှင် Tina Alster က အသားအရေကောင်းပြီးသားသူများအတွက် နေ့ခင်းဘက်မှာ အသားအရေကို ကာကွယ်မှုပေးပြီး ညဘက်မှာ ပြန်လည်ပြုပြင်ခြင်းကို လုပ်ဆောင်ပေးရမယ်လို့ ဆိုထားပါတယ်။

The Essentials

နေ့ခင်းဘက်အတွက် Sunscreen ပါသော moisturiser လိမ်းပါ။

အသားအရေ အိုမင်းခြင်းကို ကာကွယ်ရာမှာ ဈေးအသက်သာဆုံးနဲ့ အလွယ်ကူဆုံးနည်းကတော့ sunscreen လိမ်းပေးခြင်းပဲဖြစ်ပါတယ်။ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း၊ အရေပြားပျော့တွဲခြင်းနှင့် အမဲစက်များက နေရောင်ခြည်နဲ့ ထိတွေ့ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အရေ ပြားပျက်စီးမှု လက္ခဏာများဖြစ်ပါတယ်။ ဒါကြောင့်မို့ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိမှာ ဖြစ်ပါ တယ်။

UVA က အရေပြားကို လောင်ကျွမ်းစေနိုင်ပြီး UVB ရောင်ခြည်က အရေပြားအတွင်းပိုင်းထိ ပိုမိုထိုးဖောက်ဝင်ရောက်ပြီး အရေပြားကို ပျက်စီးစေပါတယ်။ ဒါကြောင့် sunscreen ရွေးတဲ့အခါ broad specturm သို့မဟုတ် UVA နှင့် UVB နှစ်မျိုးလုံးကို ကာကွယ်ပေးမယ့် အမျိုးအစားကို ရွေးသုံးပါ။

အသုံးပြုနည်း

Sunscreen ပါသော moisturiser ကို မျက်နှာပေါ်တွင်သာမက လည်ပင်းနှင့် ရင်ဘတ်အပေါ်ပိုင်းကိုလည်း လိမ်းတဲ့အကျင့်လုပ်ပေးပါ။ သို့မဟုတ်ပါက သင့်မျက်နှာက အသက်၃၀အရွယ် လည်ပင်းက ကျတော့ ၅၀အရွယ် ဖြစ်နေပါလိမ့်မယ်လို့ Santamonica မှ အရေ ပြားပညာရှင် Ava Shamban ကပြောပါတယ်။

Night Cream

(မျက်နှာအသားအရေ အစိုဓာတ်ပြည့်ဝမှသာလျှင် ကြည်လင်ဝင်းပနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဆုံးရှုံးသွားတဲ့ ရေဓာတ်နှင့် သဘာဝအဆီများ ပြည်ဖြည့်ဖို့ အရေးကြီးပါတယ်)

ညဘက်အတွက် လိမ်းရတဲ့ mosituriser များမှာ glycerin နှင့် hyaluronic များပါဝင်ပြီး ၄င်းတို့က အရေပြားမှ လိုအပ်တဲ့ ရေဓာတ်ကို ကောင်းစွာဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။

အသုံးပြုနည်း

Nightcream တော်တော်များများက ထူပြီး ပြစ်ပါတယ်။ ၀က်ခြံထွက်တတ်သူဖြစ်ပါက ဘူးမှာ noncomedogenic လို့ရေးထားတာရှာ သုံးပါ။ မျက်နှာသစ်ပြီးစ မခြောက်တခြောက်မှာ ညင်သာစွာ ပုတ်လိမ်းပေးပါ။ အသားထဲစိမ့်ဝင်သွားအောင် ၁၀မိနစ်ခန့်ထားပြီးမှ အိပ်ပါ။ သို့မဟုတ်ပါက မျက်နှာမှာ လိမ်းထားတဲ့ ခရင်မ်များ ခေါင်းအုံးနဲ့ပွတ်ပြီး ပျက်ကုန်တဲ့အတွက် nigh cream လိမ်းပြီးထိရောက်မှု မရှိဖြစ် တတ်ပါတယ်။

An Exfoliator

Exfoliate လုပ်ပေးခြင်းအားဖြင့် ဆဲလ်အသေများ ဖယ်ရှားပြီး အသားကိုချောမွတ်စေပါတယ်။

အသုံးပြုနည်း

တစ်ပတ် ၂ကြိမ်ခန့် exfoliate လုပ်ပေးပါ။ scrub ကို အသုံးပြုပါက မနက်ပိုင်းမှာ cleanser အစားသုံးပြီး chemical exfoliant ကို သုံးပါက ညဘက် cleanser အစားသုံးပါ။

to be continued...

No comments: