Tuesday, January 10, 2012

HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ

မျောက်တွေကို ရောဂါဖြစ်စေတဲ့ (ဗိုင်းရပ်စ်) ကို ကာကွယ်နိုင်မဲ့ ကာကွယ်ဆေး စမ်းသပ်မှု ရလဒ်တွေအရ HIV ကို နှိမ်နင်းဘို့ရာ အထောက်အထား တရပ် ရစေတယ်လို့ ၄-၁-၂ဝ၁၂ နေ့ကလာတဲ့ သတင်းက ဆိုလိုက်ပါတယ်။ (ရီးဇပ်စ်) အမျိုးအစား မျောက်ကို စမ်းတာ ဖြစ်ပါတယ် ဒီမြောက်မျိုးက လူတွေနဲ့ အတော်နီးစပ်တယ်။ လူ့သွေးအုပ်စု ခွဲတဲ့အခါ (အေ-ဘီ-အေဘီ-အို) သွေးအုပ်စု တခုတိုင်းမှာ "အပေါင်း" ဒါမှမဟုတ်ရင် "အနုတ်" ဆိုပြီး သတ်မှတ်တာမှာ "အပေါင်း-အနုတ်" ဆိုတာ (ရီးဇပ်စ်) မျောက်သွေးမျိုး ပါတယ်-မပါဘူးလို့ ပြောတာ ဖြစ်တယ်။

မျောက်တွေကို Simian immunodeficiency virus (SIV) ဆိုတဲ့ ခုခံအားနည်းစေတဲ့ ဗိုင်းရပ်စ် ဆိုတာမျိုးကို ထိုးပေးပြီး ခုခံအားနည်းရောဂါမျိုး ဖြစ်စေကာ စမ်းသပ်တာမျိုး ဖြစ်ပါတယ်။ အခုလို အောင်အောင်မြင်မြင် အစမ်းဖေါ်လိုက်တဲ့ ကာကွယ်ဆေးကို SIV vaccines ခေါ်တယ်။ ဒါပေမဲ့ HIV ကို ကာကွယ်နိုင်စွမ်း ရှိတဲ့အထိတော့ ခက်ခဲပါသေးတယ်။

သိပ္ပံပညာရှင်တွေကတော့ မျှော်လင့်ချက်ထားကြပါတယ်။ အရင် လူတွေကို စမ်းသပ်ထားပြီးဖြစ်တဲ့ အသင့်အတင့် အလားအလာရှိတဲ့ ကာကွယ်ဆေးနည်းနဲ့ ပေါင်းစပ်ပြီး ထိရောက် နိုင်မဲ့ HIV vaccine ကာကွယ်ဆေး ဖြစ်လာနိုင်စရာရှိတယ်လို့ ယူဆကြပါတယ်။ အခု မျောက်တွေကို စမ်းသပ်တဲ့ SIV vaccine ကာကွယ်ဆေးဟာ ၈ဝ% ကာကွယ်မှုရတာ တွေ့ရ ပါတယ်။

"ကျွန်တော် ယူဆတာကတော့ မျောက်တွေကို အောင်မြင်ရင် လူတွေမှာလဲ ရရမယ်" လို့ (ဘော်စတွန်) အခြေစိုက် Ragon Institute of MGH, MIT and Harvard (ရက်ဂွန်-အင်စတီကျု) က (ဗိုင်းရပ်စ်) ပညာရှင် Bruce Walker (ဘရုးစ်-ဝေါ်လ်ကာ) ကနေပြောပါတယ်။

"ခက်တာက HIV ပိုးက မျောက်တွေကို ရောဂါမဖြစ်စေဘူး။ ဒါ့ကြောင့် SIV ဆိုတာက အနီးစပ်ဆုံးပုံစံ ဖြစ်ပါတယ်" လို့ (ဘော်စတွန်) မှာရှိတဲ့ Beth Israel Deaconess Medical Center (ဘက်သ်-အစရေးလ်) ဆေးပညာဌာနက Dan Barouch (ဒဲန်-ဘာရော့) က ပြောပါတယ်။ "အရင်တုံးကတော့ SIV vaccines ကာကွယ်ဆေးဟာ Macaque (မာကေး) မျောက်တွေကို ကာကွယ်မှု ပေးနိုင်ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ SIV strains အမျိုးအစားကိုသာ သေစေနိုင်ပါတယ်" လို့ (ဘာရော့ခ်ျ) က ဆက်ပြောတယ်။

သူနဲ့အဖွဲ့ဟာ (ရီးဇပ်စ်) မျောက်တွေကို အဆင့် ၂ ခုနဲ့ ကာကွယ်ဆေး မတူတာတွေသုံးပြီး စမ်းခဲ့တာပါ။ ပဌမဆုံး တမင်တကာ လုပ်ပေးထားတဲ့ SIV genes မျိုးဗီဇ ပါနေတာမျိုးကို ထိုးပေးပြီး နောက် ၆ လအကြာမှာ အလားတူတဲ့ ထပ်ထိုးဆေး ပေးတာ ဖြစ်ပါတယ်။ အဲလို ၂ ခါထိုးပေးပြီး နောက် ၆ လအကြာမှာ ကာကွယ်ဆေးလို SIV strain အမျိုးအစားနဲ့ မတူတာကို ကူးစက်စေလိုက်တယ်။ အဲဒီအခါမှာ မျောက်တွေဟာ ခုခံအားတုံ့ပြန်မှုမှာ ဒုက္ခရောက်ကြတာ တွေ့ရတယ်။

အခုလို Adenovirus prime မူလ (အဒီနို-ဗိုင်းရပ်စ်) နဲ့ Modified-pox-virus ပြုပြင်ထားတဲ့ (ဗိုင်းရပ်စ်) ထပ်ထိုး-ကာကွယ်ဆေးဟာ ရောဂါ ကူးစက်မှာကို အကောင်းဆုံး လုပ်နိုင်နေ ပါတယ်။ ကာကွယ်ဆေး ထိုးမထားတဲ့ မျောက်တွေရဲ့ ၃ ပုံ ၂ ပုံမှာ SIV တခါဝင်တာနဲ့ ကူးစက်ကြပြီး၊ ကာကွယ်ဆေး ထိုးတဲ့မျောက်တွေရဲ့ ၁၂% သာ ကူးစက်တာ တွေ့ရပါတယ်။

နောက်တခါ မျောက်တွေကို SIV နဲ့ တပါတ်ခြား ထိတွေ့စေတယ်။ ကာကွယ်ဆေးထိုးထားတဲ့ မျောက်အများစုမှာ ကူးစက်လာတယ်။ သုတေသန လုပ်သူတွေရဲ့ ကောက်ချက် ကတော့ "ကာကွယ်ဆေး ထိုးထားတဲ့ မျောက်တွေဟာ ရောဂါပိုးနဲ့ တကြိမ်ထဲတွေ့ရင် ၈ဝ% ကာကွယ်နိုင်တယ်" ဆိုတာ ဖြစ်ပါတယ်။

စမ်းသပ်သူတွေကနေ ကာကွယ်ဆေးရဲ့ အောင်မြင်မှုကို တိုင်းတာဘို့ရာ ရောဂါပြီးစနစ်ရဲ့တုံ့ပြန်မှုနဲ့
ဆိုင်တဲ့ ထူးခြားမှုအမျိုးမျိုးကို လိုက်စစ်ဆေးကြတယ်။ မျောက်တွေမှာ Antibodies (အင်တီဘော်ဒီ) ခေါ်တဲ့ ရောဂါကိုတုံ့ပြန်မှုပေးတဲ့ ခုခံအားတွေ များများ ထွက်လာတာကို ကြည့်ရတယ်။ ဒီဟာတွေကနေ ရောဂါပိုးရဲ့ ဘေးမှာ စာအိတ်လိုသဘော ငုံပိတ်နေကြတယ် ဆိုရင် ရောဂါ ကူးစက်မှာကို ကာကွယ်နိုင်တယ်။ ရောဂါပြီးစနစ်ရဲ့ တုံ့ပြန်မှု အမျိုးမျိုးကြောင့် အဲလို စာအိတ်မျိုးဖြစ်လာတာနဲ့ Gag (ဂက်) ခေါ်တဲ့ SIV protein (ပရိုတင်း) တွေကို ရောဂါ ကူးစက်ထားတဲ့ မျောက်တွေမှာ တွေ့ရပေမဲ့ ဗိုင်းရပ်စ်ကို အရေအတွက် နည်းအောင် ထိန်းချုပ်ထားနိုင်နေကြတယ်။

ကာကွယ်ဆေး ဘယ်လိုထုတ်နိုင်မလဲကို အာရုံစိုက်တဲ့အဖွဲ့က ဒါဟာ အင်ဂျင်နီယာ-အပြာခံ-ပုံစံသဘော ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး ရောဂါပြီးစနစ်ရဲ့ တုံ့ပြန်မှုကို HIV vaccine trial ကာကွယ်ဆေး စမ်းသပ်မှုမှာ ပဌမဆုံး သိလာရတာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။

၂ဝဝ၉ ခုနှစ် ထိုင်းနိုင်ငံမှာ စမ်းသပ်ခဲ့တဲ့ RV144 trial စမ်းသပ်မှုမှာ ကာကွယ်ဆေးအတွဲဟာ HIV ကူးစက်မှု ၃ဝ% လောက်ကို ကာကွယ်နိုင်တာ တွေ့ခဲ့ပြီး ဖြစ်တယ်။ စမ်းသပ်ခံခဲ့ သူတွေမှာ HIV မကူးစက်ပေမဲ့ HIV envelope protein စာအိတ်လို (ပရိုတင်း) တွေကို ခုခံပေးတဲ့ (အင်တီဘော်ဒီ) တွေ အများကြီး ရှိနေကြတယ်။ ဒီ RV144 trial စမ်းသပ်မှုကိုလဲ ဆက်လိုက်နေတာပါ။ SIV vaccine ကာကွယ်ဆေးမျိုးကို တောင်အာဖရိကားမှာ စမ်းဘို့ရာလဲ ငွေအထောက်အပံ့ ရှာနေပါတယ်။

လန်ဒန် (ယူနီဘာစီတီ-ကောလိပ်) က ဗိုင်းရပ်စ် ပညာရှင် Robin Weiss (ရော်ဘင်-ဝိုက်စ်) ပြောတာက "စိတ်ဝင်စားဘို့ကောင်းတဲ့ တိုးတက်မှုပါ။ ဒါပေမဲ့ SIV vaccines ကာကွယ် ဆေးကနေ SIV strain အမျိုးတခုထဲမကကို သက်ရောင်နိုင်တာ ဟုတ်-မဟုတ် သက်သေပြဘို့ လိုပါသေးတယ်။"

(မေရီလင်း) ပြည်နယ် (ဘာသစ်စဒါ) မှာရှိတဲ့ US National Institute of Allergy and Infectious Diseases အမေရိကန်၊ အလာဂျီနှင့် ကူးစက်ရောဂါများ (အင်စတီကျု) က Anthony Fauci (အင်သိုနီ-ဖေါ်စီ) ပြောတာကတော့ "ဒါကို ဆားတပွင့်လို မှတ်ယူနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တိရစ္ဆာန်တွေမှာဘဲ စမ်းရသေးတာဖြစ်ပြီး လူတွေကို မစမ်းရ သေးလို့ပါ။"

"ဒါပေမဲ့ ရလဒ်တွေက RV144 trial စမ်းသပ်မှုရယ် တခြားစမ်းသပ်မှုတွေရယ်နဲ့ ပေါင်းစပ်လိုက်ရင် တချို့လူတွေမှာ HIV3, 4 တွေအတွက် ရောဂါပြီးစနစ် တုံ့ပြန်မှုတွေ များများရ ကြတယ်လို့ အကောင်းမြင်နဲ့ ဆိုပါတယ်။ အကောင်းဘက်ကို ဦးတည်နေတယ်လို့လဲ ဆိုနိုင်ပါတယ်။"

ဒေါက်တာတင့်ဆွေ (၉-၁-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - HIV ကာကွယ်ဆေး မျောက်တွေကို စမ်းသပ်နေပြီ

No comments: