Friday, January 20, 2012

Anti-aging make easy (2)



Level 2 – Intermediate

သင့်မျက်နှာမှာ အညိုအစက်အပြောက် နည်းနည်းထွက်လာပြီး အကြောင်းအသေးလေးတွေ စမြင်နေရပြီဆိုရင်တော့ သုံးနေကြ အခြေခံ skin care ကို upgrade လုပ်ရပါမယ်။ နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးခြင်းကို ကုသပေးပြီး ကိုလာဂျင် ထုတ်လုပ်မှုကို မြှင့် တင်ပေးမယ့် skin care ကို သုံးခြင်းအားဖြင့် အသားအရေတင်းပြီး ပြန်လည်ကောင်းမွန်စေပါတယ်။

Smart add-ons

An antioxidant serum

အသားအရေ ပျက်စီးမှုကို ကာကွယ်ဖို့ ပထမအဆင့် broad spectrum sunscreen ကိုအသုံးပြုပေးခြင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး green tea resveratrol, Vitamin C နှင့် Vitamin E ကဲ့သို့သော antioxidant များ လိမ်းပေးခြင်းဖြင့် နေရောင်ခြည်နှင့် လေထုကြောင့် အသား အရေမပျက်စီးအောင် ကာကွယ်ပေးခြင်းပျက်စီးသွားသော အရေပြားဆဲလ်နှင့် ကိုလာဂျင်ကို ပြန်လည်ပြုပြင်ပေးခြင်းများကို လုပ်ဆောင် ပေးပါတယ်။ ထို့ပြင် Vitamin C က ကိုလာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။

အသုံးပြုနည်း

နေ့ခင်းဘက်အတွက် Antioxidant serum ကို sunscreen ပါသော antioxidant များလည်း ရှိပါသည်။ သို့သော် သပ်သပ်စီခွဲပြီး ထုတ် ထားတဲ့ skin care များကတော့ ပါဝင်မှု percentage ပိုများပါတယ်။

A retinoid product

Retinoic က အရေပြားထဲပိုပြီး နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ ကိုလာဂျင် ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါတယ်။ ထိရောက်မှု အရှိဆုံး anti-aging ပစ္စည်းကို ပြပါဆိုရင် retinoid ကိုပဲညွှန်းရမှာဖြစ်ပါတယ်။ Retinoid ဟာ ဆရာဝန်ညွှန်ကြားမှုဖြင့်သာ သုံးရတဲ့ အမျိုးအစားဖြစ်ပါတယ်။ သူ့ထက်ပိုပျော့ပြီး အပြင်မှာလည်း အလွယ်တကူ ရနိုင်တာကတော့retinols ဖြစ်ပါတယ်။

အသုံးပြုနည်း

Retinoid ကို စသုံးမယ်ဆိုရင် တစ်ပတ်ကို ၂ည ၃ညသုံးပါ။ ပြီးမှ ညစဉ်လိမ်းပါ။ (လိမ်းနေကျ night cream ကို အပေါ်က ထပ်ပြီးလိမ်း နိုင်ပါတယ်) Retinoid က exfoliate လုပ်ပါတယ်။ ဒါကြောင့် Retinoid လိမ်းတဲ့ညမှာ exfoliator သုံးစရာမလိုပါဘူး။

An Eye cream

မျက်လုံးတစ်ဝိုက် အရေပြားမှာတော့ အဆီဂလင်းနည်းတဲ့အတွက် အရင်ဆုံး အရေးအကြောင်းပေါ်တဲ့နေရာဖြစ်ပါတယ်။ ဒါကြောင့် မျက်လုံးအတွက် အထူးထုတ်လုပ်ထားတဲ့ skin care ကို သုံးစွဲရခြင်းပဲ ဖြစ်ပါတယ်။

အသုံးပြုနည်း

Retinol သို့မဟုတ် peptides ပါသော eye cream လိမ်းပါ။ ၄င်းအပြင် glyecrin သို့မဟုတ် aloe ကဲ့သို့ ရေဓာတ်ဖြည့်ပေးသော ဓာတ်များပါရင် ပိုကောင်းပါတယ်။ eye cream ကို လက်သန်းကြွယ်ဖြင့် တို့ယူပြီး မျက်လုံးတ၀ိုက် မနက်တစ်ကြိမ် ညတစ်ကြိမ် လိမ်းပေးပါ။

to be continued....

No comments: