Tuesday, January 3, 2012

အလုပ်ထဲမှာ တက်ကြွပျော်ရွှင်နေစေမယ့် နည်းလမ်း (၁၀) ခု

ဒီနေ့ တနင်္လာနေ့ပဲ ဖြစ်တာတောင် အလုပ်မှာ တက်ကြွမနေဘဲ စိတ်ပျက်အားလျော့နေပါက သင့်အနေနဲ့ စိတ်ဓာတ်ပြန် လည်တက်ကြွလာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်နေပါပြီ။ အောက်ပါအချက်အလက်များကတော့ အလုပ်နဲ့ပတ်သက် ပြီး စိတ်ပြန်လည်လာအောင် ပျော်ရွှင်တက်ကြွလာအောင် လုပ်ဆောင်ပေးနိုင်တဲ့ ရိုးရိုးရှင်းရှင်း နည်း ၁၀ နည်းပဲဖြစ်ပါတယ်။

(၁) အရှုပ်တွေ ရှင်းပါ
ကိုယ့်အလုပ်ခန်းထဲကပဲဖြစ်ဖြစ် အိမ်ထဲမှာပဲဖြစ်ဖြစ် မျက်စိထဲ ရှုပ်နေတာမှန်သမျှ သပ်သပ်ရပ်ရပ်ဖြစ်အောင် ရှင်းလိုက်ပါ။ အရှုပ်တွေကို သင့်ပတ်ဝန်းကျင်မှာ မြင်ရတဲ့အခါ သွေးတိုးစေနိုင်ပါတယ်။ အခန်းကို ရှင်းလိုက်တဲ့အခါမှာလည်း အခန်းကပို ကျယ်ကာ ပိုလင်းသွားသလိုဖြစ်တာကြောင့် စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေကာ တစ်နေကုန် စိတ်ကြည်လင်နိုင်ပါတယ်။

(၂) အပေါင်းအသင်းတွေနဲ့ လျှောက်လည်ပါ။
တစ်ယောက်တည်း၊ တစ်ကိုယ်တည်းသီးသန့်အချိန်ဆိုတာ ရှိသင့်တာ မှန်ပေမယ့် အမြဲလိုလို တစ်ယောက်တည်းနေရင် တော့ အထီးကျန်ဆန်လှပါတယ်။ အားလပ်ချိန်မှာ အပြင်ထွက်ကာ လျှောက်လည်လိုက်ပါ။ သူငယ်ချင်းတွေနဲ့ချိန်းကာ မုန့်ထွက်စားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ကာရာအိုကေသွားဆိုခြင်းတို့ လုပ်ပေးလိုက်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကား ပြောဆိုရယ်မောခြင်းက စိတ်ကို ပျော်ရွှင်စေနိုင်ပါတယ်။

(၃) လှလှပပ၀တ်ဆင်ပါ
တွေ့ကရာ ကောက်ဝတ်တာမျိုး မလုပ်ပါနဲ့။ အမြဲလှပကျော့မော့နေအောင် ၀တ်ဆင်ပါ။ အမြဲလှပကျော့မော့နေအောင် ၀တ်ဆင်ပါ။ တစ်ခါတစ်လေ ၀တ်နေကျပုံစံမျိုးကနေ ခွဲထွက်ကြည့်ပါ။ အမျိုးသားတွေအနေနဲ့ သပ်ရပ်ပြီး ကြည့်ကောင်းနေ အောင် ဖြီးလိမ်းပြင်ဆင်ပါ အမျိုးသမီးတွေအနေနဲ့လည်း အလှပြင်ပြီးမှ အပြင်ထွက်ပါ။ လှပကျော့မော့နေခြင်းက သင့် ကိုယ်သင် ကျေနပ်မှုအပြည့်အ၀ပေးစွမ်းနိုင်ကာ စိတ်တက်ကြွစေနိုင်ပါတယ်။

(၄) ကွန်ပျူတာ Desktop ပေါ်ကနေ Wallpaper ပြောင်းပါ
နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရတဲ့အခါမှာ တစ်နေ့လာလည်းဒါ၊ တစ်နေ့လာလည်းဒါနဲ့ လုပ်ရတာ ပျင်းရိငြီးငွေ့လာနိုင်ပါတယ်။ နေ့စဉ် ကြည့်နေရတဲ့ ကွန်ပျူတာ Desktop ပေါ်က Wallpaper တစ်မျိုးတည်းကို အချိန် အကြာကြီးကြည့်နေရတာလည်း ငြီးငွေ့ဖွယ်ကောင်းပါတယ်။ ဒါကြောင့် ပုံစံမတူတာ ပြောင်းကြည့်ပါ။ ရိုးရိုးရှင်းရှင်းထား ထားရင် ခပ်ရှုပ်ရှုပ်၊အရောင်မှိန်မှိန်ဆိုရင် အရောင်တောက်တောက်စသဖြင့် မတူတာပြောင်းကြည့်ပါ။ အပြောင်းအလဲမြင်ရ တဲ့အခါ အလုပ်ထဲ ငြီးငွေ့မှုတွေပြေပျောက်သွားနိုင်ပါတယ်။


(၅) အားတင်းပြီး ပြုံးကြည့်ပါ
ပြုံးခြင်းက ဘယ်ဘောက်အကျိုးသက်ရောက်မှုရှိသလဲဆိုတာ သင့်အနေနဲ့ အံ့အားသင့်လာနိုင်ပါတယ်။ ပြုံးချင်စိတ်မရှိတာ တောင် ဆယ်မိနစ်လောက် အတင်းပြုံးကြည့်ပါ။ အမြဲလိုလို သုန်မှုန်နေတာထက်စာရင် ပြုံးနေခြင်းက ဘယ်လောက် ကောင်းသလဲဆိုတာ သိလာပါလိမ့်မယ်။ သွားဖြူဖြူလေးတွေပေါ်အောင် ပြုံးရယ်ကြည့်လိုက်ပါ။ သင် စိတ်ညစ်နေချိန်မှာ တောင် အားတင်းပြီး ပြုံးလိုက်ပါက စိတ်ညစ်ညူးမှုတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။

(၆) ဟာသ ရှာဖတ်ပါ
အင်တာနက်ပေါ်မှာ ပျော်စရာ တစ်ခုမဟုတ်တစ်ခုတော့ ရှာတွေ့နိုင်ပါတယ်။ ကိုယ့် လိပ်စာထဲကို ၀င်လာတဲ့ သူများတွေပို့ လိုက်တဲ့ တွေထဲမှာလည်း ဟာသတွေ၊ ရယ်စရာတွေ၊ အံ့အားသင့်စရာတွေ ပါလာနိုင်ပါတယ်။ ငြီးငွေ့နေပါက အင်တာနက် ဖွင့်ကာ ဟာသရှာဖတ်ကြည့်ပါ။ စိတ်ပျော်ရွှင်လာမှာ သေချာပါတယ်။ ခဏလောက်သာကြည့်ပြီး အလုပ်ရှင်လည်း မသိစေ နဲ့ပေါ့။

(၇) တစ်ရက်လောက် အချိန်ပေးပါ
သင့်အတွက် ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့အရာကို စဉ်းစားကြည့်ပါ။ ဟင်းချက်ခြင်း၊ အားကစားလုပ်ခြင်း၊ သီချင်းဆိုခြင်း စသဖြင့်ပေါ့။ အားလပ်ရက်တစ်ရက်လောက်ကို အချိန်ပေးကာ သင့်စိတ်ကြိုက်အချိန်ဖြုန်းလိုက်ပါ။ ဘ၀မှာ နေပျော်လာပြီး နောက်ရက်တွေမှာ စိတ်ဓာတ်ပြန်လည် တက်ကြွလာနိုင်ပါတယ်။

(၈) အ၀အိပ်လိုက်ပါ
စနေ၊ တနင်္ဂနွေလို အားလပ်ရက်မျိုးမှာ မနိုးမချင်း စိတ်ကြိုက်အိပ်နေလိုက်ပါ။ မိုးအေးအေးထဲ အိပ်ရာထဲကွေးနေရတဲ့ အရသာက ဘာနဲ့မှမလဲနိုင်ပါဘူး။ အိပ်ရေးဝပါကလည်း စိတ်ကြည်လင်လန်းဆန်းနေပြီး တနင်္လာနေ့မှာ အလုပ်ထဲ ပြန်ဝင်တဲ့အခါ အားအင်ပြည့်ဖြိုးပြီး တက်ကြွနေမှာပါ။

(၉) ပျော်ရွှင်စေမယ့် အကြောင်းအရာတွေ စဉ်းစားပါ
သင် တွေးလိုက်တိုင်း သင့်ကိုပျော်ရွှင်စေနိုင်တဲ့အကြောင်းအရာတွေ ရှိမှာပါ။ ထိုအရာတွေကို စဉ်းစားကြည့်လိုက်ပါ။ သင့်ရဲ့ အောင်မြင်မှုတွေ၊ သင့်ကို ချီးကျူးခံခဲ့ရတဲ့ အရာတွေကို ပြန်တွေးလိုက်ပါ။ မနက်တိုင်းအိပ်ရာကမထခင် ထိုပျော်ရွှင်စေနိုင် တဲ့အရာတစ်ခုခုကို တွေးလိုက်ခြင်းဖြင့် တစ်နေကုန် ပျော်ရွှင်လန်းဆန်းနေမှာပါ။

(၁၀) ချရေးပါ
တစ်နေ့တစ်နေ့ လုပ်ရမယ့်အလုပ်တွေကို စာအုပ်ထစ်အုပ်ထဲ ချရေးပါ။ တစ်ခုခုလုပ်ပြီးတိုင်း အမှတ်အသားပြုပါ။ လုပ်ရ မယ့်အလုပ်တွေကို ခေါင်းထဲမှာပဲ ထည့်ထားပါက ဘယ်ကစပြီး ဘယ်လိုလုပ်ရမှန်းမသိကာ ခေါင်းရှုပ်ဦးနှောက်စားပြီး နောက်ဆုံး ဘာမှမပြီးဘဲ ဖြစ်တတ်ပါတယ်။ အစီအစဉ်တကျ ချရေးထားခြင်းဖြင့် တစ်ခုပြီးတစ်ခုပြီးအောင်လုပ်နိုင်ကာ အလုပ်ထဲမှာ ပိုပြီးစိတ်ပါလက်ပါ ရှိလာမှာပါ။

Credit:
Knowledge Digest Magazine – No.349, December 2011

No comments: