Thursday, March 22, 2007

What is Masturbation?


ဒါကြောင့် အာသာဖြေတာဖြစ်မယ်
တစ်ကိုယ်ရည်အာသာဖြေရချင်းအကြောင်းရင်းတွေအများကြီးရှိပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော် လေ့လာမိ သလောက်လေးတွေပြောကြည့်ပါ့မယ်။ ပြီးတော့ ကျွန်တော့်ကို ပြန်မေးတဲ့ ဟာတွေကို ပြန်ဖြေထားတဲ့ အဖြေလေးတွေကိုပြန်ဖော်ပြလိုက်မယ်နော်။ပလန်းနက်မှာ ဆွေးနွေးဖြစ်ခဲ့တာလေးပါ။(၁)တစ်ကိုယ်တည်းနေကျင့်ရှိသူ၊အပေါင်းအသင်းနည်းသူများတစ်ကိုယ်တည်းနေတတ်တော့ ဘာမှလုပ်စရာမရှိရင် လူ့စိတ်သဘာဝအရ လိင်ကိစ္စကိုစဉ်းစားမိတာ ကြောင့် အာသာဖြေမိတာ။အိမ်မှာတစ်ကိုယ်တည်း အခန်းထဲမှာနေနေရင်းလုပ်မိသွားတာမျိုး။ (၂)ဆယ်ကျော်သက်အရွယ် လူတွေမှာ ယောက်ျားလေးဖြစ်စေ၊မိန်းကလေးဖြစ်စေ အရွယ်ရောက်လာတာနဲ့ ကိုယ်ခန္ဓာတွင်း ဟော်မုန်း အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ဒါဟာ သဘာဝအရဖြစ်တာဖြစ်ပြီး ဘယ်သူမှမလွန်ဆန်နိုင်ပါဘူး။ ကလေးကနေဆယ်ကျော်သက်ဘ၀ ရောက်လာတယ်ဆိုတာ သိသာနိုင်တဲ့ အသံပြောင်းတာ၊လိင်အင်္ဂါ အစိတ်အပိုင်းတွေ ကြီးထွားလာတာပါသလို အဲဒီအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေလည်း လှုပ်ရှားစပြုလာပါပြီ။ဆယ်ကျော်သက်တွေရဲ့ စိတ်ထဲမှာလည်း သူ့ခန္ဓာရဲ့ ပြောင်းလဲလာတဲ့တောင့်တ ချက်ကိုဖြေသိမ့်ဖို့ ကြိုးစားချင်လာပါတယ်။ဒါကြောင့် အာသာဖြေဖျောက်ကြတာ။ (၃) မလုံလောက်တာ အသက်ကြီးလို့အထီးကျန်သူတွေ၊အိမ်ထောင်သည်တစ်ချို့....တွေဟာ မိမိဆက်ဆံဖော်နဲ့ဆက်ဆံရတာ တောင် စိတ်ထဲမှာ အာသာမပြေတဲ့အတွက် တစ်ကိုယ်ရေအာသာဖြေကြလေ့ရှိတယ်။အဲဒါကို ပိုကြိုက်တာ လည်းပါမယ်။ ယောက်ျားလေးအယောက်တစ်ရာမှာ ၉၉ယောက်က အာသာဖြေလေ့ရှိပါတယ်။ ကျန်တစ်ယောက်ကတော့ ၀န်မခံချင်တာ၊ရှက်တာ၊ဘာသာရေးအဆုံးအမကြောင့်လွှဲရှောင်တာ ဖြစ်နိုင်ပါတယ်။
*ခဏခဏ ဒါပဲလုပ်နေရင်တော့ မကောင်းဘူးပေါ့
ကိုယ်လေ့လာမိသလောက် အန္တရာယ်မဖြစ်လောက်တဲ့အာသာဖြေဖျောက်တာမျိုးတွေဆိုရင် အန္တရာယ် မရှိပါဘူး။လက်ဖက်ရည်တစ်ဇွန်းစာလောက်semenမှာ ပရိုတင်းဓာတ်ကလွဲလို့ဘာမှ မပါပါဘူး။ အားပြန်ပြည့်မဲ့အချိန် စိတ်အတက်ကြွဆုံးအချိန်မှာပဲလုပ်သင့်ပါတယ်။အချိန်ရှိသရွေ့ဒါကိုပဲစိတ်ကူးနေရင် ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ဖို့ ကြိုးစားချိန်ဘယ်လိုရှိမှာလည်း။ဒါကိုလည်းထည့်စဉ်းစားသင့်ပါတယ်။ အဲဒါကို ခဏခဏလုပ်ဖို့ပဲအားထုတ်နေမိရင် ဒီလိုနည်းလေးတွေနဲ့ ကြိုးစားမေ့ပျောက်ကြည့်ပါလား။ အိမ်မှာတစ်ယောက်တည်း အခန်းထဲမှာရှိချိန်ဆိုရင် အခန်းတံခါးကိုဖွင့်ထားလိုက်။ကိုယ်စိတ်ဝင်စားရာ ဘာသာစကားလေ့လာတာမျိုး၊မိသားစုနဲ့ စကားသွားပြောတာမျိုးတွေလုပ်။ ဆယ်ကျော်သက် တက်ကြွချိန်မှာ အဲဒီလိုတားလို့တော့ရမယ်မထင်ဘူး။ဒါပေမဲ့ တအားစိတ်ပါမှလုပ်သင့် တယ်။ပရိုတင်းဓာတ်ကို ကိုယ်ခန္ဓာကိုယ်တည်ဆောက်မှုအတွက်ထည့်တွက်သင့်တယ်။အပေါင်းအသင်း တွေနဲ့ အကျိုးရှိမယ့်သင်တန်းတွေတက်၊စာတွေလုပ်၊အနည်းဆုံ တီဗီဂိမ်းထဆော့ပစ်လိုက်ပါ။ အသက်ကြီးတဲ့သူတွေ၊အိမ်ထောင်သည်တွေမှာတော့ ဒီလိုမဖြစ်သင့်ဘူး။ဒါကိုလုပ်မှ အသာပြေတာမျိုးကို ပြောတာပါ။အိမ်ထောင်သည်ဆိုတော့ ကိုယ့်ဆက်ဆံဖော်နဲ့ အပေးအယူမျှအောင်ကြိုးစားသင့်တယ်။ နည်းလမ်းရှာပြီး နည်းလမ်းတကျသာပြုသင့်ပါတယ်။ တစ်ကိုယ်ရေအာသာဖြေတာဟာ လူ့သဘာဝပါ။အန္တရယ်မရှိပါဘူး။ဒါပေမဲ့ အန္တရာယ်ရှိမဲ့နည်းလမ်းတွေနဲ့ မပြုကျင့်ဖို့၊ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့အတွက်နဲ့ စိတ်တအားတက်ကြွချိန်သာပြုလုပ်သင့်တယ်လို့ကိုယ်တော့ထင် ပါတယ်။
*ဟေး...ခဏ ခဏဆိုတာ
ဒါကတော့ ပြောရခက်တယ်....ကိုယ်ဆိုလိုတာကကွာ....များသောအားဖြင့် ဆန္ဒအမြင့်ဆုံး ဆိုတာ တစ်ပတ်ကိုနှစ်ကြိမ်လောက်သာဖြစ်တာလေ။ဒါကိုပဲစိတ်ကူးနေပြီးလှုံ့ဆော်မှုပဲလုပ် နေရင်တော့ မကောင်းဘူးလို့ဆိုလိုတာပါ။အလွန်အကျွံဆိုတာလည်း ဒီသဘောမျိုးကိုပဲ ပြောတာပါ။တခြားဟာတွေကိုတော့ သိမယ်ထင်လို့အသေးစိတ်မပြောတာ။ ဒါကိုမလုပ်တာကြာရင် ရောဂါရတတ်တယ်ဆိုတာကတော့ မဟုတ်ဘူးလို့ပြောရင်လည်းရ ပါတယ်။ဒါပေမဲ့ စိတ်သဘာဝနဲ့သွားဆိုင်မယ်နဲ့တူတယ်။တစ်ချို့တွေက စိတ်အရမ်းညစ်လို့ ပြေရပြေကြောင်း ဖြေဖျောက်မိသလို၊စိတ်တအားတင်းကျပ်တဲ့အခါလည်းလုပ်မိလေ့ရှိ သတဲ့။ ဒီလိုလူမျိုးတွေကျတော့ အဲဒီလိုအာသာမဖြေမိဘဲ ထိန်းထားမိရင် တခြားအကြောင်း အရာတွေနဲ့ စိတ်ညစ်တာကိုဖြေဖျောက်မိသွားနိုင်တာပေါ့။ဟိုးအရင်က ဘာသာရေး တင်းကျပ်လွန်းတဲ့လူမျိုးတွေမှာ ဒါကိုအပြစ်တစ်ခုလို့သတ်မှတ်ထားတော့ သူတို့မလုပ်ရဲ ကြဘူး။ အဲဒီအခါ ဘာဖြစ်မှန်းမသိဘူး နတ်ပူးတယ်၊တစ်ကိုယ်လုံးကောက်ကွေးပြီးတက်နေ တယ်စသဖြင့် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေဖြစ်လေ့ရှိတယ်ဆိုပဲ။ ဒါမှမဟုတ် ကိုယ်ခန္ဓာသန်စွမ်းကျန်းမာလွန်းသူဆိုရင်တော့ တစ်ပတ်နှစ်ကြိမ်ဆိုတာ သူ့အတွက်မလုံလောက်နိုင်ပါဘူး။ဒီလိုလူမျိုးက စိတ်ကိုတအားထိန်းရင် သူ့အတွက် စိတ်ဒုက္ခ ဖြစ်သွားနိုင်တာပေါ့နော်။ကိုယ့်စိတ်၊ကိုယ့်ခန္ဓာ အင်အားကိုကြည့်ပြီးတော့သာလုပ်ကြပေါ့။ ဒါက ထိန်းချုပ်လို့မှ မရတာ။
*အဲဒါက လူပျိုဖော်ဝင်ချိန်နဲ့ဆိုင်မယ်
လူပျိုဖော်ဝင်တာနောက်ကျရင် တစ်ချို့လူတွေမှာ အရပ်ထွက်မလာတော့တာ၊ ခန္ဓာကိုယ် မထွားကျိုင်းလာတော့တာဖြစ်တတ်ပါတယ်။လူပျိုဖော်ဝင်ချိန် စောတာ၊ နောက်ကျတာနဲ့လည်း ဆိုင်မယ်။ ခန္ဓာကိုယ် အရိုးရင့်လွယ်တာမျိုးပေါ့။ အဲဒါလုပ်လို့ အရပ် ပုတယ်ဆိုတာကတော့ မဟုတ်နိုင်ပါဘူး။ ဒါဆိုလူတွေအားလုံး အရပ်ပုကုန်မှာပေါ့။ ကိုယ့်လစ်မစ်ကိုသိဖို့သင့်တယ်။စိတ်ကိုပဲအလိုလိုက်နေဖို့မကောင်းဘူးပေါ့။ကိုယ့်ကိုယ်ကိုယ် သတိထားမိရင်သိသာပါတယ်။ဘယ်အချိန်က ဆန္ဒအပြင်းပြဆုံးလည်းဆိုတာကိုပေါ့။
ကိုယ်တော့ အဲဒါလုပ်လို့ အသားအရေခန်းခြောက်တယ်လို့မထင်
ကိုယ်တော့ မထင်ပါဘူး။အိပ်ရေးပျက်ရင်၊ဆေးလိပ်သောက်ရင်၊အရက်သောက်ရင် အသားအရေကို ၈၀ရာခိုင်နှုန်းပျက်စီးစေတာတော့အမှန်ပဲ။ဆယ်ကျော်သက်တွေမှာ ဒါလုပ်တော့ စိတ်လှုပ်ရှားတယ် ၊ စိတ်လှုပ်ရှားတော့ ကိုယ်ခန္ဓာမှာ အဆီပိုထွက်တယ်၊ ဒီတော့ ၀က်ခြံတောင်ထွက်သေးတယ်။ ရေသောက်နည်းတဲ့သူ၊ကျောက်ကပ်ရောဂါရှိသူ ဆိုရင်တော့ မသိဘူး။ ရှေးကတည်းက လူငယ်တွေဒါကိုပဲ အာရုံစိုက်နေမှာ စိုးလို့ ဒါကို လုပ်ရင် ပန်းသေမယ်၊ဥာဏ်ထိုင်းမယ်၊ဘုရားမကြိုက်ဖူး စသဖြင့် ခြိမ်းခြောက်လေ့ရှိတာ ကြားရိုးကြားစဉ်တောင်ဖြစ်နေပြီ။အခုခေတ်မှာ ပညာရှင်တွေလေ့လာချက်အရာ ပရိုတင်း ဓာတ်ဆုံးရှုံးတာကလွဲလို့ အလွန်အကျွံမဖြစ်ရင်အိုကေပါတဲ့။အစားအသောက်မှာ ပရိုတင်း ကြွယ်ဝတာတွေစားရင် အားပြန်ပြည့်ပါသတဲ့။
*ကိုယ်ကြားဖူးတာကတော့ အရေးမကြီးဘူးတဲ့
နှစ်ကိုယ်တူဆက်ဆံတဲ့နေရာမှာ အဲဒါက အဓိကမကျပါဘူး။ တစ်ဦးအကြိုက်တစ်ဦးသိဖို့ လိုတယ်။သူကဘယ်လိုအနေအထား၊ဘယ်လိုဆက်ဆံရင် စသဖြင့်ပေါ့။ ပြီးတော့ မိန်းကလေးတွေရဲ့ အင်္ဂါက အရွယ်အစားကိုလိုက်ပြီး အံဝင်ဂွင်ကျ ဖြစ်နိုင်ပါတယ်။ ဘယ်မိန်းကလေးက မှ အရွယ်အစားသေးနေလို့မချစ်ဘူး မယူဘူးလို့မပြောပါ။ သူ့အပေါ် ကြင်နာတာ ဂရုစိုက်တာကိုသာ အလေးထားတာပါ။ လိင်ကိစ္စကိုပဲ အသားပေးသူတွေဆို ရင်တော့ အရွယ်အစားက အရေးကြီးမယ်ထင်ပါတယ်။ ယောက်ျားလေးတွေရဲ့သဘာဝအရတော့ ထွားကြိုင်းချင်တယ်၊သန်မာချင်တယ်လေ။ ကိုယ့်လူမျိုး၊ပြိးတော့ ကိုယ့်ခန္ဓာကိုယ်အရွယ်အစားကိုလည်းထည့်တွက်ဦး ဘာကြောင့် သေးတယ် ကြီးတယ်ဆိုတာ။သာမန်အာရှဆိုဒ်က ၅လက်မ၀န်းကျင်ပဲရှိတာနော်။
*ဆယ်ကျော်သက်လိုစိတ်လှုပ်ရှားစအရွယ်တွေမှာတော့ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ်ပြောင်းလဲစမှာတော့ ဒီအာသာဖြေတာနဲ့ ၀က်ခြံ ထွက်တာနဲ့ နည်းနည်းဆိုင်မယ်ထင်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ခန္ဓာကိုယ်တွင်း ဟော်မုန်းမတည်ငြိမ်သေးခင်မှာ စိတ်လှုပ်ရှားမှုခဏခဏဖြစ်ရင် အဆီပိုထွက်တယ်။ဒီတော့ အရေပြားမှာ အဆီပိတ်ဆို့မှုဖြစ်တယ်။ဒီတော့ ၀က်ခြံဖြစ်လေ့ရှိပါတယ်။ဒီအချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းရေးက အရမ်းအရေးကြီးတယ်။အရေပြားကိုပုံမှန်သန့်ရှင်းမယ်။ အဆီကိုပိုထွက်စေတဲ့ အစားအစာ၊အနေအထိုင်၊အပြုအမူကိုဆင်ခြင်မယ်ဆိုရင် ၀က်ခြံ အထွက်နည်းနိုင်ပါတယ်။ ဒါကတော့လူနဲ့ဆိုင်ပါတယ်။တစ်ချို့တွေက မျက်နှာသစ်ဆေးမသုံးပဲနဲ့ မျက်နှာချောမွတ်နေ တာ။ဆံပင်ပေါင်းမတင်ဘဲနဲ့ ဆံပင်ကောင်းနေတာတွေကိုကြည့်ခြင်းဖြင့် အပြုအမူအနေ အထိုင်နဲ့ အစားအသောက်ပေါ်မှာမူတည်နေတယ်ဆိုတာပေါ့။အာသာဖြေမှုမလုပ်ဖူးဆိုတာ လူတစ်ရာမှာ တစ်ယောက်လောက်ပဲရှိမှာပါ။အဲဒီတစ်ယောက်ကလည်း ၀န်ခံရမှာရှက်လို့ ဖြစ်နိုင်ပါတယ်။

No comments: